Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

gtalk မှာစကောကရင်ဘာသာဖြင့် chatting လုပ်နိုင်ပြီး

မိတ်ဆွေတစ်ယောက်ပို့ပေးလိုက်တဲ့gtalkမှာစကောကရင်ဖြင့်chattingလုပ်နိုင်တဲ့အကြောင်းလေးကိုတင်ပြပေးလိုက်ပါတယ်။ emailပို့ပေးတဲ့မိတ်ဆွေနဲ့ဒီလိုchattingလုပ်နိုင်အောင်ကြိုးစားအားထုတ်ခဲ့တဲ့ကျောင်းသားများကိုလည်းအထူးကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်။
ဆက်လက်ပြီးတော့ ကြိုးစားသွားပါလို့တိုက်တွန်းချင်ပါတယ်။

အားလုံးပဲ မင်္ဂလာပါ…
ကျွန်တော် ကိုယ့်ကိုကိုယ်အရင်မိတ်ဆက်ပါရစေ…
ကျွန်တော့် နာမည် --------- ပါ…
Karen Baptist Theological Seminary မှာ Computer Science ကျောင်းသားပါ…
ကျွန်တော် မိတ်ဆက်လိုတာကတော့ …
စကောကရင်လူမျိုးများအတွက် အဓိကရည်ရွယ်ထားတဲ့
Gtalk နဲ့ စာစီစာရိုက်တွင် ကရင်လိုရိုက်နိုင်သော Software ပါ… (Virus မဟုတ်ပါဘူး)
ကရင်လို ရိုက်သောအခါတွင် အသုံးများသော Saw Ka Nyaw (font) ၏ လက်ကွက်အတိုင်းဖြစ်ပါတယ်…
Gtalk တွင် အသုံးပြုမည်ဆိုပါက English – Zawgyi – K.B.T.S (ကရင်) အသုံးပြုနိုင်ပါတယ်…
Gtalk နဲ့ စာစီစာရိုက် အတွက် အဓိကရည်ရွယ်ရေးသားထားတဲ့ Software လေးပါ…
အားလုံးပဲ ဒီဖိုင်ကို download လုပ်ပြီး အသုံးပြုနိုင်ပါတယ်…

Gtalk တွင် English – Zawgyi – K.B.T.S (ကရင်) အသုံးပြုမယ်ဆိုရင်
ပထမဦးဆုံး Gtalk ကို အရင် install လုပ်ထားရပါမယ်…
ပြီးလျှင် Zawgyi ကို install လုပ်ထားရပါမယ်…
(Zawgyi ကို install လုပ်မထားရင်တော့ English နဲ့ K.B.T.S(ကရင်) နှစ်မျိုးပဲရနိုင်ပါလိမ့်မယ်…)
Gtalk နှင့် Zawgyi ကို install လုပ်ထားပြီးပြီဆိုရင်တော့ ဒီ Software ကို install လုပ်လို့ရပါတယ်…
ဒီ Software ကို install လုပ်လို့ပြီးရင်တော့ computer ကို restart လုပ်ရပါမယ်…
Gtalk တွင် မြန်မာ နှင့် အင်္ဂလိပ် ကို Ctrl+Shift (or) Alt+Shift နှိပ်ပြီး ပြောင်းသုံးသကဲ့သို့ အသုံးပြုနိုင်ပါတယ်…
Ctrl+Shift (or) Alt+Shift တစ်ကြိမ် နှိပ်တိုင်း English မှ Zawgyi ၊ Zawgyi မှ K.B.T.S (ကရင်) ၊
K.B.T.S (ကရင်) မှ English သို့ လက်ကွက်ပြောင်းပေးပါလိမ့်မယ်…
Desktop ပေါ်မှ ဖိုင်များနှင့် Microsoft office (Word, Excel, PowerPoint, . . .) တွင်လဲ font ကို K.B.T.S ပြောင်းပြီး English – Zawgyi – K.B.T.S (ကရင်) လက်ကွက်ပြောင်းကာ အသုံးပြုနိုင်ပါတယ်…


ဒီ Software ကို install လုပ်မည်ဆိုပါက ဖိုင်ကို download လုပ်ပြီး
ရရှိလာသော K_B_T_S.zip ဖိုင်ကို Extract လုပ်ပါ
ပြီးလျှင် ရရှိလာသော K_B_T_S ဖိုဒါ ထဲမှ setup.exe ကို နှစ်ကြိမ် run ရပါမယ်…


download link:
http://gravitypointer.com/K_B_T_S.zip

Read More...