Showing posts with label ထုတ်ပြန်ချက်. Show all posts
Showing posts with label ထုတ်ပြန်ချက်. Show all posts

u Thein Sein Government Should Drop the Grave Charges Against Mahn Nyein Maung (Eng)

u Thein Sein Government Should Drop the Grave Charges Against Mahn Nyein Maung (Eng)

Read More...

Summary Report on Military Engagements in KNLA Areas (March 1, 2011 to March 31, 2011)

Summary Report on Military Engagements in KNLA Areas (March 1, 2011 to March 31, 2011)

Read More...

KNU Statement on New Military Government & Concerns of Ethnic Nationalities

KNU Statement on New Military Government & Concerns of Ethnic Nationalities

Read More...

KNU Statement on New Military Government & Concerns of Ethnic Nationalities

KNU Statement on New Military Government & Concerns of Ethnic Nationalities

Read More...

KNU Statement on SPDC's Parliament and Government

KNU St SPDC Puppet Parlaiment Govt in Karen Language

Read More...

KNU Statement on SPDC's Parliament and Government

KNU St on SP Parliament & Govt-Final

Read More...

KNU ၏ထုတ်ပြန်ချက်.....

KNU Statement

Read More...

ကေအဲန်ယူ - ကရင့်အမျိုးသားအစည်းအရုံး ဥက္ကဌ စောတာမလာဘော၏ (၆၀)ကြိမ်မြောက် အာဇာနည်နေ့ သို့ ပြောကြားသော မိန်းခွန်း(ကရင်ဘာသာဖြင့်)

Speech on Mytyrs Day (Karen Version)

Read More...

KNU President Saw Tamlabaw on 60th Anniversary of Martyrs Day

Speech on Mytyrs Day (English Version)

Read More...

ကေအဲန်ယူ - ကရင့်အမျိုးသားအစည်းအရုံး ဥက္ကဌ စောတာမလာဘော၏ (၆၀)ကြိမ်မြောက် အာဇာနည်နေ့ သို့ ပြောကြားသော မိန်းခွန်း

Martyr's Day (Burmese)

Read More...

KNU ၏ လက်ရှိနိုင်ငံရေးခြေအနေအကျဉ်း

Report 5.5.2010 for Karen Abroad Burmese

Read More...

7th Karen Unity Seminar Statement

7th Karen Unity Seminar Statement

Read More...

မြန်မာစစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် KNU/ KNLA ငြိမ်းချမ်းရေး ကောင်စီမှ တုံ့ပြန်ချက် (နိဂုံးပိုင်း)

မန်ဇူး(ဘာသာပြန်သည်)
နေ့သစ် မှကူးယူတင်ပြသည်။

၅။ ထိုင်း နိုင်ငံနှင့် ဆက်ဆံခြင်းမပြုလုပ်ရ (သို့) ယုံကြည်ကိုးစားခြင်းမပြုရ

KNU/ KNLA ငြိမ်းချမ်းရေး ကောင်စီမှာ ကျဉ်းမြောင်းသည့် အတွေးအခေါ် အယူအဆမျိုးမရှိခဲ့ဘူး။ ထိုင်းနိုင်ငံနဲ့ ကူးလူးဆက်ဆံတာ ကျနော်တို့ အဖွဲ့အစည်းတရပ်တည်း မဟုတ်ပါဘူး။ ကုန်ကူးသန်းရောင်းဝယ်သူ အများစုနဲ့ တခြားသော အကြောင်းချင်း ကိစ္စရပ်တွေ လည်းရှိနေပါသေးတယ်။ အိမ်နီးချင်းနိုင်ငံနဲ့ ဆက်ဆံရေး (သို့) ဒီကမ္ဘာကြီးအတွင်းမှာရှိတဲ့ နိုင်ငံတွေနဲ့ ဆက်ဆံရေးပိုင်းဆိုင်ရာ တည် ဆောက်မှုတွေကို တားဆီးပိတ်ပင်လို့ မရပါဘူး။ ကျနော်တို့အပေါ် မည်သူတဦးတယောက်မျှ အမိန့်ပေးပြီး ဘယ်သူနဲ့ ဆက်ဆံရမယ် မဆက်ဆံရဘူးဆိုတာ အမိန့်ပေးပြောဆိုလိုမရပါဘူး။ KNU/ KNLA ငြိမ်းချမ်းရေးကောင်စီ ခေါင်းဆောင်ပိုင်းတွေရဲ့ အသိပညာကြွယ် ဝရင့်ကျက်မှု၊ ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာအရ ကျယ်ပြန့်သည့် အမြင်သဘောထားရှိခြင်းတို့ကြောင့် ပြည်တွင်းသာမက ပြည်ပနိုင်ငံများ နှင့် ဆက်ဆံခြင်း မဆက်ဆံခြင်းဆိုတာ ပိုင်းခြားဆုံးဖြတ်နိုင်စွမ်းရှိတယ်။ ကျနော်တို့ရဲ့ဆက်ဆံရေးဟာ ကရင်ပြည်နယ်အတွင်းမှာရှိ သည့် ပြည်သူလူထုအတွက် အပြန်အလှန် အကျိုးစီးပွားနဲ့ အပြန်အလှန် ယုံကြည်မှုအပေါ် အခြေခံတည်ဆောက်ထားခြင်း ဖြစ်တယ်။ တိုင်းပြည်ငြိမ်းချမ်း လုံခြုံရေးကိုသာ အခြေပြုတည်ဆောက်ခြင်းမဟုတ်သလို အနာဂတ် ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အ သိ ပညာရပ်ဆိုင်ရာ ဖလှယ်ခြင်းနှင့် ကုန်ကူးသန်းရောင်းဝယ်ရေးတို့ပါ သက်ဆိုင်အကျုံးဝင်ခြင်းရှိတယ်လို့ ဆိုရမယ်။ အကောင်းအဆိုး ဒွန်တွဲနေတဲ့ လူထုဆိုတာ ထိုင်း၊ ဗမာနိုင်ငံတို့သာမက နိုင်ငံတိုင်းလိုလိုမှာရှိတယ်လို့ဆိုရမှာပဲ။ အလုပ်သဘောအရ ကျနော်တို့နဲ့ ဆက် ဆံတဲ့ လူထုဟာ ကျနော်တို့အပေါ် ကောင်းမွန်စွာ ဆက်ဆံခဲ့သလို တဦးတယောက် ကောင်းစားရေးအတွက် တကိုယ်ကောင်းဆန် သည့် လုပ်ဆောင်ချက်မျိုး မရှိခဲ့ပါဘူး။

ကရင်ပြည်နယ်သာမက အမျိုးသား လုံခြုံရေးကို ထိပါးခြိမ်းခြောက်လာခြင်း (သို့) ငြိမ်းချမ်းစွာ မှီတင်းနေထိုင်သည့် ကရင်တိုင်းရင်း သားတွေကို ဖျက်လိုဖျက်ဆီး နှောက်ယှက်လာပါက ကျနော်တို့အနေနဲ့ ရိုးသားပွင့်လင်းစွာ တင်ပြပြောဆိုရလိမ့်မည်။ အထက်ဖော်ပြပါ ကျနော်တို့ရဲ့တုံ့ပြန်ဖြေရှင်းချက်တွေဟာ စိတ်ပျက်အားလျော့အောင် ရည်ရွယ်တင်ပြခြင်း မဟုတ်သလို (သို့) မြန်မာစစ်အစိုးရနှင့် ပဋိပ က္ခဖြစ်ပွားအောင် ဖန်တီးတည်ဆောက်ယူနေခြင်း မဟုတ်သော်ငြား တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ရော ကရင်ပြည်နယ် အပါအဝင် အနာဂတ် ဖွံ့ဖြိုးတိုးတက်ကောင်းစားရေးအတွက် KNU/KNLA ငြိမ်းချမ်းရေးကောင်စီ သဓိဋ္ဌာန်ချပြီး ခိုင်မာစွာ ယုံကြည်ရပ်ခံထားတယ်။ ကျနော်တို့ပြောချင်တဲ့ ယုံကြည်ရပ်ခံထားချက်ဆိုတာ ကရင်ပြည်နယ်နှင့် တတိုင်းပြည်လုံးအပါအဝင် သွေးစည်းညီညွတ်ခြင်း၊ လွတ် လပ်ခြင်းနှင့် ပေါများကြွယ်ဝခြင်း အစရှိသော အကြောင်းချင်းရပ်ကိစ္စကိုသာ ရှေ့အနာဂတ်မှာ မြင်တွေ့လိုခြင်းကို ဆိုလိုခြင်းဖြစ်တယ်။ တစုံတယောက်က ဖန်တီးယူလို့ ထွက်ပေါ်လာတဲ့ ဆိုးကျိုးရလဒ်တွေဖြစ်တဲ့ လူသတ်အကြမ်းဖက်ခြင်း၊ အမုန်းတရားတွေကြောင့်ဖြစ် ပေါ်လာတဲ့ ပဋိပက္ခတွေ၊ အစွဲအလမ်းဥပဒါန်တွေအပေါ်မှာ ကျနော်တို့နဲ့ လုံးလုံးလျားလျားမှ မသက်ဆိုင်သည့်အတွက် တာဝန်ယူမှာ မ ဟုတ်ပေမယ့်လို့ တဦးတယောက်ရဲ့ ဖိအားပေးခိုင်းစေသည့် အမိန့်ဖြစ်သည့် စစ်ဖက်ဆိုင်ရာအရေးကိစ္စရပ်တွေဆိုလျှင်တော့ တိုင်း ပြည်ချွတ်ခြုံကျ ယိုယွင်းပျက်ဆီးသွားမှာ အမှန်ပဲဖြစ်တယ်။ ဒီ့အရင်မတိုင်မီတွေကကော ဗမာပြည်တွင်းသာမက နိုင်ငံတကာ အဝန်းအ ဝိုင်းနယ်ပယ်မှာပါ တာဝန်ယူလုပ်ဆောင်မှုနဲ့ တရားမျှတမှုကို ဘယ်သူတွေက ဆောင်ကျဉ်းယူလာတာလဲ။ ကျနော်သိသလောက်တော့ ဗမာ စစ်တပ်အတွင်းရှိ စစ်ဗိုလ်ချုပ်အများစု သဘောဆန္ဒတွေမှာ တိုင်းပြည်သွေးစည်းညီညွတ်ပြီး ပေါများကြွယ်ဝမှုကိုပဲ မြင်တွေ့ချင် ကြပါလိမ့်မယ်။ ဗမာပြည်တွင်းရှိ မှီတင်းနေထိုင်သူ တိုင်းသူပြည်သားအားလုံးကို လုံခြုံမှုနဲ့ ပျော်ရွှင်ချမ်းမြေ့မှုတွေပေးစွမ်းနိုင်မယ့် အနာ ဂတ်ကို အတူလျှောက်လှမ်းကြပါစို့။

စစ်အစိုးရ လက်အောက်ခံဖြစ်သော နယ်ခြားစောင့်တပ်ဆိုင်ရာ သဘောတူညီထားချက်တွေကို လက်မခံနိုင်ရခြင်း အကြောင်းရပ်တွေ ကတော့…

၁။ စစ်အစိုးရ အစီအမံတွေအတိုင်း ပူးပေါင်းလိုက်နာဆောင်ရွက်ခဲ့မယ်ဆိုရင် ၉ဝ ရာခိုင်နှုန်းသော ကရင်လူမျိုးတွေဟာ တည်ငြိမ်မှု ကင်းမဲ့စွာဖြင့် ခြိမ်းခြောက်မှုတွေကို ခံစားနေရမှာဖြစ်တယ်။ အစောပိုင်းကာလတွေမှာဖြစ်ပွားခဲ့သည့် ကရင်၊ ဗမာ ပဋိပက္ခတွေဟာ လူ ထုကြား ယခုထက်တိုင် အသစ်သဖွယ်ဖြစ်တည်နေတုန်းပဲ။
၂။ ကျယ်ပြန့်လာတဲ့ အကျင့်ပျက်ခြစားမှုနဲ့ လုံခြုံရေးပိုင်းဆိုင်ရာ ခြိမ်းခြောက်ခံရမှုတွေဟာ နယ်မြေဒေသတွေအတွင်း စဉ်ဆက်မပြတ် ဆိုသလို ဖြစ်ပွားလာခြင်း၊
၃။ တွေ့ဆုံဆွေးနွေးအတည်ပြုထားသည့် ငြိမ်းချမ်းရေးကာလအလွန် အတည်ပြုထားရှိသည့်ကရင်ပြည်နယ် ဒေသအတွင်းရှိ လူထု တိုးတက်ဖွံ့ဖြိုးရေးအတွက် ကတိကဝတ်ပြု ထားရှိချက်တွေဟာ အစစ်အမှန်သဘောအသွင်မဆောင်ဘူး၊
၎။ စစ်အစိုးရ အခြေပြုလုပ်ဆောင်ချက်တွေဟာ အမိန့်အာဏာအပေါ် မတည်သင့်ဘူး (သို့) ယုံကြည်မှုတည်ဆောက်ယူရာတွင် အချိန် ကာလတခုကို အခြေပြုတည်ဆောက်ယူမှသာ ကောင်းမွန်သည့် အကျိုးရလဒ်တွေကို ပြည်သူလူထုအနေဖြင့် ထိတွေ့ခံစားနိုင်မှာဖြစ် သည်၊
၅။ မျက်မှောက်ကာလ စစ်အစိုးရ တင်သွင်းသည့် အဆိုပြုချက်တွေသည် ဆန့်ကျင်ဖက် သဘောတရား အသွင်ဆောင်ပြီ်း ဒီမိုကရေစီ ဖြစ်စဉ်သို့ ကူးပြောင်းရာဝယ် အဆင်ပြေချောမွေ့ပြီး တရားမျှတမှုတွေကို ဘုရားသခင်သာလျှင် ဆောင်ကျဉ်းပေးပါလော့။ တရားမျှတ မှုနှင့် အမှန်တရားကို လိုက်နာကျင့်သုံးဆောင်ရွက်မည်ဆိုလျှင် အတူရပ်တည်မည်ဖြစ်သော်ငြား အပြစ်မဲ့လူထုအပေါ် မှားယွင်းစွာပြုမူ ဆက်ဆံမှုအပေါ် ကျနော်တို့အနေဖြင့် တုန့်ဆိုင်းခြင်းမရှိပဲ တန်ပြန်ပြောဆိုလုပ်ဆောင်သွားမှာဖြစ်တယ်။ ဒီအကြောင်းဖြစ်ရပ်နဲ့ ပတ် သက်လို့ အကောင်ထည်ဖော်လုပ်ဆောင်မည့် အမျိုးသားရေးဆိုင်ရာ မူဝါဒတွေ လမ်းလွဲသွေဖယ်မှုရှိနေတယ်ဆိုတာကိုက ကျိန်းသေ ပေါက်ပြောရဲတယ်။ သတင်းစာတွေပါ ဝါဒဖြန့်ချိရေးတွေမှာ ရည်ညွှန်းပြောဆိုထားတာတွေကို မျက်ကွယ်ပြုနေတာလား။ ပြည်သူ့သ ဘောထားတည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေး၊ အကြမ်းဖက် ဆူပူအုံကြွမှုကို ဆန့်ကျင်တိုက်ဖျက်ရေး။ ဒီကမ္ဘာမြေ လောကအ တွင်းမှ ကျနော်ထွက်ခွာမသွားခင်ဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်တွေထဲမှာ ကရင်ပြည်နယ်တွင်းရှိ စစ်တပ် (သို့) ပြည်သူ့စစ်မှ စစ်သား တွေ နဲ့ လူထုကြား တသားတည်းဖြစ်နေတာကိုမြင်တွေ့ခြင်တာ။ ငြိမ်းချမ်းရေးတပ်တွေဖြစ်တဲ့ ကျနော်တို့အပါအဝင်ပေါ့။ ထိပ်လန့် ကြောက်ရွံ့မှု အရိပ်ဆိုးအောက်မှာ နေထိုင်ရတဲ့ ပြည်သူလူထုဟာ အတော့်ကို နွမ်းလျချွတ်ခြုံကျနေပြီလို့ဆိုရမယ်။ တရားမျှတရေး၊ ဥ ပဒေအပေါ် လူထုလေးစားလိုက်နာရေး၊ အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ရေး၊ ရိုးရာအမွေအနှစ်တွေကို ထိန်းသိမ်းစောင့် ရှောက်ပြီး ငြိမ်းချမ်းစွာ ရပ်တည်နိုင်ရေးတို့ကို မြင်တွေ့လိုတယ်။ တရားမျှတမှုကို ကျနော်တို့ထံမှောက်သို့ သိပ်မကြာခင်ရက်ပိုင်းမှာ ဆောင်ကျဉ်းယူလာမယ်လို့ အားလုံး စောင့်စားနေကြတယ်၊ စစ်အစိုးရအနေနဲ့ ဘုရားသခင်အပေါ် ယုံကြည်သက်ဝင်ခြင်းရှိ မရှိဆိုတာ တော့မသိဘူး။ ကျနော်တို့ လုပ်ဆောင်ခဲ့တာတွေအတွက် ကျနော်တို့ တာဝန်ယူကြရလိမ့်မယ်။

တိုင်းပြည်နဲ့ လူထုအတွက် မှန်ကန်ပြီး တရားမျှတစွာ ပြုမူဆက်ဆံမှသာ မှန်ကန်သည့်လုပ်ဆောင်ချက်တွေဖြစ်တယ်။ လူထုလိုအပ် ချက်တွေဖြစ်တဲ့ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီစနစ်သို့ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်ရေးတို့သာလျှင် တိုင်းပြည်နှင့် လူထုအတွက် ပိုမိုအဓိကအရေးပါလှပြီး စစ်အစိုးရ စီမံလုပ်ဆောင်ချက်တွေသည်။ တိုင်းပြည်နှင့် တိုင်းရင်းသား လူမျိုးစု အားလုံးအတွက် ချွတ်ခြုံကျ ယိုယွင်းပျက်စီးမှုလမ်းကြောင်းသို့သာ ဦးတည်စေတယ်။ လက်ရှိအုပ်စိုးနေသူ စစ်အစိုးရကိုယ်တိုင် နိုင်ငံ တော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကောင်စီလို့ အမည်ပေးခေါ်ဆိုထားသည် မဟုတ်ပါလား။ တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်တွေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကိုဖော်ဆောင်ဖို့ရာ စစ်အစိုးရအနေဖြင့် ရည်ရှည်လျှောက်လှမ်းရ မှာဖြစ်သလို မည်သည့်အစိုးရမှ အကောင်အထည်ဖော် အောင်မြင်အောင် လုပ်ဆောင်နိုင်စွမ်းမရှိခဲ့ဘူး။ အမိန့်ထုတ်ပြန်လုပ်ဆောင် သည့် အတင်းအကျပ်ဖိအားပေး လုပ်ဆောင်သည့် အစီအမံတွေထက်စာလျှင် နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းစွာ အဖြေရှာ ထုတ်ဖို့ရာ ဘာအကြောင်းကြောင့် မဖြစ်နိုင်ရတာလဲ။ မည်သည့် အုပ်ချုပ်သူ အစိုးရမှ အတိတ်ကာလတွေမှာ နိုင်ငံရေး (သို့) စစ်ရေး၊ လူမှုရေး (သို့) စီးပွာရေးတွေမှာ တိုင်းရင်းသား လူမျိုးစုတွေနှင့် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာပြီး အကူအညီထောက်ပံ့ လုပ် ဆောင်ပေးခဲ့ခြင်းမျိုးမှ မရှိခဲ့ဘူး။ စစ်အစိုးရ အစ်ီအမံလုပ်ဆောင်ချက်တွေမှသည် စစ်ပွဲ၊ ပဋိပက္ခနှင့် အမုန်းတရားတွေသာလျှင် မွေး ထုတ်ပေးခဲ့တယ်။ အုပ်ချုပ်သူ စစ်အစိုးရ လိုချင်သည့်အောင်မြင်ဖြစ်ထွန်းမှုတွေမှသည် ဆန့်ကျင်ဖက်ရလဒ်ဆိုးတွေသာ ထွက်ပေါ်လာ ခဲ့တယ်။ သမိုင်းကြောင်းဆိုင်ရာ အထောက်အထားတွေ ဖော်ပြချက်အရဆိုရင် စစ်အင်အားကြီးထွားလာခြင်းကြောင့် လက်နက်ပိုင် ဆိုင်မှုတွေအပေါ် ဂုဏ်ယူဝင့်ကြွားလာခြင်းဟာ တိုင်းပြည်လုံခြုံမှုကို ပေးစွမ်းနိုင်စွမ်းမရှိဘူးဆိုတာ ဂျာမဏီ၊ ဂျပန်၊ ဆိုဗီယက် ယူနီယံ၊ အင်္ဂလန်တို့အပြင် ယနေ့မျက်မြင်ရင်ဆိုင်ကြုံတွေ့နေရသည့် အမေရိကန်နိုင်ငံတို့သည် ပြဿနာပေါင်းစုံဖြင့် ရင်ဆိုင်နေကြရသလို တိုင်းပြည်လုံခြုံမှုကို ပေးစွမ်းနိုင်စွမ်းရှိတာက ပြည်သူလူထုအပေါ် စေတနာအမှန်ဖြင့် အလုပ်အကျွေးပြုစုပြီး မှန်ကန်မှုကိုပေးစွမ်းနိုင် သည့် ကောင်းမွန်သည့် ခေါင်းဆောင်မှုတွေသည်သာလျင်ဖြစ်တယ်။ ထက်မြက်သည့် ခေါင်းဆောင်မှု၊ အတ္တစိတ်ကင်းမဲ့မှု (သို့) အာ ဏာလက်မလွတ်စတမ်း ဆုတ်ကိုင်မထားမှုတွေသည် တိုင်းပြည်လုံခြုံရေး၊ ပေါများကြွယ်ဝရေးတို့အတွက် ငြိမ်းချမ်းစွာ အဖြေရှာဖွေရေး လမ်းကြောင်းဆီသို့ ဦးတည်စေတာဖြစ်တယ်။

ငြိမ်းချမ်းမှုရှိရှိ သဟဇာတဖြစ်ရေးထက် ဘယ်အရာကမှ သင့်မြတ်လျော်ကန်ခြင်း မရှိဘူး။ လူမျိုးရေး ခွဲခြားဆက်ဆံမှုတွေကို အဆုံး သတ်လိုက်ကြပါစို့။

မြန်မာပြည်အနှံ့အပြား ခရီးသွားလာကြည့်ခဲ့ရသလောက် တိုင်းပြည်သံယံဇာတ ပေါများကြွယ်ဝသလောက် မြန်မာပြည်သူလူထု ကြုံ တွေ့နေရသည့် အခက်အခဲအကျပ်အတည်း ပြဿနာရပ်တွေနှင့် နာကျင်ဆိုးဝါးမှုတွေသာ တွေ့မြင်ခဲ့ရတယ်။ ပြည်သူလူထုအနေဖြင့် ကောင်းမွန်သည့် ဘဝအခြေအနေတွေနှင့်သာ ထိုက်တန်တယ်။ ဗြိတိသျှ ကိုလိုနီလက်အောက် ဘဝမှ လွတ်လပ်ရေးရပြီးကတည်းက မြန်မာနိုင်ငံသည် စစ်မှန်သည့် တည်ငြိမ်အေးချမ်းမှုကို မရရှိခဲ့ပါဘူး။ ဒါဟာ ကျနော်တို့အားလုံးအတွက် စိန်ခေါ်မှုတွေဖြစ်သလို ကျနော် တို့ ဘဝသက်တမ်းတလျှောက် ဘာတွေပြုမူဆောင်ရွက်ကြမလဲ။ တိုင်းပြည်ဆိုးဝါးချွတ်ခြုံကျအောင်လုပ်ဆောင်မှာလား(သို့) ကောင်း မွန်အောင်လား။ အဆုံးသတ်ကာလတွေမှာ ပျော်ရွှင်မှု သို့ ဝမ်းနည်းမှုတွေ ချန်ထားရစ်ခဲ့မှာလား။ ကျနော်တို့ အားလုံးအပေါ်မှာ မူတည် နေတယ်။

စစ်အစိုးရ အစီအမံဆောင်ရွက်ချက်တွေအပေါ် လိုက်နာဆောင်ရွက်ခြင်းမရှိပဲ ငြင်းဆန်ခဲ့မယ်ဆိုရင် နောက်ဆက်တွဲဖြစ်လာမှာက တ ရားမဝင် အဖွဲ့အစည်းလို့ စွပ်စွဲခေါ်ဆိုပြီး စစ်ဆင်နွှဲခြင်း၊ ပါတီတရပ်တည်းရဲ့ပြဿနာရပ်ကိုသာ ရင်ဆိုင်ကြုံတွေ့ရမှာ မဟုတ်သလို မြန် မာပြည် နေရာအနှံ့အပြားမှာရှိနေတဲ့ တိုင်းရင်းသား လူမျိုးစုအားလုံးနဲ့ ထိပ်တိုက်တိုးရင်ဆိုင်ရမှာဖြစ်တယ်။ တိုင်းပြည်အေးချမ်းစွာဖြင့် တည်ငြိမ်ရေးကို နှောက်ယှက်ဖျက်ဆီးနေတာ တကမ္ဘာလုံးက သိရှိနေကြပြီ။ တိုင်းပြည်သွေးစည်းည်ီညွတ်ရေးနဲ့ အပြစ်မဲ့ ပြည်သူလူ ထုရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မှားယွင်းသည့် စီမံလုပ်ဆောင်ချက်တွေကို စွန့်လွှတ်လိုက်ပါတော့လို့ တောင်းဆုပြုပါ တယ်။

စစ်မှန်သော စေတနာဖြင့် ...
ဗိုလ်ချုပ် ဌေးမောင်
ဥက္ကဌ
KNU/ KNLA ငြိမ်းချမ်းရေး ကောင်စီ
ထို့ကော်ကိုး၊ ကရင်ပြည်နယ်

Read More...

မြန်မာစစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် KNU/ KNLA ငြိမ်းချမ်းရေး ကောင်စီမှ တုံ့ပြန်ချက် (အပိုင်း၁)

မန်ဇူး(ဘာသာပြန်သည်) နေ့သစ်မှကူးယူသည်။

KNU/ KNLA ငြိမ်းချမ်းရေး ကောင်စီ ဌာနချုပ်
ထိုးကော်ကိုး၊ ကရင်ပြည်နယ်

ဗိုလ်မှူးချုပ် ရဲမြင့်
စစ်ထောက်လှမ်းရေးချုပ်
နေပြည်တော်


မြန်မာစစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် KNU/ KNLA ငြိမ်းချမ်းရေး ကောင်စီမှ တုံ့ပြန်ချက်

ဧပြီလ ၇ ရက် မွန်းလွဲပိုင်း ၁၂ နာရီ မော်လမြိုင်မြို့မှာ KNU/ KNLA ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်တချို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့သည့် အစီရင်ခံစာ တင်ပြချက်တွေအရ မြန်မာစစ်အစိုးရ အဖွဲ့တွင်းသို့ဝင်ရောက်ရန် ဖိအားပေး တောင်းဆိုသည့် အဆိုပြုချက်ကို လက်ခံရရှိ ခဲ့သည်။ နယ်ခြားစောင့်တပ်အဖြစ်သို့ ပြောင်းလဲရန် နောက်ဆုံးအကြိမ် ဖိအားပေးတောင်းဆိုခဲ့ပြီး ယခုတဖန် အမည်သစ် ပြောင်းလဲ ခေါ်ဆိုထားသည့် Burma Army Militia Group လက်အောက်သို့ ဝင်ရောက်ရန် ထပ်မံဖိအားပေး တောင်းဆိုလာပြန်တယ်။ ရိုးရှင်းဆုံး ပြောဆိုချင်တာက မည်သို့သော အမည်နာမတွေ ခေါ်ဝေါ်ပြောင်းလဲ သတ်မှတ်ပါစေ၊ ကျနော်တို့အနေနဲ့ သဘောတူလက်ခံခြင်း သို့ တည်းမဟုတ် ကရင်လူမျိုးတွေရဲ့ ငြိမ်းချမ်း၊လုံခြုံရေးကို အနှောက်အယှက်ဖြစ်စေနိုင်သည့် မည်သို့သော စစ်အုပ်စု၏ လုပ်ဆောင်ချက် များကို တုံ့ပြန်သွားမှာဖြစ်သည်။ ဒီ့ထက်မက ပြောရရင် မြန်မာစစ်အစိုးရပိုင် ရုပ်သံလွှင့်အစီအစဉ်နှင့် အလုံးစုံသော ဂျာနယ်အသီး သီးမှာ ဖော်ပြပါရှိချက်တွေအရ မူဝါဒပိုင်းဆိုင်ရာနှင့် ဝါဒဖြန့်ချိမှုတွေနဲ့ ဆီလျော်ကိုက်ညီခြင်း မရှိဘူး။

တိုင်းပြည်တွင်း တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရန်၊
တည်ငြိမ်အေးချမ်းမှုမှသည် ဒီမိုကရက်တိုက်ဇေးရှင်း ဖြစ်စဉ်သို့ အောင်မြင်စွာ အရောက်လှမ်းရန်၊

အဆိုပြုတင်သွင်းချက်နဲ့ မူဝါဒပိုင်းဆိုင်ရာ တလွဲဆိုသလိုဖြစ်နေတယ်။ အစောပိုင်းနှစ်ကာလတွင်း နယ်စားစောင့်တပ်အဖြစ် ကမ်းလှမ်း ခဲ့ပြီး ခလောက်ဆန် မွှေနှောက်ခဲ့သည့်အတွက် ထွက်ပေါ်လာသည့် ပြဿနာရပ်ပေါင်းစုံတို့ရဲ့ နောက်ဆက်တွဲကြောင့် ယနေ့ကာလ ကျနော်တို့ နယ်မြေအတွင်းမှာရှိတဲ့ အပြစ်မဲ့ ကရင်လူမျိုးတွေခုထိတိုင် ဆိုးရွားမှုတွေကြုံတွေ့နေရတုန်းပဲ။ နယ်ခြားစောင့်တပ် အဆိုပြု ကမ်းလှမ်းချက်ကို လက်ခံလိုက်တဲ့ တချို့သော လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ တပ်သားသစ် စုဆောင်းဖို့ရာအတွက် ကျေးရွာတ ရွာမှာ ယောက်ျား ၅ ဦးမှ ၁ဝ ဦးအထိ စုဆောင်းရှာဖွေပေးကြရတယ်။ စစ်သားအဖြစ်သို့သွတ်သွင်းခြင်းကို ရှောင်ဖယ်လိုသည့် မိသား စုဝင်တွေဟာ ဒဏ်ကြေးအဖြစ် မြန်မာငွေ ၁ဝ သိန်းပေးဆောင်ရမှာဖြစ်တယ်။ ရှိသမျှ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာတွေကို ရောင်းချပေးလိုက် ရသည့်အတွက် မိသားစုဝင် အများစုဟာ ဆင်းရဲတွင်းမှ ရုန်းထွက်နိုင်စွမ်း မရှိကြတော့ဘူး။ မိသားစုဝင် တစုမှာ ဆိတ်တကောင်သာ ပိုင်ဆိုင်ကြခြင်း၊ တချို့သော မိသားစုဝင်တွေဟာ စပါးကျီ သို့တည်းမဟုတ် ကျွဲ၊ နွား တိရစ္ဆာန် အစရှိသည့် သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို အတင်းအကျပ် ရောင်းချဖို့ရာအတွက် ဖိအားပေးတောင်းဆိုလာသည့်အတွက် နယ်ခြားစောင့် အမည်မသွင်တော့ဘူးလို့ ဆိုရတော့မှာ ပဲ။

မြန်မာစစ်အစိုးရ နယ်ခြားစောင့်တပ်ဆိုတဲ့ စီမံကိန်းကြောင့် ကျေးလက်ဒေသနေထိုင်သူအများစုကြား စိုးရိမ်ကြောင့်ကြခြင်း၊ ဆင်းရဲ နွမ်းပါးခြင်း၊ လုံခြုံမှုကင်းမဲ့ခြင်း၊ နာကျင် ဝမ်းနည်းရခြင်း အစရှိသည်တို့အပြင် လူထုရဲ့တည်ငြိမ်အေးချမ်းသည့် ဘဝတွေကိုပါ နှောက် ယှက်ဖျက်ဆီးပစ်သလိုဖြစ်နေသည့်အတွက် ပြဿနာရပ်ပေါင်းစုံကို ဖန်တီးတည်ဆောက်ယူသလိုကို ဖြစ်နေတော့တယ်။ နေ့စဉ် ထုတ် လွှင့်ပြသသည့် ရုပ်သံလွှင့် အစီအစဉ်နဲ့ အစိုးရပိုင် သတင်းစာတွေထဲပါ မူဝါဒပိုင်းဆိုင်ရာ ထုတ်နှုတ်ဖော်ပြချက်တွေအရ တိုင်းပြည် တွင်းရှေ့ဆက်သွားမည့် လမ်းစဉ်တွေကို ခွင့်ပြုထားသယောင် လုပ်ဆောင်ထားတယ်။

ရှေ့ဆက်ဆွေးနွေးတိုင်ပင်ခြင်း မပြုလုပ်ခင် အခြေခံကျလှတဲ့ အောက်ဖော်ပြပါ မေးခွန်းသုံးရပ် အဖြေကိုသိချင်တယ်။

၁။ ကရင်ပြည်နယ်အတွင်းရှိ ထောင်ပေါင်းများစွာသော ကျေးလက်ဒေသတွေမှ ဗိုလ်မှူးချုပ် ရဲမြင့်နှင့် အပေါင်းအပါစစ်အုပ်စုတွေ စု ဆောင်းသိမ်းယူထားသည့် ငွေကြေးတွေ ဘယ်မှာလဲ။
၂။ သတင်းမီဒီယာတွေမှာ ဖော်ပြပါရှိထားသည့် မူဝါဒပိုင်းဆိုင်ရာနဲ့ စစ်အုပ်စု အစီအမံတွေကြား ကွဲလွဲခြားနားချက်တွေကို ဘယ်ပုံ နည်းလမ်းနဲ့ ရှင်းချက်ထုတ်မှာလဲ။
၃။ ၂ဝဝ၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ငြိမ်းချမ်းရေး သဘောတူညီချက် စာချုပ်ပါ အနာဂတ် ကရင်ပြည်နယ်တွင်းရှိ ကရင်လူမျိုး တွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်အစိုးရမှ ကူညီထောက်ပံ့မှုပေးမည်ဆိုသည့် ကတိကဝတ်ကို ဘယ်ပုံနည်းလမ်းနဲ့ ဖြည့်စွမ်းပေးမှာ လဲ။

မြန်မာ စစ်အစိုးရ နယ်ခြားစောင့်တပ် စီမံဆောင်ရွက်ချက် နောက်ဆက်တွဲ အကျိုးရလဒ်ကြောင့် ထွက်ပေါ်လာသည့် အထက်ဖော်ပြပါ ပြဿနာရပ်ပေါင်းစုံတွေ ကြုံတွေခံစားခဲ့ရသည့် ကရင်ကျေးလက်ဒေသနေ ကရင်လူမျိုး အများစု ကျနော့်ထံသို့ ရောက်ရှိလာကြပြီး စုံ စမ်းမေးမြန်း အကူအညီတောင်းဆိုလာကြတယ်။ KNU/ KNLA ငြိမ်းချမ်းရေး ကောင်စီတာဝန်ယူဆောင်ရွက်ရမည့် ကိစ္စဖြစ်သည့်အ တွက် သက်ဆိုင်ရာ အာဏာပိုင်တွေ အထူးသဖြင့် လက်နက်ကိုင် မဟာမိတ်အဖွဲ့ဖြစ်သော သင်တို့အနေဖြင့် ခြိမ်းခြောက်ခြင်း မပြုလုပ် ရန် (သို့) ကျေးလက်ဒေသနေ လူထု ဒုက္ခမရောက်စေရန် ကြားဝင်ပြောဆိုရခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးလမ်းကြောင်းကို အနှောက်အ ယှက်ဖြစ်စေသည့် လုပ်ရပ်ကြောင့် ကျေးလက်ဒေသတွင်း နေထိုင်သူ အများအပြား ထိုင်းနိုင်ငံတွင်းသို့ ဒုက္ခသည်အဖြစ် ဝင်ရောက်ခို လှုံခဲ့ကြသည့်အတွက် ဒီပြဿနာရပ်ကို ဖြေရှင်းနိုင်ဖို့ ကြိုးစားခဲ့ခြင်းဟာ ကောင်းမွန်သည့် လုပ်ရပ်လို့ ခံယူရပ်ခံထားတယ်။ ယနေ့ မျက်မှောက်ကာလတွင်း စစ်အစိုးရအနေဖြင့် များပြားလှတဲ့ အစီအမံတွေ မလိုအပ်သေးဘူးလို့ဆိုရမှာပဲ။ တိုင်းပြည်တွင်း တကယ် လက်ရှိ လိုအပ်နေတာက တည်ငြိမ်အေးချမ်းစွာနဲ့ ဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီစနစ်သို့ ငြိမ်းချမ်းစွာ ကူးပြောင်းသွားနိုင်ရေးပဲဖြစ်တယ်။ ကောင်းမွန်စွာ အကြံပြုပြောဆိုရသော် ရွေးကောက်ပွဲကို မရွေးချယ်သင့်ဘူး။ လူထုတွေအတွက်လူထုကသာ ရွေးကောက်တင်မြှောက် ရမှာဖြစ်တယ်။ ရွေးကောက်ပွဲ ဖော်ဆောင်ကျင်းပဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် ပြည်နယ်တွေအတွင်း များမြောင်လှတဲ့ ပြဿနာရပ်တွေအ ပြင် စည်းလုံးညီညွတ်မှု ပြိုကွဲခြင်းနှင့် နေရာအနှံ့ စိမ့်ဝင်နေတဲ့ အကျင့်ပျက်ခြစားမှုတွေ တိုင်းပြည်တွင်း ဖြစ်ပေါ်လာနိုင်သည့်အတွက် ကြောင့် ပြိုလဲပျက်စီးသွားမှာကို အလွန်တရာမှကို စိုးရိမ်ပူပန်မိပါတယ်။ တိုင်းရင်းသား လူမျိုးစုအားလုံး စစ်အစိုးရ ခေါင်းဆောင်မှုအ ပေါ် သက်ဝင်ယုံကြည်ခြင်း အလျဉ်းမရှိခဲ့ကြပါဘူး။ ဗမာပြည် နေရာအနှံ့အတွင်း ကိုယ်စားပြုမယ့် အစိုးရ ကိုယ်စားလှယ်တွေ စစ်အစိုး ရ အနေဖြင့် ရွေးချယ်ခဲ့ပြီးပြီလို့ နားလည်ထားသော်ငြား အတိုက်အခံအင်အားစု ပါတီတွေကို ခွဲခြားခြင်းမရှိပဲ လွတ်လပ်စွာ ရွေး ကောက်ပွဲအတွင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမှသာ ပြည်သူလူထုအနေနဲ့ ရွေးချယ်ဆုံးဖြတ်နိုင်မှာဖြစ်တယ်။ ၂ဝဝ၇ ခုနှစ် ဧပြီလ ၇ ရက် နေ့ PC ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ဖော်ပြခဲ့သည့် အကြောင်းချင်းရာ ၅ ချက်မှာ …

၁။ လက်နက်ကိုင် အဖွဲ့အစည်းတရပ်အနေဖြင့် မြန်မာ စစ်တပ်ထိန်းချုပ် ကွပ်ကဲမှုအောက်သို့ ကျရောက်ခြင်းအပေါ် ၂ဝ၁ဝ ခုနှစ် ဧပြီ လ ၂၂ ရက် နောက်ဆုံးထား၍ အကြောင်းပြန်ကြားရန်၊ အငြင်းသဘောဆောင်သည့် တုံ့ပြန်ချက်ဆိုလျှင် တရားမဝင် အဖွဲ့အစည်း အ ဖြစ် ခြိမ်းခြောက်ခြင်းခံရမည်။
၂။ စစ်အင်အားတိုးချဲ့ခြင်း မပြုလုပ်ရ။
၃။ အခြားသော တိုင်းရင်းသား အင်အားစုတွေနဲ့ အဆက်အသွယ်ပြုလုပ်ခြင်း တားမြစ်ပိတ်ပင်ထားသည်။
၎။ KNU နှင့်တွေ့ဆုံခြင်း မပြုရ။
၅။ ထိုင်းနိုင်ငံနှင့် ဆက်ဆံရေး မထူထောင်ရ (သို့) ယုံကြည်လက်ခံခြင်းမပြုလုပ်ရ။

သင်တို့ရဲ့တောင်းဆိုချက်တွေကို တချက်ခြင်း အချက်ကျကျ ရှင်းလင်းစွာ ဖြေရှင်းလိုသည်။

၁။ မြန်မာ စစ်တပ် ထိန်းချုပ်ကွပ်ကဲမှုအောက်သို့ ကျရောက်သွားသော လက်နက်ကိုင် အဖွဲ့အစည်းတရပ်

ပြည်သူ့စစ်သို့ အသွင်မပြောင်းသလို (သို့) လက်နက်ကိုင် အဖွဲ့အစည်းတရပ် အသွင်ဖြင့် အကြမ်းဖက် လုပ်ဆောင်ခြင်း၊ ဆူပူအုံကြွ ခြင်း၊ လုံခြုံမှုမရှိခြင်း (သို့) ခြိမ်းခြောက်ခြင်း (သို့) စစ်အင်အားကို အလွဲသုံးစားပြုလုပ်၍ ငွေကြေးပိုင်းဆိုင်ရာ အကျင့်ပျက်လာဘ်စား ခြင်း၊ မင်းဆိုးမင်းညစ်တို့ကြောင့် တိုင်းပြည်ချွတ်ခြုံကျစေမည့် မည်သည့် နိုင်ငံရေးပါဝါကိုမျှ ထောက်ခံခြင်း အလျှင်းမရှိကြောင်း KNU/ KNLA ငြိမ်းချမ်းရေးကောင်စီမှ ကြေငြာချက်ထုတ်ပြန်သည်။ စစ်အစိုးရ ထုတ်လွှင့်သည့် နိုင်ငံပိုင် သတင်းမီဒီယာတွေပါ မူဝါဒပိုင်းဆိုင် ရာနှင့် ဝါဒဖြန့်ချိမှုတွေမှာ ဖော်ပြပါရှိထားသည့် တည်ငြိမ်အေးချမ်းစွာ ဖွံ့ဖြိုးတိုးတက်ခြင်း၊ အမျိုးသားသွေးစည်းညီညွတ်ရေး၊ ကရင် ပြည်နယ်တွင်း လွတ်လပ်ပြီး သာယာဝပြောရေး အစရှိသည်တို့ကို KNU/ KNLA ငြိမ်းချမ်းရေးကောင်စီမှ ထောက်ခံအတည်ပြုပါသည်။ ကရင်ပြည်နယ်တွင်းရှိ လူထု ငြိမ်းချမ်းစွာ တည်ရှိရေး (သို့) တိုင်းပြည်ငြိမ်းချမ်း တည်ငြိမ်ရေးကို ခြိမ်းခြောက်သည့် လုပ်ဆောင်ချက်မျိုး မည်သည့်အခါမှ ပြုလုပ်မည် မဟုတ်ကြောင်း ရိုးရှင်းစွာတင်ပြလိုခြင်းဖြစ်သည်။ ကရင်ပြည်နယ်အတွင်းရှိ အပြစ်မဲ့ ကရင်လူထု လူ့အဖွဲ့ အစည်းတွေ ထိခိုက်နာကျင်မည့် ခြိမ်းခြောက် လုပ်ဆောင်မှုမျိုး (သို့) လူထု အသက်အိုးအိမ် စည်းစိမ်ကို ဥပဒေဘောင်အတွင်းမှကာ ကွယ်လုံခြုံမှုပေးမည်ဆိုသည်ကို အမြဲတမ်းဆိုသလို KNU/KNLA ငြိမ်းချမ်းရေးကောင်စီနှင့် ငြိမ်းချမ်းရေးတပ်တွေ အစဉ်အမြဲဆိုသလို တာဝန်ယူလုပ်ဆောင်မှာဖြစ်တယ်။ မည်သို့သော ထိခိုက်နာကျင်စေမည့် အလွဲသုံးစား လုပ်ဆောင်ချက် (သို့) ဥပဒေဘောင်ပြင်ပ (သို့) နှောက်ယှက်ဖျက်ဆီးမည့် မည်သို့သော လုပ်ဆောင်ချက် (သို့) ကရင်ပြည်နယ်အတွင်းရှိ လူထုပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာကို လုယူ ခြင်း၊ ကရင်ပြည်နယ်အတွင်းရှိ သဘာဝ သံယံဇာတ ရင်းမြစ်တွေသည် ကရင်လူထုအတွက်သာလျှင် ဦးစားပေးလုပ်ဆောင်ရမည်ဖြစ် သည့် အတွက် ကာကွယ်စောင့်ရှောက်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် ကျွန်ုပ်တို့ ကရင်လူမျိုး အကျိုး စီးပွားသာလျှင် ဖြစ်သည်။ ကရင်နဲ့ဗမာတို့ရဲ့ နှစ်ခြောက်ဆယ်ကြာ ပဋိပက္ခအဆုံးသတ်ဖို့ အချိန်ကျရောက်ပြီ ဖြစ်ကြောင်းနဲ့ နောက် ထပ်နှစ် ၁ဝဝ ခန့် အငြင်းပွား ပဋိပက္ခဖြစ်ခြင်းမျိုး ထပ်မံမကြုံတွေ့ချင်တော့သည့် အကြောင်းရင်းက ကျွန်ုပ်တို့ လူထုကိုသာ ထိခိုက် ခြင်းမဟုတ်ပဲ တတိုင်းပြည်လုံးသို့ လာရောက်ဆက်နွယ် ပတ်သက်သည့်အတွက်ကြောင့်သာလျှင် ဖြစ်တယ်။ တိုင်းပြည်ငြိမ်းချမ်းရေး အတွက် သဟဇာတဖြစ်စေမယ့် လမ်းကြောင်းကိုရွေးချယ်ခြင်းသည်သာ ကျွန်ုပ်တို့ရဲ့လိုလားချက် ပန်းတိုင်ဖြစ်တယ်။ တိုင်းပြည်မူဝါဒ ဆိုင်ရာ ဆုံးဖြတ်ချက် အစီအမံတွေကို အတင်းအကျပ် ပုံဖော်ဖန်တီး တည်ဆောက်မယူပါနဲ့။

၂။ စစ်အင်အား တိုးချဲ့ခြင်းမပြုရ။

KNU/ KNLA ငြိမ်းချမ်းရေး ကောင်စီအနေဖြင့် အစိုးရ စစ်တပ်နှင့် ယှဉ်ပြိုင်၍ အင်အားတိုးချဲ့တည်ဆောက်ယူခြင်းမျိုး လုပ်ဆောင်ခဲ့ ခြင်း အလျဉ်းမရှိခဲ့သလို အဲဒီလို မူဝါဒမျိုး ပုံဖော်တည်ဆောက်ခဲ့ခြင်းမရှိပါဘူး။ နှစ်ဦးနှစ်ဖက် လက်ခံထားခဲ့သည့် ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူညီချက် တစိတ်တဒေသကို ထုတ်နှုတ်ဖော်ပြရသော် နှစ်ဦးနှစ်ဖက်စလုံး စစ်ရေးလှုပ်ရှားမှု တိုးချဲ့လုပ်ဆောင်ခြင်း မပြုလုပ် ရလို့ဆိုထားသော်ငြား ငြိမ်းချမ်းရေးရပြီး သုံးနှစ်အတွင်း ကရင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရှေ့ရှုသည့် လုပ်ဆောင်ချက် များတွင် စစ်တပ်အနေဖြင့် ငွေကြေးကို ခွဲတမ်းချသုံးစွဲခွင့်ပြုထားခဲ့ပေမယ့်လို့ ကရင်လူထုအတွက် လက်တွေ့အကောင်အထည်ဖော်ပြ စရာ အကျိုးဖြစ်ထွန်းမှုဆိုလို့ မရှိခဲ့ပေမယ့် ချွင်းချက်လုပ်ဆောင်ချက်တွေဖြစ်တဲ့ အိုးအိမ်တည်ဆောက်ရေှးနှင့် လမ်းတံတား ဖောက် လုပ်ရေး လုပ်ငန်းတွေတော့ရှိပါတယ်။ ဒီကြိုးပမ်းအားထုတ် လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြု တန်ဖိုးထားတယ်ဆိုပေမယ့်လို့ ခြိမ်းခြောက်ခံဘဝနဲ့ ဆင်းရဲတွင်းထဲက သန်းပေါင်းများစွာသော လူထုတွေအတွက် ဒါဟာ ကောင်းမွန်သည့် ရည်မှန်းချက် ပန်းတိုင်မ ဟုတ်နိုင်ဘူး။ စစ်ရေးအမြင်သဘောထားဆိုင်ရာ အယူအဆတွေနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ယူနိုင်မယ်ဆိုတဲ့ မဟာမိတ် လက် နက်ကိုင် အင်အားစုတွေနဲ့ စစ်အစိုးရတို့ကြောင့် ကရင်လူမျိုးတွေကြား ပဋိပက္ခတွေ ဖန်တီးတည်ဆောက်ယူမှုကြောင့် အစောပိုင်းနှစ် ကာလတွေအတွင်း ကရင်လူမျိုးအချင်းချင်းကြား သတ်ဖြတ်မှုတွေ ဖြစ်ပေါ်လာရတော့တာပေါ့။ ဒါတင်မကသေးဘဲ စစ်အစိုးရ နောက် လိုက် လက်နက်ကိုင် အဖွဲ့အစည်းတွေကို အထူးအခွင့်အရေးတွေပေးပြီး စစ်အစိုးရကိုယ်တိုင် သစ်ရောင်းဝယ်ရေးလုပ်ငန်းအတွက် သစ်တောတွေ ပြုန်းတီးဖျက်ဆီးခြင်း၊ မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးရောင်းဝယ်ခြင်းနှင့် နေ့စဉ်ဆိုသလို ထောင်ပေါင်းများစွာသော လူ တွေကို လူးလားခေါက်ပြန် တဦးကျလျင် ဘတ်ငွေ ၁၅ဝဝ ဖြင့် လူကုန်ကူးသန်းရောင်းဝယ်ခြင်းနှင့် ထိုင်းနိုင်ငံနဲ့ အိမ်နီးချင်းဝန်းကျင် အ နီးတဝိုက်နိုင်ငံတွေမှာ အလုပ်အကိုင် ရှာဖွေပေးရေးအတွက် တဦးကျလျင် ဘတ်ငွေ ၅ဝဝဝဝ တောင်းခံရယူခြင်းတွေ လုပ်ကိုင်ပြုမူ ဆောင်ရွက်လျက်ရှိသည်။ နယ်မြေအတွင်းမှာရှိတဲ့ စစ်ဖက်ဆိုင်ရာ အရာရှိတွေနဲ့ ထိုင်း-ဗမာ နယ်စပ်တလျှောက်မှာရှိတဲ့ တချို့သော ထိုင်း မာဖီးယားဂိုဏ်းသားတွေဆီသို့ ဒီများပြားလှသည့် ငွေကြေးအမြောက်အများ စီးဆင်းဖြတ်သန်းသွားပြီး ကြားခံအဖြစ် အသုံးချခံ ရတာကတော့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေပဲဖြစ်တယ်။ စစ်အစိုးရအမိန့်အာဏာ တည်တံ့အောင် အားပေးအားမြှောက်ပြုနေ တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို နယ်စပ်မျဉ်းတလျှောက်မှာရှိတဲ့ သဘာဝ သံယံဇာတရင်းမြစ်ဆိုတဲ့ အခွင့်အလမ်းတွေပေးခြင်း၊ ကရင်ပြည်နယ်တွင်းရှိ နေထိုင်သူ ကရင်၊ ဗမာ၊ အိန္ဒိယ၊ တရုတ်နဲ့ လူမျိုးအသီးသီးကို နည်းမျိုးစုံ ခြိမ်းခြောက်မှုတွေသုံးပြီး ညှင်းပန်းနှိပ် စက်ခြင်းတို့ကြောင့် ကျယ်ပြန့်လာကြီးထွားလာတဲ့ အကျင့်ပျက်ခြစားမှု အစရှိသည့် ခက်ခဲလှသော ဘက်ပေါင်းစုံ အထွေထွေ အကျပ် အတည်းကြီးနဲ့ မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ကြရတော့တာပဲ။

လုံခြုံမှုကင်းမဲ့စွာ ခြိမ်းခြောက်ခြင်းကို ကြုံတွေ့ခံစားနေရတဲ့ လူထုကြား ပုံဖော်ချမှတ်ပေးတဲ့ နယ်ခြားစောင့်တပ်နဲ့ အခြားသော များပြား လှတဲ့ စစ်ဖက်ဆိုင်ရာ စီမံကိန်းချလုပ်ဆောင်ချက်တွေအရ KNU/ KNLA ငြိမ်းချမ်းရေးကောင်စီ ငြိမ်းချမ်းရေးတပ်တွေကို ကာကွယ်နိုင် စွမ်းရှိသော်ငြား လုပ်ဆောင်ချက်တွေကတော့ စိတ်ပျက်ဖွယ်ရာ အပြည့်လို့ဆိုရမှာပဲ။ ငြိမ်းချမ်းရေးတပ်တွေအနေနဲ့ လူထု လုံခြုံရေးနဲ့ နယ်မြေတွင်း တည်ငြိမ်ရေးကို အကောင်းဘက်က လုပ်ဆောင်နိုင်ခဲ့ပေမယ့်လို့ အခြားတဖက်ကကြည့်ရင်တော့ ကရင်လူမျိုး တဦးချင်း စီနဲ့ ဗမာပြည်သား တချို့အတွက်တော့ ဝရုန်းသုန်းကား နိုင်လှတယ်လို့ဆိုရလိမ့်မယ်။

စစ်အစိုးရ စီမံကိန်းချ လုပ်ဆောင်ချက်တွေအပေါ် သဘောထားကိုက်ညီခြင်း မရှိသည့်အတွက်ကြောင့် ဝင်ငွေနဲ့ ဆက်ဆံရေးထူထောင် မည့် လုပ်ဆောင်ချက်မှန်သမျှကို စစ်အစိုးရနဲ့ အပေါင်းအပါ ဒေသဆိုင်ရာ အာဏာပိုင်တွေ နည်းလမ်းအသွယ်သွယ်ဖြင့် ဖိအားပေး တားမြစ်ပိတ်ပင်ထားကြတယ်။ စစ်အစိုးရ စီမံလုပ်ဆောင်ချက်တွေအပေါ် သဘောတူညီထားသူတွေကို အထူးအခွင့်အရေး အနေဖြင့် သဘာဝ သံယံဇာတရင်းမြစ်တွေပေးခြင်း အကျိုးဆက်အနေဖြင့် ဒီလက်နက်ကိုင် အဖွဲ့အစည်းတွေ စစ်အင်အား ခိုင်မာကြီးထွားလာပြီး ကရင်ပြည်နယ်အတွင်းရှိ နေထိုင်သူ တိုင်းသူပြည်သားအပေါင်းဟာ လူ့အခွင့်အရေးဆိုင်ရာ အလွဲသုံးစား ချိုးဖောက် ခြိမ်းခြောက်ခံရ ခြင်းဟာ နောက်ဆက်တွဲ ထွက်ပေါ်လာတဲ့ ရလဒ်ဆိုးကျိုးတွေဖြစ်ပြီး ဒီရလဒ်ဆိုးတွေကို ကျနော်တို့လည်း အထိုက်အ လျောက်ဆိုသလို ကြုံတွေ့ခဲ့ကြသည့်အတွက် ယနေ့မျက်မှောက်ကာလ ကျနော်တို့ရဲ့ ဦးတည်ရည်မှန်းချက်က ကုန်ကူးသန်းရောင်း ဝယ်ရေးဆိုင်ရာ အောင်မြင်ဖြစ်ထွန်းခြင်း၊ စိုက်ပျိုးရေး ဆည်မြောင်း ရေသွယ်ပေးခြင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရင်းမြစ်ဖြစ်သည့် သစ်ပင်ပန်း မန်တွေကို ကာကွယ်စောင့်ရှောက်ခြင်းတို့အပြင် ဆန်ရေစပါး ပေါကြွယ်ဖူလုံရေးနှင့် အဓိကပင်မအဖြစ် KNU/ KNLA ငြိမ်းချမ်းရေး ကောင်စီအဖွဲ့အစည်းကိုယ်တိုင် ပြည့်ကြွယ်လုံပြီး ကျနော်တို့ နယ်မြေဒေသအတွင်း လူထုအပေါ် သြဇာသက်ရောက် လွှမ်းမိုး နိုင်ရေးတို့ ဖြစ်တယ်။

၃။ မည်သည့် တိုင်းရင်းသား လူမျိုးစုတွေနှင့်မှ ဆက်ဆံခြင်း သို့ မဟာမိတ်ဖွဲ့ခြင်း မပြုလုပ်ရ

စစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းခြင်း မပြုလုပ်မီကာလတည်းက ဗမာလူမျိုးတွေအပါအဝင် တိုင်းရင်းသား လူမျိုးစုပေါင်းစုံတို့နှင့် ဆက်ဆံ ရေးတည်ဆောက်ထားသည့်အတွက်ကြောင့် ဖြတ်တောက်ပစ်ဖို့ရာ ဘယ်လိုမှ ဖြစ်နိုင်ချေမရှိဘူး။ နိုင်ငံတနိုင်ငံအတွင်း အတူတကွ မှီ တင်း နေထိုင်ကြသည့်အတွက် ညီအစ်ကို မောင်နှမသဖွယ် သွေးစည်းညီညွတ်နေပြီဖြစ်တယ်။ အကိုင်းအခက်အလက်ခက်ဖြာရာ မတူ ကွဲပြားကြသော်လည်း ပင်မတခုတည်းဖြစ်သည့်အတွက် သွေးစည်းညီညွတ်ပြီး ကွဲလွဲမှုမရှိပဲ အများသဘောညီ ဘုံရည်မှန်းချက်ကို ဖော်ဆောင်နိုင်မှသာ အနာဂတ်မှာ အားလုံးအတွက် အကျိုးဖြစ်ထွန်းအောင်မြင်မှာဖြစ်တယ်။ ဗြိတိသျှ ကိုလိုနီ နယ်ချဲ့စနစ် အမွေဆိုး ဖြစ်တဲ့ သွေးခွဲအုပ်ချုပ်ရေး မူဝါဒတွေနဲ့ တိုင်းရင်းသား ညီရင်းမောင်နှမတွေကြား သွေးခွဲဖို့ရာ ကြံစည်လုပ်ဆောင်ချက်တွေကို ကာ ကွယ်ဖို့ရာ အခွင့်အရေး ကျနော်တို့အားလုံးမှာရှိတယ်။ မောက်မာဝင့်ကြွား ထည်ဝါခြင်းမရှိပဲ ဗမာပြည်တွင်းရှိ တိုင်းရင်းသား လူမျိုးစု အားလုံးကို ညီရင်းမောင်နှမသဖွယ် ဆက်ဆံပြီး တန်းတူညီမျှစွာ အခွင့်အရေးပေးမယ်ဆိုရင် ကြောက်ရွံ့ထိပ်လန့်နေစရာ အကြောင်း ဘာမှမရှိဘူး။ အမျိုးသား သွေးစည်းညီညွတ်ရေးလမ်းကြောင်းကို သွေဖယ်စေသည့် အတွေးအခေါ် အယူအဆရှိသူတွေကလွဲလို့ မည် သူ တဦးတယောက်ကိုမှ ရန်သူအဖြစ် သတ်မှတ်သဘောထားခြင်း မရှိခဲ့ပါဘူး။ လူမျိုးစုအားလုံး စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် သက် ဆိုင်ရာနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေး လိုလားကြသူတွေပါပဲ။ အငြင်းပွားဖွယ်ရာ ပဋိပက္ခတွေ လိုလားနှစ်သက်ခြင်း အလျဉ်းမရှိကြဘူး။ ပြု မူဆက်ဆံ သဘောထားချက်အပေါ်မှာသာ ပြန်လည်တုံ့ပြန်ကြခြင်းဖြစ်တယ်။ ကျနော်တို့ ယနေ့ကြုံတွေ့နေရသလောက်တော့ တိုင်း ရင်းသား လူမျိုးစုတွေရဲ့ နယ်မြေဒေသတွင်းရှိ သဘာဝ သံယံဇာတ ရင်းမြစ်တွေဟာ အကျင့်ပျက်ခြစားသည့် အာဏာပိုင်တွေနဲ့ သူတို့ ရဲ့ အပေါင်းအပါ စီးပွားရေးသမားတစုရဲ့ လက်ဝယ်ကျရောက်သွားသည့်အတွက် တိုင်းရင်းသား လူမျိုးစုတွေရဲ့အကျိုးစီးပွားဆိုလို့ ဘာ တခုမျှမရှိတော့သလောက်ပါပဲ။ တိုင်းရင်းသား မျိုးနွယ်စုတွေ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆိုတာကလည်း ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ကို လိုလားသည့် တိုင်းရင်းသား ခေါင်းဆောင်တွေလက်ဝယ်အတွင်း ရှိနေတာမဟုတ်ပဲ အိမ်နီးချင်းနိုင်ငံရပ်ခြား ကုမဏီတွေ လက်ထဲ သို့ ရောင်းထုတ်ထားခြင်းဖြစ်တယ်။ ဒီကြုံတွေ့နေရသည့် ပြဿနာရပ်အလုံးစုံကို ကြုံတွေ့ခံစားနေရတဲ့ ကျနော်တို့အနေနဲ့ စစ်အစိုးရ စီမံကိန်းတွေကို ရှေ့ဆက်ဘယ်လို ယုံကြည်လေးစားရမှာလဲ။ ကျနော်တို့ အပါအဝင် တိုင်းရင်းသား လူမျိုးစုအားလုံးက ငြိမ်းချမ်းစွာနဲ့ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းခြင်းကိုပဲ လိုလားနှစ်ခြိုက်ကြတယ်။ စစ်အစိုးရအနေနဲ့ အတင်းအကျပ် ဖိအားပေးပြီး စီမံကိန်းတွေကို အ ကောင်အထည်ဖော်နေရတာလဲ။ ဒီမိုကရေစီ ကူးပြောင်းရေးဖြစ်စဉ်အတွက် နှောင့်နှေးကြန့်ကြာစေမည့် စီမံကိန်းတွေမှ သွေဖယ်ရှောင် ရှားသင့်နေပြီ။ ဗမာပြည်တွင်းရှိ အတိုက်အခံ နိုင်ငံရေးပါတီအားလုံး ဒီရွေးကောက်ပွဲမှာ အစိုးရကိုယ်စားလှယ်တွေနဲ့အတူ ဝင်ရောက် ယှဉ်ပြိုင်ဖို့ရာ ခွင့်ပြုမှသာ တိုင်းရင်းသား လူမျိုးစုတွေရဲ့ ယုံကြည်လေးစားမှုကိုရရှိပြီး ဒီမိုကရေစီစနစ်သို့ ငြိမ်းချမ်းစွာကူးပြောင်းနိုင်မှာ ဖြစ်တယ်။ နိုင်ငံရေး မတည်ငြိမ်မှုနဲ့ ပဋိပက္ခပြဿနာရပ်တွေကြား ဗမာပြည် လုံထွေးပြီး နစ်နာဆုံးရှုံးမှုရှိတာ နှစ်ရှည်လများကြာမြင့်လှ ပြီ။ ကျနော်တို့ မြင်တွေ့လိုတဲ့လာမည့် အနာဂတ်မှာ နိုင်ငံသူနိုင်ငံသားအားလုံး ချမ်းသာသုခနဲ့ ပြီးပြည့်စုံ လုံခြုံတာကိုပဲ မြင်တွေ့ချင် ကြတာပါ။

၎။ KNU နဲ့ တွေ့ဆုံခြင်းမပြုရ

ကရင်လူမျိုးမဟုတ်သည့် သူတချို့ကနော်တို့ထံ ရောက်လာပြီး ကိုယ့်တိုင်းရင်းသား ကရင်လူမျိုးတွေနဲ့ မတွေ့ဆုံဖြစ်ဖို့ပြောတာ အ တော့်ကို အံ့အားသင့်ဖွယ်ရာပဲ။ တွေ့ဆုံဖို့ရာ ရွေးချယ်ဆုံးဖြတ်ခဲ့မယ်ဆိုရင် ဒီ့နောက်ဆက်တွဲကနေ ကောင်းမွန်တဲ့ အကျိုးရလဒ်တွေ ထွက်ပေါ်လာမှာဖြစ်တယ်။ ကရင်တိုင်းရင်းသား လူမျိုးတွေဖြစ်တဲ့ ကျနော်တို့ဟာ တအူတုံဆင်းမောင်နှမရင်းချာတွေပါ။ KNU ထီးရိပ် အောက်မှာရှိတဲ့ ကရင်တိုင်းရင်းသားတွေရဲ့ အဓိကဦးစားပေးအရာက သွေးစည်းညီညွတ်ရေးဖြစ်တယ်။ ကျနော်တို့ကြားမှာရှိတဲ့ သွေး စည်းညီညွတ်မှုအဟုန်နဲ့အတူ တတိုင်းပြည်လုံး သွေးစည်းညီညွတ်မှုကို လိုလားနှစ်ခြိုက်တယ်။ KNU/ KNLA ငြိမ်းချမ်းရေး ကောင်စီမှာ ရန်သူဆိုတာ မရှိပါဘူး။ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်မှုကိုပဲ လိုလားနှစ်ခြိုက်ပါတယ်။ အတိတ်ကာလတုန်းက သင့်အကြံပြုချက် အ တိုင်း ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းဖော်ဆောင်နိုင်မယ် မှတ်ထင်ခဲ့လို့ သမက်ဖြစ်သူအပါအဝင်၊ ကရင်တပ်မှူး အများစုနဲ့ အပြစ်မဲ့ပြည် သူလူထုရဲ့အသက်တွေ ဆုံးရှုံးစတေးခဲ့ကြရတယ်။ စိုးရွံ့ထိပ်လန့်ဖွယ်ရာ မှားယွင်းသည့် လွဲချော်မှုတွေကြောင့် အချင်းချင်း သတ်ဖြတ် ခဲ့ကြတယ်။ သင့် အကြံပေးလုပ်ဆောင်ချက်တွေကြောင့် ကရင်လူမျိုးအချင်းချင်းကြား ပိုမိုပဋိပက္ခတွေ ကြီးထွားလာခဲ့ကြရတယ်။ သင့် အမိန့်အာဏာနောက်ပါးလိုက်ရင်း ဆုံးရှုံးခဲ့ရတဲ့ ကရင်လူမျိုး အရေအတွက် ဘယ်လောက်ရှိမယ်ဆိုတာ ကျနော်တို့ကိုယ်တိုင်လည်း မ သိဘူး။ သမိုင်းကြောင်းအရကို ကိုလိုနီအုပ်စိုးစဉ်ကာလတည်းကနေ ယနေ့ထိတိုင် ကရင်လူမျိုးတွေဟာ စစ်ရေး (သို့) နိုင်ငံရေးရာကိစ္စ တွေမှာ အလွဲသုံးစား အသုံးချခြင်းကို ခံခဲ့ကြရတယ်။ ကျနော်တို့ ကရင်လူမျိုးတွေကြား သွေးစည်းညီညွတ်မှုကို ပျက်ပြားစေမည့် ပဋိ ပက္ခတွေ ဖန်တီးဖြစ်ပေါ်လာစေမည့်တခြားသော အတွေးအခေါ်အယူအဆတွေနောက်မလိုက်ဖို့ရာ များပြားလှတဲ့ သမိုင်းကြောင်း ဆိုင် ရာ လေ့လာသင်ကြားမှုတွေခံခဲ့ကြရတယ်။ ဒီအကြောင်းရင်းချက်တွေကြောင့် အဓိကမဏ္ဍိုင်ဖြစ်တဲ့ သွေးစည်းညီညွတ်ရေးကို ဦးစား ပေးဆောင်ရွက်မှသာ ကျနော်တို့ ကရင်လူမျိုးတွေအတွက် ကောင်းမွန်တဲ့ ရလဒ်ကောင်းတွေ ထွက်ပေါ်လာမှာဖြစ်တယ်။

ဆက်ရန် …

Read More...

ကရင်အမျိုးသားအလံတော်ကိုကာကွယ်ရန်နိုးဆော်ခြင်း

၁၈၈၁ တွင်စတင်ဖွဲ့စည်းသော် ဒေါကလူ အဖွဲ့ကြီးမှ ဦးဆောင်၍ ကရင်တစ်မျိုးသား
လုံးနှင့်သက်ဆိုင်သော (၁) ကရင်နှစ်သစ်ကူး (၂) ကရင်အမျိုးသားသီချင်း
(၃) ကရင်အမျိုးသားအလံတော်ကို ၁၉၃၆ ခုနှစ်တွင် သဘာပတိ ဆရာစံဘော်
လက်ထက်တွင် လွှတ်တော်သို့်တင်သွင်းတောင်းဆိုခဲ့ပါသည်။ ၁၉၃၇ တွင် ဥပဒေမူ
ကြမ်းအမှတ် ၂၆၊ ၁၉၃၇ ဖြင့် ၄င်းတောင်းဆိုချက်ကိုအတည်ပြုခဲ့ပြီး ကရင်နှစ်သစ်
ကူးနေ့ကို အများနှင့်သက်ဆိုင်သော အစိုးရ ရုံးပိိတ်ရက်အဖြင့် သတ်မှတ်ခဲ့ပါသည်။

ထို့ကြောင့် ဘိုးဘွားတို့အမွေအနှစ်ပေးခဲ့သော ကရင်နှစ်သစ်ကူး၊ ကရင်အမျိုးသား
သီချင်း နှင့် ကရင်အလံတော် သည် ကရင်တစ်မျိုးသားလုံးနှင့်သက်ဆိုင်သော တန်
ဖိုးဖြတ်၍ မရသော သမိုင်းဝင်အမွှေအနှစ်ဖြစ်ပါသည်။ တစ်မျိုးသားလုံးနှင့်ဆိုင်သော
၎င်းအမွှေအနှစ်ကို တစ်ဦးတစ်ယောက်၏ဆန္ဒဖြင့်၎င်း၊ အဖွဲ့အစည်းတစ်ခု၏ ဆန္ဒ၊
လုပ်ငန်းအတွက်၎င်း ပြုပြင်ပြောင်းလဲခြင်း၊ ကိုယ်ပိုင်ပြုလုပ်ခြင်း၊ အဖွဲ့စည်းပိုင်ပြုလုပ်
ခြင်းများကို ကရင်တစ်မျိုးသားလုံး၏သဘောတူညီမူ့မရှိဘဲ ဆောင်ရွက်ခွင့်မရှိပါ။

၂၀၁၀ ရွေးကောက်ပွဲဝင်ရန်ပြင်ဆင်နေသော ကရင်အမျိုးသားအဖွဲ့ချုပ်( UKL)
နှင့် ကရင်အမျိုးသားများပါတီ ( KPP ) တို့သည် ကရင်တစ်မျိုးသားလုံးကို ကိုယ်
စားပြုသော အဖွဲ့များ မဟုတ်ပေ။

ကရင်တစ်မျိုးသားလုံး၏ဆန္ဒ နှင့် သဘောတူညီမူကို ကြိုတင်ရယူခြင်းမရှိဘဲ UKL
မှ ကရင်အမျိုးသားအလံတော် ကို ပါတီအလံဖြင့်မှတ်ပုံတင်ခြင်းသည် လက်ခံနိုင်
စရာအကြောင်းမရှိသလို တရားဝင်အသိအမှတ်ပြု ၍လည်းမရပါ။ ၄င်းမှတ်ပုံတင်
ခြင်းကို ကန့်ကွက်လိုပါက (၇) ရက်အတွင်းကန့်ကွက်ရန် ၂၀၁၀ရွေးကောက်ပွဲကျင်း
ပရေးကော်မရှင်က ဧပြီလ (၁၀) ရက်၊၂၀၁၀ သတင်းစာ( မြန်မာအလင်း နှင့် ကြေးမုံ)
တို့တွင် ကြေငြာထားပြီးဖြစ်ပါသည်။

သမိုင်းဝင်အမွေအနှစ်တစ်ခုဖြစ်သော ကရင်အလံတော်ကို ကာကွယ်ရန် တစ်မျိုးသား
လုံးတွင်တာဝန်ရှိသလို ၄င်းကိစ္စ ကိုကန့်ကွက်ရန်တာဝန်သည် ကရင်အမျိုးသားတိုင်း
၏ တာဝန်ဖြစ်ပါသည်။ ၄င်းကိစ္စ ကို ကန့်ကွက်ခြင်းမရှိပါက နအဖ သည် ကရင်အလံ
တော်ကို ကရင်အမျိုးသားပါတီအဖွဲ့ချုပ် (UKL) ၏ တရားဝင်အလံဖြင့် သတ်မှတ်
တော့မည်။

Karenunited ၀ိုင်းတော်သားအနေဖြင့်လည်း ဤစာဖြင့် ၁၃/၄/၂၀၁၀ တွင် ကရင်
အလံတော်အား UKL ပါတီအလံဖြင့် မှတ်ပုံတင်ခြင်းကို စတင်ကန့်ကွက်သည်။

ကရင်အမျိုးသားပေါင်းတို့ခင်ဗျား- လွယ်လွယ်တွေး၊ လွယ်လွယ်နေထိုင်မူ့ကို စွန့်လွှတ် လျှက် အမျိုးသားအလံတော်ဆုံးရှုံးခြင်းမှ ၀ိုင်းဝန်းကာကွယ်ရန် နိုးဆော်အပ်ပါတယ်။
ဖဆပလ ခေတ်မှစတင်ပြီး ကရင်စာပေယဉ်ကျေးမူကို စနစ်တကျဖျက်ဆီးနေခဲ့ပြီး
ကရင်အမျိုးသားအလံတော်ကို တရားမ၀င်ဖြစ်ရန်ကြိုးစားခဲ့ဘူးပါသည်။ သို့သော်
လည်း ခေါင်းဆောင်တစ်ချို့၏ ရဲရင့်ပြတ်သားသော ကြိုးစားမူ့ကြောင့် ကရင်အမျိုး
သားအလံတော်ကို ကာကွယ်နိုင်ခဲ့ပြီး စာပေယဉ်ကျေးမူ့များသည် အတိုင်းတာ တစ်
ခုထိပျက်စီးခဲ့ပါပြီ။ န၀တ ခေတ် မှစပြီး ကရင်နှစ်သစ်ကူးကျင်းပခြင်းကို အကြောင်း
အမျိုးမျိုးပြပြီး ကျင်းပခွင့်ပိတ်ပင်ခြင်း၊ ကန့်သတ်မူများဖြင့် ကျင်းပခွင့် ပေးနေခြင်းသည်
ကျွန်တော် တို့၏ တန်ဖိုးရှိသောသမိုင်းဝင်အမွေအနှစ်ကို ဖျက်ဆီးနေခြင်းဖြစ်ပါသည်။

မိမိ၏ကျေးဇူးရှင် မိဘ၊ ဆရာသမား၊ သံဃာတော် များကိုပင် သတ်ဖြတ်ဖျက်ဆီးရန် ၀န်မလေးသောစစ်အစိုးရသည် အနာဂတ်တွင် UKL ပါတီကို တရားမ၀င်အသင်းအ
ဖြင့် ကြေငြာ လိုက်လျှင် ကရင်အမျိုးသားအလံတော်သည် တရားမ၀င် အလံဖြင့်
သို့ရောက်ရှိနိုင်ပါသည်။

ကရင်အမျိုးသားအပေါင်းတို့ခင်ဗျား- ကရင်အမျိုးသားအလံတော်ကိုကာကွယ်ရန်အ
တွက် တစ်ဦးတစ်ယောက်အဖြင့်၎င်း၊ အဖွဲ့အစည်းအနေဖြင့်သော်၎င်း အောက်ပါနေ
ရာ (၃) နေရာသို့ ဧပြီလ (၁၇)၊ ၂၀၁၀ ထက်နောက်မကျစေဘဲ တစ်ပြိုင်နက် ကန့်
ကွက်စာများ ပေးပို့ရန်မေတ္တာရပ်ခံအပ်ပါတယ်။

၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
(လိပ်စာအသေးစိတ်ကို သိရှိသောအခါ ဖေါ်ပြသွားပါမည်)

၂။ ပြည်ထောင်စုကရင်အမျိုးသားအဖွဲ့ချုပ် ( United Karen League)
အမှတ် (၁) စောတေလိန်း၊ ဦးလူနီလမ်း၊
ကရင်အမျိုးသားများရပ်ကွက်၊
ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်တိုင်း

၃။ သက်ဆိုင်ရာ မြန်မာနိုင်ငံသံရုံး

မှတ်ချက်။ Kareunited သို့ ပေးပို့လာသော်ကန့်ကွက်စာများကို ၀ိုင်းတော်သားများမှ
ဆက်လက်ပေးပို့ရန် ပြင်ဆင်မူများပြုလုပ်နေပါသည်။

www.karenunited.com

Read More...

မဒတ၏ထုတ်ပြန်ချက်

NDF Stat on SPDC's Threat

Read More...

NLD ၏ဆုံးဖြတ်ချက်ကို KNU ထောက်ခံ

KNU Support NLD's Decision (Burmese)

Read More...

KNU Statement on SPDC's 2010 Election Law

KNU_St_Elt_Laws

Read More...

KNU Press Release

KNU St Support Quinterner

Read More...

KNU Statement Requesting UN SG to Call on SPDC to Stop Attacks against Karen Civilians (ကရင်ဘာသာ)

KNU Statement About SPDC Stop Attacking

Read More...