ကရင်ပြည်နယ်အတွင်း ကြံ့ဖွံ့စစ်အစိုးရရဲ့ ငြိမ်းချမ်းရေးနေ့ ထိုးစစ်

နေ့သစ် မှ........

ကရင်ပြည်နယ် မြဝတီနဲ့ ကော့ကရိတ်ကြား ကောင်းမှုရွာအနီးမှာ ကြံ့ဖွံ့အ စိုးရစစ်တပ် ခမရ ၂၀၂ နဲ့ ဒီကေဘီကေ ၉၀၁ တပ်ဖွဲ့တို့ ဒီကနေ့ ညနေ ၄ နာရီခွဲလောက်မှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်။ တိုက်ပွဲဖြစ်ပွားချိန် ၄၅ မိနစ်လောက် ကြာမြင့်ခဲ့တယ်။
ဒီရက်ပိုင်းတွေအတွင်းမှာ KNU နဲ့ ဒီကေဘီအေ တပ်ဖွဲ့တွေ လှုပ်ရှားတဲ့ နယ်မြေတွေကို ထိုးစစ်ဆင်တိုက် ခိုက်ဖို့အတွက် အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ ဒုတိုင်းမှူး မြဝတီကို ရောက်ရှိလာကာ နယ်ခြားစောင့်တပ် တွေကို စစ်ဆင်ရေးမှာ ပါဝင်ဖို့ ညှိနှိုင်းခဲ့ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနေ့မှာပဲ ကြံ့ဖွံ့အစိုးရဘက်က ထိုးစစ်တွေကို စတင်ခဲ့ပါတယ်။


ကရင်ပြည်နယ်အတွင်းက ကော့ကရိတ်နဲ့ ထိစပ်နေတဲ့ ကေအန်ယူ တပ်မ ဟာ ၇ ဒေသကို စကခ(၁၂) လက်အောက်ခံ ခမရ (၃၅၇) (၂၀၂) နှင့် BGF တပ်ရင်း (၁၀၁၇) နယ်မြေခံ နဘူးအခြေစိုက် တပ်ရင် ၃ ရင်းနဲ့ ထိုးစစ်ဆင်နေပြီး။ မြဝတီ မြို့တောင်ဘက် သေဘောပိုး၊ ဝေါ်လေ ဒေသကိုတော့ တပ်မ ၂၂ လက်အောက်ခံ တပ်ရင်းတချို့နဲ့ ထိုးစစ်ဆင် တိုက် ခိုက်နေပါတယ်။
ဒီနေ့ ညနေ ၃ နာရီခန့်မှာ သေ့ဘောပိုးရွာ အနောက်ဘက် တောင်နီတောင်တန်းပေါ်က ကွီးလရှုတောင်ကုန်းမှာ ဒီကေ ဘီအေ တပ်ဖွဲ့တွေနဲ့ ကြံ့ဖွံ့အစိုးရတပ် ခမရ ၂၀၄ တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး၊ ယမန်နေ့ည ၁၀ နာရီလောက်မှာလည်း ၎င်းနေရာမှာပဲ တိုက်ပွဲ ၁ နာရီကျော်ကြာ ဖြစ်ပွားခဲ့တယ်လို့ သိရှိရပါတယ်။
စက်တင်ဘာ ၂၀ ရက်နေ့တုန်းက ကော့ကရိတ်မြို့အနီး ကြောင်ရှာကုန်းမှာ စစ်တပ်ယာဉ်တန်း ရှေ့ပြေးလမ်းရှင်းကားကို ဒီအေဘီအေမှာ ဆီးကြိုတိုက်ခိုက်ခဲ့တယ်။
စက်တင်ဘာ ၂၁ ရက်မှာလည်း ကေအန်ယူ တပ်မဟာ (၇) ဒေသ ထိလော်သေ့ခီး နေရာမှာ ကေအန်ယူ ၁၀၁ တပ်ရင်း နဲ့ ကြံ့ဖွံ့အစိုးရ စစ်တပ်တို့ မနက်ပိုင်းမှ နေ့လည်ပိုင်းအထိ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့တယ်။ ဒီတိုက်ပွဲမှာ ကေအန်ယူ ဘက်က ၂ ယောက်ကျဆုံးခဲ့ပြီး။ ကြံ့ဖွံ့အစိုးရ တပ်ဘက်မှ ထိခိုက်သေဆုံးမှုကို မသိရှိရသေးပါ။
ထိုင်းမြန်မာနယ်စပ်နဲ့ နီးကပ်နေတဲ့ သေ့ဘောပိုးနဲ့ ဝေါ်လေ အနောက်ဘက်က တောင်နီတောင်းတန်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာတော့ ကြံ့ဖွံ့အစိုးရတပ်ဘက် ထိခိုက်မှုတွေ ရှိတယ်ခဲ့လို့ ဒီကေဘီအေ သတင်းရပ်ကွက်အဆိုအရ သိရှိရပါ တယ်။ ထိုဒေသမှာ ယခုဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ နယ်မြေခံ မဟာမိတ် ကေအန်ယူ၊ ဒီကေဘီအေ တပ်ဖွဲ့တွေအပြင် ကျောင်းသားတပ်မတော်၊ ရခိုင်ကျောင်းသားလူငယ်အဖွဲ့၊ ဇိုမီးတိုင်းရင်းသား ကျောင်းသားလူငယ် တပ်ဖွဲ့တွေပါ လက်တွဲတိုက်ပွဲဝင်နေတယ်လို့ သိရှိရပါတယ်။

Read More...

မိနစ် ၂၀ကြာ တိုက်ပွဲကြောင့် နှစ်ဖက်တပ်များ ထိခိုက်ဒဏ်ရာရခဲ့

စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ပိုင်းရှိ ဝေါ်လေဒေသ တစ်နေရာတွင် ခြေကုပ်နေရာယူထားသည့် ကရင်ပူးပေါင်းတပ်ဖွဲ့များ အား ယမန်နေ့က အစိုးရစစ်တပ်မှ တိုက်ခိုက်ရာ နှစ်ဖက်တပ်ဖွဲ့ဝင်များမှာ ဒဏ်ရာရရှိခဲ့သည်ဟု ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA) က ပြောသည်။

ဝေါ်လေဒေသ၊ မယ်ကလာ့ချောင်းအနီးရှိ KNLA တပ်ရင်း(၁၀၃)နှင့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ရင်း(၉၀၇)တို့အား အစိုးရစစ်တပ် တပ်မ(၂၂)လက်အောက်ခံ ခမရ(၂၀၄) စစ်ကြောင်း(၁)က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မိနစ် ၂၀ကြာ ၀င်ရောက်ပစ်ခတ်ခဲ့ရာမှ ဒဏ်ရာရသွားခြင်းဖြစ်ကြောင်း KNLA (၁၀၃)တပ်ရင်းမှူး ဒုဗိုလ် မှူးကြီး စောနေ့စေးက ပြောသည်။

“ဖြစ်တဲ့နေရာက မယ်ကလာ့ချောင်းတံတားအနီး သေ့ဂေထာ့ကုန်းမှာ။ ၃နာရီ ၅မိနစ်အချိန်မှာ အင်အား ၅၀ကျော်ရှိတဲ့ ရန်သူ တပ်က ကျနော်တို့တပ်ဖွဲ့ကို ၀င်တိုက်တယ်။ မိနစ် ၂၀ကြာတယ်။ ဒီကေဘီအေတပ်သား ၁ဦးနဲ့ ကျနော်တို့ဘက်က ၁ဦး ထိ သွားတယ်။ စိုးရိမ်ရတဲ့ အခြေအနေထိတော့ မရှိဘူး။ ရန်သူ့ဘက်လည်း ၁ဦးသေ၊ ၁ဦးဒဏ်ရာရတယ်လို့ သိရတယ်။”ဟု အ တည်ပြု ပြောဆိုသည်။

ခမရ(၂၀၄)သည် ကရင်ပူးပေါင်းတပ်ဖွဲ့အား တိုက်ထုတ်ရန်အတွက် လွန်ခဲ့သည့် ၂ရက်ကတည်းက ၀င်ရောက်နေရာယူထားခဲ့ သလို ရှေ့ဆက်လည်း ကရင်တပ်ဖွဲ့များ လှုပ်ရှားနေသည့်နေရာများကို ရှင်းလင်းရန် အစီအစဉ်ရှိသေးကြောင်း ၎င်းတပ်ရင်းမှူး က ဆက်ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားသည့် နေရာတွင် အစိုးရတပ် တပ်မ(၂၂)လက်အောက်ခံ ခမရ(၂၀၄)တပ်ရင်း၊ ကေအဲန်အယ်လ်အေ (၁၀၃)တပ်ရင်းနှင့် ဒီကေဘီအေ(၉၀၇)တပ်ရင်းတို့ စစ်ရေးလှုပ်ရှားလျှက်ရှိသည်။

ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)က ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ရက်၊ နိုင်ငံတကာငြိမ်းချမ်းရေးနေ့တွင် တရက် တာ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲခဲ့သော်လည်း အစိုးရစစ်တပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်မှုများ နေ့စဉ်လိုလို ဆက် တိုက် လုပ်ဆောင်လျှက်ရှိသည်။

Read More...

ိနိုင်ငံတကာ ငြိမ်းချမ်းရေးနေ့တွင် KNU လက်နက်ကြီးဖြင့် အပစ်ခံရ

စောခါးစူး (ကေအိုင်စီ)

ယနေ့ကျရောက်သည့် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ နံနက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် ကရင်နယ်ခြားစောင့်တပ်-BGF ပူးပေါင်းကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရှိရာ နေရာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။

နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့တွင် တစ်ရက်တာ အပစ်အခတ် ရပ်စဲရန် KNU က စက်တင်ဘာလ ၁၅ရက်နေ့၌ ကြေ ညာချက် ထုတ်ပြန်ထားသော်လည်း မြ၀တီမြို့နယ်အတွင်း လှုပ်ရှားနေသည့် မြန်မာစစ်တပ်နှင့် BGF ပူးပေါင်းတပ် တို့က ထီးဝါ့ဘလောကျေးနယ်အတွင်းရှိ KNLA တပ်ရင်း(၁၀၁)ကို ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

KNLA တပ်မဟာ(၇)၏ ရုံးထိုင်မှူး ဗိုလ်မှူးကြီးစောအယ်ဆဲဆဲက “သူတို့(အစိုးရနဲ့ BGF တပ်ဖွဲ့)က ကျနော်တို့ကို လက်နက်ကြီးသက်သက်ပဲ ပစ်တာ။ ကျနော်တို့ ဘက်တော့ ပြန်ပစ်ခတ်တာ မလုပ်ဘူး။ ထိခိုက်မှုလည်း ဘာမှ မရှိ ပါဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

မြန်မာစစ်တပ်၏ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၁၂) လက်အောက်ခံ ခမရ(၃၅၇)နှင့် BGF တပ်ရင်း(၁၀၁၇)တို့က ထီးဝါ့ဘလောရွာအနီး တောင်ခြေမှနေ၍ ၎င်းတို့ကို နံနက် ၈နာရီကျော်မှ ၁၁နာရီအထိ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ မတိုင်မီ စောစီးစွာ ထုတ်ပြန်ခဲ့သည့် KNU ၏ ထုတ်ပြန်ချက်ထဲတွင် တိုင်းရင်းသားပြည် နယ်များတွင် ထိုးစစ်ဆင်နေသည့် အစိုးရစစ်တပ်များ အားလုံး ရုပ်သိမ်းပေးရန်လည်း ပါဝင်သည်။

KNU ၏ ဒု-ဥက္ကဌ ပဒိုစောဒေးဗစ်သာကပေါက “ငြိမ်းချမ်းရေးနေ့မှာ ကျနော်တို့ KNLA တပ်တွေကို ပစ်ခတ်တာဟာ သူတို့(အစိုးရနှင့် BGF တပ်ဖွဲ့)တွေ နိုင်ငံတကာ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းကို မလေးစားတာကို ပြတာပဲ။”ဟု ပြောသည်။

ယခင် ၂၀၁၀ခုနှစ် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ကလည်း KNU သည် အစိုးရတပ်များနှင့် တစ်ရက်တာ အပစ်အ ခတ် ရပ်စဲမှု ပြုလုပ်ရန် အလားတူ ထုတ်ပြန်ခဲ့သော်လည်း စစ်အစိုးရတပ်များက KNU တပ်မဟာ(၄)နှင့် တိုက်ခိုက် ခဲ့မှု ဖြစ်ပွားခဲ့သေးသည်။

Read More...

အစိုးရ ဒု-တိုင်းမှူးနှင့် BGF ဆွေးနွေးမှု ကရင်တပ်များကို ထိုးစစ်ဆင်ရေးအတွက်လား

စောခါးစူး (ကေအိုင်စီ)

မြန်မာအစိုးရ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ဒု တိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းသည် စက်တင်ဘာ ၁၇ရက်နေ့က ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် ကရင်နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင်တချို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုဆွေးနွေးမှုသည် အစိုးရစစ်တပ်က နယ်မြေစိုးမိုးနိုင်ရေးအတွက် ထိုးစစ်ဆင်ရန် BGF ကို လာရောက် စည်းရုံးခြင်းဖြစ်နိုင် သည်ဟု တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးစောလိုးလိုက ကေအိုင် စီသို့ ပြောသည်။

“သူတို့(အစိုးရ)က မြ၀တီမြို့နယ်မှာရှိတဲ့ ချူကလီးကို မြို့နယ်ခွဲအဖြစ် လုပ်နေတဲ့အခါကျတော့ (သူတို့မှာ) နယ်မြေစိုးမိုးမှုရှိဖို့ လိုအပ်တယ်။ ထိုးစစ်လုပ်မယ်ဆိုရင် အဲဒီကိစ္စကြောင့် ဖြစ်နိုင်တယ်။”ဟု သူက ဆက်ပြောသည်။ ကရင်ပြည်နယ် မြ၀တီမြို့နယ် အတွင်းရှိ ချူကလီးဒေသကို မြို့နယ်ခွဲအဖြစ် အဆင့်တိုးမြှင့်တည်ထောင်ရန် ယခင် စစ်အစိုးရလက်ထက် ၂၀၁၀ပြည့်နှစ်က တည်းက စတင် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ဒုတိုင်းမှူး၏ ခရီးစဉ်နှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး-KNU ဒု ဥက္ကဌ ပဒို စောဒေးဗစ်သာကဘောကလည်း “သူတို့ (အစိုးရ)က ကရင်အချင်းချင်း ပြန်တိုက်ဖို့အတွက် လာဆွေးနွေးတာပဲ။ ကျနော်တို့ ကရင်အချင်းချင်းကို သူတို့ အမျိုးမျိုးနဲ့ သွေး ခွဲတဲ့သဘော ဖြစ်တယ်။”ဟု သုံးသပ်သည်။

မြန်မာအစိုးရသည် လာမည့်နှစ် ဖေဖော်ဝါရီလတွင် ကေအဲန်ယူ ထိန်းချုပ်ထားသည့် တပ်မဟာနယ်မြေများကို ထိုးစစ်ဆင်မည် ဆိုသည့်သတင်းများ ရထားကြောင်းလည်း သူက ဆက်ပြောသည်။

လက်ရှိအခြေအနေအရ ကရင်ပြည်နယ်၊ မြ၀တီနှင့် ကော့ကရိတ်မြို့နယ်များအတွင်း လှုပ်ရှားနေသည့် အစိုးရတပ်များနှင့် နယ် မြေခံ KNU၊ DKBA တပ်များအကြား တိုက်ပွဲငယ်များ မကြာခဏ ဖြစ်ပွားနေသော်လည်း အစိုးရဘက်က ထိုးစစ်တရပ် ချက် ချင်း ဆင်နွဲမည့် အရိပ်လက္ခဏာများ မတွေ့ရသေးဟု DKBA က ပြောသည်။

မြန်မာအစိုးရတပ်များသည် မိုးရာသီအကုန် ပွင့်လင်းရာသီဖြစ်သည့် နိုဝင်ဘာလမှ မေလအထိ KNU ထိန်းချုပ်နယ်မြေများကို ထိုးစစ်ဆင်လေ့ရှိသည်။

မြ၀တီနှင့် ကော့ကရိတ်မြို့နယ်အတွင်း၌ အစိုးရ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်-စကခ(၁၂)လက်အောက်ခံ အမြောက်တပ် တပ်ရင်းတစ်ရင်း အပါအ၀င် ခြေလျင်တပ်ရင်း ခလရ(၉၇)၊ (၂၃၀)၊ (၂၃၁)၊ (၃၅၅)နှင့် (၄၅၆)တပ်ရင်းများ လှုပ်ရှားလျက်ရှိ သည်။

Read More...

မြဝတီကုန်သည်ကားလမ်းပေါ်မှာ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့က BGF ၁၁၂၁ တပ်ရင်းကို တိုက်ခိုက်

နေ့သစ်မှ...

ကရင်ပြည်နယ် မြဝတီနဲ့ ကော့ကရိတ် မြို့၂မြို့ကြားက အဝေးပြေးကားလမ်းပေါ်မှာ အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့တ ဖွဲ့က နယ်ခြားစောင့်တပ်(BGF) တပ်ရင်း (၁၁၂၁) ကို စက်တင်ဘာလ ၁၇ နေ့ မနက် ၉ နာရီဝန်ကျင်းက တိုက်ခိုက်လိုက် တဲ့အတွက် နယ်ခြားစောင့်တပ်မှ တပ်သား ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ သတင်းကြားသိရပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့ နေရာကတော့ ကြံ့ဖွံ့အစိုးရ စစ်တပ် ၃၅၅ နဲ့ ၃၅၆ တပ်စခန်း ၂ခု ကြားမှာဖြစ်တယ်။ တိုက်ပွဲဖြစ်ပွားပုံမှာ ရှေ့ထွက်မိုင်းနဲ့ ဆီးကြိုတိုက်ခိုက်ခံရတာဖြစ်ပြီ လက်နှက်ငယ်များနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ၊ လက်နက်ကြီးတွေနဲ့ တိုက်ပွဲဖြစ်တဲ့နေရာပတ်ဝန်းကျင်ကို အနီးက ကြံ့ဖွံ့စစ်တပ်တွေက ပစ်ကူရှင်းပေးတဲ့ အခြေအနေမျိုးတွေ ဖြစ်ခဲ့တယ်လို့ နယ်ခြားစောင့်တပ် (BGF) သတင်းရပ်ကွက်က သတင်းတွေအရ သိရှိရပါတယ်။

ယမန်နေ့က မြဝတီ ကော့ကရိတ် အဝေးပြေး ကားလမ်းပေါ်က တိုက်ပွဲဖြစ်ပွားမှုနဲ့ ပတ်သက်လို့ ဒီဒေသမှာ တိုက်ပွဲဝင်နေ တဲ့ ဒီကေဘီအေ အဖွဲ့မှ ဗိုလ်မှူးကျော်သက် ကို ဆက်သွယ်မေးမြန်ခဲ့ရာ . . .
“ဟုတ်တယ် မနေ့က တိုက်ပွဲတွေ ဖြစ်ခဲ့တယ် သတင်းလည်းရတယ် လက်နက်ကြီးသံတွေလည်းကြားရတယ်။ ဒီတိုက် ပွဲက ကျနော်တို့တပ်ဖွဲ့တွေနဲ့ ဖြစ်တာမဟုတ်ဘူး။ တခြား ကေအန်ယူ တပ်ဖွဲ့တွေလည်း ဆက်မေးမြန်းကြည့်တယ် သူတို့နဲ့ လည်း ဖြစ်တာမဟုတ်ဘူးလို့ ပြန်ပြောတယ်။ ကြံ့ဖွံ့အစိုးရ စစ်တပ်က ကျနော်တို့ ဒေသကို စစ်ဆင်ရေးလုပ်မယ်ဆိုတဲ့ အသံတွေလည်းကြားတယ်၊ စက်တင်ဘာလ ၁၂ ရက် ၁၃ ရက်နေ့တွေက ဒုတိုင်းမှူး မြဝတီကို ရောက်လာတယ်။ BGF တပ်ကို ဒီစစ်ဆင်ရေးမှာပါဝင်ဖို့ ညှိတယ်လို့လည်းကြားတယ်၊ BGF တပ်ကလည်း ကိုယ့်အချင်းချင်း မတိုက်ချင်းလို့ စစ် ဆင်ရေးမှာ ကြံ့ဖွံ့စစ်တပ်နဲ့ ပူးပေါင်းဖို့ ခက်နေတယ်လို့ ကြားတယ်။ ကရင်နယ်ခြားစောင့် ဗိုလ်မှူးချစ်သူ ကိုတော့ မြဝတီ ကားလမ်းကို ဦးစီးဖို့ ကြံ့ဖွံ့အစိုးရက လုပ်ပိုင်ခွင့်ပေးထားတယ်” လို့ ပြောပြသွားပါတယ်။
မြဝတီကားလမ်းအခြေအနေနဲ့ ပတ်သက်ပြီး မြဝတီကားလမ်းမှာ ကုန်ကားမောင်းတဲ့ ကားသမားတဦး ပြောပြတာက တော့ …
“မြဝတီ ဘားအံ ကုန်သည်လမ်းမှာ သွားလာနေတဲ့ ကားတွေအားလုံး ဒီလမ်းကို သွားလာမယ်ဆိုရင် နယ်ခြားစောင့်တပ် ဗိုလ်ချစ်သူ တို့ ဆီမှာ ခွင့်ပြုလက်မှတ်ယူရမယ်။ လိုင်းဝင်တဲ့ သဘောပဲ။ အဲဒါ တပတ်လောက်ကြာပြီ။ အရင်း တုန်းက အစိုးရ နာမည်ခံထားတဲ့ ကားကြီးတွေလည်း ဗိုလ်ချစ်သူတို့ လွှဲပြောင်းတာဝန်ယူလိုက်ကြပြီ။ သူတို့ဆီမှာ လိုင်းဝင်ထားတဲ့ လက်မှတ်မပါရင် ကားတွေရော ကုန်ပစ္စည်းတွေပါ ဘားအံမြို့အဝင်မှာ BGF ဗိုလ်ချစ်သူအဖွဲ့က စစ်ဆေးရေးဂိတ်ဖွင့်ပြီး သိမ်းပစ်မယ်လို့လည်း ပြောတယ်” လို့ ပြောပြပါတယ်။

Read More...

နာရီဝက်ကြာ တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်

(ကေအိုင်စီ)
ကရင်ပြည်နယ် မြ၀တီမြို့နယ်၊ ၀ါ့မေထာ့ရွာအနီးရှိ ထင်းရှူးတောင်တန်းတွင် စက်တင်ဘာလ ၁၆ရက် ညနေ ၅နာရီက မြန်မာ အစိုးရ စစ်တပ်နှင့် ကရင်တပ်ဖွဲ့ ပါဝင်သည့် အဖွဲ့ ၄ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ နှစ်ဖက်စလုံးမှ ထိခိုက်မှုရှိခဲ့သည်ဟု ဒီကေဘီအေ တပ်ဖွဲ့က ပြောသည်။

ဒီကေဘီအေ ကလို့ထူးဘော ဗျူဟာမှ ဗိုလ်မှူးစောဆန်းအောင်က “တိုက်ပွဲမှာ ရန်သူဘက်က ၂ဦး ဒဏ်ရာအပြင်းအထန် ရရှိ သွားတယ်။ ကျနော်တို့ ဒီကေဘီအေက ၁ယောက်ကိုလည်း ကျည်ဆံ ရှပ်ထိသွားတယ်။”ဟု ကေအိုင်စီကို ပြောသည်။

အစိုးရတပ်ကို သွားရောက်တိုက်ခိုက်ခဲ့သည့် တပ်ဖွဲ့များမှာ ဒီကေဘီအေ တပ်ရင်း(၉၀၉)၊ ကေအဲန်အယ်လ်အေ(၁၀၁)၊ ABS-DF ကျောင်းသားတပ်ဖွဲ့နှင့် ရခိုင်တပ်ဖွဲ့တို့ ဖြစ်ကြပြီး လုံခြုံရေးအတွက် နယ်မြေရှင်းလင်းရေး လှုပ်ရှားနေသည့် ခလရ(၂၀၄) တပ်ရင်းကို သတင်းအရ ပြောက်ကျားစနစ်ဖြင့် မိနစ် ၃၀ခန့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Read More...

ကေအဲန်အယ်လ်အေနှင့် ဘီဂျီအက်ဖ် ပစ်ခတ်မှုအတွင်း အရပ်သား ၁ဦးသေဆုံး

စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၏ မြောက်ဘက်ခြမ်းရှိ ထီးဝါ့ပလောကျေးရွာအနီး၌ ယနေ့မွန်းလွဲပိုင်းတွင် နယ်ခြားစောင့်တပ်ဖွဲ့ နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)တပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ရာတွင် အရပ်သားတစ်ဦး လက်နက်ထိမှန်၍ သေဆုံးခဲ့သည်ဟု သိရသည်။

နယ်ခြားစောင့်တပ်(၁၀၁၇)တပ်ရင်းမှ တပ်ဖွဲ့ဝင်တချို့သည် KNLA တပ်ရင်း(၁၀၁)မှ တပ်ဖွဲ့ဝင်များအား ထီးဝါ့ပလောကျေးရွာ အနီး၌ ၀င်ရောက်ပစ်ခတ်ခဲ့ရာတွင် KNLA ဘက်ကလည်း ပြန်လည်ပစ်ခတ်မှုကြောင့် လူနေတဲအိမ်ထဲရှိ အရပ်သားတစ်ဦး ယခု လို ထိမှန်သေဆုံးခြင်းဖြစ်သည်ဟု KNLA ဘက်က အတည်ပြု ပြောဆိုသည်။

KNLA တပ်ရင်း(၁၀၁)မှ တပ်မှူးတစ်ဦးက “သူတို့ (ဘီဂျီအက်ဖ်)က ကျနော်တို့ ၀င်ပစ်တော့ ကျနော်တို့လူတွေ တန်ပြန် ပစ် ခတ်တယ်ပေါ့။ ပစ်ခတ်မှု ဖြစ်ပွားတာ ၅ မိနစ် ၆မိနစ်လောက်ပဲရှိမယ်။ ပစ်ခတ်မှုတွေ အပြီးမှာ သိရတာကတော့ ဆွေမျိုးဆီကို လာလည်တဲ့ အခြားဒေသက ရွာသားတစ်ဦး သေသွားတယ်။ အသက် ၃၇ကျော်လောက် ရှိမယ်။”ဟု ပြောသည်။

အဆိုပါပစ်ခတ်မှုတွင် နှစ်ဖက် ထိခိုက်ကျဆုံးမှု တစုံတရာ မရှိသော်လည်း ယခုလို အရပ်သားတစ်ဦး အကြောင်းမဲ့ သေဆုံး သွားသည့်အပေါ် ၎င်းတို့တပ်ဖွဲ့အနေဖြင့် အလွန်စိတ်မကောင်းမိကြောင်း ၎င်းတပ်မှူးက ဆက်ပြောသည်။

ယနေ့မနက်တွင်လည်း မြ၀တီမြို့နယ်၊ တံတားကျိုးနားရှိ အစိုးရစစ်တပ် ခမရ(၃၅၅)နှင့် ခမရ(၃၅၆)တပ်ရင်းနေရာအကြားတွင် နယ်ခြားစောင့်တပ်များ စီးနင်းလာသည့် ကားတစ်စီးကို ကရင်တပ်ဖွဲ့မှ ဆွဲမိုင်းများဖြင့် တိုက်ခိုက်ပစ်ခတ်ခဲ့ရာ လက်ရှိအချိန်ထိ ထိခိုက်မှု အခြေအနေကိုတော့ မသိရှိရသေးပေ။

ထို့အပြင် မြ၀တီမြို့၏ တောင်ဘက်ခြမ်း ဝေါ်လေဒေသ၊ ၀ါ့မီထာ့ရွာအနီးရှိ ထင်းရှူးကုန်းနေရာတွင် ယမန်နေ့ ညနေ ၅နာရီခန့် က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)နှင့် အစိုးရစစ်တပ်တို့၏ ဖြစ်ပွားခဲ့သည့် မိနစ် ၃၀ ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရတပ်ဖက်မှ ၂ဦး ဒဏ်ရာပြင်းထန်သလို ဒီကေဘီအေဘက်မှလည်း ၁ဦး ထိခိုက်မှုရှိသည် ဟု သိရသည်။

Read More...

ကော့ကရိတ်အရှေ့ဖက် တစ်နာရီကြာ တိုက်ပွဲတွင် မြန်မာစစ်သည် ၁ဦးကျဆုံး

နန်းသူးလေ (ကေအိုင်စီ)

ကရင်ပြည်နယ် ကော့ကရိတ်မြို့အရှေ့ဘက်တွင် ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ တိုးတက်သော ဗုဒ္ဓ ဘာသာကရင်အမျိုးသားတပ်မတော် (DKBA) ပူးပေါင်းတပ်ဖွဲ့များနှင့် အစိုးရဘက်မှ တပ်ရင်း(၉၇)တို့ ယနေ့ တိုက်ပွဲဖြစ်ပွားရာ မြန်မာအစိုးရစစ်သည် ၁ဦး ကျဆုံးသွားခဲ့သည်ဟု ဒီကေဘီအေဘက်က ပြောသည်။

ယနေ့ မွန်းတည့် ၁၂နာရီတွင် ကော့ကရိတ်မြို့မှ ၂မိုင်အကွာအဝေးရှိသည့် တတန်ကူးရွာအနားတွင် ဗိုလ်ကြီးစောကညော ဦး ဆောင်သည့် KNLA တပ်ရင်း(၁၀၁)နှင့် ဗိုလ်စောနော့မု ဦးဆောင်သည့် DKBA ကလိုထူးဝါးစစ်ဗျူဟာ တပ်ရင်း(၉၀၇) ပူးပေါင်း တပ်ဖွဲ့ဝင်များသည် စကခ(၁၂) လက်အောက်ခံ ခလရ(၉၇)တပ်ရင်းနှင့် တစ်နာရီနီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း DKBA ကလို့ထူးဘောဗျူဟာမှ ဗိုလ်မှူးစောဆန်းအောင်က ကေအိုင်စီကို ပြောသည်။

ဗိုလ်မှူးစောဆန်းအောင်က “ဒီနေ့ နေ့လည် ၁၂နာရီမှာ ကျနော်တို့ DKBA နဲ့ KNLA တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ရန်သူတပ်ကို ၀င်တိုက်ကြတယ်။ တိုက်ပွဲကတော့ မိနစ် ၅၀ကျော် ကြာပြီး ရန်သူ့ဘက်က ၁ယောက် ကျတယ်။”ဟု ပြောသည်။

အဆိုပါတိုက်ပွဲမှာ လုံခြုံရေးအရ လှုပ်ရှားသွားလာနေသည့် အစိုးရစစ်တပ်များကို ပြောက်ကျားစနစ်ဖြင့် အလစ် ၀င်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်၍ မိမိတို့ဘက်မှ ထိခိုက်၊ ကျဆုံးမှုမရှိဟုလည်း ဗိုလ်မှူးဆန်းအောင်က ဆက်လက် ပြောဆိုသည်။

ကော့ကရိတ်မြို့နယ်တွင် ကလို့ထူးဝါး စစ်ဗျူဟာ လက်အောက်ခံ တပ်ရင်းများဖြစ်သည့် (၉၀၁)၊ (၉၀၂)နှင့် (၉၀၇)တပ်ရင်းများ KNLA တပ်မဟာ(၇) လက်အောက်ခံ တပ်ရင်း(၁၀၁)တို့ အခြေစိုက် လှုပ်ရှားလျှက်ရှိပြီး အစိုးရဘက်မှ စကခ(၁၂) လက် အောက်ခံ တပ်ရင်းများ စစ်ရေးလှုပ်ရှားလျှက်ရှိသည်ဟု သိရသည်။

ထို့အပြင် မြ၀တီမြို့နယ်၊ ဝေါ်လေဂွင်ရှိ ၀ါ့မီထာ့နေရာတွင် ယနေ့ည ၆နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေသည်ဟု ကေအိုင်စီ က သတင်းရရှိသော်လည်း မည်သည့်အဖွဲ့များဖြစ်ပြီး ထိခိုက်မှု မည်သို့ရှိသည်ကိုမူ ကေအိုင်စီက အသေးစိတ် မသိရှိရသေး ဘဲ စုံစမ်းဆက်သွယ်နေဆဲ ဖြစ်သည်။

Read More...

ကော့ကရိတ်မြို့နယ် တတန်ကူးရွာနဲ့ ဝါ့မီထအနီးမှာ ကြံ့ဖွံ့စစ်စိုးရတပ်ကို ကေအန်ယူနဲ့ ဒီကေဘီအေ ပူးပေါင်းစစ်ဆင်

နေ့သစ် မှ.........

ကြံ့ဖွတ်စစ်အစိုးရ စစ်တပ် ခလရ ၉၇ ကော့ကရိတ်မြို့စောင့်တပ်ကို KNU ၁၀၁ တပ်ဖွဲ့၊ ဒီကေဘီအေ ၉၀၇ တပ်ဖွဲ့ ပူးပေါင်းအင်အားနဲ့ ကော့ကရိတ်မြို့နယ် တတန်ကူးရွာမှာ ဒီကေနေ့ နေ့လည် ၁၂ နာရီ မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်။ တိုက်ပွဲဖြစ်ပွားချိန် ၄၅ မိနစ်လောက်ကြာခဲ့တယ်။ ကြံ့ဖွတ်စစ်အစိုးရဘက်မှ ၁ ယောက်သေဆုံးတယ်လို့ သတင်းရရှိတယ်။


ဒီကနေ့ စက်တင်ဘာလ ၁၆ ရက် တနေ့ထဲမှာပဲ ညနေ ၅ နာရီလောက်မှာ ထိုင်းမြန်မာနယ်စပ် ဝေါ်လေ အနီးက ဝါ့မီထ အနီးမှာ လမ်းကင်လုံခြုံရေးတာဝန်ယူထားတဲ့ ကြံ့ဖွတ်စစ်စိုးရတပ်တွေကို ဒီကေဘီအေဘက်မှ ဝင်ရောက်တိုက်ခိုက်တဲ့ ဖြစ်စဉ်တခုလည်း ဖြစ်ပွားခဲ့ပါတယ်။

Read More...

ပျောက်နေသည့် မန်းငြိမ်းမောင်အတွက် မိသားစု စိုးရိမ်

ဧရာဝတီ မှ....

နှစ်လကျော် ပျောက်ဆုံးနေသော ကရင်အမျိုးသားအစည်းအရုံး KNU ခေါင်းဆောင်တဦးဖြစ်သူ မန်းငြိမ်းမောင်အတွက် မိသားစုနှင့် လုပ်ဖော်ကိုင်ဖက်များက စိုးရိမ်နေကြသည်။ ယခုအခါ ပဒိုမန်းငြိမ်းမောင်သည် အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရကြောင်း သတင်းများ ထွက်ပေါ်နေသည်။


အင်းစိန်ထောင်ဝန်ထမ်းတို့နှင့်နီးစပ်သူတဦးအပါအ၀င် KNU ထောက်လှမ်းရေး၊ သတင်းရပ်ကွက်များ၏ ပြောပြချက်အရ မန်းငြိမ်းမောင်သည် အင်းစိန်ထောင် သီးသန့်အခန်းတခုတွင် ရှိနေပြီး ထောင်ဝင်စာ တွေ့ဆုံခွင့် မရကြောင်း သိရသည်။

မန်းငြိမ်းမောင်အတွက် ပြည်ပတွင် နေထိုင်သည့် သမီးဖြစ်သူက စိတ်ပူနေကြောင်း မန်းငြိမ်းမောင်၏ မိတ်ဆွေတဦးဖြစ်သူ မောင်ကျော်မန်းက ပြောသည်။

“သူ့သမီးကလည်း အမေရိကန်ကနေ ကျနော့်ကို ဖုန်းဆက်လာတယ်။ သူ့အဖေ အဖမ်းခံရတဲ့အကြောင်း ရေးထားတဲ့ အင်တာနက်သတင်းတွေ မှန်လား၊ သေချာလား သူသိချင်တယ် တဲ့။ သူ့အဖေက လက်နက်ကိုင်သမား မဟုတ်ဘူး။ နိုင်ငံရေးသမား ဖြစ်တယ်။ သူ့ကို တကယ်လို့ ဖမ်းမိရင်တောင်မှ မသတ်ဖို့ ပြောချင်တယ်” ဟု မောင်ကျော်မန်းက ပြောသည်။

အမေရိကန်ရှိ လူ့အခွင့်အရေး အဖွဲ့များ နှင့် အမေရိကန်အစိုးရထံသို့လည်း သူ့ဖခင် လွတ်မြောက်ရေးအတွက် ကူညီကြရန် စာရေးသား ပေးပို့ထားကြောင်း မောင်ကျော်မန်းက ပြောသည်။

တချိန်က ကိုကိုးကျွန်းအကျဉ်းစခန်းမှ မိုင်ရာချီ ဝေးကွာသည့် မြန်မာ့ကမ်းရိုးတမ်းသို့ ပင်လယ်ကို ဖြတ်ပြီး ထွက်ပြင်းလွတ်မြောက်မှုကြောင့် နာမည်ကြီးခဲ့သော မန်းငြိမ်းမောင်သည် တရုတ်ပြည် ကူမင်းလေဆိပ်တွင် ဇူလိုင်လ ၂၄ ရက်နေ့မှ စတင်ပျောက်ဆုံးခဲ့သည်။

ကချင်လွပ်လပ်ရေးတပ်မတော် သတင်းရပ်ကွက်များ နှင့် တရုတ်မြန်မာနယ်စပ်မှလာသော သတင်းအရ ယူနန်ပြည်နယ်မြို့တော် ကူမင်းရှိ အာဏာပိုင်များက မန်းငြိမ်းမောင်ကို မြန်မာပြည်သို့သွားသည့် လေယာဉ်တစီးဖြင့် ပို့ဆောင်လိုက်ကြောင်း သိရသည်။

သို့သော်လည်း တရုတ်ထောက်လှမ်းရေးနှင့် နီးစပ်သူတဦးကမူ မန်းငြိမ်းမောင်သည် လုံခြုံသည့် တရုတ်မြန်မာနယ်စပ် တနေရာတွင် နေထိုင်နေကြောင်း၊၀ ပြည် သွေးစည်းညီညွှတ်ရေးပါတီ၏ ထိန်းချုပ်နယ်မြေတနေရာတွင် ခုံလှုံနေကြောင်း ပြောသည်။

ဝ ပြည် သွေးစည်းညီညွှတ်ရေးပါတီမှ ဦးအောင်မြင့်က မန်းငြိမ်းမောင်သည် ၎င်းတို့၏ နယ်မြေတွင် ရှိမရှိ မသိရကြောင်း ဧရာဝတီကို ပြောသည်။

မန်းငြိမ်းမောင်ကို ဖမ်းဆီးထိန်းသိမ်းခံထားရသည့်သတင်းထွက်ပေါ်နေသည်မှာ ရက်အတာကြာပြီ ဖြစ်သော်လည်း မြန်မာအစိုးရက တစုံတရာ တုံ့ပြန်ခြင်း မရှိပေ။

မန်းငြိမ်းမောင်သည် ဇူလိုင်လနှောင်းပိုင်းက တရုတ်နိုင်ငံမှ ထိုင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာရာ ထိုင်းလူဝင်မှု ကြီးကြပ်ရေးဌာနက ပြည်ဝင်ခွင့် မပြုဘဲ တရုတ်ပြည်သို့ ပြန်လည် ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မန်းငြိမ်းမောင်သည် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ပူးပေါင်း ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC) တွင်လည်း ဗဟိုကော်မတီဝင် တဦးအဖြစ် တာဝန်ယူထားသည်။

ပြီးခဲ့သည့် ဇွန်လက အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော်တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ပတ်သက်၍ မန်းငြိမ်းမောင် သွားရောက် လေ့လာခဲ့ကြောင်း စစ်ရေးလေ့လာသူများက ပြောသည်။ သို့သော် တရုတ်ပြည်ခရီးစဉ်နှင့်ပတ်သက်၍ KNU နှင့် UNFC ကို အသိပေး ပြောဆိုမှု မရှိကြောင်း သိရသည်။

မန်းငြိမ်းမောင်သည် ၁၉၆၀ ၀န်းကျင်က မြေအောက် လှုပ်ရှားမှုကြောင့် အဖမ်းခံရပြီး မြန်မာပြည်အကျဉ်းစခန်း၊ ထောင်တို့တွင် နှစ်ပေါင်းအတန်ကြာ ထိန်းသိမ်းခံရကာ ပြင်းထန်စွာ နှိပ်စက်ခံရဖူးသည်။ ကိုကိုးကျွန်း အကျဉ်းစခန်းတွင် ရှိနေစဉ် မန်းငြိမ်းမောင်သည် ကျွန်းပေါ်ရှိ နိုင်ငံရေးသမားများ၏ အကျဉ်းသား အခွင့်အရေး အတွက် အကြိမ်ကြိမ် အစာငတ်ခံဆန္ဒပြရာတွင်လည်း ပါဝင်ခဲ့သည်။

ကိုကိုးကျွန်းမှနေ၍ မန်းငြိမ်းမောင်သည် ကရင်လူငယ်အဖွဲ့မှ မန်းအောင်ကြည်၊ အထက်တန်းပြဆရာ အောင်ငွေ တို့နှင့်အတူ ပင်လယ်ပြင် မိုင်ပေါင်း ၂၀၀ ကျော်ခရီးကို ဖြတ်ပြီး ထွက်ပြေး လွတ်မြောက်နိုင်ခဲ့သည်။ သို့သော်လည်း ပြည်မသို့ အရောက်တွင် ဒေသခံအာဏာပိုင်တို့၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။

ကိုကိုးကျွန်းမှ နှိပ်စက်ညင်းပန်းမှုများနှင့် သူ၏ ထွက်ပြေး လွတ်မြောက်ရေး ကြိုးပမ်းမှု အတွေ့အကြုံများကို ၂၀၀၀ ပြည့်နှစ်က ရေးသား ထုတ်ဝေသည့် “မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ” အမည်ရှိ စာအုပ်တွင် ရေးသားထားသည်။

Read More...

နိုင်ငံပြောင်းလဲမည့် အခြေအနေရောက်နေပြီဟု ဒေါ်စုပြော

ဒီသတင်းကိုဖတ်ရတော့..အန်တီစုကိုယုံကြည်မှုသိပ်မရှိတော့ဘူး...သန်းရွှေကြိုးကိုင် သိန်းစိန်အစိုးရရဲ့ ဘာဆေးများစားမိသွားလဲလို့ မေးချင်ပါ တယ်....တကယ်ပဲဖြစ်ပျက်ခဲ့တာတွေကိုနည်းနည်းထည့်စဉ်းစားပြီး မြန်မာနိုင်ငံကြီးကိုထပ်ပြီးတော့ဆွဲမချပါနဲ့ဗျား....မဟာဗမာဝါဒီကိုလည်းထပ်ပြီး အသက်ဆက်မသွင်းပါတော့ အန်တီစုရေ......

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံသည် အပြောင်းအလဲ ဖြစ်နိုင်သည့် အခြေအနေတွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

ကြာသပတေးနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်တွင် ပထမဆုံးအကြိမ် ကျင်းပရာ၊ အခမ်းအနား မိန့်ခွန်းတွင် မြန်မာနိုင်ငံသည် အပြောင်းအလဲ
ဖြစ်နိုင်သည့် အခြေအနေကို ရောက်နေပြီဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ၁ဝ မိနစ်ကျော်ကြာ မိန့်ခွန်းတွင် ထည့်သွင်းပြောသွားခြင်း ဖြစ်သည်။

"အခုအခြေအနေမှာဆိုရင် ကျမတို့ နိုင်ငံဟာ အပြောင်းအလဲ ဖြစ်နိုင်တဲ့ အခြေအနေမှာ ရောက်နေပါတယ်။ အပြောင်းအလဲ ဖြစ်ပြီလို့ ကျမမပြောချင်ပါဘူး။ ဒါပေမယ့် ကျမ လူသိရှင်ကြား ပြောပြီး ဖြစ်ပါတယ်။ အပြောင်းအလဲ
ဖြစ်နိုင်တဲ့အခြေအနေကို ရောက်နေပြီလို့ ကျမယုံကြည်တယ်။" ဟု သူက ပြောသည်။

ယင်းအပြင် ဒီမိုကရေစီ စိတ်ဓာတ်ရှိသူတိုင်း အပြောင်းအလဲကို ငြိမ်းချမ်းသည့်နည်းဖြင့် ရယူရန်လိုအပ်ပြီး မည်သူ့
ကိုမျှ နစ်နာစေသည့် အပြောင်းအလဲမျိုး မဖြစ်စေဘဲ၊ ညင်သာသည့် ပြောင်းလဲမှု ပြောင်းလဲမှုမျိုး ဖြစ်ရန်လိုအပ်
သည်ဟု ထည့်သွင်းပြောသွားသေးသည်။

"ဒီအပြောင်းအလဲတွေဟာ ညင်သာရမယ်၊ ငြိမ်းချမ်းရမယ်၊ သိက္ခာရှိရမယ်။ ပြည်သူကို မထိရဘူး၊ နိုင်ငံကို မထိရဘူး။ ဆင်းသွားတဲ့ အစိုးရကိုလည်း မထိရဘူး၊ တက်လာတဲ့အစိုးရကိုလည်း မလိုလားအပ်တဲ့ အခွင့်အရေးတွေ မပေးရဘူး။ အားလုံးက မျှတတဲ့ အခြေခံအပေါ်မှာ တည်ရှိရမယ်။" ဟု မိန့်ခွန်းတွင် ပါရှိသည်။

အနှစ် ၂ဝ ကျော် ဒီမိုကရေစီအတွက် အလုပ်လုပ်နေသည့် NLD ပါတီဝင်များအနေဖြင့် ယခုလို အချိန်တွင် မိမိတို့၏ တာဝန်သည်ဘာလဲ၊ ဘာဆက်လုပ်သင့်သလဲ ကိုယ်ပိုင်ဉာဏ်နှင့် စဉ်းစားကာ ယုံကြည်သည့် အလျောက် ဆက်လုပ်စေလိုကြောင်း သူ၏ မိန့်ခွန်းတွင် တိုက်တွန်းသွားသည့် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ ဦးသိန်းစိန်နှင့် သြဂုတ်လအတွင်းက တွေ့ဆုံခဲ့သေးသည်။

တွေ့ဆုံမှုအတွင်း မည့်သည့် အကြောင်းအရာများ ဆွေးနွေးသည်ကို ဒေါ်အောင်ဆန်းစုကြည်မှ ထုတ်ဖေါ်ပြောကြားခြင်း မရှိသော်လည်း "နိုင်ငံတော် သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် မတူကွဲပြားသော သဘောထား အမြင်များ ဘေးဖယ် ထားပြီး နိုင်ငံနှင့် ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးရှိစေမည့် ဘုံအကျိုးစီးပွားများမှ ပူးပေါင်းဆောင်ရွက်မည့် အလားအလာများအား ရင်းနှီးစွာဆွေးနွေးခဲ့သည်" ဟု နိုင်ငံပိုင် မြန်မာ့ရုပ်မြင်သံကြားတွင်
ဖေါ်ပြသည်။

သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ရန် ရှိနေသေးကြောင်းလည်း
နေပြည်တော်တွင် သမ္မတနှင့် တွေ့ဆုံမှုအတွင်း လိုက်ပါသွားခဲ့သည့် လုံခြုံရေးအဖွဲ့ဝင် ဦးခွန်သာမြင့်က ဘီဘီစီ (မြန်မာပိုင်းသို့) စက်တင်ဘာ ၁၄ ရက်နေ့တွင် ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံမှ စီးပွားရေး ပိတ်ဆို့ထားခြင်းခံရသူ မက်စ်မြန်မာ စီးပွားရေးအုပ်စု
ပိုင်ရှင် ဦးဇော်ဇော်၏နှင့်အတူ ဗုဒ္ဓဟူးနေ့ ရန်ကုန်မြို့ သုဝဏ္ဏအားကစားတွင် ကျင်းပသည့် အသက် ၁၉ နှစ်အောက် အာဆီယံ ဘောလုံးပြိုင်ပွဲသို့ သွားရောက် ကြည့်ရှု့ အားပေးခဲ့သေးသည်။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို မြန်မနိုင်ငံတွင် ယခုနှစ် ပထမဆုံးအကြိမ် ကျင်းပခြင်း ဖြစ်ပြီး၊ အစိုးရသစ် ရုံးစိုက်ရာ နေပြည်တော်တွင်ကျင်းပသည့်နည်းတူ အတိုက်အခံ ပါတီဟောင်း၏ ရုံးချုပ်တွင်လည်း ကျင်းပခဲ့ကြခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို အဖွဲ့ဝင် နိုင်ငံများတွင် ဒီမိုကရေစီအရေး ထွန်းကားနိုင်ရန် စက်တင်ဘာ ၁၅ ရက်နေ့ကို ဒီမိုကရေစီနေ့ အဖြစ် သတ်မှတ်ရန် ကုလသမဂ္ဂမှ ၂ဝဝ၇ ခုနှစ်တွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။

Read More...

မူးယစ်တရားခံများမှာ မြန်မာအစိုးရ၏ ပူးပေါင်းကြံစည်မှုဟု KNU ရှင်းလင်းချက်ထုတ်ပြန်

နန်းဖော့ဂေ (ကေအိုင်စီ)

ထိုင်း ASTV နှင့် Manager online မဂ္ဂဇင်းပါ သတင်းအရ ထိုင်းအာဏာပိုင်များ ဖမ်းဆီးမိသူ မူးယစ်တရားခံနှစ်ဦးက မိမိတို့ သည် KNU များဖြစ်သည်ဟု ထွက်ဆိုချက်မှာ မြန်မာအစိုးရနှင့် ၎င်းတို့၏ လက်အောက်ခံ နယ်ခြားစောင့်တပ်များ၏ ညစ်ညမ်း သည့် ပူးပေါင်းကြံစည်မှုဖြစ်ကြောင်း KNU ဗဟိုဌာနချုပ်က ယနေ့ နေ့စွဲဖြင့် သတင်းထုတ်ပြန်ကာ ရှင်းလင်းပြောဆိုလိုက်သည်။

အသက် ၃၀ကျော်အရွယ်ရှိ အဆိုပါ မူးယစ်တရားခံနှစ်ဦးကို ထိုင်းနိုင်ငံ၊ မဲ့ကုကျေးရွာအနီးတွင် ကျေးရွာလူကြီးများနှင့် နယ်စပ် ထိုင်းရဲအချို့က စက်တင်ဘာလ ၉ရက်နေ့တွင် ဖမ်းဆီးမိခဲ့ခြင်းဖြစ်ပြီး မိမိတို့သည် “မင်းကြီးမိန်း”တပ်ရင်းမှ KNU အဖွဲ့ဝင်များ ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များကို ထုတ်ဖော်ပြောဆိုချက်မှာ မမှန်ကန်ကြောင်းနှင့် KNU တွင် ၎င်းတပ်ရင်း အမည်မရှိ ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကေအဲန်ယူ ဒုဥက္ကဌ ပဒိုစောဒေးဗစ်သကဘောက “ထိုင်းသတင်းဖော်ပြချက်တွေမှာ တရားခံတွေရဲ့ ပြောဆိုချက်တွေက ကေအဲန်ယူကို နာမည်ပျက်အောင် ပြောဆိုတဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ကြံမှုတွေပါပဲ။ ကျနော်တို့ ကေအဲန်ယူ ပေါ်လစီအရ မူး ယစ်ဆေးဝါး ထုတ်လုပ်တာ၊ ရောင်းဝယ်တာနဲ့ သုံးစွဲတာတွေကို လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု (Crime against Humanity) လို့ သတ်မှတ်ထားပါတယ်။ ဒီလူတွေဟာ မြန်မာအစိုးရတပ်တွေနဲ့ သူတို့နဲ့ ပူးပေါင်းထားတဲ့ နယ်ခြား စောင့်တပ်တွေရဲ့ လုပ်ရပ်ပါပဲ။”ဟု ကေအိုင်စီကို ပြောဆိုခဲ့သည်။

ထိုင်းရုပ်မြင်သံကြား၊ အွန်လိုင်းမဂ္ဂဇင်းတွင် ၉-မမ တစ်လက်နှင့် ကျည်ဆံများ၊ လက်ကိုင်ဖုန်း ၂လုံး၊ အခြားပေါက်ကွဲပစ္စည်းအ ချို့ အပါအ၀င် စိတ်ကြွဆေး ၁၂ပြားနှင့်အတူ ထိုင်းအာဏာပိုင်များ ဖမ်းဆီးမိသည့် ၎င်းတရားခံနှစ်ဦးမှာ ထိုင်း-မြန်မာနယ်စပ်ရှိ သောင်ရင်းမြစ်ကို ဖြတ်ကူးဝင်ရောက်လာခြင်းဖြစ်ပြီး အဖမ်းခံရချိန်တွင် မူးယစ်ဆေးဝါး သုံးစွဲထားကြောင်းလည်း သတင်းဖော် ပြထားသည်။

KNU က အဆိုပါ မူးယစ်တရားခံနှစ်ဦးမှာ မြန်မာစစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များဖြစ်ကြောင်း စုံစမ်းသိရှိရ ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU) မှေးမှိန်သွားအောင် ကြံစည်လုပ်ဆောင်ခြင်းသာဖြစ်ပြီး ၎င်းမှာ စစ်တပ်နောက်ခံထား သည့် ကြံ့ဖွံ့အစိုးရ ပါဝင်ပတ်သက်သည့် ဆိုးဝါးသော ပူးပေါင်းကြံစည်မှုဖြစ်သည်ဟု ဆိုသည်။

မြန်မာအစိုးရသည် ပြည်တွင်းစစ် ရေရှည်ဖြစ်အောင် လုပ်ဆောင်နေသည့်အပြင် တိုင်းရင်းသားများအား ရှင်းလင်းခြင်း၊ မူးယစ် ဆေးဝါးရောင်းဝယ်မှုဖြင့် ရန်ပုံငွေရှာခြင်း၊ တိုင်းပြည်တွင်းရှိ လူငယ်များကို ပျက်စီးစေခြင်းများကို ယခင် မူဝါဒအတိုင်း ပြုလုပ် လျက်ရှိသည်ဟု KNU က ဆိုသည်။

သို့သော် KNU သည် ၎င်းတို့၏ ပေါ်လစီအရ မူးယစ်ဆေးဝါး ထုတ်လုပ်၊ ရောင်းဝယ်မှုကို လူသားဖြစ်မှုကို ဆန့်ကျင်သည့် ရာဇ ၀တ်မှု(Crime against Humanity)အဖြစ် သတ်မှတ်ထားသလို ပြစ်မှုကျူးလွန်သူများကိုလည်း ကြီးလေးသည့် ပြစ်ဒဏ်စီရင် လေ့ရှိကြောင်းလည်း ပြောဆိုထားသည်။
လက်ရှိအချိန်တွင် ဦးသိန်းစိန် အစိုးရအနေဖြင့် သူ၏အပေါင်းပါများက လာဘ်စားမှု၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရန်နှင့် ပြည် တွင်းစစ်အဆုံးသတ်ရန် ပြောဆိုနေသော်လည်း ပွင့်လင်းရာသီတွင် ဆောင်ရွက်မည့် ထိုးစစ်အတွက် လိုအပ်သည့် လက်နက် များကို လျှို့ဝှက်စွာ ၀ယ်ယူနေသည်ဟု KNU ၏ ရှင်းလင်းချက်တွင် ထည့်သွင်းဖော်ပြထားသည်။

၎င်းမူးယစ်တရားခံနှစ်ဦးကို ထိုင်းအာဏာပိုင်များ ဖမ်းဆီးမိသည့် ထိုင်း-မြန်မာနယ်စပ်နေရာသည် BGF အကြံပေး ဗိုလ်မှူးကြီး စောချစ်သူ၏ လက်အောက်ခံ နယ်ခြားစောင့်တပ်များ ၀င်ထွက်သွားလာနေသည့် လမ်းကြောင်းတစ်ခုဖြစ်ပြီး ၎င်းတို့မှာ မြ၀တီ မြို့နယ်၊ ရွှေကုက္ကိုကျေးရွာမှ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များဖြစ်သည်ဟု နယ်ခြားစောင့်တပ်နှင့် နီးစပ်သူများ၏ အပြောအရ သိရ သည်။

Read More...

အစိုးရစစ်တပ် ရိက္ခာများကို ကေအဲန်ယူ တပ်ဖွဲ့များ မီးရှို့ဖျက်ဆီး

စောသိန်းမြင့် (ကေအိုင်စီ)

တနင်္သာရီတိုင်း၊ မြစ်တန်းမြို့ ရှေ့တန်းတနေရာတွင် လှုပ်ရှားနေသည့် အစိုးရစစ်တပ် ခမရ(၄၃၂)အတွက် တပ်ရိက္ခာများကို သယ်ယူလာသည့် ယာဉ်တစ်စီးပေါ်မှ ရိက္ခာများအား ကေအဲန်ယူ တပ်မဟာ(၄) တပ်ဖွဲ့ဝင်များက ရှောင်တခင် ၀င်ရောက် မီးရှို့ ဖျက်ဆီးခဲ့သည်ဟု ထိုဒေသမှလာသည့် သတင်းအရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၆ရက်နေ့က စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၁၁)၊ နည်းဗျူဟာ(၃) လက်အောက်ခံ ရှေ့တန်းရှိ ခမရ (၄၃၂)တပ်ရင်း စစ်ကြောင်း(၁)အတွက် ရိက္ခာများကို ထီးထာမှ ဆင်ဖြူဒိုင်သို့ သယ်ဆောင်လာစဉ် ကေအဲန်ယူ တပ်မဟာ(၄) တပ်ဖွဲ့ဝင်များက အလစ်ငိုက်ဝင်ရောက်ပြီး ကားပေါ်ရှိ တပ်ရိက္ခာမျိုးစုံကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ဒီလ ၆ရက်နေ့မှာ ခမရ(၄၃၂)၊ စစ်ကြောင်း(၁)အတွက် တပ်ရိက္ခာတွေကို လုပ်အားပေးအဖြစ် သယ်ယူလာတဲ့ ဒေသခံရွာသား ရဲ့ ကားတစီးကို ကေအဲန်ယူ တပ်မဟာ(၄)တပ်ဖွဲ့ဝင်တွေ အလစ်ငိုက် ၀င်ပြီးတော့ ကားပေါ်ကာ ရိက္ခာတွေကို အကုန်လုံး မီး ရှို့ပစ်လိုက်တယ်။ ဆန် ၁၀အိတ်ကျော် ပါတယ်။ နောက်ပြီး ဆီ၊ ဆား၊ နို့ဆီ၊ ပဲ၊ ငရုတ်သီးတွေလည်းပါတယ်။”ဟု ပြောသည်။

ထိုကဲ့သို့ စစ်တပ်၏ ရိက္ခာများကို ကေအဲန်ယူတပ်ဖွဲ့မှ ဖျက်ဆီးခဲ့သော်လည်း စစ်တပ်မှ အဆိုပါကားပိုင်ရှင်အပေါ် အပြစ်ပေး အရေးယူခြင်း တစုံတရာမရှိကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

ယင်းသို့ တပ်ရိက္ခာများ မီးရှို့ဖျက်ဆီးခံရသဖြင့် မိမိတပ်များအနေဖြင့် နောက်နောင်တွင် အရပ်သားများ၏ ကား၊ ဆိုင်ကယ်၊ စက်လှေတို့ဖြင့် ရိက္ခာနှင့် စစ်သုံးပစ္စည်းများကို အရပ်သားတို့အား သယ်ယူစေခြင်း လုံးဝမပြုလုပ်ကြရန်နှင့် ညွှန်ကြားချက်အ ပေါ် လိုက်နာမှုမရှိပါက စစ်စည်းကမ်းအရ ထိရောက်စွာ အပြစ်ပေးခံရမည်ဖြစ်ကြောင်း မြိတ်မြို့ရှိ ကမ်းရိုးတန်းတိုင်း စစ်ဌာန ချုပ်(ကရခ)မှ ၎င်း၏ရှေ့တန်းတပ်များ အားလုံးကို ညွှန်ကြားလိုက်သည်ဟု စစ်ဖက်ဆိုင်ရာ သတင်းအရ သိရသည်။

အစိုးရစစ်တပ်များ၏ ရိက္ခာများအား မီးရှို့ဖျက်ဆီးခံရခြင်းနှင့် ပတ်သက်ပြီး ကေအဲန်ယူ တပ်မဟာ(၄)မှ တာဝန်ရှိသူများအား ကေအိုင်စီမှ ဆက်သွယ်ရန် ကြိုးစားသော်လည်း မရရှိခဲ့ပေ။

ထိုဒေသတွင် ယခင်ကလည်း အစိုးရစစ်တပ်၏ စစ်ပစ္စည်းနှင့် ရိက္ခာများအား ကေအဲန်ယူတပ်ဖွဲ့မှ အလားတူ မီးရှို့ဖျက်ဆီးမှု များကို အလျင်းသင့်သလို လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

Read More...

9/11

9/11 ကိုပြန်သတိရပြီး ခံစားကြည့်လိုက်တဲ့အခါ မှာဘာသာရေးအယူသီးတဲ့ လူတစုကြောင့်အပြစ်မဲ့သူများသေဆုံးခဲ့ရတဲ့အပြင် ကျန်ရစ်သူမိသားစု များလည်း အခုထက်ထိဒုက္ခရောက် ကြေကွဲနေရဆဲပါပဲ.....9/11မှာဆုံးသွားသောသူအားလုံးကောင်းရာသုဂတိလားပါစေ.....

Read More...

သေ့ဘောပိုးအနီး ဆုံဆည်းမြိုင်မှာ တိုက်ပွဲဖြစ်ပွား

နေ့သစ် မှ.........

မြဝတီမြို့တောင်ဘက် သေ့ဘောပိုးရွာအနီး ဆုံဆည်းမြိုင်မှာ ကြံ့ဖွံ့အစိုးရစစ်တပ် တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၄ တပ်ရင်းကို DKBA တပ်ရင်း ၉၀၉ မှ ဗိုလ်ကြီး မင်းဇော်ဦး ဦးဆောင်တဲ့ တပ်ဖွဲ့၊ ကျောင်းသားတပ်မတော် တပ်ဖွဲ့၊ ရခိုင် လွတ်မြောက်ရေး တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဒီကနေ့ နေ့လည် ၁၁ နာရီလောက်မှာ စစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်။
တိုက်ပွဲဖြစ်ပွားချိန် ၁၅ မိနစ်လောက်ကြာခဲ့ပြီး ထိခိုက်သေဆုံးမှု မသိရှိရသေးပါ။


ဖလူး သေ့ဘောပိုး ဝေါ်လေ ကားလမ်းတလျောက်က စစ်ကြောင်းတက်လာတဲ့ ခမရ ၂၀၄ တပ်ရင်းကို နေရာအတော်များ များက စောင့်ကြိုတိုက်ခိုက်ဖို့ ပြင်ဆင်ထားတာဖြစ်တဲ့အတွက် ညနေ ၅ နာရီလောက်မှာလည်း သေ့ဘောပိုးအနီးမှာ တိုက်ပွဲတွေ ထပ်ဖြစ်ခဲ့ပါသေးတယ်။ အဲဒီအချိန်မှာတော့ ကြံ့ဖွံ့အစိုးရစစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဆံ တွေ သေပေါ့ပိုးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ အဲဒီ အကြောင်းကိုတော့ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးလာ တဲ့ သေ့ပေါပိုး ရွာသားတဦး ပြောပြတာက …
“အခြေအနေတွေ ရှုပ်ထွေးနေတာတော့ တရက် နှစ်ရက်လောက်ရှိပြီး ဒီနေ့မှ တိုက်ပွဲဖြစ်သံကြားရတာ ရွာနဲ့ နဲနဲဝေးတော့ အေးဆေးသတိနဲ့ နေ နေကြတယ်။ ညနေရောက်တော့ တိုက်ပွဲဖြစ်သံထပ်ကြားတယ် အဲဒီအချိန်မှာပဲ ရွာထဲကို လက်ကြီး တွေ ကျတာ အဲဒါနဲ့ ကျနော်တို့လည်း ထိုင်းဘက်ခြမ်းကို ပြေးလာကြတာ” လို့ ပြောပြသွားခဲ့ပါတယ်။
ဒီနေ့ ထိုင်းမြန်မာနယ်စပ် သေ့ဘောပိုးရွာမှာ ဖြစ်နေတဲ့ အခြေအနေတွေကို DKBA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဆန်းအောင် ကို မေးမြန်းခဲ့ရာ …
“ဟုတ်တယ် ဒီနေ့ သေ့ဘောပိုးနားက ဆုံဆည်းမြိုင်မှာ တိုက်ပွဲဖြစ်တယ်။ ညနေပိုင်းတိုက်ပွဲဖြစ်တဲ့ အချိန်မှာတော့ ရန်သူ က သေ့ဘောပိုးရွာထဲကို လက်နက်ကြီးတွေ ပစ်ထဲ့ခဲ့တယ်။ အထိအခိုက်ကိုတော့ အတိအကျ မသိရသေးဘူး။ မြန်မာနိုင် ငံက စစ်အုပ်စု အစိုးရကတော့ ဒီလိုပဲ လက်နက်မရှိရင် အနိုင်ကျင့်မယ်။ အဖွဲ့သေးရင် ချေမှုန်းမယ် အပေါ်စီးက စကား ပြောမယ်။ အဖွဲ့ကြီးလို့ စမ်းလို့မရဘူးထင်ရင် မျက်နှာချိုသွေးမယ် ဖြည်းဖြည်းချင်း သပ်လျှိုဖြိုခွဲမယ် နောက်ဆုံးချေမှုန်း မယ်။ ဒါ သူတို့ လုပ်နေကျပဲ။ ကျနော်တို့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ တဖွဲ့နဲ့ တဖွဲ့ နေသာသလို နေ နေကြပြီး မစည်းလုံးကြသရွေ့တော့ မြန်မာ စစ်အုပ်စုက လုပ်နေကျ နည်းတွေနဲ့ ဆက်ထိန်းထားအုံးမှာပဲ” လို့ ပြောပြ သွားခဲ့ပါတယ်။

Read More...