တရားမ၀င်ကုန်သွယ်မှုနှုန်းမြှင့် တက်ကြောင်းမြန်မာအစိုးရ၏ပြော ဆိုချက် KNU ငြင်းဆို

KIC သတင်းမှ.......

မြန်မာအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး-KNU တို့အကြား ယခုလဆန်းပိုင်းက အပစ်အခတ်ရပ်စဲရေးဆိုင် ရာသဘောတူ လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြ၀တီလမ်းကြောင်း၏ တရားမ၀င် ကုန်သွယ် မှုနှုန်း မြှင့်တက်လာခဲ့ကြောင်း ကရင်ပြည်နယ်အစိုးရ စီးပွားရေးဝန်ကြီး၏ ပြောဆိုချက်မှာ အခြေအမြစ်မရှိဟု KNUက တုံ့ပြန်ပြောကြားလိုက်သည်။

ယခုလ ၂၃ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် တရားမ၀င်မှောင်ခို ပစ္စည်းတင်သွင်း မှုကို အရေးယူမည့် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေး ဆွေးနွေးပွဲတွင် ကရင်ပြည် နယ်အစိုးရ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးနိုင်မင်းစိုးသိန်း၏ ပြောဆိုချက်ကို KNU ဒုဥက္ကဌ ပဒိုဒေးဗစ်သကဘောက တုံ့ပြန်ပြောဆိုခြင်းဖြစ်သည်။

၎င်းက “ကျနော်တို့ အပစ်ခတ်ရပ်စဲရေးကလည်း ဘာမှ တိတိကျကျသေသေချာချာ ဆောင် ရွက်ထားတာ မရှိသေးဘူး။ ဒီအပစ်ခတ်ရပ်စဲရေး အတွက်ကိုပဲ အများကြီး ဆက်လက်ဆွေး နွေးရအုံးမယ်။ ဒီမှောင်ခို ကိစ္စကတော့ KNUနဲ့လည်း မပတ်သက်ဘူး။ ကျနော်တို့ ကရင် လူမျိုးတွေလည်း မပတ်သက်ဘူး။ ဒီတရားမ၀င် ကုန်သွယ်ရေး ကိစ္စက အစကတည်းကရှိ နေတာဖြစ်တယ်။”ဟု ပြောသည်။

မြန်မာအစိုးရနှင့် KNUတို့အကြား ယခုလ ၁၂ရက်နေ့က ဘားအံမြို့တွင် နှစ်ဖက်အပစ် အခတ်ရပ်စဲရေးအတွက် ပဏာမ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသော်လည်း အပစ် ခတ်ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များနှင့် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်ဆွေးနွေး သွားရန်ရှိပြီး ဆွေးနွေးပွဲ ကာလအတွင်း စီးပွားရေးလုပ်ငန်းနှင့် အခြားဆက်စပ်လုပ်ငန်း များကို လုပ်ကိုင်ရန် လုံးဝအစီအစဉ်မရှိဟု KNUဘက်က ပြောသည်။

သို့သော် မြန်မာကုန်သည်ကြီး တစ်ဦးဖြစ်သည့် ဦးအောင်ဝင်းက မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သည့် မဲဆောက်-မြ၀တီတွင် တရား မ၀င် မှောင်ခိုပစ္စည်း အပြန်အလှန် တင်ပို့မှုမှာ လွန်ခဲ့သည့် နှစ် ၂၀ခန့်က စတင်ခဲ့သည်ဟု ပြောသည်။

၎င်းက “ဒီလမ်းကြောင်းမှာ လုပ်တဲ့နယ်စပ်ကုန်သွယ်ရေးက တရားဝင်နဲ့ တရားမ၀င်တဲ့ နည်းတွေကို တွဲပြီး သုံးနေရတယ်။ ဒါက နှစ်ဖက် တာဝန်ရှိသူတွေရဲ့ ကုန်သွယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ အားနည်းလို့ ဖြစ်တယ်။ အထူးသဖြင့် မြန်မာဘက်က ကုန်သွယ်မှု လုပ်ငန်းဆိုင်ရာ ပြဌာန်းချက်တွေကို လျော့ပေါ့ပြီး စဉ်းစားပေးမယ်ဆိုရင် ဒီတရားမ၀င် ကုန်သွယ်မှုဟာ လျော့နည်းသွားမှာ ဖြစ်တယ်။”ဟု ဆိုသည်။

ထို့အပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်ကလည်း မြန်မာနိုင်ငံအတွင်း တရားမ၀င်မှောင်ခို ပစ္စည်းများ တင်သွင်းမှုကို ၃လ အတွင်း ကန့်သတ် အရေးယူမှုများ ပြုလုပ်မည်ဟု ယခုလ ၂၃ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေး ဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။

ကရင်ပြည်နယ် အခြေစိုက် နိုင်ငံရေးပါတီတခုမှ ခေါင်းဆောင်တစ်ဦးက “အစိုးရနဲ့ KNU ကြားမှာ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က အစပဲရှိသေးတယ်။ နှစ်ဖက်တာဝန်ရှိ သူတွေအနေနဲ့ အပြောအဆိုတွေကို ထိန်းထိန်းသိမ်းသိမ်း ပြောဖို့လိုအပ်ပါတယ်။ အခု ကရင်ပြည်နယ်ဝန်ကြီး ပြောပုံအရဆိုရင် KNUက တရားမ၀င် မှောင်ခိုပစ္စည်း တင်ပို့မှုတွေ လုပ်နေတယ်ဆိုတဲ့ သဘောသက်ရောက်နေတယ်။”ဟု ဝေဖန်ပြောဆိုခဲ့သည်။

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးတွင် မဲဆောက်ဘက်မှ မြ၀တီ ဘက်သို့ တရားဝင် တင်ပို့နေသည့် ထိုင်းထုတ်ကုန်များမှာ တလလျှင် ထိုင်းဘတ်ငွေ သန်း ၃,၀၀၀ ခန့်ရှိပြီး တရားမ၀င်တင်ပို့မှုမှာလည်း ဆတူနီးပါးခန့် ရှိသည်ဟု ထိုင်းကုန်သည်ကြီးများက ပြောသည်။

တဆက်တည်း၌ပင် လက်ရှိ မြန်မာနိုင်ငံ ပြည်တွင်းဈေးကွက်တွင် ရောင်းချနေသည့် တရားမ၀င် မှောင်ခို ပစ္စည်းအများစုမှာ ထိုင်း-မြန်မာနယ်စပ် မြ၀တီနှင့် တရုတ်-မြန်မာနယ်စပ် မူဆယ်လမ်း ကြောင်းများမှတဆင့် ၀င်ရောက်လာသည့် ပစ္စည်းများ ဖြစ်သည်ဟု မြန်မာကုန်သည်ကြီးများကလည်း ပြောဆိုနေကြသည်။

Read More...

KNU Statement Regarding Negotiation Peace Talk

KNU Statement Regarding Negotiation Peace Talk With Burmese Gov. (Burmese)

Read More...

အပစ်အခတ်ရပ်စဲရေးမှာတောင်းဆိုတဲ့အချက် ၁၁ ချက် အပြည့်အစုံ

11 Points for Cease Fire

Read More...

ညီညွတ်ရေး၊ ငြိမ်းချမ်းရေးမှ သည်လွတ်မြောက်ရေးဆီသို့....

အီးမေးလ် ကလက်ခံ ရရှိလိုက်တဲ့ စာလေးတစ်စောင်ကိုမျှဝေပေးလိုက်ပါတယ်။
To "KNU"

Read More...

ဒီမိုကရေစီ ရေးလှုပ်ရှား သူများ အား နှိပ်စက် သတ်ဖြတ် ရာတွင် အဓိက တရားခံ ဖြစ်သူ ဦးခင်ညွန့် အား လုပ်ကြံ မည့် သတင်း များထွက်ပေါ်

Freedomnewsgroup မှ.........

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေး တော်ပုံတွင်ပါဝင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့်အပြစ်မဲ့ ပြည်သူများအား နှိပ်စက်ညှင်းပန်း ပြီးသတ်ဖြတ် ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်းတို့  အပြင် ၎င်း အာဏာ ရှိစဉ် ၁၉၈၈ခုနှစ် မှ ၂၀၀၄ခုနှစ် အောက်တိုဘာလ အတွင်း၌တက်ကြွလှုပ်ရှားသူများ နှင့်ဒီမိုကရေစီ ရေးကြိုးပမ်းခဲ့သူတို့ ကိုရက်ရက်စက်စက် နှိပ်ကွပ်ခဲ့သည့် မြန်မာအစိုးရ ၀န်ကြီးချုပ် ဟောင်း နှင့် ထောက်လှမ်းရေးအကြီးအကဲ ဟောင်း ဖြစ်သူဗိုလ်ချုပ် ကြီး ခင်ညွန့်  အား လက်စား ချေလုပ်ကြံသတ် ဖြတ်မည့်သတင်းများထွက် ပေါ်နေသည် ဟု သတင်း ရရှိသည်။

အဆိုပါ လုပ်ကြံသတ် ဖြတ်မှုများကို ၎င်းအာဏာရှိစဉ်ကအပြင်း အထန် နှိပ်ကွပ်မှုကို ခံရသည့် ဒီမိုကရေစီ ရေးလှုပ်ရှားသူများက ပြုလုပ်ရန်စီစဉ် ခြင်းမဟုတ်ဘဲစစ်ထောက်လှမ်း ရေး မိသားစုများ ကြောင့် စီးပွားဥစ္စာ ဓန နှင့် ဘ၀ ပါဆုံးရှုံး ခဲ့ရသည့် မိတ်ဆွေများကွန်ယက် ကပြုလုပ်ရန်စီစဉ် ခြင်း ဟု FNG မှသိရှိရသည်။

ဗိုလ်ချုပ် ခင်ညွန့် အားလုပ်ကြံသတ် ဖြတ် ရန် သူအာဏာရှိစဉ်ကတည်းကစီစဉ်ထားရှိခဲ့မှုများ ရှိသည်ဟု သတင်းရရှိ ပြီးနောက်ပိုင်း အဖမ်းခံရ ချိန်တွင် ဆိုင်းငံ့ ထားခဲ့ခြင်းဖြစ် နိုင်ကြောင်း နှင့်ယခု ပြန်လည်စတင်ခြင်းဖြစ် နိုင်ကြောင်းယခင် ရွှေတိဂုံဘုရားလမ်းရှိ ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦး က ပြော သည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့်  အာဏာရှိစဉ်က စီးပွားပျက်၊ဘ၀ပျက်မှုခံခဲ့ရသူများတွင် စီးပွားရေး နှင့် လူမှုရေး လုပ်ငန်းလုပ်ကိုင် နေသူများပါ ပါဝင် သည်။

Read More...

KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ ရှင်းလင်းပွဲပြုလုပ်

စောသိန်းမြင့် (ကေအိုင်စီ)

မြန်မာအစိုးရနှင့် တွေ့ဆုံခဲ့ပြီး ပြန်လည်ရောက်ရှိလာသည့် ကရင်အမျိုးသားအစည်းအရုံး(KNU) ပြည်တွင်းငြိမ်းချမ်းရေး ကိုယ် စားလှယ်အဖွဲ့သည် အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည့်ကိစ္စရပ်များကို ဗဟိုကော်မတီဝင်များထံသို့ ယမန်နေ့က တင်ပြရှင်း လင်းပွဲ ပြုလုပ်ခဲ့သည်။

KNU အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က “ခရီးစဉ်တစ်လျှောက်လုံးနဲ့ပတ်သက်ပြီး EC ကို ပြန်လည် တင်ပြတယ်။ နောက်ပြီး ဆက်လက် ဆွေးနွေးရေးအတွက် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ ကိစ္စကိုလည်း ပြန်လည်ချပြရှင်းလင်းမှုတွေ လုပ်တာပါ။”ဟု ပြောသည်။

KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်များ ပါဝင်သည့် ၁၉ဦးအဖွဲ့သည် ဇန်န ၀ါရီလ ၁၁ရက်နေ့က စတင်ခဲ့သည့် ၅ရက်ကြာ ခရီးစဉ်တွင် ရထားဝန်ကြီး ဦးအောင်မင်း၊ စက်မှုဝန်ကြီး ဦးစိုးသိန်း၊ လူဝင်မှုနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးခင်ရီ၊ ကရင်ပြည်နယ် ၀န်ကြီးချုပ်ဦးဇော်မင်း၊ မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအုန်းမြင့်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှ နယ်စပ်လုံခြုံရေးဝန်ကြီးများအပြင် ဒုသမ္မတ စိုင်းမောက်ခမ်းနှင့်လည်း တွေ့ဆုံခဲ့ ပြီး ဇန်န၀ါရီလ ၁၅ရက်နေ့ညနေတွင် ထိုင်း-မြန်မာနယ်စပ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

အစိုးရနှင့် သွားရောက်တွေ့ဆုံမှုတွင် ဆွေးနွေးရန်အဆင့်သာ ခွင့်ပြုထားပြီး လက်မှတ်ရေးထိုးရန် မပါဝင်သောကြောင့် မကြာမီ ပြုလုပ်မည့် အမြဲတမ်းကော်မတီ အစည်းအဝေးတွင် KNU ဗဟိုကော်မတီအတွင်း ဆွေးနွေးသွားမည်ဟု နော်စီဖိုးရာစိန်က ဆက်ပြောသည်။

ယခုလ ၁၂ရက်နေ့က KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် အစိုးရ၏ မီးရထားဝန်ကြီး ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုတွင် အပစ်အခတ် ရပ်စဲရန်၊ ဆက်ဆံရေးရုံး ဖွင့်လှစ်ရန်၊ လက်နက်မပါဘဲ တနိုင်ငံ လုံး သွားလာရန်နှင့် ကျန်အဆင့်များကို ဆက်လက်ဆွေးနွေးသွားရန် စသည့်အချက်များဖြင့် ပြည်နယ်အဆင့် ပဏာမ သဘောတူညီခဲ့ကြသည်။

အဆိုပါ သဘောတူညီချက်အရ အသေးစိတ် အချက်အလက်များကို ၄၅ရက်အတောအတွင်း ဆက်လက် ဆွေးနွေးရန်ရှိပြီး လာမည့် ဗဟိုကော်မတီ အစည်းအဝေးတွင် ထိုကိစ္စရပ်များကို ဆွေးနွေးသွားမည်ဟုလည်း KNU က ပြောသည်။

အစိုးရနှင့် KNU အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုအပေါ် မဟာမိတ်နှင့် အခြားတိုင်းရင်းသား အဖွဲ့အစည်းများမှ ဝေဖန်မှု များ မရှိသော်လည်း ပြည်တွင်းပြည်ပရှိ ကရင်လူမှုအဖွဲ့အစည်းတချို့က ထောက်ပြဝေဖန်မှုများ ပြုလုပ်လာခဲ့ကြသည်။

မြန်မာအစိုးရ အဆက်ဆက်ကို ၁၉၄၉ခုနှစ်မှစ၍ ခုခံတော်လှန်ခဲ့သည့် KNU သည် မြန်မာအစိုးရနှင့် တရားဝင် ၆ကြိမ် တွေ့ဆုံ ခဲ့ပြီးနောက် ပထမဦးဆုံးအကြိမ်အဖြစ် ပဏာမ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သော်လည်း ထိုကိစ္စအပေါ် ကရင်လူထု အတွင်း ဝေဖန်မှုများ အမျိုးမျိုး ထွက်ပေါ်လျှက်ရှိသည်။

Read More...

KNU နယ်မြေအတွင်း အစိုးရစစ်တပ် ရိက္ခာပို့

စောသိန်းမြင့်(ကေအိုင်စီ)

နှစ်ဘက် အပစ်အခတ်ရပ်စဲရေးကာလတွင် အစိုးရစစ်တပ်ဘက်မှ ကရင်အမျိုးသားအစည်း အ ရုံး-KNU နယ်မြေအတွင်းရှိ တပ်စခန်းများသို့ ရိက္ခာပစ္စည်းပို့ဆောင်မှုများ လုပ်ဆောင်နေသည်ဟု KNUက ပြော သည်။

KNU တပ်မဟာ(၆)နယ်မြေဖြစ်သည့် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဝေါ်လေ၊ ကျိုက်ဒုံ၊ အဇင်း၊ ပိုင်ခလန်စ သည့်ဒေသဘက်တွင် အစိုးရစစ်တပ် တပ်မ(၂၂)မှ တစ်နှစ်စာအတွက် ရိက္ခာကို ယခင်လမှစ၍ ယခု အ ချိန်ထိ ကားအစီးပေါင်း ၄၀၀စီး ပို့ဆောင်ထားပြီဖြစ်သည်ဟု KNUတပ်မဟာ(၆)မှ တာဝန်ရှိသူ ဗိုလ်ကြီး ထဲနေက ပြောသည်။

၎င်းက“ ကြာအင်းဆိပ်ကြီးကနေ ကျိုက်ဒုံ၊ ကျိုက်ဒုံကနေ အဇင်း၊ အဇင်းက ထီးထာ့ဘောင်၊ ပိုင်ခလန်အ ထိ ပို့တယ်။ ဝေါလေခီး၊ စုကလိအပါအ၀င်ပေါ့။ မနေ့က တရက်တည်းဆိုရင် ကားအစီး ၇၀၊ ဒီဇင်ဘာလ ကနေ အခုချိန်ထိ ဆိုရင် ရိက္ခာကားအစီးပေါင်း ၄၀၀ရှိပြီ”ဟု ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBAနှင့် အစိုးရတို့ အပစ်အခတ်ရပ်စဲမှုအပြီးတွင် DKBA လှုပ်ရှုားနယ်မြေများ ဖြစ်သည့် ဝေါ်လေ၊ စုကလိဘက်တွင် အစိုးရ စစ်တပ်မှ စစ်ရိက္ခာ ပစ္စည်း ပို့ဆောင်မှုများပို၍ လုပ်ဆောင်လာကြောင်း ဗိုလ်ကြီးထဲနေက ပြောသည်။

သို့သော် ဘုရားသုံးဆူနှင့် အနန်းကွင်းဒေသဘက်တွင်လည်း ရိက္ခာပစ္စည်းပို့ဆောင်ရန်အတွက် အစိုးရစစ် တပ်ဘက်မှ KNUတပ်မဟာ (၆)၏ ဗျူဟာမှူး ဗိုလ်မှူးကြီးဂျိုးစွာအား ပြီးခဲ့သည့်ရက်ပိုင်းက လူလွှတ်ခွင့် တောင်းခဲ့ရာတွင် စောသေးကြောင်း ဗိုလ်မှူးကြီးဂျိုးစွာက အကြောင်းပြန်ခဲ့သည်။

အစိုးရစစ်တပ်များ ယခုလို ရိက္ခာပို့ဆောင်ရာတွင် ယခင်လ အပစ်အခတ်မရပ်စဲသေးသည့်အချိန်က KNU တပ်ဖွဲ့၏ ၀င်ရောက်ပစ်ခတ်နှောက်ယှက်မှုများရှိခဲ့သော်လည်း ယခုလ ၁၂ရက်နေ့က KNUနှင့် အစိုးရတို့ အပစ်အခတ်ရပ်စဲပြီးနောက် ထိုကဲ့သို့ မပြုလုပ်တော့ကြောင်း KNUက ပြောသည်။

ယခုလ ဇန်န၀ါရီလ ၁၂ရက်နေ့တွင် KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် ပြည် ထောင်စုအစိုးရအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိုယ်စားလှယ်တို့ ဘားအံမြို့၌ တွေ့ဆုံရာတွင် အ ပစ်အခတ်ရပ်စဲရန်၊ ဆက်ဆံရေးရုံး ဖွင့်လှစ်ရန်၊ လက်နက်မပါဘဲ တနိုင်ငံလုံး သွားလာရန်နှင့် ကျန်အ ဆင့်များကို ဆက်လက် ဆွေးနွေးသွားရန် စသည့်အချက်များဖြင့် ပြည်နယ်အဆင့် ပဏာမ သဘောတူညီ ချက်စာချုပ် ချုပ်ဆိုခဲ့သည်။

ထို့နောက် ထိုပဏာမသဘောတူညီချက်နှင့် စပ်လျဉ်း၍ အစိုးရ ကာကွယ်ရေး ဦးစီးချုပ်ရုံး -ကကကြည်း မှ ကရင်ပြည်နယ်ရှိ ၎င်းတို့တပ်များအား သတ်မှတ်နယ်မြေအတွင်း စစ်ရေးလှုပ်ရှားခြင်း၊ လူများကို ပေါ် တာဆွဲခြင်း မပြုလုပ်ရန်နှင့် တစ်ဘက်နှင့်တစ်ဘက် ဆွေးနွေးပွဲပျက်ပြားစေမည့် အပြုအမူများ လုံးဝ မ လုပ်ကြရန် သက်ဆိုင်ရာ ကြည်းတပ်များအား ညွှန်ကြားထားသလို KNUဘက်ကလည်း ၎င်းနည်းတူ ညွှန် ကြားထားသည်ဟု စစ်ဘက်ဆိုင်ရာ သတင်းအရ သိရသည်။

အလားတူ KNU နယ်မြေများဖြစ်ကြသည့် တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ ဖာပွန်ခရိုင်၊ သထုံခရိုင် ဘက်တွင်လည်း ယခင်လမှစ၍ ယခုအချိန်ထိ အစိုးရစစ်တပ်မှ ရိက္ခာပစ္စည်းပို့ဆောင်မှုများ လုပ်ဆောင် နေကြောင်း သက်ဆိုင်ရာ KNU အရာရှိများက ပြောသည်။

မြန်မာအစိုးရနှင့် KNUတို့ အပစ်အခတ်ရပ်စဲနေချိန်တွင် အစိုးရစစ်တပ်ဘက်မှ ရိက္ခာပို့ဆောင်မှုများ အ ဆက်မပြတ်လုပ် ဆောင်မှုအပေါ် မြန်မာအစိုးရနှင့် KNU အပစ်အခတ်ရပ်စဲရေးကိစ္စတွင် သံသယရှိသည် ဟု KNU အောက်ခြေတပ်မှူးများက သုံးသပ်သည်။

Read More...

facebook တွေက ပြောနေကြတဲ့ ဦးခင်ညွန့် အကြောင်း

နေ့သစ်မှ...........

ဦးခင်ညွန့်ကို လွှတ်လိုက်တာဟာ သူတို့ကို လူတွေက ဘယ်လောက် ခွင့်လွှတ်နိုင်လဲဆိုတာ စမ်းသပ်ကြည့်တာ ဖြစ် ကောင်းဖြစ်နိုင်တယ်။ ပြီးတော့ ဒီလောက် ဆိုးခဲ့တဲ့လူဟာ ပြန်လည် ထင်ပေါ်လာနိုင်သေးလား ဆိုတာ စမ်းကြည့်တာ လဲ ဖြစ်နိုင်တယ်။သူလုပ်ခဲ့တာ ကောင်းခဲ့တာတွေရှိတယ် ဘာဘာညာညာ။
မြန်မာပြည် ဒီလောက် ဆိုးရွားသွားခဲ့တဲ့ အဓိက တရားခံထဲမှာ သူပါတယ်။ တရားခံ နံပါတ် ၁ ဟာ ဦးနေ၀င်းဆိုရင် တရား ခံ နံပါတ် ၂ ဟာ ဦးခင်ညွန့်ပဲ။ ၈၈ မှာ အတိုက်အခံတွေဘက်က ကြားဖြတ်အစိုးရဖွဲ့ဖို့ နှောင့်နှေးခဲ့ရတဲ့ အခြေအနေမှာ သပိတ်တန်ပြန်ရေး ဖော်ဆောင်သွားတာ သူနဲ့ ထောက်တွေပဲ။ ၈၈ မှာ ခေါင်းဖြတ်ပြ၊ စက်ရုံတွေဖောက်ပြ မင်းမဲ့ စရိုက် ဆိုတဲ့ ဘက်ကို လုပ်ပြသွားတာသူပဲ။ အဲ့ဒါကြောင့် ဒီနေ့တချို့ လူငယ်တွေ ၈၈ မှာ တပ်မတော်က ကယ်တင်လိုက်ရ တယ်ဆိုတဲ့ ဗိုလ်ချုပ်ခင်ညွန့်ရဲ့  အလှည့်စားခံလေးတွေ ဖြစ်သွားတာပဲ ဒီနောက်မှာ သပိတ်နှိမ်နှင်းရေးတွေကို လူမဆန် အောင် ကြူပင်ခုတ် ကြူငုတ်မကျန် လုပ်ခဲ့တာ သူပါပဲ။

ရေကြည်အိုင်လိုမျိုး နာမည်ဆိုးနဲ့ကျော်ကြားတဲ့ စစ်ကြောရေးစခန်းတွေက ငရဲခန်း နှိပ်စက်ခန်းတွေဟာသူ့စနက်တွေ ချည်း ပါပဲ။ ဆိုင်ကယ် မောင်းခိုင်းတာက အစ သောက်တဲ့ ရေထဲ မာကျူရီထည့်ပြီး ဦးနှောက်ပျက်အောင် လုပ်တဲ့အထိ ဆိုးရွား ခဲ့တာ သူပါပဲ။
ရေကြည်အိုင်ကို ၀င်သွားတဲ့သူ မှန်သမျှ အကောင်းအတိုင်း ပြန်ထွက်လာတယ်ဆိုတာ အလွန်ရှားပါတယ်။ လူမသိ သူမ သိ လက်လွန်သွားတဲ့သူတွေ ဘယ်လောက်ရှိသလဲဆိုတာ ရေတွက်လို့ မရပါဘူး။ တကယ်တော့ မြန်မာတပြည်လုံးကို အကြောက်တရားနဲ့အုပ်ချုပ်ခဲ့တာမျိုးကို စစ်ဗိုလ်ချုပ်တွေ မလုပ်တတ်ခဲ့ပါဘူး။ ညအချိန်မတော် အိမ်တံခါးလာခေါက်ပြီး ညီလေး အစ်ကိုတို့နဲ့ ခဏလိုက်ခဲ့ပါလို့ ဘယ်တော့များ အခေါ်ခံရမလဲဆိုတဲ့ အကြောက်တရားမျိုးကို လူတွေစိတ်ထဲ ရိုက် သွင်းခဲ့တာ ဗိုလ်ချုပ်ခင်ညွန့်ပါ။ နိုင်ငံရေးဆိုတာ လုပ်တာနဲ့ သင်္ချိုင်းကုန်းပဲ ပြေးမြင်အောင် လုပ်ထားတာ သူပါ။
စစ်သားတွေဟာ မျက်ကန်းမျိုးချစ်နဲ့ငါတကောကော အမှားတွေလုပ် တိုင်းပြည်ကို စစ်တပ်လို အုပ်ချုပ်ဖို့ကြိုးစားပါတယ်။ တကယ်တော့ စစ်ဗိုလ်ချုပ်တွေချည်းပဲဆို စစ်တပ်က ဒီလောက် ဖိနှိပ်ဖို့ မလွယ်ပါဘူး။ ဗိုလ်ချုပ်ခင်ညွန့်လို ပါးပါးနပ်နပ်နဲ့ ကောက်ကျစ်တဲ့ စစ်သားမဟုတ်တဲ့ သူကြောင့်သာ စစ်တပ် သက်ဆိုးရှည်ခဲ့တာပါ။ အာဏာရှင်တွေရဲ့ ကယ်တင်ရှင်ပါပဲ။ ဒါကြောင့် သူဟာ တပ်ထဲမှာ နေရာပေးခြင်း ခံခဲ့ရတာပါ။
ဦးနေ၀င်း ဆင်းပြီးသူ့သြဇာခံတွေလဲ ထည့်မရတဲ့အဆုံးမှာ ဗိုလ်ခင်ညွန့်ကို နောက်ဆုံးလက်နက်အဖြစ် သုံးခဲ့တာပဲ။ အဲ့ဒီ အချိန်မှာ ဗိုလ်ချုပ် စောမောင် ဆိုတာ ရုပ်သေးပဲ။ နောက်က တကယ် လှုပ်ရှားခဲ့တာ တွင်း ၁ ၊့  တွင်း ၂ နဲ့ ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်မျိုးညွန့်တို့ပဲ။အဲ့ဒီ ၃ ယောက်မှာ စီမံခန့်ခွဲသူက ဗိုလ်ချုပ်ခင်ညွန့်ပဲ။ ဗိုလ်ချုပ် သန်းရွှေကိုလဲ အစက ဟန် ပြ အဖြစ် တင်ခဲ့တာပဲ။ နောက်မှ သူတို့အပေါ်ရောက်သွားလို့ ခံလိုက်ရတာ။
သေနတ်ရှိမှ နေရာမြဲတဲ့ စစ်တပ်ထဲမှာ စစ်ကောင်းကောင်း မတိုက်တတ်၊ စစ်တပ်ကျောထောက် နောက်ခံမရှိတဲ့ ဗိုလ်ခင် ညွန့်ဟာ အခြေအနေ မကောင်းဘူးဆိုတာ သိပါတယ်။ ဒါကြောင့် တိုင်းရင်းသားတော်လှန်ရေး အုပ်စုတွေနဲ့ စစ်ပြေငြိမ်း ရေးလုပ်တာကို ဘန်းပြပြီး ဘိန်းမှောင်ခိုအဖွဲ့ ၊လက်နက်ကိုင် သူပုန် အဖွဲ့ တချို့ကို ငြိမ်းအဖွဲ့တွေအဖြစ် ဖန်တီးပြီး ကျော ထောက်နောက်ခံရအောင် ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် ကိုးကန့်တို့ဟာ မြန်မာလူမျိုးထဲတောင် ပါဝင်ခွင့်ရခဲ့ပါတယ်။ ငြိမ်းအဖွဲ့တွေ သူတလူငါတမင်း လုပ်ချင်တိုင်းလုပ်တာကို ခံခဲ့ရပါတယ်။ စစ်တပ် ကျောထောက်နောက်ခံ မရှိတဲ့ သူအဖို့ ဒီလို ရည်ရှည်သွားတာဟာ နောက်ဆုံး သူ ဒုက္ခရောက်မယ်ဆိုတာကို သဘောပေါက်လာပါတယ်။
စစ်အစိုးရ အနေနဲ့ ရည်ရှည်သွားတာဟာ မကောင်းဘူးလို့အစောဆုံး သဘောပေါက်တာလဲ ပါမယ် ထင်ပါတယ်။ ဒါကြောင့် အခု ပုဆိုးဝတ် စစ်သားကြီးတွေ ကပြနေတဲ့ ဇာတ်ကို သူက အရင် ရေးသွားခဲ့တာပါ။ အဲ့ဒီအချိန်မှာသာ သူ့ကို ပေးကခဲ့ရင် အခု ပုဆိုးဝတ်ကြီးတွေကို ဗီလိန်နေရာထားပြီး သူက မင်းသားနေရာကနေ ကမှာကို မြင်ခဲ့လို့ စင်ပေါ်ကနေ ကန်ချခံခဲ့ရတာပါ။
တကယ်တော့ ဗိုလ်ချုပ်ခင်ညွန့်ဟာ စစ်သား စစ်စစ် မဟုတ်ပါဘူး။ ရှေ့ တန်းတောင် ကောင်းကောင်း ရောက်ဖူးရဲ့ လား မပြောတတ်ဘူး။ စစ်တက္ကသိုလ် ဆင်းလဲ မဟုတ်ပါဘူး။ စစ်သားတွေဟာ သေနတ်ကို သုံးပြီး ဉာဏ်နည်းနည်းနဲ့ပဲ လုပ် တတ်ပါတယ်။ သူကတော့ ဉာဏ်ရှိပြီး ကောက်ကျစ်တဲ့သူပါ။ ကဲ ဘယ်သူဟာ ပိုကြောက်စရာကောင်းလဲ စဉ်းစားကြည့် ကြပါ။ သူလို လူမျိုးကို ကျနော်တို့ အာဃာဋ ထားစရာမလိုဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီအတွက် အချိန်မရှိလို့ပဲ။ တခြားတိုးတက်ရေးလုပ်စရာတွေ အများကြီးရှိနေတယ်။ ဒါပေမယ့် နိုင်ငံတိုးတက်ရေးမှာ ၀င်မနှောင့်ယှက်နိုင်အောင် တော့ သတိထားနေရမယ်။ သူလုပ်ခဲ့တာတွေကိုတော့ မေ့မပစ်ဘဲ ထပ်မခံရအောင် သင်ခန်းစာတော့ ယူရမယ်။
မောင်ညီ MMCP
…………………………………..
ဦးခင်ညွန့် ဘာတွေလုပ်ခဲ့လဲ ဟုတ်လား
၁- စစ်အစိုးရ တတ်ခါစမှာ သူတဦးတည်းမှာ ပါဝါအပြည့်ရှိတယ်လို့ ပြောလို့ရလောက်အောင်ကို ပါဝါရှိပါတယ်။ အဲ့ဒီ အ ချိန်က သူဆန္ဒပြ ကျောင်းသားတွေ NLD နဲ့လူ့ဘောင်သစ်ပါတီဝင်တွေကို ဘယ်လို့ဘ၀တွေရိုက်ချိုးခဲ့တယ်ဆိုတာ ပြန် ပြောပြဖို့လိုမယ် မထင်ပါဘူး။ မန္တလေး သံဃာ့အရေးအခင်းကနေစပြီး သံဃာတွေကို ဘယ်လိုသူ ထောင်သွင်းအကျဉ်း ချခဲ့ပါသလဲ….
၂- အာဏာတည်ဆောက်ပုံ…ကြမ်းတဲ့နေရာမှာ သူ့လောက်ဘယ်သူမှ မကြမ်းပါဘူး။ သူ့အထက်က ဦးစောမောင်၊သူ့လယ် ဗယ်ထက် တဆင့်မြင့် ဦးမြင့်အောင်၊ ဦးထွန်းကြည် တို့အုပ်စု၊ သူတွေကို ဘယ်လိုရှင်းသွားလဲ… အဲ့အချိန်မှာ ဦးသန်းရွှေ တောင် သူ့ပါဝါသူအသာလေး စုနေရတဲ့အဆင့်ပဲ ရှိသေးပါတယ်။ နောက် ဦးတင်ဦး ကေစ့် မသေမချင်း လုပ်ကြံခံရတာ သူ့ကြောင့်မဟုတ်ဘူး ဆိုရင်တောင် သူအကာအကွယ် မပေးနိုင်ခဲ့တာဟာလည်း သူ့ကိုယ်သူလုံလှပြီလို့တော့ ပြောလို့မရ နိုင်ပါဘူး။ နောင်သူ ဇွဲနေ၀င်းတို့ ဗယုတ်သုတ်ခအလုပ်မှာ တချက်၊ သူ့လူတွေ လည်လွန်းပြီး ချီးနင်းမိနေချိန်မှာ တချက်အ ခြေပျက်သွားလို့သာ သူခံလိုက်ရတာပါ။
အဲ့တော့ သမိုင်းမှာ ဘယ်သူ တာဝန်အရှိဆုံးလည်းဆိုတာ ပေါ်လောက်ပါပြီ။ ဦးသန်းရွှေက သူ့လောက်မတော်ပါဘူး…. ဦးသန်းရွှေ မဟုတ်တာလုပ်ရင် လူသိတာများတယ်။ သူမဟုတ်တာလုပ်တာ လူသိပ်မသိဘူး။ သူက ဆင်ဖြုမရှင်နဲ့ စုဘု ရားလတ် ပုံစံ တဘက်ကပွဲခင်းပြီး တဘက်က လူသတ်တဲ့သူစားမို့ပါ… သူလုပ်သွားတာ အားလုံးဟာ ဆန်းဆန်းပြားပြား မပါပါဘူး။ တကယ်တော့ သူသိပ်တော်ပါတယ် ပြောရင် ဗလလို ငမြောက်ငခြောက်ကောင်ကလည်း အဲ့လိုနေရာလေး သာရပစေ မြန်မာပြည်ကို အနှစ် ၄၀ လောက် ပိတ်ထားလို့ရတယ်လို့ ကြွေးကြော်ချင်ပါတယ်… ဘာကြောင့်လဲ မေးရင် တော့ မြန်မာလူမျိုးတွေက မြန်မာလူမျိုးတွေမို့ ပါပဲ။
အခုတောင် ဖေ့စ်ဘုတ်မှာ အရင်ထောက်လှမ်းရေးအတွက် အသုံးတော်ခံခဲ့တဲ့ 7days voice eleven တို့က တဖြည်းဖြည်း နဲ့ မင်းကိုနိုင် တပုံ သူ့ပုံ တပုံတင်ပြီး စည်းရုံးရေးဆင်းနေပါပြီ။ အားလုံးကလည်း ဘဘကြီးနေကောင်းလားတို့ အရမ်း ၀မ်း သာတာပဲတို့ ဖြစ်ကုန်ကြရော။ ကျုပ်တို့လူမျိုးကလည်း မေ့တတ်တာကိုး ၁၉၈၈ အရေးအခင်းဖြစ်တယ် အရေးအခင်းပြီး တာနဲ့ အရပ်ထဲ နတ်ပွဲတွေနဲ့ တခြိမ်းခြိမ်းပေါ့၊ မေ့ကုန်ပြီ၊ မသေတဲ့ မိသားစုတွေက ၁၉၉၀ ရွေးကောက်ပွဲလုပ်တယ် မနက် ဖြန်ပဲပေးမလိုလို လုပ်နေလိုက်တယ်။ ကြားထဲမှာ ဖမ်းလိုက်တာ မနည်းမနော၊ အမှတ်မမှားရင် လွတ်တော်ခေါ်မယ်ကို ၁၉၉၁- ၉၂ နှစ်လောက်မှ ကြေငြာတာ ရွေးကောက်ပွဲပြီးတယ်။ ၁၉၉၃ ညီလာခံခေါ်တယ်။ တနှစ်တကြိမ် တခါတလေ ၂-၃ ကြိမ်ခေါ်တယ်၊ လူတွေဆူပူမှာဆိုးလို့ မြို့တော်ဝန် မာရသွန် ပြေးလိုက်ကြတာပဲ။ တီကိုကားရအောင်လို့ နအဖ ဖလား လှေသဘင်၊ မြင်းခင်းသဘင်၊ ဟောပြီးတော့ အမျိုးသားအားကစားပွဲတော်၊ နောက်တော့ ကျောင်းသားအားကစားပွဲ တော်လုပ်ပေးတယ်။
ဒါတွေဟာ ပုံမှန်ပါပဲ။ တကယ်တော့ အလှည့်တွေထဲမတော့ တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ လူတယောက်အတွက် တကယ့်ကို ပုံမှန်ပါပဲ။ အခုအွန်လိုင်းမှာဟော့နေတဲ့ မြန်မာ့အင်တာနက်ဖောင်ဒါဆိုတဲ့ စကားလုံးမှားတယ် ပုဂံဆိုက်ဘာ ကို စလုပ်တဲ့ ရည်ရွယ်ချက်ကိုက သူ့အတွက်ပါ။ သူ လုပ်ခဲ့တာ တကယ်တော့ ကကလှမ်းအတွက်ရည်ရွယ်ပြီး လုပ်ခဲ့တာ ပါ။ သူမလုပ်ရင် သူကျန်ခဲ့တော့မယ်။
အဲ့နောက်ကနေမှ လူတွေမသုံးနိုင်တဲ့ ဈေး၊ လူတွေမသုံးနိုင်တဲ့ စပိဒ့်တွေနဲ့ လူတွေကြားထဲ ချထားပေးလိုက်တာပါ။ ဒါ လည်း လေးစားလောက်စရာမရှိပါဘူး။ သူနိုင်ငံအုပ်ချုပ်နေတဲ့ သူတယောက် သူ့အလုပ် သူလုပ်ရမှာပေါ့။ ဒါ ကျနော်တို့ က ပိုပြီး ချီးကျူးထောပနာပြုနေစရာ ဘာလိုလို့လဲ။ ကောင်းတာကို ချီးကျူးခံချင်ရင်တော့ ဘုန်းကြီးကျောင်းသွား အလှူ လုပ်ပါ။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်လှူ ဘုန်းဘုန်းတွေ ပြောတဲ့ သာဓု ဆိုတာကို ပီတိခံပေါ့။ နောက် လူတွေပြောတဲ့ မာလ်တီမီ ဒီယာ ဟားတိုက်တာ ရယ်ချင်ရဲ့ စက်ရှိတယ် ရုပ်ပြ၊ အင်တာနတ်ကနေ စာသင်မယ်တဲ့ မီးမလာဘဲ အဲ့တော့ အဲ့တာတွေ ဟာ အပိုဆိုတာ သဘောပေါက်ပေါ့။ ထမင်းကျွေးလို့ ထိုင်စားမယ့်လူကို ထမင်းသိုး ဟင်းသိုးကျွေးတာ ထုတ်ပြီး ချီးကျူး လောက်တဲ့ သူဟာ ထမင်းသိုးဟင်းသိုးကြိုက်တဲ့သူပဲ ဖြစ်မှာပေါ့။
နောက်တခု မိခင်နဲ့ ကလေးစောင့်ရှောက်ရေးအသင်း ဒါဟာ တပ်တွင်းအားပြိုင်ဖို့ လောက်နေရာတခုပါ။ အဲ့လိုနေရာမှာ ဒေါ်ကြိုင်ကြိုင် တို့က မတိုးဘူးလေ။ သူ့မိန်းမက ဒေါက်တာဆိုတော့ ပိုပြီးလူဝင်ဆန့်တော့ ဒါကိုတည်ခဲ့တာပဲ။ နောက် အတန်းပညာရေးကို ဘယ်လောက်ထိဖျက်ဆီးပစ်တယ်ဆိုတာ အားလုံးအသိပါ။ မအောင်မနေရ အတန်းတင်ပညာရေး စနစ်ဟာသူ့ကြောင့် ပေါ်ထွန်းလာတာပါ။ အဲ့ဒီ ပညာရေးစနစ်ကထွက်လာတဲ့သူတွေ အခုအချိန်ထိ နိုင်ငံတကာမှာ ဘွဲ့ ချင်းတူရင် ဒီပလိုမာချင်းတူရင် ဘယ်သူက ခေါင်းမော့ရင်ကော့ ရပ်တည်နိုင်ပါသလဲ၊ ကိုယ့်ဘာသာကိုယ် မပြင်ထားရင် ဘာအဆင့်မှ မရှိလောက်အောင် အနှိမ်ခံရပါမယ်။ အဲ့လောက်ဆိုရင် သူဘာလဲ သိလောက်ပါပြီ။
သူဟာ ရုပ်ရှင်သရုပ်ဆောင် ကြက်သမား ၀င်းမြင့် (ဦးလူချော မှန်ပါတယ်နော်) ရဲ့ ညီလို့ မပြောရဘူး။ သရုပ်ဆောင် ကောင်းသူပါ။ ဘုရားထီးတော်တင်ရင် ဆုတခုပဲတောင်းတယ်။ နိုင်ငံတော် သာယာဝပြောပြီး နိုင်ငံကြီးအေးချမ်းပါစေ တဲ့ (နည်းနည်းတော့ စကားလုံးကွဲနိုင်တယ်) အဲ့လို ဟန်ပါပါ မာန်ပါပါနဲ့ဆုတောင်းလို့ လူကောင်းထင်နေရင်တော့ မှားမှာ ပေါ့။
ကျနော် အိမ်ကနေ ရှေ့တပြက ဘုရားသူထီးတင်ခဲ့သလို ကျနော့် လမ်းထိပ်က ကကလှမ်းရုံးမှာလည်း သူ့တပည့်တွေ ဗျင်းနေတာ ကိုယ်တွေ့ မျက်မြင်။ အဲ့တော့ မိချောင်းမျက်ရည်လို့သာ ပြောချင်တယ်။ သူ့အကြောင်း ထဲကနေ ကောင်းတာ လေး တခုနှစ်ခုလောက်တော့ ရှိတာပေါ့။ သူ့ တပ်မတော်ဘ၀ နေ၀င်ချိန်မှာ အာဏာကို ပုံစံပြောင်းယူဖို့အကြံနဲ့ ဒေါ်စုကို သူက ဒီပရင်းမှာ ကယ်တဲ့ပုံစံ ချိုးယူတာမျိုး၊ အာစီယံမှာ သူ့တပည့် ဦးဝင်းအောင် ကို အလှည့်အပြောင်းလာတော့မယ် ဆိုတဲ့ စကားထွက်စေတာမျိုးကို ကြိတ်ပြီး ချီးကျူးမယ်ဆိုရင်ပေါ့။ ဒါပေမယ့် ဒီလူဟာ ကျနော်တို့ ပုံနှိပ်စက်သမားတွေ ပြောသလိုပြောရရင် မှင်အနက်ပဲ။ ဘယ်လိုမှင်နဲ့မှ သူ့ကိုအရောင်ပြောင်းလို့ မရနိုင်ဘူး။ သူဟာ လူမကြမ်းဘဲ စိတ်ဓါတ် ကြမ်းတဲ့ အတွင်းကောက်သမားပါ။
ကျေးဇူး ဗလ (MMCP)
………………………………………..
ရွေဝါရောင်ရဲ့ အရှေ့မှာ ၉၆ ကျောင်းသားအရေးအခင်းဆိုတာ ရှိခဲ့တယ်ကွယ့်။ ဘယ်သူမှ အတိအကျမသိဘဲလို့ ဆိုရ အောင် အဲဒီ ကျောင်းသားတွေ မသေသေးဘူးကွယ့်။ အဲဒီ သူကြီးလဲ အပြင်ဘက်မှာ အရှင်လတ်လတ်ကြီး ညွှန်ကြားနေ တာကွယ့်။ လှည်းတန်းမှာ နံနက်လင်းအားကြီး ကတ္တရာလမ်းပေါ်ထိုင် လက်ချင်းချိတ်တွဲထားတဲ့ ကျောင်းသားတွေကို မီး သတ်ပိုက်နဲ့ အနီးကပ်အတင်းထိုးခွဲ ကားပေါ်ပစ်တင်ခိုင်းတာ အခု ရွှေဘိုထောင်ကလွှတ်တဲ့ထဲပါတဲ့ ဗိုလ်ခင်ညွှန့် လက်ရုံး ဗိုလ်မှူးချုပ် ခင်အောင် တဲ့။ အဲဒီတုန်းက ဗမခ မဟုတ်သေးဘူးထင်တယ်။ အမိန့်အရ အနီးကပ်ညွှန်ကြားသူပေါ့။ထောက် လှန်းရေးတစု ရက်ရက်စက်စက် နှိမ်နင်းခဲ့တဲ့ မန်းလေး သံဃာ့အရေးအခင်းဆိုတာလဲ မီလိုက်သူတွေ ရှိသေးတယ်ကွယ့်။ ကျောင်းသားတယောက်ကို မမိလို့ အမေနဲ့ နှမကို (အလယ်တန်းကျောင်းသူတောင်မချန်) ထောင်ထဲ ဖမ်းထည့်ပစ်လိုက် တာကော သူတော်တဲ့အချက်လို့ ပြောဦးမလား။ မျှားခေါ်တတ်လိုက်တာ ပေါ့နော် အဲဒီတ၀ိုက် စစ်ထောက်လှမ်းရေးတွေ သတင်းပေးတွေ စိုးမိုးချိန်က လက်ဖက်ရည်ဆိုင်ထိုင်ရင်တောင် ဘော်ဘော်တွေနဲ့ ကိုယ့်နိုင်ငံအကြောင်း အကောင်းအ ဆိုး နည်းနည်းတောင် မဟ၀ံ့၊ ကချင်ပုဆိုးတောင် မ၀တ်ရဲ၊ အိမ်မှာ အန်တီစုပုံတောင် မထားရဲတဲ့ သာမန်ကျောင်းသား ပြည်သူတွေရဲ့ ဘ၀တွေ ရှိခဲ့တယ်။ အဲဒါ ပုံပြင်တွေ ယုံတမ်းစကားတွေ မဟုတ်ဘူး။ အမှန်က ဒီလူကြီးအကြောင်း ပြောဖို့ ၀င်လာတာ မဟုတ်ဘူး။ ဖတ်ရတော့လဲ မနေနိုင်လို့။
…………………………………………….
ဘယ်သူတွေ ဘယ်လိုပဲ အဘညွှန့်ရဲ့ ဘုန်းတော်ဘွဲ့တွေ ရွတ်နေကြပါစေ ကျနော်တော့ သူ့မျက်နှာမြင်တာနဲ့ ပထမဆုံး ပြေးမြင်မိတာက ကိုတင်နွယ် ဆိုတဲ့ ဇိမ်ခေါင်းကြီးပဲ။
အဘညွှန့် ဘာလုပ်ခဲ့သလဲတော့ မသိပါဘူး။ အဘညွှန့်ရဲ့ သားသမီး အမ်အိုင်တွေကြောင့် တနိုင်ငံလုံး ဇိမ်နန်းတွေ ပေါ် ပေါ်တင်တင် ဖွင့်ရဲလာတာတော့ အတော်ထင်ထင်ရှားရှားပဲ။ တဖက်ကနေ လှည့်ပြီးကျေးဇူးတင်ရမယ်ဆိုရင် ကိုရင်ချက် ကြီး တို့ ပြည်တွင်းဖြစ် ကုန်ကြမ်းရစေဖို့ စတင်မိတ်ဆက် ကျေးဇူးပြုခဲ့တာ အဘညွှန့်ရဲ့ အမ်အိုင်တွေပဲ။
…………………………………………….
ဒါပေမယ့် သူလွတ်ခြင်းမလွတ်ခြင်းကို ကျနော်တော့ ဘယ်လိုမှ မခံစားမိပါဘူး၊ အကျဉ်းကျနေသူ လွတ်မြောက်တဲ့ အ တွက် မုဒိတာပွားပါတယ်။ ဒါပေမဲ့ သူဟာ တနိုင်ငံလုံး အကြောက်တရားနွံထဲ ဆွဲချခဲ့တဲ့ အဖွဲ့အစည်းကြီးတခုကို ဦး ဆောင်ခဲ့တဲ့ သူတယောက်ဆိုတာ ဘယ်လိုမှ ငြင်းဆို ဖျောက်ဖျက်လို့ မရနိုင်ပါဘူး။
မော်ကင်းလေး
………………………………………..
မခံခဲ့ရဘူးတဲ့သူတွေကတော့ ခံခဲ့ရတဲ့အမြင်ကို ဘယ်သိမလဲဗျ။ မိသားစုတွေ သားတကွဲ၊ မယားတကွဲ ဖြစ်ခဲ့တာတွေ၊ လူ့ ဘ၀ သက်တမ်းတ၀က်လောက်ကို ထောင်ထဲမှာ ကုန်ဆုံးခဲ့ရတာတွေ၊ ကိုယ့်အိမ်ကိုယ်နေတာတောင် ကြီးလန့်စာစား နေ ခဲ့ရတာတွေ၊ ပြောရရင်တော့ ကုန်မှာတောင် မဟုတ်ဘူး။ ဒီလို လူမျိုးကို အကာအကွယ်ပေးတဲ့သူတွေ facebook ပေါ်မှာ လဲ အတော်များသားကလား။ ဒီလူကြီးရဲ့လက်တံက တော်တော်ရှည်သေးတာ တွေ့ရပါတယ်။ (သူတပည့်ဟောင်းတွေ တော်တော်များများလဲ facebook ပေါ်ရှိနေတာ သေချာတယ်) ထောက်လှမ်းရေး ဆိုတဲ့အတိုင်း ဉာဏ်နီဉာဏ်နက်၊ က လိမ်ကကျစ် ဉာဏ်ကတော့ တော်တော်ကြောက်ဖို့ ကောင်းရိုးအမှန်ပဲ။ မြွေပွေးလို လူမျိုးပါ။ ဒီလူကြီး အခုလို ထောင်ကျ တာလဲ ယုံကြည်ချက်ကြောင့် မဟုတ်ပါ။
သွားလေသူကြီးက မြွေပွေးတကောင်ကို ပခြုပ်ထဲထည့်လိုက်တာပါ။ (သူတို့ အာဏာထိပါးမှာ မြင်လို့လားမသိ) ခုတော့ မြွေပွေးတကောင် ပြန်လွတ်လာပြီပေါ့။
MMCP
………………………………..
သူတို့တွေက ရန် ငါ ပြတ်တယ်။ ဒါကြောင့်လည်း သူတို့တွေက ပြတ်ပြတ်သားသား အသာစီးရ အပေါ်စီးကနေပြီး လုပ် ခြင်သလို လုပ်ခဲ့ကြတယ်။ ကျတော်တို့က မေတ္တာ ဂရုဏာ မုဒိတာ ဥပေခါတွေကို ကျင့်သုံးတယ်။ နည်းနည်း အသာစီးရ လာရင် ဆက်ပြီး အနိုင်ယူဖို့၊ အမြစ်ပြတ် ခြေမှုန်းဖို့ ဆိုတာတွေကို စိတ်မ၀င်စားတော့ဘူး။ အားလုံး အတူတကွ လက်တွဲ့ နေထိုင်ရေးကို ပိုဦးစားပေးတယ်။ ဒါကြောင့် သူတို့တွေ ထင်တိုင်းကြဲတာကို ခဏခဏ ခါးဆီးခံခဲ့ကြရတယ်။
တခါတလေတော့လည်း ကိုယ်လည်း ရန် ငါ ပြတ်သူ ဖြစ်ခြင်လာတယ်။ ဒါပေမဲ့ ငါဟာလူ၊ တိရစာန် မဟုတ်ဘူးလို့ ပြန် စဉ်းစားလိုက်မိရင် ရန် ငါ မပြတ်နိုင်သူ ပြန်ဖြစ်သွားတယ်။ လူအဖြစ်ကို အဆုံးရှုံးခံပြီးမှရမဲ့ အနိုင် ထိုက်တန်ရဲ့လား တကယ်ကော လိုခြင်ရဲ့လားလို့ ပြန်စဉ်းစားစရာတွေ ဖြစ်လာခဲ့တယ်။
အခုအချိန်မှာ အခုလို လွှတ်ပေးလိုက်တာနဲ့ ပက်သက်ပြီး ဆိုက်ဝါးတွေ လုပ်နေတယ်လို ကျတော်လည်း ခံစားရတယ်။ ဇာတ်ရှိန်ကို မြှင့်သယ်သွားတယ်။ လူနည်းနည်း စိတ်ဝင်စားတဲ့ ကိစ္စကနေပြီး လူအများ စိတ်ဝင်စားတဲ့ ကိစ္စ ဖြစ်လာ အောင် လုပ်ယူတယ်။ ပြီးမှ ဖြည့်ချလိုက်တယ်။ လူတွေအားလုံး ရင်သပ် ရှုမောစရာ ဖြစ်သွားတယ်။ မြစ်ဆုံကိစ္စ အကျဉ်း သား လွတ်ပေးရေး ကိစ္စတွေမှာ သေသေချာချာ ပလန်ဆွဲပြီး ဒါရိုက်တာ ကောင်းကောင်းနဲ့ ရိုက်တဲ့ ရိုက်ချက်တွေလို ကျနော်လည်း အစ်ကို တချို့နဲ့ အမြင်တူတယ်။
သစ်တာကြီးပေါ် ကျောက်တုံးတင်ပြီး ပြန်ချပေးတဲ့ အော်ပီကျယ် ကာတွန်း အဓိပ္ပါယ်မျိုးဆိုတဲ့ အဖြစ်မျိုးဆိုတာကိုလည်း လက်ခံတယ်။ ချုပ်ချုပ်ကြီးရဲ့ သမီးတော်တွေ ဌာနတွေ အားလုံးက တပြိုင်နက် ထွက်ပြီးမှ ဆိုတာလေးကို ပိုပြီးသိခြင်လာ တယ်။ အစ်ကို သိထားတာတွေကို ရှယ်ပေးပါလား။
အခုတလော မြောက်ပိုင်း ကျောင်းသားတပ်မတော် အတွင်းမှာ ဖြစ်ခဲ့တဲ့ ဖြုတ်ထုတ်သတ် အတွင်းရေးတွေ အရိုးတွန်နေ တယ်။ ခွင်လွှတ်နိုင်သူတွေ ခွင့်လွှတ်လို့ ရပေမဲ့ သမိုင်းကိုတော့ မေ့လိုမရဘူး။ ပြင်လို့ မရသင့်ဘူး။ သမိုင်း အဖျောက် မခံသင်ဘူး။ အရေးယူတာ မယူတာက နောက်တပိုင်း အမှန်အတိုင်း သမိုင်းမှာ ရှိကျန်ရစ်ဖို့ နောက်တပိုင်းပါ။ ထိုအတူ ဒီပဲယင်းဆိုတာလည်း လူအများအပြား လူမသိသူမသိ၊ လူလိုသူလို မဟုတ်ဘဲ အသက်ပေးခဲ့ရတဲ့ အရေးအခင်းပါ။ ခွင့် လွှတ်နိုင်သူတွေက အခြေအနေ အရပ်ရပ်ကို ရှေ့ရှု ချင့်င်ချိန်ပြီး ခွင့်လွှတ်အုန်းတော့ သမိုင်း မှတ်တမ်း အမှန်အတိုင်း အ ပြည်အစုံ ရှိသင့်တယ်။ နောက်လူတွေလည်း သိသင့်တယ်။ အခုပဲကြည့် ဘာမှ မကြာသေးတဲ့ နှစ်ကာလတွေတုန်းက လုပ်သွားတဲ့ ညောင်နှစ်ပင်တောင့် မသိသူတွေ ရှိနေပြီ။ မအအောင်လို့ သမိုင်းသင်တာပါဆိုတာ ဒေါက်တာ သန်းထွန်းရဲ့ စကား ပြန်အမှတ်ရကြပါ။
ဦးခင်ညွှန်နဲ့ ပတ်သက်ပြီး သမိုင်းကြောင်းတွေ ကောင်းသလား ဆိုးသလား တော်သလားဆိုတာတွေ ဆွေးနွေးချင်ရင် နိုင် ငံရေး သရက်ထဲမှာ သူအမည်နဲ့ သီးခြား တခုရှိပါတယ်။ အဲသည်ဖက်မှာ ဆိုရင် ပိုပြီး သင့်လျော်လေးမလားလို့ အကြံပေး တာပါ။ ကျတော် ဂရုပြုမိသလောက် အမည်ကျော်တွေထဲမှာ ကိုယ်ကိုကိုယ် publicity ဖြစ်အောင် promotion ကို သေ သေချာချာ စဉ်စားပြီး စနစ်တစ်ကျနဲ့ အချိန်အကုန်ခံပြီး လုပ်ယူတဲ့လူ နှစ်ယောက်ကို တွေ့မိတယ်။ တယောက်က ကျော် ဟိန်း ပါ။ သူ ဘုန်းကြီး မ၀တ်ခင် နှစ် အနည်းငယ်အလိုမှာ နှစ်ရှည် ပလန်ချပြီး စနစ်တကျ လုပ်သွားတာပါ။ နောက်တ ယောက် အခု မြို့မေတ္တာ ခံယူနေသူကြီးပါ။
လူတွေဟာ တခုခုကို အများထဲက ရွေးရတော့မယ်ဆိုရင် ယဉ်ပါးနေတဲ့ ကြားဖူးတဲ့ အရာကိုပဲ ရွေးတယ်ဆိုတာ စနစ်တ ကျ လေ့လာချက်များမှာ တွေ့ရှိရတဲ့ လူ့အကျင့်ပါ။ ဒါကြောင့် ကိုယ်ပစ္စည်းကို ကောင်းတဲ့ ကိစ္စနဲ့ တွဲပြီးတော့ပဲ ဖြစ်ဖြစ် ဆိုးတဲ့ကိစ္စနဲ့ပဲ တွဲပြီးတော့ပဲ ဖြစ်ဖြစ် လူတွေရဲ့ မျက်စီထဲကို နားထဲကို ခေါင်းထဲကို ထပ်ခါတလည်းလည်း ၀င်အောင်လုပ် ပေးရမယ်။ အဲဒီ လုပ်ထားနိုင်ရင် အဲသည်လူဟာ တခုခုကို ရွေးရတော့မယ်ဆိုရင် မသိစိတ်ကနေပြီး သူမကြာခဏ ကြား ဖူးနေတဲ့ အမည်ကိုပဲ ရွေးတော့တယ်ဆိုတာ အခြေခံ မာကက်တင်း နိယာမ တခုပါ။ ဒါကို တီဗီမင်းသားကြီးက ကောင်း ကောင်း နားလည်ပုံ ရပါတယ်။ လူမကြိုက်တဲ့ ပစ္စည်းကို လူကြိုက်များတဲ့ ပစ္စည်းနဲ့ တွဲထုတ်တာ ခေါက်ရိုးကျိုးနေတဲ့ မဆ လ မာကက်တင်း နည်းစနစ်ပါ။ လူအများရဲ့ အသက် သွေး ဘ၀ မျက်ရည်တွေနဲ့မှ စားပျော် အိပ်ဝင်ပြီး လူလုပ်ခဲ့သူတွေ ကို လွှတ်ပေးရင် လူထုက လက်ခံမှာ မဟုတ်ဘူးဆိုတာကို သိလို့ လူထုကြီးက အောင့်သက်သက်နဲ့ စိတ်လျော့ပြီး လက် ခံသွားရအောင်လို့ အခုလို တွဲပြီး ထုတ်လိုက်တာပါ။
အောင်အောင်ဦး
………………………………………
ဒေါ်စုကို အပျော့ဂိုဏ်း ခင်ညွန့်က စကားပြောချင်နေတာ ခေါင်းမာတဲ့ သန်းရွှေကြောင့်ဆိုပြီး ဆရာတပဲ့ နှစ်ယောက် အ ပျော့ဂိုဏ်း အမာဂိုဏ်း ဖန်တီးပီး လူထုကို လိမ်။ သံတမန်တွေကို လိမ်။ ကမ္ဘာကို လိမ်ခဲ့တာ ခင်ညွန့်ပါ။ ထောက်လှမ်း ရေးတွေကို သန်းရွှေက လိုက်ဖမ်းတော့ နယ်စပ်က ထောက်လှမ်းရေးတွေအိမ်မှာ ရွှေတွေ ပိဿာများစွာ ဖမ်းမိတယ်။ ဒေါ်လာတွေ မြောက်များစွ နံရံမှာမြုတ်ထားတယ်။ ထူးခြားတာက ထောက်လှမ်းရေး အရာရှိတွေရဲ့ ဘုရားစင်တွေမှာ ဘုရားမရှိဘဲ ခင်ညွန့် ဓါတ်ပုံကြီးသာ ရှိပါသတဲ့။
ခင်ညွန့် ပြုတ်တာ ၂၀၀၄ နှောင်းပိုင်းပါ။ မပြုတ်ခင် လပိုင်းအလိုမှာ ခင်ညွန့်နဲ့ ထောက်လှမ်းရေး တဖွဲ့လုံးကို ဒေါက်ဖြုတ်ရာ မှာ အဓိကဇာတ်ကောင်လို့ စွပ်စွဲခံရတဲ့ ထောက်လှမ်းရေး ဗိုလ်ချုပ်ကျော်ဝင်းက သူ့မယားငယ် ရီရီသာကို အမေရိကန်ပို့ ပါတယ်။ ရီရီသာက အမေရိကန်ကို ၀င်တဲ့နေရာမှာ ကျော်ဝင်း ခိုးဝှက်ထားတဲ့ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ (ဆယ်ဂဏန်းလို့ နီးစပ်သူတွေက မှန်းပါတယ်) နဲ့ ၀င်ပါတယ်။ ဒီအချိန်မှာ ထောက်လှမ်းရေး ဗိုလ်မှူးအောင်လင်းထွဋ် က ၀ါရှင်တန် မြန်မာသံရုံးမှာ ရှိနေတုန်းပါ။ ဒါကြောင့် ရီရီသာ အမေရိကန်မှာ အခြေချဘို့ အောင်လင်းထွဋ်က အကုန်စီစဉ် ပေးပါတယ်။ အောင်လင်းထွဋ် သံရုံးက ခုန်ချပီး အမေရိကန်မှာ နိုင်ငံရေး ခိုလှုံခွင့်တောင်းတဲ့အခါ ထောက်လှမ်းရေး ဗိုလ် ချုပ်ကျော်ဝင်း မယားငယ် ရီရီသာ အိမ်မှာ ခဏနေပါတယ်။ ဒေါ်စု ကျေးဇူးကြောင့် အမေရိကန်က ဆန်ရှင်တွေ ဖွင့်ရင် ထောက်လှမ်းရေး ဗိုလ်ချုပ်ကျော်ဝင်း လဲ အမေရိကန်က မယားငယ်နဲ့ ပြန်ပေါင်းထုတ်။ ခိုးထားတဲ့ ဒေါ်လာတွေနဲ့ စည်း စိမ်ခံနိုင်မှာမို့ ဟန်ကိုကျလို့။ ကနေ့ အမေရိကန်အစိုးရက အောင်လင်းထွဋ် ကို လုံးဝ နိုင်ငံရေးခိုလှုံခွင်မပေးပါ။ အမေရိ ကန်မှာ နေခွင့်သာပေးတယ်လို့ နိုင်ငံခြားသတင်းတခုမှာ ဖတ်ရတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို တချိန်က နှစ်ပြားမတန်အောင် မြန်မာ့အလင်းသတင်းစာကနေ ဆောင်းပါးမျိုးစုံနဲ့ အပုတ်ချ ခဲ့တာ ခင်ညွန့်နဲ့ ထောက်လှမ်းရေးအရာရှိတွေဆိုတာ မေ့ကုန်ပလား။ ဒေါ်စုနဲ့ အန်အယ်ဒီကို အောက်လမ်းနည်းမျိုးစုံနဲ့ တိုက်ခဲ့တာ ခင်ညွန့် ပါ။
ခင်ရတနာ

Read More...

အပစ်ခတ်ရပ်စဲသည့်နေ့တွင် KNU နှင့် မြန်မာအစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွား

ဒါပဲ....စည်းမရှိတဲ့ စစ်ခွေးတွေကို ခုတ်သတ်တာတောင်နဲသေးတယ်.....တခါတည်းချက်စားပစ်လိုက်ရမှာ....။ငြိမ်းချမ်းရေးလို့ တချိန်လုံး ဟောင်နေပြီးတော့ ကိုယ့်လူတွေကို မထိန်းထားနိုင်တဲ့ ဒီသိန်းစိန် အစိုးရကို ယုံကြည်အောင်ဘာနဲ့ တိုင်းတာရမှာလဲဗျို့.....။

စောခါးစူးညား (ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် မြန်မာအစိုးရတို့ ဘားအံမြို့၌ ပဏာမ လက်မှတ်ထိုးသည့်နေ့တွင် ဖာပွန်မြို့နယ်၊ ၀ါ့သိုးခို့ကျေးရွာတွင် လှုပ်ရှားနေသည့် မြန်မာစိုးရတပ်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ကို စတင် ပစ်ခတ်မှုကြောင့် တိုက်ပွဲဖြစ်ပွား ကာ နှစ်ဖက်ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ဒေသခံတဦးက “ငြိမ်းချမ်းရေးစကားပြောတဲ့နေ့ဆိုတော့ ကရင်စစ်သား(KNLA)ဘက်က သွားလာတာ ဘာမှမဖြစ်ဘူးဆိုပြီး ၀ါ့သိုးခို့ရွာဘက်မှာသွားတော့ မြန်မာစစ်သားက ပစ်လိုက်တာ ကရင်စစ်သားတယောက် သေတယ်။ ကရင်စစ်တပ်ဘက်က လည်း မကျေနပ်လို့ ပစ်ထဲ့၊ မြန်မာစစ်တပ်ကို လမ်းတနေရာမှာ ပြန်စောင့်ပြီး အဲဒီစစ်တပ် ဗိုလ်တယောက်ကို ဓါးနဲ့ ခုတ်သတ် လိုက်တယ်။”ဟု ရှင်းပြသည်။

မြန်မာအစိုးရတပ်နှင့် KNLA များ အပြန်အလှန် ပစ်ခတ်နေချိန်တွင် ၀ါ့သိုးခို့ရွာမှ အမျိုးသမီးတဦးနှင့် မိန်းကလေးငယ်တဦးမှာ သေနတ်ထိမှန် သေဆုံးကြောင်း ၀ါ့သိုးခို့မှ လာသည့်သတင်းများအရ သိရသည်။

ထိုသတင်းနှင့် ပတ်သက်၍ ကေအဲန်ယူ ဖာပွန်ခရိုင်နှင့် တပ်မဟာ(၅)သို့ ကေအိုင်စီမှ ဆက်သွယ်သော်လည်း တိကျမှန်ကန် သည့် အချက်အလက်များကို မကြားသိရသေးကြောင်းသာ ပြန်လည်ဖြေဆိုခဲ့သဖြင့် အသေးစိတ်ဖြစ်စဉ်ကို ဆက်လက် စုံစမ်း နေဆဲဖြစ်သည်။

Read More...

ဦးခင်ညွန့်ကိုသေသေချာချာကြည့်ဖြစ်အောင်ကြည့်....

ဒီဘိုးတော်ရဲ့ မျက်လုံး ကစားပုံ...ပြောပုံဆိုပုံတွေ ကအင်မတန်ကြောက်ဖို့ကောင်းတာကို သတိထားမိကြရဲ့လား...
ခုတော့ဘုရားတရားပဲလုပ်တော့တယ်တဲ့....ဒါမှမလုပ်လည်း အကျယ်ချုပ်နဲ့ ဂေါက်တောင်ဂေါက်သွားမယ်....

တခုတော့သိအောင်ပြောလိုက်မယ်....တို့ကရင် တွေကတော့ ဘယ်တော့မှခင်ဗျားတို့ရဲ့ လုပ်ရပ်ကိုမေ့မှာမဟုတ်ဘူးဆိုတာကို သိထားပါ။

Read More...

ပြည်နယ်အဆင့် အပစ်ရပ်ရေး လက်မှတ် ထိုးပြီး နိုင်ငံရေး ကို ဆွေးနွေးသွားမည်ဟု KNU ပြောဆို

KIC

အပစ်အခတ်ရပ်စဲရေးအတွက် ကရင်ပြည်နယ်၊ ဘားအံမြို့ ဇွဲကပင်ဟိုတယ်တွင် မြန်မာအစိုးရနှင့် သွားရောက်ဆွေးနွေးခဲ့သည့် ကရင်အမျိုးသား အစည်းအရုံး(KNU) ငြိမ်းချမ်းရေးအဖွဲ့တို့ လက်မှတ်ရေးထိုးမှုအပြီးနောက်ပိုင်း တွင် နိုင်ငံရေးအရ ဆွေးနွေးသွားရမည်ဟု KNU ဘက်က ပြောသည်။

KNU အထွေထွေ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က “ကျမတို့အခုလို ဘားအံမှာ အပစ်အခတ်ရပ်စဲဖို့ လက်မှတ်ထိုးလိုက် တာက တိုင်းရင်းသားဒေသအားလုံးအတွက် ပြည်နယ်အဆင့် သဘောတူညီမှုပါ။ ဒါကလည်း မူအရ သဘောတူညီမှုပဲ ရှိပါ သေးတယ်။ ဒီအခြေအနေမှာ နိုင်ငံရေးဆွေးနွေးမှု မပါသေးတဲ့အတွက် ထပ်ပြီး ဆွေးနွေးသွားရမှာဖြစ်ပါတယ်။”ဟု ဆိုသည်။

ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးနှင့် ပဒိုစောဒေးဗစ်ထောတို့ ဦးဆောင်သည့် KNU ငြိမ်းချမ်းရေးကိုယ်စားလှယ် ၁၉ဦးအဖွဲ့သည် ယနေ့မ နက် ၉နာရီမှစ၍ နှစ်နာရီကျော်ကြာ မြန်မာအစိုးရနှင့် ဆွေးနွေးခဲ့ကြပြီး မွန်းလွဲ ၁နာရီခန့်တွင် ပြည်နယ်အဆင့် အပစ်အခတ်ရပ် စဲရေးကို လက်မှတ်ရေးထိုးခဲ့ကြသည်ဟု ဘားအံမြို့ရှိ အစိုးရ၀န်ထမ်းတစ်ဦးက ပြောသည်။

အဆိုပါ လက်မှတ်ရေးထိုး တွေ့ဆုံဆွေးနွေးမှုတွင် မြန်မာအစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးအောင်မင်း၊ ဦးစိုး သိန်း၊ ဦးခင်ရီ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းတို့ တက်ရောက်ခဲ့ကြပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိရန် KNU ဘက်မှ အချက် ၁၁ချက်ကို တောင်းဆိုပြီး မြန်မာအစိုးရဘက်မှ အချက် ၄ချက် တောင်းဆိုခဲ့သည်။

ကေအဲန်ယူက ၁။ တိုင်းရင်းသားဒေသများ၌ ဖြစ်ပွားနေသည့် စစ်ပွဲများ ရပ်ဆိုင်းပြီး တပြည်လုံး အတိုင်းအတာနှင့် အမြန်ဆုံး အပစ်အခတ်ရပ်စဲရန် ၂။ ကြောက်ရွံ့ခြင်းကင်းသည့် ပြည်သူများ၏ ဘ၀အဖြစ် အာမခံချက်ပေးရန်နှင့် ယုံကြည်ရသည့် အခြေ အနေများ တည်ဆောက်ရန် ၃။ ဒေသဆိုင်ရာ လူထုနှင့် အတိုင်ပင်ခံသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် ၄။ အဓမ္မလုပ် အားစေခိုင်းခြင်း ၅။ နည်းမျိုးစုံနှင့် အခွန်ကောက်ခံခြင်းများ မပြုလုပ်ရန် ၆။ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် ၇။ ပြည်သူ များဘ၀ ပြန်လည်ထူထောင်ရေးနှင့် လူထု၏ မြေယာကိစ္စများကို ဖြေရှင်းပေးရန် ၈။ ငြိမ်းချမ်းရေးဖြစ်စဉ်များအတွက် မှန်ကန် သည့် အစီအစဉ်များ ချမှတ်ပြီး ဘက်အားလုံးမှ တည်မြဲမည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုများကို တိုးတက်ဖြစ်ပေါ်လာစေရန် ၉။ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ခြင်း ၁၀။ လက်နက်မပါဘဲ ကရင်ပြည်နယ်အတွင်း လွတ်လပ်စွာ သွားလာခွင့်နှင့် ၁၁။ နှစ်ဘက် တပ် တည်နေရာ သတ်မှတ်ခြင်းများကို တောင်းဆိုခဲ့သည်။

ယခုလို ပြည်နယ်အဆင့် သဘောတူညီခဲ့သည့်အချက်များတွင် အပစ်အခတ်ရပ်စဲရန်၊ ဆက်ဆံရေးရုံးဖွင့်လှစ်ရန်၊ လက်နက်မပါ ဘဲ တနိုင်ငံလုံး သွားလာရန်နှင့် ကျန်အဆင့်များ ဆက်လက် ဆွေးနွေးသွားရန်တို့ ပါဝင်သည်။

သို့သော် တွေ့ဆုံဆွေးနွေးရေးတွင် ယခုလို ချက်ချင်း လက်မှတ်ရေးထိုးရန်အတွက်ကိုမူ mandate ပေးထားခြင်း မရှိကြောင်း KNU ထိပ်ပိုင်းခေါင်းဆောင်များက ပြောဆိုသလို မကြာခင်အချိန်ပိုင်းတွင် သတင်းထုတ်ပြန်ချက်တစ်ခု ထုတ်သွားမည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။

ကေအဲန်ယူနှင့် အစိုးရ နှစ်ဖက်ကိုယ်စားလှယ်များ၏ တွေ့ဆုံဆွေးနွေးပွဲသို့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးတို့မှ လုံခြုံရေးဝန်ကြီးများနှင့် သက်ဆိုင်ရာ စစ်ဋ္ဌာနချုပ်များမှ စစ်ဦးစီးမှူး (ပထမတန်း)များ တက် ရောက်ခဲ့ကြောင်း ပြည်တွင်းမှ The Voice Weekly တွင် ဖော်ပြထားသည်။

KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး ဦးဆောင်သည့်အဖွဲ့တွင် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီအတွင်းရေးမှူး ပဒို စောဒေးဗစ်ထော၊ ပဒိုစောအားတိုး၊ ဗိုလ်မှူးချုပ်ဂျော်နီ၊ ဒုဗိုလ်မှူးကြီးရောဂျာခင်၊ ဗိုလ်မှူးရှီးရှို၊ ဗိုလ်မှူးအိသာ၊ ပဒိုစောအယ်ဝါး၊ ပဒို စောလေးလော်ဆော၊ ပဒိုစောကွယ်ထူးဝင်း၊ ပဒိုစောရွှေမောင်း၊ ပဒိုစောအောင်မော်အေး၊ ပဒိုစောသောသီဘွဲ၊ ဗိုလ်ကြီးစောဂျီး ဂျီ၊ ဗိုလ်ကြီးစဂျွန်၊ ဗိုလ်ကြီးဆာ့စေး၊ ပဒိုစောအောင်ဝင်းရွှေ၊ ပဒိုစောလှထွန်းနှင့် စောတာမုလားတို့ ပါဝင်ခဲ့သည်။

ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ် များသည် မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် အစိုးရအဖွဲ့ရုံးစိုက်ရာ နေပြည်တော်သို့ သွားရောက်နေပြီးဖြစ်ကြောင်း ကေအဲန် ယူ အသိုင်းအ၀ိုင်းမှ ပြောဆိုသည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက KNU တို့ တောင်းဆို ထားသည့် အချက် ၁၁ချက်ကို မူအားဖြင့် သဘောတူညီကြောင်း လက်မှတ်ရေးထိုးခဲ့သလို ပြည်ထောင်စုအဆင့်ကိုလည်း လာမည့် ၄၅ရက်အတွင်း ဆွေးနွေးသွားမည်ဖြစ်သည်။

နော်စီဖိုးရာစိန်က “အစိုးရဘက်က ကျမတို့ တောင်းဆိုတဲ့အချက် ၁၁ချက်ကို မူအရ သဘောတူတဲ့အပေါ် ကျမတို့ ကြိုဆိုပါ တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

KNU နှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ယမန်နှစ် အောက်တိုဘာလ ၉ရက်၊ နိုဝင်ဘာလ ၁၉-၂၀ရက်နှင့် ဒီဇင် ဘာလ ၂၁ရက်တို့တွင် ထိုင်းနိုင်ငံအတွင်း၌ ပဏာမ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

လာမည့် ၃၁ရက်နေ့တွင် တော်လှန်ရေး ၆၃နှစ် သက်တမ်းပြည့်ပြီဖြစ်သည့် KNU သည် ၁၉၄၉ခုနှစ် ဧပြီလတွင်တကြိမ်၊ ၁၉၆၀ ခုနှစ် ဖေဖော်ဝါရီလတွင်တကြိမ်၊ ၁၉၆၃ခုနှစ် သြဂုတ်လတွင်တကြိမ်၊ ၁၉၉၅ခုနှစ် ဒီဇင်ဘာလတွင်တကြိမ်နှင့် ၂၀၀၄ခုနှစ်တွင် တကြိမ် ၅ကြိမ် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။

Read More...

ကရင်တစ်မျိုးသါးလုံး သတိရှိကြပါ သတိရှိကြပါ

ငြိမ်းချမ်းရေး အတွက်ဆွေးနွေး လက်မှတ်တွေထိုး ဝမ်းတွေသါကြ.....ဟုတ်ပါပြီး...ကေါင်းဘို့အတွက်လုပ်တါ ကိုအစဉ်အါးပေး နေပါတယ်။
ဒါပေမဲ့လည်း ကျွန်တေါ်တို့ကရင်တွေသတိလစ်လို့တေါ့မဖြစ်ဘူးဆိုတါကို မမေ့ပါနဲ့။ သူများလိမ်တါကို ၁ ခါ၂ခါမကခံခဲ့ရတါတွေကို ပြန်လည်ဆင် ခြင်အေါင်းမေ့ပြီး သတိဝိရိယ လိမ္မာပါးနပ်စွာ ပြင်ဆင်စရာရှိတါများကိုလည်း ဆက်လက်လုပ်ဆေါင်နိုင်ပါစေလို့.....။


ဗမာသူတော်ကေါင်းကြက်တစ်ကေါင်ခိုးဖို့လက်မနှေးသလို....အင်မတန်သဘေါကေါင်းမနှောဖြူစင်တဲ့ ဗမါတစ်ယေါက်ရဲ့ ဗိုက်ကိုခွဲကြည့်လိုက်ရင် ငါးမျှားချိတ်လေးတစ်ချောင်းတွေ့ရလိမ့်မယ် ဆိုတါကို တို့ကရင်များမမေ့ပါနဲ့

Read More...

KNU ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့ ဘားအံမြို့သို့ ထွက်ခွာ

KIC သတင်းမှ....

ကရင်အမျိုးသားအစည်းအရုံး KNU မှ ၁၉ဦးပါ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် မြန်မာအစိုးရနှင့် တရားဝင် အပစ်အခတ် ရပ်စဲရေးအတွက် နှစ်ဘက် ဆွေးနွေးမှု စတင်ရန် ယနေ့နံနက်က နယ်စပ်မြ၀တီမြို့မှတဆင့် ကရင်ပြည်နယ် ဘားအံမြို့သို့ ထွက်ခွာသွားပြီး ဖြစ်သည်။

ဘားအံမြို့တွင် မြန်မာအစိုးရကိုယ်စားလှယ်များနှင့် သွားရောက်ဆွေးနွေးမည့် KNU အရပ်ဘက်နှင့် စစ်ဘက်ကိုယ်စားလှယ်အ ဖွဲ့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက ဦးဆောင်ပြီး နှစ်ဘက်အပစ်အ ခတ် ရပ်စဲနိုင်ရေးအတွက် KNU ဘက်မှ အချက် ၁၁ချက်ကို ဆွေးနွေးတောင်းဆိုသွားမည်ဟု သိရသည်။



ကရင်အမျိုးသားအစည်းအရုံး၏ တောင်းဆိုချက်များထဲတွင် တိုင်းရင်းသားဒေသများ၌ ဖြစ်ပွားနေသည့် စစ်ပွဲများ ရပ်ဆိုင်းပြီး တပြည်လုံး အတိုင်းအတာနှင့် အမြန်ဆုံးအပစ်အခတ် ရပ်စဲရန်၊ ကြောက်ရွံ့ခြင်းကင်းသည့် ပြည်သူများ၏ ဘ၀အဖြစ် အာမခံ ချက်ပေးရန်နှင့် ယုံကြည်ရသည့် အခြေအနေများ တည်ဆောက်ရန်၊ ဒေသဆိုင်ရာ လူထုနှင့် အတိုင်ပင်ခံသည့် ဖွံ့ဖြိုးရေးလုပ် ငန်းများ လုပ်ကိုင်ရန်၊ အဓမ္မလုပ်အားစေခိုင်းခြင်း၊ နည်းမျိုးစုံနှင့် အခွန်ကောက်ခံခြင်းများ မပြုလုပ်ရန်တို့ ပါရှိသည်။

၎င်းအပြင် အကျဉ်းသားများ လွှတ်ပေးရန်၊ ပြည်သူများဘ၀ ပြန်လည်ထူထောင်ရေးနှင့် လူထု၏ မြေယာကိစ္စများကို ဖြေရှင်း ပေးရန်၊ ငြိမ်းချမ်းရေးဖြစ်စဉ်များအတွက် မှန်ကန်သည့် အစီအစဉ်များ ချမှတ်ပြီး ဘက်အားလုံးမှ တည်မြဲမည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုများကို တိုးတက်ဖြစ်ပေါ်လာစေရန်နှင့် ဆက်ဆံရေးရုံးများ ဖွင့်လှစ်ခြင်း၊ လက်နက်မပါဘဲ ကရင်ပြည်နယ်အတွင်း လွတ်လပ်စွာ သွားလာခွင့်၊ နှစ်ဘက်တပ် တည်နေရာသတ်မှတ်ခြင်းများ အပါအ၀င် အဓိကတောင်းဆိုချက် ၁၁ခု၏ အသေးစိပ် အချက်အလက်များမှာ စာမျက်နှာ ၆မျက်နှာ ပါရှိသည်။

ဘားအံမြို့သို့ သွားရောက်မည့်အထဲတွင် ပါဝင်သူ KNU ပြည်တွင်း ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့၏ အတွင်းရေးမှူး ပဒိုဒေး ဗစ်ထောက “ကျနော်တို့ဘက်က တောင်းဆိုချက်တွေကို အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းသွားမှာ ဖြစ်တဲ့အတွက် အခက်အခဲတော့ မရှိနိုင်ပါဘူး။ ဘာလို့လည်းဆိုတော့ ပထမအဆင့်ဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေးကိစ္စကို အစိုးရဘက်က လိုလားသလို၊ KNU ဘက်ကလည်း လိုလားပါတယ်။”ဟု ပြောသည်။

KNU ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သည့် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ ပဒိုစောဒေးဗစ်ထော၊ ပဒိုစောအား တိုး၊ ဗိုလ်မှူးချုပ်ဂျော်နီ၊ ဒုဗိုလ်မှူးကြီးရောဂျာခင်၊ ဗိုလ်မှူးရှီးရှို၊ ဗိုလ်မှူးအိသာ၊ ပဒိုစောကွယ်ထူးဝင်း၊ ပဒိုစောလေးလော်ဆော၊ ပဒို စောအောင်မော်အေး၊ ပဒိုစောရွှေမောင်းနှင့် ပဒိုစောအယ်ဝါးတို့သည် ယခုလ ၁၂ရက်နေ့တွင် မြန်မာအစိုးရကိုယ်စားလှယ်များ နှင့် ဘားအံမြို့တွင် စတင် ဆွေးနွေးကြမည် ဖြစ်သည်။

ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ပါရှိသည့် ရုံးအဖွဲ့ဝင် ၇ဦးကို ပဒိုစောသောသီဘွဲက ဦးဆောင်ပြီး ၎င်းအဖွဲ့တွင် ဆေးမှူးတဦးနှင့် လုံခြုံရေးဆိုင်ရာအဖြစ် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA မှ ဗိုလ်ကြီး ၂ဦး ပါရှိသည်။

နယ်စပ် မြ၀တီမြို့မှ ဘားအံမြို့သို့ ယနေ့မနက် မြန်မာစံတော်ချိန် ၈နာရီတွင် ထွက်ခွာသွားသည့် KNU ငြိမ်းချမ်းရေးကိုယ်စား လှယ်အဖွဲ့ကို ဗိုလ်ချုပ်ချစ်သန်း(ငြိမ်း)နှင့် ငြိမ်းချမ်းရေးအကျိုးဆောင် ဦးကိုကိုမောင် ဦးဆောင်သည့်အဖွဲ့က ခရီးစဉ်အတွက် မြ၀တီမြို့တွင် လာရောက်ကြိုဆိုခဲ့ကြသည်။

ငြိမ်းချမ်းရေးခရီးစဉ်အတွင်း KNU ကိုယ်စားလှယ်အဖွဲ့သည့် ဘားအံမြို့အခြေစိုက် ကရင်ငြိမ်းချမ်းရေးကော်မတီ KPC အဖွဲ့၏ နာယက တောင်ကလေးဆရာတော် အရှင်ပညာသာမိနှင့် သွားရောက်တွေ့ဆုံမည်ဖြစ်ပြီး မွန်ပြည်နယ်ရှိ အရှေ့တောင်တိုင်း စစ်ဌာနချုပ်နှင့် ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ဘက်သို့ လေ့လာရေး ခရီးစဉ်များလည်း ပါရှိမည်ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းမှုဖော်ဆောင်ရေးအဖွဲ့သည် ယခုလ ၃ရက် နှင့် ၄ရက်နေ့တွင် ချင်းအမျိုးသားတပ်ဦး CNF နှင့် ချင်းပြည်နယ် ဟားခါးမြို့၌ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး KNU နှင့် ယခုလ ၁၂ရက်နေ့တွင် ကရင်ပြည်နယ် ဘားအံမြို့၌လည်းကောင်း၊ ယခုလ ၂၀ရက်နေ့တွင် မွန်ပြည်သစ်ပါတီနှင့်လည်းကောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကာ ပထမအဆင့်ဖြစ်သည့် အပစ် အခတ်ရပ်စဲရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုးသွားရန် ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ကရင်အမျိုးသားအစည်းအရုံး KNU သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် ၁၉၄၉ခုနှစ်၊ ဇန်န၀ါရီ လ ၃၁ရက်နေ့မှ စတင်ကာ မြန်မာအစိုးရအဆက်ဆက်ကို တော်လှန်လာခဲ့သည်မှာ ၆၃နှစ် နီးပါးရှိပြီး ဖြစ်သည်။

Read More...

တောင်ဒဂုံ တကိုယ်တော်ဆန္ဒပြသူဖမ်းဆီးခံရ

VOA သတင်းမှ....

ဒီကနေ့ ရန်ကုန်၊ တောင်ဒဂုံမြို့နယ်မှာ တကိုယ်တော်ဆန္ဒပြခဲ့သူ အသက် ၆၇ နှစ်အရွယ် NLD ပါတီဝင် ဦးစိုးကြွယ်ကို အာဏာပိုင်တွေက ဖမ်းဆီးသွားခဲ့ပါတယ်။ ဦးစိုးကြွယ်ဟာ လူအခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးကိုရည်ရွယ်ပြီး ပြည်သူတွေရဲ့အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ဒီကနေ့မှာ တကိုယ်တော် ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ လောလောဆယ် သူ့ကို ဘယ်မှာထိန်းသိမ်းထားသလဲ၊ နောက်ဆုံးအခြေအနေတွေကိုသိရအောင်လို့ ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြထားပါတယ်။
တောင်ဒဂုံမြို့နယ် ကျန်စစ်သားလမ်းမကြီးပေါ်မှာ လူအခွင့်ရေးနဲ့တရားဥပဒေ စိုးမိုးရေးအတွက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခြေခံလိုအပ်ချက်တွေကို တောင်းဆိုဆန္ဒပြတဲ့ NLD ပါတီဝင် ဦးစိုးကြွယ်ဟာ မနက် ၉ နာရီကျော်မှာပဲ အဖမ်းဆီးခံရကြောင်း မိသားစုဝင်တဦးက ပြောပြပါတယ်။

“ခေါင်းစဉ်ကတော့ မိမိအခွင့်အရေးကို မိမိတောင်းဆိုခွင့်ရှိသည်။ တောင်းဆိုချက်ထဲမှာ ပါတီအမည် သုံးပြီး လမ်းသူလမ်းသားများထံမှ ငွေကြေးကောက်ခံထားခြင်းကို အရေးယူပေးပါ၊ နံပါတ် (၁) က၊ နံပါတ် (၂) က အကျင့်ပျက်ဝန်ထမ်းများအား တိုင်ကြားထားခြင်းကို အရေးယူပေးပါ။ နံပါတ် (၃) က ရပ်ကွက်အတွင်း ကျန်ရှိနေသည့်လမ်းများအား တပြေးညီ ကွန်ကရစ်ခင်းပေးပါ။ နံပါတ် (၄) အချက်က မြို့နယ်အတွင်း ယာဉ်လမ်းပြေးဆွဲနေသည့် အဓိက မိန်းလမ်းမကြီးများအား ပြုပြင်ပေးပါ။ နံပါတ် (၅) က လျှပ်စစ်မီတာခ၊ မီတာထိန်းသိမ်းခနှင့် မီတာခများပြင်ဆင်ပြီး ၂၄ နာရီ မီးရရှိရေး ဆောင်ရွက်ပေးပါ။ နံပါတ် (၆) က မြို့နယ်အတွင်းရှိ ရေမီတာသုံးစွဲသူများ ရေအပြည့်အဝရရှိရေး ဆောင်ရွက်ပေးပါ။
ရည်ရွယ်ချက်-လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် - တကိုယ်တော် ဆန္ဒပြတာပေါ့။ ဆိုင်းဘုတ်ကိုင်ပြီး ဒီတိုင်း လျှောက်သွားတာပေါ့။ ကားမှတ်တိုင် ၂ မှတ်တိုင်လောက် လျှောက်ပြီးတော့ ခေါ်တင်သွားရော”
ဆန္ဒပြပြီးတဲ့နောက် သူနောက်ကနေ လူအင်အား ၅၀ လောက်က လိုက်ပါတောင်းဆိုဖို့ လူစုဝေး ခဲ့ကြပါတယ်။ ဒီနောက်မှာတော့ ရဲတွေ က သူကိုခေါ်သွာပြီးနောက် တောင်ဒဂုံရဲစခန်းမှာ ထားကြောင်း မိသားစုက အာမခံပေးဖို့ တောင်းဆိုနေဆဲဖြစ်ကြောင်းတွေကိုလည်း ပြောပြပါတယ်။
“အခုချိန်က စခန်းမှာ၊ စခန်းကတော့ စခန်းမှူး၊ မြို့နယ်မှူးကတော့ အာမခံရမယ်လို့တော့ ပြောလိုက် တယ်။ လောလောဆယ် အာမခံလုပ်ဖို့သွားတဲ့အခါကျတော့ သူတို့အကြောင်းကြားပါ့မယ်တဲ့။ ခဏ ပြန်လိုက်ပါအုံးတဲ့။ ပြန်ပြီးတော့ နားပြီးတော့မှ ကျနော်တို့အကြောင်းကြားမယ်ပေါ့လေ၊ အာမခံ အတွက်။ မေးတော့ မေးသွားတယ်။ သေချာ မသေချာတော့ မသိသေးဘူး။ အခုကတော့ မြို့နယ်မှူးနဲ့ စခန်းမှူးနဲ့ကတော့ သဘောချိုပါတယ်။ အာမခံပေးမယ် ပြောထားတယ်။ ကျနော်တို့လည်း ဒါ မိသားစု စဘော်လေးတွေ၊ ဘာတွေ၊ ညာတွေနဲ့ အာမခံဖို့ တင်ထားပြီးသွားပြီ။”
တောင်ဒဂုံက လမ်းတွေဟာအရင် ၂၀၁၀ ရွေကောက်ပွဲမတိုင်ခင်က ပြည်ခိုင်ဖြိုးပါတီက စည်းရုံးရေး ဆင်းပြီး လမ်းတွေခင်းပေးမယ်ဆိုတာမျိုးတွေကို လုပ်ဆောင်ခဲ့သလို လမ်းကြေးကောက်ခံပြီး စံနစ်တကျ ခင်းပေးတာတွေလည်းမရှိတာမျိုး တွေရှိတယ်လို့ ရပ်ကွက်လူထုက ပြောပါတယ်။
ဦးစိုးကြွယ်ဟာ တောင်ဒဂုံမြို့နယ်ထဲက လူထုခံစားနေရတာတွေကို အရေးယူဆောင်ရွက်ပေးဖို့ အတွက် ဆန္ဒပြခဲ့တာဖြစ်ကြောင်း သူတောင်းဆိုချက်တွေဟာ သူတိုမြို့နယ်တွင်းက ပြည်သူတွေ ရသင့်ရထိုက်တဲ့ အချက်အလက်တွေသာဖြစ်ကြောင်း သူရဲ့လုပ်ဖော်ကိုင်ဘက်တွေက ဆိုပါတယ်။
မကြာသေးခင်ကပဲ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် နိုင်ငံရေး အကျဉ်းသား ဟောင်း ဦးအောင်မြင့်ဟာ ဘိုကလေးမြို့မှာ သံခြေကျင်းခတ်ပြီး ဆန္ဒပြခဲ့သလို တွံတေးမြို့မှာလည်း နိုင်ငံရေးအကျဉ်းသားဟောင်း ဦးအောင်ဖေဟာ ထောင်ဝတ်စုံဝတ်ပြီး တကိုယ်တော် ဆန္ဒပြခဲ့ပါတယ်။ အဲဒီဆန္ဒပြမှုတွေကိုတော့ ဖမ်းဆီးတာမျိုးတွေ မရှိပေမယ့် စောင့်ကြည့်မှတ်တမ်းတင်တာတွေကို လုပ်ခဲ့ပါတယ်။ အစိုးရသစ်လက်ထက်မှာပဲ အရင်တုန်းကလို စောင့်ကြည့်သတင်းယူတာအပြင် ဖမ်းဆီးစစ်ဆေးတာတွေကို လုပ်နေဆဲပဲ ဖြစ်ပါတယ်ရှင်။

Read More...

ကရင်ဓါတ်ပုံသတင်းထောက် အကြောင်း အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆုရ

KIC သတင်းမှ...

ဇန်န၀ါရီလ ၄ရက်နေ့၌ ကျင်းပသည့် လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော်တွင် ရုပ်သံဇာတ်ကား ၅၄ကား ဆန်ကာတင် ရွေးချယ် ခဲ့ရာ ဆုရဇာတ်ကား ၅ခုအနက် ကရင်ဓါတ်ပုံသတင်းထောက် စောလောအဲ့စိုးအကြောင်းကို မှတ်တမ်းတင်ထားသည့် “Click In Fear” ဇာတ်ကားက အကောင်းဆုံး မှတ်တမ်းရုပ်ရှင် (Documentary film)ဆု ရွေးချယ်ခံခဲ့ရသည်။

အဆိုပါ မှတ်တမ်းရုပ်ရှင်ကို သျှမ်းတိုင်းရင်းသား ဒါရိုက်တာ စိုင်းကျော်ခိုင်က မှတ်တမ်းတင် ရိုက်ကူးထားခြင်းဖြစ်ပြီး ၂၀၀၇ခုနှစ် ရွှေဝါရောင်အရေးအခင်းတွင် အန္တရာယ်များမှ သက်စွန့်ဆံဖျား ဓါတ်ပုံရိုက်ခဲ့သူ စောလော်အဲ့စိုး၏ ခံစားမှုနှင့် လှုပ်ရှားမှုပုံရိပ်များကို ၁၃မိနစ်ကျော်ကြာ မှတ်တမ်းတင်ခဲ့ခြင်း ဖြစ်သည်။


ဒါရိုက်တာ စိုင်းကျော်ခိုင်က “မြန်မာနိုင်ငံမှာ မီဒီယံလွတ်လပ်ခွင့် မရှိဘူးဆိုတာကို ပြချင်လို့ပါ။ ဒီရုပ်ရှင်က ဆုရမယ် မရမယ်ဆိုတာ မမျှော်လင့်ဘူးဗျာ။ ဒီမှတ်တမ်းကို လူတွေကြည့်ရတာက ကျနော့်အတွက် ဆုရတာထက် ကောင်းတယ်။ အမှန်တရားကို မြတ်နိုးတဲ့ သူအတွက်က အမှန်တရားကို ဖော်ပြချင်တာပဲ။”ဟု ကေအိုင်စီသို့ ပြောသည်။

လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်တွင် Click in fear နှင့်အတူ ဒါရိုက်တာမင်းသိုက်၏ “ကြိုး” မှတ်တမ်းတိုရုပ်ရှင်၊ ဒါရိုက်တာ ဇော်ဘိုဘိုဟိန်း၏ “Unity and Freedom”ဇာတ်ကား၊ အသက် ၁၉နှစ်အရွယ် ဒါရိုက်တာ အောင်ဇော်မိုး၏ “Still in the dark” ဇာတ်ကားနှင့် ဒါရိုက်တာ ၀ိုင်း၏ “အဲ့ဒီအခန်းဖြတ်”ဇာတ်ကားတို့က ဆုရရှိသွားခဲ့ခြင်း ဖြစ်သည်။

ဆုရရှိသူများကို အမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဆုချီးမြှင့်ခဲ့ပြီး Click in fear ဇာတ်ကားဆုရရှိသူ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ဒါရိုက်တာ စိုင်းကျော်ခိုင်မှာ ဆုတက်ရောက် ယူနိုင်ခြင်းမရှိသည့်အတွက် ၎င်းကိုယ်စား ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဆုယူခဲ့သည်။

Click in fear မှတ်တမ်းရုပ်ရှင်မှ အဓိကဇာတ်ကောင်ဖြစ်သည့် ဓာတ်ပုံသတင်းထောက် စောလောအဲ့စိုးက “ဒီမှတ်တမ်း ရုပ်ရှင် ဆုရတယ်လို့ ကြားတော့ ပျော်တယ်။ ဗမာပြည်မှာက အများအားဖြင့် ဗုဒ္ဓဘာသာဝင်တွေ များတယ်။ ရွှေဝါရောင်တော်လှန်ရေးမှာ ခရစ်ယာန်ဘာသာဝင်တယောက်ဖြစ်တဲ့ ကျနော်က အခန်းကဏ္ဍမှာ ပါဝင်ခွင့်ရတဲ့အတွက်ကြောင့်မို့ အများကြီးပဲ ဂုဏ်ယူမိပါတယ်။ ဘယ်တိုင်းရင်းသား၊ ဘယ်ဘာသာဝင်မဆို တိုင်းပြည်အတွက် သူတို့ တတ်နိုင်တဲ့ဘက်က လုပ်ဆောင်တယ်လို့ပဲ ခံယူတယ်။”ဟု ပြောသည်။

သူသည် ရွှေဝါရောင်သံဃာ့အရေးအခင်းတွင် ဓါတ်ပုံမှတ်တမ်းရိုက်ခဲ့မှုကြောင့် စစ်အစိုးရ အာဏာပိုင်များလက်အောက်မှ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိတွင် အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်ပြည်နယ် ဘတ်ဖလိုးမြို့တွင် အခြေချ နေထိုင် လျှက်ရှိသည်။

“အခြေအနေပေးရင် မြန်မာနိုင်ငံ နယ်စပ်ဒေသတလျှောက်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာနဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ ဘ၀ တွေကို ပြန်လာပြီး ဓါတ်ပုံရိုက်ချင်သေးတယ်။”ဟု စောလောအဲ့စိုးက ဆက် ပြောသည်။

ရွှေဝါရောင်သံဃာအရေးအခင်းအတွင်း ၎င်းရိုက်ယူခဲ့သည့် သပိတ်မြှောက် ဆန္ဒပြ ကိုရင်(သံဃာ) တပါး၏ အပုံမှာ ကမ္ဘာကျော်ခဲ့သည်။

Click in fear မှတ်တမ်းရုပ်ရှင်တွင် စောလော်အဲ့စိုး ကိုယ်ပိုင်အသံကို နောက်ခံစကားပြောထား၍ အကြောက်တရားကြားမှ ဓါတ်ပုံ သတင်းထောက်တဦး၏ အမှန်တရား ထုတ်ဖော်ချင်စိတ်၊ ခရစ်ယာန်ဘာသာဝင်တဦးအနေဖြင့် ပြည်သူများအပေါ် အနစ်နာခံသည့် ဗုဒ္ဓဘာသာရဟန်းများ၏ သတ္တိရှိမှုကို တန်ဖိုးထားသည့်စိတ်တို့ကို မှတ်တမ်းတင်ထားသည်။

“ကိုလောအဲ့စိုးက ဘယ်သူ့ကိုမှ အင်တာဗျူး မပေးဘူးဗျ။ ကံကောင်းတာက ကျနော်တို့ သွားဗျူးတာတော့ ပေးတယ်။ အင်တာဗျူး ပြီး ဒီဗွီဘီမှာ လွှင့်သေးတယ်။ မကောင်းဘူး။ နောက်ပိုင်း သူ့ပုံတွေ လိုက်ရှာတယ်။ သူ(ဓါတ်ပုံ)ရိုက်နေတဲ့ လမ်းပေါ်မှာတွေ၊ လှုပ် ရှားတဲ့ဟာတွေပေါ့။ ၂၀၀၈မှာ သူ့ကို အင်တာဗျူးတယ်။ ၂၀၀၉မှ ပြီးတယ်။”ဟု စိုင်းကျော်ခိုင်က ပြောသည်။

ထို့အပြင် မှတ်တမ်းရုပ်ရှင်နှင့် ပတ်သက်၍ ဆက်လက်လုပ်ဆောင်ရန် စိတ်အားထက်သန်လျှက်ရှိပြီး လက်ရှိတွင် ကရင်ပြည်နယ်အ တွင်း တောထဲတောင်ထဲ၌ ပြေးလွှားရင်း မြေကြီးပေါ် စာသင်နေရသည့် ကလေးများ၏အကြောင်းကို ကိုယ်တိုင်သွားရောက် မှတ် တမ်းတင် ရိုက်ကူးချင်ကြောင်း သူက ဆက်ပြောသည်။

စိုင်းကျော်ခိုင်သည် လက်ရှိအချိန်တွင် ဒီမိုကရက်တစ်မြန်မာ့အသံ-DVB သတင်းဌာနတွင် အလုပ်လုပ်ကိုင်လျှက်ရှိသည်။

Read More...