မဲပုံးသယ်လာသည့် နအဖ စစ်တပ် အပစ်ခံရ၍ ၂ဦးသေ ၃ဦး ဒဏ်ရာရရှိ

KIC သတင်းမှ......

အောက်တိုဘာလ ၂၇ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ရွေးကောက်ပွဲအတွက် တောင်စွန်းရွာမှ ချောင်းဆုံရွာသို့ မဲပုံးသယ်ယူလာသည့် နအဖ စစ်တပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ)က ယမန်နေ့ မနက် ၁၀း၄၀နာရီအချိန် ၌ ချုံခိုတိုက်ခိုက်ခဲ့ရာ နအဖ တပ်သား ၂ဦးသေဆုံး ၃ဦး ဒဏ်ရာရရှိခဲ့သည်ဟု စုံစမ်းသိရှိရသည်။

ဒု-ဗိုလ်မှူးကြီး မျိုးမြင့်အောင် ဦးဆောင်ပြီး အင်အား ၆၀ခန့်ရှိ အဆိုပါ နအဖ စစ်ကွပ်ကဲရေးဌာနချုပ်(၈)လက်အောက်ခံ ခမရ (၄၀၅)တပ်ရင်း စစ်ကြောင်း(၁)သည် လာမည့် နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲပုံးသယ်လာခဲ့ ရာ အာပလုံနှင့် လှိုင်သာယာရွာကြားတွင် ကေအဲန်အယ်လ်အေ တပ်ရင်း(၁၆)က ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကေအဲန်အယ်လ်အေ တပ်မဟာ(၆)မှ ပြောခွင့်ရသူ ဗိုလ်မှူးစောထဲနေက “ကေအဲန်အယ်လ်အေ တပ်ရင်း(၁၆)က ကျနော်တို့ ကို သတင်းပို့ချက်အရတော့ နအဖ ၂ယောက် ကျဆုံးပြီး ၃ယောက် ဒဏ်ရာရတယ်ဆိုတာ ဟုတ်ပါတယ်။ ဒီနယ်မြေမှာ လှုပ် ရှားနေတဲ့ နအဖတပ်ကိုတော့ လစ်ရင်လစ်သလို အမြဲတိုက်ခိုက်တာပဲ။ ဒီမနက်မှာလည်း တပွဲ ထပ်ဖြစ်သေးတယ်လို့ ကြား တယ်။ ထိခိုက်မှုကတော့ ဘာမှ အကြောင်းပြန်ကြားလာတာ မရှိသေးဘူး။”ဟု ကေအိုင်စီကို အတည်ပြုပြောဆိုသည်။

အပစ်ခံရသည့် နအဖ စစ်တပ်မှ တပ်ဖွဲ့ဝင် ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်အယ်လ်အေဘက်က ပြောသော်လည်း အဆိုပါစစ်တပ် အသိုင်းအ၀ိုင်းဘက်မှ ၎င်းတို့ ရဲဘော် ၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုပြောကြောင်း အမည်မဖော်လိုသူ ကြာ အင်းဆိပ်ကြီးမြို့နယ်မှ ဒေသခံတဦးက ဆိုသည်။

သူက “သူတို့(နအဖ) စစ်တပ်အရာရှိပြောတာတော့ အဲဒီအတိုင်းပဲ။ သူတို့လာတာက မဲပုံးကြောင့်ပါ။ ရွေးကောက်ပွဲကျရင် ဘုရားသုံးဆူမှာ မဲထည့်ရမယ်လေ။ မဲပုံးမရှိသေးတဲ့အတွက် သူတို့(နအဖ)က မဲပုံးသယ်လာတာ အပစ်ခံရတာပဲ။ သူတို့ သယ် လာတဲ့ မဲပုံးက ၅ပုံးပေါ့နော်။ တပုံးက ချောင်းဆုံမှာ၊ လေးပုံးက ဘုရားသုံးဆူမှာလို့ ကြားတယ်။”ဟု ရှင်းပြသည်။

ယမန်နေ့က တောင်စွန်းရွာမှ ချောင်းဆုံရွာသို့ တက်လာသည့် အဆိုပါ နအဖ ခမရ(၄၀၅) တပ်ရင်းသည် ကြာအင်းဆိပ်ကြီးမြို့ နယ်အတွင်းရှိ ရွာသားများကို လမ်းပြအဖြစ် ခေါ်ယူမှုများရှိခဲ့ပြီး ကွီးကချောကျုရွာ၌ ကေအဲန်ယူ သစ်တောအရာရှိတစ်ဦးကို ဖမ်းဆီးသွားခဲ့သည်ဟု သိရသော်လည်း ကေအဲန်ယူမှ တရားဝင် သတင်းထုတ်ပြန် မရှိသေးပါ။

အင်အား ၁၀၀ကျော်ရှိသည့် နအဖ စကခ(၈) လက်အောက်ခံ ခမရ(၄၀၅)တပ်ရင်း၏ စစ်ကြောင်း(၁)နှင့် (၂)တို့မှာ ချောင်းဆုံ ရွာတွင် အခြေစိုက်လျှက်ရှိပြီး ယခု မဲပုံးသယ်ယူလာသည့် တပ်ဖွဲ့မှာ စစ်ကြောင်း(၁)တပ်ဖွဲ့ဖြစ်သည်။

Read More...

စစ်အာဏာရှင်တို့ ညူကလီးယားပိုင်ဆိုင်ရေးအတွက် တိုးမြင့်လုပ်ဆောင်

Freedom News Group မှ....

မြန်မာစစ်အာဏာရှင်တို့ဟာ အဆင့်မြင့်ညူကလီးယားလက်နက်ပိုင်ဆိုင်နိုင်ရေးအတွက် မြောက်ကိုရီးယား အဆင်မြင့်သိပညာရှင်များအကူအညီဖြင့် အရှိန်မြင့်ဆောင်ရွက်နေကြောင်းသတင်းများထွက်ပေါ်နေသည်။

နော်ဝေးနိုင်ငံအခြေစိုက်ဒီမိုကရက်တစ်မြန်မာ့အသံမှမြန်မာ့စစ်အာဏာရှင်တို့ညူကလီယားပိုင်ဆိုင်မှုကြိုးပမ်းချက်လျို့ ၀ှက်မှတ်တမ်းများကိုပြီးခဲ့သည့် ဂျွန်လကနိုင်ငံတကာကိုထုတ်လွှင့်တင်ပြခဲ့သည်။ထိုထုတ်လွှင့်ခဲ့သော မှတ်တမ်းဓါတ်ပုံများ၊စာတမ်းများအရနိုင်ငံတကာညူကလီးယားစွမ်းအင်အေဂျင်စီမှဒါရိုက်တာဟောင်းရောဘတ်ကယ်လီကညူကလီယားထုတ်လုပ်မှုကြိုးပမ်းနေသည်မှာမှန်ကန်ကြောင်းအတည်ပြုပြောဆိုခဲ့သည်။မြန်မာစစ်အဏာရှင်တို့ဟာ မြေအောက်ဥမင်များအတွင်းတွင် မြောက်ကိုရီးယားနည်းပညာဖြင့် ထုတ်လုပ်နိုင်ဖို့ကြိုးစားနေကြောင်း၊ မြန်မာစစ်အစိုးရ ကြိုးစားနေမှုများသည်တိုးတက်ကောင်းမွန်သည့်အဆင့်ကိုတော့မရောက်သေးကြောင်းထိုင်းနိုင်ငံသတင်းထောက်များအသင်းတွင် အင်္ဂါံနေ့ကပြောဆိုလိုက်သည်။

ကယ်လီကဆက်လက်ပြီး မြန်မာ့ ညူကလီယားထုတ်လုပ်နိုင်ဖို့အစီအစဉ်ကို အတွေ့အကြုံရှိပြီးသောနိုင်ငံတခုက နည်းပညာ၊ကျွမ်းကျင်ပညာရှင်များလိုအပ်သောပစ္စည်းများကိုကူညီပံပိုးပေးရင်တော့မြန်မြန်ဆန်ဆန်ဘဲညူကလီးယား လက်နက်ပိုင်ဆိုင်သွားကြောင်း၊ထိုသို့ကူညီပံ့ပိုးမယ့်နိုင်ငံဟာလည်းမြောက်ကိုရီးယားနိုင်ငံဖြစ်တယ်လို့သူယုံကြည် ကြောင်း ဆက်လက်ပြောဆိုခဲ့သည်။ နိုဝင်ဘာ ( ၇ ) ရက်နေ့ မှာနှစ်၂၀အတွင်းပထမဆုံးအကြိမ်ကျင်းပတော့မယ် ရွေးကောက်ပွဲကြောင့်မြန်မာစစ်အာဏာပိုင်တို့ရဲ့မြောက်ကိုရီးယားနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ညူကလီးယားလက်နက်ထုတ်လုပ်မှုကြိုးမှုကိုအနောက်နိုင်ငံတွေရဲ့စိုးရိမ်မှုတွေကိုဖယ်ရှားနိုင်မယ်လို့ယူဆထားသည်။ဒီမိုကရက်တစ်မြန်မာ့အသံရဲ့မှတ်တမ်းသတင်းထဲမှာပါတဲ့ထောင်ပေါင်းများစွာသောဓါတ်ပုံတွေ။နည်းပညာအချက်အလက်အချို့နဲ့ပစ္စည်းတွေ၊စမ်းသပ်ချက်တွေ၊မြေအောက်ဥမင်တွေလျိှု့ဝှက်စွာဆောက်လုပ်နေမှုတွေဟာမြောက်ကိုရီးယားနည်းပညာအဖွဲ့ကကူညီပေးတယ်ဆိုတာထင်ရှားသောသက်သေများဖြစ်သည်ဟု ပြောဆိုခဲ့သည်။
အမေရိကန်အစိုးရမှမြန်မာစစ်အာဏာရှင်နှင့်မြောက်ကိုရီးယားပူပေါင်းပြီးစွမ်းအားမြင့်ညူကလီးယားလက်နက်ထုတ်လုပ်နိုင် ကြိုးပမ်းဆောင်ရွက်မှုများကို အလွန်စိုးရိမ်ကြောင်းထုတ်ဖေါ်ပြောဆိုခဲ့ပြီးဖြစ်သည်။

အရှေ့တောင်အာရှနိုင်ငံများမှလာမည့်ရွေးကောက်ပွဲကိုမျော်လင့်နေကြမယ့်အနောက်နိုင်ငံအစိုးရများကတော့ရွေး ကောက်ပွဲပြီးတက်လာမယ့် အရပ်ဝတ်အစိုးရသစ်ရဲ့နောက်ကနေ စစ်တပ်က အာဏာဆက်ကိုင်ထားမယ်လို့ ခိုင်ခိုင်မာမာယုံကြည်နေကြကြောင်း ပြောဆိုခဲ့သည်။
ကယ်လီကဆက်လက်ပြီး မြန်မာ့စစ်အစိုးရရဲ့ ညူကလီးယားပိုင်ဆိုင်မှုကြိုးပမ်းချက်အစီအစဉ်မှာ ပြည်ပအကူအညီမပါဘဲ ပိုင်ဆိုင်ဖို့ ကိုသံသယဖြစ်စရာမလိုကြောင်း၊ ထိုင်းပြည်သူတွေရဲ့လုံခြုံမှုကိုပြောရရင်တော့ နှစ်အနည်းငယ်အတွင်းလုံခြုံမှုရှိမှာဖြစ်ပြီး၊မကြာခင်နည်းအနည်းငယ်အတွင်းမှာတော့မြန်မာအစိုးရပိုင်ဆိုင်လာနိုင်ကြောင်းပြောဆိုခဲ့သည်။

Read More...

လူမဆန်မှုသတင်း

တောင်ငူခရိုင် တပ်မဟာ(၂)။

ထန်းတပင်မြို့ နယ်၊ ပြင်စလိုရှိ နအဖအုပ်စုသည် ၂၃.၁၀.၂၀၁၀နေ့ မှ ၂၅.၁၀.၂၀၁၀ နေ့ အထိပြင်စလိုရွာသားများအား ဝါးကြီးအရှည်၁၂တောင် စုစုပေါင်း ၁၅၀ချောင်းကိုအတင်းအကြပ်ခုတ်ပြီး ပို့ ဆောင်စေသည်။ ထိုနေ့ မှာပဲ ကော်သေးဒဲရှိ နအဖအုပ်စုသည်လည်း ကော်သေးဒဲရွာလူကြီးများ ကိုခေါ်ပြီး သူတို့၏ကားလမ်းကိုခုတ်ထွင်ရှင်းလင်းရန် ကော်သေးဒဲရွာသားများအားအတင်းအကြပ်ခိုင်းစေကြောင်းသတင်းရရှိသည်။

Read More...

ပခုက္ကူ ရေနံပိုက်လိုင်းမီး လူအနည်းဆုံး ၁၄ ဦး သေဆုံး

VOA သတင်းမှ......

မကွေးတိုင်း ပခုက္ကူမြို့နယ် ကျွန်းချောင်းနဲ့ မြစ်ခြေအကြား ရေနံပိုက်လိုင်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် အစောပိုင်း သတင်းပေးပို့ချက်အရ အနည်းဆုံး လူ ၈ ယောက် သေဆုံးပြီး ၇၀ လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခု သေဆုံးသူဦးရေ တိုးလာတဲ့အတွက် နောက်ဆုံးရရှိတဲ့ သတင်းမှာတော့ အနည်းဆုံး လူ ၁၄ ယောက် သေဆုံးပြီး ၁၀၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒီမီးလောင်မှုဟာ ရေနံပိုက်လိုင်းပေါက်ပြီး ယိုစိမ့်ထွက်လာတဲ့ ရေနံတွေကို အနီးနားက ရွာသားတွေက သွားရောက် ခပ်ယူရာကနေ မီးလောင်တာ ဖြစ်နိုင်ကြောင်း ပြောပါတယ်။ အပြည့်အစုံကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ဒီမီးလောင်မှုဖြစ်တဲ့ နေရာကတော့ ပခုက္ကူမြို့နယ် မြစ်ခြေနဲ့ ၄ မိုင်လောက် အကွာက ညောင်လှရွာအနီးမှာ တနင်္ဂနွေည ၇ နာရီလောက်က ဖြစ်ပွားခဲ့တာပါ။ ဒီလို မီးလောင်မှု ဖြစ်ခဲ့တာကြောင့် အနည်းဆုံး လူ ၈ ယောက် သေပြီး ၇၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ပခုက္ကူမြို့ခံ တယောက်က အခုလို ပြောပါတယ်။
“၈ ယောက်ကြားတယ်။ ဒဏ်ရာရတာ ၇၀ နီးပါးလောက်လို့ အဲလိုကြားတယ်။”
မီးလောင်မှု ဖြစ်ပွားပုံကိုတော့ ပခုက္ကူ ဒေသခံက အခုလို ဆက်ပြောပါတယ်။
“ညောင်လှရွာအနီးပေါ့။ ညောင်လှရွာနဲ့ ၂ ဖာလုံလောက် ဝေးတယ်။ ကျောက်ခွက်ကနေပြီး အရာတော်ကို ပို့တဲ့ ရေနံပိုက်လိုင်း။ အဲဒီမှာ သူတို့ joint တွေ ဘာတွေက ယိုစီးပြီး ဖိတ်နေတဲ့ သဘောပေါ့။ ရွာသူရွာသားတွေ တယောက်တလေ သိတယ် ထင်ပါတယ်။ တဖြည်းဖြည်း များများလာတော့ တရွာလုံးသိတယ်။ တရွာလုံးသိတော့ ရေနံတွေ သယ်ကြတာပေါ့။ ခပ်ကြသယ်ကြ၊ ခပ်ကြသယ်ကြနဲ့ တရွာလုံးလောက်ပဲ ၀ိုင်းသယ်ကြတယ်တဲ့။ တနေ့လုံးပေါ့လေ။ ညမိုးချုပ်တော့ တယောက်ယောက်က မီးခြစ်လိုက်တာလား ဘာလား မသိဘူး၊ အဲဒီမှာ မီးလောင်တာပဲ။ မီးလောင်တော့ အလယ်ခေါင် ပိတ်မိနေပြီး မပြေးနိုင် မပြုနိုင်ဖြစ်ပြီး သေကြတဲ့ သဘောပေါ့လေ။”
မီးလောင်မှုဖြစ်ပွားတဲ့ နေရာနဲ့ အနီးဆုံးဖြစ်တဲ့ မြစ်ခြေကို ဆက်သွယ်ရာမှာတော့ မြစ်ခြေမြို့က အမျိုးသမီး တယောက်က အခုလို ပြောပါတယ်။
“ဟုတ်တော့ ဟုတ်တယ်ရှင့်၊ ညောင်လှရွာမှာရှင့်။ အဲဒီ ယိုနေတာကို သွားခပ်တာလို့ ပြောတယ်ရှင်။ လုခပ်ရင်းနဲ့ အဲဒီလို မတော်တဆ ဖြစ်သွားတာလို့ ပြောတယ်။ တမင်ရည်ရွယ်ပြီး လုပ်တာတော့ မဟုတ်ဘူးပေါ့။ ဂက်စ်မီးခြစ် ခြစ်တာကနေ အဲဒီလို လောင်သွားတယ်တော့ ပြောတာပဲ။ လူကတော့ အဲလိုမျိုးပေါ့၊ စာရင်းအတိအကျတော့ မသိသေးဘူးပေါ့။ ဘာလို့လဲဆိုတော့ အလောင်းတွေက ကောက်တော့ ကောက်ထားတယ်လို့ ပြောတယ်။ ဆေးရုံလည်း ပို့ကြတယ်။ မြစ်ခြေဆေးရုံမှာတော့ အယောက် ၃၀ ကျော်လောက် တင်ထားတယ်လို့ ပြောတယ်။ ပခုက္ကူလည်း ပို့တယ်။ ပခုက္ကူပို့တာတော့ ၁၀ ယောက်လောက် သေတယ်ပြောတယ်။”
ဒဏ်ရာရသူတွေကို မြစ်ခြေ၊ ကျွန်းချောင်းနဲ့ ပခုက္ကူ ဆေးရုံတွေကို ပို့ဆောင်ထားကြောင်း အခြား ဒေသခံ တယောက်က ပြောပါတယ်။
မြစ်ခြေဆေးရုံကို ဆက်သွယ် မေးမြန်းရာမှာတော့ တာဝန်ကျ ၀န်ထမ်းတယောက်က သူတို့ဆေးရုံမှာ သေဆုံးသူ ၂ ယောက်ရှိပြီး လူနာ ၂၁ ယောက် ရှိတယ်လို့ ပြောပါတယ်။ သေဆုံးသူအားလုံး ဘယ်လောက်ရှိတယ် ဆိုတာတော့ အတိအကျ မသိဘူးလို့ ဆိုပါတယ်။
အသေအပျောက်နဲ့ ဖြစ်ပျက်ပုံကို အသေးစိတ် သိနိုင်ဖို့ မြစ်ခြေရဲစခန်းကို ဆက်သွယ်ရာမှာ ပြန်လည်ဖြေကြားတာ မရှိပါဘူး။ အလားတူပဲ ပခုက္ကူ ဆေးရုံကလည်း ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး တစုံတရာ ဖြေကြားတာ မရှိပါဘူး။
AFP သတင်းဌာနကတော့ ဒီမီးလောင်မှုမှာ သေဆုံးသူ ၁၄ ယောက်ရှိပြီး ဒဏ်ရာရသူ ၁၀၀ လောက် ရှိတယ်လို့ အမည်မဖော်တဲ့ အစိုးရ အရာရှိတယောက်က ပြောဆိုကြောင်း ဖော်ပြထားပါတယ်။

Read More...

Burma oil pipeline fire kills at least 12

BBC News....

At least 12 people are thought to have been killed and up to 80 have been injured after oil leaking from a pipeline in Burma caught fire.

Some reports say the fire started as local people tried to collect oil from the leaking pipeline near the town of Pakokku, in the central Magway region.

Officials said many people had been taken to hospital and the number of dead was expected to rise.

The area is at the centre of Burma's onshore oil industry.

Residents - speaking anonymously to the Associated Press news agency - said there was a huge explosion when a villager struck a match to see how much oil had been collected in drums near the pipeline.

The BBC's Asia correspondent Alastair Leithead says Burma is rich in natural resources, including gas and oil, both inland and off the coast.

But he says little of the revenue is spent on those most in need - a third of the population live below the poverty line, according to the World Bank.

Read More...

နအဖ စစ်တပ်တိုက်ပွဲအတုလုပ်ပြီး ကျေးလက်လူထုအားနှိပ်ကွပ်

သျှမ်းသံတော်ဆင့်မှ.....

သျှမ်းပြည်အလယ်ပိုင်း လှုပ်ရှားသည့် နအဖ တပ်တခု ကျေးလက်လူထု၏ ထော်လာဂျီချောဆွဲကာ ရွာအပြင်ဘက်အရောက် လက်နက်ခဲယမ်းပစ်ဖေါက်ပြီး ဟန်ဆောင်တိုက်ပွဲနွဲကာ အနီးပါတ်ဝန်း ကျင်ကရွာသားများအားအကြောင်းမဲ့နှိပ်ကွပ်၊ ခြိမ်း ခြောက်နေသည်ဟု စုံစမ်းသိရှိရပါသည်။

“ခလရ ၂၈၆ က ဗမာစစ်သားတစု မိုင်းနန်းက ထော်လာဂျီချောခေါ်ပြီး မိုင်းနန်းတောင်ဘက် ( ၃ မိုင်လောက် ၀မ့်အစ်ရွာ လမ်းခွဲ) မှာ သေနတ်ဖေါက်တယ်၊ ပြီးတော့အဲဒီအနီးအနားက ရွာတွေထဲ ၀င်ပြီး သျှမ်းတပ်နဲ့တိုက်ပွဲဖြစ်တာ ရွာသားတွေ သျှမ်းသူပုန်တွေအကြောင်းသတင်းမပို့လို့ဆိုပြီး စစ် ဆေးမေးမြန်းရိုက်နှက်တယ်” - ဟု အမည်မဖေါ်လိုသည့်အသက် ၂၀ ကျော်လူငယ်တဦးက ပြော ပါသည်။

အောက်တိုဘာ ၂၀ ရက်နေ့၌ ခလရ ၂၈၆ မှ ဗိုလ်ကြီးရဲမြင့်ဦးဆောင်သည့် အင်အား ၁၀ ယောက်ကျော်က မိုင်းနန်းရွာ တောင်ဘက် ၀မ့်အစ်ရွာလမ်းခွဲအရောက် M 79 ၇-၈ ချက် နှင့် လက်နက်ငယ်များပစ်ဖေါက်ကာ တိုက်ပွဲအတုဆင်နွဲခဲ့ခြင်း ဖြစ်သည်ဟုဆို၏။

“သျှမ်းသူပုန်နဲ့တိုက်ပွဲဖြစ်တယ်ဆိုပြီး အနီးအနားရှိ ၀မ့်ဟိုပုံ နဲ့ ၀မ့်နမ့်ပန်ရွာတို့ကို ၀င်ရောက်ပြီး တအိမ်တက်ဆင်း ထမင်း အိုး၊ ဟင်းအိုးကအစ ဆန် ဆီ ဆား ပေါက်တူး ပေါက်ပြား ကြက်ဝက် တွေ့တာ အကုန်ယူတယ် အိမ်ရှင်မရှိရင်/ သော့ခတ် ထားရင် တံခါးဖျက်ပြီးဝင်တယ်” ဟု မိုင်းနန်း ဒေသခံတဦးက ပြော၏။

၎င်းတို့တပ်ဖွဲ့အား သျှမ်းသူပုန်အဲမ်ဘုတ့်ခ်ျလုပ်နိုင်ခြင်းမှာ ရွာသားများက ထောက်ပံ့သတင်း ပေးခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့်နောက်နောင်ထပ်ဖြစ်ပါက တရွာလုံးကြီးလေးသည့်ပြစ်ဒဏ် ပေးမည်ဟု နအဖစစ်တပ်က ခြိမ်းခြောက်ခဲ့ကြောင်း အဆိုပါ ဒေသခံက ဆက်ပြောသည်။

ကျေးသီးမြို့နယ် မိုင်းနန်းကျေးရွာအုပ်စုသည် အသွင်ပြောင်းရေးလက်မခံသည့် အပစ်ရပ်သျှမ်းပြည် တပ်မတော် (တပ်မဟာ ၁) ၏ ထိန်းချုပ်နယ်မြေဖြစ်ပါသည်။

Read More...

သံတောင်ကြီးမြို့ရှိ ပြည်သူ ၅၀ဦးကို စစ်တပ်က ပြည်သူ့စစ်သင်တန်း တက်ခိုင်း

KIC သတင်းမှ....

ကရင်ပြည်နယ် တောင်ငူခရိုင်၊ သံတောင်ကြီးမြို့(ဘုရင့်နောင်တပ်မြို့) အခြေစိုက် နအဖ စစ်တပ်က အဆိုပါမြို့ရှိ ရပ်ကွက်(၅)ခု မှ ပြည်သူ ၅၀ဦးကို အောက်တိုဘာလ ၁၈ရက်နေ့က ပြည်သူ့စစ်သင်တန်းပေးနေသည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။

သံတောင်ကြီးမြို့တွင် နအဖ စစ်တပ် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်း ခလရ(၁၂၄)နှင့် ခလရ(၆၀၃)တို့က အခြေစိုက်လျှက်ရှိပြီး ပြည်သူ့စစ်သင်တန်းပေးခြင်းနှင့် ပတ်သက်၍ အမည်မဖော်လိုသူ သံတောင်မြို့နယ် ဒေသခံတစ်ဦးက ကေအိုင်စီကို ယခုလို ပြောသည်။

သူက “သူတို့ကတော့ မြို့ကို ကာကွယ်ဖို့အတွက်တော့ ပြောတာပဲ။ သံတောင်ကြီးမြို့က ရပ်ကွက် ၁ကနေ ၅အထိပေါ့နော်။ တရပ်ကွက်ကို လူ ၁၀ ယောက်စီ။ မတက်ချင်လည်း တက်ရတယ်။ ဒါပေမဲ့ ကြောက်တာကိုး။ အရင်ကလည်း ဒီလို ပြည်သူ့စစ် သင်တန်းတွေပေးတာ ရှိခဲ့ပါတယ်။ အခုသင်တန်းက ဘယ်နှစ်ပတ် တက်ရမလဲတော့ ကျနော်လည်း မသိသေးဘူး။ အရင်သင် တန်းဆိုရင် တပတ်၊ နှစ်ပတ်၊ တလအထိ ရှိခဲ့ဖူးတယ်။”ဟု ပြောသည်။

တောင်ငူခရိုင်ရှိ နအဖ လှုပ်ရှားတပ်ဖွဲ့များသည် သံတောင်ကြီးမြို့၌ နှစ်စဉ် ပြည်သူ့စစ် ကောက်ခံမှုများရှိသည်ဟု တောင်ငူခရိုင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ) တာဝန်ရှိသူတဦးက ယခုလို ပြောသည်။

သူက “ကျနော်တို့ သိသလောက်တော့ ပြည်သူ့စစ်ကောက်တာ နှစ်စဉ်ပါပဲ။ အနည်းဆုံး တယောက်ကို တနှစ် လုပ်ရတယ်။ အလှည့်ကျနဲ့သွားတယ်။ ဒီရွာမှာ သုံးယောက်ဆိုရင် နောက်နှစ်ဆိုရင် နောက်ထပ်သုံးယောက်ပေါ့။ ရွာကြီးရင်ကြီးသလို ငယ်ရင် ငယ်သလိုပေါ့။ ပြည်သူ့စစ် သင်တန်းမတက်ချင်ရင်တော့ ပိုက်ဆံနဲ့ငှားပေါ့။ တတ်နိုင်တဲ့ ရွာတွေက ပိုက်ဆံနဲ့ ပေးတာရှိတယ်။ တယောက်ကို နှစ်သိန်းသတ်မှတ်တော့ တရွာမှာ ၅ယောက်ဆိုရင် ၁၀သိန်းပေါ့။”ဟု ရှင်းပြသည်။

ဆက်လက်၍ သူက “ပြည်သူ့စစ်သင်တန်းဆင်းတဲ့ ရွာသားတွေကို သူတို့(နအဖ)လှုပ်ရှားတပ်ဖွဲ့ရဲ့ နောက်ကို လိုက်ရတယ်။ တပ်စိပ်တစိပ်အတွင်းမှာ နအဖ စစ်သား ၅ယောက်၊ ၆ယောက်ဆိုရင် ပြည်သူ့စစ်လည်း ၅ယောက်၊ ၆ယောက်ပဲ။ ရွာသားတွေ အသုံးချခံရတယ်။ ထန်းတပင်ဖက်က မြန်မာရွာသားတွေကတော့ ပြည်သူ့စစ်ထဲဝင်ရတာ၊ ၁၀နှစ်လောက်ရှိပြီ။ ဒီသံတောင်ကြီး မြို့မှာကျတော့ ၉၇နောက်ပိုင်းကနေ ခုထိပဲ။”ဟု ရှင်းပြသည်။

အိမ်ခြေ ၃,၀၀၀ရှိသည့် သံတောင်ကြီးမြို့ အနီးတ၀ိုက်တွင် ခ၀ယ်၊ ထီးတပူ၊ ခိုသေဒဲ၊ သူရယ်ဒဲ၊ ကသောပွယ်၊ လယ်ဂီခို့ (အ ထက်နှင့် အောက်ရွာ)၊ စဘားလော်ထီး၊ ခေါလောကား၊ ခယ်ဒဲကား၊ တဘာဖယ်(ရွာသစ်နဲ့ ရွာဟောင်း)၊ ကသွီးဒီး(ရွာသစ်နှင့် ရွာ ဟောင်း)၊ ကလယ်ပါခီး၊ ကရှီးခီး(အထက်နှင့်အောက်ရွာ)၊ ထီးပူခီး(အထက်နှင့်အောက်ရွာ)၊ အမီးလာခီးဆီး(မိုင်နှစ်ဆယ်)၊ အုတ်စစ်သုံးနှင့် ကလယ်မူဂါးရွာများ တည်ရှိသည်။

ဖော်ပြပါ ရွာများရှိရာဒေသ၌ လက်ရှိအချိန်တွင် နအဖ စစ်တပ်(စကခ) လက်အောက်ခံ တပ်ရင်းများ တပ်မဟာနှင့် ကေအဲန် အယ်လ်အေ တပ်မဟာ(၂)၏ တပ်ရင်း(၄)၊ (၅)နှင့် အထူးတပ်ရင်းများ ပုံမှန် လှုပ်ရှားသွားလာလျှက်ရှိသည်။

သံတောင်ကြီးမြို့သည် မေမြို့(ပြင်ဦးလွင်)ကဲ့သို့ တပ်မြို့တမြို့ဖြစ်ပြီး သင်တန်းကျောင်း လုံခြုံရေးနှင့် သံတောင်ကြီးမြို့၏ ဌာန ဆိုင်ရာရုံးများအတွက် လုံခြုံရေးအတွက် သီးသန့်စစ်တပ်များ အမြဲထားရှိသည်ဟု မြို့ခံများက ဆိုသည်။

နအဖ စစ်တပ်က ၁၉၉၇ခုနှစ်မှစ၍ သံတောင်ကြီးမြို့ကို ဘုရင့်နောင်တပ်မြို့အဖြစ် အမည်ပြောင်းလိုက်သည့်နောက် မြို့ကို စစ် သင်တန်းနယ်မြေတခုအဖြစ် အသုံးပြုလာကာ စစ်လေ့ကျင့်ရေးသင်တန်း၊ အကြပ်သင်တန်း၊ လက်နက်ကြီးသင်တန်း၊ အရာရှိ သင်တန်း(တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူးအဆင့် စသဖြင့်) ထားရှိသည့် နေရာဖြစ်သည့်အပြင် ရေဒါစခန်းလည်း ရှိသည်ဟု သိ ရသည်။

Read More...

လူမဆန်မှုသတင်း

21.10.2010 News

Read More...

ရန်ကုန်တိုင်းတွင် လုံခြုံရေး ပိုချထား

ခေတ်ပြိုင်မှ.......

ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် လုံခြုံရေး အတွင်းစည်း အပြင်စည်းများ ချထားကြောင်း ပြည်ထဲရေး (ရန်ကုန်ရုံး) မှ ရဲအရာထမ်းတဦးက ပြောသည်။

“အပြင်စည်း အတွင်းစည်း ဆိုတာကတော့ စစ်တပ်သုံးစကားပဲ။ အခုချတဲ့လုံခြုံရေးက ရဲရော၊ စစ်သားရော ချတာ။ အရင်ကဆို နေ့ဘက်မှာ ရဲလုံခြုံရေးချတာ။ အခုက ရွေးကောက်ပွဲမတိုင်ခင် ပြဿနာတွေဖြစ်မှာစိုးလို့ ရဲရော၊ စစ်သားရော လုံခြုံရေးချတာ။ တပ်မ(၇၇) ကလည်းပါတယ်” ဟု ၎င်းက ပြောသည်။

ညဘက်ထွက်သူများအား ယခင်ထက်စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း၌ မြောက်ဥက္ကလာပမြို့နယ်တွင် ညမထွက်ရ အမိန့်များထုတ်ပြန်ထားပြီး ဧည့်စာရင်းကို တင်းကျပ်စွာစစ်ဆေးကြောင်း မြောက်ဥက္ကလာပမြို့နယ် ခေမာသီလမ်းနေ ပြည်သူတဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရွှေပေါက္ကံမြို့နယ်၌ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ရွေးကောက်ပွဲဆန့်ကျင်ရေး စာရွက်စာတမ်းများ ဖြန့်ဝေသည့်ကျောင်းသားများ အဖမ်းခံရပြီးသည့်နောက် မြောက်ဥက္ကလာပမြို့နယ်ကို ညမထွက်ရအမိန့် ထုတ်ခဲ့ခြင်း ဖြစ်သည်။

“ရွှေပေါက္ကံက မြောက်ဥက္ကလာပ အပိုင်ဖြစ်တယ်လေ၊ အဲဒါကြောင့် ဆက်စပ်ပြီးတော့ ညမထွက်ရဆိုတာ လုပ်လိုက်တာဖြစ်မယ်၊ ကျန်တဲ့ မြို့နယ်တွေတော့ ညမထွက်ရဘူးဆိုတာ မကြားမိဘူး” ဟု မြောက်ဥက္ကလာ (ည)ရပ်ကွက်သားတဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် အဓိက လမ်းမကြီးများတွင် နေ့ဘက်၌ ရဲ အနည်းဆုံး (၂) ဦး မှ (၅) ဦးအထိ အစောင့်ချထားပြီး ညပိုင်း၌ လမ်းဆုံလမ်းခွများ၊ မီးပွိင့်များတွင် ယာဉ်အသွားအလာမှအစ လုံခြုံရေးအရ စစ်ဆေးမှုများ တင်းကျပ်စွာ လုပ်နေကြောင်း တက္ကစီယာဉ်မောင်းတဦးက ပြောသည်။

“ စီးပွားရှာရတာ မလွယ်ပါဘူးဗျာ။ မောင်းမကောင်းရတဲ့ကြားထဲ စစ်ဆေးရေးတွေက တမှောင့်ဖြစ်နေတယ်။ လမ်းတွေမှာ သံဆူးကြိုးတွေ ချပြီးတော့ (၄) လမ်းသွားဆိုရင် ဟိုဘက်တလမ်းပိတ် ဒီဘက်တလမ်းပိတ်ပြီးတော့ စစ်တယ်။ ဒါကြောင့် ယာဉ်ကြောကြပ်တယ်၊ ကြာတာပေါ့။ ခရီးမတွင်ဘူးလေဗျာ။ စစ်တာတွေကတော့ မီးသတ်ပါတယ်၊ အရပ်ဝတ်နဲ့ ရယက တွေပါတယ်၊ ရဲပါတယ်။ အခုတလော များလာတယ်ဗျ” ဟု တောင်ဥက္ကလာပမှ အငှားယာဉ်မောင်းတဦးက ပြောသည်။

နအဖ သည် ယခုနှစ်ရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာ (၇) ရက်နေ့တွင် ကျင်းပမည်ဟု ကြေညာထားပြီး ရွေးကောက်ပွဲ မတိုင်မီ ဆူပူမှုများဖြစ်ပေါ်မည်ကို အလွန်စိုးရိမ်နေကြောင်း ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ အရာထမ်းတဦးထံမှ သိရသည်။

၎င်းက “အစိုးရအနေနဲ့ ၂၀၀၈ တုန်းကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုတဲ့အခါ မဖြစ်မနေလုပ်သွားခဲ့တယ်။ အခုလည်း သူတို့ကရွေးကောက်ပွဲကို မဖြစ်မနေလုပ်မှာဖြစ်တဲ့အတွက် သူတို့အတွက် အပျက်ဖြစ်သွားမှာကို မလိုလားဘူး။ ဒါ့ကြောင့် အစစအရာရာ လုံခြုံရေးချထားတာဖြစ်တယ်။ ဒီလဆန်းက စပြီးတော့ အရင်ထက် လုံခြုံရေး တိုးလိုက်တယ်” ဟု ပြောသည်။

Read More...

စစ်အစိုးရက နိုင်ငံတော်အလံအသစ် ပြောင်းလဲအသုံးပြု

ခေတ်ပြိုင်မှ............

နိုင်ငံတော်အလံသစ်ကို အစိုးရဌာနများနှင့် အခြားအဖွဲ့အစည်းများတွင် ယနေ့ ပြောင်းလဲတပ်ဆင်ကြပြီ ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ အတည်ပြုထားသော နိုင်ငံတော်အလံသစ် လွှင့်တင်ပွဲကို မြို့တော်ဝန် ဦးအောင်သိန်းလင်း ကိုယ်တိုင် တက်ရောက်၍ စစ်တီးဝိုင်း ဘင်ခရာအဖွဲ့များဖြင့် နိုင်ငံတော်သီချင်း တီးမှုတ်ကာ အခမ်းအနားဖြင့် ယနေ့ ညနေ (၃) နာရီကျော်တွင် ကျင်းပခဲ့ကြောင်း စည်ပင်သာယာ ဝန်ထမ်းတဦးက ပြောသည်။


မြို့တော်ခန်းမရှေ့တွင် အလံသစ်ကို လာရောက်ကြည့်ရှုသူတဦးက “အလံတော် အသစ်တင်တာတဲ့၊ မမြင်ဖူးလို့ ကြည့်တာပါ” ဟု ပြောသည်။

ပြောင်းလဲ အသုံးပြုသည့် နိုင်ငံတော်အလံသစ်တွင် သုံးရောင်ခြယ် အ၀ါ၊ အစိမ်းရင့်၊ အနီရောင် အလယ်၌ ကြယ်ဖြူတစ်လုံး ပါရှိသည်။

နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲ မတိုင်ခင် ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင် အသက်သွင်းရန် ကြိုတင်ပြင်ဆင်မှုတရပ်အနေဖြင့် နိုင်ငံတော်အလံ အပြင် နိုင်ငံတော်အထိမ်းအမှတ် တံဆိပ်နှင့် နိုင်ငံတော်သီချင်းတို့ကိုလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဖော်ပြချက်အတိုင်း စတင်အသုံးပြုသွားမည် ဖြစ်ကြောင်း ယနေ့ မွန်းလွဲပိုင်း စစ်အစိုးရရေဒီယိုမှ ကြေညာသွားသည်။

တံဆိပ်အသစ်နှင့် နိုင်ငံတော်သီချင်းကို မည်သည့်နေ့ရက်တွင် စတင် အသုံးပြုမည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးချေ။

၂၀၀၈ခု ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း ပေါ်ပေါက်လာမည့် ပြည်ထောင်စုလွှတ်တော်၏ ပထမအကြိမ် အစည်းအဝေး ကျင်းပချိန်မှသာ စတင်၍ အသက်ဝင်မည်ဖြစ်ရာ ယခုလုပ်ရပ်သည် လုပ်ပိုင်ခွင့် ချိုးဖောက်ခြင်းသာ ဖြစ်ကြောင်း ပြည်တွင်းမှ ဥပဒေဆိုင်ရာ ပညာပေးရေးသားနေသူ စာရေးဆရာကြီးတဦးက ဝေဖန်သည်။
"၂၀၀၈ အခြေခံဥပဒေက အာဏာစတည်တဲ့နေ့မှ စသုံးလို့ရမှာပေါ့။ အခုလုပ်ရပ်က တရားဥပဒေကို အာဏာနဲ့ မတရားမှု ကျူးလွန်လိုက်တာ၊ လုပ်ပိုင်ခွင့် ချိုးဖောက်လိုက်တာ ဖြစ်တယ်။ အသက်မဝင်သေးတဲ့ ဥပဒေပါ ဖော်ပြချက်တွေကို အသုံးပြုတာ ကြားလို့လည်း မကောင်းပါဘူး။ ဒါက လဲလိုက်လည်း တရားမဝင်ဘူး။ နိုင်ငံတော်အလံဆိုတာ ဥပဒေအတိုင်း မလုပ်ဘဲ အာဏာနဲ့ အတင်းပြောင်းခိုင်းလို့ရတဲ့ အလုပ်လည်း မဟုတ်ဘူးလေ” ဟု အဆိုပါ စာရေးဆရာက ပြောကြားသည်။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက်က ၁၉၇၄ ခုနှစ် ဇန်နဝါရီ (၃) ရက်နေ့၌ စတင် အသုံးပြုလာခဲ့သော အနီအောက်ခံ၊ ညာဘက်ထိပ် အပြာရောင်လေးထောင့်တွင်းမှ ကြယ်ဖြူ (၁၄) လုံး ဝိုင်းရံထားသော စပါးနှံ ပါရှိသည့် နိုင်ငံတော်အလံအစား အသစ်ပြောင်းလဲ အသုံးပြုလိုက်ခြင်း ဖြစ်သည်။

အဆိုပါ နိုင်ငံတော်အလံအသစ်ကို နိုင်ငံတဝန်းလုံးရှိ အစိုးရဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာနေရာအားလုံး အောက်တိုဘာ (၂၁) ရက်နေ့ မွန်းလွဲပိုင်း (၃) နာရီအချိန်တွင် လဲလှယ်အသုံးပြုသွားရန် ညွှန်ကြားထားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဝန်ထမ်းတဦးက ပြောသည်။

၎င်းက “ဟိုတယ်တွေ၊ အစိုးရအဆောက်အဦတွေ အားလုံး ကိုယ့်ရဲ့ဌာနဆိုင်ရာ ရုံးတွေမှာ အလံသွားထုတ်ယူဖို့နဲ့ ဒီနေ့ ညနေ (၃) နာရီနောက်ပိုင်း အလံသစ်ကို လဲဖို့ ဒီမနက်ကပဲ ညွှန်ကြားချက် ထွက်လာတာ။ အခု ကျမ သိသလောက်က အားလုံး လဲပြီးနေပါပြီ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

မြဝတီနှင့် ဘုရားသုံးဆူကဲ့သို့ ထိုင်း-မြန်မာနယ်စပ်မြို့များရှိ အစိုးရအဆောက်အဦများတွင်လည်း နိုင်ငံတော်အလံသစ်ကို လဲလှယ်လွှင့်တင်ထားပြီ ဖြစ်ကြောင်း မြို့ခံတို့က ပြောသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့သည့် ၁၉၄၈ ခု ဇန်နဝါရီ (၄) ရက်နေ့မှစ၍ ယနေ့လဲလိုက်သည့် နိုင်ငံတော်အလံ အပါအဝင် အလံ (၃) မျိုးရှိပြီဖြစ်သည်။

ယနေ့ စတင် အသုံးပြုလိုက်သည့် နိုင်ငံတော်အလံသစ်ကို နယ်ခြားစောင့် အသွင်ပြောင်းခဲ့သော တပ်ဖွဲ့တို့၏ စစ်ဝတ်စုံ လက်မောင်းတံဆိပ်၌လည်း မြန်မာ စစ်အစိုးရက ထပ်တူ အသုံးပြုခဲ့ပြီး ဖြစ်သည်။

Read More...

ရွေးကောက်ပွဲအပြီး တိုင်းပြည် အခြေအနေ ကောင်းလာဖွယ်မရှိ

VOA သတင်းမှ...........

မြန်မာစစ်အစိုးရက ရှေ့လထဲ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲက တိုင်းပြည်မှာ ကြုံနေရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ မြန်မာ့အရေး ကျွမ်းကျင်သူတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောဆိုလိုက်ကြပါတယ်။ ဒီမိုကရေစီရေး လိုလားတဲ့ နိုင်ငံရေး အင်အားစုတွေ ပါဝင်ခွင့် မရှိဘဲ ဖြစ်နေရသလို တိုင်းရင်းသား လူမျိုးစုတွေနဲ့ တင်းမာမှုတွေ ကြီးထွားလာနေတာ၊ လူ့အခွင့်အရေး ပြဿနာတွေ ရှိနေဆဲ အခြေအနေတွေဟာ ရွေးကောက်ပွဲ လုပ်ပြီးလို့ အစိုးရအသစ်တရပ် ပေါ်လာရင်တောင် တိုးတက်မယ့် အရိပ်အယောင် မမြင်ရဘူးလို့ အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်မြို့တော်က နှီးနှောဖလှယ်ပွဲအတွင်း ပြောဆိုခဲ့ကြတာပါ။ အကြောင်းစုံကိုတော့ ဂျွန် ဟော့ပ်ကင်းစ် (John Hopkins) တက္ကသိုလ် နိုင်ငံတကာ အဆင့်မြင့် လေ့လာရေးဌာနမှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲကို သွားရောက် သတင်းယူခဲ့တဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲလွန်ကာလ ရောက်တဲ့အခါ နိုင်ငံရေး၊ လူ့အခွင့်အရေး စတဲ့ အခြေအနေတွေ ပြောင်းလဲနိုင်တဲ့ အလားအလာတွေ ရှိမရှိ ဆိုတာကို ‘အရပ်သား အုပ်ချုပ်ရေး ပြန်ရောက်မှာလား’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြရာမှာ များများစားစား မျှော်လင့်နိုင်မှာ မဟုတ်ကြောင်း မြန်မာ့အရေး ကျွမ်းကျင်သူတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောဆိုခဲ့ကြတာပါ။ မြန်မာစစ်အစိုးရက ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမယ့် အခြေအနေတွေ အောက်မှာ ကျင်းပပေးမှာ မဟုတ်သလို လွှမ်းမိုးနေဆဲဖြစ်တဲ့ နိုင်ငံရေး၊ လူ့အခွင့်အရေး ပြဿနာတွေဟာလည်း နောက်အစိုးရ ပေါ်လာရင်တောင် ဆက်လက် ခြိမ်းခြောက်နေဦးမှာ ဖြစ်တယ်လို့ ဆိုခဲ့ကြတာပါ။

ရွေးကောက်ပွဲက မျှော်လင့်ချက်တွေ ဆောင်ကြဉ်း မပေးနိုင်ဘူးလို့ ဆိုသူတွေထဲ ၁၉၉၈ ခုနှစ် စီးပွားရေး နိုဘယ်လ်ဆုရှင် အမ်မာတီယာ စန် (Amartya Sen) လည်း တဦးအပါအ၀င် ဖြစ်ပါတယ်။

“မြန်မာနိုင်ငံက ၀ါဒဖြန့်ချိမှုတွေအပေါ် အချေအတင် ဖြစ်ရတာတွေ၊ လေးနက်တဲ့ အဓိပ္ပာယ်တွေကြောင့် ဒီအတုအယောင် ရွေးကောက်ပွဲကို ထောက်ခံသူတွေ အနေနဲ့လည်း အကြီးအကျယ် စိတ်ရှုပ်စရာ ဖြစ်ကြရပါတယ်။ စစ်အစိုးရက အနိုင်ရဖို့ ကြိုတင်စီစဉ်ထားတဲ့ ရွေးကောက်ပွဲကလည်း ဒီကနေ့ ဒီအချိန် မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ စိတ်ပျက်စရာ ရှုပ်ထွေးမှုတွေသာ ထပ်ဖြစ်လာမှာပါ။”

ငယ်စဉ်ဘ၀က မြန်မာနိုင်ငံမှာလည်း နေထိုင်ဖူးသူ နိုဘယ်လ်ဆုရှင် အမ်မာတီယာ စန်က မကြာခင် ကျင်းပမယ့် ရွေးကောက်ပွဲဟာ အာဏာပိုင်တွေက ဆိုနေသလိုမျိုး အပြောင်းအလဲတွေကို ဦးတည်စေမှာ မဟုတ်တဲ့အပြင် ဒီမိုကရေစီ ထွန်းကားရေးအတွက် အဟန့်အတားသာ ဖြစ်လိမ့်မယ်လို့လည်း ဆိုခဲ့တာပါ။ ဒီလို အခြေအနေမျိုးမှာ ရှေ့လကျင်းပမယ့် ရွေးကောက်ပွဲကနေ ဘာမှ မျှော်လင့်လို့ မရနိုင်ဘူးဆိုတာ သေချာတယ်လို့ ဆိုခဲ့သူ တဦးကတော့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့ဖူးသူ ပါမောက္ခ ပေါ်လို ဆာဂျီယို ပီညဲရိုး (Paulo Sergio Pinheiro) ပဲ ဖြစ်ပါတယ်။

“ဒီရွေးကောက်ပွဲဟာ အတုအယောင် အဖြစ်ပဲ ကျနော်ကတော့ သဘောထားပါတယ်။ ရွေးကောက်ပွဲအပြီး ဘာတွေ ဖြစ်လာလေမလဲ စောင့်ကြည့်ဦးမယ်ဆိုရင် ဒါဟာ အင်မတန် မှားယွင်းလိမ့်မယ်လို့လည်း ကျနော် ထင်ပါတယ်။ ကျနော်ကတော့ ရွေးကောက်ပွဲအပြီးမှာ ဘာတွေ ဖြစ်လာမလဲ ကြိုမြင်ပါတယ်။ အာဏာရှင် အုပ်ချုပ်မှု အောက်ကနေ စစ်မှန်တဲ့ အပြောင်းအလဲ ဘာတခုမှ ဖြစ်လာမှာ မဟုတ်ပါဘူး။”

စစ်အစိုးရက ရွေးကောက်ပွဲတွေ ကျင်းပတော့မယ် ဆိုနေပေမဲ့လည်း နိုင်ငံရေး အင်အားစုတွေ ကျယ်ကျယ်ပြန့်ပြန့် မပါဝင်နိုင်တာ၊ ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းလောက်သာ ကျန်တော့တဲ့ အချိန်မှာပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တင်းမာမှုတွေ ကြီးထွားလာနေတာ တွေကလည်း ရွေးကောက်ပွဲ နောက်ပိုင်းမှာ အလားအလာ ကောင်းတွေတော့ မဟုတ်လှဘူးလို့ အကဲခတ်တွေ၊ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။

ဗြိတိန်နိုင်ငံမှာ အခြေစိုက်ပြီး မြန်မာ့အရေး လှုပ်ရှားနေတဲ့ Burma Campaign UK အဖွဲ့က ဇိုယာဖန်းကတော့ ပြဿနာတွေဟာ အဆိုးဘက်ကိုတောင် ဦးတည်သွားစေနိုင်တယ်လို့ မြင်ပါတယ်။

“အခု ကျမတို့တိုင်းပြည် အခြေအနေကတော့ တော်တော်လေး ဆိုးဝါးနေတယ်လို့ ပြောလို့ရပါတယ်။ အခြေအနေကတော့ တိုးတက်မှု လုံးဝမရှိပါဘူး။ ဒီစစ်အာဏာရှင်တွေ လုပ်နေတဲ့ ရွေးကောက်ပွဲကလည်း ဒီပြဿနာတွေကို လုံးဝ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ သူတို့လုပ်နေတဲ့ ရွေးကောက်ပွဲက ဒီပြဿနာကို ပိုပြီးတော့ ကြီးထွားလာနိုင်တယ်။

“ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ အခြေခံဥပဒေကို ကြည့်တဲ့အချိန်မှာ တိုင်းရင်းသား အခွင့်အရေးတွေကို ဘာမှ သူတို့ အာမခံချက် မပေးပါဘူး။ တိုင်းရင်းသား လူမျိုးစုတွေ၊ အလားတူ အခြား အတိုက်အခံ အင်အားစုတွေကိုလည်း သူတို့ လုပ်ထားတယ်၊ ဖိနှိပ်မှုတွေကိုလည်း သူတို့ ဆက်လက်ပြီး လုပ်နေမယ်။ အဲဒါကြောင့် ကျမအမြင်မှာတော့ လာမယ့် ရက်ပိုင်းအတွင်း၊ လပိုင်းအတွင်းမှာဆိုရင် ပဋိပက္ခတွေ ပိုများလာမယ်။ ပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ပိုများလာမယ်။”

မြန်မာစစ်အစိုးရက နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲဟာ တိုင်းပြည်မှာ အရေးပါတဲ့ လုပ်ငန်းစဉ်တရပ် အဖြစ်နဲ့ ဆွေးနွေးသူတွေက ယေဘုယျ လက်ခံကြတာမို့ ဒါကို မျက်ခြည်ပြတ်လို့ မဖြစ်နိုင်ဘူးလို့လည်း ဆိုကြတာပါ။ မြန်မာစစ်အစိုးရကတော့ တနင်္လာနေ့တုန်းကပဲ ရွေးကောက်ပွဲမှာ ပြည်ပက လေ့လာ အကဲခတ်သူတွေ၊ သတင်းမီဒီယာတွေ လာဖို့မလိုဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဒီအတွက်လည်း ကုလသမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စု အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်းက သံသယ ရှိနှင့်ပြီးသား ဖြစ်နေတဲ့ ရွေးကောက်ပွဲအပေါ် လက်ခံယုံကြည်နိုင်ဖို့ ခက်ခဲစရာ ပိုပြီးဖြစ်ရကြောင်း ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

Read More...

တိုင်းရင်းဒေသ လူထုကျန်းမာရေး အခြေအနေ ဆိုးရွား

VOA သတင်းမှ.........

မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း တိုင်းရင်းသား လူမျိုးစု ဒေသတွေမှာ ကျန်းမာရေး ပြဿနာ အဆိုးဝါးဆုံး ရင်ဆိုင်နေရပြီး အမျိုးသမီးနဲ့ ကလေးတွေအကြား ကူးစက်ရောဂါ ဖြစ်ပွားနှုန်း ကမ္ဘာမှာ အမြင့်မားဆုံး ရောက်နေတဲ့အကြောင်း နယ်စပ်အခြေပြု လူထုကျန်းမာရေး အဖွဲ့အစည်းတွေက အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ အမျိုးသမီးနဲ့ ကလေးငယ်တွေ အများအပြား ကာကွယ် ကုသနိုင်တဲ့ ရောဂါတွေနဲ့ သေဆုံးနေပြီး အဲဒီလို ကျန်းမာရေး စောင့်ရှောက်ဖို့ ပျက်ကွက်တာဟာ လူသားဆိုင်ရာ ရာဇ၀တ်မှု ကျူးလွန်တာလို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်းမှာရှိတဲ့ လူထုကျန်းမာရေး အဖွဲ့အစည်းတွေက လူဦးရေ ၂၇,၀၀၀ ကျော်အပေါ် စစ်တမ်းကောက်ယူပြီး အရှေ့ဘက်ခြမ်းဒေသ တိုင်းရင်းသား နယ်မြေတွေဖြစ်တဲ့ ကရင်၊ ကယား၊ မွန် စတဲ့ ဒေသတွေမှာ လူတွေက ကျန်းမာရေး ပြဿနာတွေ ဆိုးဆိုးဝါးဝါး ခံစားနေရတဲ့အကြောင်း စစ်တမ်း ထုတ်ပြန်ခဲ့တာပါ။

အစီရင်ခံစာအရ အဲဒီဒေသမှာရှိတဲ့ ကလေးငယ်တွေရဲ့ ၄၀% က အာဟာရ ချို့တဲ့နေပြီး ကလေးတွေ သေဆုံးရခြင်း အကြောင်းရင်းရဲ့ ၆၀% က ကာကွယ် ကုသလို့ရတဲ့ ရောဂါတွေကြောင့် သေဆုံးနေတာလို့ ဖော်ပြပါတယ်။ ဒီနေ့ ထိုင်းနိုင်ငံ နိုင်ငံခြား သတင်းစာဆရာများ အသင်းမှာ ကျင်းပတဲ့ ဒီအစီရင်ခံစာ ထုတ်ပြန်တဲ့ အခမ်းအနားမှာ ထိုင်း၊ မြန်မာနယ်စပ် မယ်တော်ဆေးခန်းက ဆရာမ ဒေါက်တာ စင်သီယာမောင်က အခုလို ပြောပါတယ်။

“ဒီအစီရင်ခံစာဟာ စစ်နဲ့ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်းက ပြည်သူတွေရဲ့ ကျန်းမာရေး အခြေအနေကို ထုတ်ဖော် ပြသလိုက်တာ ဖြစ်တဲ့အကြောင်း၊ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေက ကျန်းမာရေး အခြေအနေ ဆိုးဆိုးဝါးဝါး ခံစားနေရပြီး ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံး ရင်ဆိုင်နေရတဲ့အကြောင်း။” ဒေါက်တာ စင်သီယာမောင် ပြောသွားတာ ဖြစ်ပါတယ်။

အဲဒီ အရှေ့ဘက်ခြမ်း ဒေသမှာ စစ်အစိုးရဘက်က ကျန်းမာရေး အသုံးစရိတ် လျော့နည်းလာတာ၊ ပဋိပက္ခတွေ ကာလ ကြာနေတာနဲ့ လူတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကြောင့် ကျန်းမာရေး အဆင့်အတန်းတွေ နိမ့်ကျနေရတာ ဖြစ်တယ်လို့ ဒေါက်တာ စင်သီယာမောင်က ပြောပါတယ်။

မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း ဒေသတွေမှာ အမျိုးသမီး ၁၄ ယောက်အနက် တယောက်နှုန်း ငှက်ဖျားရောဂါ ကူးစက်ခံရပြီး ကမ္ဘာပေါ်မှာ ကူးစက်ရောဂါ ဖြစ်ပွားမှု အမြင့်မားဆုံး အခြေအနေမှာ ရှိတဲ့အကြောင်း အစီရင်ခံစာက ထုတ်ဖော်ပါတယ်။

ကာကွယ် ကုသလို့ ရနိုင်တဲ့ ရောဂါတွေနဲ့ လူတွေ အသက်ပေါင်းများစွာ ဆုံးရှုံးနေရတာက လူသားဆိုင်ရာ ရာဇ၀တ်မှု ကျူးလွန်ခြင်းဖြစ်တယ် ဆိုပြီး မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် အရေးတကြီး ဖွဲ့စည်းဖို့ လိုအပ်တဲ့ အကြောင်းလည်း အစီရင်ခံစာက တောင်းဆိုပါတယ်။

လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတာကြောင့် အရပ်သား အစိုးရတရပ် ပြောင်းလဲသွားခဲ့မယ်ဆိုရင် ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေတွေ ပိုပြီးတော့ တိုးတက် ကောင်းမွန်လာမယ်လို့ မျှော်လင့်ပါသလားဆိုပြီး သတင်းစာ ရှင်းလင်းပွဲမှာ မေးခွန်းထုတ်မှုတွေလည်း ရှိပါတယ်။ ရှမ်းအမျိုးသမီးရေးရာ အဖွဲ့က နန်းချမ်တောင်းက ဒီကိစ္စကို အခုလို ဖြေပါတယ်။

“မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း တိုင်းရင်းသား ဒေသတွေမှာ ပဋိပက္ခတွေ လျော့နည်းသွားမယ်ဆိုတဲ့ လက္ခဏာတွေ မတွေ့ရဘဲ စစ်အစိုးရက အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား အဖွဲ့တွေကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ ဖိအားတွေ ပေးနေပြီး အဲဒီဒေသတွေမှာ ထိုးစစ်တွေဆင်ဖို့ ပြင်ဆင်နေတဲ့အတွက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိနေဦးမှာဖြစ်ပြီး တိုင်းရင်းသားတွေအပေါ် ကျန်းမာရေး စောင့်ရှောက်မှု ကိစ္စကလည်း တိုးတက်လာဦးမှာ မဟုတ်တဲ့အကြောင်း။” နန်းချမ်တောင်းက ဖြေကြားသွားပါတယ်။

မကြာသေးခင်တုန်းက ဗွီအိုအေ မြန်မာပိုင်းက တွေ့ဆုံ မေးမြန်းရာမှာ ဒေါက်တာ စင်သီယာမောင်က တကယ်လို့ ရွေးကောက်ပွဲအပြီး အစိုးရတရပ် ပြောင်းလဲလာမယ် ဆိုရင်လည်း လူတွေရဲ့ လူမှုဘ၀ ဖူလုံရေးကို ဦးစားပေးမယ့် အစိုးရတရပ်ဖြစ်ဖို့ လိုတဲ့အကြောင်း အခုလို ပြောကြားခဲ့ပါတယ်။

“ကျန်းမာရေး ကောင်းမွန်လာမယ်၊ ပညာရေး ကောင်းမွန်လာမယ် ဆိုတာကတော့ ကျန်းမာရေး၊ ပညာရေးကဏ္ဍ တခုတည်း မဟုတ်တော့ဘဲ အထူးသဖြင့် ကျမတို့ လူထုတွေရဲ့ လူမှုဘ၀ လုံခြုံရေးပေါ့၊ စားနပ်ရိက္ခာ၊ ရေ၊ အိမ်သာ၊ ပြီးတော့ လိုအပ်တဲ့ တခြားသော နည်းပညာပိုင်း ဆိုင်ရာပဲဖြစ်ဖြစ်၊ သူတို့ရဲ့ ပူးပေါင်း လှုပ်ရှားမှုတွေပဲ ဖြစ်ဖြစ်၊ လွတ်လွတ်လပ်လပ်နဲ့ ပါဝင် ဆောင်ရွက်နိုင်တဲ့ အခြေအနေရှိမယ်၊ သူ့ဒေသအလိုက်မှာ ရှိနေတဲ့ တိုင်းရင်းသားတွေက ဖြစ်စေ၊ လူမှု အဖွဲ့အစည်းတွေက ဖြစ်စေ၊ ကိုယ့်ဒေသရဲ့ ပညာရေး၊ ကျန်းမာရေး စနစ်ကို ပါဝင်ပြီးတော့ ပူးပေါင်း ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေ အများကြီး ရှိမှသာလျှင် တိုးတက် ပြောင်းလဲမှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း ဒေသတွေမှာ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုနဲ့ အဓမ္မ ပြောင်းရွှေ့ခံရမှုတွေ ဆက်ရှိနေဆဲဖြစ်ပြီး အဓမ္မ ပြောင်းရွှေ့ခံရတဲ့ မိသားစု ကလေးတွေမှာ အာဟာရချို့တဲ့မှု ၃ ဆဖြစ်ဖို့ အလားအလာ ရှိတဲ့အပြင် ၀မ်းရောဂါ ဖြစ်နိုင်တဲ့ အလားအလာလည်း ၆၀% ကျော် ပိုပြီးရှိတဲ့ အကြောင်းနဲ့ အဓမ္မ လုပ်အားပေး ခိုင်းစေခံရတဲ့ မိသားစုတွေမှာ တနှစ်အောက် ကလေးတွေရဲ့ သေဆုံးမှုနှုန်းကလည်း ၂ ဆခွဲ ပိုပြီး မြင့်မားနေတဲ့အကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Read More...

ကရင်နီနှင့် စစ်အစိုးရတပ် တိုက်ပွဲ စစ်တပ်မှ ၂ ဦး သေဆုံး

ကန္တာရ၀တီတိုင်း(မ်) မှ.....

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်တွင် အောတိုဘာလ ၁၆ ရက်နေ့က ကရင်နီတပ်မတော်နှင့် မြန်မာစစ်အစိုးရတပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့၍ စစ်အစိုးရတပ်ဘက်မှ တပ်ကြပ်ကြီး တဦးနှင့် တပ်သားတဦး ကျဆုံးခဲ့သည်။

ဗိုလ်ကြီး ဖဲဘူး ဦးဆောင်သော တပ်ရင်း ၂၊ တပ်ခွဲ ၂မှ ကရင်နီတပ်ဖွဲ့နှင့် ဗိုလ်ကြီး ဖြိုးမင်းဝင် ဦးဆောင်သော စစ်အစိုးရတပ် ခြေလျင် တပ်ရင်း (ခလရ) ၂၄၇ တို့သည် ဒီးမော့ဆိုမြို့နယ် ဒေါတမကျေးရွာအနီးတွင် နှစ်ဦးနှစ်ဘက် တွေ့ဆုံ၍ ပစ်ခတ်ခဲ့ကြခြင်း ဖြစ်သည်။

“ကျနော်တို့ ကရင်နီတပ်က နအဖတပ်ရဲ့ လက်နက် တလက်ကို သိမ်းဆည်းရမိခဲ့တယ်။ အဲဒီလက်နက်က ခုနှစ်ဆယ်ကိုးနဲ့ အမ်အေ တွဲထားတယ်” ဟု ကရင်နီတပ်မတော် ဗျူဟာမှူး ဗိုလ်မှူးကြီး ဘျားရယ်က ပြောသည်။

ဒေါတမကျေးရွာ အနီး၌ တပ်စွဲထားသော ခလရ ၂၄၇ သည် ၎င်းတို့၏ တပ်စခန်းမှ ထွက်ခွာသွားစဉ် ကရင်နီတပ်မတော်ဘက်မှ အလျင် တွေ့ဆုံကာ ပစ်ခတ်ခဲ့မှုကြောင့် ကရင်နီတပ်ဘက်မှ ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း ကရင်နီ သတင်းနှင့် ပြန်ကြားရေးကော်မီတီ အဖွဲ့ဝင် တဦးက ပြောသည်။

၎င်းက “ရွာသူ၊သားတွေကိုတော့ ထိခိုက်မှု မရှိပါဘူး။ ဒါပေမဲ့ သူတို့ ပစ်ကြတဲ့ နေရာက စစ်တပ် တပ်စခန်းနဲ့ ရွာက နီးနီးလေးပဲလေ။ တိုက်ပွဲ ပြီးတဲ့အချိန်မှာ တိုက်ပွဲ ဖြစ်တဲ့ နေရာကို စစ်တပ် တပ်စခန်းမှ လှမ်းပစ်တော့ နေအိမ် နှစ်လုံးကို ထိသွားတယ်” ဟု ပြောသည်။

အောတိုဘာလ ၁ ရက်နေ့တွင်လည်း ရှားတောမြို့နယ်အတွင်း၌ စစ်အစိုးရတပ်နှင့် ကရင်နီတပ်မတော်တို့ ရင်ဆိုင်တိုက်ပွဲကြောင့် စစ်အစိုးရတပ်ဘက်မှ ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရှိခဲ့သည်ဟု သိရသည်။

Read More...

နှစ်ရက်အတွင်း တိုက်ပွဲ နှစ်ကြိမ်ဖြစ် နအဖ စစ်အရာရှိ သေဆုံး

သျှမ်းသံတော်ဆင့်သတင်း မှ....

ယခုလလယ်ပိုင်းက ကျေးသီးမြို့နယ် မိုင်းနောင်မြို့နယ်ခွဲ၌ နအဖစစ်တပ်နှင့် သျှမ်းပြည်တပ်မတော်အကြား တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွား ခဲ့ရာ ဗမာစစ်တပ်နှင့် ရဲတပ်ဖွဲ့ အနည်းဆုံး သုံးယောက် သေဆုံးကြောင်း စုံစမ်းသိရှိရပါသည်။
၁၇ ရက်နေ့က သျှမ်းစစ်သားလို့ ယူဆရတဲ့ နွားကျောင်းသား ဟန်ဆောင် လူတစုက ဗမာပုလိပ်စောင့်တဲ့ လမ်းကင်းဂိတ် စခန်းကို ၀င်တိုက်တယ်။ အဲဒီမှာ ပုလိပ် တယောက် သေတယ်” ဟု ဒေသခံဝန်ထမ်း တဦးက ပြောပါသည်။
အဆိုပါ ဂိတ်စောင့် ပုလိပ်တို့သည် အ၀င်အထွက် ယာဉ်ကြီး ယာဉ်ငယ်၊ ဆိုင်ကယ်၊ စက်ဘီး ခြေကျင်လျှောက်သူများ ပါမကျန် ပိုက်ဆံ တောင်းယူသဖြင့် ထိုကဲ့သို့ ပစ်ခတ်ခြင်း ခံရသည်ဟုလည်း ရွာသာများ ပြောကြသည်။

ယခုလ ၁၆ ရက်၌လည်း မိုင်းနောင်မြို့နယ်ခွဲ နမ့်မွန်း အခြေစိုက် ခလရ ၂၈၆ မှ ဗိုလ်ကြီးစည်သူနှင့် တပ်ကြပ်ကြီး မျိုးထွန်းက လူထုထံမှ မော်တော်ဆိုင်ကယ်တစီး ချောဆွဲမောင်းနင်ကာ မိုင်းနောင်မြို့ မြောက်ဘက် မိုင့်ဟိုင်းစဲန် သင်္ချိုင်းကုန်း အနီးအရောက် အင်အား ၅ ယောက်ပါ အဖွဲ့တဖွဲ့က အဲမ်ဘွတ်ရှ် ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း သိရ၏။

“ဗိုလ်ကြီး စည်သူက ပွဲချင်းပြီး သေတယ်။ တပ်ကြပ်ကြီး မျိုးထွန်းတော့ ဒဏ်ရာအပြင်းအထန်နဲ့ ဆေးရုံ အသွားလမ်းမှာ သေသွားတယ်။ သူတို့ရဲ့ ၉ မမ တလက်၊ စကားပြောစက်တလုံး ပါသွားတယ်” မိုင်းနောင် ဒေသခံ တဦးက ပြောပြ၏။

လွယ်တိုင်းလျဲန်း အခြေစိုက် သျှမ်းပြည်တပ်မတော် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး လောဝ်ဆိုင်ကမူ အဆိုပါ တိုက်ပွဲနှင့် ပတ်သက်၍ စိစစ်နေ တုန်းဟု သျှမ်းသံတော်ဆင့်သို့ ဖြေကြားပါသည်။

နောက်တရက် ၁၇ ရက်နေ့၌လည်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့နယ်ခွဲတောင်ဘက် (၀မ့်စိမ်း-မိုင်းနောင်ကြား လက်နက်ကိုင်လူ ၄ ယောက် နွားကျောင်းသား ဟန်ဆောင်၍ ၄ ယောက်ခန့်ရှိ နအဖပုလိပ်စောင့် လမ်းကင်းဂိတ်ကို ၇၅ ကိုက် အကွာမှ တိုက်ခိုက်ခဲ့၏။ နှစ်မိနစ်ကြာ ပစ်ခတ်ပြီး အဆိုပါ လက်နက်ကိုင် နွားကျောင်းသားတို့ တပ်ဆုတ်သွားသဖြင့် ၎င်းတို့ဘက် အခြေအနေ မသိရကြောင်း၊ ဗမာပုလိပ် ၁ ယောက် သေဆုံးကြောင်း နအဖရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြောပြပါသည်။

Read More...

လူထုကို ကြံ့ခိုင်ရေးပါတီ မဲမပေးရေး စစ်သားတွေက တိတ်တဆိတ် တိုက်တွန်း

ခိုနူမ်းထုန် သတင်းဌာန

ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့၌ အခြေချတပ်စွဲသော ခလရ (၂၆၈) တပ်ရင်းရှိ စစ်သားတွေက ကြံ့ခိုင်ရေးပါတီကို မဲမပေးရန် ချင်းပြည်သူလူထုကို တိတ်တဆိတ် တိုက်တွန်းနေကြောင်း သိရသည်။

အခုလို စစ်သားများက ကြံ့ခိုင်ရေးပါတီကို မဲမပေးရန် တိုက်တွန်းရခြင်းမှာ စစ်အုပ်ချုပ်ရေးကို စစ်တပ် ကိုယ်တိုင် မလိုလား တော့ သောကြောင့် ဖြစ်ကြောင်း သိရသည်။

” ယခုလ ပထမပတ်က စစ်သားခုနှစ်ဦးနဲ့ ကျတော်တို့ ၅ ဦး လမ်းမှာဆုံတော့ ကျတော်တို့ကို ခဏထိုင်ခိုင်းတယ်၊ တပ်ကြပ်ကြီး က ကြံ့ဖွံ့ကို မဲပေးယင် စစ်တပ်ပဲ ပြန်အုပ်ချုပ်မှာ၊ လက်အောက်ငယ်သားစစ်သားတွေကလည်း ဒီကြံ့ဖွံ့ပါတီ ကို မဲမပေးဘို့ဆုံးဖြတ်ကြတယ်ကွ၊ ခင်ဗျားတို့ ချင်းပြည်သူတွေ လည်း အဲဒါသတိထားကြလို့ ပြောတယ်” ဟု ခရီးသွား ဧည့်သည်တဦးက ပြောသည်။

ဖလမ်းမြို့နယ် ဒေသခံတဦးက “ ကျနော်တို့ လမ်းမှာ တပ်ကြပ်ကြီးတဦးမှဦးဆောင်တဲ့ နယ်လှဲ့စစ်သား ခုနှစ်ဦးနဲ့ တွေ့ ဆုံခဲ့တယ်၊ စစ်သားများက ကျနော်တို့ကို ခဏထိုင်ပါအုံးဆိုလို့ ကျနော်တို့ ခရီးသည် ၅ ဦးတို့သည် စစ်သားတွေနဲ့ အတူ ထိုင်တော့၊ တပ်ကြပ်ကြီးက ကြံ့ခိုင်ရေးပါတီကို မဲမပေးပါနဲ့၊ သူတိုပါတီက အနိုင်ရရင်တော့ ဘယ်တော့မှအာ ဏာလက် လွတ်မှာ မဟုတ်ဘူး၊ သတိထားပါ ကျနော်တို့ အောက်တန်းကျတဲ့ စစ်သားများကလည်း ကြံ့ခိုင်ရေးပါတီကို မဲမပေးရန် ဆုံးဖြတ် ကြောင်း ကျနော်တို့ကို ပြောပြတယ်” ဟု ခိုနှုမ်းသုန်ကို ပြောသည်။

ဆက်လက်၍ တပ်ကြပ်ကြီးက “ ကျနော်တို့က မြန်မာလူမျိုးတွေဖြစ်တဲ့အတွက်ကြောင့် ရွေးကောက်ပွဲမှာ ဘယ်လိုအစိုးရ ဘဲတက်လာတက်လာ ကိစ္စမရှိဘူး၊ ကြံ့ခိုင်ရေးပါတီသာ အနိုင်ရရင်တော့ မင်းတို့ချင်းလူမျိုးတွေဟာ အခုအခြေအနေ ထက် ပိုဆိုးမယ်၊ ဒါကြောင့် ချင်းပါတီတခုခုကို မဲပေးကြပါ
ဆိုပြီးပြောသွားတယ်” ဟု ထပ်မှန်ပြောပြသည်။

ပြည်သူ့ရဲများ နှင့် အစိုးရဝန်ထမ်းမိသားစုများသည် ကြံ့ခိုင်ရေးပါတီကို မဲမပေးရန် တိတ်တဆိတ် အချင်းချင်း စည်းရုံးနေ ကြ ကြောင်းလည်း သတင်းရရှိ သည်။

ယခုလို စစ်သားများ၊ ပြည်သူ့ရဲများ၊ အစိုးရဝန်ထမ်းများ ကြံ့ခိုင်ရေးပါတီကို မဲမပေးလိုခြင်းမှာ တနှစ်ထက်တနှစ် ဝန်ထမ်း များ စားဝက်နေရေး ပိုမိုကြပ်တည်းလာခြင်း၊ လုပ်ငန်းခွင်အတွင်း ကျဉ်းကျပ်ပြီး လွတ်လပ်မှုမရှိခြင်းများကြောင့် ဖြစ်သည်ဟု သိရသည်။

” တလ ကျပ်ငွေ ၃ သောင်းကျော်ရတယ်၊ လစဉ် အနည်းဆုံး ၅ ထောင်အဖြတ်ခံရတယ်၊ ကျန်တဲ့ ငွေက ဒေသဆန် ၂ ပုံး စာ ပဲကျန်တယ်” ဟု သားသမီး ၅ ဦးအမေဖြစ်သူ မတူပီမြို့နယ်မှ မူလတန်း ကျောင်းဆရာမ တဦးက ပြောသည်။

Read More...