လူမဆန်မှုနှင့်ရင်ဆိုင်တိုက်ပွဲသတင်း

ဇန်နဝါရီလ ၂၀၁၀ခုနှစ်။

တပ်မဟာ(၁) သထုံခရိုင်
DKBA 999 မှမောင်ချစ်သူသည် ကျယ်ထိုးကော်ဆာတွင် အခြေချပြီး စခန်းဆောက် လုပ်ရန်အတွက်သစ်များကို ဘီးလင်းမြို့နယ် မဲ့နော်ဂေါ်ထာ ဒေသအား ၂၁.၁.၂၀၁၀ နေ့ရက် တွင်အရောက်ပို့ခိုင်း။
၁၁.၁.၂၀၁၀ ၂၂း၁၀ အချိန် လယ်ဖိုးကျေးရွာတဝိုက်တွင် သိန်းအောင်ထွန်း ဦးစီးသော စကခ(၄) ခမရ(၇၀၃) စစ်ကြောင်း(၂) သည်KNU၏ဆုံးမမှုကြောင့် စစ်ခွေး(၁) ကောင်ဒဏ်ရာရ။

၁၃.၁.၂၀၁၀ DKBA ၃၃၃ မှ စိန်အောင်သည် မဲ့နော်သဲ ကျေးရွာအုပ်စု၏အောက်ပါ ကျေးရွာများအား ၁.၃.၂၀၁၀နေ့ရက်တွင်သက်ကယ်များကို အတင်းအဓမ္မ နတ်ကြီးသို့အရောက်ပို့ခိုင်း။ (၁) မဲ့နော်သဲခီး သက်ကယ် (၅၀၀)ခက်၊ (၂) ပယ်ဝါထာ (၁၀၀၀)ခက်၊ ဃော်ထီးခီး (၁၀၀၀)ခက်၊ (၄) ဃော်ထီးထာ (၁၀၀၀)ခက်၊ (၅) ဖောဃီခီး (၅၀၀)ခက်၊ (၆) ပဲ့လက်နို (၂၅၀၀)ခက်၊ (၇) နိုဃဲ (၁၀၀၀)ခက်၊ စုစုပေါင်း (၇၅၀၀) ခက်တို့ကိုအတင်းတောင်းဆို။

တပ်မဟာ(၂) တောင်ငူခရိုင်
ထန်းတပင်မြို့နယ် ကလော်မီးဒါး နေ စကခ(၇) လက်အောက် ခမရ(၄၂၁) မှစစ်ခွေး များသည် ကလော်မီးဒါး ကျေးရွာသူ ၃၀ ယောက်၊ ကျေးရွာသား ၄၀ ယောက် တို့အားပေါ်တာအဖြစ် ၁၁.၁.၂၀၁၀ နေ့တွင် ပလဲဝ မှ ကလော်မီးဒါး စခန်းသို့အ တင်းအကြပ်သယ်ခိုင်း။

၁၂.၁.၂၀၁၀ နေ့ ပြင်စလိုရှိ စကခ(၇) ခမရ(၂၆၁) တပ်သည် ပလောဘောဒဲမှ ရွာသူရွာသား မ-၂ ဦး ကျား-၅ ဦး၊ ပြင်စလိုရွာမှ ၃၀ ဦး၊ယဲလို မှ ကျား-၁၀ဦး မ-၁၀ဦး၊ လေးအိုလိုဗိုဖမှ မ-၁၅ဦး၊ကျား-၅ ဦးတို့အားယူလို မှ ပြင်စလူစခန်းသို့အတင်းအ ကြပ်ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ခိုင်း။

တပ်မဟာ(၅) ဖာပွန်ခရိုင်
၁၅.၁၀.၀၉ နေ့တွင် DKBA သည် ဒွယ်လိုကော်ဆာတဝိုက် ဝေါမူဒေသ များတွင် ရွှေတူးဖို့အတွက်လမ်းများဖောက်ရာ ထိုဒေသအနီးတဝိုက်ရှိ လယ်ဧက(၅၈)ဧက ပျက်စီး။
၁၁.၁.၂၀၁၀ နေ့တွင် တိုက်ပွဲဖြစ်ပွားသောကြောင့် DKBA မှ ဘိုလွဲသည် မဲ့ထရူထာ မဲ့ဝေရွာစု မှ အိမ်၃လုံးကိုမီးရှို့ဖျက်စီး။

တပ်မဟာ(၆) ဒူပလာယာခရိုင်
၁၁.၁.၂၀၁၀နေ့ ၀၆း၅၀အချိန် DKBA ၉၀၈ မှ ဘိုကျော်ကျော်၊ စိန်မြ၊ အယ်ဖိုး တို့လူအင်အားစုပြီး KNU သူးရေး(၁၈) တပ်ခွဲ(၄) အား ခလေဖိုးယာပလာကျိုးတေါင် အောက်တွင်ဝင်ရောက်ပစ်ခတ်၊ အချိန်၅မိနစ်ကြာမြင့်၊ KNUဘက်မှ ၁ဦးကျ ၁ဦးဒဏ်ရာရ၊ M၁၆ တလက် ကျည်ဆံ ၄၁၀တောင့် လက်ပစ်ဗုံး၁လုံး၊ မိုင်းဗုံး၁လုံး အပြင်အခြား အီကွေ့မဲ့၎ခုဆုံးရှုံး။

Read More...

ညီအစ်ကို DKBA ခေါင်းဆောင်များသို့

ပြောင်းလဲဖို့အချိန်တန်ပြီ.....နောက်မှရတဲ့ နောင်တ အတွက်တစ်သက်လုံးယူကျုံးမရဖြစ်သွားမယ်နော်...အချိန်လေးရှိတုံး အချိန်မနှောင်းခင်မှာ နောင်တအသိတရားရပြီး...လူမျိုးသာသနာတော်အတွက် ပေးဆပ် ဖို့အချိန်တန်ပြီးလို့ထပ်မံသတိပေးပါရ စေဗျာ......
ဆက်လက်ပြီးတော့ အောက်က slide show သီချင်းကိုရှူ့စားပါလို့.........


Read More...

နေကြတ်သောပုံ

ရန်ကုန်ကနေ မိတ်ဆွေတစ်ဦး ပေးပို့လိုက်တဲ့ ၁၅.၁.၂၀၁၀ နေ့နေကြတ်တဲ့ပုံတွေ ကို share ပေးလိုက်ပါတယ်။။။







Read More...

တော်လှန်ရေးသစ္စာသည်သာ

ဓါတ်ပုံ-ကေအိုင်စီ

ညီငယ်တို့ရေ………
“ပြည်တွင်းစစ် အလိုမရှိ”
ကမ္ဘာသိရေး အစဉ်တွေးကာ
ကြွေးကြော်ချပြခဲ့သော်ညား
အာဏာပါးဝနေသူ
အုပ်စိုးသူ မဟာရူးတွေကြောင့်
ဆူးညှောင့်တွေကျော်ဖြတ်
ငါ..လက်နက်ကိုင်တော်လှန်ခဲ့ရတယ်။
တော်လှန်ရေးသမားလေ…….
သစ္စာတွေခိုင်ခိုင် လက်နက်ကိုင်ကာ
ပန်းတိုင်ကိုမရောက်မချင်း
ခရီးပြင်းနှင်နေတဲ့
ငါတို့ရဲ့စိတ်တွေ
အကြွေမလွယ်ခဲ့ပါဘူး။


ငြိမ်းချမ်းရေး လွတ်လပ်ရေး
မျှတရေး တန်းတူရေးတို့အတွက်
ရွေးစရာလမ်းက
တလမ်းထဲသာ ကျန်တော့တာမို့
ငါတို့…
ပထမနဲ့ နောက်ဆုံးထား
တရားသောစစ်ကိုဝင်
ဆင်နွဲခဲ့ရတာပါ အမောင်။

ညီငယ်တို့ရေ…………
တက်လမ်းတိုးလှစ်
မျက်ကန်းမျိုးချစ်တော့မဟုတ်ဘူး
ဇတ်လမ်း ချိုးပစ်ခံရ
မှတ်တမ်းချိုးညစ်ခံရတဲ့အခါ
ခုခံကာကွယ်ရေးတွေအတွက်
မျိုးဆက်တွေအတွက်
ပြေးထွက် ပေးဆပ်ခဲ့တာပါ အမောင်။
မုန်တိုင်းထန်ထန် လေ၊ ရေဆန်ထဲ
အမှန်သတိ သံမဏိစိတ်ထားရင်း
တစ်ဗိုလ်ဆင်း တစ်ဗိုလ်ခင်း
မပြိုယွင်း လမ်းစဉ်နဲ့
ကျွမ်းဝင်တဲ့အနစ်နာခံလို့
ငါတို့…..သစ္စာတော်လှန်ရေးကို ဆက်ခဲ့ကြပါတယ်။
သွေးကြွေးမယ်
ဆွေးနွေးစရာလိုသလား အမောင်
ညီနောင်သားချင်းအလား
သဘောထားတတ်ခဲ့ရင်
မကြားအပ်၊ မဖြစ်အပ်စရာ
ဒီကမ္ဘာမီးဟာ လောင်လာစရာအကြောင်းမမြင်
ဘုရင်ရူး၊ သခင်ရူး
အာဏာရူးတွေကိုတော်လှန်တဲ့လမ်းအမွန်
ညီရေ…..ကျွန်စိတ်မရှိရင်လိုက်ခဲ့ပါတော့။ ။

(လင်္ကာဒီပ)

မျိုးဆက်သစ်ကရင်လူငယ်များကို တော်လှန်ရေးသတိများ အစဉ်ရှိစေရန်နှင့်
ဒီတော်လှန်ရေးဟာလဲ အုပ်စိုးသူအစိုးရတို့၏ရွေးချယ်ပေးလိုက်သော အမှောင်
ဆုံးသောလမ်းဖြစ်သည်။ ထို့ကြောင့် လက်နက်ကိုင်တော်လှန်ရေးမှအပ
ရွေးချယ်စရာမကျန်တော့သော ကရင်တမျိုးသားလုံး၏ဘဝနှင့်(၆၁)နှစ်မြောက်ကရင့်
တော်လှန်ရေးနေကို ဤကဗျာလေးဖြင့်ရေးသားစပ်ဆိုကာ
လေးစားဦးညွတ်ဂုဏ်ပြုအပ်ပါသည်။

Read More...

လုပ်ချလိုက်ပြန်ပြီး..ဒီနအဖအုပ်စု(ဥစုပ်)ကောင်တွေ........

အလီဘာလာသန်းရွှေ ကသူ့ခိုးသားလေး ၂ ကောင်ကိုဘွဲ့ပေးလိုက်ပြန်ပြီး.....တို့ကတော့သူတို့ “လဒပြန်ချီဘွဲ့” ထပ်ပြီး အပ်နှင်းလိုက်မယ်...တပ်ချုပ်ကြီးတို့ကိုတော့ “အဓမ္မလူသတ်ကောင်ဘွဲ့” အပြင် “အလိမ်ကျော်စွာဘွဲ့” ကိုပါ bonus အနေနဲ့ထပ်လောင်းချီးကျွေးလိုက်ပါတယ်ဗျာ။။။။။။။။။။။။။။။။။။

ဦးတေဇနှင့် ဦးဇော်ဇော်ကို သီရိပျံချီဘွဲ့ စစ်အစိုးရပေးအပ်
Tuesday, 12 January 2010 18:33 ရန်ပိုင်

စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများ ဖြစ်သည့် ဦးတေဇနှင့် ဦးဇော်ဇော် တို့အား စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဘွဲ့ ဖြစ်သည့် သီရိပျံချီ ဘွဲ့တံဆိပ်ကို ပြီးခဲ့သည့် ၆၂ ကြိမ်မြောက် လွတ်လပ်ရေးနေ့က ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဦးတေဇ၊ ဦးဇော်ဇော် အပါအ၀င် စစ်ဘက်ဆိုင်ရာ အရာရှိကြီး ၁၆ ဦးကို စွမ်းဆောင်မှု ဆိုင်ရာ ဂုဏ်ထူးဘွဲ့တံဆိပ် ဖြစ်သည့် သီရိပျံချီ ဘွဲ့တံဆိပ်အား စစ်အစိုးရ အမိန့်ကြော်ငြာစာ အမှတ် (၂ / ၂၀၁၀) အရ ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု ရန်ကုန် အခြေစိုက် သတင်းသမား တဦးက ပြောသည်။

“အံ့သြဖို့ ကောင်းတာက ဒီလို စီးပွားရေး သမားတွေကို နိုင်ငံမှာ အမြင့်ဆုံး ဘွဲ့ဖြစ်တဲ့ သီရိပျံချီပေးတာပဲ၊ ဒါက တကယ့်ကို သိက္ခာရှိတဲ့ သူတွေကို ပေးတာလေ”ဟု ၎င်းကဆိုသည်။

သို့သော် အဆိုပါ ဘွဲ့တံဆိပ်များ ရရှိခဲ့သည့် ရဟန်းရှင်များနှင့် လူပုဂ္ဂိုလ်တို့ အမည်များကို ထုတ်ပြန်ကြေညာခြင်းမရှိဘဲ အမိန့် ကြော်ငြာစာများသာ ထုတ်ပြန်ခဲ့သည်။

ယခင်နှစ်များက သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်များ၊ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ၊ စစ်မှုထမ်းကောင်းတံဆိပ်များ၊ ပြည်သူ့ဝန် ထမ်းကောင်း စသည့် ဘွဲ့တံဆိပ်များ ပေးအပ်သည့် ရဟန်းရှင်များ ၊ လူပုဂ္ဂိုလ်များကို စစ်အစိုးရသတင်းစာတွင် ဖော်ပြခဲ့သည်။

ဦးတေဇသည် ထူးအုပ်စုကုမ္ပဏီ ကိုတည်ထောင်ထားပြီး သစ်စက်၊ ဆန်စက်၊ မော်တော်ယာဉ်နှင့် စက်ယန္တရားများ တင်သွင်းခြင်း၊ စိုက်ပျိုးရေးနှင့် ရေထွက်ပစ္စည်း ထုတ်လုပ်တင်ပို့သည့် လုပ်ငန်း၊ကျောက်မျက်လုပ်ငန်း၊ အိမ်တွင်းအလှဆင်လုပ်ငန်း၊သွင်းကုန်ထုတ် ကုန် လုပ်ငန်းအတွက် လိုအပ်သည့် ကွန်တိန်နာ၊ ယန္တရားများ ၀န်ဆောင်မှုပေးသည်လုပ်ငန်းများကို လုပ်ကိုင်သည်။

၎င်းသည် ပြည်တွင်းနှင့် ပြည်ပနိုင်ငံများကိုပြေးဆွဲနေသည့် အဲ ပုဂံ(Air Bagan)လေကြောင်းလိုင်းကို တည်ထောင်ထားပြီး မကြာသေးမီက ရေအားလျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းကြီး နှစ်ခုကိုလည်း စစ်အစိုးရနှင့် ဖက်စပ်လုပ်ကိုင်ခွင့် ရရှိခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်(MNL)ဟုထင်ရှားသည့် ဘောလုံးလောကတွင်လည်း ရန်ကုန်ယူနိုက်တက်ကလပ်အသင်းကို တည်ထောင် ထားပြီး ပြည်တွင်းပြည်ပကစားသမားများကို ခေါ်ယူကာ တနှစ်လျှင် လစာ ကျပ် သိန်းထောင်ချီပေးထားသည်ဟု Eleven Weekly ဂျာနယ်တွင် ဖော်ပြထားသည်။

ဦးဇော်ဇော်သည်လည်း ငွေကျပ်သိန်းပေါင်းများစွာ အသားတင်စိုက်ထုတ်၍ ဘောလုံးကလပ်အသင်း ၈ သင်းကို တည်ထောင်ပေးခဲ့ သူဖြစ်သည်။ ဟိုတယ်လုပ်ငန်း၊ စက်ယန္တရားတင်သွင်းခြင်းလုပ်ငန်း၊ မွန်ပြည်နယ်ရှိ ဘီးလင်းမြို့နယ်တွင် ရော်ဘာခြံ ဧက ၃၀၀၀ စိုက်ပျိုး နေပြီး၊ မက်စ် ဘိလပ်မြေ(Max Cement) ထုတ်လုပ်ရေးစက်ရုံများ၊ ရန်ကုန်- ပဲခူး ကားလမ်းမပိုင်းတွင် လမ်းအခွန် ကောက်ခံရေး လုပ်ငန်း၊ မော်တော်ယာဉ်တင်သွင်းသည့် လုပ်ငန်း၊ နေပြည်တော် တည်ဆောက်ခြင်း လုပ်ငန်း၊ ဖားကန့်ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းများကိုလုပ်ကိုင်နေသည်။

၎င်းက နာဂစ်ဒေသပြန်လည်ထူထောင်ရေးအတွက် လပွတ္တာနှင့် ပြင်စလူဒေသတွင် ကျပ်သိန်းပေါင်း ၂၀၀၀ကျော် လှူဒါန်းခဲ့ပြီး နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် ပရ၀ဏ် အတွင်းရှိ ပိဋကတ်ဗိမာန်ကြီးကိုလည်း ဆောက်လုပ်လှူဒန်းခဲ့သည်ဟု အဆိုပါ သတင်း ဂျာနယ် တွင်ဖော်ပြထားသည်။

ဦးဇော်ဇော်သည် လက်ရှိ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ တာဝန်ယူထားသည်။

အဆိုပါ စီးပွားရေးလုပ်ငန်းရှင်ကြီးများအား ဘွဲ့တံဆိပ်များ ပေးအပ်နိုင်ရန်အတွက် အမိန့်ကြော်ငြာစာ အမှတ် ၄၈/ ၂၀၀၉ကို ပြီးခဲ့ သည့်နှစ် ဒီဇင်ဘာ ၁၇ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ထိုသို့ပေးအပ်ရခြင်းမှာလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေအသစ်နှင့် အညီ အေးချမ်းသာယာပြီး ခေတ်မီ နိုင်ငံတော် တည်ဆောက် ရာတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဂုဏ်ပြုသင့်၊ ပြုထိုက်သည့် ပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီမြှင့်သွားခြင်းသာ
ဖြစ်ကြောင်း စစ်အစိုးရ သတင်းစာများတွင် ပါရှိသည်။

အဆိုပါ ဘွဲ့တံဆိပ်အမျိုးအစားသည် ပါလီမန်ဒီမိုကရေစီခေတ်က တိုင်းပြည်အကျိုးကို သယ်ပိုးခဲ့သည့် ပုဂ္ဂိုလ်များကို ပေးအပ်သော ဘွဲ့တံဆိပ်များဖြစ်ကြောင်း လွတ်လပ်ရေးမော်ကွန်းဝင် (ဒုတိယအဆင့်)၊ နိုင်ငံဂုဏ်ရည်( ပထမအဆင့်) ရရှိခဲ့သည့် အငြိမ်းစား သံ အမတ်ကြီးဟောင်း သခင်ချန်ထွန်းက ပြောသည်။

“ဖဆပလ အစိုးရ လက်ထက် တုန်းက အကျင့်စရိတ္တကောင်းရမယ်၊ နိုင်ငံရေးလုပ်တယ်၊ အများအကျိုးဆောင်ရွက်တဲ့ လူတွေကို ပေးတာ”ဟု ၎င်းက ဆိုသည်။

အဆိုပါ ဘွဲ့တံဆိပ်များကို ၁၉၄၈ ခုနှစ်နောက်ပိုင်းတွင် ချီးမြှင့်ခဲ့ကြောင်း၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အုပ်ချုပ်နေစဉ်က နောက်ထပ် ဆိုရှယ်လစ်စီးပွားရေး ထူးချွန်ဆုများကို တီထွင်ပြီးပေးအပ်ခဲ့ကြောင်း၊ ယခုစစ်အစိုးရ အာဏာသိမ်းခဲ့သည့် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ပေးအပ်ခြင်းမရှိတော့ကြောင်း သခင်ချန်ထွန်းက ဆိုသည်။

ပါလီမန်ဒီမိုကရေစီခေတ်က ချီးမြှင့်ခဲ့သည့် ဘွဲ့တံဆိပ်များမှာ သင်္ဂဟ ဂုဏ်ထူး ဆောင်ဘွဲ့များဖြစ်သည့် အဂ္ဂမဟာသီရိသုဓမ္မဘွဲ့၊ သတိုးသီရိသုဓမ္မဘွဲ့၊ မဟာသီရိသုဓမ္မဘွဲ့ ၊ ပြည်ထောင်စု စည်သူသင်္ဂဟဘွဲ့များ ဖြစ်သည့် အဂ္ဂသရေစည်သူဘွဲ့၊ သတိုးမဟာ သရေ စည်သူဘွဲ့၊ မဟာသရေစည်သူဘွဲ့၊ သရေစည်သူနှင့် စည်သူဘွဲ့များနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဘွဲ့များဖြစ်သည့် သီရိပျံချီ၊ ၀ဏ္ဏကျော်ထင်၊ အလကာင်္ကျော်စွာ၊ ဇေယျကျော်ထင် ဘွဲ့များဖြစ်သည်။

ကဗျာဆရာကြီး မင်းသုဝဏ်သည် ၁၉၅၀ ခုနှစ်တွင် ၀ဏ္ဏကျော်ထင်ဘွဲ့၊ ၁၉၆၂ ခုနှစ်တွင် သီရိပျံချီဘွဲများကို ရရှိခဲ့ပြီး အလားတူ စာရေးဆရာကြီး ဇေယျ သည်လည်း အဆိုပါ ဘွဲ့နှစ်ဘွဲ့စလုံး ရရှိခဲ့သည်။

ဗိုလ်မှူးချုပ်ကျော်ဇောသည် သရေစည်သူဘွဲ့ရရှိခဲ့ပြီး၊ ဗိုလ်မှူးကြီးစောမြင့်သည် လွတ်လပ်ရေး မော်ကွန်းဝင် (ပထမဆင့်)၊ နိုင်ငံ့ ဂုဏ်ရည် (ပထမ အဆင့်)၊ စည်သူတံဆိပ်၊ သီရိပျံချီ စည်သူ၊ သရေစည်သူနှင့် မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တို့ရရှိခဲ့သည်။

အလကာင်္ကျော်စွာ ဘွဲ့တံဆိပ် ကို ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့် ဇတ်မင်းသားကြီး ရွှေမန်းတင်မောင်၊ မြို့မငြိမ်းတို့ ရရှိခဲ့ဖူး သည်။

Read More...

မသိလို့မေးပါရစေဗျာ......

အခုတလောနအဖ၏ချီးစားအရိုးအရင်းစားတဲ့တိရိစ္ဆာန်တွေကအချိန်ရှိတိုင်း အားရားတိုင်းc-box တကာလှည့်ပြီးဟောင်နေတဲ့အကြောင်းကဖာပွန်ကို knu ဗုံး ခွဲတဲ့အကြောင်း knu မူးယစ်ဆေးရောင်းဝယ်တဲ့အကြောင်း တွေကိုအခြေအမြစ်မရှိ လျှာရိုးမရှိတိုင်း လိုက်လိုက်ဟောင်နေတဲ့ ကောင်တွေကိုတခုတော့ မေးလိုက်ချင်ပါ တယ်…..
ခင်ဗျားတို့ ထောက်ခံအားပေးနေတဲ့ နအဖ ကရောတိုင်းပြည်ကောင်းကျိုးအ တွက်ဘာတွေများလုပ်ဆောင်ပေးနေလဲ…. ဒိပြင် မြန်မာနိုင်ငံကထွက် ရှိတဲ့သံရာဇာ တ တွေကိုပြည်ပ ရောင်းချလို့ရတဲ့ဒေါ်လာတွေကို ဘယ်မှာတိုင်းပြည်အတွက်အ သုံးပြုလဲဆိုတဲ့ အဖြေကိုသိရင် လင်းစမ်းပါဦးဗျာ….။။။။။။။။။။။။။။။။။
သဘာဝဓာတ်ငွေ့ရောင်းချလို့ရတဲ့ အမြတ်ငွေ ဘီလီယံနဲ့ချီတဲ့ ဒေါ်လာတွေ ကိုလည်းတိုင်းပြည်တိုးတက်ဖို့အတွက်ဘယ်နေရာဘယ်ချောင်မှာသွားသုံးလဲ…..
နောက်တခုက ခင်ဗျားတို့ကိုဒီစစ်ချုပ်ကြီးတွေဘယ်လောက်ရှယ်ပေးနေလဲ.. ခင်ဗျားတို့ရဲ့ဘဝ အာမခံချက်အတွက်ဘယ်လောက်အထိ ဒီစစ်ချုပ်တွေပေးထားလဲ
သေချာအောင်ဆက်လက်ပြီးတော့နအဖစစ်အစိုးရရဲ့ရရှိတဲ့ဒေါ်လာတွေကို ဘယ်လိုဝှက်ထားလဲဆိုတာ အောက်ဖော်ပြပါလွန်ခဲ့တဲ့၂၀၀၉စက်တင်ဘာလတုန်းက သတင်းကိုဖတ်ကြည့်လိုက်ပါ….. ……..

သဘာဝဓာတ်ငွေ့ရောင်းရငွေ နောက်ကွယ်မှ အခွန်တော်ငွေကို အလွဲသုံးစားလုပ်ပြီး လျော်ကန်သင့်မြတ်ခြင်းမရှိသည့် ဝင်ငွေအဖြစ် မြန်မာစစ်အစိုးရအား ဒေါ်လာသန်းပေါင်းများစွာ ဆောင်ကျဉ်းပေးနေသည့် စင်ကာပူနိုင်ငံမှ ဘဏ် (၂) ခုအား နိုင်ငံတကာအနေဖြင့် ဖိအားပေးရန် နိုင်ငံတကာ လူအခွင့်အရေးအဖွဲ့က ယနေ့တောင်းဆိုလိုက်သည်။

အဆိုပါဘဏ်များမှာ စင်ကာပူတွင် ဖွင့်လှစ်ထားသည့် Singapore's Oversea Chinese Development Banking Corporation (OCBC) နှင့် DBS Group တို့ဖြစ်ပြီး မြန်မာကမ်းလွန်ပင်လယ်ပြင်မှ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ဖြန့်ဖြူးပေးနေသည့် ရတနာဓာတ်ငွေ့ပိုက်လိုင်း၏ အခွန်ငွေများအတွက် မြန်မာစစ်အစိုးရအား ဝန်ဆောင်မှုပေးနေသည့် ဘဏ်များဖြစ်သည်။

မြန်မာစစ်အစိုးရ ဝင်ငွေအဖြစ် အလွယ်တကူ ဖန်တီးပေးနေသည့် ထိုဘဏ်တို့အား ဖိအားပေးမှု မလုပ်ဆောင်ပါက စစ်အစိုးရအပေါ် နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများသည် အောင်မြင်မည်မဟုတ်ကြောင်း ဝါရှင်တန်အခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေးနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (ERI) က ထောက်ပြလိုက်ခြင်းဖြစ်သည်။

ထိုဘဏ်များသည် (၁) ဒေါ်လာ မြန်မာကျပ်ငွေ (၁,၀၀၀) ကျပ် နီးပါးအစား ငွေကြေးလဲလှယ်နှုန်းထားကို ယခင်နှုန်းထားအတိုင်း (၁) ဒေါ်လာလျှင် (၆) ကျပ်နှုန်းဖြင့်သာ တွက်ချက်လဲလှယ်နေသဖြင့် အခွန်တော်ငွေအဖြစ် မြန်မာနိုင်ငံ၏ ပြည်သူ့ဘဏ္ဍာငွေ (ဘတ်ဂျက်) သို့ ဒေါ်လာငွေ (၂၈) မီလီယံသာ ဝင်စေပြီး ထိုမသမာသည့် ငွေကြေးလဲလှယ်နှုန်းကြောင့် ပိုမိုနေသည့် (၄.၈) ဘီလီယံမှာ ယင်းဘဏ် (၂) ခုတွင် စစ်အစိုးရက အတိုးချထားကြောင်း စာမျက်နှာ (၁၀၆) ရှိ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့၏ အစီရင်ခံစာအသစ်တွင် အသေးစိတ်ဖော်ပြထားသည်။

“စစ်အစိုးရဆီကို ဒီလိုအလွယ်တကူ ရတဲ့ဝင်ငွေတွေ ဒေါ်လာ ဘီလီယံချီပြီးရနေတယ်။ အာရှတိုက်မှာ မြန်မာပြည်သူတွေက နေ့စဉ် အသုံးစရိတ်အတွက် အနိမ့်ဆုံးအဆင့်မှာ ရုန်းကန်နေရတဲ့အချိန်မှာ စစ်အစိုးရ ခေါင်းဆောင်တွေက ဒေါ်လာ ဘီလီယံချီ ရှိတဲ့ ပြည်သူ့ဘဏ္ဍာငွေတွေကို စင်ကာပူမှာ ဖွက်ထားတယ်” ဟု ဘန်ကောက်တွင် ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ERI ၏ မြန်မာနိုင်ငံဆိုင်ရာ ဆက်ဆံရေးတာဝန်ခံ Matthew Smith က ပြောကြားသည်။

ERI ၏ အဆိုအရ သဘာဝဓာတ်ငွေ့ပို့ဆောင်ရေးအတွက် ၂၀၀၀ ပြည့်နှစ်တွင် စတင်ခဲ့သည့် ရတနာပိုက်လိုင်း ကုမ္ပဏီသည် မြန်မာစစ်အစိုးရအား ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ရောင်းချမှုမှ ဒေါ်လာ (၄.၈၃) ဘီလီယံခန့် ဝင်ငွေ ရရှိစေသည်။ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပို့ဆောင်သည့် ရတနာကုမ္ပဏီသည် ပြင်သစ်အခြေစိုက် Total ကုမ္ပဏီနှင့် အမေရိကန်အခြေစိုက် Chevron ကုမ္ပဏီတို့က ပိုင်ဆိုင်သည်။
မြန်မာစစ်အစိုးရအား ဆယ်စုနှစ်ကျော် ပြည်တွင်းပြည်ပမှ ဖိအားပေးမှု မအောင်မြင်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ ယင်းTotal နှင့် Chevron ရေနံကုမ္ပဏီတို့ကြောင့်ဟု နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့က ထောက်ပြလိုက်သည့်အပေါ် သက်ဆိုင်ရာကုမ္ပဏီတို့က တစုံတရာမှတ်ချက်ပေးခြင်း မရှိသေးကြောင်း သိရသည်။

Read More...

ဗိုလ်ချုပ်မှူးကြီး၏သမီး နိုင်ငံခြားဘာသာတက္ကသိုလ် တက်ရောက် (စိုးမိုး/ ၁၄ ဇန်န၀ါရီ ၂၀၁၀)

သူကျတော့လည်း ဝင်ခွင့်စာမေးပွဲဖြေစရာမလို......ကျောင်းဖွင့်တာတစ်လကျော်မှလာတက်ဦးမယ်..သူများတွေပြောကုန်ပြီး မမသန္တာ ရေ...ကျွန်တော်ကတော့ တခုပဲမေးချင်တယ်..မမ ကိုးတန်းအောင်ရဲ့လားဗျာ...အင်းကျွန်တော့်အထင်တော့ အိမ်ကဒုတ်ကြီးကိုငြီးငွေ့ပြီး တက်သစ်စ ဒုတ်တွေကို လာရောက်ရှာဖွေ စားသောက်တာပဲနေမှာ.....သားသားလည်း ကျောင်းပြန်တက်ချင်နေပြီးဗျာ အသေးစိတ်ကိုအောက်တွင်ဆက်လက်ဖတ်ပါတော့......
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏သမီးတဦးဖြစ်သူ ဒေါ်သန္တာရွှေသည် ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်တွင် အင်္ဂလိပ်စာ အထူးပြု သင်တန်း တက်ရောက်မည်ဖြစ်သည်။


ပြီးခဲ့သည့် ဒီဇင်ဘာ (၄) ရက်နေ့က စတင်ဖွင့်လှစ်သည့် ရန်ကုန် နိုင်ငံခြားသာသာတက္ကသိုလ် တက်ရောက်ခွင့်အတွက် ၀င်ခွင့်စာမေးပွဲ ဖြေဆိုခဲ့ခြင်းမရှိဘဲ ယခု သင်တန်းဖွင့်ပြီး (၁) လကျော်ကြာမှ ကျောင်းတက်ရောက်မည်ဖြစ်သည်။
“သူကျတော့ ၀င်ခွင့်လည်း ဖြေစရာမလိုဘူး။ ကျောင်းဖွင့်တာကကြာပြီ။ အခုမှတက်ရင် ကျောင်းခေါ်ချိန် သူ (၇၅) ရာခိုင်နှုန်း ပြည့်မှာ မဟုတ်ဘူး။ ဟိုတခါ မင်္ဂလာဆောင်တဲ့တယောက်။ သူကြောင့်လေ အတန်းပြောင်းရတာ” ဟု ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် တက်ရောက်နေသူတဦးက ပြောသည်။
ဒေါ်သန္တာရွှေ ကျောင်းတက်မည် ဖြစ်သဖြင့် ၎င်းတက်ရောက်မည့် အင်္ဂလိပ်စာ ဒီပလိုမာ သင်တန်းခန်းကို စာသင်ခန်း Hall 1 နှင့် Hall 2 မှ ကျောင်းသားနည်းသည့် LRC ကျောင်းဆောင်သို့ စာသင်ခန်းကို ယမန်နေ့က ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။
“ဒီနေ့ စကျောင်းတက်မယ် ပြောတယ်။ ဒါပေမယ့် ဒီနေ့မရောက်လာဘူး။ ပုံမှန်အားဖြင့်တော့ စာသင်ရင် ဆရာ ဆရာမက ကျောင်းသားကို ကြပ်မတ်တာပေါ့။ ကျောင်းချိန်ပြည့်အောင်၊ စာလုပ်အောင် သူ့ကိုတော့ ဘယ်လို သင်ရမလဲ မသိသေးဘူး” ဟု ယင်းတက္ကသိုလ်မှ ဆရာမတဦးက ပြောကြားသည်။
နှစ်စဉ် ဖွင့်လှစ်နေသည့် အင်္ဂလိပ်စာ ဒီပလိုမာသင်တန်းမှာ ကျောင်းလခ (၁၃,၀၀၀) ကျပ်သာ ကျသင့်ပြီး ဒီပလိုမာ လက်မှတ် ရရှိခြင်း၊ မဟာတန်း ဆက်လက် တက်ရောက်နိုင်ခြင်းတို့ကြောင့် ငွေကြေးတတ်နိုင်သည့် ဘွဲ့ရကျောင်းသားများ တက်ရောက်မှု များသည့် သင်တန်းတခုဖြစ်သည်။
ယခုနှစ် ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် အင်္ဂလိပ်စာ ဒီပလိုမာသင်တန်း ၀င်ခွင့်ရ ကျောင်းသူ ကျောင်းသား (၁၄၇) ယောက် ရှိပြီး ယင်းစာရင်းထဲတွင် ဒေါ်သန္တာရွှေ မပါဝင်ကြောင်း သိရသည်။
လက်ရှိ သင်တန်းတက်ရောက်နေသော ကျောင်းသား ကျောင်းသူများကမူ ဗိုလ်ချုပ်မှူးကြီး၏ သမီးကို ဆရာ ဆရာမများ မည်သို့ စာသင်ကြားမည်၊ ပါမောက္ခများ မည်သို့ ဆက်ဆံမည်ကို စိတ်ဝင်စားနေကြသည်။
“အပေါက်ဆိုးပြီ ခဏခဏ ရစ်တဲ့ဆရာမတွေ သူ့ကို ဘယ်လိုစာသင်မလဲ သိချင်လိုက်တာ” ဟု ယူအက်ဖ်အယ်လ် ခေါ် ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် တက်ရောက်နေသူ ကျောင်းသူက ပြောကြားသည်။
ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်မှာ အထက်တန်းကျောင်းများကဲ့သို့ စည်းကမ်းတင်းကျပ်လှပြီး ကျောင်းချိန် နံနက် (၉) နာရီမှ ညနေ (၃) နာရီခွဲအတွင်း ကျောင်းသားများ ကျောင်းပြင်မထွက်စေရန် အလုံပိတ် ကန့်သတ်ထားသည့်ကျောင်းဖြစ်သည်။
တက္ကသိုလ်အားလုံး မြို့ပြင်သို့ ပြောင်းရွှေ့လိုက်ပြီး နောက်ပိုင်း ရန်ကုန်မြို့တော်တွင်း တက္ကသိုလ်အဖြစ် လူကြိုက်များလာပြီး စည်းကမ်းကြီးလှသည့် ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်ကမူ ဗိုလ်ချုပ်မှူးကြီး၏သမီး ကျောင်းလာတက်ပါက ကျောင်းသား ကျောင်းသူများကြား စည်းကမ်းများ လျှော့ပေါ့ပေးလာရဖွယ်ရှိကြောင်း ယူဆနေကြသည်။

ယူအက်ဖ်အယ် ပါမောက္ခချုပ် ဦးမျိုးမြင့်ဖြစ်ပြီး အင်္ဂလိပ်စာ ဌာနမှူးမှာ ဒေါ်သီတာဦးဖြစ်ကြောင်း သိရသည်

Read More...

ရင်ဆိုင်တိုက်ပွဲ နှင့် လူမဆန်မှု သတင်း (၁၂.၀၁.၂၀၁၀)

ဇန်နဝါရီ ၁၂ ရက် ၂၀၁၀ ခုနှစ်

တပ်မဟာ(၁) ဒူးသထူခရိုင်
၁.၁.၂၀၁၀ ဘီးလင်းမြို့နယ်တွင်းရှိ DKBA 333 မှကျော်မင်းသည်နော်ဘယ်ဘော အား သက်ကယ်မိုးအင်ဖက် ၁၅၀၀ခက်ကို ကတဲထိ ကားဂိတ်သို့၂.၁.၂၀၁၀တွင် အတင်းအကျပ်အရောက်ပို့ခိုင်း။။။။။ဒါ့အပြင်လာကျိုးခေါ်ထိကျေးရွာကိုလည်းအတင်းအကြပ်ထပ်မံပို့ဆောင်ခိုင်းပြန်တယ်။။။။။။။။။။
၁၀.၁.၂၀၁၀ DKBA 333 ၏လူ လော်အယ်သည် ပဒါဒေါ် ကျေးရွာအား ၂၀၀၀ခက်ကို၎င်း၊ စာကုန်း နှင့်
ညာဆှူထာကျေးရွာတို့အားအင်ဖက်
 ၁၅၀၀ ခက်အားပဒါဒေါ်တွင်စခန်းဆောက်လုပ်ရန်အတွက်တောင်းဆိုပြီး တဆက်တည်း ဘဲ တာအုခီးရွာ ၁၀၀၀ခက် နှင့် တာအုနီရွာအား ၂၀၀၀ခက်တို့ကို ၅.၁.၂၀၁၀ တွင်အတင်းအကြပ် တောက်တက်ကုန်းစခန်းသို့ပို့ဆောင်ခိုင်းပြန်တယ်။။။။။။။။။

တပ်မဟာ(၂) တောင်ငူခရိုင်
ကေအဲန်အယ်လ်အေနှင့် နအဖ တပ်တို့  အကြားတိုက်ပွဲအဆက်မပြတ်ဖြစ်ပွားရာ


၅၊ ၁၊ ၂၀၁၀ ရက်နေ့ ၀၉း၃၀ နာရီအချိန်၌ဘောလေးဒါးနှင့်ဒါခယ်ဒါးနယ်မြေကြား တကြိမ် နအဖ စစ်တပ်(၃)ဦးသေ (၂)ဦးဒဏ်ရာရ။
၈၊ ၁၊ ၂၀၁၀ရက်နေ့၁၉း၀၀နာရီအချိန်ခူလယ်ဒါးနယ်မြေထီးပေါ်ကူးထာ၌တကြိမ် နအဖ စစ်သား(၁)ဦး ဒဏ်ရာရ၊
၉၊ ၁၊ ၂၀၁၀ ရက်နေ့  ၆း၃၀ အချိန် ထီးပယ်ညာလိုနှင့်လိုထူဘိုးနယ်မြေ၌တကြိမ် နအဖ စစ်သား (၁)ဦးဒဏ်ရာရ၊
၁၀၊ ၁၊ ၂၀၁၀ ရက်နေ့  ၇း၃၀ နာရီ ကိုးဒေးနယ်မြေ လူဒေး၌ တကြိမ် နအဖ တပ် (၁)ဦးဒဏ်ရာရ၊ ၁၉း၀၀ နာရီ လာခလာဒေး ၌ တကြိမ် နအဖ တပ်(၁)ဦးဒဏ်ရာရ ကြောင်းသိရှိရပါသည်။။။။။
၁၁.၁.၂၀၁၀ ဒေါဖခိုကော်ဆာ ခမရ ၄၂၄ မှ ထွန်းထွန်းနိုင် သည် မော်ကိုးဒဲရွာမှ ရွာသားများအား သူတို့စခန်းချဖို့အတွက် တအိမ်တယောက် အတင်းအဓမ္မ တဲစ ခန်းဆောက်လုပ်ခိုင်း။။။။။။။။။။

တပ်မဟာ(၅) ဖာပွန်ခရိုင်
၁၊ ၁၊ ၂၀၁၀ ရက်နေ့ ပါမှာလေးခို၌ တကြိမ် နအဖ တပ် (၁)ဦးဒဏ်ရာရ၊
၅၊၁၊၂၀၁၀ရက်နေ့တာလူခိုတာခယ်ဒါး၌တကြိမ်၊တဖန်တာခယ်ဒါး၌နောက်တကြိမ်တိုက်ပွဲဖြစ်ရာ နအဖ တပ်မှ (၁)ဦးသေ (၁)ဦးဒဏ်ရာရ။
၆၊၁၊၂၀၁၀ရက်နေ့၀၅း၄၅အချိန်နာရီ၌KNLAတပ်မဟာ(၅)ဗဟိုတပ်ခိုဖယ်သူးကွန်မန်ဒိုတပ်ရင်းနှင့်ဂေါ်ကော်တပ်ရင်း(၁)ပူးပေါင်းတပ်ဖွဲ့ဝင်များသည်နအဖတပ်စခန်းတခုဖြစ် သောဒါးကြူခိုနအဖစစ်တပ်အဆင့်မြင့်ဆက်သွယ်ရေးအမျိုးမျိုးနှင့်ကြေးနန်းဆက်သွယ်ရေး စစ်စခန်းအား ၀င်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထိုစခန်းသိမ်းတိုက်ပွဲအပြီး နယ်မြေရှင်းလင်းရာ၌ နအဖ စစ်သားအလောင်း(၁၁)လောင်းကျန်ခဲ့ပြီး၆၀မမတစ်လက် အသီးအလုံး၄၀၊လက်နက်ငယ်ကျဉ်တောင့်၂၀၀၀ထောင့်၊ဆက်သွယ်ရေးစက်အကြီးတလုံး၊ အသေးတလုံး ကို KNLA မှ သိမ်းဆည်းရရှိ၊ ဆက်သွယ်ရေး တိုင်လည်းပြိုလှဲ ပျက်စီး၊ ဆက်လက်ပြီး စခန်း၌ ရှိသော ဆီ ၃၀၀ ဂါလံ၊ ဘိလပ်မြေအိတ် ၂၀၀၊ ထုံး ၁၀ အိတ် အပါအ၀င် နအဖ စစ်စခန်းအားဖျက်စီးပစ်ကြောင်း သတင်း ရရှိ။။။
၇.၁.၂၀၁၀ ရက်နေ့ ၌ ဆဲဒါးခိုနှင့်ဒါခယ်ဒါး ကြားတွင် ရင်ဆိုင်တိုက်ပွဲဖြစ် နအဖ စစ်တပ် (၁)ဦးဒဏ်ရာရ၊။။။။။။။

တပ်မဟာ(၆) ဒူးပလာယာခရိုင်

FP/ စရဖ တင်မောင်ထွန်း နှင့် ဒေါက်တာစိန်ဝင်း(ကျုံဒိုး)သည် ၂.၁.၂၀၁၀ တွင်အနီးတ ဝိုက်မှ ကျေးရွာသူကြီးများနှင့် တွေ့ဆုံပြီး မီးသတ်ကားတစီး ဝယ်ဖို့ရန်အတွက်ထီလက် မှတ်များကို ရောင်းခိုင်းကြောင်းသတင်းရရှိ။။။။
စောင်ရေ၁၀၀ပါသောထီတစ်အုပ်လျှင် တစ်ရွာနှူန်းဖြင့် တစ်စောင်လျှင် တန်ဖိုးငွေကျပ်
၁၀၀၀ ဖြင့် အိမ်အရေအတွက်များသည်ဖြစ်စေ နည်းသည်ဖြစ်စေ အတင်းအကြပ်မကုန် ကုန်အောင် ရောင်းချခိုင်းပါသည်။။
ထိုကိစ္စကြောင့်ရပ်ရွာလူကြီးများအခက်အခဲများကြုံတွေ့နေရပါတယ်။။။။ဘာကြောင့်လဲဆိုတော့ FP/ စရဖ၏ငွေရဖို့အတွက်လိမ်လည်ညစ်ပတ်မှုများကို ရွာသူရွာသားများ ကကြိုတင်သိထားနှင့်သောကြောင့် လုံးဝလုံးဝမဝယ်ယူလိုသောကြောင့်ဖြစ်သည်။။
အောက်ပါကျေးရွာများမှ ထီလက်မှတ်များကို အတင်းအကြပ်ရောင်းချခံခဲ့ရပါတယ်။။။
(၁) နွားခြံကုန်း(၂)ကော့ဝါးလဲ(၃)ရွာကလေး(၄)ကော့ထိုကေ(၅)ကော့ကျ(၆)ကရင် ကျောက်ဖျာ(၇)ကုလားကျောက်ဖျာ(၈)မိုင်နာကုန်း(၉)ဖားပူ(၁၀)ရေပုံကြီး(၁၁)မီးကလို ကျေးရွာများဖြစ်ပါတယ်။။။။။။

၈၊ ၁၊ ၂၀၁၀ ရက်နေ့ ကေအဲန်အယ်လ်အေ တပ်ရင်း(၁၆)နှင့် နအဖတပ် ခလရ ၄၀၂ စစ်ကြောင်း(၂)မောင်မောင်မျိုးဦးစီးသောတပ်တို့ထီးလိုဆောနှင့်ခေါ်ကလားဒေသကြားတွင် တိုက်ပွဲဖြစ်ရာ နအဖတပ်မှ တပ်ကြပ်ကြီး (၁)ဦးသေ။

တပ်မဟာ(၇) ဖားအံ့ခရိုင်
၅၊ ၁၊ ၂၀၁၀ ရက်နေ့ ၌ ထီးတောထာ ဒေသတွင်တိုက်ပွဲဖြစ်ရာ နအဖ ခလရ ၆၂ တပ်မှ (၃)ဦးသေ (၂)ဦးဒဏ်ရာရ။
၇၊ ၁၊ ၂၀၁၀ရက်နေ့တွင်ဒီကေဘီအေနှင့်ထီးဘော်သိုကလိုး၌တိုက်ပွဲဖြစ်ရာဒီကေဘီအေ (၂)ဦးဒဏ်ရာရ၊ စသည်ဖြင့် သိရှိရပါသည်။

Read More...

ကရင်အမျိုးသမီး တဦးအား နအဖ စစ်သားက မုဒိမ်းကျင့်ပြီး သတ်ဖြတ်

တပ်မတော်သာအမိ တပ်မတော်သာအဖလို့ပြောပြီး လုပ်ပုံကိုင်ပုံက အဆင့်အတန်းမရှိ...လက်နက်အား ကိုးပြီး မတရားအနိုင်ကျင့် နှိပ်စက်သတ်ဖြတ်...ဒါတင်မကသေးဘူး ယုတ်မာချက်ကကမ်းကုန်........သူများ တမိသားစုလုံး ဘဝပျက်တဲ့အထိ စုတ်ပြတ်သတ်တဲ့အထိ ပက်စက်ယုတ်မာတဲ့စစ်သားကိုမွေးထုတ်ပေးတဲ့ တပ်မတော်ကို “အမိအဖ” လို့ခေါ်သင့်မခေါ်သင့် ခင်ဗျားတို့နအဖကိုယ်တိုင်စဉ်းစား.......

ဒီဇင်ဘာလ ၃၁ ရက် ၂၀၀၉ ခုနှစ် အချိန်ညနေ ၂နာရီ တွင် ကရင်အမျိုးသမီး နော်ဒီဇင်ဘာ ၏ မိခင် နော်……… (၃၀)နှစ် သည် နအဖ စစ်သား စိုးမင်း ၏ မုဒိမ်း ကျင့်ခြင်း နှင့် သတ်ဖြတ်ခြင်းကို ခံခဲ့ရပါသည်။ ဖြစ်ပွားပုံ အသေးစိတ်မှာ… သေဆုံးသူအမျိုးသမီး၏ လင်ယောက်ျား မရှိခိုက်တွင် နအဖ စစ်သား စိုးမင်း သည် သူမ၏နေအိမ်တွင်း သို့အတင်းဝင်ရောက်ကာ အဓမ္မပြုကျင့်ပါသည်။ သေဆုံးသူအ မျိုးသမီးအော်ဟစ်အကူအညီ တောင်းသောအခါ ယင်းစစ်သားသည် ထိုအမျိုးသမီး ၏ ရင်ညွန့်အောက် နှင့် ဆီးအိမ် တို့ကို ဓားဖြင့် ၂ ချက်ဆီ စုစုပေါင်း ၄ ချက် ထိုးသတ်ခဲ့ရာ နေရာတွင်ပွဲခြင်းပြီးသေဆုံးသွားပါသည်။ ထိုသို့ကျူးလွန်ပြီးတာနဲ့ထွက်ပြေးသွားပါသည်။

Read More...

KNU ဘာလဲ

စစ်ခွေးနအဖနောက်လိုက် ခွေးဝဲစားများ၏မတရားစွပ်စွဲချက်များကို စောကော်ကညော ကအောက်ပါအတိုင်းတုံ့ပြန်ထားသည်ကိုဆက်လက်ဖတ်ပါရန်......


စောကော်ကညော ၏တုံ့ပြန်ချက်

Read More...

အပြောင်းအလဲ တကယ်ဖြစ်ချင်တယ်ဆိုရင်

အောင်ဇံ (၁၁ ဇန်န၀ါရီ ၂၀၁၀)
၂၀၀၉ ခု နှစ်ကုန်ဆုံးလို့ ၂၀၁၀ ဆိုတဲ့ သက္ကရာဇ်နှစ်တခုကို ပြောင်းခဲ့ပြန်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ထူးခြားသိသာတဲ့ အပြောင်းအလဲရယ်လို့မရှိ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကျပ်အတည်းတွေက အပြောင်းအလဲဖြစ်ဖို့ လိုအပ်နေပါတယ်။ ပြည်သူတွေကလည်း ခါးသီးတဲ့ ဘ၀အတွေ့အကြုံတွေအရ အပြောင်းအလဲကို မျှော်လင့်နေကြပါတယ်။ အပြောင်းအလဲဖြစ်ဖို့ ကြိုးစားခဲ့ကြတဲ့ နှစ်တွေ၊ တိုက်ပွဲတွေ မနည်းသလို ပေးဆပ်ခဲ့ရတဲ့ ဘ၀တွေ၊ အသက်တွေကလည်း မနည်းမနောပါပဲ။ ၁၉၆၂ ခုနှစ်ရဲ့ ဒီဘက်ခေတ်ဟာ မြန်မာနိုင်ငံမှာ အပြောင်းအလဲဖြစ်ဖို့ တိုက်ပွဲဝင်ခဲ့ကြတဲ့ခေတ် ဖြစ်ပါတယ်။ နည်းအမျိုးမျိုးနဲ့ တိုက်ပွဲဝင် ကြိုးပမ်းခဲ့ကြပါတယ်။

Read More...

တချိန်က လက်တွဲခဲ့သော ညီအစ်ကို DKBA များသို့

ကွယ်လွန်သွားခဲ့သော တေးရေးဆရာ စောဘီးချယ် သီကုံးရေးစပ်ခဲ့သော ဒီသီချင်းကို တေးဆို စောအယ်လယ်သ ကသီဆိုထားပါတယ်. သီချင်းရဲ့ ခေါင်းစဉ်ကတော့ မြန်မာလိုဘာသာ ပြန်ရမယ်ဆိုရင်............... "သံလွင်မြစ်နှင့်သောင်ရင်းမြစ်ကိုစံနမူနာအတုယူပါ" လို့...........တခါထဲပဲ သီချင်းကို အကျဉ်းချုပ်ဘာသာပြန်ပေးလိုက်ပါရစေ...ကရင်လူမျိုးကိုချစ်ပြီးကရင်စကားကိုဂဃဏနသိပ်နားမလည်သေးသောညီအစ်ကိုများအတွက်ကိုရည်စူးပြီး......................
 "တခုထဲသောအလံတော်အောက်မှာရှင်သန်နေတဲ့တို့ရဲ့ကရင်လူမျိုးများဘာကြောင့်တစိတ်တဝမ်းထဲမရှိကြတာလဲ?"..
"ကျွန်တော့်ထင်မြင်ယူဆချက်မမှားဘူးဆိုရင် တို့ရဲ့အလံတော်သည် (၂)ခု မရှိ..ဒီအတိုင်းပဲ ချစ်တဲ့ကရင်ပြည်ဟာလည်း (၂)ခုမရှိ"....."ကျွန်တော်တို့အားလုံး တစုတစည်းထဲစည်းစည်း လုံးလုံး ဖြစ်သင့်ပြီ"........
" သံလွင်မြစ် နှင့် သောင်ရင်းမြစ် ကိုကြည့်မယ်ဆိုရင် ဒီမြစ်နှစ်စင်းဟာ ဘယ်ကပဲ စီးဆင်းလာပါစေ.. နောက်ဆုံးတော့သူတို့နှစ်စင်းဟာ မြစ်ကြီးတစင်းအနေနဲ့ ပေါင်းစပ်ပြီး ပင်လယ်ထဲကို စီးဆင်းသွားပါတယ်"... ဒီမှာကျွန်တော်ပြောချင်တာ ကတော့တို့ကရင်လူမျိုးများဟာ ဘယ်လိုပဲစကားတွေ ဘာသာတွေကွဲပြားနေ ပါစေ ကျွန်တော်တို့ဟာ "ကရင်" ဆိုတဲ့လူမျိုးစုကြီးကနေဆင်းသက်လာတာပါ...ဒီလိုကွဲပြားနေတဲ့ အမြင်အ ယူအဆ တွေကို ပြုပြင်ပြောင်းလဲပစ်ပြီးတော့ စည်းစည်းလုံးလုံး တစိတ်တဝမ်းထဲနဲ့ လိုရာပန်းတိုင်ကို ချီ တက်ကြပါစို့လို့တိုက်တွန်းချင်ပါတယ်









Read More...

မုန်တိုင်းဒဏ်မိခဲ့တဲ့ နာဂစ်ဒေသ တော့ဒီတခါ အအေးဒဏ်မိတော့မယ်

သတ်မတော် မှ ဒုတိယခေါင်းဆောင်ကြီး နာဂစ်မုန်တိုင်းသင့်ခဲ့တဲ့ဒေသကိုသွားတော့မယ်တဲ့နော်.......ကဲ..ဒေသဆိုင်ရာတာဝန်ရှိသူများကျေးဇူးပြုပြီးအကောင်းတကာ့အကောင်းဆုံး ငါးဆူတောင်ထုတ် ယမကာ နဲ့စောင့်မျှော်ကြိုဆိုကြပါ...လို့ပန်ကြားအပ်ပါတယ်ခင်ဗျား........

ချင်းမိုင်(မဇ္ဈိမ)။ ။ စစ်အစိုးရအဖွဲ့ နံပါတ် ၂ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် မနက်ဖြန်တွင် နာဂစ် မုန်တိုင်းသင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း စစ်ဘက် သတင်းရပ်ကွက်များက ပြောသည်။


ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် နာဂစ် မုန်တိုင်းတိုက်ပြီးနောက် ဒုတိယအကြိမ် သွားရောက်သည့် ခရီးစဉ်အတွင်း ကျုံဒါးအပါအဝင် ဆိုင်ကလုံး ခိုလှုံရာ အဆောက်အဦးများ ဆောက်လုပ်နေမှုကို စစ်ဆေးရန် သွားမှာဖြစ်သည်ဟု ဆိုသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နာဂစ်ဒေသသို့ သွားရောက် စစ်ဆေးခဲ့သော နေရာများကိုပင် အဓိက ဦးတည် သွားရောက်ခြင်း ဖြစ်သည်ဟု သိရသည်။
နိုဝင်ဘာလဆန်း ၂၀၀၉ ခုနှစ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မြစ်ဝကျွန်းပေါ် တနှစ်တခေါက် ခရီးစဉ်၏ ဒုတိယအကြိမ်တွင် ဆိုင်ကလုံး ခိုလှုံရာ အဆောက်အဦးများ၊ စာသင်ကျောင်းများ၊ အစိုးရရုံးများ အပါအဝင် နိုင်ငံပိုင် စီမံကိန်းများ အားလုံး မတ်လ ၃၁ ရက်နေ့အပြီးသတ်ရန် မှာကြားထားခဲ့သည်။
ဒုတိယ ဗိုလ်ချုပ်ကြီး မောင်အေးခရီးစဉ်မှာ မပြီးပြတ်နိုင်သေးသော စီမံကိန်းများ အပြတ်ဖြတ်ရေး တိုက်တွန်းရန် ဖြစ်သည်ဟု လုပ်ငန်းရှင်များက ပြောသည်။
အေးရှားဝေါလ်၊ ရွှေသံလွင်၊ ထူးထရိတ်ဒင်း၊ တီဇက်တီအမ် အပါအဝင် စစ်အစိုးရ၏ လူရင်း လုပ်ငန်းရှင်များ၏ ကုမ္ပဏီများက တာဝန်ယူ တည်ဆောက် နေကြရသည်။
ယခု စီမံကိန်းသည် မထိရောက်ဟု ဝေဖန်မှုများလည်းရှိသည်။ ၂၀၀၈ ခုနှစ် မေလအတွင်း လူ ၁ သိန်း လေးသောင်းခန့် သေကြေပျောက်ဆုံးခဲ့ရသော နာဂစ် ဆိုင်ကလုံး မုန်တိုင်းလို ပမာဏရှိသော ဆိုင်ကလုံး ဖြစ်လာလျှင် ခိုလှုံရာ အဆောက်အဦးများ ပိုလိုအပ်လိမ့်မည်ဟု ဝေဖန်သူများက ဆိုသည်။
ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် သူနှင့် အထက်အောက် ရင်းနှီးစွာ နေခဲ့ဖူးသော ဒုတိယ ဗိုလ်ချုပ်ကြီး မြသင်း နာရေးကြောင့် နေပြည်တော်မှသည် ရန်ကုန်သို့ ရောက်ရှိနေခဲ့သည်။
ယခင် ပြည်ထဲရေး ဝန်ကြီးဟောင်း အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး မြသင်း (အသက် ၇၉ နှစ်) သည် ဇန်နဝါရီလ ၄ ရက်နေ့က ကွယ်လွန်သွားသည်။

Read More...

ရင်ဆိုင်တိုက်ပွဲ နှင့် လူမဆန်မှု သတင်း (၀၆.၀၁.၂၀၁၀)

တပ်မဟာ(၁) သထုံခရိုင်
- ၂၆.၁၂.၂၀၀၉ အချိန် ၁၃:၀၀ နအဖ ခမရ(၇၀၉) ၏တိုက်ခိုက်မှုကြောင့် ကျွန်တော်တို့ ရဲဘော်(၁)ဦး ဒဏ်ရာရ၊ AKတ လက်၊ ဗုံးသီး(၃၀)လုံး၊ စကားပြောစက်အသေး(၁)လုံး၊ ဆိုလာအပြားသေး(၃)ခု နှင့်အတူ ဘက်ထရီအကြီး(၃)လုံး ဆုံးရှုံး။

တပ်မဟာ(၂) တောင်ငူခရိုင်
- ၃၀.၁၂.၂၀၀၉ ထန်းတပင်မြို့နယ် ကလော်မီးဒါးအခြေစိုက် နအဖတပ် စကခ(၇)သည် ကလော်မီးဒါး ကျေးရွာသူ (၂၅) ယောက် ရွာသား (၅) ယောက်တို့အားသူတို့၏ ရိက္ခာကို ပလဲဝ စခန်းမှ ကလော်မီးဒါး စခန်းသို့ အတင်းအကြပ်သယ် ယူပို့ဆောင်ခိုင်း။
- ၁.၁.၂၀၁၀ ၀၉:၀၀ အချိန် နားထီးခို တွင် KNU ရဲဘော်များ၏ပစ်ခတ်မှုကြောင့် ရန်သူ(၁)ယောက် ဒဏ်ရာရ။ အဲဒီတ ရက်ထဲမှာဘဲ ၁၂:၁၅ အချိန်တွင် နော်လားကွာဒေး ကော်သေးဒါးဟော် တဝိုက်တွင် ကျွန်တော်တို့ရဲဘော်များ၏ ပစ်ခတ်မှု ကြောင့် ရန်သူ(၁)ယောက်ထပ်မံ ဒဏ်ရာရရှိ။
- ၁.၁.၂၀၁၀ ကလော်မီးဒါးအခြေစိုက် နအဖတပ် စကခ(၇)သည် ကလော်မီးဒါး ကျေးရွာသူ (၂၀) ယောက် ရွာသား (၁၀) ယောက်တို့အားသူတို့၏ ရိက္ခာကို ပလဲဝ စခန်းမှ ကလော်မီးဒါး စခန်းသို့အတင်းအကြပ်သယ် ယူပို့ဆောင်ခိုင်း
အဲဒီတရက်ထဲမှာ တောင်ငူ ခလယ်လာမှ စကခ(၇)မှူး ကျော်အေးသည် ခလယ်လာ၊ ကော်သေးဒါး၊ ကောစိုးခို နှင့် ခလေးစိုးခီး ကျေးရွာ(၄)ရွာမှ တအိမ်(၁)ယောက်နှုန်းဖြင့် သူတို့၏ရိက္ခာကို ကိုးဒေး မှ သအေးထာသို့သယ်ယူပို့ဆောင်ခိုင်း။
- ၂.၁.၂၀၁၀ အချိန် ၁၉:၅၀ ဝါဘောဒေး တဝိုက် ကျွန်တော်တို့ ရဲဘော်များ၏ ပြောက်ကျား ပစ် ခတ်မှုကြောင့် ရန်သူ(၁)ယောက် ဒဏ်ရာရ။

တပ်မဟာ(၃) ညောင်လေးပင်ခရိုင်
- ၁၉.၁၂.၂၀၀၉ စကခ(၇) ခမရ(၂၆၁) ခမရ(၄၄၀) တို့သည် ယူလို ကျေးရွာသူကျေးရွာသား (၆၀) ယောက်အား မိုးပြေ မှ ပြင်စလူ သို့သူတို့၏ရိက္ခာအားအတင်းအကြပ်သယ်ယူခိုင်း။
- ၂၀.၁၂.၂၀၀၉ တွင် (၇၀) ယောက်
- ၂၁.၁၂.၂၀၀၉ တွင် (၄၀) ယောက်
- ၂၂.၁၂.၂၀၀၉ တွင် (၃ရ) ယောက်
- ၂၃.၁၂.၂၀၀၉ တွင် (၈၀) ယောက်
- ၂၆.၁၂.၂၀၀၉ မူကော်ဆာ စကခ(၇) ခမရ(၂၆၁၊၄၄၀) သည် မဲပလာအုပ်စုမှ ၂၈၅ ယောက်၊ တောပုမှ ၂၅၅ ယောက်၊ တလိုင်းအိုင်မှ ၃၅၀ယောက်၊ ကျွန်းပင်သားမှ ၁၁၀ယောက် နှင့် လှည်းကူးလမ်းမှ ၁၄၅ ယောက်တို့အားလုပ်အားပေးထပ်မံတောင်းဆို။

တပ်မဟာ(၅) ဖာပွန် ခရိုင်
ကျွန်တော်တို့ရဲဘော်များ၏ ဆုံးမမှုကြောင့်………..
- ၂၁.၁၂.၂၀၀၉ ထွီသီးအူ နှင့် မာထောကြားတွင် ရန်သူ့ကားကြီးတစင်း ပျက်စီး
- ၂၃.၁၂.၂၀၀၉ ကုန်းဆဲ့ နှင့် မာထော အကြားတွင် ရန်သူ့ကားငယ် အနည်းအကျဉ်းပျက်စီး
- ၂၄.၁၂.၂၀၀၉ သွေးသောက်ရဲဘော်များနှင့် နအဖ တို့ထီးလိုဃခီး တွင်ရင်ဆိုင်တိုက်ပွဲဖြစ်ရာ နအဖ (၁) ယောက်ဒဏ်ရာရ။
- ၂၅.၁၂.၂၀၀၉ ထီးဂေထာ မားထော နှင့် ကုန်းဆဲ့ အကြားတိုက်ပွဲကြောင့် နအဖ(၂)ယောက် ဒဏ်ရာရ။
-၂၆.၁၂.၂၀၀၉ တယ်လဲခို ဘောလေးဒါးတဝိုက်တွင် ရဲဘော်များ၏ ပြောက်ကျားပစ်ခတ်မှု ကြောင့် ရန်သူနအဖ (၂)ယောက် ဒဏ်ရာရ။
- ၂၇.၁၂.၂၀၀၉ ရဲဘော်များ၏လက်သံပြောင်မှုကြောင့်မဲ့ပေါမူထာတွင်ရန်သူနအဖ(၁)ယောက် ဒဏ်ရာရ ပြီး အဲဒီတရက်ထဲမှာဘဲ ထီးစီးထာလယ်မူပလောတွင် ရန်သူ့မြင်း(၁)ကောင်သေ။
- ၂၈.၁၂.၂၀၀၉ သေဘေလူနှင့်မဲ့ထိုးထာအကြားတွင်ကျွန်တော်တို့ရဲဘော်များ၏ဆုံးမမှု
ကြောင့် DKBA(၂)ယောက်ဒဏ်ရာရ။
- ၂၉.၁၂.၂၀၀၉ မဲ့ထိုးထာတွင် DKBA (၁)ယောက်နှင့် ရွာသား(၁)ယောက်ဒဏ်ရာရ၊ တရက် ထဲမှာဘဲ မူနွယ်ဒေး တွင် DKBA(၄)ယောက်နှင့် ဝါဘောကျိုးတဝိုက်တွင် DKBA(၂)ယောက် ထပ်ပြီးတော့ဒဏ်ရာရ။
- ၃၀.၁၂.၂၀၀၉ တာဂေါ်လေပလောတွင် ရန်သူ(၁)ယောက်ဒဏ်ရာရ၊ အဲဒီတရက်ထဲမှာဘဲ လယ်မူပလောတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ရာ ရန်သူ(၂)ယောက်ဒဏ်ရာရ။
- ၃၁.၁၂.၂၀၀၉ တိုလူခို၊ထီးညာမိုးထာ တွင်ရဲဘော်များ၏ သွားရောက်ပစ်ခတ်မှုကြောင့် ရန်သူ (၁)ယောက်သေ၊ ရိက္ခာသယ်မြင်း(၆)ကောင် သေ(၃)ကောင်ဒဏ်ရာရ။
- ၂.၁.၂၀၁၀ တိုလူခိုတာခဲဒဲဟော်တဝိုက် တွင်ရဲဘော်များ၏ သွားရောက်ပစ်ခတ်မှုကြောင့် ရန် သူ့မြင်း(၅)ကောင် ထိခိုက်၊ တရက်ထဲမှာဘဲ ၀၈:၂၀ နာရီ တွင် DKBA ၏ကားတစီးကို ပနာလို နှင့် ဝါသိုကလျား အကြားတွင် ဖျက်ဆီးနိုင်၊ အရပ်သား(၂)ဦးသေ (၂)ဦးဒဏ်ရာရ၊ DKBA (၂) ဦးဒဏ်ရာရ။ အဲဒီတရက်ထဲမှာဘဲ နယ်မြေရှင်းလင်းတဲ့ DKBA အဖွဲ့ကို မျိုးချစ်ရဲဘော်များက ဆုံးမလိုက်ရာ (၁)ယောက်သေ (၁)ယောက်ဒဏ်ရာရ ပြီး .22 တလက်ကိုရရှိခဲ့ပါတယ်။

တပ်မဟာ(၆) ဒူးပလာယာ ခရိုင်
- ၂၉.၁၂.၀၉ ကျော်သက် မောင်ညိုရွှေ တို့ဦးဆောင်သော DKBA (908,999) အုပ်စုသည် ခူဒို ကျေးရွာမှ ရွာသားများကို ပြင်းပြင်းထန်ထန် နှိပ်စက်ပြီး ကျေးရွာ၃ရွာမှ ရွာသူမကြီး ၃ဦးအား ဖမ်းဆီးခေါ်ဆောင်သွား
- ၃၀.၁၂.၂၀၀၉ ကျော်ကျော်၊ ကျော်သက်၊ မောင်ညိုရွှေ၊ အကြည် တို့ဦးစီးသော DKBA (908,999) အကျူ ပနွယ်ပူ ကျေးရွာသား အခွာဖိုး (၄၂) နှစ်အားပြင်းထန်စွာ နှိပ်စက် ဒါ့အပြင် ဦးအေးကျော်(၅၅)နှစ် ၏ကြက်တစ်ကောင် ဦးပိုင်လှိုင်(၆၀)နှစ်၏ ကြက်တစ်ကောင် ဦးနိုင်စိန် (၅၂)နှစ်၏ ကြက်တစ်ကောင် နှင့် ဗူးသီး၃လုံး ဦးချစ်သိန်း(၇၀)နှစ် ၏ကြက်တစ်ကောင် ဘဲသုံး ကောင် ဦးထင်အောင်(၆၀)နှစ်၏ ကြက်တစ်ကောင်တို့အားအတင်းအဓမ္မယူဆောင်သွား။
- ၁.၁.၂၀၁၀ DKBA မောင်ညိုရွှေ ဦးစီးတဲ့အဖွဲ့ ရွာသားများကိုပစ်ရာ တစ်ဦး ဒဏ်ရာရ၊ အကျူ ကျေးရွာနေ စောတာလူ(၃၂)နှစ် လက်ဖဝါးပေါက်ထွက်၊ ထပ်ပြီးတော့ ကော်ကသောကျေးရွာနေ ဆရာ မ မအုန်းရွှေ(၂၈)နှစ် နေအိမ်အားပစ်ခတ်။
- ၃.၁.၂၀၁၀ တွင်DKBA 908 မှ မောင်ညိုရွှေ နှင့် မြင့်ဇော်ဦး တို့သည် အကြူကျေးရွာနေ မကြည် ၏ ဘဲ၎ကောင်၊ မငြိမ်းသိမ်း၏ ဘဲ၁ကောင်၊ မူးယာခင်၏ ဘဲ၂ကောင် နှင့် နော်မူးအေ ၏ကြက်၁ကောင် တို့အားပိုင်ရှင် ခွင့်ပြုချက်မယူပဲ ပစ်ခတ်စားသောက်၊၊



Read More...

ရင်ဆိုင်တိုက်ပွဲ နှင့် လူမဆန်မှု သတင်း (၀၇.၀၁.၂၀၁၀)

တပ်မဟာ(၁) ဒူးသထူခရိုင်

- ၂၆.၁၂.၂၀၀၉ နေ့ ဘီးလင်းမြို့နယ်တွင် DKBA 333 တပ်ရင်း(၃) စခန်းမှုးစိုးအောင် သည် လယ်ကဒယ် ကျေးရွာအား အင်ဖက်(၁၀၀၀)ခက်၊ နိုကနဲ ကျေးရွာ အားအင်ဖက်(၁၀၀၀)ခက် တို့ကို တောင်တက်ကုန်းစခန်းသို့ ၂.၁.၂၀၁၀နေ့တွင် အတင်းအကြပ် အရောက်ပို့ဆောင်ခိုင်း......

တပ်မဟာ(၂) တောင်ငူခရိုင်

- နေ့ ၄.၁.၂၀၁၀ အချိန် ၁၅:၁၈ ကျွှန်တော်တို့ KNU ဘက်မှ ရန်သူအား လယ်ထိုးဘို အနီးတွင် စောင့်ပစ်ရာ နအဖ ၏ ဘက်တော်သား (၁) ယောက် ဘဝပြောင်းသွား

- နေ့ ၅.၁.၂၀၁၀ အချိန် ၁၃:၄၀ ထီးညာပယ်လို စခန်းအနီးတဝိုက်တွင် ကျွန်တော်တို့ KNU ၏ပြောက်ကျားပစ်ခတ် မှုကြောင့် ရန်သူ(၁) ယောက်ဒဏ်ရာရ

- ၄.၁.၂၀၁၀ နေ့ ထန်းတပင်မြို့နယ် နအဖ ၏ စကခ(၇) သည် ကလောမီးဒဲ ကျေးရွာသူ (၃၀)ယောက် ကျေးရွာသား (၄၀) ယောက်တို့ အား ပလက်ဝ မှ ကလောမီးဒဲ သို့ ပေါ်တာ အဖြစ်အတင်းအကြပ်စေခိုင်း....

- ၅.၁.၂၀၁၀ နေ့ အထက်က နအဖ တပ် စကခ(၇)သည် ကလော်မီးဒဲ ကျေးရွာသူရွာသား စုစုပေါင်း (၇၀) ယောက်၊ မော်ဖါးဒဲ ကျေးရွာ မှ (၄၀) ယောက် နှင့် လမ်းတွင် ဖမ်းဆီးသော တခြားရွာ မှ (၁၈) ယောက် တို့အား ပလက်ဝ မှ ကလော်မီးဒဲ စခန်း သို့ ပေါ်တာ အဖြစ် သူတို့ရိက္ခာ ကိုသယ်ဆောင်ခိုင်း......

တပ်မဟာ(၃) ညောင်လေးပင်ခရိုင်

-၂.၁.၂၀၁၀ နေ့ ကျွန်တော် တို့ရဲဘော်များ နှင့် နအဖ ရင်ဆိုင်တိုက်ပွဲ ထီးလယ်ဘောထာ အနီးတဝိုက်တွင် ဖြစ်ပွား ရာ စစ်ခွေး(၁)ကောင်သေ ပြီး (၁) ကောင်ဒဏ်ရာ


တပ်မဟာ(၆) ဒူးပလာယာ ခရိုင်

- ၄.၁.၂၀၁၀ အချိန် ၀၉:၄၈ မောင်မောင်မျိုး ဦးဆောင်သော ခမရ(၄၀၂) စစ်ကြောင်း(၂) ကို ကျွန်တော်တို့၏ တပ်ခွဲ(၁၆) က ပြောက်ကျား ဝင်ရောက် ပစ်ခတ်ရာ စစ်ခွေး(၁)ကောင် ဘဝပြောင်းသွား.......

ကိုင်း.....စစ်ခွေးတွေရေ
မင်းတို့ထမင်းဝအောင် သာစားထားကြ...မကြာခင်မင်းတို့လည်းဘဝပြောင်းခံထိတော့မယ်...တခုသတိထပ်ပေးလိုက် ဦးမယ်...ဘုရားတရားသံဃာ ကိုလည်းမမေ့နဲ့နော်....ဒါမှ ကောင်းရာသုဂတိလားမှာ......

Read More...