President Speech

President Speech to Karen New Year Pwo Karen

Read More...

President Speech to Karen New Year

President Speech to Karen New Year

Read More...

President Speech to Karen New Year

President Speech to Karen New Year Karen

Read More...

တိုက်ပွဲသတင်း

တိုက်ပွဲတွေဆက်တိုက်ဆိုသလို ဖြစ်ပွားနေတဲ့ ဝေါ်လေဒေသထဲမှာ ဒီကေဘီအေ တပ်ဖွဲ့က နအဖ တပ်သား တဦးကို ဒီဇင်ဘာလ ၂၉ ရက်နေ့က ဖမ်းဆီးရရှိခဲ့ပါတယ်။ နအဖ တပ်သားကို ဖမ်းဆီးမိတဲ့ နေရာက အော့ကလေးထရွာ ပတ်ဝန်းကျင်က မော်သုထတောင်ကျောနေရာမှာ ဖြစ်ပြီး ဒီကေဘီအေ ဗိုလ်မော်ကဲကဲ ဦးစီးတဲ့ တပ်ဖွဲ့က ဖမ်းဆီးရရှိခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးရမိတဲ့ နအဖ တပ်သာရဲ့ ဒီကေဘီကေ တပ်မဟာ ၅ မှ စစ်ဆင်ရေးမှူး ဗိုလ်မှူး ဆန်းအောင် မှ ခုလို ပြောပြပါ တယ်။ “မနေ့ ညနေပိုင်းက နအဖ တပ်မ ၅၂၅၊ စကခ ၁၉၊ ခလရ ၂၉၉၊ တပ်ခွဲ ၂ ၊ တပ်စု ၂ မှ ကိုယ်ပိုင်အမှတ် တ/ ၄၁၉ ၅၃၂ တပ်သား ဘာဘူ အသက် ၂၃ နှစ်ဟာ သူတို့ တပ်စခန်း တည်ဆောက်ရေးအေတွက် သစ်ဝါးခုတ်နေတုန်း ဒီကေဘီအေ အဖွဲ့မှ ဗိုလ်မော်ကဲကဲ ဦးစီးတဲ့အဖွဲ့က ဖမ်းဆီးခဲ့တာပါ။ သူ့ကို မေးမြန်းကြည့်တော့ ထမင်းမစားရတာ သုံးရက်တောင်ရှိပြီ လို့လဲပြောတယ်။ သူတို့တပ်မှာ စားရေးသောက်ရေးအတွက် ရိက္ခာပြတ်လပ်လာတော့ ခုဆိုရင် ရွာသားတွေရဲ့ တောင်ယာ တွေမှာ သိမ်းထားတဲ့ စပါးတွေလည်း လိုက်ရှာပြီး ထောင်းစားနေရတယ်။ သူ့တပ်ထဲမှာလဲ ဗိုလ်ကျော်အေးဖြိုး နဲ့ ဗိုလ်ရဲလုကျော် ဆိုတဲ့ အရာရှိ နှစ်ယောက်ရဲ့ နာမည်ကိုပဲ သိတယ်”လို့ ပြောဆိုပါတယ်။

နေ့သစ် မှ..........

Read More...

မြန်မာဒုက္ခသည် ၈,၀၀၀ ကျော် ထိုင်းနယ်စပ်မှာ ပုန်းအောင်းနေဆဲ

VOA သတင်းမှ........

ထိုင်းနိုင်ငံနဲ့ နယ်စပ် ကရင်ပြည်နယ် အရှေ့ဘက်ခြမ်းမှာ မြန်မာစစ်အစိုးရ တပ်တွေနဲ့ DKBA တပ်တွေကြား တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်လာသူ ဒုက္ခသည်တွေကို ထိုင်းအစိုးရက ဌာနေကို ပြန်လည် ပို့ဆောင်နေပေမဲ့ နယ်စပ်တလျှောက်က အုန်းဖန်၊ ဖွတ်ဖ၊ မဲဆောက် စတဲ့ဒေသတွေမှာ ဒုက္ခသည် ၈,၂၀၀ ကျော် ရှိနေပါသေးတယ်။ သူတို့ဟာ အတည်တကျ နေထိုင်ရတဲ့ ဒုက္ခသည် စခန်းတွေမှာ နေထိုင်ခွင့် မရဘဲ ယာယီစခန်းတွေမှာသာ နေနေရတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။
ထိုင်း၊ မြန်မာ နယ်စပ်မှာ မြန်မာစစ်တပ်နဲ့ DKBA တပ်တွေရဲ့ တိုက်ပွဲတွေအတွင်း လက်နက်ကြီးစ ထိမှန်တာ၊ မိုင်းနင်းမိတာ၊ ပေါ်တာဆွဲခံရတာတွေ ဖြစ်နေတာကြောင့် ဒေသခံ တိုင်းရင်းသားတွေဟာ နေရပ်ရင်းက အလုပ်တွေကို ပစ်ထားပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်လာခဲ့ကြပါတယ်။

ထွက်ပြေး တိမ်းရှောင်လာသူတွေကို ထိုင်းက စစ်ပွဲတွေ ရပ်တာနဲ့ နေရပ်ရင်းကို ပြန်ပို့နေတာကြောင့် ဒုက္ခသည်တွေက နေရပ်ရင်းကို မပြန်ဘဲ သောင်ရင်းမြစ်တလျှောက် ကမ်းနားတွေက ၀ါးရုံရိပ်တွေမှာ နေနေကြသလို တချို့ ထိုင်းဘက်ခြမ်းက ပြောင်းခင်းတွေ၊ လယ်တဲတွေ၊ နီးစပ်ရာ မိသားစုဝင်တွေရဲ့ အိမ်အောက်တွေမှာ နေထိုင်နေကြတဲ့ ဒုက္ခသည် အရေအတွက် ၈,၀၀၀ ကျော်ရှိကြောင်း ဒုက္ခသည်တွေကို ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ မယ်တော်ဆေးခန်းက တာဝန်ရှိသူလည်းဖြစ်၊ မဲဆောက်ဒေသဆိုင်ရာ တာဝန်ခံလည်းဖြစ်တဲ့ ဆရာနေဦးက အခုလို ရှင်းပြပါတယ်။
“၈,၂၀၀ ကျော်တယ်၊ အဲဒီမှာ ဧရိယာ ၄ ခုရှိတာပေါ့။ ဧရိယာ ၄ ခု ဆိုတာက ထဆောင်ယမ်း ဧရိယာရယ်၊ အုန်းဖန် ဧရိယာရယ်၊ ဖွတ်ဖ ဧရိယာရယ်၊ မဲဆောက် ဧရိယာရယ်ပေါ့။ အဲဒီမှာ ဆိုက်တွေ ဆိုက်တွေနဲ့ ခွဲထားတယ်။ အဲဒီမှာ ဆိုက် ၄ ခုဆိုရင် လူဦးရေ အားလုံး ၈,၂၀၀ ကျော်တယ်။”
ထိုင်းစစ်တပ်ဘက်က နေရပ်ရင်းကိုပြန်ဖို့ ပြောနေတာကြောင့် နယ်စပ်တလျှောက်မှာ ဖြစ်သလို နေထိုင်နေကြတဲ့ အခြေအနေ ရှိနေတယ်လို့လည်း ပြောပြပါတယ်။
“အခုက ကယ်ဆယ်ရေး စခန်းမှ မရှိဘဲ။ ထိုင်းစစ်တပ်က သူတို့ကို ပေးမနေဘူးလေ။ ပေးမနေတော့ သူတို့က ရွာထဲမှာ ရွာခံလူတွေနဲ့ ပေါင်းပြီး ရွာထဲမှာရှိတဲ့ အိမ်တွေမှာ နေတယ်။ ပြီးတော့ ချောင်း ကမ်းနား ၀ါးရုံပင်အောက်၊ သစ်ပင်အောက်တွေမှာ နေတယ်။ နောက် တချို့ကတော့ သူများ လယ်တဲတို့၊ ပြောင်းဖူးတဲတို့ အဲဒီမှာ တောင်းပြီး နေကြတယ်။”
ဒုက္ခသည်တွေကို အခြေခံ အစားအစာတွေဖြစ်တဲ့ ဆန်၊ ဆီ၊ ပဲ၊ ငါးသေတ္တာနဲ့ ကလေးနဲ့ အမျိုးသမီးတွေအတွက် အ၀တ်အစားတွေကို ပေးဝေမှုတွေ လုပ်ခဲ့ကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုတွေအတွက် ယာယီဆေးခန်းလေးတွေ ဖွင့်ပြီး အကူအညီ ပေးခဲ့တယ်လို့ ကယ်ဆယ်ရေး လုပ်နေသူတွေက ဆိုပါတယ်။ အခုလက်ရှိ ကြုံနေရတဲ့ ကျန်းမာရေး ပြဿနာတွေနဲ့ ပတ်သက်ပြီး ကုသပေးနေရတာတွေကိုလည်း ပြောပြပါတယ်။
“အခုလောလောဆယ် ကျနော်တို့ တွေ့နေရတာတော့ ပြေးရင်း လွှားရင်းနဲ့ အသက်ကြီးပိုင်းတွေကြတော့ လဲကျလို့ ဒဏ်ရာရတာနဲ့ များသောအားဖြင့် ကလေးသူငယ်လေးတွေ အအေးမိတာပေါ့၊ နှာစေးတယ်၊ အအေးမိတယ်၊ အဲဒီဟာတွေပဲ ပိုများတယ်။ ပြီးတော့ ကိုယ်ဝန်ဆောင် မိခင်တွေရော၊ ကလေးငယ် ရက်ပိုင်းသားလေးတွေလည်း ရှိတယ်။ အဲဒီလိုမျိုးကြတော့ ကျနော်တို့က ကလေးနဲ့ ပတ်သက်တဲ့ အနွေးထည်လိုမျိုး၊ အင်္ကျီတို့၊ ဦးထုပ်တို့ အဲဒီလိုမျိုးတွေကအစ သူတို့ကို ပြန်ပြီး ပံ့ပိုးပေးတယ်။”
ဒုက္ခသည်တွေအနေနဲ့ စစ်ပွဲတွေ မပြီးဆုံးသေးတဲ့အတွက် လုံခြုံမှုမရှိတဲ့ အခြေအနေအောက်မှာ ပြန်ဖို့အတွက် မသင့်သေးကြောင်းတွေကိုလည်း ပြောပြပါတယ်။
“လက်ရှိ အခြေအနေက ပြန်ဖို့တော့ မသင့်တော်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ မဲဆောက်ဧရိယာမှာရှိတဲ့ ဖလူးခွင်ဆိုရင် နေ့တိုင်း တိုက်ပွဲရှိတယ်။ ပြောက်ကျားအနေနဲ့ကတော့ တရက်ကို တပွဲလောက်ကတော့ ဖြစ်နေတယ်။ မနေ့ကပဲ ရသေ့တောင်ဆိုတဲ့ ရွာမှာ တိုက်ပွဲဖြစ်တဲ့ အခါကြတော့ အဲဒီ ရသေ့တောင်မှာရှိတဲ့ ရွာသားတွေက ထွက်ပြေးလာတယ်။ ကျနော်တို့ မြင်ရတဲ့ ဒုက္ခသည်ကတော့ ရွာထဲမှာ တိုက်ပွဲဖြစ်တယ်၊ နောက် ရွာထဲမှာ လက်နက်ကြီးတွေ ကျတယ်ဆိုတော့ သူတို့က မနေရဲဘူး။ နေလို့မရဲတော့ သူတို့က ဒီဘက်ကို ပြေးလာရော။ နည်းနည်း သေနတ်သံ မကြားဘူးဆိုရင် ယောက်ျားလေးတွေက ခဏတဖြုတ် အိမ်ပြန်ကြည့်တယ်။
“နောက်တခုက သူတို့ မပြန်ရဲတာက ပြန်သွားပြီးရင် ပေါ်တာအဖြစ် သူတို့ကို ဖမ်းတာ။ နောက်တခုက အခု နအဖကလည်း အမိန့်ထုတ်ထားတာ ရှိတယ်။ အခု သူတို့ ရှင်းလင်းရေး လုပ်တဲ့အချိန်မှာ တွေ့တာနဲ့ DKBA ဖြစ်ဖြစ်၊ KNU ဖြစ်ဖြစ်၊ ရွာသားပဲဖြစ်ဖြစ် ပစ်ဖို့ပဲ အမိန့်ပေးထားတယ်။ အဲဒီအတွက်ကြောင့်လည်း ရွာသားတွေက ပြန်ဖို့မရဲဘူး။ ပစ်မှာပဲ၊ ရွာထဲမှာလည်း လူတွေ တယောက်မှ မရှိတော့ဘူး။”
ပြီးခဲ့တဲ့ရက်ကပဲ ထိုင်းနိုင်ငံဘက်ခြမ်း ကယ်ဆယ်ရေးစခန်းမှာ နေထိုင်နေတဲ့ ဒုက္ခသည်တွေကို ထိုင်းနိုင်ငံက လုံခြုံမှု မရှိသေးဘဲ ပြန်လည်ပို့ဆောင်တဲ့အတွက် ထိုင်းနိုင်ငံရဲ့ လုပ်ရပ်ဟာ တခြားနိုင်ငံကနေ ဒုက္ခဖြစ်ပြီး ထွက်ပြေးလာသူတွေကို နေရင်းနိုင်ငံမှာ လုံခြုံမှု မရှိမချင်း ပြန်မပို့ဘဲ စေတနာ့ဝန်ထမ်းအဖြစ် လက်ခံထားရမယ် ဆိုတဲ့ ကုလသမဂ္ဂရဲ့ အခြေခံ စံတွေနဲ့ မကိုက်ညီဘူးလို့ UNHCR က ထိုင်းအာဏာပိုင်တွေကို ပြစ်တင် ရှုတ်ချကြောင်းကိုလည်း ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း မြန်မာဘက်က တိုက်ပွဲဖြစ်တိုင်း ထိုင်းနိုင်ငံဘက်က လက်ခံပေးတာကိုတော့ ကျေးဇူးတင်ကြောင်း ပြောထားပါတယ်။
အခုလက်ရှိ နယ်စပ်တလျှောက် ဒုက္ခသည်တွေ နေထိုင်နေတာကိုတော့ ထိုင်းစစ်တပ်က သိရှိပေမဲ့ ကယ်ဆယ်ရေး စခန်းတွေ အကြာကြီးဖွင့်ပြီး လက်မခံတာကလွဲရင် သိသာထင်ရှားတဲ့ အနှောင့်အယှက် ပေးမှုတွေကိုတော့ မလုပ်သေးပါဘူး။

Read More...

ဒုက္ခသည်တွေ လုံခြုံမှုကင်းတဲ့အတွက် နေရပ်ရင်းကို မပြန်လို

VOA သတင်းမှ............

ရွေးကောက်ပွဲအပြီး နိုဝင်ဘာလဆန်း ကတည်းက DKBA ကရင်ဗုဒ္ဓဘာသာ အဖွဲ့နဲ့ မြန်မာစစ်အစိုးရတို့ ကြားက တိုက်ပွဲတွေကြောင့် ထိုင်း၊ မြန်မာ နယ်စပ်ဘက်ကို ထွက်ပြေးလာခဲ့ကြတဲ့ တိုင်းရင်း ကရင် ဒုက္ခသည်တွေကို ထိုင်းအစိုးရက နေရပ်ရင်း ပြန်ပို့နေခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ဒုက္ခသည်တွေရဲ့ နေရပ်တွေမှာ မြန်မာစစ်တပ်ဘက်က တပ်စွဲထားပြီး ရွာသူရွာသားတွေရဲ့ ရိက္ခာတွေကိုလည်း ယူငင် စားသောက်နေတာကြောင့် ဒုက္ခသည်တွေဟာ နေရပ်ရင်းကို မပြန်ချင်ကြဘဲ ရှိနေပါတယ်။ ဒါကြောင့် ထိုင်းဘက်ကို ထွက်ပြေးလာကြတဲ့အခါ ဒုက္ခသည်တွေဟာ စခန်းတွေကို သွားကြရမယ့်အစား နီးစပ်ရာ နေရာတွေမှာ ပုန်းအောင်းနေကြရတယ်လို့ သိရပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ထိုင်း၊ မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီခရိုင်ထဲက ဖလူးကြီး၊ ဖလူးလေး ကျေးရွာနဲ့ ၀ါးလေဒေသဘက်က စစ်ပြေး ဒုက္ခသည်တွေကို ထိုင်းနိုင်ငံဘက်က မကြာသေးခင်က ပြန်လည် ပို့ဆောင်ခဲ့ပေမဲ့ မြန်မာစစ်တပ်တွေက သူတို့ရွာတွေမှာ ကတုတ်ကျင်းတူးပြီး အခြေချ တပ်စွဲထားကာ သူတို့ရဲ့ စားနပ်ရိက္ခာတွေကို စစ်ပွဲအတွင်း ရိက္ခာအဖြစ် ယူဆောင်နေတာကြောင့် ရွာသားတွေက စစ်တပ်နဲ့ ဝေးရာကို ရှောင်ရှားနေရကြောင်း DKBA တပ်မှူးတဦးက အခုလို ပြောပြပါတယ်။
“၀ါးလေဘက်မှာ နေနေတယ်။ ၀ါးလေဘက် သူတို့နေတဲ့ နေရာမှာ ကတုတ်ကျင်း တူးတယ်လေ။ သူတို့ နေတဲ့နေရာမှာ ပစ်ကျင်းတွေ၊ ကတုတ်ကျင်းတွေ တူးတယ်။ ရွာထဲမှာ သူတို့ရောက်တဲ့ နေရာမှာ ကတုတ်ကျင်း တူးတယ်။ တောမှာရောက်ရင် တောထဲမှာ၊ ရွာရောက်ရင် ရွာထဲမှာ ကတုတ်ကျင်း၊ ပစ်ကျင်း တူးတယ်။ ရွာသားတွေကလည်း သူတို့ရှိတယ်ဆိုရင် လာပြီး အတွေ့မခံဘူး။ ဥပမာ ဖလူးလေးဆိုရင် ရွာလုံးကျွတ် မရှိဘူး။ ဖလူးကြီးဆိုရင် အနည်းအကျဉ်းပဲ ရှိမယ်။ ရွာသားတွေက လက်ရှိ သူတို့ လာမယ်ဆိုရင် အမြင်မခံ၊ အတွေ့မခံတဲ့ အနေအထားမှာ ရှိတယ်။”
ဝါးလေဒေသဘက်မှာ အခြေစိုက်ထားတဲ့ တပ်တွေအနေနဲ့ ၂ လကျော်ကြာ တိုက်ပွဲတွေဖြစ်ပြီး ရိက္ခာလမ်းကြောင်းတွေကို DKBA တပ်တွေက ဖြတ်ပြီး တိုက်ခိုက်နေတာကြောင့် ကျေးရွာသားတွေ ထံကနေ ရိက္ခာတွေကို မြန်မာစစ်တပ်က ယူဆောင် စားသောက်နေကြောင်းလည်း ပြောပြပါတယ်။
“ရှိတဲ့တပ်က သူတို့ အရပ်သားထဲမှာ တောင်းစားတယ်လို့ ပြောတယ်။ ရွာက စားနပ်ရိက္ခာတွေ ယူပြီး စားနေတယ်ပေါ့။ သူတို့ ၀င်တဲ့ ရွာတွေ၊ သူများအိမ်မှာရှိတဲ့ ဆန်တွေ၊ အဲဒါတွေနဲ့ သူတို့ စားနေတယ်။”
ဒီရွာတွေဟာ အရင်က DKBA ထိန်းချုပ်ရာ ကျေးရွာတွေ ဖြစ်နေတာကြောင့် ရွာသားတွေကိုလည်း ပေါ်တာဆွဲတာ၊ သတ်ဖြတ် ညှဉ်းဆဲတာတွေကို ပြီးခဲ့တဲ့ အပတ်တွေတုန်းက မြန်မာစစ်တပ်က လုပ်ဆောင်ခဲ့တာကြောင့် ရွာသားတွေ အနေနဲ့ နေရပ်ရင်းကို မပြန်လိုကြပါဘူး။ အခုအခါမှာတော့ ဖလူးဒေသဘက်မှာ မြန်မာစစ်တပ်က အင်အားတွေ ထပ်ပြီး တိုးချဲ့ ချထားလာကြောင်းကိုလည်း DKBA ဘက်က ပြောပါတယ်။
“အခြေအနေက တပ်အင်အား၊ တပ်မ ၄၄ လက်အောက်ခံတပ် မနေ့က ရောက်လာတယ်။ ၀ါးလေမှာ သွားမယ်ဆိုတော့ သူတို့က ဒီလမ်းကြောင်းကို ဆင်းရမယ်။ ဒီလမ်းကြောင်းကို ဆင်းလို့ရမှ ဖလူးက ပိုတဲ့ရိက္ခာ ပို့ပေးရမယ်လေ။”
အခုအခါမှာတော့ မြန်မာစစ်တပ်နဲ့ DKBA ကြားမှာရှိတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ဟာလည်း ဘာမှ မရှိတော့သလို DKBA ဘက်ကလည်း ကရင်တိုင်းရင်းသားတွေအတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရဖို့အတွက် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
“ကျနော်တို့ ရည်ရွယ်ချက်က နံပါတ်တစ်၊ ကျနော်တို့ တိုင်းရင်းသား အားလုံးတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတဲ့အထိ မျှော်မှန်းတယ်၊ ကျနော်တို့နဲ့တကွ လက်ရှိ ကျနော်တို့နဲ့ တွေ့ဆုံတဲ့ တိုင်းရင်းသားတွေလည်း ရှိတယ်။ ကျနော်တို့က ကိုယ်ပိုင် ပြဋ္ဌာန်းနိုင်ခွင့် ရတဲ့အထိ အဲဒီလောက်ထိ ရည်မှန်းတယ်။ ပြီးတော့ အဖိနှိပ်ခံ လူတန်းစားတွေ အားလုံး လွတ်မြောက်ဖို့အတွက် အဲဒီလောက်အထိ ရည်မှန်းချက် ရှိတယ်။ နိုင်ငံရေး အဖြေထွက်ဖို့ စစ်ရေးအရ ကျနော်တို့ ပြောက်ကျားစစ်နဲ့ တိုက်ရမယ်၊ မြို့ပေါ်မှာလည်း ၀င်ရောက် ထိုးဖောက်နိုင်ရင်လည်း ၀င်ရောက် ထိုးဖောက်နိုင်သလောက် လှုပ်ရှားရမှာပဲ။
“တကယ်လို့ ဒီစစ်ကြီးက မကောင်းဘူး၊ စစ်အနိဋ္ဌာရုံအောက်မှာ လူသားတွေ ဒုက္ခရောက်တယ်၊ အဲဒီအမြင်မှန်နဲ့ ပြန်ပြီးဆွေးနွေးမယ် ဆိုရင် ကျနော်တို့ တိုင်းရင်းသားတွေ အားလုံး အဖိနှိပ်ခံ ပြည်သူလူထုတွေနဲ့ ဆွေးနွေးပြီး ပြန်ပြီးတော့ ငြိမ်းချမ်းရေး ယူမယ်ဆိုရင်တော့ အဲဒါ နည်းနည်းလေး နီးစပ်ရင် နီးစပ်မယ်။ ဘာမဟုတ်တဲ့ ကျနော်တို့ တစုတည်းကိုပဲ ပေးမယ်ဆိုရင်တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ တစုပြီး တစု၊ တစုပြီး နှစ်စုဆိုပြီး သူတို့က မှည့်ချွေသွားမယ်။ ဒါတွေလည်း ကျနော်တို့ အတွေ့အကြုံရှိတယ်။ နည်းနည်းပါးပါး မြင်တတ်၊ တွေးတတ်လာပြီလေ။”
မနေ့ကတော့ မြန်မာစစ်အစိုးရပိုင် သတင်းစာမှာ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင် ၁၁ ဦး လက်နက်ချကြောင်း ကြေညာ ပြောဆိုခဲ့ပေမဲ့ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင်တွေကတော့ သူတို့အဖွဲ့ဝင်တွေ မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။
ငြိမ်းချမ်းရေးကောင်စီဟာ မြန်မာစစ်အစိုးရရဲ့ နယ်ခြားစောင့်တပ် လုပ်ရေးကို ငြင်းဆိုထားတဲ့ အပစ်ရပ်အဖွဲ့တခု ဖြစ်ပြီး သူတို့ရဲ့ တပ်ဖွဲ့ဝင် ၇ ဦးကို ပြီးခဲ့တဲ့ ရက်ပိုင်းတွေကပဲ မြန်မာစစ်အစိုးရ တပ်တွေက သတ်ဖြတ်သွားခဲ့တာ ဖြစ်ပါတယ်။
အခုလက်ရှိမှာတော့ ကရင်ပြည်နယ်အတွင်းမှာ မြန်မာစစ်အစိုးရ တပ်တွေက ကရင်လက်နက်ကိုင် ဘယ်အဖွဲ့ကိုမဆို ယုံကြည်မှုတွေ မရှိတော့သလို အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေလည်း ဘာမှ မရှိတော့ဘူးဆိုပြီး ကရင် အပစ်အခတ် ရပ်စဲရေး အဖွဲ့တွေက ပြောလာကြပါတယ်။ ဒီအခြေအနေတွေကြောင့် ကရင်ပြည်နယ် အတွင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်မယ့် အလားအလာတွေ ရှိနေပြီး ဒုက္ခသည်တွေ အတွက်ကတော့ နေရပ်ရင်းကို ပြန်တဲ့အခါမှာ လုံခြုံမှုမရှိတဲ့ အခြေအနေကို ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

Read More...

ဒုက္ခသည်များ အတင်းအကျပ် ပြန်မပို့ရန် UNHCR ပြော

ဧရာဝတီ မှ.......

နယ်စပ် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ တိမ်းရှောင်လာသော စစ်ပြေးဒုက္ခသည် ၁၆၆ ဦးကို ပြန်ပို့လိုက်ခြင်းနှင့် ပတ်သက်၍ အတင်းအကျပ် ပြန်မပို့ရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)က ထိုင်းအာဏာပိုင်များကို တိုက်တွန်း ပြောကြားလိုက်သည်။
ယင်းစစ်ပြေး ဒုက္ခသည်များတွင် ကူးစက်ရောဂါပိုးများ ပါရှိနိုင်သည်ဟူသော ထိုင်းဒေသခံ ရွာသားများ၏ အကြောင်းပြချက်
ဖြင့် ထိုင်း အာဏာပိုင်များက မြန်မာဘက်သို့ ဒီဇင်ဘာလ ၂၅ ရက်နေ့က ပြန်ပို့ခဲ့ခြင်း ဖြစ်သည်။

အမျိုးသမီး ၅၀ ကျော်နှင့် ကလေး ၇၀ ကျော် ပါဝင်နေသည့် အဆိုပါဒုက္ခသည်များမှာ စစ်ဖြစ်နေဆဲ ဝေါ်လေဒေသသို့ ပြန်ရန် အသင့်မဖြစ်သေးဟု သိရကြောင်း ယမန်နေ့က UNHCR ၏ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်း ရှောင်လာသည့် ဒုက္ခသည်များကို ထိုင်းနိုင်ငံ အနေဖြင့် နိုင်ငံတကာ စည်းမျဉ်း စည်းကမ်းများ အရ အကာအကွယ်ပေးသင့်ကြောင်းလည်း UNHCRက ဆိုသည်။

ထိုင်း အာဏာပိုင်များက ဒုက္ခသည်များကို ပြန်ပို့သော်လည်း ဒုက္ခသည်အများစုက နီးစပ်ရာ အသိမိတ်ဆွေများထံသို့ တိမ်း ရှောင်နေကြရသည်။ သို့သော် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA)နှင့် နအဖတပ်များ တိုက်ပွဲ များ ဆက်လက် ဖြစ်ပွားနေကြောင်း ဒုက္ခသည်များကို ကူညီဆောင်ရွက် နေသူများက ပြောသည်။

“ထိုင်းနိုင်ငံမှာ ခိုလုံခွင့်ဟာ လုံးဝ အတည်တကျ မရှိတော့ဘူး၊ တချိန်လုံးပဲ ဟိုရွှေ့ဒီရွှေ့လုပ်နေရတယ်၊ ရွာထဲမှာ တကယ် မပြန်ရဲဘူး၊ စစ်တပ်ကို ကြောက်တယ်၊ ပေါ်တာဆွဲမှာ ကြောက်တယ်၊ တိုက်ပွဲဖြစ်ရင် ပြေးလို့ မရဘူး အချောင်သေမယ်၊ အဲဒါ ရွာသားတွေက ပြောပြကြတယ်”ဟု ယမန်နေ့က ဒုက္ခသည်များကို တွေ့ဆုံစကားပြောခွင့်ရခဲ့သည့် ကရင် အမျိုးသမီး အစည်း အရုံး(KWO) ပြောရေး ဆိုခွင့်ရှိသူ နော်ဘလူးမင်း နိုက်ဇန်က ဧရာဝတီသို့ ပြောသည်။

ထွက်ပြေးတိမ်းရှောင်လာသော စစ်ပြေး ဒုက္ခသည်များထဲတွင် ကိုယ်ဝန်ဆောင် အမျိုးသမီး ၂၄ ဦးပါဝင်သည်ဟု ကြားသိရ
ကြောင်း ၎င်းက ဆိုသည်။

စစ်ပြေးဒုက္ခသည်များသည် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ရှိ ဝေါ်လေဒေသ၌ DKBA နှင့် နအဖ တပ်များ အကြား နိုဝင် ဘာ လဆန်းပိုင်းမှ စတင်ဖြစ်ပွားနေသည့် ရက်ရှည် တိုက်ပွဲများ ကြောင့် ထွက်ပြေးလာသူများ ဖြစ်သည်။

ဒုက္ခသည်များကို မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်း(MTC) အဖွဲ့၊ ကရင် လူ့အခွင့်အရေးလှုပ်ရှား နေသော အဖွဲ့များ အပါအ၀င် ထိုင်း - မြန်မာ နယ်စပ်တလျှောက် ကူညီစောင့် ရှောက်ရေး ညွန့်ပေါင်း အဖွဲ့(TBBC)တို့က ကူညီပေးထားသည်။

လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့(HRW)ကလည်း ယင်း စစ်ပြေး ဒုက္ခသည်များသည် ထွက်ပြေး တိမ်းရှောင်လာ လိုက်၊ ပြန်လည် အပို့ခံရလိုက်နှင့် ပင်ပေါင် ဘောလုံးကဲ့သို့ ကြုံတွေ့နေကြရကြောင်း ဝေဖန်ပြောဆိုထားသည်။

ထို့အပြင် နယ်စပ်ဒေသများတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးရောက်ရှိလာသော ဒုက္ခသည်များ ကို အချိန်မတန်သေးဘဲ ပြန်မပို့ရန်လည်း HRW က ထိုင်း အာဏာပိုင်များအား ဒီဇင်ဘာ ၄ ရက်နေ့က တောင်းဆိုထားသည်။

ရွေးကောက်ပွဲ ကျင်းပနေစဉ် နိုဝင်ဘာလ ၇ ရက် နှင့် ၈ ရက်နေ့က မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နှင့်ကြာအင်းဆိပ် ကြီးမြို့နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ် နီးပါး တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။

Read More...

တိုက်ပွဲသတင်း

ဆုံဆည်းရာ မှ......

ဖလူးဒေသ စူးကလိ အနီး ကွိတာအူးတွင် ယနေ့နေလည် ၁၁ နာရီ ၂၀ မိနစ်အချိန်တွင် နအဖ စစ်တပ်မှ ခမရ ၅၈၇ စစ်တပ်များကတဖက် ဒီကေဘီအေ နဲ့ အေဘီအက်ဒီအက်ဖ် ပူးပေါင်းတပ်ဖွဲ့တို့မှတဖက် တိုက်ပွဲဖြစ်ပွားနေပါတယ်။ ယခုအချိန်အထိ တဖက်နဲ့ တဖက် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားနေဆဲပါ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထိုင်းဘုရင့်သမီးတော် လာရောက်တဲ့အတွက် ဝေါလေဒေသမှာ တိုက်ပွဲ အနည်းငယ် ဆိတ်ငြိမ်ခဲ့ရာမှာ ယမန်နေ့ညမှစတင်ပြီး တိုက်ပွဲများ တဖန်ပြန်လည် ဖြစ်ပေါ်ခဲ့တာပါ။

ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်မှာ ကရင်ပြည်နယ်၊ ကျိုင်းဒုံ-ဝေါလေ ကားလမ်းရှိ ထီးတီမူထီးနေရာတွင် နအဖ စစ်တပ်မှ ရှေ့တန်းအထိုင်တပ်များအတွက် ရိက္ခာတင်ဆောင်လာသော ကားများကို ဒီကေဘီအေနဲ့ အေဘီအက်ဒီအက်ဖ် ပူးပေါင်းတပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ရိက္ခာ ကားတစီးအား သိမ်းယူနိုင်ခဲ့သည်။ သိမ်းယူခဲ့သော ရိက္ခာကားမှ ရိက္ခာများကို ယူဆောင်ပြီး ကားအား ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဝါလေဒေသ ကနဲလေးတွင် ယမန်နေ့ညနေ ၃ နာရီတွင် နအဖ တပ်များနဲ့ ဒီကေဘီတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

Read More...

ဒီ X'mas မှာ ဒီလို Rock ရအောင်ဗျာ...

Read More...

Silent Night New version သီချင်းကိုခံစားကြည့်လိုက်ပါဦး

Read More...

နယ်စပ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ

ဧရာဝတီ သတင်းမှ...........

ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် ဝေါ်လေ ဒေသတွင် ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် တိုးတက်သော ဗုဒ္ဓဘာ သာ ကရင်အမျိုးသား တပ်မတော် (DKBA) ပူးပေါင်း တပ်များက နအဖ တပ်ရင်းများကို ယမန်နေ့က ခြုံခိုတိုက် ခိုက်ခဲ့ကြောင်း သိရသည်။
DKBAနှင့် KNU တပ်ရင်း ၁၀၃ ပူးပေါင်း တပ်များက ဝေါ်လေဒေသတွင် လှုပ်ရှားနေသော နအဖ၏ ခြေမြန်တပ်ရင်း(ခမရ) ၂၂၉ နှင့် ၄၀၁ တပ်ရင်းများကို ပြောက်ကျား စနစ်ဖြင့် ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း ၁၀၁ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး ဖောဒိုက ဧရာဝတီသို့ ပြောသည်။

ဝေါ်လေဒေသရှိ ခြူးကလီ အပါအ၀င် မောလူခို့ စသည့် နေရာများတွင် အပြန်အလှန် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်း ဒေသများတွင်လည်း နအဖ တပ်များ ထပ်မံ၍ လှုပ်ရှားလာပါက တိုက်ပွဲများ ဆက်လက်၍ ဖြစ်ပွားနိုင်ကြောင်း ဗိုလ်မှူး ကြီး ဖောဒိုက ဆက်ပြောသည်။

နောက်ဆုံး သတင်းများအရ ယင်း ဒေသများတွင် တိုက်ပွဲများ မရှိသော်လည်း စစ်အစိုးရ တပ်များက လက်နက်ကြီးများဖြင့် ယနေ့ နံနက် ၁၀နာရီခန့်တွင် ပစ်ခတ်ခဲ့သောကြောင့် အသက် ၃၀ ခန့် အရွယ် ရှိသော ကနှဲလေးရွာသား တဦး ဒဏ်ရာရရှိ သွားကြောင်း သိရသည်။

နအဖ တပ်များက ရွာထဲကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေရာ တိုက်ပွဲများလည်း ဆက်လက် ဖြစ်ပွားနိုင်ကြောင်း KNLA တပ်ရင်း ၂၀၁ မှ ဒု တပ်ရင်းမှူး ဗိုလ်ကြီး အောင်ကြည်ကလည်း ပြောသည်။

ယမန်နေ့က တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ရွာသားများ ၁၀၀ ခန့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ် တဖက်ကမ်းသို့ ထွက်ပြေးတိမ်း ရှောင်လာသူများ ရှိသကဲ့သို့ တချို့ဒေသခံများကလည်း နီးစပ်ရာ မိတ်ဆွေများနှင့် တောထဲတွင် ပုန်းအောင် နေကြရကြောင်း သိရသည်။ လွန်ခဲ့သည့် တပတ်မှ ထွက်ပြေးလာသူများ အပါအ၀င် ယခုအခါ စုစုပေါင်း ရွာသား ၃၅၀ ခန့် ရှိ သည်။

တောထဲတွင် ထွက်ပြေးတိမ်းရှောင်နေသူများကို ထမင်းထုပ်များ ပို့ဆောင်ပေးနေရကြောင်း နယ်လှည့် ကျောပိုးအိတ် ကျန်း မာရေးလုပ်သား အဖွဲ့ (BPHWT) မှ တာဝန်ခံ တဦးဖြစ်သူ ဦးမန်းမန်းက ပြောသည်။

“နယ်စပ်နဲ့ အနီးဆုံး ဝေါ်လေရွာ တနေရာမှာကျတော့ ထမင်းချက်စားဖို့ အဆင်သင့်မဖြစ်ဘူး၊ အဲဒီနေရာတွေကျတော့ ထမင်း ထုပ်တွေ ပို့ပေးနေရတယ်”ဟု ၎င်းက ပြောသည်။

စစ်ပြေး ဒုက္ခသည်များကို မြန်မာ နယ်စပ် တလျှောက် ကူညီ စောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBBC)နှင့် တချို့ NGO အဖွဲ့ ၀င် တချို့က ပူးပေါင်း၍ အကူအညီများ ထောက်ပံ့ပေးကြောင်း သိရသည်။

ထို့အပြင် ထွက်ပြေးလာသော စစ်ပြေး ဒုက္ခသည်များကိုလည်း ထိုင်းလူ့အခွင့်အရေး ကော်မရှင် အဖွဲ့ ဥက္ကဌ ဒေါက်တာ နိရန်းဖိ ထ၀ပ်ချာရန်က ယမန်နေ့က သွားရောက်ဆွေ့ဆုံခဲ့သည်။

“ခရီးစဉ်ကတော့ ထိုင်းဘက်မှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေရယ်၊ ထိုင်းနဲ့ မြန်မာဘက်မှာရှိတဲ့ နယ်စပ် အခြေ အနေတွေရယ်ကို သိရှိနိုင်ဖို့အတွက် လာရောက်လေ့လာတာဖြစ်တယ်”ဟု ဒုက္ခသည်များကို တွေ့ဆုံနေစဉ် လူ့အခွင့်အရေး ကော်မရှင် ဥက္ကဌက ပြောကြားခဲ့သည်။

ဒုက္ခသည် အခြေအနေများကို လေ့လာပြီးနောက် မွန်းလွဲပိုင်းတွင် ထိုင်းလူ့အခွင့်အရေး ကော်မရှင် ဥက္ကဌ နှင့် အဖွဲ့ဝင်များက မဲဆောက်မြို့ရှိ ထိုင်းတာဝန်ရှိသူများ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အပါ အ၀င် အစိုးရမဟုတ် သော ( NGO ) အဖွဲ့အစည်းများကိုလည်း တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော ဒေါက်တာ စင်သီယာမောင်က ဒုက္ခသည်များနှင့် ပတ်သက်သော အချက်အလက်နှင့်ဓာတ် ပုံ မှတ်တမ်းများ၊ မြေပုံကားချပ်များဖြင့် ရှင်းလင်း တင်ပြခဲ့သည်။ ယင်း ဆွေးနွေးတင်ပြန်ချက်နှင့် မှတ်တမ်းများကိုလည်း ထိုင်း အစိုးရထံ တင်ပြပေးသွားမည်ဟု ထိုင်း တာဝန်ရှိသူတဦးက ပြောကြားသွားသည်။

နိုဝင်ဘာ ၇ ရက်နေ့က ရွေးကောက်ပွဲကျင်းပနေစဉ် မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့ နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ်နီးပါး တိုက်ပွဲများ ဆက် တိုက် ဖြစ်ပွားလျက်ရှိသည်။

တိုက်ပွဲများသည် ကရင်ပြည်နယ် မြ၀တီနှင့် ကော့ကရိတ်မြို့နယ်များရှိ ဝေါ်လေ၊ ဖလူး၊ မင်းလက်ပံ၊ မေတ္တာ လင်းမြိုင် စသည့် ကျေးရွာ ဝန်းကျင်ဒေသများတွင် ဖြစ်ပွားခြင်း ဖြစ်သည်။

ဒုက္ခသည်တဦးက“ထိုင်းလူကြီးက မေးတော့ အမှန်တိုင်းပဲ ပြောလိုက်တယ်၊ မြန်မာဘက်မှာ အခြေအနေ မကောင်းသေးခင်မှာ ထိုင်း စစ်တပ်က ပြန်ခိုင်းတာ အခုဆိုရင် ၄ခါရှိပြီး အေးချမ်းသွားရင် အကုန်လုံးပြန်ကြမှာပါ၊ အိုးအိမ် လယ်ယာတွေ ရှိပါ တယ်၊ ဒီမှာ တသက်လုံး နေခိုင်းလဲ မနေပါဘူး”ဟု ထိုင်းအာဏာပိုင်များကို တွေ့ဆုံနေစဉ် ပြောကြားသည်။

Read More...

စစ်တပ်က မီးရှို့မည်ဆို၍ ရွာခံများ တိမ်းရှောင်ရ

ဧရာဝတီ မှ.....

ကရင်ပြည်နယ် ဘုရားသုံးဆူ မြို့နယ်ရှိ မဲကသာရွာအား နအဖစစ်တပ် ခြေမြန်တပ်ရင်း (ခမရ) ၄၀၂ စစ်ကြောင်း ၂ မှ ဒု တပ်ရင်းမှူး ဗိုလ်မှူးကြီး အာကာ ဆိုသူက မီးရှို့ရန် စီစဉ်မှုကြောင့် ဒေသခံ ရွာသားများ တိမ်းရှောင်နေရကြောင်း သိရ သည်။
တိမ်းရှောင်နေကြရသည့် မဲကသာရွာသား ၅၀၀ ခန့် ရှိသည်ဟုလည်း ဒေသခံ တဦးက ပြောသည်။

ဒီဇင်ဘာ ၁၁ ရက်နေ့က ၎င်း အား သေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ်ခံရသောကြောင့် မဲကသာရွာကို မီးရှို့ ရန် ဗိုလ်မှူးကြီး အာကာ က တပ်ဖွဲ့ဝင်များကို အမိန့်ပေး စီစဉ်ခြင်းဖြစ်သည်ဟု ဘုရားသုံးဆူ ဒေသရှိ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၆ မှ ဗိုလ်ကြီး စောထဲနေက ဧရာဝတီသို့ ပြောသည်။ ပစ်ခတ်မှုကြောင့် ဗိုလ်မှူးကြီး အာကာ၏ ဘယ်ဘက် လက်ကောက် ၀တ် ကို သေနတ် ထိမှန် သွားကြောင်း
သိရသည်။

“ဘော်လီဘော ကစားနေတုန်း ဘယ်အဖွဲ့ ကမှန်းမသိတဲ့ သေနတ်သမားတဦးက ၀င် ပစ်သွားလို့ ဗိုလ်မှူးကြီး အာကာ ကို မှန်သွားတယ်။ ဒါကြောင့် သူက ရွာကို မီးရှို့ ဖို့ အမိန့် ပေးလိုက်လို့ ရွာသားတွေ မနေရဲတော့ဘူး။ အားလုံး ထွက် ပြေး ကုန်ကြတယ်။ မဲကသာမှာ အိမ်ထောင်စု ၈၃ စု ရှိတဲ့အထဲက ၆၁ စုက တောထဲကို ၀င်ပြေးကြတယ်။၂၁ စု က တော့ ဘုရားသုံးဆူ နဲ့ သဘာဝရွာဘက်ကို ပြေးကြတယ်။ ရွာသူကြီးအိမ်တအိမ် ကျန်တယ်”ဟု ဗိုလ်ကြီး စောထဲနေက ဆိုသည်။

ယင်းကိစ္စဖြစ်ပွားပြီး နောက်တနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင်လည်း ခမရ ၄၀၂ စစ်ကြောင်း ၁ မှ စစ်ကူပေးရန် လာရောက်စဉ် အချင်းချင်း မှားယွင်းပစ်ခတ်မှုတရပ် ဖြစ်ပွားခဲ့ပြီး ထိခိုက်မှု မရှိကြောင်းလည်း သိရသည်။

“ဗိုလ်မှူးကြီး အာကာ ဒဏ်ရာရသွားတဲ့ နောက်ပိုင်း စစ်ကြောင်း၂ ကို ကူဖို့ စစ်ကြောင်း ၁ က မဲကသာ ကို လိုက် လာ တယ်။ အဲဒီမှာ ရွာမှာ အရင်ရောက်နေတဲ့ စစ်ကြောင်း၂ က တတပ်နဲ့ တတပ် နားလည်မှု လွဲသွားတယ် ထင်တယ်။ ရန်သူထင်လို့ လက်နက်ကြီးနဲ့ လှမ်းပစ်တာ။ လေးချက်ပစ်တယ်။ ဒါပေမယ့် ထိခိုက် ဒဏ်ရာရတဲ့ သတင်းတော့ မကြား ရဘူး”ဟု ကောင်းဝါ(Kaowao) မွန်သတင်းဌာန သတင်းထောက် ကိုမင်းထက်အောင်က ပြောပြသည်။

ယခုအခါ မဲကသာရွာတွင် တပ်စွဲထားသော ခမရ ၄၀၂ စစ်ကြောင်း ၂ ကို ဘုရားသုံးဆူမြို့သို့ ပြန်လည်ခေါ်ယူပြီး ခမရ ၄၀၅ မှ စစ်ကြောင်း ၁ ဖြင့် အစားထိုးလိုက်ကြောင်းနှင့် ထွက်ပြေးတိမ်းရှောင်နေကြသူများမှာ ရွာသို့ ပြန်မသွားကြသေး ဘဲ တောထဲတွင် တိမ်းရှောင်နေကြရဆဲ ဖြစ်ကြောင်း သိရသည်။

“ရွာသားတွေဟာ ကြောက်ကြောက်နဲ့ တောထဲကို ထွက်ပြေးနေကြတော့၊ အခုအချိန်မှာ စားရေရိက္ခာလည်း ခက်ခဲ တယ်။ သူတို့တွေ အတော်လေး ဒုက္ခရောက်နေတယ်လို့ သိရတယ်”ဟု ထိုင်း-မြန်မာ နယ်စပ် ၌ တာဝန်ကျနေသော ထိုင်း ထောက်လှမ်းရေးနှင့် နီးစပ်သူ ဖိအာနွန် ဆိုသူက ပြောဆိုသည်။

နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ ဘုရားသုံးဆူမြို့နယ်အတွင်း စစ်အစိုးရ တပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်(DKBA)တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ စစ်ပြေးဒုက္ခသည် များစွာ ထိုင်း နိုင်ငံ ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသေးသည်။ ယင်းနောက်ပိုင်းမှ စ၍ စစ်အစိုးရ တပ်များ ဘုရားသုံးဆူ ဒေသတွင် တိုးချဲ့ ချထားခြင်းဖြစ်ကြောင်း သိရသည်။

Read More...

နအဖနှင့် ဒီကေဘီအေကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ

KIC သတင်းမှ........

ကရင်ပြည်နယ် ဝေါ်လေဒေသနှင့် ချူကလီးဒေသဘက်တွင် နအဖနှင့် ဒီကေဘီအေတို့ကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွား ခဲ့ရာ တိုက်ပွဲအခြေအနေမှာ ယနေ့အထိ ပြင်းထန်လျှက်ရှိသည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။

ယနေ့ နေ့လည်တွင် ချူကလီးဒေသ၌ အသစ် ၀င်ရောက်လှုပ်ရှားလာသည့် စကခ(၁၉)လက်အောက်ခံ ခလရ(၂၉၉)၊ ခမရ (၅၈၆)နှင့် ဝေါ်လေကျေးရွာ သုခမြိုင်ဘုန်းကြီးကျောင်းရှိ နအဖ စကခ(၈) လက်အောက်ခံ ခမရ(၄၀၉)တပ်ဖွဲ့အား ဒီကေဘီ အေ ကလို့ထူးဘောဗျူဟာမှ ၃ကြိမ် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ချူကလီးဒေသတွင် လှုပ်ရှားနေသော ဒီကေဘီ အေ ကလို့ထူးဘောဗျူဟာ လက်နက်ကြီးတပ်ဖွဲ့မှ ဒုဗိုလ်စောစမင်းက ပြောသည်။

သူက “ဒီနေ့ နေ့လည် ၁၂း၁၅မိနစ်အချိန်မှာ ချူကလီးဒေသ မော်ကနော်ခီးမှာ ကျနော်တို့တပ်ဖွဲ့နဲ့ နအဖ ခလရ(၂၉၉)ကြား လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ၁၀မိနစ်ကြာ အပြန်အလှန် ပစ်ခတ်ကြတယ်။ ၁၂း၄၅မိနစ်အချိန်မှာလည်း ဝေါ်လေမှာရှိတဲ့ နအဖ ခမရ(၄၀၉)တပ်ရင်းကို ၅မိနစ်လောက် ကျနော့်လူတွေ တက်ပစ်တယ်။ ဒီညနေ ၄း၄၅မိနစ်မှာလည်း မော်ကနူခီးတ၀ိုက် မှာပဲ ခမရ(၅၈၆)နဲ့လည်း ၁၀မိနစ်ကြာ အပြန်အလှန် ပစ်ခတ်ကြတယ်။”ဟု ပြောသည်။

အဆိုပါပစ်ခတ်မှုတွင် နအဖဘက်က ထိခိုက်ကျဆုံးမှုများ ရှိသော်လည်း စာရင်းအတိအကျ သိရှိရန်အတွက် စုံစမ်းနေဆဲဖြစ် သလို ပြောက်ကျားစစ်နှင့် ချုံခိုတိုက်ပွဲဖြစ်သည့်အတွက် ဒီကေဘီအေဘက်က ထိခိုက်မှု တစုံတရာ မရှိကြောင်း ဒုဗိုလ်စောစ မင်းက ဆက်ပြောသည်။

ထို့အပြင် ဝေါ်လေဒေသရှိ ဖလူးကျေးနယ်ဘက်တွင် လွန်ခဲ့သည့် ၃ရက်ခန့်ကတည်းက နအဖနှင့် ဒီကေဘီအေ တပ်ဖွဲ့ဝင်များ အကြား ပစ်ခတ်မှု ခေတ္တ ရပ်တန့်သွားသော်လည်း ယခုရက်ပိုင်းအတွင်း နအဖ စစ်တပ်ဘက်မှ စစ်သည်အင်အား ဖြည့်ဆည်း လျှက်ရှိသောကြောင့် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားနိုင်မည့် အခြေအနေရှိကြောင်းလည်း ဖလူးရွာသားတဦးက ပြောသည်။

ယခုလို ဝေါ်လေကျေးရွာတွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် ဝေါ်လေရွာသူရွာသားအားလုံးနီးပါးမှာ မိမိတို့၏ ကျေးရွာမှ ထိုင်း ဘက်ခြမ်းသို့ ယနေ့ ထပ်မံ ထွက်ပြေးလာရပြန်သည်ဟု အမည်မဖော်လိုသည့် ဝေါ်လေရွာသားတဦးက ကေအိုင်စီကို ပြော သည်။

အလားတူ ကရင်ပြည်နယ် ဖားအံခရိုင် လှိုင်းဘွဲမြို့နယ် နိုဒေးဂွင်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ရက်နေ့က နအဖ စစ်တပ်နှင့် ဗိုလ်မှူးစောတာမလာ ဦးစီးသည့် KNLA တပ်ရင်း(၂၀၂)တို့ ၃ကြိမ်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖဘက်မှ ဗိုလ်ကြီးတဦး၊ တပ်ကြပ်ကြီးတဦးနှင့် တပ်သား ၂ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်အယ်လ်အေ တပ်မဟာ(၇) ရုံးထိုင်မှူး ဗိုလ် မှူးစောအဲဆဲဆဲက ပြောသည်။

“အဲဒီနေ့က သုံးကြိမ်ဖြစ်တာ။ ဒီနိုဒေးဂွင်တစ်ခုထဲမှာပဲ ကျနော်တို့ရဲ့ တပ်ရင်း(၂၀၂)က ဒုရင်းမှူး ဗိုလ်တာမလာရဲ့အဖွဲ့နဲ့ ခမရ (၃၃၈)တို့ မနက် ၉း၁၅ နာရီမှာတကြိမ်။ ခမရ(၅၈၇)နဲ့ မနက် ၉း၃၀နာရီမှာတကြိမ်ဖြစ်တယ်။ နောက်ပြီး အူးမိုးခီးရွာရဲ့ အပြင် ဖက်မှာတော့ ကျနော်တို့ (၂၀၂)တပ်ဖွဲ့နဲ့ ခလရ(၂၈)နဲ့ ၉း၃၀နာရီမှာပဲ ဖြစ်ကြတော့ အဲဒီသုံးပွဲမှာ ကျနော်တို့ဘက်က ထိခိုက်မှု မရှိဘူး။ နအဖဘက်ကတော့ အရာရှိ အပါအ၀င် ၄ဦး ထိခိုက်မှုရှိတယ်။”ဟု ဆိုသည်။

၎င်းအပြင် ယနေ့မနက် ၁၀နာရီဝန်းကျင်တွင် အဆိုပါ ကေအဲန်အယ်လ်အေ တပ်ရင်း(၂၀၂)တပ်ဖွဲ့သည် ပိုင်ကျုံ(တာကရယ်) မြို့နယ် ပွိုင့် ၉၁၃နေရာရှိ နအဖ ခမရ( ၅၈၇)ကို ပြောက်ကျားပစ်ခတ်ခဲ့သော်လည်း နှစ်ဖက် ထိခိုက်မှုမရှိဟု သိရသည်။

Read More...

ဖာပွန်မြို့နယ်ရှိ ခရီးသည်တင်စက် လှေ ၉စီး နအဖ ဖမ်းဆီးထားရာမှ ပြန်မလွှတ်သေး

KIC သတင်းမှ....

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ ယွန်းစလင်းချောင်းအတွင်း ဖာပွန်မြို့နှင့် ဘောသေ့ထာ့ ကျေးရွာအထက် တခေါ်တို့ဘော လှေဆိပ်တွင် ပြေးဆွဲနေသည့် ခရီးသည်တင် စက်လှေ ၅၄စီးအနက် ၉စီးကို ဖာပွန်အခြေစိုက် နအဖ စစ်ဗျူဟာဌာနချုပ်-စဗခ(၁)မှ နိုဝင်ဘာလ ၂၀ရက်နေ့ကတည်းက ဖမ်းဆီးထားရာ ယခုအချိန်ထိ ပြန်မလွှတ်သေးကြောင်း သိရသည်။

အဆိုပါ စဗခ(၁)မှ ဗိုလ်ကြီးအောင်ကျော်ဇော ဦးဆောင်တပ်ဖွဲ့ ဖမ်းဆီးလိုက်သည့် စက်လှေ ၉စီးအနက် ၅စီးမှာ ဘောသေ့ ထာ့ကျေးရွာအုပ်စုရှိ ရွာသူရွာသားများ၏ စက်လှေဖြစ်ပြီး ၄စီးမှာမူ ဖာပွန်မြို့ခံများ၏ စက်လှေများဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလက ဖာပွန်နှင့် ကမမောင်းကားလမ်းကို ကရင်အမျိုးသားအစည်းအရုံး(KNU)မှ သွားခွင့်ပိတ်ပင် ထားသည့်အတွက်ကြောင့် နအဖတပ်ဖွဲ့အနေဖြင့် ရှေ့တန်းသို့ ရိက္ခာပို့ရန် ခက်ခဲလာသည့်အပေါ် အကြပ်ကိုင်သည့်အနေ ဖြင့် အရပ်သားစက်လှေများကို ယခုလို ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ဒေသခံတဦးက ကေအိုင်စီကို ယခုလို ပြောသည်။

သူက “KNU က ကားလမ်းပြန်ဖွင့်ရင် လှေကို လွှတ်ပေးမယ်လို့ သူတို့(နအဖ)က ပြောတယ်။ ဒီလိုလုပ်တော့ ကျနော်တို့ အခက်တွေ့တာပေါ့။ ဒီမှာရှိတဲ့လူတွေအားလုံးဟာ ဒီလှေတွေကိုစီးပြီး ဖာပွန်မြို့ကနေ အ၀တ်အထည်နဲ့ စားသုံးကုန်ပစ္စည်း တွေကို သွားဝယ်ကြရတာလေ။ ဒီကိစ္စပြေလည်ဖို့ စက်လှေပိုင်ရှင်နဲ့ စက်လှေစပယ်ယာ(စက်လှေနောက်လိုက်သူ)တို့ အခု ဒီဇင်ဘာလ ၁၁ရက်နေ့မှာ အစည်းအဝေးလုပ်ပြီး ဒီဒေသမှာ လှုပ်ရှားနေတဲ့ KNU အရာရှိတွေကို တင်ပြပါတယ်။”ဟု ပြော သည်။

ယင်းသို့ ဒေသခံလူထု၏ တင်ပြချက်အပေါ် နယ်မြေခံ ကေအဲန်ယူ တာဝန်ရှိသူများအနေဖြင့် အလေးထားသော်လည်း လမ်းပြန်ဖွင့်ရန် မဖြစ်နိုင်သေးဘဲ လူထု၏ စပါးရိတ်သိမ်းရမည့် အခြေအနေကို ကြည့်ပြီး စီစဉ်သွားရမည်ဖြစ်ကြောင်း KNU ဖာပွန်ခရိုင်၏ ပြောရေးဆိုခွင့်ရှိသူ ဖူးမောက ယခုလို ပြောသည်။

“လူထုက ဒီလို တင်ပြလာတာကို ကျနော်တို့ အလေးထားပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာ စပါးရိတ်တဲ့အချိန်လေ။ လမ်းဖွင့် လိုက်ရင် သူတို့လာပြီး လူထုတွေရဲ့ စပါးခင်းတွေကို ဖျက်ဆီးအုံးမှာပဲ။ ဒီတော့ လမ်းဖွင့်လို့ မဖြစ်သေးဘူး။ လူထုတွေ စပါး ရိတ်ပြီးချိန်ဖြစ်တဲ့ ဇန်န၀ါရီလလယ်လောက်မှ လမ်းပြန်ဖွင့်ဖို့ အစီအစဉ်ရှိတယ်။”ဟု ရှင်းပြပြောဆိုသည်။

ဖာပွန်မြို့နယ်၊ ဘောသေ့ထာ့ကျေးရွာအုပ်စုရှိ ဘောသေ့ထာ့၊ မဲဝါး၊ ဒွယ်လိုး၊ ဘောသေ့ခီး၊ တပယ်ဒဲနှင့် ပါလာ့ရွာများမှ ရွာ သူရွာသားများမှာ ဆန်၊ ဆီ၊ ဆား၊ ငြုပ်သီး၊ အချိုရည်၊ အချိုမှုန့်၊ ဆေးနှင့် အ၀တ်အထည် စသည့်ကုန်ပစ္စည်းမျိုးစုံကို ဖာပွန် မြို့သို့ ပုံမှန် သွားရောက်ဝယ်ယူလေ့ရှိကြသော်လည်း တခေါ်တို့ဘောလှေဆိပ်မှ ဘောသေ့ထာ့ရွာအထိ ၂နာရီကြာ လှေစီး သွားကာ ထိုမှတဆင့် ဖာပွန်မြို့သို့ ၂နာရီကျော် ထပ်မံ လမ်းလျှောက်သွားကြရသည်။

(ဖာပွန်ဒေသခံများ ရေလမ်းအသုံးပြုနေသည့် ယွန်းစလင်းချောင်း)

ပြီးခဲ့သည့် ၂၀၀၉ခုနှစ် စက်တင်ဘာလက ကေအဲန်ယူ တပ်မဟာ(၅)ကို နအဖတပ်များ ထိုးစစ်ဆင်မည့်သတင်းကြောင့် ဖာ ပွန်-ကမမောင်း ကားလမ်းကို ကေအဲန်ယူဘက်က ပိတ်ပင်ခဲ့သည်။ ထို့နောက် လူထု ဆက်လက် သွားလာနေသည့် ယွန်းစ လင်းချောင်း ရေလမ်းကိုလည်း ထိုနှစ် အောက်တိုဘာလတွင် နအဖဘက်က ပိတ်ပင်ခဲ့သော်လည်း ယခုလို လူထုပိုင် စက် လှေများကို ဖမ်းဆီးမှုများ မရှိခဲ့ဖူးကြောင်း ဖာပွန်ဒေသခံများက ပြောသည်။

Read More...

နအဖပစ်ခတ်မှုကြောင့် BGF ၇ဦး ကျ၊ ၂ဦး ထိခိုက်

KIC သတင်းမှ

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ရက်နေ့ ညနေ ၅း၂၅နာရီအချိန်တွင် ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ်ရှိ တငေါရွာအနီးတ၀ိုက်၌ မိုင်းသတ္တုတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေသည့် ကရင်နယ်ခြားစောင့်တပ်ရင်း (၁၀၁၅)တပ်ဖွဲ့ကို နအဖ အရှေ့တောင်တိုင်း စစ်ဌာနချုပ်-ရတခ လက်အောက်ခံ ခမရ(၃၃၉) တပ်ရင်းက သွားရောက်ပစ်ခတ်ရာ အဆိုပါ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၇ဦး ကျဆုံးကာ ၂ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရှိရသည်။

Read More...

လူမဆန်မှုသတင်း

News 13.12.2010

Read More...

KIC သတင်းမှ.......

ဒီဇင်ဘာလ ၁၃ရက်။ စောခါးစူးညား (ကေအိုင်စီ)
ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ် ၀င်းမောင်း(ဝေါမူ)ကျေးရွာအုပ်စုတွင် လှုပ်ရှားနေသည့် နယ်ခြားစောင့်တပ်(BGF) တပ်ရင်း (၁၀၁၅)မှ တပ်သားတစ်ဦးသည် ၎င်း၏ ဒုတပ်ခွဲမှူးနှင့် ရဲဘော်တစ်ဦးကို ပစ်သတ်ကာ ဒီဇင်ဘာလ ၇ရက်နေ့က တပ်ရင်းမှ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

အဆိုပါတပ်သား စောမြလင်း ၃၉နှစ်သည် နယ်ခြားစောင့်တပ်အဖြစ် ဆက်လက် မလုပ်လိုတော့ဘဲ နှုတ်ထွက်ခွင့်တောင်းရာမှ အချင်းများကြကာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ထွက်ပြေးခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်အယ်လ်အေ တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူး စောကလယ်ဒို့က ပြောသည်။

၎င်းက “သူ(စောမြလင်း)ပြောတာက BGF မလုပ်ချင်တော့တာကို သူ့ ဒုတပ်ခွဲမှူးက ဆက်လုပ်ဖို့ အကြပ်ကိုင်လို့ပေါ့နော်။ အဲဒါ နဲ့ သူတို့အချင်းချင်း အပြန်အလှန် စကားများကြပြီး ပစ်ခတ်မှုအထိဖြစ်တော့ လက်လွန်သွားတယ်လို့ ပြောတယ်။ အဲဒီမှာ ဒု တပ်ခွဲမှူးနဲ့ သူ့ကို စောင့်တဲ့တပည့်နှစ်ယောက်ထဲက သူ့ ဒုတပ်ခွဲမှူးနဲ့ တပည့်တယောက် သေတယ်။ ကျန်တဲ့တယောက်က ဒဏ်ရာရတယ်လို့ ကျနော်တို့ ရှေ့တန်းတပ်ဖွဲ့ဝင်တွေက ပြောတယ်။”ဟု ကေအိုင်စီကို ပြောသည်။

ယင်းသို့ ထွက်ပြေးလာသည့် နယ်ခြားစောင့်တပ်သားသည် ၎င်းနှင့်အတူ M-16 ၁လက်၊ ကျည် ၂၈လုံး၊ M-79 ၁လက်၊ ကျည် ၁၅လုံးကို သယ်ဆောင်လာပြီး လမ်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(KNLA) တပ်ရင်း(၁၀၂)နှင့် တွေ့ဆုံကာ KNLA ထံ ပူးပေါင်းလိုက်ကြောင်းလည်း ဗိုလ်မှူးစောကလယ်ဒို့က ပြောသည်။

ကရင်ပြည်နယ်ရှိ လူထုအတော်များများမှာ ဒီကေဘီအေတပ်ဖွဲ့မှ အသွင်ပြောင်းသွားသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကို ယခင်လို မဟုတ်တော့သည့် ဆက်ဆံရေးများ ပြောင်းလဲသွားသည့်အပေါ် ရေရှည်အားဖြင့် ဆက်လက် လုပ်ကိုင်လိုစိတ်မရှိ တော့သည့်အတွက် ယခုလို နှုတ်ထွက်ခွင့်တောင်းဆိုရခြင်းဖြစ်ကြောင်း စောမြလင်းက KNLA တပ်ရင်း(၁၀၂)ကို ပြောဆိုခဲ့ သည်ဟု သိရသည်။

ဖာပွန်ခရိုင် ဒွယ့်လိုးမြို့နယ်အတွင်း ယခုလို ၀င်ရောက်လှုပ်ရှားသည့် နယ်ခြားစောင့်တပ် (၁၀၁၅)တပ်ရင်းသည် ဖာပွန်ခရိုင် တွင် အခြေစိုက်သည့် တပ်ရင်းမဟုတ်ဘဲ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်တွင် အခြေစိုက်ပြီး ၎င်း၏တပ်ရင်းမှူးမှာ ဗိုလ်မှူးစောဝင်း နိုင်စိန်ဖြစ်ကြောင်း KNLA တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီက ကေအိုင်စီကို အတည်ပြု ပြောဆိုခဲ့သည်။

ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ် ၀င်းမောင်းကျေးရွာအုပ်စုတွင် နယ်ခြားစောင့်တပ်အပြင် နအဖ အမှတ်(၄) စစ်ကွပ်ကဲရေးဌာနချုပ် လက်အောက်ခံ ခလရ(၉၆)နှင့် KNLA (၁၀၂)တပ်ရင်းတို့ ပုံမှန် လှုပ်ရှားလျှက်ရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာလကလည်း BGF တပ်ဖွဲ့ဝင် ၂ဦးသည် သေနတ် ၄လက်နှင့်အတူ ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ်ရှိ KNLA တပ်ဖွဲ့နှင့် လာရောက်ပူးပေါင်းခဲ့သေးသည်။

Read More...

သတင်းစာမျက်နှာ ဖွဲ့ စည်းမှု က ဗိုလ်ချုပ်မှုးကြီးကို လှောင်ရယ် သရော်သလို ဖြစ်နေ

Freedom News Group မှ....











Read More...

တိုက်ပွဲသတင်း

ဆုံဆည်းရာ မှ....

ကရင်ပြည်နယ် မြ၀တီမြို့ ကီလိုမီတာ ၂၀ အကွာမှာရှိတဲ့ စူးကလိရွာအထက် ကွိတာအု အနီးတွင် နအဖ စစ်ကူလာသည့် တပ်များကို ယနေ့နေ့လည်ပိုင်း ၁ နာရီခွဲက ဒီကေဘီအေအဖွဲ့မှ ခြုံခိုတိုက်ခိုက်သဖြင့် နအဖ စစ်သား အချို့ထိခိုက်ဒဏ်ရာ ရမှုများ ဖြစ်ပေါ်ခဲ့တယ်လို့ သိရှိရပါတယ်။

ယနေ့နေ့လည်ပိုင်း ၁ နာရီ ၁၀ မိနစ်က မာနယ်ပလောနယ်ဒေသတွင် ကေအန်ယူနဲ့ နအဖ တပ်များ တိုက်ပွဲဖြစ်ပွားခဲ့သည်။

မြ၀တီမြို့နယ် ဝေါလေဒေသတွင် နအဖ အခြေစိုက်စခန်းကို ဒီကေဘီအေမှ ယနေ့နေ့လည် ၁ နာရီလောက်က ၀င်ရောက်တိုက်ခိုက်ခဲ့သည်။

Read More...

မဖွံ့ဖြိုးသည့်ကဏ္ဍ မရှိဟု ဗိုလ်ချုပ်မှူးကြီး ပြော

မအေဘေးကြီး...ဗြောင်လိမ်ဗြောင်စား....လူ့ ငနွားကြီး...မဖွံ့ ဖြိုးသေးတဲ့နေရာမရှိဘူးလို့ သူ့ပါးစပ်ကပြောထွက်သေးတယ်...ဦးဏှောက်မရှိတဲ့ ကောင်တွေပဲယုံလိမ့်မယ်.....သူ့ ဦးဏှောက်မဖွံ့ ဖြိုးသေးတာကိုတော့ ထည့်မပြောဘူး...စောက်ကန်း ဘိုချုပ်ပြဲကြီးရဲ့ ....

ဧရာဝတီ သတင်းမှ......

အနှစ် ၂၀ အတွင်း ဖွံ့ဖြိုးတိုးတက်မှု မရှိသော ကဏ္ဍဟူ၍ မကျန်ရအောင် လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်ဟု ယမန်နေ့က ဗိုလ်လောင်း သင်တန်းဆင်းပွဲ အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောသွားသည်။ ယင်းအခမ်းအနား မိန့်ခွန်း အစအဆုံးတွင် လမ်း၊ တံတား၊ ဆည်မြောင်း၊ ကျောင်း၊ ဆေးရုံ၊ ဆိပ်ကမ်း စသည်တို့ မည်ရွေ့မည်မျှ လုပ်ဆောင်ခဲ့ပြီးဖြစ်သည်ဟု အရေအတွက် ကိန်းဂဏန်းများကိုသာ ပြောဆိုထားသည်ကို တွေ့ရသည်။

နလဘိန်းတုံး ဘိုအလောင်းတွေကလည်း သူ့ ဒူးမနာအဖေပြောတာကိုစုံလုံးမှိတ်ပြီး ယုံဦးမယ်....

Read More...

DKBA နှင့် ABSDF ပူးတွဲပြီး ဝေါ်လေ နေရာ ၃ ခုကို တိုက်ခိုက်

ဧရာဝတီ မှ...

ဝေါ်လေရှိ နအဖ စစ်အစိုးရတပ်များ တပ်စွဲထားရာ နေရာ ၃ ခုကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) နှင့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တပ်များ ဒီဇင်ဘာ ၈ ရက်နေ့က တပြိုင်တည်း တိုက်ခိုက်ပြီး ဝင်ရောက် ရှင်းလင်းရာ နအဖဘက်မှ အရာရှိတဦးနှင့် တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးနေသည်ကို တွေ့ရကြောင်း သိရသည်။

“ဝေါ်လေ ဒေသက တကော်ကျိုးမှာ ဖြစ်ပွားခဲ့တဲ့ နေရာတွေကို ကျနော်တို့ဝင်ပြီး ရှင်းလင်းရေး လုပ်တော့ လက်လှည့် အားသွင်းစက် ၂ လုံးနားမှာ တပ်ကြပ်ကြီး အလောင်း တလောင်း တွေ့တယ်။ နောက်ပြီး တပ်သား အလောင်း ၂ လောင်းတွေ့တယ်။ ဆက်လက် ရှင်းလင်းရာမှာ တ၀က်တပျက် ဖုံးအုပ်ထားတဲ့ သုံးပွင့်နဲ့ အရာရှိအဆင့် ဗိုလ်ကြီး အလောင်း တလောင်းကို ထပ်တွေ့တယ်။ သူတို့ ဘက်တံဆိပ်တွေမှာ ဖော်ပြထားတာကတော့ ခမရ ၅၄၇ ကပါ” ဟု ABSDF မှ စစ်ဦးစီးမှူး ဒဿက က ပြောသည်။

အလားတူ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံရွာဘက်တွင်လည်း တိုက်ခိုက်ခဲ့ကြောင်း ၎င်းက “မနေ့က ကျိုက်ဒုံရွာက နအဖတပ်တတပ်ဟာ စစ်ကူပေးဖို့ ထွက်ခွာလာတယ်။ အဲဒီတပ်ကို ကျနော်တို့ဘက် ဒီဇင်ဘာ ၁၀ ရက်နေ့ မနက် ၁၅ မိနစ်မှာ ဆွဲမိုင်းတွေနဲ့ တိုက်ခိုက်တယ်” ဟု ဆိုသည်။

ယင်းတိုက်ခိုက်မှုကြောင့် နအဖ စစ်သားတဦး ကျဆုံးပြီး ၉ ဦး ဒဏ်ရာရရှိသည်ဟု ဒေသခံ ရွာသားတဦးက ပြောသည်။

တိုက်ပွဲများ ဖြစ်ပွားရာသို့ သွားရောက်ခဲ့သူ လူထုတိုက်ပွဲ ကော်မတီမှ ကိုသံဒုတ်က “တိုက်ပွဲတွေ အပြင်းအထန် ဖြစ်တာက ဒီဇင်ဘာ ၅ ရက်၊ ၆ ရက်၊ ၇ ရက်မှာ အကြီးအကျယ် ဖြစ်တယ်လ။ အဓိကက ကျနော်တို့ လူထုတိုက်ပွဲ ကော်မတီအနေနဲ့  ရိက္ခာ၊ ဆေးဝါး၊ ပံ့ပိုးပေးတာပေါ့နော်။ တိုက်နေတဲ့ ရဲဘော်တွေကို ကျနော်တို့က တတ်နိုင်တဲ့ဘက်က ကရင်လူငယ်တွေနဲ့  ဒေသခံ လူငယ်တွေ ပေါင်းပြီး ထမင်းချက်ပြီး ပို့ တာပေါ့” ဟု ပြောသည်။

မဲဆောက် အခြေစိုက် လူထုတိုက်ပွဲ ကော်မတီက နယ်စပ်တိုက်ပွဲများတွင် DKBA နှင့် ABSDF တို့ကို အကူအညီပေးကြရန် နှိုးဆော်ချက်ကိုလည်း ထုတ်ပြန်ထားကြောင်း သိရှိရသည်။

ထိုစစ်ဆင်ရေးတွင် အဓိက ညွှန်ကြားသူမှာ DKBA မှ ဗိုလ်မှူး စန်းအောင် ဖြစ်ကြောင်း သိရသည်။

Read More...

တက်လာသည့် နအဖတပ် ချုံခို တိုက်ခိုက်ခံရ

KIC သတင်းမှ......

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် မုလအိတောင်နှင့်ကပ်လျှက် ချူကလီးဒေသသို့ တက်လာသည့် နအဖစစ်ကြောင်း အား တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ)မှ ချုံခိုတိုက်ခိုက်ခဲ့ရာ နအဖဘက်က ၃ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သိရသည်။

တပ်အင်အား ၂၀၀ကျော်ရှိ အဆိုပါ နအဖ စစ်ကြောင်းမှာ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးကျေးရွာ အခြေစိုက် နအဖ စကခ(၁၉) လက်အောက်ခံ ခလရ(၂၉၉)နှင့် ခမရ(၅၆၈) တပ်ရင်းအား ဒီကေဘီအေ တပ်ရင်း(၉၀၉)၊ တပ်ခွဲ(၄)မှ ဆွဲမိုင်းများဖြင့် ချုံခို တိုက်ခိုက်ခြင်းဖြစ်ကြောင်း ထိုဒေသတွင် လှုပ်ရှားနေသော ဒီကေဘီအေ ကလို့ထူးဘောဗျူဟာ လက်နက်ကြီးတပ်ဖွဲ့မှ ဒုဗိုလ် စောစမင်းက ပြောသည်။

၎င်းက “ဒီနေ့ မနက် ၁၀နာရီ ၅၅မိနစ်မှာ ချုကလီးကျေးရွာမရောက်ခင် မယ်ကလားဖိုးခီးနေရာမှာ တက်လာတဲ့ နအဖစစ်တပ် ကို ကျနော်တို့လူတွေ ဆွဲမိုင်း(၂)လုံးနဲ့ တခါတည်း သွားဆွဲတော့ နအဖဘက်က ၃ဦး ဒဏ်ရာ အပြင်းအထန်ရသွားတယ်။ သေတာမရှိဘူး။ ပစ်ခတ်မှုကတော့ ၁၀မိနစ်နီးပါးလောက် ကြာတယ်။ ပြောက်ကျားစစ်ဖြစ်တဲ့အတွက် ကျနော်တို့ဘက်က တယောက်မှ မထိဘူး။”ဟု ပြောသည်။

ယင်းသို့ ချုံခိုတိုက်ခိုက်ခံရသော နအဖစစ်တပ်သည် မြ၀တီခရိုင် ဖလူးကျေးနယ်ဘက်တွင် ဒီကေဘီအေ တပ်ဖွဲ့ဝင်များ၏ စောင့်ကြိုတိုက်ခိုက်မှုကြောင့် ထိုးဖောက်လှုပ်ရှား၍ မရသည့်အတွက် ချူကလီးဘက်သို့ လမ်းကြောင်းပြောင်းကာ တက်လာ သည့်တပ်ရင်းများဖြစ်သည်။

နအဖနှင့် ဒီကေဘီအေ တပ်ဖွဲ့အကြား ဖြစ်ပွားနေသည့် အပြန်အလှန် ပစ်ခတ်မှုသည် အချိန်တစ်လကျော်ကြာရှိပြီ ဖြစ်သော် လည်း ချူကလီးဒေသဘက်တွင် ယခု စတင်ဖြစ်ပွားသည့် ပစ်ခတ်မှုမှ ဒဏ်ရာရ နအဖစစ်သည်များကို ချူကလီးဆေးရုံသို့ ပို့ ဆောင်ခဲ့သည် သိရသည်။

မြ၀တီခရိုင် ဖလူးကျေးနယ်နှင့် ဝေါ်လေဒေသဘက်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက နအဖနှင့် ဒီကေဘီအေတို့ကြား တိုက်ပွဲ အကြီးအကျယ် ဖြစ်ပွားခဲ့သော်လည်း ယနေ့တွင်မူ ညနေ ၆နာရီအချိန်ထိ တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်းမရှိကြောင်း ကလို့ ထူးဘော ဗျူဟာ(၁) စစ်ဆင်ရေးမှူး G-2 ဗိုလ်မှူးစောဆန်းအောင်က ပြောသည်။

Read More...

တိုက်ပွဲသတင်း

ဆုံဆည်းရာမှ.......

KNU တောင်ငူခရိုင်၊ KNLA တပ်မဟာ(၂) ဒေသအတွင်း လှုပ်ရှားလျှက်ရှိသော (DAB) စစ်ဒေသ အမှတ်(၁) စစ်ကြောင်းသည် တောင်ငူ-လွိုင်ကော် ကားလမ်းတွင်တည်ရှိသော လိပ်သိုလ်မြို့ရှိ တောင်ပိုင်းတိုင်းစစ်ဌါနချုပ် လက်အောက်ခံ ခလရ-၆၀၃ တပ်ရင်းကို၆/၁၂/၂၀၁၀ နံနက် ၀၅း၃၀ မှ ၀၅း၅၀ နာရီအထိ ၀င်ရောက်တိုက်ခိုက်ခဲ့သည်။

၎င်းတိုက်ပွဲတွင် ရန်သူဘက်မှ တပ်မှူး ၁ ဦးအပါအ၀င် ၅ ဦး ကျဆုံးခဲ့ပြီး (၇)ဦး ဒဏ်ရာရခဲ့သည်။ မိမိဘက်မှ စစ်သည် (၂)ဦး အနည်းငယ် ရှပ်ထိ/ဒဏ်ရာရခဲ့သည်။ (ကိုးကား - ဒီအေဘီ)

Read More...

ဝေါ်လေတိုက်ပွဲ နအဖ ၇ဦး ကျဆုံး

KIC သတင်းမှ.....

ကရင်ပြည်နယ် မြ၀တီခရိုင်၊ ဝေါ်လေဒေသတွင် ယမန်နေ့ညက နအဖနှင့် ဒီကေဘီအေတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ ဘက်က ၇ဦး ကျဆုံးခဲ့သည်ဟု ဒီကေဘီအေဘက်က ပြောသည်။

ယမန်နေ့ည ၈နာရီအချိန်တွင် ဝေါ်လေကျေးရွာ သုခမြိုင်ဘုန်းကြီးကျောင်းရှိ နအဖ စကခ(၈) လက်အောက်ခံ ခမရ(၄၀၁)နှင့် (၄၀၉)တပ်ဖွဲ့ဝင်များအား ဒီကေဘီအေတပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နယ်ငယ်များဖြင့် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒီကေဘီအေ (၉၀၉)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောစတီးက ပြောသည်။

သူက “မနေ့ ည ၈နာရီအချိန်မှာ ကျနော်တို့တပ်ဖွဲ့က ဝေါ်လေ၊ သုခမြိုင်ဘုန်းကြီးကျောင်းမှာရှိတဲ့ နအဖတပ်ကို သွားပစ်တယ်။ တိုက်ပွဲက မိနစ် ၃၀ကြာတယ်။ နအဖဘက်က ၇ယောက်သေတယ်။ ကျနော်တို့ဘက်က ထိခိုက်ဒဏ်ရာရတာ မရှိဘူး။”ဟု အတည်ပြု ပြောကြားသည်။

၎င်းနယ်မြေတွင် လှုပ်ရှားလျှက်ရှိသည့် ကေအဲန်အယ်လ်အေ တပ်ရင်း(၂၀၁)ဒုရင်းမှူး ဗိုလ်မှူးစောကြည်အောင်က ယမန်နေ့ည က ဖြစ်ပွားခဲ့သည့်တိုက်ပွဲမှာ ဝေါ်လေရွာရှိ ဗျူဟာကုန်း၊ သုခမြိုင်ဘုန်းကြီးကျောင်းနှင့် ဝေါ်လေစာသင်ကျောင်းဝင်း နေရာ ၃နေ ရာတွင်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဝေါ်လေရွာသားတဦးက “ညက ဝေါ်လေမှာ အကြီးအကျယ် တိုက်ပွဲဖြစ်တော့ ရွာသူရွာသားတွေ အကုန်လုံး ထိုင်းဘက်ခြမ်းကို ကူးခဲ့ကြတယ်။ ဒီနေ့မနက် သေနတ်သံတွေ ပြန်တိတ်တော့ ရွာသားတချို့ ပြန်ကူးကြတာရှိတယ်။ ရွာသားတွေကတော့ ပြေး လိုက်ပြန်လိုက်ပဲ။”ဟု ပြောသည်။

အလားတူ ဝေါ်လေဒေသ ဖလူးဒေသဘက်တွင်လည်း နအဖနှင့် ဒီကေဘီအေတပ်ဖွဲ့ဝင်များအကြား ယမန်နေ့ကတည်းက ဖြစ် ပွားခဲ့သည့် တိုက်ပွဲမှာ ယနေ့ မွန်းလွဲ ၂နာရီခွဲအထိ ပစ်လိုက်ရပ်လိုက်ဖြင့် ပစ်ခတ်နေဆဲဖြစ်၍ နှစ်ဖက် ထိခိုက်ကျဆုံးမှုကို ယခု အချိန်ထိ မသိရှိရသေးပေ။

ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက အဆိုပါ ဝေါ်လေဒေသတွင် နယ်မြေခံ ဒီကေဘီအေတပ်များကို နအဖတပ်များက အင်အား အလုံးအရင်းဖြင့် ၀င်ရောက်ပစ်ခတ်မှုကြောင့် ရွာသူရွာသား ၃၀၀ကျော်မှာ ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးလာခဲ့ရာ ယမန်နေ့ည တိုက်ပွဲကြောင့် ယခုဆိုလျှင် ဝေါ်လေကျေးရွာမှ ရွာသူရွာသား ၂,၀၀၀ကျော် ထိုင်းဘက်ခြမ်းကို ထွက်ပြေးရောက်ရှိနေပြီး ဖြစ် သည်။

Read More...

ကေအဲန်အယ်လ်အေ၏ ပြောက်ကျား တိုက်ခိုက်မှုကြောင့် နအဖ ၆ဦးကျဆုံး ကာ ၄ဦး ထိခိုက်

KIC မှ.....

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ မာနယ်ပလောနယ်မြေတ၀ိုက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(KNLA)က နအဖ လှုပ်ရှားတပ်ဖွဲ့များအား နိုဝင်ဘာလ ၅ရက်နေ့မှ ယနေ့အထိ ၄ကြိမ် ပြောက်ကျားတိုက်ခိုက်ခဲ့ရာ နအဖဘက်က ၆ဦး ကျဆုံးပြီး ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်အယ်လ်အေ တပ်မဟာ(၇)၏ သတင်းအရ သိရသည်။

ထိုသုံးရက်အတွင်း ကေအဲန်ယူ တပ်မဟာ(၇) တပ်ရင်း(၂၀၂)မှ ဒုရင်းမှူး ဗိုလ်မှူးစောတာမလာ ဦးဆောင်သည့် တပ်စုတစုနှင့် ကေအဲန်ယူ တပ်မဟာ(၅)အခြေစိုက် ကေအဲန်အယ်လ်အေ အထူးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ နအဖ အရှေ့တောင် တိုင်း စစ်ဌာနချုပ်-ရတခ လက်အောက်ခံ ခမရ(၃၃၈)၊ ခမရ(၉၁၅)နှင့် ခလရ(၂၈)တပ်ရင်းအား လှိုင်းဘွဲမြို့နယ်ရှိ မာနယ်ပ လော(ယခင် ကေအဲန်ယူ ဗဟိုဌာနချုပ်ဟောင်း) ဒေသတွင် ပြောက်ကျားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်အယ်လ်အေ တပ်မဟာ(၇) ရုံးထိုင်မှူး ဗိုလ်မှူးစောအယ်ဆဲဆဲက ယခုလို အတည်ပြု ပြောဆိုခဲ့သည်။

၎င်းက “၅ရက်နေ့ နေ့လယ် ၁၂း၀၀ နာရီအချိန်မှာ ဆင်ဖြူတောင်(ကဆောဝါးလေး)မှာ ခမရ(၃၃၈)ကို ကျနော်တို့တပ်တွေ သွားတိုက်တယ်။ အဲဒီမှာ နအဖဘက်က ၅ယောက် ကျတယ်။ MA-11 သေနတ်တလက် ကျနော်တို့ ရခဲ့တယ်။ အဲဒီနေ့မွန်းလွဲ ၃း၀၀လောက်မှာပဲ ခြောက်ဘီးကားနှစ်စီးနဲ့ တက်လာတဲ့ စစ်အင်ဂျင်နီယာတပ်ရင်း ခမရ(၉၁၅)ကို ကြယ်ပြောင်ကုန်းမှာ တိုက် ခိုက်တော့ ကားက မိုင်းထိသွားတဲ့အတွက် ကားတစီး လုံးဝ ပျက်စီးသွားပြီးတော့ ၃ယောက် ဒဏ်ရာရသွားတယ်။”ဟု ဆိုသည်။

ဆက်လက်၍ ဗိုလ်မှူးစောအဲဆဲဆဲက “၆ရက်နေ့ မနက် ၁၁နာရီကျတော့ ထီးသေ့ခီးမှာ နအဖ ခမရ(၂၈)တပ်ရင်းကို ကျနော် တို့လူတွေ သွားတိုက်တာ နအဖဘက်က တပ်ကြပ်ကြီး ၁ယောက် ဒဏ်ရာပြင်းထန်ပြီး ကျဆုံးပေမဲ့ ထိခိုက်မှုကိုတော့ ကျနော် တို့မသိရဘူး။ ဒီနေ့ နေ့လည် ၁၁း၂၀နာရီမှာက နအဖ ခလရ(၃၃၈)ကို ကြယ်ပြောင်ကုန်းမှာ တခါထပ်ပစ်တာ နအဖ ၁ယောက် ဒဏ်ရာရတယ်။”ဟု ကေအိုင်စီကို ယနေ့ ပြောဆိုသည်။

ယင်းသို့ မာနယ်ပလောနယ်မြေရှိ နအဖ စစ်တပ်ကို သွားရောက်ပစ်ခတ်ရာတွင် နအဖဘက်မှ တပ်ကြပ်တဦးနှင့် ဒုတပ်ကြပ် တစ်ဦး ထိခိုက်ကျဆုံးမှုတွင် ပါဝင်ခဲ့ပြီး ကေအဲန်အယ်လ်အေဘက်မှ ထိခိုက်ကျဆုံးမှု တစုံတရာ မရှိကြောင်း ဗိုလ်မှူးစောအဲဆဲ ဆဲက ပြောသည်။

ပြောက်ကျားတိုက်ပွဲ ဖြစ်ပွားရာ ၎င်းဒေသတွင် နယ်ခြားစောင့်တပ်(BGF)မှ ဗိုလ်မှူးစိုးနိုင် ဦးစီးသည့် (၁၀၁၁)တပ်ရင်းနှင့် ဗိုလ် မှူးသန်းရွှေ ဦးစီးသည့် (၁၀၁၂)တပ်ရင်း၏ တပ်ဖွဲ့ဝင်များ လှုပ်ရှားရာဒေသဖြစ်သော်လည်း ၎င်းက ပစ်ခတ်မှုတွင် ပါဝင်ပတ် သက်မှုမရှိကြောင်း ကေအဲန်အယ်လ်အေက ပြောသည်။

အဆိုပါတိုက်ခိုက်မှုများကြောင့် ကေအဲန်ယူအနေဖြင့် မာနယ်ပလောဒေသကို ပြန်လည် ထိန်းချုပ်နိုင်ခြင်း ရှိမရှိ ကေအဲန်ယူ ထိပ်ပိုင်းခေါင်းဆောင်များထံ ကေအိုင်စီမှ ဆက်သွယ်မေးမြန်းရာ အတည်ပြု ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ပြန်လည် ဖြေ ကြားခဲ့သည်။

ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေအတွင်း နအဖနှင့် ကေအဲန်အယ်လ်အေ တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ ရံဖန်ရံခါ ဖြစ်ပွား နေသလို ကေအဲန်ယူ တပ်မဟာ(၆)နယ်မြေဘက်တွင်လည်း နိုဝင်ဘာလ ၈ရက်နေ့ကတည်းက ဖြစ်ပွားခဲ့သည့် နအဖနှင့် ဒီကေဘီအေတို့ကြား တိုက်ပွဲ အခြေအနေများမှာလည်း ယခုအချိန်ထိ ပြင်းထန်လျှက်ရှိသည်ဟု သိရသည်။

Read More...

နအဖ ရိက္ခာသယ်ယူနေသည့် သစ်တံတားငယ် ၇စင်းကို ကေအဲန်ယူ မီးရှို့ခဲ့

KIC မှ.....

ကရင်ပြည်နယ်၊ ဖာပွန်မြို့နှင့် ကမမောင်းရွာအကြားရှိ နအဖတပ်များ ရိက္ခာသယ်ယူနေသည့် သစ်သားတံတားငယ် ၇စင်းကို နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်တပ်ဖွဲ့(KNLA)တပ်များက နိုဝင်ဘာလဆန်းပိုင်းက မီးရှို့ဖျက်ဆီးလိုက်သည်ဟု သိရ သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂ရက်နေ့မှစ၍ အဆိုပါ တံတားငယ် ၇စင်းကို မီးရှို့ခဲ့ခြင်းဖြစ်ပြီး ဟိနောလော်၊ နိုခဲလော်၊ ထွိသီးအုလော်၊ ခုလာ့လော်၊ ခွချိလော်၊ ခေါလော်ကလိုး၊ မောမောလော်တံတားတို့ ဖြစ်သည်ဟု ဖာပွန်ခရိုင် တပ်မဟာ(၅) KNLA ရုံးထိုင်မှူး ဗိုလ်မှူးစောကလယ်ဒို့က ကေအိုင်စီကို ယခုလို ပြောသည်။

သူက “ကျနော်တို့ဖျက်တဲ့ တံတားတွေက ဖာပွန်နှင့် ကမမောင်းရွာကြားမှာရှိတဲ့ ကတဲတိ(ကတိုင်တိ)ရွာအောက်က တံတား ၂စင်း၊ ကတိုင်တိရွာအထက်က ၄စင်း၊ မာ့ထောင်းနဲ့ ကူးဆိပ်ရွာကြားက ၁စင်းပေါ့နော်။ ကျနော်တို့ ဒီလိုဖျက်ရတာလည်း ဒီလို မျိုး ဆောင်းတွင်း စပါးရိတ်သိမ်းချိန်မှာ နအဖ တပ်တွေ တက်လာပြီး အဲဒီမှာရှိတဲ့ တောင်ယာနဲ့ လယ်ယာစပါးခင်းတွေကို မီးရှို့ ဖျက်ဆီးတာ ရှိတယ်။ နောက် သူတို့ လိုအပ်တဲ့ ရိက္ခာတွေ ဒီလမ်းကြောင်းကနေပဲ သုံးတယ်လေ။ ဒါကြောင့် ကျနော် ဖျက်ပစ်ရ တာပါ။”ဟု ပြောသည်။

အဆိုပါနယ်မြေရှိ ဒေသခံ ရွာသားတဦးကလည်း “ကော်သူးလေ(KNLA)တပ်တွေ ဒီလို တံတားတွေ ဖျက်ပစ်တာ ကျနော်တို့ တော့ ဘာမှကန့်ကွက်စရာ အကြောင်းမရှိဘူး။ အရင်နှစ်တွေတုန်းကဆိုရင် ကျနော်တို့ လယ်စပါးခင်း၊ တောင်ယာစပါးခင်းတွေ ကို သူတို့(နအဖစစ်တပ်)လာပြီး မီးရှို့တာ လုပ်နေကျပဲဟာ။”ဟု ပြောသည်။

လက်ရှိအချိန်တွင် မီးရှို့ခံရသော တံတားအချို့ကို ပြန်လည်ပြုပြင်ရန်အတွက် အချို့ကျေးရွာများမှ ရွာသူရွာသားများကို နအဖ လှုပ်ရှားတပ်များက သစ်ခုတ်၊ သစ်ဖြတ် စသည့်လုပ်ငန်းများတွင် လုပ်အားပေးများ ခေါ်ယူခိုင်းစေလျှက်ရှိကြောင်း သိရသည်။

တံတားဖျက်ဆီးခံသော နယ်မြေတွင် ဝေါ့သမို၊ သာ့အော့ပလေ၊ ပဟိကလား၊ ၀ါ့သိုးခို့၊ မောလော်ကလိုး၊ ဘောကျို့ထာ့၊ ကတဲ တေ့(ကတိုင်တိ)၊ တောသူးကလား၊ ဖားလိုး၊ ထီးကချောမဲ၊ ထွိသီးအုထာ့၊ မာ့ထောင်း၊ ကူးဆိပ်၊ ဝေဆာ၊ ဝေမို၊ တံခွန်တိုင် စသည့်ရွာများရှိပြီး လက်ရှိ ထိုဒေသတွင် အင်အား တထောင်ကျော်ရှိ နအဖ စကခ(၄) လက်အောက်ခံ ဖြစ်သည့် ခမရ(၇၀၂)၊ (၇၀၃)၊ (၇၀၇)၊ ခလရ(၉၆)နှင့် KNLA (၁၀၂)တပ်ရင်းတို့ လှုပ်ရှားလျှက်ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၀၉ခုနှစ် စက်တင်ဘာလကလည်း ကေအဲန်ယူက ကမမောင်းနှင့် ဖာပွန်မြို့ သွားလာသည့်လမ်းများကို ပိတ်ဆို့ ထားပြီး တံတားအချို့ကိုလည်း ဖျက်ဆီးကာ နအဖ စစ်တပ်များ၏ ရိက္ခာသယ်ယူရေးလမ်းကြောင်းကို ဟန့်တားခဲ့သေးသည်။

Read More...

ဖမ်းဆီးခံ ကရင်ငြိမ်းချမ်းရေးကောင် စီအဖွဲ့ဝင် ၆ဦး၏ အလောင်းပြန်လည် တွေ့ရှိ

KIC မှ....

ပြီးခဲ့သည့် လကုန်ပိုင်းက ဖမ်းဆီးခံခဲ့ရသည့် ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင် ၆ဦး၏အ လောင်းကို ယနေ့မနက်တွင် ကရင်ပြည်နယ် မြ၀တီခရိုင်၊ ပလောတပို့ရွာနှင့် မနီးမဝေး ပြောင်းခင်းတခင်းတွင် ဒေသခံရွာ သားများက တွေ့ရှိခဲ့ကြောင်း သိရသည်။

လက်များကို ကြိုးချည်ထားပြီး မီးရှို့သတ်ထားသည့် အဆိုပါ အလောင်း ၆လောင်းကို ကရင်ပြည်နယ် ပလောတပို့ရွာ ကျေး ရွာနှင့်မနီးမဝေး ပြောင်းခင်းတခင်းတွင် ရွာသူရွာသားများက ယနေ့မနက်၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု တိုက်ပွဲကြောင့် ထိုင်း ဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်လာသည့် ပလောတပို့ရွာသူတဦးက ပြောသည်။

သူမက “ဒီမနက် စောစောမှာ တချို့ရွာသားတွေ ကိုယ့်မြေကိုယ့်ခြံတွေ ပြန်ကြည့်မယ်ပေါ့။ ပြန်သွားတာ ပလောတပို့ရွာနဲ့ မနီးမဝေး တဘလူ့ကို့ထဲဒေသမှာရှိတဲ့ ပြောင်းခြံမှာတွေ့တာ။ အကုန်လုံး ၆ယောက်။ ၃ယောက်တစ်တွဲကို လက်တွေ ကြိုး ချည်ထားပြီးတော့ မီးရှို့ထားတယ်။ တကိုယ်လုံး မည်းနေတော့ ဘယ်သူဘယ်ဝါဆိုတာ မသိတော့ပေမဲ့ သူတို့အင်္ကျီမှာ ငြိမ်း ချမ်းရေးတပ်ဖွဲ့ တံဆိပ်ပါတယ်။ ရွာသားတွေက သေသေချာချာကို သွားကြည့်တာ။ အနံ့တောင် ထွက်နေပြီး”ဟု ကေအိုင်စီ ကို ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ရက်နေ့မနက် ၉နာရီအချိန်တွင် ကရင်ပြည်နယ်၊ မြ၀တီခရိုင်ရှိ ဖလူးကလေးဒေသအတွင်းရှိ ဗိုလ်မှူးတဲခီး ဦးစီးသော ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ကို နအဖ ခမရ(၂၄၀)တပ်ဖွဲ့က ၀ိုင်းပြီး ပစ်ခတ်ခဲ့ခြင်းကြောင့် တပ်သား ၁ဦးကျဆုံးကာ ၆ဦးမှာ အဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

ထိုကိစ္စနှင့် ပတ်သက်၍ ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ စစ်ထောက်ချုပ် ဗိုလ်မှူးချုပ် စောရင်နုက “ရွာသားတွေ ကျနော်တို့ကို ပြောပါတယ်။ ကျနော်တို့လူတွေ နအဖက သတ်လိုက်ပြီးဆိုတာ ယခုလဆန်း ၂ရက်နေ့က ကျနော်တို့ သိရတယ်။ ဒါပေမဲ့ နအဖ တာဝန်ရှိသူတွေကိုမေးတော့ ပြန်လွှတ်လိုက်ပြီလို့ ပြောတယ်။ ကျနော်တို့လူတွေ သူတို့ကို ဘာမှသွားလုပ်တာမဟုတ်ဘူး။ သူတို့ ဒီလိုလုပ်တာ မကောင်းဘူး။ ဒါ ကျနော်တို့အပေါ် သက်သက် ညှင်းဆဲတာ ပဲ။”ဟု ကေအိုင်စီကို ပြောသည်။

နအဖ စစ်တပ်၏ ဖမ်းဆီးပစ်သတ်ခံရသည့် ကရင်ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ဝင် ၆ဦးမှာ စောပီလင်း၊ စောနိုင်းနိုင်း၊ စောအ ၀င်း၊ စောထူးထူး၊ စောရန်ကုန်နှင့် စောသံခဲတို့ ဖြစ်သည်။

အဆိုပါ မြ၀တီခရိုင်ရှိ ဖလူးဂွင်အတွင်း လွန်ခဲ့သည့် နိုဝင်ဘာလ ၂၄ရက်နေ့ကစပြီး နအဖ စစ်တပ်နှင့် ဒီကေဘီအေ တပ်မ ဟာ(၅) တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံ ရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန် တွင် တချို့သော ရွာသူရွာသားများ ပြန်လည် နေထိုင်ပြီဖြစ်သော်လည်း တချို့မှာမူ မပြန်ရဲသေးဘဲ ထိုင်းဘက်ခြမ်းတွင် ခိုလှုံ နေဆဲဖြစ်သည်ဟု သိရသည်။

Read More...

ဖိုးလပြည့် မျက်နှာမငယ်ရအောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေက မန်/ယူ ကလပ်အား ၀ယ်ပေးချင်

myanmarwikileaks မှ...

US embassy cables: Burma regime crony picks general's grandson for football team
မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေက အင်္ဂလန် ဘောလုံးကလပ် တစ်ခု ဖြစ်သည့် မန်ချက်စတာယူနိုက်တက် ဘောလုံးကလပ် အသင်း ကို ၀ယ်ယူရန် စီစဉ် ခဲ့ကြောင်း Wikileaks၏ Embassy of Rangoon တွင် ယနေ့ ထပ်မံ ပေါက်ကြား မှု ဉ် ဖော်ပြထားသည်။

ဗိုလ်ချုပ်မှုးကြီးက အင်္ဂလန် ကြေးစား ဘောလုံးကလပ် တစ်ခု ဖြစ်သည့် မန်ချက်စတာ ယူနိုက်တက်အသင်းကိုဝယ်ယူလိုသည် မှာ၎င်း၏ မြေးဖြစ်သူ ကို နေရွှေသွေးအောင် အတွက် ဖြစ်ကြောင်း ရန်ကုန်မြို့ အမေရိကန် သံရုံးက သံအမတ်ကြီး အဆင့်သံရုံးယာယီတာဝန်ခံ Larry M. Dinger က ၀ါရှင်တန်သို့ ပို့ သည့် ကြေးနန်းတွင် ဖော်ပြထားသည်။

ရုပ်ဆိုးလှပြီးအသားမည်းက ဘောလုံးပွဲကြိုက်သည့် လယ်တွင်းကိုးခရိုင် ကျောက်ဆည်သား စစ်ခေါင်းဆောင်သည်မန်ချက်စတာကလပ်အသင်းကို အမေရိကန် ဒေါ်လာ ၁ ဘီလျှံထိရင်းနှီးမြုပ်နှံမှု ပြုနိုင်သည် ဟု ကြေးနန်းတွင် ဖော်ပြထားသည်။

ဝီကီလိခ် တွင် ရန်ကုန်မြို့ အမေရိကန်သံရုံး၏ ကြေးနန်း ၈၀၀၀ ကျော်ရှိပြီး ထိုကြေးနန်း အများစုကို ဗြိတိန်ထုတ်ဂါဒီယန်းသတင်းစာကြီးက ရရှိထားပြီးတချို့ တစ်ဝက်ကို ဒါစပီ ဂယ်(လ)က ရရှိထားသည်။

မြန်မာဝီကီလိခ် က ရရှိသောထိုကြေးနန်း မူရင်းတွင် ၂၀၀၉ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ ဟု ဖော်ပြထားသည်။ အဆိုပါကြေးနန်းတွင် မြန်မာ နိုင်ငံ ဘောလုံးအဖွဲ့ ချုပ် ဥက္ကဌ နှင့် MAX အချိုရည်ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော် ကိုလည်းရည်ညွန်းအကြောင်းအရာ နှင့်တကွမန်ချက်စတာ ကလပ်အားပိုင်ဆိုင် နိုင်ရေး လုံးပန်းခဲ့ပုံများကို ဖော်ပြထားသည်။

မန်ချက်စတာ ဘောလုံးကလပ်သည် လည်းကွင်းသစ် နှင့်သင်တန်းကွင်း အပါအ၀င် အသင်းသားများ နေထိုင်ရန် ကုန်ကျစရိတ်တို့ အတွက် ငွေကြေးမြောက်မြားစွာ လိုအပ်သည်။

ဗိုလ်ချုပ်မှုးကြီးက မြေးဖြစ်သူ ဖိုးလပြည့်အတွက်မန်ချက်စတာ ဘောလုံးကလပ်ကို ၀ယ်ယူရန်သုံးစွဲ မည့် ငွေကြေးသည် မြန်မာနိုင်ငံတွင် နာဂစ် မုန်တိုင်း တိုက်ခတ်စဉ် အချိန်က နိုင်ငံတွင်းရှိ ဒုက္ခရောက် သူများ သို့ နိုင်ငံတကာမှ ကူညီသည့် ငွေပမာဏခန့် ဖြစ်သည်။

မူရင်းကြေးနန်း အား ဤနေရာ တွင် ကလစ် နှိပ်၍ ကြည့် ပါ။ http://www.guardian.co.uk/world/us-embassy-cables-documents/212931

Read More...

မြ၀တီမြို့နယ်အတွင်း နအဖ တပ် လက်နက်ကြီးများဖြင့် ပစ်ခတ်

ဧရာဝတီ မှ..

ကရင်ပြည်နယ် မြ၀တီမြို့နယ်အတွင်းရှိ မင်းလက်ပံရွာအနီး မေတ္တာ လင်းမြိုင်တွင် ယနေ့ နံနက် ၅ နာရီခန့်က နအဖ စစ်တပ်က လက်နက်ကြီးများဖြင့် အချက် ၂၀ ခန့် ပစ်ခတ်ကြောင်း သိရသည်။ ကရင် ပြည်နယ် အတွင်း တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ ဘက်ကို တိမ်းရှောင်လာရသည့် စစ်ပြေး ဒုက္ခသည် လက်ရှိ ၁၀၀၀ ကျော်ရှိနေပြီး ထပ်မံ ရောက်ရှိလာနိုင်ကြောင်း ထိုင်း သတင်းထောက်များနှင့် နီးစပ်သူတဦးက ပြောဆိုသည်။

Read More...

မာနယ်ပလောတွင် KNLA တပ်စခန်းပြန်ထိုင်

ဧရာဝတီ မှ.....

ကရင်ပြည်နယ် မာနယ်ပလော ဒေသကို ယမန်နေ့ မွန်းလွဲပိုင်းက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၅၊ တပ်မဟာ ၇ လက်အောက်ခံ တပ်ရင်း (၂၀၂)၊ တပ်ရင်း (၂၂) တပ်များ ပူးပေါင်း၍ ပြန်လည် စခန်းထိုင်နေကြောင်း KNLA အသိုင်းအဝန်းနှင့် နီးစပ်သူတဦးက ပြောသည်။

Read More...

ဝေါ်လေတွင် နအဖတပ်ကို DKBA တိုက်ခိုက်

ဧရာဝတီ မှ....

ကရင်ပြည်နယ် မြ၀တီ မြို့နယ်၌ နအဖ စစ်အစိုးရ အရံဗျူဟာ တည်ရှိရာ ဝေါ်လေဒေသရှိ သံမဏိ တောင်ကုန်းကို ယမန်နေ့ည ၁၁ နာရီအချိန်က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ကရင် သတင်းစဉ် လက်ထောက် အယ်ဒီတာ ဒေါ်နန်းထူးစံက “ဖြစ်တာက ဒီလိုပါ။ DKBA တွေက ဝေါ်လေမှာရှိတဲ့ နအဖ တပ်တွေကို လက်နက်ကြီး တွေနဲ့ လှမ်းပစ်တယ်လေ။ ရွာသား တွေကတော့ အစကတည်းက ဒီဘက်ကို ပြေးလာ နေကြတာ” ဟု ပြောသည်။

နိုဝင်ဘာ ၇ ရက်နေ့မှစ၍ မြ၀တီနှင့် ဘုရားသုံးဆူ မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ မြဝတီမြို့အနီး ဝေါ်လေ ဒေသတွင် နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်လျှက် ရှိကြောင်း၊ ယမန်နေ့ ညပိုင်းကလည်း တိုက်ပွဲ ဖြစ်သေးကြောင်း ABSDF စစ်ကော်မရှင် အတွင်းရေးမှူး ကိုခင်ကျော်က ဆိုသည်။


ညတုန်းကတော့ ဝေါလေ ဘက်မှာရှိတဲ့ သံမဏိကုန်း ဘက်မှာ ဗျူဟာအရံ တပ်စွဲထားတဲ့ နေရာကို DKBA က ည ၁၁ နာရီလောက်မှာ ၀င်ရောက် တိုက်ပါတယ်” ဟု ပြောသည်။

တိုက်ပွဲများကြောင့် မြ၀တီဆေးရုံတွင် နအဖ အရာရှိ ၂ ဦးနှင့် တပ်သား ၆ ဦး ဆေးကုသမှု ခံယူလျှက် ရှိကြောင်း မြ၀တီမြို့ခံ ရဲဝန်ထမ်း တဦးက ပြောသည်။ ဘုရားသုံးဆူ ဘက်တွင်လည်း ဒဏ်ရာရရှိသော တပ်သား ၄ ဦးကို ထိုင်းနိုင်ငံထဲမှ ဖြတ်ကာ ကားဖြင့် ထားဝယ် ဆေးရုံသို့ သယ်ဆောင် သွားကြောင်း သိရသည်။

တိုက်ခိုက်မှုများကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ထွက်ပြေးလာသူ မြန်မာ စစ်ပြေးဒုက္ခသည် ၁ ထောင်ခန့် ရှိနေကြောင်း၊ တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးက ဒုက္ခသည်များထားရှိရာသို့ လာရောက်ကြည့်ရှုကြောင်း သိရသည်။

တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးက ဒုက္ခသည်များကို အလျင်စလို ပြန်ပို့ရန် မလိုအပ်သေးကြောင်း၊ အဘယ့်ကြောင့်ဆိုသော် တိုက်ပွဲများ ထပ်မံဖြစ်ပွားနိုင်သည့် အခြေအနေရှိနေသည် ပြောကြောင်းလည်း သိရှိရသည်။

Read More...

လူမဆန်မှုသတင်း

3,12,2010 News

Read More...

တိုက်ပွဲသတင်း

ဆုံဆည်းရာ မှ....

နံနက်(၉ နာရီ ၃၀ မိနစ်) ယမန်နေ့က သင်္ကန်းညီနောင်မြို့အထိုင်တပ်ဖြစ်တဲ့ ခမရ ၃၅၆ တပ်ရင်းတွေကို နယ်ခြားစောင့်တပ်(BGF)တွေနဲ့ လဲလှယ်နေကြောင်း သိရပါတယ်။ လဲလှယ်သည့် သင်္ကန်းညီနောင်မြို့ အထိုင်တပ် ခမရ ၃၅၆ ကို တိုက်ပွဲများ ဖြစ်ပေါ်နေသည့် နေရာများသို့ စစ်အင်အားအဖြစ် ပို့ဆောင်မယ်လို့ သိရှိရပါတယ်။

နံနက်(၉ နာရီ ) ယမန်နေ့ည ၁၁ နာရီမှာ ဝေါလေဒေသ ဖလူးကျေးရွာအနီး သံမဏိကုန်းပေါ်ရှိ နအဖ ဗျူဟာအခြေစိုက် စစ်စခန်းတခုကို ဒီကေဘီအေ တပ်များ ၀င်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ နအဖ ဘက်မှ ထိခိုက်ဒဏ်ရာရမှု များပြားကြောင်း သိရှိရပါတယ်။ မြ၀တီ ဆေးရုံနဲ့ ဘားအံဆေးရုံတွေမှာ နအဖ စစ်သားများ ထိခိုက် ဒဏ်ရာမှုများပြားတဲ့တွက် ထားဝယ်၊ မြိတ်၊ မော်လမြိုင်က ခွဲစိတ်ဆရာဝန်တွေကိုလည်း နယ်စပ်ဆေးရုံများသို့ အကူအညီပေးဖို့ အတင်းအကျပ် ပို့ဆောင်စေလွှတ်မှုတွေ ရှိနေကြောင်း သိရပါတယ်။

နံနက်(၈ နာရီ ၃၀ မိနစ်) နအဖ စစ်တပ် တပ်ရင်း ၂၃၀ မှ စစ်သားတွေက နိုဝင်ဘာလ ၃၀ ရက်နေ့က ဖလူးကျေးရွာ ပြောင်းဖူးဂိတ်အနီးတွင် ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ကေအဲန်ယူ/ ကေအဲန်အယ်အေ ငြိမ်းချမ်းရေးကောင်စီ တပ်ရင်း ၇၇၇ က ရဲဘော် ၆ ဦးကို တပ်ဖွဲ့ဝင်တွေကတော့ အခုထိ ပျောက်ဆုံးနေဆဲဖြစ်ပြီး အာဏာပိုင်တွေဘက်က ပြန်လည် လွတ်ပေးခြင်း မရှိတာကြောင့် ပစ်သတ်ခံလိုက်ရပြီလို့ ယူဆကြောင်း ငြိမ်းချမ်းရေးကောင်စီကတော့ ပြောဆိုနေပါတယ်။ (ကိုးကား- ဗွီအိုအေ)

နံနက်(၈ နာရီ ၁၅ မိနစ်) ကရင်ပြည်နယ်၊ မြ၀တီမြို့ တောင်ဘက် ကီလိုမီတာ ၂၀ အကွာရှိ ဖလူးကြီးကျေးရွာ နအဖ စစ်တပ်နဲ့ ဒီကေဘီအေတပ်များ ယမန့်နေ့က တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။ နအဖ စစ်တပ် ခမရ ၂၃၀ တပ်ကို ရိက္ခာလာပို့သည့် စကခ ၁၂ လက်အောက်ခံ ခလရ ၆၁ တပ်ရင်းနဲ့ ဒီကေဘီအေတို့ ဖလူးကြီး ကျေးရွာထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။ ကားလမ်းတွေကို ဒီကေဘီအေ တပ်များ ပိတ်ဆို့ထားတဲ့တွက် ခမရ ၂၃၀ ကို ရိက္ခာထမ်းပို့ဆောင်ဖို့အတွက် နအဖ တပ်မှ ရွာသားတွေကို ပေါ်တာ လိုက်ဆွဲနေတယ်လို့လည်း သိရပါတယ်။ ဒီကေဘီအေရဲ့ ရှေ့ထွက်မိုင်းများနဲ့ ခြုံခိုတိုက်ခိုက်ခြင်းခံရတဲ့အတွက် နအဖ ဘက်မှ ထိခိုက်ဒဏ်ရာရမှုများများနေပြီး မြ၀တီနဲ့ ဘားအံ ဆေးရုံများသို့ စစ်သားလူနာအများအပြား ရောက်ရှိနေကြောင်း သိရှိရသည်။

Read More...

ထောက်လှမ်းရေး အကြီးအကဲဟောင်း နေအိမ် အကျယ်ချုပ် မှ ပြန်လည်လွတ်မြောက်

Freedom News Group မှ...
House Arrests Ex-Spy Chief Release But Probation Era
Updated စနေနေ့ နံနက် ၅ နာရီ မိနစ် ၃၀: နေအိမ် အကျယ်ချုပ်မှ ကွင်းလုံးကျွတ် လွတ်မြာက်ခြင်း မဟုတ်
ပဲ အကန့် အသတ် ဖြင့်သာ လွတ်မြောက်ခြင်း ဖြစ်သည် ဟု ထပ်မံ သတင်းရရှိသည်။

၂၀၀၄ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ က မန္တလေး မြို့ မှအပြန်ရန်ကုန်မင်္ဂလာဒုံလေဆိပ်တွင်ဖမ်းဆီးခံရပြီးနောက် အမိန့် မနာခံမှု ၊ လာဘ်စားမှု ၊မရိုးမသားလုပ်မှု များ ဖြင့် ရာ ထူး မှ ဖယ်ရှာခြင်းခံခဲ့ရသည့်ထောက်လှမ်းရေးအကြီးအကဲ ဟောင်း နှင့်ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့် အားဒီဇင်ဘာလ ၃ရက်နေ့ သောကြာနေ့ ည ၁၂ နာရီခန့် တွင် နေအိမ်အကျယ်ချုပ် မှ ပြန်လည် လွှတ်ပေးလိုက်သည် ဟု သတင်းရရှိသည်။

ဗိုလ်ချုပ် ခင်ညွန့် အား နေအိမ် အကျယ်ချုပ် မှပြန်လည်လွှတ်ပေးသည်ဆိုသည့်သတင်းနှင့်ပတ်သက်၍ဗိုလ်ချုပ်ခင်ညွှန့် ၏ အိမ် အနီးတွင် နေထိုင်သူ တစ်ဦးက ည ၁၁နာရီခွဲလောက်မှာစစ်ကားတွေရောက်လာတယ်။ရဲကားနှစ်စီးလဲပါတယ်။ ဘာဖြစ်လဲ ဆိုတာ တစ်လမ်း လုံးက စောင့်ကြည့်နေကြတာ ။ နောက် အားလုံး ပဲ ရယ်ရယ်မောမောနဲ့  ပြန်ထွက် သွား တယ်။ ဗိုလ်ချုပ် ခင်ညွန့် ကိုလည်း ခြံထဲ မှာတွေ့ တယ်။ပြီးတော့ သူ ခြံတံခါးရှေ့ က လုံခြုံရေး အစောင့် တွေ က သံဆူးကြိုးတွေဖယ်လိုက်တယ် ..အစောင့်တွေ ကတော့ အခုထိ ရှိသေးတယ် ၊ ဘေးအိမ်တွေ မှာ လည်း သူ့ လို နေအိမ်အကျယ်ချုပ် တစ်ယောက်ရှိသေးတယ် ဟု FNG သို့ ပြောသည်။

ဗိုလ်ချုပ်ကြီး ခင်ညွန်သည်နေအိမ်အကျယ်ချုပ်ဖြင့်ခြောက်နှစ်ကျော်နေထိုင်စဉ်ကာလအတွင်းငွေကြေးပြတ်လပ်၍၎င်း၏ Air Force ဂျာကင် များ ကိုလုံခြုံရေး အစောင့် စစ်သားများ မှတစ်ဆင့်အပေါင်ဆိုင်များတွင်သွားရောက်ရောင်းချရသည် ဟု သိရသည်။

FNGသည်ထိုသတင်းကိုသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသော်လည်းထိုသတင်းနှင့်ပတ်သက်၍တိုးတက်ဖြစ်ထွန်းသမျှ ကို ထပ်မံ တင်ဆက် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Read More...

ထောက်လှမ်းရေးဟောင်း ဗိုလ်ခင်ညွန့်ကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဗွီဒီယို အသံပါသည့်ဖိုင်

Read More...

ဗမာမီဒီယာလောကနှင့် ဖင်တပေါက်တည်းဝါဒ

ရေးသားသူ - မန်းအာကာထက်

သတင်းသမားဆိုတာ မိမိရဲ့ ကိုယ်ပိုင်ခံစားချက် ထင်မြင်ယူဆချက်ကို ရှေ့ တန်းမတင်ဘဲ ဘက်လိုက်မှုမရှိ ပကတိဖြစ်ပေါ်နေသောအကြောင်းအရာအခြေအနေကို ပြည်သူတွေဆီအသိပေးဖို့ သတင်းရေးသားတင်
ပြခြင်းဖြစ်ပါသည်။ သတင်းမေးမြန်းသည့်အခါတွင်လည်း မြှောက်ပင့်လှုပ်ဆော်မေးမြန်းမှု၊ နှိမ့်ချအထင်
သေးမေးမြန်းမှုလည်းမလုပ်ရဘူးလို့  သတင်းသမားတို့ ရဲ့ ကျင့်ဝတ်ထဲမှာ ပါပါတယ်။
ဗမာမီဒီယာ ကျယ်ပြန့် လာတာ ၁၉၈၈ အရေးခင်းကါလနောက်ပိုင်းက စတယ်လို့ ပြောရင်ရမယ်ထင်တယ်။ ယခင်သ တင်း ဌာနအချို့ ရှိပေမဲ့ သတင်းမြန်ဆန်မှုသိပ်မရှိသေးပါ။ ၈၈ အရေးအခင်းနောက်ပိုင်း ဗမာအပါအ၀င် ပြည်တွင်းကပြည်သူများ ကရင်တော်လှန်ရေးနယ်မြေ(မဟာဝါဒီသမားများအခေါ်အရ ကရင်သူပုန်) ထွက်ပြေးလာကြတယ

အဲဒီအချိန်တုန်းက ကရင်တော်လှန်ရေးသမားများသာ မဟာဝါဒီကျင့်သုံးမယ် ဆိုရင်အဲဒီလူမျိုးခြားတောခိုသူတွေကံကြမ္မာတမျိုးတဖုန်ဖြစ်သွားမယ်။တောခိုပြီးသိပ်မကြာပါဘူးပြည်တွင်း
ကိုပြန်ဝင်ပြီး သူပုန်တွေက သူတို့ ကိုဘယ်လိုဘယ်ပုံညှင်းပမ်းနှိပ်ဆက်ပါတယ်ဆိုပြီး သူတို့ ပထွေး မဟာဝါဒီစစ်ဗိုလ်ချုပ်တွေဆီပြန်ပြီး အသနားခံတဲ့ သူကခံ၊ အပင်ပန်းဆင်ရဲမခံနိုင်လို့  နိုင်ငံခြားထွက် တဲ့သူကထွက်၊အချို့ ကလည်းကိုယ့်ကိုယ်ကိုမီဒီယာသမားလို့ ခံယူပြီး သတင်းဌာနတွေမှာ လုပ်ကြတယ်။
တော်လှန်ရေးနယ်မြေမှာတချို့ ကျန်ခဲ့ တာတွေရှိပေမဲ့  နှစ်ယောက်နဲ့ တပိုင်းကို အဖွဲ့ (၃)ဖွဲ့ လောက် ထောင်ပြီးနေ နေကြတယ်။ ကေအင်ယူဗိုလ်ချုပ်မြ ရဲ့ ပြောစကားတောင် တွင်ခဲ့ သေးတယ် ဘာတဲ့ …မင်းတို့ ကျောင်းသားတွေ တယောက်နဲ့ တယောက်တဲ့ ဖို့ ၊စည်းလုံးဖို့  ငါ့အမဲတွေတကောင်ပြီး တ ကောင် ပေါ်ပေးပြီးတော့ အစည်းအဝေးတွေထိုင် တိုင်ပင်ဆွေးနွေးခိုင်းတယ်၊ ငါ့အမဲတွေ တအုပ်ကြီးဟာ ကုန်တော့ မယ် မင်းတို့ ကျောင်းသားတွေ ခုထိမစည်းလုံးနိုင်ကြသေးဘူး။ဗမာကျောင်းသားတွေ တောထဲ မှာ နေစဉ်ကါလ သူတို့ ကသိက အောက်ဆက်ဆံခံရတာလည်းရှိမှာပါ။ ဒေသခံတွေကများသောအားဖြင့် ဘ၀ဒရာဒချက်တွေနဲ့ ပြည့်နက်နေတဲ့ လူတွေကများတော့ မင်းတို့ မဟာဝါဒီလူမျိုးတွေကြောင့် ငါတို့ မျိုး နွယ်စုတွေ ဒုက္ခအမျိုးမျိုးရောက်ကြရတယ်၊ မင်းတို့ အချင်းချင်းပြသနာဖြစ်တော့ ငါတို့ ဆီကိုထွက် ပြေး လာရတယ် လို့ ခံယူတဲ့လူလည်းရှိမှာပါ။ ဒါကတော့ ခံစားရတဲ့လူကိုယ်တိုင်က ကြည့်ရင် မှားတယ်လို့  ကောက်ချက်ချလို့ မရပါဘူး။
ကရင်တွေ သူတို့ ကိုဘယ်လိုဆက်ဆံတယ်ဆိုတာ နိုင်ငံခြားကိုထွက်ဖို့  မနီလွိုင်ဒုက္ခသည်စခန်းမှာဘဲ ရောက်သေးတယ် တခါစားဖူးသူကျေးဇူးကို မေ့ပြီး မဟာဝါဒီဇာတိပြလာတာကို ကြုံခဲ့ဘူးပါတယ်။ တော်လှန်ရေးနယ်မြေမှာ နေတုံးက ဖါ့ထီးတွေ သူတို့ ကိုဘယ်လိုဆက်ဆံတယ်၊ ဘာနဲ့ ကျွှေးတယ်၊ အဲဒါအပြင် သူတို့ မိဘလောက်အသက်အရွယ်ရှိတဲ့လူတွေကို အမျိုးမျိုးဆဲရေးတိုင်းထွာလုပ်တာတွေ နားထောင်လို့ တောင်မရဲတော့ပါ။ အခုလိုမျိုး ကိုယ်ပိုင်ဘလော့ဂ်တွေ ခေတ်စားလာတော့လည်းကရင် တွေကို စော်ကားတဲ့ အရေးအသားတွေ မဖတ်နိုင်၊မကြားနိုင်တဲ့အဆုံးပါဘဲ။အချို့ ကနိုင်ငံခြားမထွက်ဘဲ (ထွက်ပြီးပြန်လာတဲ့ သူလဲရှိ) ထိုင်းနိုင်ငံမှာဘဲ သတင်းဌာနအလုပ်နဲ(ခံယူချက်နဲ့ လုပ်တဲ့သူလည်းရှိ) အ သက်မွေးဝမ်းကြောင်းလုပ်တယ်ဆိုပါတော့။
ကျနော်ဆိုလိုချင်တာက နိုင်ငံခြားကိုဘဲရောက်ရောက် ထိုင်းနိုင်ငံမှာဘဲနေနေ ၈၈ အရေး အခင်းကစလို့  ဒုတိယ၊တတိယ နိုင်ငံမှာရောက်သွားတဲ့ ဗမာတေ(တော်လှန်ရေးသမားလို့ မြှောက်ခေါ်ရင် ပိုကြိုက်မယ်ထင်တယ်)ကရင်ထမင်းကို မစားဘူးတဲ့ လူတွေက လက်ရည်ချိုးလို့ ရပါတယ်။ အခုထိ နယ်စပ်တကြောမှာ အင်ဂျီအိုဘဲ လုပ်လုပ်၊ အဖွဲ့ အစည်းဘဲထောင်ထောင်၊ သတင်းဘဲလိုက်လိုက် ဖါ့ထီး တွေကို အမှီသဟဲလုပ်နေရတုံးပါဘဲ။ ကရင်တော်လှန်ရေးသမားတွေကလည်း ဗမာတော်လှန်ရေး သမားများနဲ့ လက်တွဲလုပ်ဆောင်တဲ့ဟာတွေလဲရှိတာပါဘဲ။ အဲဒီလိုမျိုးအပြန်အလှန်လက်တွဲ လုပ်ဆောင် တာတွေရှိတော့ တဦးနဲ့ တဦး တဖက်နဲ့ တဖက် လေးစားမှုတော့ရှိရမယ်၊ အပြုသဘောဆောင်တဲ့ ညှိနှိုင်း
ဆွေးနွေးလုပ်ဆောင်မှုတွေတော့ရှိရမှာပါ။
မီဒီယာတွေမှာ ခဏခဏဖတ်ဖူးတယ်၊နားထောင်ဖူးတယ်၊ တခါတလေ ကရင်တွေကို မြှောက်ပင့်ရေးသားပေးလိုက်၊ မြှောက်ပင့်အော်ပေးလိုက်နဲ့ ၊အခန့် မသင့်တော့လဲ ပွဲတွေဆူအောင် အူကြောင်ကြောင်နဲ့  ပုတ်ခတ်ရေးသားတာတွေလဲ ဖတ်ရဖူးပါတယ်။ ထိုင်းနိုင်ငံ၊ချင်းမိုင်အခြေစိုက် ဗမာသတင်းဌာနဆိုရင်လည်း ကရင်တွေကို ခနဲ့ တမျိုး တက်တက်တဖုံ ဝေဖန်ရေးသားတာတွေ အကြိမ်များစွာ ဖတ်ရဖူးပါတယ်။
အခုလည်းလာပြန်ပါပြီ၊ နိုဝင်ဘာ ၃၀ ရက် ဘီဘီစီညနေပိုင်းသတင်းမှာ သူတို့ ဝိုင်း တော်သားအချင်းချင်း အတိုင်အဖေါက်တွေကတော့ ဟန်ကျပါပေတယ။်ဘာတဲ့…လက်နက်ကိုင်တော်
လှန်ရေးကိုတစိုက်မတ်မတ်လုပ်ဆောင်လာတဲ့သူ အတော်တော်များများဟာ(ဗိုလ်မှူးထိန်မောင် တဦး တည်းကိုသာဆိုလိုခြင်းမဟုတ်) နိုင်ငံရေးလုပ်မယ်ဆိုရင် ပညာအရည်အချင်းမမှီဘူး၊အာဏာကိုစွန့် လိုက်
ရရင် ရှာဖွေစုဆောင်းထားတဲ့ ဟာတွေ အာဏာနဲ မကါကွယ်နိုင်တော့ဘူး၊ အခုလုပ်တဲ့ လူအသက် အိုသွားပြီး နောက်ထပ်လုပ်မဲ့ လူမရှိတော့ဘူးဆိုရင် တော်လှန်ရေးဟာ ပျောက်ကွယ်သွားမယ်၊ အခုတော် လှန်တိုက်ခိုက်တာလည်း ရွေးစရာလမ်းမရှိလို့ လုပ်တာ။….စသည်ဖြင့် အားမနာတမ်း ဝေဖန်သုံးသပ် သွားပါတယ်။
ဒီသုံးသပ်ချက်ဟာ အတော်များများဟာ ဆိုတဲ့စကားလုံးကိုသုံးတဲ့အတွက် ကရင်အပါအ၀င်အခြား ဗမာစစ်အုပ်စုကိုတော်လှန်ဖို့ လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့(ငြိမ်းအဖွဲ့ ရော မငြိမ်းတဲ့အဖွဲ့ ရော)လူတွေအားလုံးကို ဆိုလိုတယ်လိုကျနော်ယူဆတယ်။
လက်နက်ကိုင်တော်လှန်ရေးသမားတွေ နိုင်ငံရေးလုပ်ဖို့ ပညာအရည်အချင်မမှီဘူးဆိုတဲ့ စကားလုံးကိုဆွေးနွေးရအောင်….. အခုဗမာစစ်ဗိုလ်ချုပ်မောင်သန်းရွေကရော အတန်းပညာ ဘယ် လောက်ရှိလို့ လဲ၊အဲ..တကယ်လို့  နိုင်ငံရေးလုပ်နိုင်ဖို့  ဗမာစစ်ဗိုလ်ချုပ်တွေထက် ကောက်ကျစ်ယုတ်မာတဲ့ ကလိမ်ကကျစ်တဲ့ အရည်အချည်းနဲ့ ရှိရမယ်ဆိုရင် ဗမာစစ်ဗိုလ်ချုပ်တွေကို မယှဉ်နိုင်တာကသေချာတယ်။ တကယ်လို့  သေနတ်အာဏာမပါဘဲ့ ရိုးသားဖြောက်မတ်တဲ့ နိုင်ငံရေးအရည်အချင်းနဲ့  ၀င်လုပ်ရမယ်ဆိုရင် ကရင်တွေအပါအ၀င် အခြားတိုင်းရင်းသားတွေရော ဗမာလူမျိုးတွေရောပါ ဗမာစစ်ဗိုလ်ချုပ်တွေထက် သါတဲ့အရည်အချင်းတွေအများကြီးရှိတယ်။
လက်နက်ကိုင်တော်လှန်ရေးသမားတွေ အာဏာကိုစွန့် လွတ်လိုက်ရရင် သူတို့ ရှာဖွေစုဆောင်းထားတဲ့ဟာတွေ အာဏာနဲ့ မကါကွယ်နိုင်တော့ဘူး ဆိုတဲ့အချက်ကိုတော့ ကျနော်မဆွေးနွေးတတ်ဘူးလို့  ရိုးသားစွာဝန်ခံပါရစေ။ ဘာကြောင့်လဲဆိုတော့ သူတို့ စည်းစိမ်ဘယ်လောက်ရှိလဲဆိုတာ ကျနော်မှတ်တမ်းမပြုစုရသေးလို့ ပါ။ ဒါပေမဲ့ ကွယ်လွန်သူ ကရင့်ခေါင်းဆောင် ပဒိုမန်းရှားလာဖေါင်နဲ့ အတူ ကျနော်သူ့ အိမ်မှာထမင်းအတူစားခဲ့ဘူးပါတယ်သူ့ မှာ ကိုယ်ပိုင်အိမ်မရှိဘူး။ ငှားနေတဲ့ အိမ်လဲ ခဏလေးဟိုမှာပြောင်းလိုက်ရ ဒီမှာပြောင်းလိုက်ရနဲ့ ။ စားဖူးတဲ့ ထမင်းဝိုင်းဟာ ဒန့် ဒလွန်ရွက်တာလပေါ့တခွက်၊ ငါးပိရည်နဲ့ တို့ စရာ ဒါဘဲ ၊ ဘယ်မှာလဲစည်းစိမ်ဥစ္စာ ဘာမှမရှိ။
သူတို့ တွေရွေးစရာလမ်းမရှိလို့  အခုလိုမျိုးပြန်လည်တိုက်ခိုက်တာ ဆိုတဲ့ အချက်ကို အနည်းငယ်ဆွေးနွေးချင်ပါတယ်။ ကရင်လူမျိုးလောက်ငြိမ်းချမ်းရေး ချစ်မြတ်နိုးတာ ကမ္ဘာပေါ်မှာ ကရင်ဘဲရှိမယ်ထင်ပါတယ်။ ကရင်တွေအပါအ၀င် ဗမာမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးတွေက ကိုယ့်ဘိုးဘွားတွေ နေခဲ့တဲ့ ရေမြေတောတောင်တွေမှာ အေးအေးဆေးဆေးနေကြတယ်။နောက်ပြီးသူတပါးကို ကျူးကျော်တိုက်ခိုက်တဲ့ ကရင်လူမျိုးတွေဆိုလို့  သမိုင်းမှာ ကျနော်မဖတ်ဖူးပါ။ အခုဟာက ကိုယ့်မြေပေါ်ကို မတရားကျူးကျော်လို့ ပြန်လည်တိုက်ခိုက်ရခြင်းဖြစ်တယ်။ မြန်မာ့သမိုင်းမှာ အင်္ဂလိပ်နယ်ချဲ့ ကျူးကျော်စစ်တို့  ဖက်ဆစ်ဂျပန်ကျူးကျော်စစ်တို့ အကြောင်းတွေ စာဘယ်လောက်ဖွဲ့ ဖွဲ့ ယနေ့ ခေတ်သစ် ဗမာဖက်စစ်ကျူးကျော်စစ်လောက် မရက်ဆက်ပါဘူး။ ယခင်တိုင်းတပါးသားကျူးကျော်စစ်ထက် အဆပေါင်းများစွာဆိုးတယ် ကောက်ကျစ်ယုတ်မာတယ်။ ဒါကို လည်စဉ်းခံပြီးနေမှာလား။ မတရားမှုဟူသမျှကို ခေါင်းငုံ့ မခံဘဲ ပြန်လည်ခုခံတော်လှန်တာဟာ ကရင်လူမျိုးတွေရဲ့ တကယ့် စံ တခုပါ။
နောက်ဆုံးအချက်ကတော့ကရင်တော်လှန်ရေးဟာ ပျောက်ကွယ်သွားတော့မလိုလို…
ပြောဆိုသွားတယ်။ မတရားဖိနှိပ်မှုတွေ ဆက်ရှိနေသရွေ့ ၊နောက်ဆုံးကရင့်အာဇာနည်ခေါင်းဆောင် စောဘဦးကြီးစကားအတိုင်းပြောရရင် ကရင်တွေတယောက်မကျန် ရန်ကုန်ကိုဆင်းပြီး လည်စဉ်းမခံသရွေ့  ကရင်တော်လှန်ရေးကြီးက ဆက်ရှိနေအုံးမှာဘဲ။
တကယ်ဆို နိုဝင်ဘာ ရ ရက်နေ့ ၊ မြ၀တီ ဘုရားသုံးဆူ တော်လှန်ရေးကစလို့  ကရင် လက်နက်ကိုင်တော်လှန်ရေးသမားအချင်းချင်း သာမက ပြည်တွင်းပြည်ပမှာရှိတဲ့ကရင်လူမျိုးတွေ စည်းလုံးညီညွတ်မှုပိုမိုအားကောင်းလာတဲ့ယခုလိုအချိန်မှာဗမာသတင်းဌာနတခုက(အားမပေးရင်နေပါ)ဒီလိုမျိုး ဝေဖန်တာ ကောက်ချက်ချတာမျိုးမဖြစ်သင့်ပါဘူး။မဟာမမာ စစ်ခေါင်းဆောင်တွေရဲ့ စိတ်ကြိုက်ဖွ ပေးတာလားတော့ စဉ်းစားစရာပါ။

မန်းအာကါထက်
၁ ဒီဇင်ဘာ ၂၀၁၀။

Read More...

ရိက္ခာသယ်ရန်နှင့် မြေမြုပ်မိုင်း ရှင်းရန် နအဖမှ ကားများ ချောဆွဲ

KIC သတင်းမှ....

ကရင်ပြည်နယ်မြောက်ပိုင်း တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ နအဖ လှုပ်ရှားတပ်များက ခလယ့်လာ၊ ကော်သေး ဒဲရွာများမှ ရွာသူရွာသားများ၏ ကားများကို နိုဝင်ဘာလအတွင်း ချောဆွဲထားပြီး ရိက္ခာသယ်ပေးရန်နှင့် မြေမြုပ်မိုင်းရှင်းပေး ရန်အတွက် ခိုင်းစေလျှက်ရှိသည်ဟု တောင်ငူခရိုင်မှ လာသည့် သတင်းအရ သိရသည်။

နအဖ စကခ(၇) ဗျူဟာမှူး မျိုးလှနှင့် ၎င်း၏ လက်အောက်ခံ တပ်ရင်းများသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၆ရက်နေ့မှစ၍ အဆိုပါ ရွာနှစ်ရွာမှ ခရီးသည်တင်ကားနှင့် ကုန်တင်ကား ၇စီးကို ချောဆွဲခဲ့ရာ ယခုအချိန်ထိ မလွှတ်ပေးသေးဘဲ လုပ်အား ပေးခိုင်းခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ချောဆွဲခံရသည့် ကားပိုင်ရှင်များမှာ စောတာ့ထို၊ စောယိုနား၊ စောမောင်ကရော၊ စောမောင်ထွေး၊ စောရှေးဒို့၊ နော် လူးနှင့် နော်ချယ်ရီတို့ ဖြစ်ကြပြီး ယခုလို ကားများကို ခေါ်ယူ လုပ်အားပေးခိုင်းစေသည့်အတွက် ၎င်းတို့၏ ကိုယ်ပိုင်အလုပ် ကို မလုပ်အားတော့ကြောင်း ဒေသခံရွာသားတဦးက ကေအိုင်စီကို ယခုလို ပြောသည်။

“သူတို့ရဲ့ ဘူဒိုဇာကား(မြေတူးလမ်းဖောက်ကား)နောက်ကို လိုက်ခိုင်းတယ်။ နောက် မိုင်းရှင်းဖို့ဆိုပြီး သူတို့ရဲ့ ဘူဒိုဇာကား ရှေ့မှာလည်း သွားခိုင်းတယ်။ ကိုယ့်ထမင်း၊ ဟင်းလည်း ကိုယ့်ဖာသာ ကိုယ်ယူသွားရတယ်။ ဘယ်တော့ လွှတ်ပေးမလဲဆို တာတော့ သူတို့အပေါ်မှာပဲ မူတည်တယ်”ဟု သူက ပြောသည်။

အဆိုပါဒေသရှိ နအဖ တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁ရက်နေ့မှ ၂၇ရက်နေ့အထိ ဒေသခံရွာသူရွာသားများကို လူ၊ ကား၊ ဆိုင်ကယ်တို့ဖြင့် တောင်ငူမြို့ထဲသို့ ဈေးသွားဝယ်ခွင့်မပြုခဲ့ကြောင်းလည်း ဒေသခံများက ပြောဆိုသည်။

ထိုဒေသတွင် တောင်ငူမြို့သို့ ဆက်သွယ်ဖောက်လုပ်ထားသည့် တောင်ပေါ်ကားလမ်းဖြင့် ရွာသူရွာသားများသည် ၎င်းတို့ လိုအပ်သည့် အ၀တ်အထည်နှင့် စားသုံးကုန်ပစ္စည်းများဖြစ်သော ဆန်၊ ဆီ၊ ဆေး၊ ဆား၊ ငါးပိ၊ ခေါက်ဆွဲ၊ အချိုမှုန့်၊ ကြက် သွန်ဖြူ/နီ တို့ကို ရောင်းဝယ်၊ စားသုံးရန်အတွက် တောင်ငူမြို့ပေါ်တက်၍ ပုံမှန် သွားလာဝယ်ယူကြသည်။

နအဖ စကခ(၇) လက်အောက်ခံ တပ်ရင်းများသည် ထန်းတပင်မြို့နယ်အတွင်းရှိ ခလယ့်ကျေးရွာအုပ်စုမှ ခလယ့်လာ၊ ကော်သေးဒဲ။ မော်ဖားဒါး၊ လယ်ကို၊ ကလေစိုးခီးရွာများမှ ရွာသူရွာသားများကို သစ်၊ ၀ါးများ ခုတ်ခိုင်းကာ ဖက်များဖြင့် စခန်း ပြင်ဆင်ခြင်း၊ ရိက္ခာသယ်ခိုင်းခြင်းများကို ပုံမှန် ခိုင်းစေလျှက်ရှိကြောင်း ကေအဲန်ယူ၊ တောင်ငူခရိုင်၏ သတင်းများအရ သိရ သည်။

Read More...

ဗိုလ်ထိန်မောင်ကို စစ်အစိုးရ စတိုက်ပြီ

ဧရာဝတီ သတင်းမှ....

နအဖ စစ်အစိုးရနှင့် အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တဖွဲ့ ဖြစ်သော ဗိုလ်မှူးချုပ် ထိန်မောင် ဦးဆောင်သည့် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီတပ်ဖွဲ့ဝင်များ ယမန်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး KNU/KNLA တပ်ဖွဲ့ဝင် ၆ ဦး ဖမ်းဆီး ခံရကြောင်း သိရသည်။
အပစ်အခတ် ရပ်စဲထားသော ငြိမ်းချမ်းရေး ကောင်စီ တပ်ဖွဲ့ဝင်များကို ၃ နှစ်တာကာလ အတွင်း စစ်အစိုးရက ပထမဆုံး အကြိမ် ပြန်လည် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဗိုလ်မှူးချုပ် ထိန်မောင်သည် ၂၀၀၇ ခု နှစ်ဆန်းပိုင်းက တပ်သား ၃၀၀ ခန့်နှင့်အတူ KNU မှ ခွဲထွက်ခဲ့သည်။ ထို့နောက် မြန်မာ စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့ပြီး ၎င်း၏ အဖွဲ့ကို KNU/KNLA ငြိမ်းချမ်းရေးကောင်စီဟု အမည်ပေးခဲ့သည်။ အဆိုပါ တိုက်ပွဲသည် မြ၀တီမြို့နယ် ဖလူးကျေးရွာ အနီးတ၀ိုက်တွင် ကော့ကရိတ် အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၂ လက်အောက်ခံတပ် ခြေလျင်တပ်ရင်း (ခလရ) ၂၃၀ တပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့သည်ဟု ငြိမ်းချမ်းရေး ကောင်စီမှ ပြောရေး ဆိုခွင့်ရှိသူ စောတီမိုသီ(Timothy)က ဧရာဝတီသို့ ပြောသည်။

“တပ်ရင်း ၂၃၀ ကနေပြီးတော့ ၀င်ပြီးတော့ တိုက်တယ်၊ ကျနော်တို့ စစ်သားတွေလည်း အေးအေး ဆေးဆေး ထိုင်နေတဲ့ အချိန်မှာ ပစ်တော့ စောတင်အောင်ဆိုတဲ့လူကို ထိသွားတယ်၊ အဲဒီမှာ ထိုင်နေတဲ့ ငြိမ်းချမ်းရေး ကောင်စီက တပ်ဖွဲ့ဝင် တွေကို သူတို့က ဖမ်းသွားတယ်”ဟု ၎င်းက ဆိုသည်။

အခင်း ဖြစ်ပွားမှုနှင့် ပတ်သက်၍ နှစ်ဘက် တာဝန်ရှိသူများကို အကြောင်းကြားထားကြောင်း သိရသည်။ ဖမ်းဆီးထားသည့် KNU/KNLAတပ်ဖွဲ့ဝင်များကို မြ၀တီမြို့ နယ်ရှိ စစ်ဖက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ) ရုံးတွင် ထိန်းသိမ်းထားကြောင်း သိရ သည်။

စစ်အစိုးရက ကမ်းလှမ်းသော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံသောကြောင့် ငြိမ်းချမ်းရေး ကောင်စီကို ရန်သူအဖြစ် သဘောထားခြင်း ဖြစ်ကြောင်း စောတီမိုသီ က ဆက်လက် ပြောဆိုသည်။

ယနေ့ စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များ တိုက်ပွဲများ ဆက် လက် ဖြစ်ပွားနေသောကြောင့် ဒေသခံရွာသား ၅၀ ကျော် ထိုင်းနိုင်ငံ တာ့ခ် ခရိုင် မဲဆောက်မြို့နယ် အတွင်းသို့ ထပ်မံ ရောက် ရှိလာကြောင်း သိရှိရသည်။

ထွက်ပြေး ရောက်ရှိလာသော စစ်ပြေး ဒုက္ခသည်များကို ထိုင်း အာဏာပိုင်များက ထိုင်း နယ်ခြားစောင့် စခန်းဝင်းအတွင်း စောင့်ရှောက်ထားပြီး ယခုအခါ စုစုပေါင်း လူဦးရေ ၆၅၀ ခန့် ရှိကြောင်း သိရသည်။

ကရင်အမျိုးသမီး အစည်းအရုံး(KWO) ပြောရေး ဆိုခွင့်ရှိသူ နော် ဘလူးမင်း နိုက်ဇန်က“ဒီနေ့ ဆိုရင် ၅၀ လောက် ထပ်များ လာတယ်၊ ဘာဖြစ်လို့ ထွက်ပြေးလာသလဲဆိုတော့ သေနတ်သံတွေလည်း ဆက်ကြားနေတယ်၊ နောက်ပြီးတော့ နအဖ တပ်သားတွေက ပေါ်တာ လိုက်ဆွဲနေလို့ ကြောက်ပြီးတော့ ထွက်ပြေးလာကြတာ”ဟု ဧရာဝတီသို့ ပြောသည်။

ထိုင်း အစိုးရက မြန်မာနိုင်ငံ ဘက်ခြမ်းမှ တိုက်ပွဲများကြောင့် ထွက်ပြေးလာသော စစ်ပြေး ဒုက္ခသည်များကို နယ်စပ် ဖြတ် ကျော်ခွင့် ပေးထားသော်လည်း တိုက်ပွဲများ ရပ်ဆိုင်းသွားသည့် အချိန်တွင် မြန်မာနိုင်ငံ ဘက်သို့ ပြန်ခိုင်းလေ့ရှိသည်။

သို့သော် ယနေ့ ထိုင်းအာဏာပိုင်များက ထွက်ပြေးလာသော ဒုက္ခသည်များကို နေရပ်သို့ ပြန်ရန် ဖိအားပေးမှု တစုံတရာ မရှိ သေးကြောင်း သိရသည်။
နော်ဘလူးမင်းနိုက်ဇန်က“ထိုင်းအစိုးရက တိုက်ပွဲဖြစ်တယ်၊ သေနတ်သံကြားတယ်ဆိုတော့ မပြန်ခိုင်းဘူး သေချာတယ်၊ မကြားဘူးဆိုရင်တော့ ဒီနေ့ မကြားဘူး မနက်ဖြန် ပြန် အဲဒါတော့ သူတို့ အမြဲလုပ်နေကျပဲ”ဟု ၎င်းက ဆိုသည်။

ထို့အပြင် ထွက်ပြေးလာသော ကရင်ရွာသားများကို မဲဆောက်မြို့ရှိ အစိုးရမဟုတ်သော NGO အဖွဲ့အစည်းနှင့် လူ့အခွင့်အရေး လှုပ်ရှားနေသော အဖွဲ့အစည်းတချို့ ပူးပေါင်း၍ အစားအသောက်များကို ကူညီထောက်ပံ့ပေးထားကြောင်း သိရ သည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပနေစဉ် မြ၀တီမြို့နယ် ရဲစခန်းနှင့် နယ်စပ်ဂိတ်တချို့ကို DKBAတပ်ဖွဲ့ဝင်များ က ၀ိုင်းထားခဲ့ပြီး နောက်ပိုင်း ကရင်ပြည်နယ် အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ ခြင်း ဖြစ်သည်။

ဖလူးကျေးရွာကို နအဖ ခြေလျင်တပ်ရင်း (ခလရ) ၃ ရင်း၊ အမြောက်တပ်ရင်းနှင့် အဂျင်နီယာ တပ်ရင်း အပါအ၀င် တပ်ရင်း ၅ ရင်းခန့် ထိန်းချုပ်ထားကြောင်း သိရသည်။

“နအဖ စစ်တပ်ကလည်း တိုင်းရင်းသား လက်နက်ကိုင်တွေကိုပဲ ဖြစ်ဖြစ်၊ အပစ်ရပ် အဖွဲ့တွေပဲ ဖြစ်ဖြစ် သေချာ ထိုင်ဆွေး နွေး ပြီး ညှိနှိုင်းဖို့လိုပါတယ်၊ ဒါမှမဟုတ်ရင်တော့ ပြည်တွင်းစစ်ဟာတော့ ဆက်ဖြစ်နေမှာပဲလို့ မြင်တယ်၊ ပြည်တွင်းစစ်ဆက်ဖြစ်နေ သရွေ့ ကာလပတ်လုံး ပြည်သူတွေကတော့ တချိန်လုံး ပြေးလွှာနေရမှာပဲ၊ ဘ၀တည်ငြိမ်မှုလည်း လုံးဝရှိမှာ မဟုတ်ဘူး”ဟု နော်ဘလူး မင်းနိုက် ဇန်က ပြောသည်။

Read More...

တိုက်ပွဲသတင်း

ဆုံဆည်းရာမှ...

ယနေ့ နအဖ တပ်များနဲ့ ဒီကေဘီအေ၊ ကေအန်အယ်အေ၊ ငြိမ်းချမ်းရေးကောင်စီ တပ်များ အဆက်မပြတ် တိုက်ပွဲတွေ ဖြစ်နေပါတယ်။ နအဖ ဘက်မှ တိုက်ပွဲပြင်းထန်သည့်ကာလ ၂၆ နေ့က စတင်ပြီး အကျအဆုံး ၄၀ ဆယ်ကျော်ရှိပြီလို့ သိရပါတယ်။ သေဆုံးတဲ့အထဲမှာ ခမရ ၂၃၀ ဒု - ရင်းမှူး ပါတယ်လို့သိရှိပါ။ ထို့အပြင် စစ်ဗိုလ်များ နဲ့ တပ်ကြပ်တပ်သား တွေလည်း ကျဆုံးသည့်အထဲတွင် ပါပြီး နအဖ ဘက်မှ ထိခိုက်ဒဏ်ရာရမှုလည်း များပြားနေကြောင်း သိရပါတယ်။

Read More...

ဝေါ်လေဒေသတိုက်ပွဲ ဆက်လက်ဖြစ်ပွား

KIC သတင်းမှ....

ကရင်ပြည်နယ် ဝေါ်လေဒေသတွင် နအဖနှင့် ကရင်တပ်ဖွဲ့တို့ကြား ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ရက်နေ့ညက စတင် ဖြစ်ပွားခဲ့ သည့်တိုက်ပွဲသည် ပစ်လိုက်ရပ်လိုက်ဖြင့် ယနေ့အချိန်ထိ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်ဟု သိရသည်။

ဒီကေဘီအေ ကလိုထူးဘောဗျူဟာ (၁)စစ်ဆင်ရေးမှူး ဗိုလ်မှူးစောဆန်းအောင်က “ဖလူးမှာ မနေ့ညကတည်းက လက်နက် ကြီး လက်နက်ငယ်တွေနဲ့ ပစ်လိုက်ရပ်လိုက် အပြန်အလှန် ပစ်ခတ်ကြတယ်။ ဒီမနက် မိုးလင်းတဲ့အထိပဲ။ နအဖဘက်က ကျ ဆုံးမှုကိုတော့ ကျနော်တို့ မသိသေးဘူး။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှုမရှိဘူး။”ဟု ပြောသည်။

ထို့အပြင် ယမန်နေ့မွန်းလွဲ ၃နာရီခန့်တွင် ဖလူးကျေးရွာ၌ ကရင်တပ်ဖွဲ့နှင့် နအဖဘက်မှ ခမရ(၅၄၅)၊ (၅၄၇) ပူးပေါင်းတပ်ရင်း တို့ကြား ပစ်ခတ်မှုတကြိမ် ဖြစ်ပွားခဲ့ရာ နအဖဘက်က ၄ဦး ထိခိုက်သေဆုံးခဲ့သည်ဟု ဒီကေဘီအေဘက်က ပြောဆိုသော် လည်း ထိုနေ့ညနေ ၆နာရီခန့်တွင် မြ၀တီဆေးရုံသို့ နအဖ စစ်တပ်မှ လူနာ ဗိုလ်မှူး ၁ဦး၊ ဗိုလ် ၁ဦး၊ တပ်ကြပ်ကြီး ၁ဦးနှင့် တပ် သား ၄ဦး ရောက်ရှိလာသည်ဟု ဆေးဝန်ထမ်းနှင့် နီးစပ်သူတဦးက ပြောသည်။

ထို့အပြင် ယနေ့မနက် ၅း၅၅မိနစ်အချိန်တွင် ဝေါ်လေဒေသ နအဖစစ်တပ် စကခ(၈)လက်အောက်ခံ ဗျူဟာ(၃)အခြေစိုက်ရာ ဗျူဟာကုန်းတွင် ကရင်တပ်ဖွဲ့မှ ၁၀မိနစ်ခန့် သွားရောက်ပစ်ခတ်ခဲ့ရာ နအဖဘက်မှ ထိခိုက်သေဆုံးမှုကို မသိရှိရကြောင်း ဒီကေဘီအေ(၉၀၉)တပ်ရင်းမှူး စောစတီးက ပြောသည်။

ဖလူးကျေးရွာ ပစ်ခတ်မှုတွင် နအဖဘက်က စကခ(၁၂)လက်အောက်ခံ ခလရ(၆၁)၊ ခလရ(၂၃၀)၊ စကခ(၁၉)မှ ခမရ(၅၄၅)၊ (၅၄၇) စသည့်တပ်ရင်း ၄ရင်းမှ အင်အား ၃၀၀ကျော်ပါရှိပြီး ကရင်တပ်ဖွဲ့မှ ဒီကေဘီအေ ကလိုထူးဘောဗျူဟာနှင့် ကေအဲန် အယ်လ်အေတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုပစ်ခတ်မှုကြောင့် ဝေါ်လေဒေသ ဖလူးကြီး၊ ဖလူးငယ်နှင့် ကျောက်ခက် စသည့်ကျေးရွာများမှ ရွာသူရွာသား ၁,၀၀၀ကျော် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ယာယီ ထွက်ပြေးခိုလှုံခဲ့ရပြီး ၎င်းတို့အား မဲဆောက်ရှိ မယ်တော်ဆေးခန်း ဦးဆောင်သော မြန်မာလူမှု ကယ်ဆယ်ရေးအဖွဲ့နှင့် ထိုင်းစစ်တပ်တို့မှ ကူညီစောင့်ရှောက်ပေးထားသည်ဟု သိရသည်။

Read More...

ကရင်ငြိမ်းချမ်းရေး ကောင်စီအဖွဲ့ဝင် ၆ဦး နအဖ ဖမ်းမိ၊ တဦး ပစ်သတ်ခံရ

KIC သတင်းမှ....

ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင် ၆ဦးကို ယနေ့မနက်တွင် နအဖ စစ်တပ်မှ ဖမ်းဆီးလိုက်ပြီး ၁ဦးကို ပစ်သတ်လိုက်သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။

ယနေ့မနက် ၉နာရီကျော်အချိန်၌ ကရင်ပြည်နယ်၊ မြ၀တီခရိုင်ရှိ ဖလူးကျေးရွာနှင့် မနီးမဝေး ပလောတပို့ဒေသတွင် လှုပ်ရှားသည့် ဗိုလ်တဲခီး ဦးစီးသော ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ကို နအဖ စစ်ကြောင်းက ၀ိုင်းမိပြီး ပစ်ခတ်ခဲ့ခြင်းကြောင့် ၁ဦး ကျဆုံးကာ ၆ဦးမှာ အရှင်ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။
ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ ဗိုလ်မှူးချုပ်အဆင့်ရှိသူ စောတီမသီက “ဒီမနက် ကျနော်ကြားတာ က ဗိုလ်တဲခီးရဲ့ တပ်ဖွဲ့ဝင် ၆ဦးကို နအဖ စစ်တပ်က ဖမ်းဆီးတယ်။ ၁ဦးကို ပစ်သတ်လိုက်တယ်လို့ ကြားတယ်။ ဒါပေမယ့် အသေး စိတ်တော့ မသိသေးဘူး။”ဟု ကေအိုင်စီကို အတည်ပြု ပြောဆိုသည်။

ဖလူးဒေသတွင် လှုပ်ရှားနေသည့် ကေအဲန်အယ်လ်အေ တပ်ဖွဲ့ဝင်တဦးက “အခု နအဖတွေက ဝေါ်လေကို တက်ဖို့လေ။ သူတို့ တက်လာတဲ့ လမ်းတလျှောက်မှာ သေနတ်လိုက်ပစ်တယ်။ ဖလူးအပေါ်ဘက် ပလောတပို့မှာ သူတို့(ငြိမ်းချမ်းရေးကောင်စီအဖွဲ့)ကို စစ်တပ်က တွေ့ပြီးတော့ ၀ိုင်းလိုက်တာလို့ ကျနော်ကြားတယ်။ အဲဒီမှာရှိတဲ့ သူတို့အဖွဲ့က လူနည်းတယ်လေ။”ဟု ပြောသည်။
လက်ရှိအချိန်တွင် ဖလူးဒေသ၌ နအဖ စကခ(၈)လက်အောက်ခံ ခလရ(၆၂) လှုပ်ရှားလျှက်ရှိပြီး ထိုတပ်ရင်းသည် နိုဝင်ဘာ ၂၄ ရက်နေ့က ဝေါ်လေဒေသသို့သွားရန် ဖလူးကျေးရွာတွင် ရောက်ရှိနေပြီးဖြစ်သော်လည်း ရှေ့ဆက်သွားမည့် လမ်းကြောင်းများကို ဒီကေဘီအေတပ်နှင့် ကေအဲန်အယ်လ်အေတပ်ဖွဲ့များ ပိတ်ဆို့ထားခြင်းကြောင့် ဝေါ်လေလမ်းကြောများကို လက်နက်ကြီးများဖြင့် လိုက်လံပစ်ခတ်လျှက်ရှိကြောင်း အဆိုပါကေအဲန်အယ်လ်အေတပ်သားက ပြောသည်။
ယင်းသို့ ဖမ်းဆီး၊ ပစ်သတ်ခံရသည့် ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင်ထဲတွင် ဗိုလ်တဲခီး ပါဝင်ခြင်း မရှိသလို ထိုအဖွဲ့၏ ဥက္ကဌ ဗိုလ် ချုပ်စောထင်မောင်နှင့် ဗိုလ်ချုပ်စောရင်နုတို့ကို ဆက်သွယ်မရခဲ့ပေ။

Read More...

ဘုရားသုံးဆူနယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်

VOA သတင်းမှ....

မြန်မာစစ်အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့ အကြားမှာ တပ်အသွင်ပြောင်းလဲရေး ဖိအားပေး အကျပ်ကိုင်မှုတွေကြောင့် အခြေအနေတွေ တင်းမာနေပါတယ်။ ထိုင်း၊ မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှာ မနေ့ညနေက နယ်ခြားစောင့်တပ် အသွင်ကို လက်မခံတဲ့ DKBA တပ်ဖွဲ့တွေနဲ့ စစ်ရေးအရ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။ ဒါ့အပြင် အခုဆိုရင် ဘုရားသုံးဆူဒေသမှာ မြန်မာစစ်တပ်ဘက်က စစ်အင်အားတွေ တိုးချထားပြီး လုံခြုံရေး အခြေအနေတွေ တင်းကျပ်ထားသလို တိုက်ပွဲဖြစ်ပွားမှု ပြင်းထန်လာခဲ့ရင် နှစ်ဦးနှစ်ဘက် အကျိုးမရှိသလို ဒေသခံတွေသာ စစ်ပြေးဒုက္ခသည် အဖြစ်နဲ့ ဒုက္ခရောက်ဦးမှာမို့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကလည်း စစ်ရေးအရ ထိုးစစ်ဆင်လာရင် အပြန်အလှန် စစ်ရေးအကူအညီ ပေးဖို့နဲ့ တပ်ပေါင်းစု တည်ဆောက်ပြီး စစ်ရေးပြင်ဆင်နေတဲ့ အခြေအနေတွေကို တွေ့နေရပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

ထိုင်း၊ မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမြို့နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့ DKBA တပ်ဖွဲ့တို့အကြား နိုဝင်ဘာ ၂၈ ရက်နေ့ ညနေပိုင်းလောက်မှာ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီ တိုက်ပွဲဖြစ်ပွားမှု အခြေအနေတွေကို DKBA တပ်ရင်း ၉၀၆ က ဗိုလ်မှူး စောအေဝမ်းကို ဆက်သွယ် မေးမြန်းခဲ့ရာမှာ အခုလို ပြောပါတယ်။

“ဒီညနေ ၃ နာရီ ၁၅ မိနစ်မှာ နအဖတပ်နဲ့ ကျနော်တို့အဖွဲ့တွေ တဲ ၃ လုံးမှာ ပစ်ကြတယ်နော်။ ၁၅ မိနစ်၊ မိနစ် ၂၀ လောက် ရှိတာပေါ့ တိုက်ပွဲဖြစ်တာ။ သူတို့ဘက်က ၁ ယောက်ကျဆုံးပြီး ၂ ယောက် ဒဏ်ရာရတယ်၊ အဲဒီ ၄၀၆ အဖွဲ့တွေပေါ့။ သူတို့ဟာ ဟို ရင်ဘောင်တန်းတက်ပြီး လာတယ်လေ။ အဲဒီရွာ မဝင်ခင်မှာ ကျနော်တို့ဟာ အဲဒီမှာ ပစ်ခဲ့တယ်။ ၁၅ မိနစ်၊ မိနစ် ၂၀ နဲ့ ကျနော်တို့ ပြန်ဆုတ်တယ်။ အခုဟာ သူတို့ အဲဒီ ကျနော်တို့ပစ်တဲ့ ရွာအနားက ဘုန်းကြီးကျောင်းထဲမှာ သူတို့ရှိနေတယ်။ ပြီးတော့ ဒဏ်ရာရရှိတဲ့သူကို ကုသတယ်။”

ဒီတိုက်ပွဲဟာ ဘုရားသုံးဆူမြို့နဲ့ ၁၃ မိုင်ကျော်ကျော် ကြိမ်ချောင်းမရောက်ခင် ဇီးပင်အရှေ့ တဲသုံးလုံးမှာ ခလရ ၄၀၆ တပ်ရင်းကို ဗိုလ်မှူး စောအေဝမ်း ဦးစီးတဲ့ DKBA တပ်ဖွဲ့တွေက ကြိုတင် သတင်းရလို့ ချုံခိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်တယ်လို့ ဗိုလ်မှူး စောအေဝမ်းက ပြောပါတယ်။ ခလရ ၄၀၆ တပ်ရင်းဟာ လူနာတွေ ထမ်းဖို့အတွက် တဲသုံးလုံးမှာ ပေါ်တာ အထမ်းသမားတွေ လိုက်လံဖမ်းဆီးနေတယ်လို့ မျက်မြင်သက်သေ မော်တော်ဆိုင်ကယ် အငှားသမားတဦးက ပြောပါတယ်။

အဲဒီလို နယ်ခြားစောင့်တပ်ဖွဲ့ကို လက်မခံတဲ့ ဗိုလ်မှူးကြီး စောနော်တရာနဲ့ ဗိုလ်မှူး စောအေဝမ်း ဦးစီးတဲ့ DKBA ၉၀၆ တပ်ရင်းနဲ့ စစ်အစိုးရတို့ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဘုရားသုံးဆူမြို့ အတွင်းမှာ လုံခြုံရေးတွေ အထူးတင်းကျပ်နေတယ်လို့ မြို့ခံတဦးက အခုလို ပြောပါတယ်။

“ညမထွက်ရတော့ မဟုတ်ဘူး၊ သူတို့ ကြေညာထားတာမျိုး အခု ရပ်ကွက်အတွင်းရှိ လုပ်သားပြည်သူ အပေါင်းတို့၊ ဒီ သူတို့ လုံခြုံရေးအရပေါ့နော်၊ မော်တော်ကားများသည် မသင်္ကာဖွယ်ရာ တကယ်လို့ သည်းညည်းခံဖို့၊ ရပ်ပြီးတော့ အစစ်ဆေးခံဖို့၊ မောင်းမပြေးကြဖို့နော်။ တကယ်လို့ မောင်းပြေးလို့ ဆိုင်ကယ်တွေ ကားတွေ မောင်းပြေးလို့ ပစ်ခတ်မိရင် ဒီတပ်ကနေပြီးတော့ လုံးဝ တာဝန်ယူမှာ မဟုတ်တဲ့ အကြောင်းပေါ့နော် သူတို့ လိုက်ကြေညာတယ်။

“ဥပမာ ချောင်ကြိုချောင်ကြားမှာရှိတဲ့ သွားလာတဲ့ လူတွေလည်း အဲဒီလိုမျိုးပေါ့၊ အစစ်ဆေးခံဖို့၊ တကယ်လို့ မသင်္ကာဖွယ်ရာ ခရီးသွားလာတာတို့ ဖြစ်ရင် သူတို့ ပစ်မယ် ခတ်မယ်ပေါ့၊ သူတို့ တာဝန်မယူဘူးပေါ့။ ဟို ၁၄၄ တော့လည်း မဟုတ်ဘူး။ မသင်္ကာဖွယ်ရာတွေ့ရင် ပစ်ခတ်မယ်ဆိုတဲ့ သဘောပေါ့။ သူတို့ ညပိုင်းတချက်တော့ ကင်းတွေလှည့်တယ်။ ရပ်ကွက်ထဲမှာလည်း သူတို့ရဲဘော်တွေ တွေ့တယ်၊ အမှောင်ထဲမှာ ရဲဘော်တွေ စောင့်နေတယ်။ လေးငါးယောက်တဖွဲ့ အဲဒီလိုမျိုးပေါ့။ ပတ်ပတ်လည် ဝိုင်းပြီးတော့ စောင့်နေတယ်။ ညဘက် စစ်ကား ၃ စီးနဲ့ သူတို့ လှည့်နေတယ်။ ရဲတွေရော ရဲဘော်တွေရော အကုန်လုံးပေါ့။”

ဗိုလ်မှူးကြီး စောနော်တရာ ဦးစီးတဲ့ DKBA တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ဘုရားသုံးဆူမြို့ကို ဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့ပြီး စစ်အစိုးရ တပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။ အဲဒီတိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည် ၁၀,၀၀၀ ကျော် ထိုင်းဘက်ခြမ်းနဲ့ တခြား လွတ်မြောက်ရာ ဒေသတွေဘက်ကို တိမ်းရှောင် ထွက်ပြေးနေခဲ့ရပါတယ်။ အခုခါမှာတော့ နယ်မြေ တည်ငြိမ်မှု ရှိစပြုပြီ ဆိုပေမဲ့ လုံးဝ စိတ်ချရတဲ့ အနေအထားမျိုး မရှိဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။ အခုလို တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတဲ့အပေါ် ဘုရားသုံးဆူမြို့ခံ တဦးက အခုလို ပြောပါတယ်။

“တိုက်ပွဲတွေ ဖြစ်တော့လည်း ကျနော်တို့ ဒီမှာ သူတို့ပစ်တာက တဘက်နဲ့ တဘက် ထိကြတာ မဟုတ်ဘူး၊ ပြည်သူတွေဘက် သွားကျတယ်။ အခု နဂါးတောင်က ပစ်တာလည်း မြို့ထဲပဲ ပစ်ထည့်တယ်။ DKBA ကလည်း ဝင်တာ မြို့ထဲကိုပဲ။ အကုန်လုံးကလည်း မြို့ထဲကလူတွေပဲ အထိနာနေကြတော့ အကုန်လုံးက စိတ်ပူတယ်။ ဖြစ်လာတော့ အဲဒီလိုပဲ၊ ဖြစ်လာတော့ အကုန်လုံး ပစ်ပြီး ပြေးရတာပဲ ဒီမှာတော့။ ပြေးတဲ့နေရာကလည်း သိပ်ပြီးရှိတာ မဟုတ်ဘူး။ အဲဒါကြောင့်ပေါ့၊ ဖြစ်နိုင်ရင် မဖြစ်စေချင်ဘူး။

“ဘာမှလည်း သူတို့အတွက် အကျိုးရလဒ် သိပ်ရှိတာ မဟုတ်ဘဲ။ ဒီမှာက စီးပွားရေးလုပ် နယ်မြေပဲ။ သူတို့လည်း ထိထိရောက်ရောက် လုပ်ရင်တော့ တမျိုးပေါ့။ တောထဲ တောင်ထဲမှာပစ်ရင် အကြောင်းမဟုတ်ဘူး။ မြို့ထဲမှာပစ်တာ အဲဒါ စိတ်ညစ်ရတယ်၊ ပြေးရ လွှားရတာနဲ့။”

ဒီလို ဘုရားသုံးဆူမြို့ကို ၀င်ရောက် သိမ်းပိုက်တာဟာ နိုဝင်ဘာလ ၇ ရက်က စစ်အစိုးရက ကျင်းပပြုလုပ်တဲ့ အထွေထွေ ရွေးကောက်ပွဲကို ကန့်ကွက် ဆန့်ကျင်တဲ့ အနေနဲ့ ၀င်ရောက်သိမ်းပိုက်ခြင်း ဖြစ်တယ်လို့လည်း DKBA ဘက်က ပြောပါတယ်။

အခုအနေအထားမှာတော့ ဘုရားသုံးဆူမြို့နဲ့ ပတ်ဝန်းကျင် ဒေသမှာ မြန်မာစစ်အစိုးတပ်ကနေ တပ်အင်အား ၅ ရင်း ထပ်ဖြည့်ထားပြီး ခွဲထွက်သွားတဲ့ DKBA တပ်တွေနဲ့ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ တပ်တွေနောက်ကို လိုက်လံ ထိုးစစ်ဆင်နေတဲ့ အခြေအနေကြောင့် တိုက်ပွဲတွေ ထပ်မံ ပြင်းထန်လာဦးမယ်လို့ ထိုင်းနယ်စပ် စစ်ရေးအကဲခတ်သူတွေက ပြောပါတယ်။

တောတွင်း လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့လည်း တောတွင်း ပြောက်ကျားစစ်ဆင်ရေး သာမက မြို့တွင်း ပြောက်ကျားစနစ်ပါ လုပ်ဆောင်လာနိုင်မယ့် အနေအထားမှာ ရှိတဲ့အတွက် မြို့ခံပြည်သူတွေရဲ့ လုံခြုံရေးဟာ အာမခံချက် မရှိနိုင်သေးသလို တကယ်လို့ တိုက်ပွဲပြင်းထန်လာရင် စစ်ပြေးဒုက္ခသည်တွေ ပိုပြီး တိုးလာမယ့် အနေအထားမှာ ရှိနေတယ်လို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။

အလားတူ မြဝတီမြို့နယ် ဖလူးနဲ့ ဝေါ်လေဒေသတွေ ဘက်မှာလည်း ဗိုလ်မှူးချုပ် စောလားပွယ် ဦးစီးတဲ့ DKBA တပ်ဖွဲ့တွေနဲ့ စစ်အစိုးရတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ရွာသားတွေ အများအပြား နေရပ်ကို တိမ်းရှောင်ပြီး ထိုင်းနယ်မြေထဲကို ဒုက္ခသည်အဖြစ် ဝင်ရောက်လာမှုတွေ ရှိနေပါတယ်။

ဒါ့အပြင် နယ်ခြားစောင့်တပ်ဖွဲ့ကို လက်မခံ ငြင်းပယ်ခဲ့တဲ့ တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၆ ဖွဲ့ကလည်း စစ်အစိုးရ အနေနဲ့ ထိုးစစ်ဆင်လာရင် အပြန်အလှန် စစ်ရေးအရ အကူညီပေးဖို့ တပ်ပေါင်းစုတခု ဖွဲ့စည်းထားတယ်လို့ တပ်ပေါင်းစုအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောပါတယ်။ အခုလို စစ်အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကြားမှာ သဘောထား တင်းမာလာပြီး စစ်ရေးအရ ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ စစ်ရေးအကဲခတ်သူတွေက သုံးသပ်ထားပါတယ်။

Read More...

တိုက်ပွဲသတင်း

ဆုံဆည်းရာ မှ....

ဝါလေဒေသ၊ ဖလူးကျေးရွာအနီး သရက်တပင်ကျေးရွာမှာ နအဖ စကခ ၁၂ လက်အောက်ခံ ခမရ ၂၃၀ တပ်ရင်းနဲ့ ကလိုထူးဘောဗျူဟာ ဗိုလ်မှူးကျော်သက်ဦးဆောင် ဒီကေဘီအေ တပ်များ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။ ယခုအချိန်အထိ တိုက်ပွဲများ တဖက်နဲ့တဖက် ပြင်းထန်စွာ ပစ်ခတ်လျှက်ရှိကြောင်း သိရှိရသည်။

ယမန်နေ့က ဖြစ်ပေါ်ခဲ့သော နအဖ စကခ ၁၂ လက်အောက်ခံ ခလရ ၆၁ နဲ့ ခမရ ၂၃၀ တပ်ရင်းနဲ့ ဒီကေဘီအေ ကလိုထူးဘောဗျူဟာ ဗိုလ်မှူးကျော်သက်ဦးဆောင်တဲ့ တိုက်ပွဲများကြောင့် နအဖ စစ်သား ၁၇ ယောက်ကျဆုံးပြီး၊ ၂ ယောက်မှာ အပြင်းအထန် ဒဏ်ရာရသောကြောင့် မဲဆောက်ဆေးရုံသို့ ပို့ဆောင် ကုသနေတယ်လို့ သိရှိရသည်။ ဒီကေဘီအေ ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။

မြန်မာဘက်ခြမ်း မြ၀တီနဲ့ ကီလိုမီတာ ၂၀ အကွာ ဖလူးကျေးရွာဘက်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် ထိုင်းနိုင်ငံ ဖတ်ဖရမြို့နယ် မော်လီချိုင်းကျေးရွာနှင့် ကပ်လျှက် မယ့်ကူကေးကျေးရွာသို့ ဒုက္ခသည် ၄၀၀၀ ကျော်ခန့် လာရောက် ခိုလှုံနေတယ်လို့ သိရပါတယ်။ လောလောဆယ် စစ်ပြေးဒုက္ခသည်များကို မယ့်ကူကေးကျေးရွာ ဘုန်းကြီးကျောင်းဝင်းထဲတွင် ထားရှိကြောင်း သိရှိရသည်။

Read More...

လူမဆန်မှုသတင်း

News

Read More...

ကရင်တပ်ဖွဲ့နှင့် ဖြစ်ပွားသည့် တိုက်ပွဲတွင် နအဖ ၃၀ဦးကျဆုံး

KIC သတင်းမှ....

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ဘက်ပိုင်းတွင် ကရင်တပ်ဖွဲ့မှ နအဖနှင့် နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းတပ်တို့ကို ချုံခိုတိုက်ခိုက်ခဲ့ရာ နအဖဘက်မှ (၃၀)ဦး ကျဆုံးခဲ့ပြီး လက်နက် (၃၀)လက် ကရင်တပ်ဖွဲ့မှ သိမ်းဆည်းရမိသည်ဟု သိရ သည်။

ယမန်နေ့ နေ့လည်ပိုင်းတွင် ကော့ကရိတ်အခြေစိုက် နအဖ စကခ(၁၂) လက်အောက်ခံ ခလရ(၂၃၁)တပ်ရင်းနှင့် BGF (၁၀၁၆)တပ်ရင်းတို့ ပူးပေါင်းတပ်ဖွဲ့အား တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(ဒီကေဘီအေ) ကလိုထူး ဘောဗျူဟာ(၁)နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ) တပ်ရင်း(၁၈)တို့ပူးပေါင်း၍ ခုဒုံနှင့် အောင်လိုင်ကျေးရွာ ကြားတနေရာတွင် ချုံခိုတိုက်ခိုက်ခဲ့သည်ဟု ဒီကေဘီအေ ကလိုထူးဘောဗျူဟာ(၁) စစ်ဆင်ရေးမှူး G2 ဗိုလ်မှူးစောဆန်းအောင်က ယခုလို ပြောသည်။



၎င်းက “မနေ့က နေ့လည် ၁၂း၀၀နာရီအချိန်မှာ ခုဒုံနဲ့ အောင်လိုင်ကြားက တောင်ကြားတနေရာမှာ တက်လာတဲ့ နအဖနဲ့ BGF စစ်ကြောင်းကို ကျနော်တို့တပ်ဖွဲ့က အပိုင်နေရာယူထားပြီးတော့ စောင့်ပစ်တယ်။ အဲဒီမှာ နအဖနဲ့ BGF တွေရဲ့ အလောင်း ၃၀ နဲ့ လက်နက်အလက် (၃၀)ကို ကျနော်တို့ဘက်က ကောက်ရခဲ့တယ်။”ဟု ကေအိုင်စီကို အတည်ပြုပြောကြားသည်။
အဆိုပါ ချုံခိုတိုက်ပွဲတွင် ကရင်တပ်ဖွဲ့ဘက်ကလည်း ထိခိုက်ဒဏ်ရာရမှု အနည်းငယ် ရှိခဲ့ပြီး နအဖနှင့် BGF တို့ထံမှ 81၊ 82၊ RPG၊ M1၊ M2 စသည့်လက်နက်များ အပါအ၀င် ကျည်ဆံတချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဗိုလ်မှူးစောဆန်းအောင် က ပြောသည်။
ထို့အပြင် မြ၀တီခရိုင် ဝေါ်လေဒေသ၊ ဖလူးကျေးရွာတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ရက်နေ့ည (သောကြာနေ့)မှစ၍ ယနေ့အ ချိန်ထိ နအဖ စစ်တပ်နှင့် ကရင်တပ်ဖွဲ့ဝင်တို့ကြား အပြန်အလှန် ပစ်ခတ်ခဲ့ရာ နအဖဘက်က ၁ဦး သေဆုံးကာ ၂၅ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ကရင်တပ်ဖွဲ့မှ ၁ဦး အနည်းငယ် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုပစ်ခတ်မှုများကြောင့် ဖလူးကြီး၊ ဖလူးငယ်၊ ကျောက်ခက်စသည့်ကျေးရွာမှ ဒေသခံ ကရင်ပြည်သူ ၁,၀၀၀ကျော် ထိုင်းနိုင်ငံ၊ ဖို့ဖရမြို့နယ်အတွင်းရှိ နယ်စပ်နေရာများသို့ ထွက်ပြေးခိုလှုံခဲ့ရသည်။
အလားတူ ဘုရားသုံးဆူမြို့နယ်ခွဲရှိ တဲသုံးလုံးနှင့် ဇီးပင်ကျေးရွာကြားတွင် နအဖ ခမရ(၄၁၀)နှင့် ဒီကေဘီအေ ဒုဗိုလ်မှူးကြီး စောအေ၀မ်းတပ်ဖွဲ့တို့ ပြောက်ကျားတိုက်ပွဲ ဖြစ်ပွားခဲ့ရာ နအဖဘက်မှ ၂ဦး ပွဲချင်းပြီး ကျဆုံးသွားခဲ့ကြောင်း သိရသည်။

နယ်ခြားစောင့်တပ် အမှတ်(၁၀၁၆)တပ်ရင်းကို ဦးစီးသူမှာ ဗိုလ်မှူးစောမြတ်ခိုင်ဖြစ်ပြီး ယခင် ဒီကေဘီအေ တပ်မဟာ(၉၉၉) လက်အောက်ခံ တပ်ရင်း(၃)၏ တပ်ရင်းမှူးဖြစ်သည်။

Read More...

ဖာပွန်ခရိုင်တွင် ရွှေတူးလုပ်ငန်း တိုးချဲ့လုပ်ဆောင်ရန် KNU လက်မခံ

KIC သတင်းမှ......

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ်ရှိ မဲ့ကလယ့်လော်ချောင်းတွင် ရွှေလာရောက်တူးဖော်ခဲ့သည့် ကုမ္ပဏီများက ထို ဒေသရှိ နောက်ထပ် ချောင်းနှစ်ချောင်းဖြစ်သည့် မယ်တိုးချောင်းနှင့် မယ်ဝေချောင်းတို့ကိုပါ လာမည့် ၂၀၁၁ အတွင်း ရွှေလုပ်ငန်း များ ထပ်မံ တိုးချဲ့မည့် အစီအစဉ်ကို လက်မခံနိုင်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ဆိုသည်။

ယခု နိုဝင်ဘာလ ပထမအပတ်တွင် ရွှေလာရောက်တူးဖော်ခဲ့သည့် ကုမ္ပဏီမှ ကိုယ်စားလှယ်များက အဆိုပါဒေသ၌ လှုပ်ရှားနေ သည့် KNLA တပ်ဖွဲ့နှင့် လာရောက်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း ဖာပွန်ခရိုင်ရှိ KNLA တပ်မဟာ(၅)၏ ရုံးထိုင်မှူး ဗိုလ်မှူးစောက လယ်ဒို့က ကေအိုင်စီကို ယခုလို ရှင်းပြသည်။

“ရွှေလုပ်ငန်းတိုးချဲ့ဖို့ဆိုပြီး ကျနော်တို့ကို လာတွေ့တာ နှစ်ခါရှိပြီ။ ပြီးခဲ့တဲ့ ၇လပိုင်းတုန်းက တခါနဲ့ အခုလ အစောပိုင်းမှာ တခါ ပေါ့။ ဒါပေမဲ့ ကျနော်တို့ဘက်က လက်မခံသေးဘူး။ လက်ခံလိုက်ရင် အဲဒီဒေသက ပတ်ဝန်းကျင်ပျက်စီးမှုတွေ များလာမယ်။ နောက် ပြည်သူတွေလည်း ဒုက္ခရောက်မယ်။ ဒါကြောင့် လက်ခံဖို့အတွက်က စဉ်းစားရအုံးမယ်။”ဟု ၎င်းက ဆိုသည်။

ယင်းသို့ လာရောက်ညှိနှိုင်းသည့် ရွှေတူးကုမ္ပဏီ ကိုယ်စားလှယ်များမှာ ကိုချိုနှင့် ဦးရဲထွန်းတို့ဖြစ်ကြောင်း ဗိုလ်မှူးစောကလယ် ဒို့က ဆက်လက်ပြောဆိုသည်။

သူက “ရွှေလာတူးခဲ့တုန်းက ကုမ္ပဏီတွေက မြဌေးကြွယ်နဲ့ ချစ်လေးမြိုင်နဲ့ အခြားကုမ္ပဏီတွေပေါ့။ သူတို့(ကုမ္ပဏီ) မြတ်တယ်လို့ တော့ ကြားတယ်။ ဘယ်လောက်မြတ်လဲဆိုတာ ကျနော်တို့ တိတိကျကျ မသိပါဘူး။ မြတ်လို့ပဲ လုပ်ငန်းထပ်တိုးချဲ့တယ်လို့ ထင် တယ်။”ဟု ဆက်ပြောသည်။

အဆိုပါ ရွှေတူးဖော်ရေးလုပ်ငန်းကြောင့် ထိုဒေသရှိ မဲချို၊ ၀င်းမောင်း(ဝေါမူ)၊ မလေးကျောက်(မလေးလယ်) ကျေးရွာအုပ်စုရှိ ရွာ သားများ၏ လယ်ယာဧက ၄၀၀ရှိ လယ်ကွင်း ၈၅ကွင်း ပျက်စီးသွားခဲ့ကြောင်း ကေအဲန်ယူ၊ ဖာပွန်ခရိုင်၏ မှတ်တမ်းများအရ သိ ရသည်။

၎င်းအပြင် ရွှေတူးကုမ္ပဏီများ ထပ်မံ၍ ရွှေတူးဖော်လိုသည့် မဲတိုးချောင်းနှင့် မဲဝေချောင်းတစ်လျှောက်ရှိ ၀င်းမောင်းနှင့် မလေး ကျောက်ကျေးရွာအုပ်စုတွင် ရွာပေါင်း ၃၀ ၀န်းကျင်ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် မေလလဆန်းပိုင်းမှစ၍ ရွှေတူးဖော်ရေးလုပ်ငန်းကို ရပ်တန့်ထားသော်လည်း လက်ရှိအချိန်တွင် အင်အား ၂၀၀ကျော် ရှိ နယ်ခြားစောင့် အမှတ်(၁၀၁၃)တပ်ရင်းက လုံခြုံရေး တာဝန်ယူပေးနေသလို KNLA ၏ နယ်မြေခံ (၁၀၂)တပ်ရင်းလည်း ပုံမှန် လှုပ်ရှားလျှက်ရှိသည်။

၂၀၀၉ခုနှစ်၊ အောက်တိုဘာလက ယခင် ဒီကေဘီအေ (၉၉၉)တပ်မဟာ ဗျူဟာမှူး ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သည့် အင် အား ၆၀၀ခန့်ရှိ တပ်မဟာ(၉၉၉)၊့ (၃၃၃)နှင့် (၆၆၆)လက်အောက်ခံ တပ်ရင်းများသည် ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ် မယ်က လယ့်လော်ချောင်းတွင် ရွှေတူးဖော်ရေး စက်ပစ္စည်းများ၊ ထရပ်ကားများနှင့် ရောက်ရှိလာပြီး ကုမ္ပဏီအချို့နှင့်အတူ ရွှေတူးလုပ် ငန်း စတင်လုပ်ကိုင်ခဲ့သည်။

Read More...

တိုက်ပွဲသတင်း

ဆုံဆည်းရာ မှ....

သတင်း
ညနေ(၄ နာရီ) ဝေါလေဒေသ၊ ဖလူးကျေးရွာအနီး တဂေါ်ကျိုးမှာ နအဖ တပ်များနဲ့ နယ်ခြားစောင့်များ အင်အား ၁၀၀ နီးပါး ဒီကေဘီအေ တပ်များနဲံ့ တိုက်ပွဲဖြစ်နေကြောင်း သိရှိရပါတယ်။

နံနက်(၈ နာရီ) ထိုင်းနိုင်ငံ ဖတ်ဖရမြို့နယ် မော်လီချိုင်းကျေးရွာနှင့် ကပ်လျှက် မယ့်ကူကေးကျေးရွာသို့ မြန်မာပြည်ဘက်ခြမ်း ဝေါလေဒေသ၊ ဖလူးကျေးရွာမှ ဒုက္ခသည် ၁၀၀၀ ကျော်ခန့် ယမန်နေ့နေ့လည်ပိုင်းက လာရောက် ခိုလှုံနေတယ်လို့ သိရပါတယ်။ ယမန်နေ့က နအဖ စစ်တပ် စကခ(၈) လက်အောက်ခံ ခလရ(၆၂)တပ်ရင်းနဲ့ နယ်ခြားစောင့်တပ်များ အင်အား ၁၀၀ ကျော်နဲ့ ကနဲလေးဘက်သို့ စစ်ကြောင်းထွက်လာသည့်အတွက် ဒီကေဘီအေနဲ့ တိုက်ပွဲများ ထပ်မံဖြစ်ပွားလာနိုင်သောကြောင့် စစ်ပြေးဒုက္ခသည်အဖြစ် ထိုင်းနိုင်ဘက်ခြမ်းသို့ ထွက်ပြေးခိုလှုံကြောင်း သိရှိရပါတယ်။

Read More...

RSS Feed ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကို နေရာပြောင်း

VOA သတင်းမှ.....

နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ စစ်ကောင်စီအတွင်းရေးမှူး (၁) ထောက်လှမ်းရေးမှူးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီတို့ တွေ့ဆုံ ဆွေးနွေးကြတာတွေကို ရိုက်ကူးထားတဲ့ ဗွီဒီယိုတခုဟာ နာမည်ကျော် Facebook စာမျက်နှာကတဆင့် ပြည်ပရောက် မြန်မာနိုင်ငံသားတွေအကြား အင်တာနက်ပေါ်မှာ ပြန့်နှံ့နေပါတယ်။ ဘယ်တုန်းက တွေ့ကြတယ်ဆိုတဲ့ရက်ကို အတိအကျမသိရသလို ဘာတွေဆွေးနွေးကြတယ်ဆိုတာကိုလည်း အသံမပါတဲ့အတွက် မသိကြရပါဘူး။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ရဲ့ ကမ္ဘာအေးဘုရားနားကနေအိမ်မှာ တွေ့ဆုံကြတာဖြစ်ပြီး အဲဒီနောက် သူ့ကို တခြားနေရာတခုကို ခေါ်သွားခဲ့ပါတယ်။ သူ့ကို ဘယ်နေရာကို ရွှေ့လိုက်တာဖြစ်နိုင်တယ်၊ ဘာအတွက်ကြောင့် ရွှေ့လိုက်နိုင်တယ် ဆိုတာတွေကို ဗိုလ်ချုပ်ကြီးခင်ညွန့်လက်အောက်မှာ အမှုထမ်းခဲ့ဖူးတဲ့ စစ်ထောက်လှမ်းရေး အရာရှိဟောင်းတဦးလည်းဖြစ်၊ အမေရိကန်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှာ သံရုံးယာယီတာဝန်ခံအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က အခုလို သုံးသပ်ပြပါတယ်။
“ခေါ်သွားတဲ့နေရာကတော့ နောက်ပိုင်းပေါ့လေ။ ကျနော်တို့ တပ်မ (၁၁) ဧရိယာ ရဲမွန်တပ်နယ်ဘက်မှာ ဆောက်းထားတဲ့ လုံချင်းပေါ့လေ။ Guest house အနေအထားမျိုး ဖြစ်မယ်လို့ ထင်ပါတယ်။ အဲဒီမှာတော့ ကျနော်တို့ အကျဉ်းဦးစီး ညွှန်ချုပ် ဦးဇော်ဝင်း၊ ရဲချုပ် ကိုခင်ရီ ရဲမှူးချုပ်ပေါ့လေ။ ကိုမြင့်သိန်းတို့ကို ကျနော် တွေ့ရမှာဖြစ်ပါတယ်။ ကျနော့်အမြင် ပြောရရင်တော့ အခုချိန်ခါ နိုင်ငံရေးအခင်းအကျဉ်းတွေ အရ၊ ဆိုလိုတာကတော့ တိုင်းရင်းသားအဖွဲ့တွေက ဗိုလ်ချုပ်ခင်ညွှန့်ပြောရင်တော့ လက်ခံတဲ့အနေအထားမျိုး ရှိတယ်လို့ မြင်ပါတယ်။ တဘက်ကလည်း ဒုတိယပေါ့လေ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲန်အယ်လ်ဒီ အမျိုးသားညီလာခံ ပြန်တက်ရောက်ရေးမှာ ညှိနှိုင်းဆွေးနွေးခဲ့တာတွေ ရှိခဲ့ဖူးပါတယ်။ ဒါတွေလည်း တစိတ်တပိုင်းအားဖြင့်တော့ အောင်မြင်ခဲ့တဲ့ အနေအထားမျိုးတွေ ရှိခဲ့တယ်။ အဲဒီတော့ အခု အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတဲ့ လမ်းကြောင်းပေါ့လေ။ ဒီလမ်းကြောင်းပေါ်တက်ဖို့ဆိုတာ ဗိုလ်ချုပ်ကြီးခင်ညွှန့် အနေနဲ့လည်း သူ့အနေနဲ့ ဒီဖြစ်စဉ်တွေမှာ ပံ့ပိုးပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဒီ့အတွက်ကြောင့်လည်း ဗိုလ်ချုပ်ကြီး ခင်ညွှန့်နဲ့ လွတ်လွတ်လပ်လပ် လူကြီးပိုင်း တွေ့ဆုံစကားပြောလို့ရအောင် အခြား တနေရာကို ရွှေ့ပြောင်းသွားတယ်လို့ ကျနော်တော့ အဲဒီလိုပဲ အကောင်းမြင်ပါတယ်ခင်ဗျ။”
ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်အပေါ် လာဘ်စားမှုဆိုင်ရာ စွဲချက်တွေနဲ့ ၂၀၀၄ ခုနှစ်မှာ ထောင်ဒဏ် ၄၄ နှစ် ချမှတ် အပြစ်ပေးခဲ့ပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့အမိန့်နဲ့ နေအိမ်မှာ အကျယ်ချုပ်ချထားတာပါ။ သူဟာ အကျဉ်းချခံထားရသူ ဖြစ်တဲ့အတွက် သူ့ကို အကျဉ်းသားတဦးလိုပဲ ဆက်ဆံရတယ်လို့လည်း ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က ပြောပါတယ်။

Read More...

တိုက်ပွဲဖြစ်ပွားနိုင်သည့်အတွက် ပြည်သူ ၁,၀၀၀ခန့် ထိုင်းဘက်ခြမ်းသို့ ထပ်မံ ထွက်ပြေး

KIC သတင်းမှ......

မြ၀တီခရိုင်၊ ဝေါ်လေဒေသတွင် နအဖနှင့် နယ်ခြားစောင့်တပ်တို့ ပိုမိုရောက်ရှိလာသည့်အတွက် နယ်မြေခံ ကရင်တပ်ဖွဲ့များ နှင့် တိုက်ပွဲအကြီးအကျယ် ဖြစ်ပွားလာနိုင်သည့် အခြေအနေကြောင့် ယနေ့မွန်းလွဲပိုင်းတွင် ဝေါ်လေဒေသရှိ ဖလူးကျေးရွာမှ ပြည်သူ ၁,၀၀၀ခန့် ထိုင်းဘက်ခြမ်းသို့ ထပ်မံ ထွက်ပြေးတိမ်းရှောင်ကြသည်ဟု သိရသည်။

နအဖစစ်တပ်မှ ခလရ(၆၂)နှင့် နယ်ခြားစောင့်တပ်(BGF)များ ပူးပေါင်းသည့် တပ်အင်အား ၁၀၀ကျော်ရှိ တပ်ဖွဲ့သည် ကနဲ လေး၊ ဘုရင့်နောင်ကုန်း စသည့်နေရာများသို့ တက်လာရန် စီစဉ်နေသည်ဟု ဖလူးကျေးရွာတွင် တာဝန်ကျနေသော ကေအဲန် အယ်လ်အေ ဆေးမှူးတဦးက ပြောသည်။

“တိုက်ပွဲဖြစ်နိုင်တဲ့ အခြေအနေမှာဆိုတော့ လောလောဆယ် ရွာသားတွေကို ထိုင်းဘက်ခြမ်းကို ရှောင်ခိုင်းထားတယ်။ အထူး သဖြင့် အမျိုးသမီးနဲ့ ကလေးတွေပေါ့နော်။ ရွာမှာဆို အမျိုးသားတွေ တစ်ယောက်တစ်လေပဲ ကျန်တော့တယ်။”ဟု ပြောသည်။


ယင်းသို့ ဒေသခံပြည်သူများ ထွက်ပြေးရခြင်းမှာ နအဖတပ်နှင့် BGF တပ်ဖွဲ့များ တက်လာမည့် လမ်းကြောင်းတလျှောက်တွင် ဒီကေဘီအေနှင့် ကေအဲန်အယ်လ်တပ်ဖွဲ့ဝင်တို့ တပ်အင်အား အများအပြားဖြင့် စောင့်ကြိုထားသောကြောင့် အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်သည့် အခြေအနေတွင်ရှိသည်ဟု ကေအဲန်အယ်လ်အေဘက်က ပြောသည်။

ယခုလို မိမိကျေးရွာမှ ထွက်ပြေးတိမ်းရှောင်သွားသော ဖလူးရွာသားများသည် ထိုင်းနိုင်ငံ ဖို့ဖရမြို့နယ် မော်လီချိုင်းကျေးရွာနှင့် ကပ်လျှက် မယ့်ကူကေးကျေးရွာတွင် ခိုလှုံနေကြပြီး လောလောဆယ်တွင် ထိုင်းဘက်ခြမ်းရှိ လူမှုကူညီရေးအဖွဲ့တို့မှ လိုအပ် သည်များကို စီစဉ်ဆောင်ရွက်ပေးသည်ဟု မော်လီချိုင်းရွာသားများက ပြောသည်။


ယမန်နေ့ညနှင့် ယနေ့မနက်ပိုင်းတွင် မြ၀တီတောင်ဘက်ခြမ်း၊ မဲ့ထော်သလေးရွာဘက်မှ လက်နက်ကြီးပစ်ခတ်သံများ အနည်း ငယ်ကြားခဲ့ရသော်လည်း မည်သို့ဖြစ်ပွားသည်ကို မသိရှိရကြောင်း မြ၀တီမြို့ခံအချို့က ပြောဆိုနေကြသည်။

Read More...

နယ်ခြားစောင့်တပ်မှ ပိုးကရင် အဆိုတော် ဗိုလ်ထူ့လွီးအွာအား တပည့်ဖြစ်သူက ပစ်သတ်ခဲ့

KIC သတင်းမှ....

မ၀တီမြို့နယ်၊ ရွှေကုက္ကိုကျေးရွာတွင် အခြေစိုက်သည့် နယ်ခြားစောင့်တပ်ရင်း (၁၀၁၈)မှ ဗိုလ်အဆင့်ရှိသူ ပိုးကရင်အဆိုတော် ထူ့လွီးအွာသည် နိုဝင်ဘာလ ၂၂ရက်နေ့တွင် တပည့်ရဲဘော်တစ်ဦး၏ ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့သည်ဟု သိရသည်။

အမည်မဖော်လိုသူ နယ်ခြားစောင့်တပ်မှူးတစ်ဦးက “ဒီလ ၂၂ရက်နေ့ ည ၁၁နာရီ ၁၅မိနစ်မှာ ဗိုလ်ထူ့လွီးအွာကို သူ့တပည့် ရဲဘော်က ပစ်သတ်လိုက်တာ။ သူ အိပ်ပျော်နေတုန်း အဲဒီရဲဘော်က ကင်းစောင့်နေတာ။ အခြားကင်းသမားက အပြင်မှာမို့ မသိ လိုက်ဘူး။ သေနတ်သံကြားလို့ မေးကြည့်တော့ အဲဒီပစ်သတ်တဲ့ရဲဘော်က ကျည်ဆံလွှတ်ထွက်သွားတာလို့ ပြောပြီးနောက် တော့ ထွက်ပြေးသွားတယ်။”ဟု ကေအိုင်စီကို ပြောသည်။

သေနတ်ဒဏ်ရာနှစ်ချက်ဖြင့် သေဆုံးသွားခဲ့သည့် ဗိုလ်ထူ့လွီးအွာမှာ ပိုးကရင် သီချင်းအတော်များများကို ရေးသား၊ သီဆိုကာ ကိုယ်တိုင် သရုပ်ဆောင်ခဲ့သလို နယ်ခြားစောင့်တပ်ဖွဲ့တွင် ယဉ်ကျေးမှုနှင့် မှတ်တမ်းဌာန၌ တာဝန်ယူခဲ့ပြီး ၎င်း၏ဈာပနကို နိုဝင်ဘာလ ၂၄ရက်နေ့က ပြုလုပ်ခဲ့ပြီးဖြစ်သည်။

၎င်းအား ပစ်သတ်ခဲ့သူ ရဲဘော်ကို ယခုအချိန်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ဖမ်းဆီးလိုက်ပြီးဖြစ်ကြောင်း ရွာခံအချို့နှင့် နယ်ခြားစောင့်တပ်မှ အခြားတပ်မှူးတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ပြစ်မှုကျူးလွန်သူ အဆိုပါရဲဘော်မှာ သေဆုံးသူ ဗိုလ်ထူ့လွီးအွာနှင့် ဆွေမျိုးတော်စပ်သူဖြစ်ပြီး ဦးဏှောက်မမှန်သည့်အတွက် ယခုလို ပြုလုပ်ခြင်းဖြစ်သည်ဟု ရွှေကုက္ကိုကျေးရွာမှ ရွာခံများက ပြောဆိုနေကြသည်။

အဆိုပါနယ်ခြားစောင့်တပ်အမှတ် (၁၀၁၈)၏ တပ်ရင်းမှူးမှာ ဗိုလ်မှူးစောမောင်ဝင်း ဖြစ်သည်။

Read More...

စစ်ဗိုလ်ချုပ်ကြီးများအား နိုင်ငံတကာခုံရုံးသို့ ပို့မည့် အစီအစဉ်ကို ဒေါ်အောင်ဆန်းစုကြည် လက်မခံ

ဘယ်လိုသဘောထားလိုက်တာလဲ...ဒီ နအဖ ဖစ်ဆစ်ရဲ့ လူ့အခွင့်အရေးချိုးဖောက် မိုက်ရိုင်းတာကိုနိုင်ငံတကာခုံရုံးတင်ပို့ မှုကိုဒေါ်စုကလက်မခံဘူးဆို တော့တိုင်းရင်းသားလူမျိုးများအတွက် စဉ်းစားစရာတွေဖြစ်ကုန်ပြီး....အင်မတန်လူမဆန်ကမ်းကုန်မိုက်ကန်းတဲ့ ဒီဖစ်ဆစ် နအဖ ကိုသွားပြီးစေတနာ ဂရုဏာရှိနေတော့ ခံခဲ့ရတဲ့ ခံနေရဆဲ လူမျိုးတိုင်းရင်းသားတွေအတွက်ထည့်စဉ်းစားပါဦး...

Freedom News Group မှ.......
လူ့အခွင့်အရေး ချိုးဖေါက်မှုများကြောင့် မြန်မာနိုင်ငံမှ အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးများအားကုလသမဂ္ဂလက်အောက်ခံနိုင်ငံတကာရာဇ၀တ်ခုံရုံးသို့ တင်ပို့ တရာစွဲ ဆိုမည့် အစီအစဉ်ကိုလက်မခံနိုင်ကြောင့် ဒေါ်အောင်ဆန်းစုကြည်က New York Time သတင်းစာ နှင့်တွေ့ဆုံမေးမြန်း
ခန်းတွင် ပြောဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်က နအဖစစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖေါက်မှုများအတွက်နိုင်ငံတကာရာဇ၀တ်ခုံရုံးမှာတင်ဖို့ ပြည်ပရောက်အတိုက်အခံ တွေရဲ့ကြိုးစားမှုကို သူမအနေဖြင့် ဘယ်တုန်းကမျှ မထောက်ခံခဲ့ကြောင်းပြောကြားခဲ့သည်။ “ကျမဘယ်တုန်းကမှ သူတို့ကို နိုင်ငံတကာခုံရုံးတင်ဖို့မပြောခဲ့ပါဘူး။ ကျမအနေနဲ့ ဒီကိစ္စကြောင့် သူတို့အတွက်လှုံခြုံမှု၊ကြောက်ရွှံ့စိုးရိမ်မှုတခုဖြစ်ရမှာကို မလိုလားပါဘူး။ ပြီးတော့ ကျမတို့ဟာ သူတို့နဲ့ပုဂ္ဂိုလ်ရေးအရဘာပြဿနာမှမရှိသလို၊ ကျမအနေနဲ့ သူတို့ကိုမကောင်းကြံဖို့စိတ်ထားမျိုးလည်း မရှိတာကတော့အမှန်ပါ။

ထို့အပြင် ဆက်လက်၍ သူမက နိုင်ငံတကာက မြန်မာ့အရေးကို ထောက်ခံသူများ ပြောဆိုနေကြသောအစိုးရအပြောင်းအလဲနှင့် ပတ်သက်၍ လည်း သဘောမတူ ကြောင်းပြောဆိုခဲ့သည်။ “အခြေခံတန်ဖိုးပါပြောင်းမှ ဖြစ်မှာပါ။ အခြေခံတန်ဖိုး မပြောင်းသေးလျှင် အစိုးရတွေ တစ်ခုပြီး တစ်ခုပြောင်းလဲသော်ငြားလည်း ဘာမှ အကျိုးထူးမှာ မဟုတ်ပါဘူး။ အစိုးရအပြောင်းအလဲဆိုတာယာယီသဘောပါ။ အခြေခံတန်ဖိုးထားမှုတွေပါ ပြောင်းမှ ရေရှည်သဘောကို ဆောင်မှာပါ။ကျမတို့က ကျမတိုတိုင်းပြည်အတွက် တန်ဖိုးထားမှု စံတွေကိုသာ ပြောင်းလဲစေချင်တာပါ´´ ဟု
ဒေါ်အောင်ဆန်းစုကြည်ကပြောပြခဲ့ပါတယ်။

US Campaign for Burma၊ Burma Campaign UK။ Burma Democratic Concern နှင့်Burma Partnership တို့ကဲ့သို့သော ပြည်ပရောက် မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူများကမြန်မာစစ်ဗိုလ်ချုပ်ကြီးများကို နိုင်ငံတကာ ခုံရုံးသို့ ပို့ဆောင်နိုင်ရန် အားထုတ်ကြိုးပမ်းခဲ့ကြပြီးယခု နောက်ဆုံးအနေနှင့် ကုလသမဂ္ဂ ဦးဆောင်သည့် စုံစမ်းစစ်ဆေး ရေး ကော်မရှင်Commission of Inquire (CoI) ကိုဖွဲ့စည်းရန် အပြင်းအထန် အားထုတ်ကြိုးပမ်းခဲ့ကြသည်။
အဆိုပါ CoI ကို အနောက်နိုင်ငံတချို့ကသာ ထောက်ခံခဲ့ကြပြီး မြန်မာ့အိမ်နီးချင်းနိုင်ငံများနှင့်ဂျာမနီ နိုင်ငံတို့က မထောက်ခံနိုင်ကြောင့် တရားဝင်ပြောဆိုထားသည်။

Read More...