သူမသိတာထက်ကိုယ့်ကိုယ်ကို မသိတာခက်တယ်။တစ်ကယ်တော့ ကျွန်တော်တို့ အားလုံးဟာတိကျမှန်ကန်တဲ့ အစိုးရ အုပ်ချုပ်မှုအောက်မှာ သက်ရှင်နေထိုင်တာမဟုတ်ပဲနဲ့ မတိကျမသေချာတဲ့ ယာယီ ဟိတ်ဟန် ကောင်းနေတဲ့ စစ်ဘီလူးရဲ့ နှိပ်ကွပ် အုပ်ချုပ်မှုအောက်မှာ နေထိုင်သက်ရှင်နေရတာပါ။ အဲ့ဒီတော့ ဒီစစ်ဘီလူးတွေဟာ ဘယ်လောက်ပဲ လူရှေ့သူရှေ့ ဟန်ဆောင်ဘုရားကန်တော့ အလှူရေစက်ချနေလည်း ဒီလူတွေရဲ့သက်တန်း မူစံနစ်မကုန်ဆုံး သ၍ဆက်လက်မင်းမူနေအုံးမှာပဲ။ သစ်ပင်မရှိတဲ့တောမှာ ကြက်ဆူပင်မင်းမူသလို တနိုင်ငံလုံး ကြက်ဆူပင် စိုက်ခိုင်းသလို၊ တနိုင်ငံလုံးမှာရှိတဲ့ တန်ခိုးကြီးပေ့ ဆိုတဲ့စေတီပုထိုး မှန်သမျှ တွေမှာလည်း သူတို့ ရဲ့ကိုယ်စား ပုံတူတွေ ဇာတာတွေ နာမည်တွေ သူတို့  ရဲ့တန်ခိုးအာဏာတွေ လူတကာ ဒူးညွတ်ခစား ၀ပ်တွား နေရတယ် ဆိုတဲ့အယူအဆနဲ့သာသနာပ သူယုတ်မာတွေကို တို့ တစ်တွေ အားလုံး သိရှိ တွန်းလှန်နိုင်ဖို့  အချိန်တန်နေပါပြီး။
အခုလည်းတိုင်းရင်းသားစည်းလုံးညီညွတ် ဖို့ ကိုအခြေခံပြီးတော့ တိုင်းရင်းသားအားလုံးကိုလည်း သွေးခွဲနေပြီး နည်းစနစ် ကျကျကြည့်မယ်ဆိုရင် မိသားစု တစုရဲ့စည်းလုံးညီညွတ်မှုကို ပြိုကွဲစေအောင် ၀န်ထမ်းဆိုရင် မိသားစုနဲ့ ဝေးရာသို့  တာဝန်ပေး ကြာလာတော့ အိမ်ထောင် ရေး ဖေါက်ပြန်မှု စားဝတ်နေရေးလုံလောက်မှုမရှိခြင်း တခြားလူမျိုးနွယ်မတူ သွေးနှောစနစ်ဖြစ်စေပြီး တိုင်းရင်းသားတိုင်းက ပေါက်ဖွားလာတဲ့ ဗမာသွေးနဲ့  ရောတဲ့ ကပြားလေးတွေဟာ မိမိမျိုးနွယ်တိုင်းရင်းသားဘာသာစကား မတတ် ရှိတော့သည့်အထွက် နောက်ထပ်မျိုးဆက်တဆက်ဆိုရင် လုံးလုံးလျားလျား အဲ့ဒီမျိုးနွယ်ဟာပျောက်သွားခြင်းပါပဲ။ ပျောက်သွားမှန်းတောင်ကိုယ့်ကိုယ်ကို မသိဖော်မပြရဲ ရှက်နေကြရတယ် အဲ့ဒါသူ့ ရဲ့ ယုတ်မာတဲ့ နည်းစနစ်ပဲ။ ကဲခုဆိုရင် စစ်မှန်တဲ့ငြိမ်းချမ်းရေးမဟုတ်တဲ့ မူကိုယူထားတဲ့ လက်နက်ကိုင် အဖွဲ့ စည်းတွေကို တဖြေးဖြေး နည်းပိရိယာယ်ကြွယ်စွာနဲ့ ဟောနယ်ခြားစောင့် အသွင်ပြောင်း လစာတွေပေးမယ် တစ်ချိန်ကြရင် မင်းတို့ ရဲ့နယ်မြေတွေ ကို မင်းတို့ ပဲလက်ပြောင်းအုပ်ချုပ်ရမှာမို့ လို့  အခုလို ဖွဲ့ စည်းပေးရတာပါ နားထောင်ကြည့်လိုက်ရင်တော့ တကယ့်စေတနာပါတဲ့ပုံစံမျိုးနဲ့  အမှန် တကယ်မင်းတို့ တွေတော့မျိုးပြုတ်ဖို့ သာပြင်ပေတော့ဆိုတာပါပဲ၊အဲ့ဒီတော့ သူမသိတာထက်ကိုယ့်ကိုယ်ကို မသိတာခက်နေတာပေါ့…အမှန်တကယ် မသိလိုက်သေးလို့ ပဲဖြစ်ဖြစ် သိလို့ အများချော်လဲရောထိုင်တာပဲဖြစ်ဖြစ် ပြောပြမယ် ဒါလူမျိုးတိုင်းသိထားဖို့ အရေးကြီးတဲ့အဓိကမဏ္ဍိုင်ပဲ ဘိုးစဉ် ဘောင်ဆက်ထဲက နေလာတဲ့ကိုယ်နေတဲ့မွေးတဲ့ နယ်မြေဟာ ကိုယ်ပိုင်တာပဲ ဗမာမပိုင်ဘူးကွ…ဗမာအစတကောင်းက တကောင်းဆိုတာသိတဲ့လူတွေကို မေးအဲ့တာကလားပြည်မှာ အဲ့ဒီတခေတ်တချိန်ထဲက တို့ နေတဲ့အခုတိုင်းပြည် ကိုသူတို့ ရောက်လာတယ် လုတယ်ယက်တယ် သိမ်းတယ်ပေါ့ကွာ အခု without ကားတွေကိုမတရားသိမ်းသလိုပေါ့ကွာ သူတို့ ကတော့ဇိမ်ကျကျ တရားဝင်တယ်ဆိုပြီးစီးနေတယ် ထပ်ပြောမယ် ၁၉၇၄ တရုတ်ဗမာ အထိကရုဏ်း အပြီးတရုတ်ပြည်အစိုးရက ဦးနေ၀င်းကို ခေါ်ယူပြီးနှိပ်ကွပ်ဖို ့ သတိပေးတဲ့အချိန်မှာ ဦးနေ၀င်းကမှန်ပါတယ် ဒီတိုင်းပြည်ဟာ ကျွန်တော်တို့  ဗမာတွေ အရင်လာရောက်နေထိုင်တာမဟုတ်ပါဘူး မြစ်ဝကျွန်းပေါ်နဲ့  ရွှေတိဂုံတည်ထားရှိရာ တို့ သည်ကရင်လူမျိုးတွေ နေထိုင်ပိုင်ဆိုင်တဲ့ နေရာပါ..လို့တရုတ်အစိုးရကိုဝန်ခံခဲ့တယ်။ကျွန်တော်တို့ဗမာတွေဟာသွေးတိုးစမ်းနယ်ချဲ့သိမ်းပိုက်အနိုင်ကျင့်လိုရတဲ့နယ်မြေနဲ့အရာအားလုံးကိုသိမ်းယူသွားတာ ဖြစ်ပါတယ် တိုက်ခိုက်သိမ်း ပိုက်လက်စနဲ့တိုင်းရင်းသားတွေ အခြေချတဲ့ တောင်တန်းဒေသပါ မကျန် နည်းပိရိယာယ်ကြွယ်စွာ တိုက်ခိုက်သိမ်းယူခြင်းဖြစ်ပါတယ် ။ဖူးတကူ ဆိုတဲ့ကရင်ကုန်သည် ညီနောင်လှေသမားက ရွှေတိဂုံစေတီတော်ကို ဘုရားရှင်ရဲ့ဆံတော်ရှင်အစစ်နဲ့  ငှာပဏာတည်ထားကိုးကွယ်ခဲ့တာကို ဦးနေ၀င်းကိုယ်တိုင်က ထီးတော်ကို မြေချ တိုင်းရင်းသားလူမျိုးတွေကို နာမ်နှိမ်ဖို့ ကြိုးစားလိုက်တာနဲ့  ထူးဆန်းတဲ့ မြေငလျင်ကြီး တနေ့ ကိုခုနစ်ကြိမ်ထက်မနည်း တိုင်းပြည်မှာလှုပ်ခပ်သတိပေး သွားခဲ့တယ်၊ ဒီမင်းဆိုးခေတ်မှာလည်း ဓနုဘုရားစေတီတော်ကိုဒေါ်ကြိုင်ကြိုင် ထီးသွားတင်လိုက်တာကိုပဲကြည့်တော့။မကြာသေးခင်ကမှ အနိတ္ထ အယုတ်တမကိုယ်တော် ဗိုလ်ချုပ်ကြီးရဲမြင့် ကရင်ပြည်နယ်မြ၀တီမြို့ သို့  အသွားချုံခိုတိုက်ခိုက်သတိပေးခြင်း ခံခဲ့ရတယ် သူရဲ့တပ်မတော်အရာရှိ ကြီးငယ်မိသားစု တွေကလည်း သူ့ ကို နေ့ တိုင်းမေတ္တာပို့ နေတော့တနေ့နေ့ တော့သူ့ ကိုစူးမှာပဲ လောလောဆယ်တော့ တကယ့်အစစ်မှန်မဟုတ်သေးတဲ့ ငြိမ်းချမ်းရေးကိုပြန်လာတဲ့ DKBA တပ်ဖွဲ့ ဝင်တချို့ တဖွဲဖွဲပဲတောပြန်ခိုသွား ကြပြီး အဲ့ဒီတော့ ညီနောင်တပ်မတော်သားတွေ ရန်သူများလာပြီး ထပ်တိုက်တပ်သေကြရအုံးမှာပေါ့ အဲ့ဒါဘယ်သူတရားခံလဲ…ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲဝင်နေရတဲ့ သူတွေစဉ်းစားတော့..မိသားစုဝင်တွေ ကိုယ့်လင် ကိုယ့်သား တွေကိုအကြံပေး စဉ်းစားစေအုံးပေါ့ ‘ဟေလည်းသုတ် မဟေလည်းသုတ်’ ဟုတ်လည်းသေမဟုတ်လည်းသေ ဖြစ်စေတော့မှာ။ဒီစစ် ဘီလူးဟာ ချိန်းခြောက်အနိုင်ကျင့်တာအကျင့်ပါလာခဲ့ပြီး သူကြောက်တာ သူ့  လိုအစွယ်ရှိတဲ့သူကိုပဲကြောက်တယ်၊ဒါကြောင့်သူ့ အစွယ်ကိုချိုးနိုင်ဖို့  ကိုယ့်အစွယ်ကိုထုတ်သုံးချမလာ ကိုယ့်အစွယ်ကိုချွတ်ပေးလည်စင်းခံမလား ။
မောင်ပေါက်ကျိုင်းထုံးနှလုံးကိုတော့ မူထားပြီး ဒီစစ်ဘီလူးမင်းဆိုးကို တပ်မတော်တွေ မှာရှိတဲ့ သိထားနားလည် သဘောပေါက်သွားတဲ့သူတွေ ကောပေါင်းသင့်ပေါင်းထိုက်တဲ့သူတွေ နဲ့ ပေါင်းဖို့  ဆုံးဖြတ်ပြီး ကိုယ့်တိုင်း ကိုယ့်ပြည် စစ်ငြိမ်းအောင်ပွဲ ကိုဆင်နွဲနိုင်ကြပါစေ။နောက်ထပ်ဗျူဟာမြောက်စစ်ဆင်ရေးအစီစဉ်ကိုအထိရောက်ဆုံးအမြန်ဆန်ဆုံးအပြီးသပ်စစ်ပွဲကိုဖြစ်စေနိုင်ဖို့  နဂါးနိုင်ပေါက်ကျိုင်းရဲ့ နှစ်သုံးဆယ်ကျော် ဖြတ်သန်းလာခဲ့တဲ့အတွေ့ အကြုံတွေရဲ့အကျိုးအပြစ်အဆိုးအကောင်းတွေ ကို တင်ပြအကြုံပေးပါမယ်။
ကိုယ့်အိမ်ကိုယ့်ယာကိုယ့်မိသားစုကိုယ်ပိုင်တဲ့နယ်မြေကိုယ့်လူမျိုးကိုကိုယ့်စိတ်ကြိုက်ညီညီညွတ်ညွတ်ချစ်ချစ်ခင်ခင်နားလည်သဘောပေါက်တတ်ခြင်းအတူတူအုပ်ချုပ်မလားအလိမ်ခံအနာခံဗမာဒဏ်ဆက်လက်မျိုးပြုတ်တဲ့ထိခံမလားနိုင်ငံခြားမှာပဲမျိုးပျောက်သားစဉ်မြေးဆက်နေမလားမထိရောက်တဲ့အပြောနဲ့မကူညီနိုင်တဲ့အပေါင်းသင်းတွေနဲ့ဒီတိုင်းတိုင်းနေမ လားစွန့်ပြီးစားမလား စွန့်ပြီးလွတ်ရဲလား တသက်မှာတခါ တခါဟာတသက်အတွက်အသက်ရှင်မလား။
ဒါကြောင့်......ညီအစ်ကိုများအားလုံးစဉ်းစားကြပါ။ သိလျှက်နဲ့ဆက်ပြီး ဒီအတိုင်း ငုတ်တုတ်ခံနေဦးမှာလား...?
နဂါးနိုင်မောင်ပေါက်ကျိုင်း
Showing posts with label နိုးဆော်ခြင်း. Show all posts
Showing posts with label နိုးဆော်ခြင်း. Show all posts