ဧရာဝတီ သတင်းမှ.............
ကရင်ပြည်နယ် မြ၀တီခရိုင် ဖလူးဒေသ၌ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖ တပ်ဖွဲ့များအကြား ယနေ့ဖြစ်ပွားသည့် တိုက်ပွဲတွင် ထိုင်းနိုင်ငံဘက်သို့ လက်နက်ကြီးကျည်များ ထပ်မံ ကျရောက် ပေါက်ကွဲသဖြင့် ထိုင်းစစ်တပ်က နယ်စပ်လုံခြုံရေး တိုးမြှင့်ထားလိုက်သည်။
ယနေ့နံနက် ၇ နာရီခန့်က စတင် ဖြစ်ပွားသည့် နှစ်ဘက် တိုက်ပွဲတွင် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၂ လက်အောက်ခံ နအဖ တပ်ဖွဲ့ဝင်များက DKBA တပ်ဖွဲ့များ ရှိသည့်ဟု ယူဆရသည့် ကဆောဝါးလေး တောင်တန်း တလျှောက် လက်နက်ကြီး ကျည် အလုံး ၁၀၀ ခန့် ကြိုကြား ပစ်ခတ်လျက်ရှိရာ ထိုင်းနိုင်ငံဘက်သို့ လက်နက်ကြီးကျည် ၆ လုံး ယနေ့ မွန်းလွဲပိုင်းတွင် ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းစစ်တပ်က ပြောသည်။
တိုက်ပွဲဝင် DKBA နှင့် KNUပူးပေါင်းအဖွဲ့၏ လက်ဖြောင့် တပ်သားများ (ဓာတ်ပုံ - ဧရာဝတီ)
ယမန်နေ့က ဖြစ်ပွားခဲ့သည့် နှစ်ဘက် တိုက်ပွဲတွင်လည်း နအဖ တပ်ဘက်မှ လက်နက်ကြီးကျည် အလုံး ၁၀၀ ခန့်ပစ်ခတ်ခဲ့ရာ ထိုင်းဘက်ခြမ်း မဲဆောက်မြို့နယ် မဲ့ကိုကင်း ရွာရှိ ကော်မနောင်း အနီးတွင် ၁၁ လုံးကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
နအဖ ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ထိုင်းဘက်ကျရောက် ပေါက်ကွဲမှု ဖြစ်စဉ်ကို ထိုင်းဘက်မှ စစ်ဆေးလျက် ရှိပြီး လိုအပ်ပါက ထိုင်း-မြန်မာ နယ်ခြား ကော်မတီမှ တဆင့် မြန်မာဘက်သို့ ကန့်ကွက်သွားမည်ဟု မဲဆောက် အခြေစိုက် အမှတ် (၄) ဒေသဆိုင်ရာ ကွပ်ကဲရေး တပ်မှ တပ်မှူးတဦးက သတင်းထောက်များကို ပြောသည်။
တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ ဖလူးဒေသတွင် စစ်ရေးလှုပ်ရှားနေသည့် DKBA တပ်မဟာ ၅ မှ စစ်ဆင်ရေးမှူး ဗိုလ်မှူးဆန်းအောင် က နှစ်လတာ တိုက်ပွဲကာလအတွင်း DKBA နှင့် ကရင်အမျိုးသား အစည်းအရုံး(KNU)တပ်ဖွဲ့ဝင်များ၏ ပြောက် ကျားစနစ်ဖြင့် ချုံခိုတိုက်မှုကြောင့် နအဖ ဘက်က ထိခိုက်ဒဏ်ရာရ သေဆုံးမှုများစွာ ရှိခဲ့သည့်အတွက် ဖလူးဒေသကို စိုးမိုးမှု အမြန်ရယူရန် ယခုကဲ့သို့ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောသည်။
“နအဖ က ပြောက်ကျားစနစ်ကို ကြောက်တယ်။ သူတို့ဘက်က အကျအဆုံးထဲမှာ ကျနော်တို့နဲ KNUပူးပေါင်း တပ်ဖွဲ့တွေရဲ့လက်ဖြောင့် တပ်ဖွဲ့ဝင်(စနိုက်ပါ သမား)တွေကြောင့် ဖြစ်တယ်”ဟု ဗိုလ်မှူးဆန်းအောင်က ဆိုသည်။
၎င်းက ဆက်လက်ပြီး“လက်နက် အင်အား၊ လူအင်အားချင်း ကွာခြားမှုအရ ကျနော်တို့က ပြောက်ကျားစစ်နစ်ကို သုံးတာဖြစ် တယ်။ ဒီနည်းနဲ့ နအဖ ဘက်က တလကို ထိခိုက်ကျဆုံးမှု များတာရှိတဲ့အတွက် အခုလိုမျိုးကျနော်တို့ကို လက်နက်ကြီး အလုံး ရေ ရာနဲ့ချီပြီးတော့ တိုက်နေတာဖြစ်တယ်”ဟု ပြောသည်။
ပြီးခဲ့သည့် နှစ်ဘက်တိုက်ပွဲများအတွင်း ထိခိုက် ဒဏ်ရာရ သေဆုံးမှုများနှင့် ပတ်သက်ပြီး သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။
ယနေ့ဖြစ်ပွားသည့် တိုက်ပွဲတွင် နှစ်ဘက် ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး နအဖ တပ်ဖွဲ့ဝင်များ၏ ထိခိုက်ကျဆုံးမှုကို မသိရှိရသေး သော်လည်း DKBA ဘက်မှ တပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု DKBA တပ်မှူး တဦးက ပြောသည်။
တိုက်ပွဲကြောင့် ယနေ့နှင့် ယမန်နေ့က ရာနှင့် ချီသည့် ဖလူး ဒေသခံ ရွာသားများ ထိုင်းဘက်ခြမ်း မဲဆောက်မြို့နယ် အတွင်း သို့ ၀င်ရောက်ခိုလှုံလျက်ရှိသည်ဟု ၎င်းတို့၏ ကျန်းမာရေးနှင့် စားဝတ်နေရေးကိစ္စများကို ကူညီဆောင်ရွက် ပေးနေသည့် မဲဆောက်မြို့ မယ်တော် ဆေးခန်းမှ ဆေးမှူး စောနေဦးက ပြောသည်။
နောက်ဆုံးရရှိသည့် သတင်းများအရ ယမန်နေ့ကစတင်သည့် နအဖ ထိုးစစ်သည် ဖလူးဒေသကို စစ်မျက်နှာဖွင့်ထားပြီး DKBA တပ်မဟာ(၅)ဌာနချုပ် ရှိသည့် ဝေါ်လေဒေသသို့ နအဖ တပ်များ ထိုးစစ်ဆင်ရန်အတွက် စစ်ချီရာတွင် လွယ်ကူစေရန် စစ် ပရိယယ် သုံးခြင်းဖြစ်သည်ဟု ထိုင်း နယ်ခြားစောင့် တပ်မှူးတဦးက သုံးသပ်ပြောကြားသည်။
မြ၀တီခရိုင်မှတဆင့် ဝေါ်လေဒေသရှိ DKBA တပ်မဟာ(၅)ကိုရောက်ရှိရန် နအဖ တပ်များ လာမည့် ပုံမှန်လမ်းကို DKBA နှင့် KNU တပ်များ ပိတ်ဆို့ထားသဖြင့် အခြားတောလမ်းများမှ လာရောက်ရန်ကြိုးစားနေသော နအဖ တပ်များ မိုင်းကွင်းများနှင့် ပြောက်ကျား စစ်ကြောင့် အဆိုးဝါးဆုံး အနေအထားများနှင့် ရင်ဆိုင်ကြရမည်ဟု ဝေါ်လေအခြေစိုက် KNU တပ်ရင်း ၂၀၁ ၏ ဒု တပ်ရင်းမှူး ဗိုလ်မှူးကြည်အောင် ကလည်း ပြောသည်။
ရွေးကောက်ပွဲ ကျင်းပနေစဉ် နိုဝင်ဘာလ ၇ ရက် နှင့် ၈ ရက်နေ့က မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နှင့်ကြာအင်း ဆိပ်ကြီးမြို့နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ် နီးပါး တိုက်ပွဲ များ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။
Read More...
Summary only...
FNG မှ.................
မြန်မာ စစ်အစိုးရသည် မြန်မာ နိုင်ငံသား တိုင်း စစ်မှု မထမ်းမနေရ အမိန့် ကို ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေ အရ ထုတ်ပြန် လိုက်သည် ဟု သတင်းရရှိသည်။ စစ်မှုထမ်းသက်မှာ အမျိုးသမီးများ အဖို့ အသက် ၁၈ နှစ် မှ ၃၅ နှစ်ကြား ဖြစ်ပြီး ၊ အမျိုးသားများ အတွက် အသက် ၁၈ နှစ်မှ ၄၅နှစ်ကြား ဖြစ်သည်။
စစ်မှုထမ်း ဥပဒေ နဲ့ ပတ်သက်ပြီး ရန်ကုန် မြို့ က လူငယ် တစ်ဦးတော့ “စစ်တပ်ထဲ ဝင်သွားပြီးလက်နက်တွေထုတ်လာမယ်။ ဆန္ဒပြရင် လက်နက်တွေ ရှိပြီး ပြန်ပစ်တတ်တာပေါ့ ။ အရေးကြီး စစ်စခန်း
မြေပုံတွေ ကို အင်တာနက်မှာ တင်မယ် ၊ ပြည်သူတွေ ဆန္ဒပြရင် သူငယ်ချင်းတွေ နဲ့ တိုင်ပင်ပြီး စစ်စ
ခန်း တွေ ကို ဗုံးခွဲ ပစ်မယ် ၊ ရမ်ဘို ကား ထဲက လို” ဟု သူ၏ အမြင် ကို Freedom News Group သို့ 
ပြောသည်။
Read More...
Summary only...
ဆုံဆည်းရာ မှ........
ယခုတိုက်ခိုက်နေသည့် ကရင်ပြည်နယ်အတွင်းရှိ နအဖ ရဲ့ စစ်ဆင်ရေးများတွင် လက်နက်ကြီးကျရောက်သည့် ကိုက်တရာအတွင်းရှိ လူများ နားစည်များမှ သွေးယိုသည့် ဓါတုလက်နက်ပစ္စည်းများ စမ်းသပ်အသုံးပြုမည်ဟု ကောလဟာလ သတင်းများထွက်ပေါ်နေကြောင်း သိရှိရသည်။
နအဖ ဘက်မှ ကရင်ပြည်နယ်အတွင်း ဖြစ်ပွားသော ယခု စစ်ဆင်ရေးများတွင် အင်းစိန်ထောင်၊ မော်လမြိုင်ထောင်၊ ဘားအံ(တောင်ကလေး)ထောင်တို့မှ အကျဉ်းသားများအပြင် လက်နက်ရိက္ခာသယ်ယူရန်နှင့် လူသားမိုင်းရှင်းကိရိယာအဖြစ် အသုံးပြုရန် အကျဉ်းသားများမလုံလောက်သဖြင့် တောင်ငူထောင်မှ အကျဉ်းသားများကိုလည်း ထပ်မံခေါ်ယူထားကြောင်းသိရှိရသည်။
နအဖ စစ်ဆင်ရေးနဲ့ ကွပ်ကဲရေးဌာန လက်အောက်ခံတပ်ရင်းများ ကေအန်ယူ တပ်မဟာ (၁)၊ တပ်မဟာ (၆)နဲ့ တပ်မဟာ (၇) နယ်မြေတွေကို ယမန်နေ့ကနေ့စတင်ပြီး အင်အားအလုံးအရင်းနဲ့ တပြိုင်နက် ထိုးစစ်ဆင်လာတာတွေ့ရပါတယ်။
- နအဖ တပ်များမှာ စကခ(၁၂) နည်းဗျူဟာ(၁)နှင့် (၂)လက်အောက်ခံ ခလရ(၂၃၁)၊ ခမရ(၅၄၆)၊ ခမရ (၅၄၈)၊ ခမရ(၅၄၉)၊ ခမရ(၃၅၆)၊ ခမရ(၃၅၇)နှင့် ခမရ(၅၄၅) တပ်ရင်းများဖြစ်ပြီး ကေအဲန်ယူ၊ ဒီကေဘီအေတပ်များနှင့် ထိပ် တိုက်ရင်ဆိုင်နေရသည့် နအဖတပ်များမှာ
- စကခ(၁၉) နည်းဗျူဟာ(၂)မှ ခလရ(၂၉၉)မှ ချူကလီးဒေသတွင် ထိုးစစ်ဆင်၊
- ခမရ(၅၈၆)မှ အူးကလေးထာ့ရွာတွင် အခြေစိုက်လှုပ်ရှားနေပြီး ဖားအံမြို့အခြေစိုက် လှုပ်ရှား၊
- နအဖ တပ်မ(၂၂) လက်အောက်ခံ နည်းဗျူဟာ(၂၂၂) လက်အောက်ခံတပ်ရင်းများဖြစ်သည့် ခမရ (၂၀၉)၊ (၂၀၁)၊ (၂၀၂)နဲ့ (၂၀၅)တပ်ရင်းမှာ ကမမောင်းကျေးရွာဘက်သို့ ထိုးစစ်ဆင်လှုပ်ရှား၊
- မာနယ်ပလော နယ်မြေတွင် စစ်ဆင်ရေး လှုပ်ရှားဖို့အတွက် နည်းဗျူဟာ(၂၂၃)သည် ရှမ်းရွာသစ်ဘက်တွင် ထိုးစစ်ဆင်ပြီး၊
- နည်း ဗျူဟာ(၂၂၃) လက်အောက်ခံတပ်များဖြစ်သည့် ခလရ(၈၁)၊ ခမရ(၂၀၄)၊ (၂၀၈) တပ်များမှာ ဆင်ဖြူတောင်(ကဆောဝါးလေး)ဒေသ ဘက်သို့ ထိုးစစ်ဆင်နေကြောင်း သိရှိရသည်။
ယမန့်နေ့က ဝေါလေဒေသ ဖလူးကျေးရွာနားမှာ နအဖ တပ်တွေနဲ့ ဒီကေဘီအေ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။ ယမန့်နေ့ မနက်ပိုင်းမှ စပြီး နအဖ စစ်တပ်တွေ ဒီကေဘီအေတပ်တွေကို အရှိန်အဟုန်မြင့်ပြီး တိုက်ခိုက်လာတာတွေ့ရပါတယ်။
Read More...
Summary only...
FNG မှ.........
၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက် ပွဲ ကျင်းပသည့် နေ့ ကတည်းက မြ၀တီ မြို့ ကို ၀င်ရောက် သိမ်းပိုက်ပြီး စစ်အစိုးရ တပ်ဖွဲ့ များ ကို ယှဉ်ပြိုင် တိုက်ခိုက်နေသည့်ဗိုလ်မှုးချုပ် စောလားပွယ် ဦးစီးသည့် DKBA တပ်များ ကို ထိုးစစ် ဆင်ရန် စစ်သည် နှစ်ထောင်
ကျော် နှင့် လက်နက်ကြီးများ တင်ဆောင် ထားသည့် နအဖ တပ်ရင်း ၊ တပ် ဖွဲ့ များ သည် ဒီကေဘီအေအခြေစိုက်ရာ ဖလူး နှင့် ဝေါလေ ဒေသ ကို ဇန်န၀ါရီ လ ၉ ရက်နေ့ တွင် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေသည် ဟု သတင်းရရှိသည်။
ယနေ့ မနက် ၇ နာရီ အချိန်ခန့် ကတည်း က ဖလူးဒေသ နှင့် မြ၀တီ မြို့ တောင်ဘက်မိုင်၂၀ခန့် အကွာမှာတပ်စွဲထား ပြီး ကနဲ့ လေးဒေသ ကို လည်း လက်နက် ကြီး တွေ နဲ့ ဆက်တိုက်ပစ်ခတ်ခဲ့လို့ ဒေသ ခံတွေဟာ ဘေးလွတ်ရာကို ရှောင်တိမ်းနေတယ်ဟု သတင်းရရှိသည်။
စစ်ဆင်ရေးကို နေပြည်တော်က ဗိုလ်မှုးချုပ်အဆင့်တာဝန်ရှိသူတစ်ဦးက မြ၀တီ မြို့ မှရုံးထိုင်ပြီး စီမံခန့် ခွဲ နေတာ ဖြစ်ပြီးဗိုလ်မှုးကြီးချစ်သူရဲ့  ၉၉၉ တပ်မဟာ ဒီကေဘီအေတပ်ဖွဲ့ ဝင်များကတော့နအဖစစ်ကြောင်းတွေရဲ့လက်နက်ကြီးပစ်ကူတွေကိုအကာအကွယ်ယူပြီးနယ်မြေရှင်းလင်းရေး လုပ်ငန်း တွေ ကို ဆောင်ရွက် ရမှာ ဖြစ်တယ် လို့  ဒီကေဘီအေ အရာရှိ တစ်ဦးကFreedom News Group သို့ ပြောသည်။
ဒီကေဘီအေ ခွဲထွက်တပ်ဖွဲ့ ကတပ်မှုးတစ်ဦးက တော့ မြန်မာစစ်တပ်ကလက်နက်ကြီးတွေနဲ့ ပစ်တာ နှစ်ရက်ရှိနေပေမယ့် နယ်မြေစိုးမိုးထား နိုင်ဆဲဖြစ်တယ်ဟု ပြောသည်။
နယ်စပ် ဒေသမှာပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်နေတာကြောင့်ထိုင်း နိုင်ငံကလည်းနယ်ခြားစောင့်တပ် တွေကိုအင်အားတိုး မြှင့်ချထါးပြီးဥတပေါနဲ့  နခွန်ဝန် လေတပ်စခန်းက စစ်တပ်ရဟတ်ယာဉ်တွေ ကလည်းမဲဆောက် လေဆိပ် ကို ရောက်ရှိလာ ကာ နယ်ခြား တစ်လျှောက် ကင်းလှည့် ပျံသန်းမှု များ လုပ်နေသည် ဟု သတင်းရရှိသည်။
Read More...
Summary only...
KIC သတင်းမှ...................
ကော့ကရိတ်-မြ၀တီကားလမ်း တံတားကျိုးနေရာတွင် ယနေ့ မွန်းလွဲပိုင်း၌ ဆွဲမိုင်းထိ၍ လူ ၈ဦး ထိခိုက်ဒဏ်ရာရရှိသွား ကြောင်း သိရသည်။
အဆိုပါ ဆွဲမိုင်းသည် တံတားကျိုးနေရာတွင် တက်လာသည့် စစ်ကားတန်းကို တိုက်ခိုက်ဟန်ရှိပြီး စစ်ကားများ လွန်သွားချိန်မှ မိုင်းပေါက်ကွဲသည့်အတွက် ခေတ္တ ရပ်တန့်ထားသည့် ခရီးသည်တင် ဟိုင်းလက် ကားတစီးကို ထိမှန်ကာ ကားပေါ်ပါသူ ၇ဦးနှင့် ဆိုင်ကယ်သမား ၁ဦး ထိခိုက်သွားခြင်းဖြစ်သည်။
“ဆွဲမိုင်းကတော့ စစ်ကားတန်းလွန်သွားမှ ထပေါက်တော့ အဲဒီမှာ ရပ်ထားတဲ့ ခရီးသည်တင်ကားထဲက ဟိုင်းလက်ကားတစီးကို သွားထိတယ်။ ကားပေါ်က ခရီးသည် ၇ယောက်နဲ့ မြ၀တီက ဆင်းသွားတဲ့ ဆိုင်ကယ်သမား ၁ယောက်တော့ ထိသွားတယ်။ ခရီးသည်တွေက နည်းနည်းပွန်းပဲ့ရုံပါပဲ။ ဆိုင်ကယ်သမားကတော့ နည်းနည်းပြင်းတယ်။ သူ့ကို မြ၀တီဆေးရုံမှာ တင်ထား တယ်။”ဟု ကုန်သည်တဦးက ပြောသည်။
ယင်းတိုက်ခိုက်မှုမှာ မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ဟု တပ်အပ်ပြောဆိုနိုင်ခြင်း မရှိသေးသော်လည်း တောင် ပေါ်လမ်းအတိုင်း တက်လာသည့် စစ်ယာဉ်တန်းကို ပစ်မှတ်ထားခြင်းဖြစ်နိုင်ကြောင်း ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်နေသည်။
Read More...
Summary only...
နေ့သစ်မှ......
A) ခုတလော မီဒီယာတွေမှာ သတင်းကြီးနေတဲ့ ထောက်လှမ်း ရေးပြုတ် ခင်ညွန့် ဗွီဒီယိုတွေ ကြည့်ဖြစ်လာဗျ အသံမပါတာ အ ရင်ထွက်လာတယ် နောက်ပြီးမှ အသံနဲ့ ထပ်ထွက် လာတယ်။ လူတွေကတော့ ထောင်ထဲထပ်ထဲ့သလိုလို၊ နအဖ က ပြန်ပဲသုံး တော့မလိုလိုတွေ သတင်းတွေ ထွက်နေတယ်ဗျ
(B) ကျနော့်အမြင်တော့ အဲဒါတွေကဆိုဒ်ဝါးတွေဗျ ၂၀၀၅ တုန်းက ရုပ်သံတွေလို့ သူတို့ အ သိုင်းထဲက ထွက်လာတဲ့ စကားတွေအရပေါ့၊ အဲဒီထဲက ကလေးတွေဆိုရင် အခုကျောင်း တွေတောင်တက်နေပြီ စင်္ကာပူမှာ ၅ တန်းတက်နေပြီ ပြည်တွင်းပြည်ပမှာဆိုရင် ခုတ လော ခင်ညွှန့်တို့ ကိုရီးယားမင်းသား ဂျူမုံတို့က အဲဒီသတင်းတွေကို လူတွေကိုအရုဏ် ပြောင်းတွေးစေမယ့်အကြောင်းတွေ လှိုင်လှိုင်ကြီးဖေါ်ပြနေတယ်
ခု ခင်ညွန့် ရုပ်သံတွေက ၂၀၀၅ နိုဝင်ဘာ ၁၃ ရက်နေ့လောက်က ဟာတွေဖြစ်မယ် နောက်တခုက ပြည်တွင်းမှာ ကိုရီးယားမင်းသားကို လေဆိပ်က၀င်တော့ VIP က ၀င်ခိုင်း တာ ဂျူမုံဆိုတာလေ
(A) မြန်မာပြည်အတွက် အရေးတကြီးပုဂ္ဂိုလ်ပေါ့ ဟုတ်လား။
(B) ရွှေတိဂုံစေတီမှာလဲ VIP မှာ ထောက်လှမ်းရေးမှူးနဲ့ ပေးတွေတာတွေလုပ်တာ အဲဒါ တွေက ပြည်သူကို အတွေးစတွေ လမ်းလွဲအောင် ဆိုက်ဒ်ဝါးကို သုံးနေတာတွေပါ ဒီမိုက ရေစီ အင်အားစုတွေကလဲ ဘာလဲညာလဲ အဲဒီကိစ္စတွေ ပြောဆိုနေကြတာ မြင်နေကြား နေရတယ်။
(A)သူတို့ ဝါဒဖြန့်ချိရေးကလည်း အချိန်ကိုက်လုပ်ထားတော့ လူတွေ သို့လောသို့လော တွေ တွေးစရာ ပြောစရာ ဖြစ်လာရတာပေါ့ဗျာ
(B) ရုပ်သံထဲက အ၀ါရောင်ဝတ်နဲ့ ခင်ညွှန့် ချီထားတဲ့ကလေးက အခုကျောင်းတက်နေ တာ ၅ တန်းလေ အခု စင်ကာပူမှာပဲပေါ့
(A)ဟုတ်ကဲ့
(B) အတိတ်တွေနဲ့ ပစ္စုပ္ပန်ကို ရောထွေးပြီး ပြည်သူကို အမြဲလှည့်စားတက်တဲ့ နအဖ အလိုတော်ရိတွေရဲ့ ပြကွက်လေးမှာ မျောနေမယ်ဆို ရှေ့ဆက်ဒီမိုကရေစီအရေးအတွက် နှောင့်နှေးမှုတွေဖြစ်လာနိင်တာမို့ လမ်းတွေ့တိုင်း လိုက်မလျှောက်ကြပါနဲ့လို့ပဲ ပြောချင် တယ်ဗျာ
(A) အခု ခင်ညွန့်က ဘယ်မှာလို့ ထင်လဲ
(B) တာရိုမှာလို့ ကြားသိရတယ် တာရိုက တောင်တွင်းကြီးနဲ့ ဒဂုံဆိပ်ကမ်း နှစ်နေရာရှိ တယ် ဘယ်မှာဆိုတာတော့ အတိအကျမသိရဘူး အဲဒီမှာ အချုပ်ချထားတာ တခုရှိတာ ကမင်းသားခေါင်းနဲ့လဲ ပြန်ထွက်လာနိုင်တယ် နေအိမ်အကျယ်ချုပ်ကနေ ပြန်ခေါ်သွား တာက၂၀၁၀ ရွေးကောက်ပွဲနီးကာလမှာလေ အဲဒါနောက်ဆုံးပဲ
(A) ဖြစ်နိုင်တာပေါ့ ပြည်သူလူထုကို လှည့်စားတာပါ အတိုက်အခံတွေရော အပစ်ရပ်တွေ ပါ ခင်ညွန့်က မွှေထားတာမဟုတ်လား
(B) သေချာတာပေါ့
ခင်ညွန့်ကို ကြောက်ပြီး ထောင်တွေဘာတွေများ ထပ်ချလားပေါ့နော်
(B) ဖြစ်လာနိုင်တာကတော့ ဦးသန်းရွှေလိုချင်တာကို ပေးနိုင်သူက မြန်မာပြည်မှာနှစ် ယောက်ပဲရှိတယ် တယောက်အမေ…. နောက်တယောက် ခင်ညွန့်၊ ဘာကိုလိုချင်တယ် ဆိုတာတော့ မသိပေမဲ့ သူ့အတွက် ဒီလူနှစ်ယောက်ကတော့ သေချာပေါက်အရေးကြီး တွေလေ သန်းရွှေအတွက်ပေါ့ အဲဒီတော့ သူကျွမ်းကျင်တဲ့ စိတ်ဓာတ်စစ်ဆင်ရေးနည်း တွေကို ဘယ်လိုအကွက်ချသုံးမလဲ တွေးနေရတာပဲဗျ
(A) စစ်အုပ်စုဝင်တွေမှာ အကျင့်တခုရှိတယ် သူတို့ပယ်ထားတဲ့ သူတို့လူကို ပြန်တော့ သုံးတတ်တယ် ဒါပေမယ့် လူရာမသွင်းတော့တဲ့ အကျင့်ရှိတယ် နောက်တခုက အပယ်ခံ ထားရတဲ့ လူကလည်း မျက်နှာလိုမျက်နှာရ ပြန်လုပ်ဖို့ ဘယ်တော့မှ ဝန်မလေးဘူး လူရာ မသွင်းခံရရင်နေ မျက်နှာလေး ပြန်လုပ်ရတော်ပြီ အဲဒီ အကျင့်ပဲဗျ
ဦးသန်းရွှေအကျွမ်းကျင်ဆုံးက စိတ်ဓာတ်စစ်ဆင်ရေးဗျ အဲဒီတော့ သူဘယ်လိုအကွက်ချ မလဲလို့ တွေးရတာတော့ခက်တယ် ဦးခင်ညွှန့်ပေါ်လာရင်တော့ မင်းသားခေါင်းနဲ့ ပြန် ထွက်လိမ့်မယ်လို့ ပဲတွေးမိတယ် တွေးဆုံဆွေးနွေးရေးဆိုတာကို သူက ကြားဝင်လာ မယ်ထင်တယ် လိုအပ်လွန်းမက လိုအပ်လာခဲ့ရင် ဖြစ်မယ်
(A) ကျနော်ကတော့ မင်းသားခေါင်းဆောင်းရလိမ့်မယ်လို့မထင်တော့ဘူး အလွန်ဆုံး ဝင် ပါ ခွင့်ရရင် စင်အောက်ကပဲ ထိုးခွဲသပ်လျှို့ ကိစ္စတွေကိုပဲ သန်းရွှေအတွက် လုပ်ပေးလိမ့် မယ်လို့မြင်တယ်
(B) အင်း.. ဖြစ်နိုင်ချေတထောင်က အစစ်အမှန်တခုမဟုနိုင်ဘူးလို့ ဆိုရိုးရှိတာကိုးဗျ၊ အခု ကျနော်တို့ တွေးတာတွေ ဖြစ်ချင်မှလဲဖြစ်လာမှာလေ ဘယ်သူတွေးတာ မှန်နိုင်မ လဲဆို တာ အချိန်က တရားသူကြီးလုပ်လိမ့်မယ် နှစ်ယောက်လုံးမှားပါစေ ဆုတောင်းတာ ပဲဗျ
ဘာလို့ဆို သူဝင်လာရင် ပိုရှုပ်မယ်လေ ဟားဟား…
(A) အောင်ကြီး က ဦးနေဝင်း ကို မျက်နှာလိုမျက်နှာရလုပ်ပြီး လက်နက်ကိုင်အဖွဲ့တွေအ တွင်း ထိုးခွဲခဲ့တဲ့ လုပ်ရပ်တွေ ပြီးတော့ ဒီမိုကရေစီအင်းအားစုဘက်ရောက်လာပြီး စစ် တပ်ကို စိတ်နဲ့တောင် မပြစ်မှားဖို့ လာပြောတာတွေ အဲဒီအတွေ့အကြုံတွေ ကျနော်တို့ တွေမှာ ရှိပြီးသားပဲဟာ
(B) ဟုတ်ပါ့ဗျာ စမူဆာကြီး … ဟား ဟား
အရေးကြီးတာ စစ်အာဏာရှင်စနစ်နဲ့ စစ်အာရှင်တွေ မြန်မာပြည်မှာ ပျောက်ကွယ်ဖို့က အရေးကြီးပါတယ်လေ
Read More...
Summary only...
KIC သတင်းမှ........
မြ၀တီမြို့နယ် ဖလူးလေးရွာအနီးတွင် နအဖ စကခ(၁၂) လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် ဒီကေဘီအေတပ်များ ယမန်နေ့က ပြောက်ကျားတိုက်ပွဲ ဖြစ်ပွားခဲ့ရာ နအဖဘက်မှ ၃ဦး ကျဆုံးခဲ့သည်ဟု ဒီကေဘီအေဘက်က ပြောသည်။
ထိုနေ့ မွန်းလွဲ ၁နာရီခွဲအချိန်တွင် ဒီကေဘီအေမှ ဗိုလ်ကြီးစောဘလာနာ့၏ တပ်ဖွဲ့နှင့် နအဖ တပ်များ မိနစ်ပိုင်းအတွင်း ပြောက်ကျားပစ်ခတ်မှုဖြစ်ပွားခဲ့ရာမှ နအဖဘက်မှ ယခုလို ပွဲချင်းပြီး ၃ဦးကျဆုံးခဲ့သလို တစ်ဦးမှာ မိုင်းနင်းမိသွားခဲ့ကြောင်း ဒီကေဘီအေ တပ်မဟာ(၅)မှ စစ်ဆင်ရေးမှူး ဗိုလ်မှူးစောဆန်းအောင်က ပြောသည်။
“ဗိုလ်ကြီးဘလာနာ့အဖွဲ့ကတော့ ဖလူးလေးအနားမှာ နအဖကို ပြောက်ကျားသွားတိုက်တာပဲ။ နအဖကို ငါးချက်သွားပစ်တာ ၃ ယောက် ကျသွားတယ်။ ၂ချက်ကတော့ မထိလို့။ နအဖဘက်ကတော့ လက်နက်ကြီးတွေနဲ့ ပြန်ပစ်တာတော့ ရှိတာပေါ့။ နောက် သူတို့လူတစ်ယောက်လည်း မိုင်းနင်းမိတယ်လေ။”ဟု ဆိုသည်။
Read More...
Summary only...
Freedom News Group မှ.........
ကရင်ပြည်နယ် မြ၀တီမြို့အနီးရှိ ကနဲလေးနှင့် ဝေါ်လေဒေသအတွင်းတွင်တိုက်ပွဲများဆက်လက် ဖြစ်ပွားနေကြောင်းFNG မှသတင်းရရှိသည်။ နယ်ခြားစောင့်အသွင်ပြောင်းရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံသော ဗိုလ်မှုးချုပ်စောလားပွယ်ဦးဆောင်သော DKBA တပ်များနှင့် နအဖများတိုက်ပွဲဖြစ်ပွားမများနေ့စဉ်ဖြစ်ပွားနေသည်။ ထိုတိုက်ပွဲကိုကေအင်ယူတပ်များနှင့် ကျောင်းသားတပ်မတော် ပါပူးပေါင်းတိုက်ပွဲဝင် လျက်ရှိသည်။ ကရင်ပြည်နယ်အတွင်းနေရာ ဒေသ အချို့ တွင် နအဖတပ်အားခြုံခိုတိုက်ခိုက်ခြင်း၊ယှဉ်ပြိုင်တိုက်ခိုက်ခြင်းများကြောင့် နအဖတပ်မှ အရာရှိ၊အကြပ်၊စစ်သည်များ အထိနာလျက်ရှိကြောင်းသတင်းများရရှိသည်။
နအဖရဲဘော်များမှာ စစ်ရေးစွမ်းရည် မပြည့်ဝမှုအပြင် ရိက္ခာပြတ်လတ်မှု အခက်အခဲများကြောင့်DKBA တပ်များထံ လက်နက်ချခြင်း၊အဖမ်းခံခြင်းတို့ဖြစ်ပွားနေသည်။ ဒီဇင်ဘာ ၅ရက်နေ့မှစတင်ပြီး နအဖတပ်အင်အားများစွာ ကနဲလေးနှင့် ဝေါ်လေဒေသသို့ ထိုးစစ်ဆင်နိုင်ရန် အင်အားဖြည့်တင်းခဲ့သည်။ ထိုစစ်ကြောင်းနှင့်အတူ ဘားအံ့ထောင်၊တောင်ကလေးထောင်၊ မော်လမြိုင်ထောင် တို့မှ ရာဇ၀တ်အကျဉ်းသား ရာနှင့်ချီပြီးခေါ်ဆောင်လာကြောင်း ဒေသခံများကပြောပြပါသည်။ ထိုအကျဉ်းသားများကို ကျည်၊ရိက္ခာနှင့် လူသားမိုင်းရှင်းကရိယာအဖြစ် ခေါ်ဆောင်လာကြောင်းသိရှိရသည်။
ယနေ့မနက်ပိုင်းတွင် DKBA နှင့် နအဖတပ်များရင်ဆိုင်တပ်ပွဲဖြစ်ပွားရာ နအဖစစ်သည် ၂ဦးကျဆုံးကြောင်းသတင်းရရှိသည်။ နအဖ ဘက်မှ ဗိုလ်မှုးချုပ်စောလားပွယ် အား ငြိမ်းချမ်းရေးအတွက် ဒီဇင်ဘာ၇ ရက်နေ့တွင်ဆွေးနွေးဖို့ကမ်းလှမ်းချက်များ သတင်းများထွက်ပေါ်လာသောကြောင့် ဗိုလ်မှုးချုပ်စောလားပွယ်အားဆက်သွယ်မေးမြန်းကြည့်ရာ အောက်ပါအတိုင်း သူရဲ့သဘောထားကိုပြောပြခဲ့သည်။
နအဖဘက်မှဆွေးနွေးမယ်ဆိုတဲ့သတင်းကိုကြားနေပေမယ့်“နအဖတပ်ဖက်ကနေယ္ခုအချိန်ထိတရားဝင်ဆက်သွယ်ပြောကြားချက်များမရှိသေးကြောင်း၊ သူ့အနေနဲ့ကတော့ တဦးတည်း ဒါမှမဟုတ် တဖွဲ့တည်းအတွက် ဆွေးနွေးဖို့အစီအစဉ်မရှိကြောင်း၊ ကရင်တမျိုးသားလုံးအရေးနဲ့ တတိုင်းပြည်လုံးဒိမိုကရေစီအရေးတွက်ဘဲ ဆွေးနွေးဖို့အစီအစဉ်ရှိကြောင်း” ပြောကြားခဲ့ပါသည်။
သူကဆက်လက်ပြီးနအဖစစ်တပ်မှရဲဘော်များအထိနာကျဆုံးမှုများပြားနေခြင်း၊ရိက္ခာပြတ်လပ်မှုကြောင့်ရဲဘော်များတပ်မှထွက်ပြေးမှုများများလာခြင်းတို့ကြောင့် သတင်းလွှင့်တာဖြစ်နိုင်ကြောင်း ဗိုလ်မှုးချုပ်စောလားပွယ်က သူ့ရဲအမြင်ကိုပြောဆိုခဲ့သည်။
Read More...
Summary only...
KIC သတင်းမှ.........
ကရင်ပြည်နယ် မြ၀တီခရိုင် ဝေါ်လေဒေသ ကနဲလေးစခန်းရှိ နအဖစစ်တပ်အား ယနေ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် ဖွဲ့မှ ၂ကြိမ်ဆက်တိုက် ပြောက်ကျား သွားရောက်ပစ်ခတ်ခဲ့မှုကြောင့် နအဖဘက်မှ ၆ဦးသေဆုံးပြီး ၃ဦးဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
ကနဲလေးကျေးရွာ အခြေစိုက် စစ်ကွပ်ကဲရေးဌာနချုပ် စကခ(၈) လက်အောက်ခံ ခမရ(၄၀၄)တပ်ရင်းအား KNLA တပ်ရင်း (၁၀၃)မှ ယနေ့နံနက်နှင့် မွန်းလွဲပိုင်းတို့တွင် နှစ်ကြိမ် ပြောက်ကျားစနစ်ဖြင့် အလစ်သွားရောက်ပစ်ခတ်ခဲ့ရာမှ နအဖ တပ်ဖွဲ့ဝင် များ အထိနာခြင်းဖြစ်သည်ဟု ဝေါ်လေဒေတွင် လှုပ်ရှားနေသည့် DKBA တပ်မဟာ(၅)မှ တပ်မှူးတစ်ဦးက ပြောသည်။
အဆိုပါ DKBA လက်နက်ကြီးတပ်ဖွဲ့မှ ဗိုလ်ကြီးစောစမင်းက “၈း၁၅မိနစ်မှာတစ်ကြိမ်၊ ညနေ ၃နာရီမှာတစ်ကြိမ် သွားချောင်း ပစ်တယ်။ ပထမအခေါက်မှာ နအဖဘက် ၂ဦးနဲ့ ဒုတိယတခေါက်ကျတော့ ၄ဦး ပွဲချင်းပြီးပဲ။ ၃ဦး အထိနာတယ်။ နအဖဘက်က လည်း လက်နက်ကြီးတွေနဲ့ အချက်တော်တော်များများ ပြန်ထုတယ်။ KNLA ဘက်ကတော့ ထိတာမရှိဘူး။”ဟု ပြောသည်။
အလားတူ ယခုလ ဇန်န၀ါရီလ ၃နှင့် ၄ရက်နေ့က ဝေါ်လေဒေသရှိ ဖလူးကျေးနယ်ဘက်တွင်လည်း ဗိုလ်ကျော်သက် ဦးဆောင် သည့် ဒီကေဘီအေတပ်ဖွဲ့မှ ဖလူးလေးကျေးရွာရှိ နအဖ စစ်တပ်အား လက်နက်ကြီး လက်နက်ငယ်များဖြင့် သွားချောင်းပစ်ခဲ့ ရာ နအဖဘက်က ထိခိုက် ဒဏ်ရာရရှိမှုရှိသည်ဟု ဒီကေဘီအေဘက်က ပြောသည်။
၎င်းပစ်ခတ်မှုနှင့် ပတ်သက်၍ KNLA တပ်ရင်း(၂၀၁)ကို ယနေ့ တိုက်ရိုက်ဆက်သွယ်၍ မရသော်လည်း အတည်ပြု ပြောဆို သည့် ဒီကေဘီအေတပ်ဖွဲ့မှာ ၎င်းကေအဲန်အယ်လ်အေတပ်ဖွဲ့ဝင်များနှင့် မနီးမဝေးတွင် စစ်ရေးလှုပ်ရှားနေသူများဖြစ်သည်။
ယခုရက်ပိုင်းအတွင်း နအဖစစ်တပ်မှ စစ်လက်နက်ကြီးငယ်များ၊ တပ်ရိက္ခာများ အပြည့်အစုံ၊ အင်အားအလုံးအရင်းဖြင့် တက် လာသည့်အတွက် ဝေါ်လေဒေသတွင် တိုက်ပွဲအကြီးအကျယ် ဖြစ်ပွားနိုင်ကြောင်း နယ်စပ်ဒေသ စစ်ရေးအခြေအနေကို စောင့် ကြည့်နေကြသူများက သုံးသပ်ပြောဆိုသည်။
Read More...
Summary only...
နေ့သစ် မှ.......
နိုဝင်ဘာ ၇ ရက် မြန်မာနိုင်ငံမှာ ၂၀၁၀ ရွေးကောက်ပွဲစလုပ်တဲ့နေ့ကစပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ဒီကေဘီအေနဲ့ နအဖ တို့အကြား မနက်ဖြန် ဇန်နဝါရီ ၇ ရက်နေ့မှာ အပစ်ရပ်ဖို့အတွက် နအဖဘက်က လာရောက်ဆွေးနွေးမယ်ဆိုတဲ့ အတိပြုလို့မရသေးတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အခု ကြားသိရတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ဒီကေဘီကေ ဗိုလ်နှုတ်ခမ်းမွှေး တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဆန်း အောင် ပြောပြတာကတော့ ..
“ဟုတ်တယ် ကျနော်တို့ ဘက်ကလည်း ဒီသတင်းတွေကြားတယ်။ အခုအချိန်ထိ ကျနော်တို့အဖွဲ့ တာဝန်ရှိသူဆီကို ဘယ်အဖွဲ့အစည်း ဘယ် နအဖ တာဝန်ရှိသူကမှ အပစ်ရပ်စကားပြောဖို့ ဆက်သွယ်ပြောကြားလာတာ မရှိသေးပါဘူး။
နအဖ ဘက်က ဆက်သွယ်လာလို့ရှိရင်လဲ တခြားနိုင်ငံတခုမှာ တာဝန်ရှိသူတွေကို ကြားထားပြီးစကားပြောမှာ ဖြစ်တယ်။
နောက်တခုက ကျနော်တို့ တမျိုးသားလုံးအရေးနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီပေါ်ပေါက်ရေး အဲဒီ အရေးကိစ္စတွေကလွဲပြီး ကျနော့် တဖွဲ့ချင်းကိစ္စ၊ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားတွေ ပြောမှာ မဟုတ်ဘူး” လို့ ပြောကြားသွားပါတယ်။
အခုထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး နအဖ အထက်အရာရှိတွေဟာ တိုက်ပွဲတွေမှာ အထိနာ ပင်ပန်းဆင်း ရဲနေကြတဲ့ ပြဿနာနဲ့ထပ်တိုက်ရင်ဆိုင်နေရတဲ့ နအဖ အောက်ခြေတပ်သားတွေကို ဒီကေဘီအေနဲ့ အပစ်ရပ်ပါတော့ မယ်ဆိုတဲ့ ချွေသိပ့်စကားတွေ ကောလဟာလတွေနဲ့ အောက်ခြေတပ်သားတွေကို ခိုင်းလို့ရအောင် ထုတ်လွှင့်နေတဲ့ နအဖ တပ်တွင်း ကောလဟာလတွေ ဖြစ်မယ်လို့ ဗိုလ်နှုတ်ခမ်းမွေး အနေနဲ့ ဒီသတင်းတွေအပေါ် သုံးသပ်သွားတယ် လို့ ဗိုလ်ဆန်အောင်း က ဆက်လက်ပြောဆိုပါတယ်။
နှစ်ပတ်နီးပါး ရပ်တန့်နေတဲ့ ဖလူးနဲ့ ဝေါ်လေ ဒေသက တိုက်ပွဲတွေဟာ မနေ့က ကရင်နှစ်သစ်ကူးတဲ့ နေ့မှာပဲ တိုက်ပွဲ သံတွေ ပြန်ကြားရပြီး ဒီကေဘီအေဘက်က နအဖ ကို ပြောက်တိုက်ပွဲဆင်နွှဲခဲ့တယ် နှစ်ဘက် လက်နက်ကြီးတွေ အချိန် အတော်ကြာပစ်ခတ်ခဲ့ကြပါတယ်။ ဒီကနေ့ ဝေါ်လေဒေ ကနဲလေးတိုက်ပွဲမှာလည် နအဖ ၂ ယောက် ကျဆုံးတယ်လို့ သိရှိရပါတယ်။
Read More...
Summary only...
ဆုံဆည်းရာ မှ........
နအဖ စစ်တပ်မှ ဒီကေဘီအေ နဲ့ နအဖ တပ်များ တိုက်ပွဲများ ဖြစ်ပွားနေသည့်အပေါ် အပစ်ရပ်ရေးအတွက် ဇန်န၀ါရီလ ၇ ရက်နေ့တွင် ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် ဝေါလေ ဒေသ၌ ဒီကေဘီအေ တပ်မဟာ (၅) မှ ဗိုလ်ချုပ် စောလားဘွယ် နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။
နအဖ စစ်တပ်မှ ဇန်န၀ါရီလ ၅ ရက်နေ့က ရှေ့တန်းအထိုင်တပ်များ အပြောင်းအလဲနဲ့ ထိုးစစ်ဆင်မှုတွေကို အရှိန်အဟုန်မြင့် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဝေါလေဒေသတွင် နအဖ စစ်တပ် စကခ (၁၂) ဗျူဟာလက်အောက်ခံ တပ်ရင်းများ တပ်ချိန်းမှုများနှင့် အင်အားတိုးမြင့်မှုများဖြစ်ပေါ်နေပါတယ်။ စကခ (၁၂) ဗျူဟာလက်အောက်အောက်ခံ ဗျူဟာ (၂) တွင် ဗိုလ်မှူးကြီးကြည်လင်ဦးဆောင်သည်ဟု သိရှိရပြီး အပြာရောင် ထောင်ဝတ်စုံ ၀တ်ဆင်ထားသည့် ရာဇ၀တ်အကျဉ်းများကို ၂ ယောက်တတွဲကြိုးနှင့်တုတ်နှောင်ပြီး ရိက္ခာများနဲ့ ကျဉ်ဆံ သေတ္တာများကို သယ်ပို့ခိုင်းကြောင်းနှင့် နအဖ တပ်များ ဒီကေဘီအေ မိုင်းနင်းမိပြီး အထိနာတာကြောင့် ရာဇ၀တ်အကျဉ်းသား များကို လူသားမိုင်းရှင်းကိရိယာသဖွယ် အသုံးပြုနေကြောင်း သိရှိရသည်။
Read More...
Summary only...
ဆုံဆည်းရာ မှ.........
နအဖ စစ်တပ် စကခ(၁၂) ဗျူဟာလက်အောင်ခံ တပ်ရင်းများမှ ကရင်ပြည်နယ်ရှိ စစ်ပွဲဖြစ်သော ဒေသများသို့ ဘားအံ၊ တောင်ကလေးထောင်နှင့် မော်လမြိုင်ထောင်မှ ရာဇ၀တ် အကျဉ်းသား ၂၀၀ နီးပါးခန့်ကို လူသားမိုင်းရှင်းကိရိယာအဖြစ်နှင့် ၀န်ထမ်းအဖြစ်အသုံးပြုရန် ပို့ဆောင်နေကြောင်း သိရှိရသည်။
ဝ်ါလေဒေသ ကနဲလေးရှိ နယ်မြေခံ နအဖတပ်ဖွဲ့ဝင်များသည် ရိက္ခာပြတ်လပ်ကာ တပ်စခန်းအပြင် ထွက်မရဲသလို ပြန်လည် ဆုတ်ခွာရန်လည်း ခက်ခဲနေကြောင်း သိရသည်။ (ကိုးကား - ကေအိုင်စီ)
နအဖ စကခ(၁၉) လက်အောက်ခံ တပ်ရင်းများသည် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ချူကလီးဒေသဘက်သို့ နယ်မြေ ရှင်းလင်းရေးအတွက် သွားရောက်ရန် ပြင်ဆင်လျှက်ရှိကြောင်း သိရှိရသည်။
နအဖ တပ်မှ ရှေ့တန်းဝေါလေဒေသအထိုင်တပ်များကို နအဖ စစ်ကွပ်ကဲရေးဌာနချုပ်(၁၂) လက်အောက်ခံတပ်များနှင့် တပ်ချိန်းမှုများပြုလုပ်နေပြီး တပ်အင်အား ၅၀၀ ခန့်ရှိ ကြောင်းနှင့် ထိုအထဲတွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၅၀ခန့် ပါဝင်ကြောင်း သိရှိရသည်။
Read More...
Summary only...
ကရင်အမျိုးသားအပေါင်း ရဲ့ ကရင်နှစ်သစ်ကို ကျွန်တော် ကညောဖိုး မှအောက်ကသီချင်းလေးနဲ့ ဂုဏ်ပြုကြိုဆိုပါတယ်ဗျား.......
Read More...
Summary only...
KIC သတင်းမှ.........
ကရင်ပြည်နယ် ဝေါ်လေဒေသတွင် ၀င်ရောက်လှုပ်ရှားသည့် နအဖ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၁၉) လက်အောက်ခံ တပ် ရင်းမှ တပ်သားတဦးသည် ယနေ့မွန်းလွဲ ၂း၃၀နာရီအချိန်တွင် ဒီကေဘီအေ တပ်မဟာ(၅)ထံသို့ ထပ်မံ လာရောက်လက်နက် ချသည်ဟု ဒီကေဘီအေဘက်က ပြောသည်။
အဆိုပါ လာရောက်လက်နက်ချသည့် စကခ (၁၉)လက်အောက်ခံ ခမရ(၅၈၆) တပ်ခွဲ(၁)မှ တပ်သား ၀င်းရန်နိုင် ၂၀နှစ် ကိုယ် ပိုင်နံပါတ် တ/၄၃၂၄၇၀သည် ၎င်းတို့တပ်ရင်းလှုပ်ရှားရာ ဝေါ်လေဒေသ အူကလေ့ထာ့ကျေးရွာ မောတုတောင်ဘက်ခြမ်းရှိ ဗိုလ်ချစ်သဲ ဦးစီးသည့် ဒီကေဘီအေတပ်ဖွဲ့သို့ လက်နက်အပြည့်အစုံနှင့်အတူ လာရောက်လက်နက်ချခြင်းဖြစ်သည်ဟု ဒီကေ ဘီအေ တပ်မဟာ(၅)မှ ဗိုလ်မှူးစောဆန်းအောင်က ပြောသည်။
၎င်းက“ ဒီနေ့ မွန်းလွဲ ၂း၃၀အချိန်မှာ ကျနော်တို့ ဒီကေဘီအေ တပ်မဟာ(၅)မှ ဗိုလ်ချစ်သဲဆီကို လာရောက်လက်နက်ချတယ်။ လက်နက်အပြည့်အစုံနဲ့ပဲ။ လောလောဆယ် ဗိုလ်ချစ်သဲဆီမှာပဲ ရှိသေးတယ်။ ကျနော်တို့ တပ်မဟာဌာနချုပ်ကို မရောက်သေး ဘူး။”ဟု ပြောသည်။
စစ်သက်တမ်း ၂နှစ်ရှိ ၎င်းတပ်သား ၀င်းရန်နိုင်သည် ၎င်းတို့တပ်ရင်း၌ ရိက္ခာပြတ်လပ်မှုနှင့် စစ်တိုက်လိုစိတ်မရှိသောကြောင့် MA-1 ၁လက်၊ ကျည် ၂၅၀တောင့်နှင့် မက္ကဇင်း ၆ချပ်နှင့်အတူ ယခုလို ဒီကေဘီအေထံသို့ လာရောက်လက်နက်ချခြင်းဖြစ်ပြီး ဒီကေဘီအေတပ်ဖွဲ့အနေဖြင့် ၎င်းဖြစ်ချင်သည့်ဆန္ဒအတိုင်း အတတ်နိုင်ဆုံး ကူညီဆောင်ရွက်သွားမည်ဟု ဗိုလ်မှူးစောဆန်း အောင်က ပြောသည်။
အလားတူ လွန်ခဲ့သည့် ၂၀၁၀ခုနှစ် ဒီဇင်ဘာလ ၂၉ရက်နေ့တွင်လည်း ဝေါ်လေဒေသတွင် လှုပ်ရှားနေသည့် ခလရ(၂၉၉) တပ်ရင်းမှ တပ်သားတဦး ဒီကေဘီအေ တပ်မဟာ(၅)ထံသို့ လက်နက်ခဲယမ်းများနှင့်အတူ လာရောက်လက်နက်ချခဲ့သည်။
Read More...
Summary only...