Showing posts with label ကွယ်ကလူသတင်းမှဘာသာပြန်ဆိုထားသည်။. Show all posts
Showing posts with label ကွယ်ကလူသတင်းမှဘာသာပြန်ဆိုထားသည်။. Show all posts

နအဖတပ်ဖမ်းဆီးခေါ်ဆောင်မှုကြောင့် ကျန်ရစ်သောလူမမယ်ကလေးငယ်များဒုက္ခရောက်

၂၀.၁.၂၀၁၀

မူးကော်ဆာ ညောင်လေးပင်ခရိုင်တွင် လှုပ်ရှားသော နအဖ တပ်(၁၀) ခြေလျင်တပ်(၃၇၀) သည်ဇန်နဝါရီလ ၁၈ရက် နေ့ ညနေ ၂ နာရီအချိန်လောက်တွင် ကွမ်းခြံသို့ ပြန်လာအလုပ်လုပ်ကိုင်သော အောင်စိုးမိုး(ကညောသူးပူ) ရွာမှ ရွာသားများ အားပစ်ခတ်ရာ ရွာသားများထွက်ပြေးရကြောင်းသိရှိရပါသည်။ ထွက်ပြေးမလွတ်သော စောဖိုးလဲ ၄၅ နှစ် နှင့် သူ၏မိန်းမ နော်ဃူထူး ၄၁နှစ်၊ စောသေးဖိုး ၂၁နှစ်တို့အားဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထိုရွာသား၃ဦး အားယခုထက်တိုင်ပြန်မလွတ်သောကြောင့် စောဖိုးလဲနှင့်နော်ဃူမူး တို့၏ကျန်ရစ်ခဲ့သောလူမမယ်ကလေး ငယ် ၄ဦးအခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်းသတင်းရရှိပါသည်။ ထိုအောင်စိုးမိုးရွာသည် နအဖစစ်တပ်၏လက်အောက်တွင်ရှိနေပြီး အခြားသောကရင်ရွာများမှပြန်လာစုပေါင်းနေထိုင်သော ကရင်ရွာကြီးတစ်ရွာဖြစ်ပြီး စုစုပေါင်းအိမ်ခြေ ၂၀၀ ကျော်ခန့်ရှိကြောင်းသိရှိရပါသည်။ ထိုရွာသားများသည်နအဖစစ်တပ်၏ ရွာပြင်ထွက်လုပ်ကိုင်စားသောက်ခွင့်ပိတ်ပင်ထားခြင်းကိုလည်းခံနေရပါသည်။ ဒါပေမဲ့လည်း ကိုယ့်၏ဝမ်းစာအတွက် ရွာသား များခိုးပြီးရွာပြင်သို့ထွက် လုပ်ကိုင်နေရကြောင်းသိရပါသည်။
အထက်ပါသတင်းအား KNU မှ မူးကော်ဆာတာဝန်ခံ ပဒိုဆဲဂေ ထံမှ သိရှိခဲ့ရပါသည်။

Read More...