Showing posts with label စောကျော်ခွီး၏ပေးစာ. Show all posts
Showing posts with label စောကျော်ခွီး၏ပေးစာ. Show all posts

ဒီကေဘီအေနှင့် ငြိမ်းချမ်းရေးအဖွဲ့များသို့စောကျော်ခွီး၏ပေးစာ

ညီအစ်ကို ရဲဘော်တို့......
မင်းတို့ အထင်ကြီးလေးစားနေတဲ့ ဗမာစစ်ရာဇဝတ်ကောင်တွေဟာ ဘယ်အချိန်၊ ဘယ်အခါမှကတိတည်တဲ့ အတန်းအစားတွေ မဟုတ် ဖူးဆိုတာ မင်းတို့သဘောပေါက်သင့်တယ်။ တို့ ကရင်တွေကို စည်းလုံးညီညွတ် မှု ပျက်ပြားအောင် သွေးထိုးလှုပ်ဆော်၊ ရာထူးဌာနတွေနဲ့မျှား၊ ငွေကြေးမက်လုံးတွေနဲ့မျှား၊ ဘာသာရေး နဲ့ ခွဲထုတ်၊ စီးပွားရေး လုပ်ကွက် တွေနဲ့ဘမ်းပြပြီး ငါတို့ ကရင်တွေကို အယုံသွင်းပျက်စီးစေနေတာ ငါ့ညီ
အစ်ကို ဒီကေဘီအေနဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေလဲ အသိပါ။ မသိရင် ထပ်ပြောပြမယ်။


တို့ကရင်တွေဟာရိုးသားကြတယ်၊ သစ္စာရှိကြတယ်။ လိမ္မာပါးနပ်မှုမရှိကြဘူး။ ဗမာမဟာလူမျိုးကြီး စစ်အုပ်စုတွေကျတော့ ကောက်ကျစ်တယ်၊ စဉ်းလဲတယ်၊ နောက်ဆုံးပြောမယ် ရေခပ်ရင်တောင် အနည်မထဘူး။ အဲလို ဥာဏ်နီ၊ ဥာဏ်နက်နဲ့လိမ္မာပါးနပ်လွန်းတဲ့အပြင် သူများဘာသာမပြောနဲ့
မိမိယုံကြည်သက်ဝင်တဲ့ ဘာသာကိုတောင် ဖျက်ဆီးနေတဲ့သူတွေကို ဘယ်လို နည်းနဲ့မှ မင်းတို့ တွေ ဆည်းကပ်မှီတွယ်နေစရာမလိုဘူး။

သူတို့တွေဟာ မိစ္ဆာဒိဌိတွေဖြစ်တဲ့အပြင် သူတို့အတွက်လိုအပ်လာရင် ဘယ်လူမျိုး၊ ဘယ်အရာ၊ ဘယ်ပုဂိုလ်မဆို အစားထိုး ချကျွေးရင်းပစ်မဲ့ သွေးကြောင်၊ သွေးပျက်နေတဲ့လားရာမကောင်းနိုင်တော့တဲ့သူ တွေဖြစ်တယ်။ အဲဒီလိုလူမျိုးတွေရဲ့နောက်လိုက်လုပ်နေသရွေ့ တို့ကရင်တွေရဲ့ဘဝတွေဟာ အင်မတန်မှ အဖတ်ဆည်မရဖြစ်နေလိမ့်မယ်။

ကရင်တွေရဲ့အောက်ခြေလူတန်းစားဘဝတွေထဲပြန်ဆင်းကြည့်ပါအုံးရဲဘော်တို့။ဗျာပါသောကအပူမီးတွေနဲ့အနှစ်နှစ်အလလ မျှော်လင့်ချက်မဲ့၊ ခိုကိုးရာမဲ့၊ ကျန်းမာရေး၊ ပညာရေး အဖက်ဖက်က ချွတ်ခြုံကျနေရတဲ့ မင်းတို့လူမျိုးတွေ၊ ငါတို့လူမျိုးတွေရဲ့ဘဝတွေကို သေချာပြန်လည်ကြည့်လှည့်ပါအုံးကွာ။

ဗမာ နအဖတွေကို ကြောက်ရ၊ မင်းတို့ကိုပါ တဖန်အားကိုးဖော်မရဘဲ ပြန်ကြောက် နေရတဲ့ အိုးပစ်၊ အိမ်ပစ် ထွက်ပြေးနေရတဲ့ မင်းတို့ရဲ့ ကရင်အမျိုးအနွယ်တွေရဲ့ ထိန့်လန့်ငိုကြွေးနေတဲ့မျက်နှာကို ပြန်လည် မြင် ယောင်စမ်းပါအုံးကွာ။ မင်းညီမတွေ၊ မင်းအစ်မတွေ မှုဒိန်းကျင့်ခံနေရတာ မင်းပျော်နေသလား ရဲဘော်။ မင်းရဲ့အဖေ၊ အမေ၊ ညီအစ်ကိုတွေ အသတ်ခံနေရတာ မင်းကြည့်ရက်သလားရဲဘော်။

သူတို့တွေမှာ ထမင်းတစ်လုပ်စားဖို့အတွက်အခက်အခဲတွေကြုံနေရတဲ့အပြင် အဲဒီထမင်းလေးကို ဝေမျှစားရင်းနဲ့ဘဲ သူတို့ဘယ်တော့ အသတ်ခံရမလဲဆိုတာစိုးရိမ်ထိန့် လန့်နေကြရတယ်။ သေဖို့ရက်တွေကို မဝရေစာ ထမင်းလေးစားရင်း အကြောက်တရား တွေနဲ့စောင့်နေကြရတယ်။ အဲဒီလူတွေကလဲ မင်းတို့ချစ်တဲ့ မင်းတို့ကရင်မိသားစုတွေလေ။ ညီအစ်ကို အချင်းချင်းရန်တိုက်ပေးပြီး သူခိုင်းတာကို ရွပ်ရွပ်ချွန်ချွန် တာဝန်ထမ်းဆောင် ပေးခဲ့လို့ မသထာရေစာ ပေးကမ်းချီးမြောက်လိုက်တာက အိမ်ကြီးခရိုင်တဲ့လား။

သူများမြှောက်လို့ ဂွေးတက်အောင်ထကနေတဲ့ အဲဒီ ကျောက်ရူးကလဲတမှောင့်။ အဲဒီမှာ မင်းတို့တွေ စံပျော်ခွင့်မရှိပါဘူး။ “ချစ်သူ”တို့ နလဘိန်းတုံးဇနီးမောင်နှံနဲ့ဆွေမျိုးနီးစပ် သူတွေသာသာသာယာ ခွင့်ရှိကြမဲ့နေရာဖြစ်တယ်။ နအဖစစ်အုပ်စုတွေကလဲ မလိုရင် မလိုသလို အချိန်မရွေးဖျက်ဆီးပြစ်နိုင်တာကို "ချစ်သူ"တို့ သဘောပေါက်သင့်ပါတယ်။

နအဖစစ်အုပ်စုက သူ့အတွက် လုံခြုံမှု၊ အကာအကွယ်၊ ရပိုင်ခွင့်တွေအပြည့်ပါတဲ့ မတ ရားသဖြင့် ရေးဆွဲ ထားတဲ့ (၂၀၀၈) အခြေခံဥပဒေနဲ့ သူတို့တွေ သီးသန့်ရွေးချယ်ထားတဲ့ လက်ညိုးထောင် ခေါင်းညှိမ့် အရိုးရင်းမျှော်ပါတီလေးတွေနဲ့စုပေါင်းကျင်းပမဲ့အတုအယောင်(၂၀၁၀)ရွေးကောက်ပွဲကိုဆန့်ကျင်ကန့် ကွက် ကြဖို့လိုအပ်တယ်။ ရွေးကောက်ပွဲကိုဆန့်ကျင်မှာစိုးလို့မင်းတို့ကိုနယ်ခြားလေးခေတ္တစောင့်ခိုင်းထား
တာပါ။ တကယ်တော့ မင်းတို့အတွက် ဘာမှ လုံခြုံမှု မရှိဘူးဆိုတာ နားလည်ရမယ်။

ညီအစ်ကိုရဲဘော်တို့......
ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူရေးတွေအတွက် တို့ကရင်တွေတောင်းဆိုတိုက်ပွဲဝင်လာတာနှစ်(၆၀)တောင် ကျော်ခဲ့ပြီဘဲ။ အုပ်စိုးသူ မဟာဗမာလူမျိုးကြီးတွေကြောင့် မင်းတို့၊ ငါတို့တွေဟာ ဒီလက်နက်ကိုင် တော်လှန်ရေးလမ်းကိုမရွေးချင်ဘဲရွေးလိုက်ကြရတယ်။တို့ကရင့်အမျိုးသားခေါင်းဆောင်စောဘဦးကြီးပြောခဲ့သလို ဒီလက် နက်ကိုင် တော်လှန်ရေးဟာ ပထမနဲ့ နောက်ဆုံးဖြစ်စေရမယ်။ ပန်းတိုင်မရောက်မချင်း
တို့တွေဟာ မဆုတ်မနစ် ချီတက်နေရမယ်။

ကရင်ပြည်သူတွေကို မနှိမ့်စက်ပါနဲ့၊ မူးယစ်ဆေးဝါးတွေ မလုပ်ပါနဲ့၊ နအဖခိုင်းတာ တွေကို မလုပ်ဘဲ မင်းတို့ စွန့်ခွာခဲ့တဲ့ မိခင် ကရင်ရင်ခွင်ထဲ ပြန်လာခဲ့ပါလား။ တို့မှာ မိသားစုစိတ်ဓါတ်တွေရှိတယ်၊ အမျိုးချစ်တဲ့စိတ်တွေရှိတယ်။အဲဒီစိတ်ဓါတ်တွေကမင်းတို့တွေအတွက်လုံခြုံမှုတွေတွေ၊အေးမြမှုတွေပေးနိုင်ပါတယ်။တို့ရဲ့အမျိုးသားတာဝန်၊သမိုင်းပေးတာဝန်တွေအတွက်တို့တွေအတူတကွပြန်လည်လက်တွဲပြီးလုပ်ကြရအောင်လို့ လက်ကမ်းဖိတ်ခေါ်ပါရစေ။

ညီညွတ်ရေးအတွက် အမြဲတမ်းနွေးထွေးစွာနဲ့ကြိုဆိုနေမယ်ဆိုတာမျိုးချစ်တဲ့နှလုံးသားထဲကပြောနေပါရစေ။ မိမိကောင်းစားရေးထက် မိမိလူမျိုး မိမိရင်သွေး သားငယ်၊ သမီးငယ်တွေ လူတန်းစေ့ရေး၊ လူသားတိုင်းလို လူ့ဂုဏ်သိက္ခာတွေ ရရှိပိုင်ဆိုင် ထိန်းသိမ်းနိုင်ကြရေးတွေအတွက် မင်းတို့ငါတို့တွေတာဝန်ရှိကြတယ်။

အနာဂတ်မဲ့နေတဲ့ ကရင့်ရင်သွေးများအရေး၊ ကရင်တွေ ပြတိုက်ထဲတွန်းပို့မခံရရေး၊
မိမိလူမျိုးကို ချစ်တတ်နိုင်ကြစေရေး စဉ်းစားပေးကြဖို့ပြောကြားလိုက်ပါရစေ။
တချိန်တခါက ညီအစ်ကိုအချင်းချင်း မှားယွင်းဖြစ်ပျက်ခဲ့တာတွေ၊ ရန်ငြိုးအာဃာတ
တွေကို သင်ပုန်းခြေ ပြင်ဆင်ကြပြီး တစ်ဦးနဲ့တစ်ဦး သံသယကင်းစွာ အမျိုးအတွက်
အဓိပ္ပါယ်ရှိတဲ့ ပေးဆပ်ခြင်းမျိုးနဲ့ ဆထက်တံဘိုး ပေးဆပ်ထမ်းရွက်ကြပါစို့။

Read More...