Showing posts with label အတွေးအမြင်. Show all posts
Showing posts with label အတွေးအမြင်. Show all posts

Mahn Robert BaZan Letter to KNU-3

Mahn Robert BaZan Letter to KNU-3

Read More...

ညီညွတ်ရေး၊ ငြိမ်းချမ်းရေးမှ သည်လွတ်မြောက်ရေးဆီသို့....

အီးမေးလ် ကလက်ခံ ရရှိလိုက်တဲ့ စာလေးတစ်စောင်ကိုမျှဝေပေးလိုက်ပါတယ်။
To "KNU"

Read More...

ငါတို့၏ကျဆုံးရာကား

E-Mail မှတဆင့် ရရှိလိုက်တဲ့စာတစ်စောင်ကို လက်ဆင့်ကမ်းလိုက်ပါတယ်.......

မိမိဘာသာကိုသော်၎င်း၊ တခြားဘာသာတရားကိုသော်၎င်းလေ့လာခြင်းအားနည်းမှု၊ တရားဟောဆရာ ပြောတိုင်းဟုတ်၊ ဘုန်းကြီးဟောတိုင်းမှန် ပင်ကိုယ်ဆင်ခြင်တုံတရားအားနည်းမှု၊ အသုံးမပြုမှုသည် ကရင်အမျိုးသားများကြားဖြစ်ပွားနေသော ဘာသာရေးအစွန်းရောက်မှု၊ တခြားသောဘာသာအားမသိ၊ မလေးစားမှု ၏အခြေခံအရင်းအမြစ်ဖြစ်သည်။

ကရင်လူမျိုးများအကြား၌ ဘာသာရေး အမြင်ကျဉ်းမြောင်းမှု၊ ငါ့ဘာသာ၊သူ့ဘာသာခွဲခြားမှု သည် အရှိတရားတခုဖြစ်၍ အငြင်းမပွားနိုင်ပါ။ ယင်းကြောင့်ပင် အချင်းချင်းစစ်ပြိုင်သတ်ဖြတ်ကြသည်မှာ မပြေးသော်လည်းကန်ရာရှိ ၍ ကရင့်သမိုင်းတွင်ဝမ်းနည်းဖွယ် အမည်းစက်တင်ကျန်ခဲ့ပါသည်။နိုဝင်္ဘာလ ၁၇ ရက်တွင် အဲခေါင်သောင့် ဘလော့၌ တင်ထားသည့် မီးလောင်သွားသော ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ဗီဒီယိုခလစ်ပ်သည် အင်မတန်မှ ၀မ်းနည်းစရာကောင်းပြီး သင်္ခန်းစာ ယူသင့်သော ဖြစ်ရပ်များစွာထဲမှ တခုဖြစ်ပါသည်။ အမျိုးသားရေးနှင့် ဘာသာရေးမကွဲပြားခြင်း၊ မခွဲခြားနိုင်ခြင်း၊ ဘာသာရေးအစွန်းရောက်ခြင်းများက ကရင်လူမျိုးတို့၏ အမျိုးသားရေး၊ နိုင်ငံရေး ပျော့ကွက်တခုဖြစ်သည်မှာ ငြင်းကွယ်၍ မရနိုင်သောအမှန်တရားတခုဖြစ်ပါသည်။

ကရင်အမျိုးသားတို့၏ ဘာသာရေး၊ အမျိုးသားရေး၊ နိုင်ငံရေးနှင့်ပတ်သက်၍ ဘလော့ပိုင်ရှင် အဲခေါင်သောင့်၏ အမြင်၊ သဘောထားကို စာရေးသူအနေဖြင့် များစွာနှစ်သက်၍ သဘောတူလှပါသည်။ သို့သော် ဤဗီဒီယိုကလစ်ပ် နှင့်ပတ်သက်၍ ရင်မှာဖြစ်လာသောမေးခွန်းများစွာကိုလည်းဆွေးနွေးလိုပါသည်။ ဤဖြစ်ရပ်သည် ၂၀၀၅ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင်ဖြစ်ပွားခဲ့ကြောင်းသိရပါသည်။ သို့သော် ဘယ်နေရာ၊ ဘယ်သို့ဖြစ်သည်။ ဘာကြောင့်ဖြစ်သည်၊ ဘယ်သူ၊ဘယ်တပ်ကပြုလုပ်သွားသနည်း၊ တမင်ပစ်မှတ်ထား မီးရှို့သွားသည်လား၊ လုပ်ကြံဇာတ်လမ်းအခုလား ဟူသည်ကားယနေ့ထိ တိကျသေချာမသိရပါ။ မည်သည်ကြောင့်ဖြစ်သည် ဖြစ်စေ၊ ၀မ်းနည်းဖွယ် ဆိုသည် ကိုကား ငြင်းဖွယ်ရာမရှိပါ။

၂၀၀၅ ခုနှစ်ဝန်းကျင်တ၀ိုက်သည် ဒီကေဘီအေ အင်အားတန်ခိုးအာဏာကြီးထွားနေဆဲ အချိန်ကာလဖြစ်ပါသည်။ ကေအဲန်ယူနှင့် စစ်အစိုးရငြိမ်းချမ်းရေးဆွေးနွေးနေသော အချိန်လည်းဖြစ်ပါသည်။ ဗိုလ်ကျော်သန်း၏အဆိုအရ “ယင်းကဲ့သို့သောဖြစ်ရပ်များရှိပါလျက် မိမိတို့မှာ ကေအဲန်ယူကို မကောင်းဝါဒဖြန့်ခြင်းမလုပ်ခဲ့ဟုဆိုပါသည်။ ယင်းသို့ပြုလုပ်ပါက မိဘအားမကောင်းပြောရာ ရောက်မည်စိုးသောကြောင့်ဟုဆိုပါသည်။” သို့သော် ဗီဒီယိုခလစ်ပ် တခုလုံးတွင် ကေအဲန်ယူအားစက်ဆုပ်စွာ အပြစ်တင်ခြင်းကိုသာ ကမ္ဘာချီ အစအဆုံး ပြောနေခဲ့သည်။ ၄င်းပြောသကဲ့သို့ ကရင်လူမျိုးစည်းလုံး ညီညွတ်ရေးကို ရင်ထဲမှလိုလားခဲ့သည်မှန်ကန်ခဲ့ပါက ၂၀၀၅ ခုနှစ်မှ ရိုက်ကူးခဲ့သောယခုဗီဒီယို သည် ဘာကြောင့် ၂၀၁၁ ခုနှစ် ယခုလိုအချိန်မျိုးမှာမှ မီဒီယာပေါ် (တကျော့ပြန်)ရောက်လာရ သနည်း။ စဉ်းစားစရာဖြစ်လာပါသည်။ တချိန်ကပြိုကွဲ၊ လမ်းခွဲခဲ့သော ဒီကေဘီအေနှင့် ကေအဲန်ယူကရင် လက်နက်ကိုင်တပ်များ ပြန်လည်ပူးပေါင်းလာချိန်၊ နားလည်ကျေအေးလာချိန်၊ လက်တွဲညီညွတ်လာချိန်မှာမှ ဘာကြောင့်အချိန်ကိုက်ပေါ်လာရသနည်း။ တွေးဆဆင်ခြင်စရာဖြစ်ပါသည်။

ကေအဲန်ယူ ၏ဦးဆောင်မှုအောက်တွင် ကရင်အမျိုးသားများ ညီညွတ်ခဲ့စဉ် မြန်မာပြည်၌အင်အားကောင်းသော တော်လှန်ရေးအင်စားစုတခုအဖြစ်ဂုဏ်ယူဖွယ်ရပ်တည်ခဲ့သည်မှာသမိုင်းဖြစ်ရပ်မှန်ဖြစ်ပါသည်။ သို့သော် ချိနဲ့ အားနည်းသောအုပ်ချုပ်မှု၊ ဘာသာရေးမညီညွတ် မမျှတမှု၊ မြုံနေသောဘာသာရေး အစာမကျေမှုများအား လစ်လျူရှုထားမှု၊ အမျိုးသားရေးအသိရှိသော်ငြား နိုင်ငံရေးအသိ အားနည်းမှု စသော စသော အားနည်းမှု များကြောင့် ရန်သူစစ်အစိုးရမှ ငါးကြင်းဆီနှင့်ငါးကြင်းကြော်၍ ကရင့်တော်လှန်ရေး ကိုဖြိုခွဲနိုင်ခဲ့ပါသည်။ ကရင်တော်လှန်ရေးနှင့် ကရင်တမျိုးသားလုံးအတွက် ဆိုးရွားအထိနာခဲ့သော သမိုင်းသင်္ခါန်းစာဖြစ်ပါသည်။

ဘာသာရေးအစွန်းရောက်သောကေအဲန်ယူခေါင်းဆောင်အချို့ကြောင့် ကရင်ဗုဒ္ဓဘာသာဝင်များ နစ်နာခံစားခဲ့ရသလို ဒီကေဘီအေတခေတ်တွင် ဘာသာရေးအစွန်းရောက်သောဒီကေဘီအေအချို့ကြောင့် ခရစ်ယာန်ဘုရားကျောင်းများစွာဖျက်ဆီးခံခဲ့ရပါသည်။ ခရစ်ယာန်ဘုန်းတော်ကြီးအချို့ ညှဉ်းပမ်း သတ်ဖြတ် ခံခဲ့ရပါသည်။ ဗုဒ္ဓဘာသာထဲသို့ကူးပြောင်းရန်ငြင်းဆိုသဖြင့် လူနည်းစုခရစ်ယာန်နှင့် မိရိုးဖလာကိုးကွယ်သူအချို့ ဆရာတော်အမိန့်ဟုဆိုကာ မိမိအိမ်နှင့်ရွာမှ အဓ္ဓမစွန့်ခွါ ရွှေ့ပြောင်းစေခဲ့မှုများ ရှိခဲ့ပါသည်။ ဆိုလိုသည်မှာ ဘာသာရေးအစွန်းရောက် အချို့သော ပုဂ္ဂိုလ်များ၊ အမည်ခံအမျိုးသားခေါင်းဆောင်များ၊ အရေခြုံ ဘာသာရေး ခေါင်းဆောင်များကြောင့် ကရင်လူမျိုးများစွာ ဒုက္ခပင်လယ်ဝေခဲ့၊ ငိုကြွေးပူဆွေးခဲ့ရပါသည်။ ညှဉ်းပမ်းနှိပ်စက် သတ်ဖြတ်ခံခဲ့ရပါသည်။

ထို့ကြောင့်ဒီကေဘီအေ၊ ကေအဲန်ယူဆိုပြီး လုပ်ရပ်တခု၊ အဖြစ်အပျက်တခုကို ဥပမာပေး၍ ဘာသာရေးနှိပ်ကွပ်မှုရှိကြောင်း၊ နားလည်မှု၊ ညီညွတ်မှုရှိရန်လိုအပ်ကြောင်း တင်ပြလာခြင်းသည် စေတနာ မှန်ခဲ့သော်ငြား ကောင်းကျိုးထက်ဆိုးကျိုးသာသက်ရောက်ဖြစ်ပေါ်စေပါမည်။ ဆင်ခြင်ခြင်းတရားထက် နာကျင်ခံစားအညှိုးထားစိတ်သာဖြစ်စေပါမည်။ တခြားသောဘာသာဝင် တဦးဦးက မိမိတို့ ခံစားနစ်နာခဲ့ရမှုကို ဓာတ်ပုံ၊ ဗီဒီယိုဖြင့် ယခုကဲ့သို့ပြန်လည်တင်ပြလာပါက ဤဇာတ်လမ်းဘယ်မှာဆုံးတော့မည်နည်း။ အပြန်အလှန်စွပ်စွဲခြင်း၊ လက်ညှိုးထိုးခြင်း၊ မဆုံးနိုင်သောသံသရာထဲတွင် ကရင်လူမျိုးများမည်သည့်တိုင်အောင် ဘ၀မေ့ပျော်မွေ့နေဦးမည်နည်း။ ကျွန်ုပ်တို့ ခံခဲ့ရသမျှ၊ နာကျင်ဆုံးရှုံးခဲ့ရသမျှ တဦးအပေါ်တဦးလက်ညှိုးထိုးနေ၍ မည်သို့သောအဖြေမှရနိုင်မည်မဟုတ်ပါ။ ကျွန်ုပ်တို့၏ အားနည်းမှု၊ မသိနားမလည်မှုသည်သာ ကျွန်ုပ်တို့၏ ဆုံးရှုံးရာ၊ ကျဆုံးရာဖြစ်သည်။ ကရင်အားလုံး ငါ၊ ငါ့ဘာသာ၊ ငါ့အဖွဲ့အစည်း ဆိုသောအတ္တစိတ်ကိုဖယ်ရှားနိုင်၍ ခိုင်မာမှန်ကန်သောအမျိုးသားရေးအသိ၊ အမျိုးသား ရေးသတိဖြင့် ရှေ့ဆက်လက်တွဲ၍ အမျိုးသားရေးကို ဆောင်ရွက်နိုင်ပါစေ။

ရဲရဲတွေး

Read More...

“ဘုန်းကြီးကျောင်း မီးရှို့ခံရတဲ့ မှတ်တမ်းဟောင်း တခုနဲ့ ကျနော့ရဲ့ အမြင်” နှင့်ပါတ်သက်၍ ကျွန်တော့်သိသမျှ

ကျတော်နယ်စပ်မှာနေတုန်းက ဒီဗီဒီယိုဖိုင်ကို ကြည့်ဖူးပါတယ်။ အခြေအနေမှန်တွေကို လည်း အတိုင်းတာတစ်ခုထိ သိခွင့်ရခဲ့ပါတယ်။ အဲဒီဗီဒီယိုဖိုင်ကို သေချာကြည့်ရင် အရေးပါတဲ့ အချက်နှစ်ခု တွေ့ ရပါမယ်။ တစ်အချက်က ကေအဲန်ယူ ရန်ကုန်ဆင်းပြီး ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ အချိန်ဖြစ်တယ်။ နှစ်အချက်က ဗိုလ်ချူပ်ကျော်သန်းပြောဒါတွေဟာ နိုင်ငံတကာမှာ ရောက်နေတဲ့ လူတွေကို အသိပေးချင်လို့ အလေးပေးပြောကြားနေဒါကို တွေ့ ရပါမယ်။

ပို့ စ် ရေးသူ အဲခေါင်သောင့်လည်း ရေးထားပါတယ်။ ကေအဲန်ယူပဒိုတစ်ယောက်ပြောကြားချက်အရ တိမသေ ၀ါဒဖြန့် တဲ့ခွေ ဆိုပြီး ရေးထားဒါ တွေ့ ရပါတယ်။ ဒီကိစ္စကို ကေအဲန်ယူထဲမှာတောင် လူကြီးတော်တော်များများမသိကြပါဘူး…

ဒီလိုဆိုရင် အားလုံးကို ခြုံကြည့်ပြီး စဉ်းစားကြည့်ရအောင်.. အခင်းဖြစ်တဲ့နေရာက တပ်မဟာ (၁)နဲ့ (၃)နယ်စပ်ကြားဒေသလို့ ကြားသိခဲ့ရပါတယ်။ တပ်မဟာ(၂)တော့လုံးဝမဖြစ်နိုင်ပါ။ တပ်မဟာ(၂)နယ်မြေမှာ ကရင်ဗုဓဘာသာ ရွာမရှိဘူး.. ခရစ်ယန်နဲ့ နတ်စားကရင်အနည်းငယ်ပဲရှိပါတယ်။

ဘာကြောင့် ဆရာတိမသေ နာမည် ပါလာရသလည်းဆိုဒါ အကြောင်းရှိပါတယ်။ ဆရာတိမသေဟာ ကေအဲန်ယူ ဗဟိုကော်မတီကနေ အဖြူတ်ခံရပြီးနောက် ကေအဲန်ယူကို လုံးဝမကြေနပ်ခဲ့ဘူး.. အဲဒီနောက်ပိုင်းမှာ ဆရာတိမသေက ဒီကေဘီအေရဲ့ နိုင်ငံခြားရေးတာဝန်ခံလုပ်နေတယ်ဆိုပြီး သတင်းထွက်ခဲ့တဲ့အချိန်ဖြစ်တယ်. သူ ကေအဲန်ယူဗဟိုကောင်မတီဝင်တစ်ဦးမဖြစ်ခဲ့လို့  ရန်ကုန်ကို ကေအဲန်ယူ သွားဆွေးနွေးတဲ့အချိန်မှာ သူမပါခဲ့ပါဘူး.. အဲဒီနောက်ပိုင်းမှာ နိုင်ငံတကာကို လှည့်ပြီး ကေအဲန်ယူကို စတင်တိုက်ခိုက်ခဲတယ်။ အဲဒီအချိန်က ယခုလို ကရင်တွေ နိုင်ငံခြားမှာ အများကြီးမရောက်သေးပါဘူး.. အဲဒါကတပိုင်း

နောက်တစ်ခုက ကေအဲန်ယူ ရန်ကုန်ဆင်းပြီး ဗမာနဲ့ ဆွေးနွေးချိန်မှာ (၂၀၀၅ - ၄- ၃၀) ဒီကိစ္စပေါ်လာဒါ သိပ်စိတ်ဝင်စားစရာကောင်းပါတယ်။ တိုက်ဆိုင်မှုတော့လုံးဝမဖြစ်နိုင်သလို ထိုဒေသတွေမှာ ကေအဲန်ယူနဲ့ ဒီကေဘီတို့ ရောယှက်ပြီး တပ်မဟာ ၇ နဲ ၆ တွေနေရာမျိုးမှာ မကြာခဏ ထိပ်တိုက်တွေ့ တဲ့နေရာမဟုတ်ပါ။ ဘာရန်ငြိုးလည်းမရှိတဲ့နေရာဖြစ်တယ်။ ငြိမ်းချမ်းရေးအတွက် ရန်သူကြားမှာ သွားဆွေးနွေးချိန်မှာ မဟာဗမာတွေထဲမှာ ကရင်နဲ့ ငြိမ်းချမ်းရေးမဖြစ်စေချင်တဲ့အုပ်စုရှိတယ်။ အကယ်၍ ဗမာနဲ့ ကေအဲန်ယူ ငြိမ်းချမ်းရေးရသည့်တိုင်အောင် ကရင်တွေ အချင်းချင်း ကမ္ဘာမကြေ အချင်းချင်းစိတ်ဝမ်းကွဲအောင် ဖန်းတီးထားခဲ့တယ်လို့  လူလတ်ပိုင်း ခေါင်းဆောင်တစ်ဦးက ကျတော့်ကို ပြောဖူးပါတယ်။ အခင်းဖြစ်တဲ့နေရာက တပ်မဟာ (၃)ဖြစ်ဖို့ များတယ်။ အခင်းဖြစ်တဲ့အချိန်က ညသန်းခေါင်ယံလို့ ပြောတယ်။ ဘယ်သူဘယ်ဝါ ၀င်ရှို့ ဒါ ဘယ်သူမှ သက်သက်ကွဲကွဲ မသိရဘူး.. နောက်ဆုံးနာမည်ထွက်လာဒါ ကေအဲန်ယူဖြစ်တယ်။ တပ်မဟာသုံး သက်ဆိုင်သူတွေကို မေးကြည့်တော့ သူတို့ လူတွေမဟုတ်ဘူးလို့ ပြောတယ် လို့ ကျတော်နဲ့ ရင်နီးတဲ့ ပဒိုလူလတ်ပိုင်းက ကျတော့်ကို ပြောဖူးပါတယ်။
- ဘုန်းကြီးကြောင်းမီးရှို့ ခံရဒါ ကေအဲန်ယူ ရန်ကုန်ဆင်းပြီး ရန်သူနဲ့ ဆွေးနွေးတဲ့အချိန်
- တိမသေ ကေအဲန်ယူ ဗဟိုကနေ ပြုတ်သွားတဲ့နောက်ပိုင်း အဲဒီနောက်မှာ ထိုအချိန်က တိမသေ ဒီကေဘီအေရဲ့ နိုင်ငံခြားရေးတာဝန်ခံ လုပ်နေတယ်ဆိုပြီး သတင်းထွက်နေတဲ့အချိန်
- ဗိုလ်ကျော်သန်းက ဗီဒီယိုထဲမှာ နိုင်ငံခြားရောက် ကရင်တွေကို ပဲ focus ပြီး ပြောသွားခြင်း

စတဲ့ ဒီအချက်ကြီးသုံးချက်ကို ခြုံပြီး သုံးသပ်ကြည့်မယ်ဆိုရင် ရန်သူရဲ့လက်ကွက်ဖြစ်ကြောင်း မပေါ်လွင်နေဘူးလား ဆိုဒါ ကျနော်တွေးမိခဲ့ပါတယ်။။

ဘာပဲဖြစ်ဖြစ် အဲခေါင်သောင့်မှ အကြံပေးပါလို့ ပြောထားတဲ့အတွက် ကျတော်သိခဲ့ရဒါတွေကို ပို့ ပေးလိုက်ပါတယ်။

စည်းလုံးညီညာစွာဖြင့်

အားလုံးကို လေးစားလျက်

စိုးဒို

၇-၁၁-၂၀၁၁

Read More...

ဘယ်လို လဲ ကိုတရုတ်ကြီး နေလို့ မှ ကောင်း ရဲ့ လား ၊ အိပ်လို့ ပျော်ပါစေ

Freedom News Froup မှ...........

အောင်စေရာပြည့်၊ ၊တရုတ် ကိုပြီးခဲ့တဲ့ တစ်လ ကျော်လောက်ကပဲ နိုင်ငံတကာစီးပွားရေးအင်
အားစု တွေ က ကမ္ဘာ့ ဒုတိယ အင်အား အကြီးဆုံး စီးပွားရေး နိုင်ငံကြီး အဖြစ် သတ်မှတ် ခဲ့ကြပါတယ်။
တရုတ် ကစီးပွား တက်လာပြီးထုတ်ကုန် တွေ ကို နိုင်ငံခြား တိုင်းပြည်တွေ ကို များများ ပို့ လာ နိုင်တယ်
ဆိုတဲ့ သဘောပေါ့။ ကမ္ဘာမှာနိုင်ငံရေး အရ လည်း ဗီတို အာဏာ ကိုင်ထားတဲ့ နိုင်ငံ စီးပွားရေး အရ လည်း
အင်အားကြီး ၊သူဌေးပေါက်စလေးလည်း ဖြစ်နေတော့ ကျုပ်တို့ ဆီက ဗိုလ်သန်းရွှေ အလည်လာတော့
အမ်ပေါင်းပေး တဲ့ အနေနဲ့ ဒေါ်လာ လေးဘီလျှံ ကျော်ကို တောင် မုန့် ဖိုးပေး လိုက်ပါသေးတယ်။


ဒီလို အပေးအကမ်း ရက်ရော တာ က ကမ္ဘာ မှာ ဒုက္ခရောက် နေတဲ့ နိုင်ငံတွေ တိုင်း ကို မဟုတ်ပါဘူး။သူ့ 
ကို ဆရာတင် တဲ့ ဗိုလ်သန်းရွှေ တို့ လို သာပေါင်းညာစား တွေ လို လူတွေ ကိုပါ။(အမှန် က ဗိုလ်သန်းရွှေက
အမေရိကန် ကို ဆရာတင်ပြီး မားကိုစ် တို့ လို လက်ယာ အစွန်းရောက် လုပ်ချင်သူပါ) ငွေယား လေးရှိနေတဲ့
တရုတ် က နိုင်ငံရေး မှာ လူဝင်ချင်လာတော့ အာဖရိက နိုင်ငံတွေ ကို လည်း ကူညီမယ်။ ဆိုမာလီ ပင်လယ်
ဓားပြ တွေ ကို ချေမှုန်း ဖို့ ရေတပ်လွှတ်မယ် ၊ ဒုံးပျံတင်မယ် ၊ နိုင်ငံတကာ ရေပိုင် နက်မှာ တရုတ်ရေတပ် က
ကမ္ဘာ့ လုံခြုံရေး တို့ အတွက် ရှိနေတယ် လို့ ထကြွှေးကျော် ပါရော။

ပြီးခဲ့တဲ့ လက ကုလသမဂ္ဂ အစည်း အဝေးမှာ ဆရာတရုတ် က ပြင်သစ် တို့ အမေရိကန် တို့ ရဲ့ လူ့ အခွင့်
အရေး ကိစ္စတွေ ကို တောင် ဝေဖန် လိုက်ပါသေးတယ်။ ရိုမန် (ဂျစ်ပစီ) လူမျိုး တွေ ကို နိုင်ငံတွင်းက မောင်း
ထုတ်တဲ့ ကိစ္စ ဟာ အကြီး အကျယ် လူ့ အခွင့်အရေး ချိုးဖောက်တာ တို့  ဘာတို့ ပေါ့ ..

စီးပွားရေး အင်အားကြီး လာရင် ပြည်တွင်း နိုင်ငံရေး ကို အသာလေး ဖုံးဖိ ထားလို့ ရတယ် ထင်တဲ့ တရုတ်ကို
အရှိုက် ထိသွားစေတာ က တော့ နော်ဝေ နိုင်ငံ အော်စလို မြို့ က နိုဘဲလ် ဆုရွေးချယ် ချီးမြှင့်ရေး ကော်မတီက
နေ ၂၀၁၀ အတွက် ငြိမ်းချမ်းရေး ဆု ကို တိန့် အန်မင်း ခေါင်းဆောင် ဟောင်း နဲ့  ချာတာ ၀၈ ဦးဆောင်သူ လျှု
ရှောင်ဘို ကို ပေး လိုက် တော့ တရုတ် အစိုးရ ဖင်ကြား ခဲခု ဖြစ်သွားတယ်။
ဇာတ်နောက် ထ ကနေ နှစ်ပါးသွား ကဖို့ ကြုံလာတော့မှ စင်ကြိုး လို့ ပွဲဖျက် လိုက်ရတဲ့ ရှေ့ ထွက် မင်းသား
အဖြစ်မျိုး လေး ကြုံသွား တဲ့ တရုတ် ဟာ နိုဘဲလ် ဆုပေးတဲ့ အဖွဲ့ ကို နင်ပဲငဆ ပြောပါလေရော။ နော်ဝေ
ဝန်ကြီး ခရီးစဉ် ကို လက်မခံ တာတွေ က စလို့  လျှုရှောက် ဘို ကို လည်း ရာဇ၀တ် မှု နဲ့ ထောင်ချခံထား
ရတဲ့ လူလို့ ပြောလို ပြော၊ အင်တာနက် မှာ သူ့ နာမည် နဲ့ ရှာဖွေမှု တွေ ပိတ်ဆို့ တာတို့ စတာတွေ ဖြစ်ကုန် တော့တာပဲ။

လျှုရှောက်ဘို ကို နိုဘဲလ် ငြိမ်းချမ်း ရေး ဆု ပေးရ တဲ့ ရည်ရွယ်ချက် က သူ့ ရဲ့ စွတ်လွှတ်စွန့် စားမှု တွေ}ကို
ဂုဏ်ပြုတာရယ် ၊ တရုတ် အစိုးရရဲ့  နိုင်ငံရေး လွတ်လပ်ခွင့် မရှိ တဲ့ အချက် တွေ ကို မီးမောင်း ထိုး ပြတာပါ
ပဲ။ လျှုရှောက် ဘို ကို နိုဘဲလ် ဆုပေး လိုက်တာ ဟာ တရုတ် အစိုးရ အနေနဲ့ ကတော့ တီ ကို ဆား နဲ့ ပက်
လိုက် သလို့ ခံရခက်ပါတယ်။

ချမ်းသာကာစ ဆိုတော့ လူရာဝင်ချင်တာ ကို အော်စလို နဲ့ အပေါင်းအပါ တွေ က ခြေထိုးခံတယ်ရယ် လို့ 
ကွန်မြုနစ် တွေး….တွေးတာ ပေါ့ ဒီတော့ တောပြောတောင်ပြော တွေ အားမရဘူး ခင်ပွန်းဖြစ်သူကို ထောင်
ဝင်စာ တွေ့ ပြီးပြန် လာတဲ့ လျှုရှောက် ဘို ရဲ့ ဇနီး ကို ဗိုလ်သန်း ရွှေ စတိုင်လ် နေအိမ် အကျယ်
ချုပ် တို့ ဘာ တို့ လုပ် လိုက် တာ တစ်ရှက် က နှစ်ရှက် က သုံး ရှက် ဖြစ်လာတာ ကို ရှက်ကြောပြတ် ကွန်
မြူနစ် တွေ ဆို တော့ သတိမထား မိပြန်ပါဘူး။

ပီကင်း ပြန် ဗိုလ်သန်းရွှေ က လည်း သူ့ ကို ကွမ်းဖိုးဆေးဖိုးလေး ပူပူနွေးနွေး ပေးထားတဲ့ဆရာ ကို ကျေး
ဇူးဆပ် တဲ့ အနေနဲ့  ဂျာနယ်တွေ ၊မဂဇင်း တွေ မှာ လျှုရှောက် ဘို သတင်း ကို မထည့် ခိုင်းပြန်ပါဘူး။
ဗိုလ်သန်းရွှေ တို့ တုန်းကတော့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကို နိုဘဲလ်
ဆုပေး တော့ သူတောင်းစား ထမင်းစား ၀တဲ့ အဆင့် က မတက်သေးတော့ ပေါက်ဖော်ကြီး တို့ လောက်
နာရကောင်းမှန်း မသိဘူး ၊ ပေါက်ဖော်ကြီး ကျတော့ လူချမ်းသာ ဆိုတော့ နိုင်ငံရေး ဆင်း ရဲ တာ ကို တစ်
သက် လုံး ဖုံးထားသမျှ ကုန်းကာ မှပေါ် ဆိုတော့ တော်တော်လး နာသာခံခက် ဖြစ်တယ် ဆိုပဲ။

ဘယ်လောက်တောင် နာသာ ခံခက် ဖြစ်သလဲ ဆိုရင် ပီကင်း နဲ့  တခြား မြို့ တွေ မှာ နိုဘဲလ် လို့ နာမည်ပေး
ထား တဲ့ စီးပွား ရေး လုပ်ငန်း တွေ ၊ ဈေးဆိုင် တွေ ကို နာမည် ပြောင်းခိုင်းတဲ့ အထိ ဆတ်ဆတ် ခါသွား
တယ် ဆိုပဲ။

ဘယ်လို လဲ ကိုတရုတ်ကြီး နေလို့ မှ ကောင်း ရဲ့ လား ၊ အိပ်လို့ ပျော်ပါစေ ဒါ သင်ခန်းစာ အမှတ် ၁ ပဲရှိ
သေးတယ် နော် ချမ်းသာခါစ လူတွေ တို့ ၊ နိုင်ငံ တွေ တို့ မှာ ဖြစ်တတ်တဲ့ သဘောသဘာ ၀ပေါ့။

Read More...