gtalk မှာစကောကရင်ဘာသာဖြင့် chatting လုပ်နိုင်ပြီး

မိတ်ဆွေတစ်ယောက်ပို့ပေးလိုက်တဲ့gtalkမှာစကောကရင်ဖြင့်chattingလုပ်နိုင်တဲ့အကြောင်းလေးကိုတင်ပြပေးလိုက်ပါတယ်။ emailပို့ပေးတဲ့မိတ်ဆွေနဲ့ဒီလိုchattingလုပ်နိုင်အောင်ကြိုးစားအားထုတ်ခဲ့တဲ့ကျောင်းသားများကိုလည်းအထူးကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်။
ဆက်လက်ပြီးတော့ ကြိုးစားသွားပါလို့တိုက်တွန်းချင်ပါတယ်။

အားလုံးပဲ မင်္ဂလာပါ…
ကျွန်တော် ကိုယ့်ကိုကိုယ်အရင်မိတ်ဆက်ပါရစေ…
ကျွန်တော့် နာမည် --------- ပါ…
Karen Baptist Theological Seminary မှာ Computer Science ကျောင်းသားပါ…
ကျွန်တော် မိတ်ဆက်လိုတာကတော့ …
စကောကရင်လူမျိုးများအတွက် အဓိကရည်ရွယ်ထားတဲ့
Gtalk နဲ့ စာစီစာရိုက်တွင် ကရင်လိုရိုက်နိုင်သော Software ပါ… (Virus မဟုတ်ပါဘူး)
ကရင်လို ရိုက်သောအခါတွင် အသုံးများသော Saw Ka Nyaw (font) ၏ လက်ကွက်အတိုင်းဖြစ်ပါတယ်…
Gtalk တွင် အသုံးပြုမည်ဆိုပါက English – Zawgyi – K.B.T.S (ကရင်) အသုံးပြုနိုင်ပါတယ်…
Gtalk နဲ့ စာစီစာရိုက် အတွက် အဓိကရည်ရွယ်ရေးသားထားတဲ့ Software လေးပါ…
အားလုံးပဲ ဒီဖိုင်ကို download လုပ်ပြီး အသုံးပြုနိုင်ပါတယ်…

Read More...

ဒေါ်အောင်ဆန်းစုကြည် အယူခံပြင်ဆင်ချက် ပယ်ချမှု နိုင်ငံတကာ ပြစ်တင်ဝေဖန်

27 February 2010(VOA သတင်း)

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူ့အပေါ်ချမှတ်ထားတဲ့ ထောင်ဒဏ်နဲ့ပတ်သက်ပြီး ပြင်ဆင်ချက် လျှောက်ထားတင်သွင်းတာကို ဗဟိုတရားရုံးက ပယ်ချလိုက်တဲ့အတွက် နိုင်ငံတကာက စိတ်ပျက်လက်ပျက် ဝေဖန် ပြောဆိုလိုက်ကြပါတယ်။ ဒါပေမဲ့လည်း ဒီလို နိုင်ငံတကာက ထုံးစံအတိုင်း ကြေညာချက်တွေထုတ်ပြီး ဝေဖန် ပြောဆိုတာ လောက်ကိုတော့ မြန်မာစစ်ဗိုလ်ချုပ်တွေက ဂရုစိုက်မှာမဟုတ်ဘူးလို့ တုံ့ပြန်ဝေဖန်တာလည်း ထွက်လာပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

Read More...

ဝ နယ်ထဲ နအဖ တပ်မ ၂ ခု ပို့မည်ဟု တရုတ်မှတဆင့် ခြိမ်းခြောက်

သတင်း - သျှမ်းသံတော်ဆင့်သတင်း

ဝ ခေါင်းဆောင်နှင့် နအဖ ကိုယ်စားလှယ်တို့တွေ့သည်ဖြစ်စေ မတွေ့သည်ဖြစ်စေ နယ်စပ်လုံခြုံရေးအရ ၀ နယ် မြေအတွင်း တပ်မနှစ်ခုပို့မည်ဖြစ်ကြောင်း တန့်ယန်းသို့ ၀ ခေါင်းဆောင်များ မထွက်ခွါမှီ တရုတ်မှတဆင့် ဖိအား ပေးခဲ့သည် ဟု စုံစမ်းသိရှိရပါသည်။

“၀ ဥက္ကဌ တန့်ယန်းကို မဖြစ်မနေသွားဖို့ခေါ်တာက ဗမာစစ်ခေါင်းဆောင်တွေ၊ ကြားဝင်ကမ်းလှမ်းတိုက်တွန်း ဖြောင်းဖြ ပေးတာက တရုတ်တွေလေ။ တရုတ်က - ခင်ဗျားတို့ သွားတွေ့လိုက်ပါ ကောင်းဖို့အတွက်ဘဲ၊ အဖမ်းအဆီးမရှိစေရဘူး၊ နောက်တခု ခင်ဗျားတို့ သွားတွေ့တွေ့ မတွေ့တွေ့ ခင်ဗျားတို့နယ်မြေထဲ သူတို့ တပ်မ ၂ ခု ပို့မယ်လို့ပြောတယ်။ နောက်ပြီး ဗိုလ်ရဲမြင့်တို့ ပန်ဆန်းကို မလာနိုင်တာက သူတို့ကအစိုးရ - ခင်ဗျားတို့ဆီလာရမယ်ဆိုတာ ထုံးမရှိဘူးတဲ့” - ဟု တရုတ်ဆက်ဆံရေးအရာရှိများပြောကြောင်း အဆိုပါ ၀ အရာရှိက ဆက်လက်ပြောပြ၏။

Read More...

တွေ့ဆုံဆွေးနွေးရေးဖြစ်မြောက်ရန် ၀ ခေါင်းဆောင် စတင်လိုက်လျော

(သျှမ်းသံတော်ဆင့်)
လားရှိုး၌ တွေ့ဆုံရန် ဒုဗိုလ်ချုပ်ကြီးရဲမြင့်၏တောင်းဆိုမှုကို ငြင်းဆန်လိုက်သော်လည်း တရုတ်၏ ဖြန်ဖြေဖြောင်းဖြ မှုကြောင့် တန့်ယန်းမြို့သို့သွားရောက်တွေ့ဆုံဆွေးနွေးရန် ၀ ခေါင်းဆောင် လိုက်လျောသဘောတူလိုက်ပြီဟု ယနေ့မနက်ပိုင်းက သိရသည်။
“တန့်ယန်းအထိဆိုရင် ၆ နာရီ ကားစီးရတယ်၊ လားရှိုးလောက်တော့မဝေးဘူး၊ တရုတ်က ဖိအားပေးလာတော့မသွားလဲ မပြီးဘူး။ ဒီတခေါက်တွေ့ဆုံပွဲက အဖြူအမည်းဆုံးဖြတ်ပေးမယ့် နောက်ဆုံးအကြိမ်လို့ ကျနော်တို့ခေါင်းဆောင်တွေ ပြောတယ် ” - ဟု အမည်မဖေါ်လိုသူ ၀ အဆင့်မြင့်အရာရှိ တဦးက ပြောပါသည်။

Read More...

မြန်မာစစ်တပ်၏ နှိပ်စက်ခံရသည့် သူကြီးမ အစီရင်ခံစာ ကေဒဗလျူအို ထုတ်ပြန်

ဖေဖော်ဝါရီလ ၂၆ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

မြန်မာနိုင်ငံအရှေ့ပိုင်းရှိ ကရင်ဒေသများမှ အမျိုးသမီးသူကြီးများသည် မြန်မာစစ်တပ်၏ နည်းမျိုးစုံဖြင့် အစီအစဉ်ချကာ ညှင်း ပမ်းနှိပ်စက်ခံနေရသည်ဟု ကရင်အမျိုးသမီးအစည်းအရုံး(ကေဒဗလျူအို)က ယမန်နေ့က အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်သည်။

“ဓါးချွန်ကြားမှာ လမ်းလျှောက်သူ” အမည်ရှိ အစီရင်ခံစာ၏ သတင်းစာရှင်းလင်းပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ယမန်နေ့ နံနက် ၁၀နာရီတွင် ပြုလုပ်ခဲ့ပြီး အစီရင်ခံစာ ထုတ်ပြန်ရခြင်းနှင့် ပတ်သက်၍ ကေဒဗလျူအို တွဲဘက်အတွင်းရေးမှူး (၁) နော်ဘလူးမင်းနိုက်ဇန်က ကေအိုင်စီကို ယမန်နေ့က ပြောသည်။

ကေဒဗလျူအိုမှ အစီရင်ခံစာ ရှင်းလင်းပြောဆိုနေစဉ်

Read More...

ဒေါ်အောင်ဆန်းစုကြည်အမှု တရားရုံးချုပ် ငြင်းပယ်

Friday, 26 February 2010 ကိုထွေး(ဧရာဝတီ)

ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံနေရမှု အယူခံအတွက် ဒီဇင်ဘာလတွင် တင်သွင်းထားသော ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုကို ဗဟိုတရားရုံးချုပ်က ယနေ့ ငြင်းပယ် လိုက်ကြောင်း ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။အယူခံလွှာ တင်သွင်းရန် အဆင့်တခု ရှိသေးသည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

Read More...

မြန်မာစစ်တပ်များ တိုက်ပွဲဝင်ရန် အဆင်သင့် အနေထားရှိရန် နေပြည်တော်ညွန်ကြား

သတင်း-ကေအင်ဂျီ
မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ်ရှိ မြန်မာစစ်တပ်တွေအားလုံး တိုက်ပွဲအတွက် အဆင်သင့် ပြင်ဆင်ထားရန် နယ်ပြည်တော်က ညွန်ကြားထားကြောင်း ခိုင်လုံတဲ့ ဒေသခံ သတင်းရပ်ကွက်က သိရပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော် ကားလမ်းမတွင် တွေ့ရတဲ့ မြန်မာစစ်ကားများ

Read More...

UWSA ခေါင်းဆောင် စစ်အစိုးရနှင့် တွေ့မည်

Thursday, 25 February ရန်ပိုင် (ဧရာဝတီ)

ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) အဖွဲ့ ဥက္ကဋ္ဌ ဦးပေါက်ယူချန်းသည် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ် အတွက် စစ်အစိုးရနှင့် ဆွေးနွေးရန် ရှမ်းပြည်နယ်၊ တန့်ယန်းမြို့သို့ ယနေ့ ရောက်ရှိလာကြောင်း တရုတ် မြန်မာ နယ်စပ် အရေး စောင့်ကြည့်သူများက ပြောသည်။

 
ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) အဖွဲ့ ဥက္ကဋ္ဌ ဦးပေါက်ယူချန်း (ဓာတ်ပုံ - ခေတ်ပြိုင်)

Read More...

ဟာသကြက်ဥကြော်လား

ဘွဲ့ဖြူ(ခေတ်ပြိုင်)၂၅/ ဖေဖော်ဝါရီ ၂၀၁၀

နွေရာသီရဲ့ ရှေ့ပြေးဖြစ်တဲ့ ဥသြတွန်သံမှ လှိုင်လှိုင်မကြားရသေးဘူး၊ မြန်မာနိုင်ငံရဲ့ လျှပ်စစ်မီးအခြေအနေက အတော်ကလေး ဆိုးဆိုးရွားရွား ဖြစ်နေပြီဆိုတဲ့ အသံတွေ ကြားနေရတယ်။ တချို့မြို့နယ်တွေမှာဆိုရင် တရက်ကို မီးလာချိန် (၃) နာရီတောင် မပြည့်ဘူးလို့ သိရတယ်။ မြို့ငယ်ကလေးတွေ မပြောပါနဲ့လေ။ ရန်ကုန်မြို့တော်ကြီးမှာတောင် မြို့လယ်တခုလုံးဟာ မီးစက်မောင်းသံတွေနဲ့ နေ့စဉ် ငရဲပွက်နေသလိုပါပဲလို့ ပြောကြတယ် (တချို့ကတော့ အဲဒီမီးစက်သံတွေကို ဒီမိုကရေစီ တောင်းဆိုသံတွေလို့ တင်စားကြသတဲ့)။
နအဖက သူ့လက်ထက်မှာ ရေအားလျှပ်စစ် ကီလိုဝပ် ဘယ်လောက်ထုတ်လုပ်နိုင်တဲ့ ရေကာတာကြီး ဘယ်နှခု တည်ဆောက် ပြီးစီးခဲ့ပြီ၊ နောက်ထပ်လည်း ဘယ်နှခု တည်ဆောက်ဦးမယ်ဆိုပြီး အမြဲတမ်း ကြွားလုံးထုတ်လေ့ရှိတယ်။ ရုပ်ရှင်မင်းသမီးလေးတွေ၊ အဆိုတော်လေးတွေ၊ မော်ဒယ်လေးတွေကို ကခိုင်း ဆိုခိုင်း သရုပ်ဆောင်ခိုင်းပြီး အဲဒီဆည်မြောင်း တာတမံ ရေကာတာကြီးတွေကို ‘ပွဲထုတ်’ လေ့ရှိတယ်။

Read More...

လက်နက်ကြီးထိမှန်၍ ကျောင်းသား ၃ဦး ထိခိုက်သေဆုံး

ဖေဖော်ဝါရီလ ၂၅ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ် ဖာပွန်ခရိုင် ခေးပူကျေးနယ်အတွင်းရှိ စာသင်ကျောင်းတကျောင်းအား နအဖစစ်တပ်က လက်နက်ကြီးများဖြင့် လှမ်း၍ ပစ်ခတ်ခဲ့ရာ ကျောင်းသားတဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ (Free Burma Ranger) က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။


Read More...

ဟွန်ဒေးနဲ့ ဒေ၀ူး မြန်မာ့သဘာဝဓာတ်ငွေ့ ရှာဖွေရေး ဒေါ်လာ ကုဋေချီ စာချုပ် ချုပ်ဆို

စစ်ခွေးတွေကတော့ ပွပေါက်ထပ်တိုးပြန်ပြီး။ ဒီခွေးကောင်တွေ သူတို့ရတဲ့ဒေါ်လာသန်းပေါင်းများစွာကို ဘယ် လိုခွဲဝေစားကြမလဲဆိုတာ ကိုစောင့်ကြည့်ကြတာပေါ့။

23 February 2010(VOA)
မြန်မာနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး အကျိုးတူ ပူးပေါင်းဆောင်ရွက်ကြဖို့ အတွက် တောင်ကိုရီးယားနိုင်ငံ ဟွန်ဒေး ကော်ပိုရေးရှင်းနဲ့ ဒေ၀ူး ကုမ္ပဏီကြီးအကြား ဒေါ်လာသန်းပေါင်း ၁,၄၀၀ တန်ဖိုးရှိတဲ့ သဘောတူစာချုပ်ကို ဒီနေ့ လက်မှတ်ရေးထိုး လိုက်ကြပါတယ်။
ဟွန်ဒေး အကြီးစားစက်မှုလုပ်ငန်း ကော်ပိုရေးရှင်းနဲ့ ဒေ၀ူး နိုင်ငံတကာ ကုန်သွယ်ရေး ကော်ပိုရေးရှင်းကြီးတို့ ပူးတွဲပြီး မြန်မာနိုင်ငံ အနောက်မြောက်ဘက်မှာ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကို ၂၀၁၃ ခုနှစ် မတ်လမှာ စတင် အကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်။

Read More...

နယ်ခြားစောင့်တပ် ပြောင်းရေး ၀နှင့် စစ်အစိုးရ တင်းမာ

23 February 2010 သန်းထိုက်ဦး(ဧရာဝတီ)

စစ်အစိုးရ တာဝန်ရှိသူ များနှင့် “၀” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ခေါင်းဆောင် တချို့တို့က နယ်ခြားစောင့် တပ်အသွင် ပြောင်းရေး အတွက် မူအားဖြင့် သဘောတူညီ ထားသော်လည်း ဆက်လက် တွေ့ဆုံ ဆွေးနွေးရန် နှစ်ဘက် တင်းမာ နေကြသည်။
စစ်အစိုးရဘက်မှ စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က ၀တပ်ဖွဲ့ ခေါင်းဆောင် ဦးပေါက်ယူ ချမ်းကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့၌ လားရှိုးမြို့တွင် လာရောက် တွေ့ဆုံရန် အကြောင်းကြားခဲ့ပြီး ၀တပ်ဖွဲ့က ငြင်းဆန်ခဲ့သည်။
အလားတူပင် ၀တပ်ဖွဲ့ကလည်း ၎င်းတို့ ဌာနချုပ်ဖြစ်သော ပန်ဆန်းမြို့သို့ ယခုလ ၂၀ ရက်နေ့တွင် လာရောက် တွေ့ဆုံနိုင်ရန် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်အား ပြန်လည် ဖိတ်ကြား ထားသည်ကို ယမန်နေ့ အထိ အကြောင်း ကြားခြင်း မရှိဘဲ နှစ်ဘက် တင်းမာနေခြင်း ဖြစ်သည်။

Read More...

ရှားတောမြို့နယ်တွင်းရှိ ရွာသားများ ရွာသူကြီး မဖြစ်ရဲကြ

သတင်း - ကန္တာရ၀တီတိုင်း(မ်)
ရေးသားသူ - ပါးရယ်

ကရင်နီပြည် ရှားတောမြို့နယ်တွင်းရှိ ကျေးရွာများမှ ကရင်နီတော်လှန်ရေးတပ်မတော်များအား အထောက်အကူနှင့် ထောက်ခံမှုများ မပေးနိုင်ရန် စစ်အစိုးရတပ်မှ ရွာသူကြီးများအား ဖိနှိပ်ထိန်းချုပ်ထားကြောင်း ရွာသားများက ဆိုသည်။
ရွာအနီးတ၀ိုက်တွင် ကရင်နီလက်နက်ကိုင်တပ်ဖွဲ့နှင့် မြန်မာစစ်အစိုးရတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားပါက ရွာသူကြီးနှင့် ရွာအတွင်းရေး မှူးအား ဖမ်းဆီးချုပ်နှောင်ပြီး စစ်ဆေးမေးမြန်းကာ ရိုက်နက်ခြင်းများ ပြုလုပ်လေ့ရှိသည်။
ရွာထဲသို့ ၀င်လာသော ကရင်နီတပ်မတော်များအား လက်ခံပါက ရွာသူကြီးများအား အဓိက ပစ်မှတ်ထားပြီး ဖမ်းဆီးနှိပ်စက်သောကြောင့် ယခုအချိန်၌ ရွာတိုင်းလိုလိုက ရွာသူကြီးအဖြစ် မည်သည့်ရွာသားမှ မလုပ်ချင်ကြကြောင်း ရှားတောမြို့နယ် ကလာလဲရွာသားတဦးက ပြောသည်။

Read More...

ကလေးစစ်သား စုဆောင်းသူ ၄၄ ဦး အရေးယူခံရ

Monday, 22 February 2010 လွင်ကို(ဧရာဝတီ)

အသက် ၁၈ နှစ်အောက် ကလေးများကို စစ်သားအဖြစ် စုဆောင်း အသုံးချခဲ့မှုဖြင့် အရာရှိများ အပါအ၀င် တပ်မတော်သား ၄၄ ဦးကို အရေးယူ ထားကြောင်း စစ်အရာရှိ တဦးကို ကိုးကားပြီး ယနေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။
၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနှစ် အတွင်း အရေးယူခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ကလေး သူငယ် အခွင့် အရေးများ ဆိုင်ရာ လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ကျော်မြင့်က ပြောသည်ဟု ဆိုသည်။ မည်သို့ အရေးယူသည်ကို ဖော်ပြထားခြင်း မရှိပေ။
အာဏာပိုင်တို့က မြန်မာ့တပ်မတော်ရှိ အသက်မပြည့်သေးသူ အများအပြားကိုလည်း မိသားစုထံ ပြန်လည် အပ်နှံလိုက်သည်ဟု ဆိုသည်။

Read More...

ရွှေတြိဂံဒေသ ခြုံခိုတိုက်ခိုက်မှုကြောင့် မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ သေဆုံး

21 February 2010 (VOA)

မူးယစ်ဆေးဝါး သယ်ယူရာမှာ ဖြတ်သန်းတဲ့ နေရာတခုဖြစ်တဲ့ ရွှေတြိဂံဒေသမှာ ယမန်နေ့ နေ့လယ်ပိုင်းက ကင်းလှည့်နေတဲ့ မြန်မာရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ် အဖွဲ့ဝင်တွေကို အမည်မသိ လက်နက်ကိုင်တချို့က ပစ်ခတ်ခဲ့ပါတယ်။ အဲဒီနေရာမှာ အခုချိန်ထိတော့ အလောင်း ၆ လောင်းကို ရှာဖွေတွေ့ထားပြီ ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

Read More...

ရွေးကောက်ပွဲကို လက်ခံနိုင်ဖွယ်အခြေအနေမရှိကြောင်း ကင်တားနားဝေဖန်

မြန်မာနိုင်ငံမှာ စစ်အစိုးရက ဒီနှစ်အတွင်းကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲတွေဟာလက်ခံနိုင်စရာအခြေအနေမှာ မရှိတဲ့အကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ Tomas OjeaQunitana က ပြောဆိုလိုက်ပါတယ်။ မြန်မာစစ်အစိုးရဟာလူ့အခွင့်အရေးကိုလေးစားလိုက်နာခြင်းမရှိတဲ့အတွက်စစ်အစိုးရကျင်းပမယ့်ရွေးကောက်ပွဲဟာလည်း အများလက်ခံယုံကြည်နိုင်စရာ မရှိတဲ့အကြောင်း မစ္စတာကင်တားနားက ပြောလိုက်တာပါ။
မြန်မာနိုင်ငံခရီးစဉ်အတွင်းနေအိမ်အကျယ်ချုပ်ကျနေတဲ့မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်မရခဲ့သလိုမြန် မာစစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့လည်းတွေ့ဆုံခွင့်မရခဲ့ဘဲမစ္စတာကင်တားနားပြန်ထွက်လာရပြီးတဲ့ နောက် အဲဒီ လိုပြောလိုက်တာဖြစ်ပါတယ်။ အပြည့်အစုံကိုကိုသိန်းထိုက်ဦးကတင်ပြထားပါတယ်။

Read More...

တပ်မတော်ထဲမှာ မကျေနပ်မှုများဖြစ်ပွား

Sunday, 21 February 2010 ဗထူး(ရိုးမ၃)

တပ်မတော်ထဲတွင် ဆက်တိုက်ဖြစ်ပွားနေသော မကျေနပ်မှုများနှင့် တပ်မ (၇၇) လက်အောက်ခံတပ်များတွင် ဖြစ်ပွားနေသည့် မကျေနပ်မှုများ ဆက်စပ်လျှက်ရှိသည်။
အဆိုပါ မကျေနပ်မှုသည် တပ်တွင်း ရဲဘော်မိသားစုဝင်များ ကြပ်တည်းမှုများကို ဆွေးနွေးပွဲတွင် တင်ပြခဲ့မှုများကြောင့် ဖြစ်သည်။

“အဓိက အားဖြင့်အမှတ် (၇၀၄) ခြေမြန်တပ်ရင်း (ထူးကြီး) အခြေစိုက်ဖြစ်တာ၊ အလားတူအခြားခြေမြန်တပ်ရင်းများလည်း ဒီလိုတောင်းဆိုမှုတွေ ဖြစ်လာနိုင်ဖွယ်ရှိတယ်” အမည်မဖော်လိုသည့် ဒုရင်းမှူးတဦးက ပြောသည်။
အလားတူဖြစ်စဉ်မျိုးနောက်ထပ်မဖြစ်ရန် တိုင်းတပ်မ အလျောက် ကြပ်မက်ဆောင်ရွက်သွားရန် ညွှန်ကြားချက်များပေးပို့ထားကြောင်း ၎င်းဒုရင်းမှူးက ဆက်ပြောသည်။

အဆိုပါအခြေအနေများနှင့်ပတ်သက်၍ နယ်စပ်အခြေစိုက် တပ်တွင်းစောင့်ကြည့်လေ့လာသူ တဦးအဆိုအရ “ ဒီလိုမျိုးတွေက မကြာခင်ဆက်တိုက်ဖြစ်လာမှာဘဲ” ဟု ပြောသည်။
တပ်မတော်တွင်း အောက်ခြေ အကြပ်တည်းများနှင့်ပတ်သက်၍ ရင်ဆိုင်နေရပြီး အခြေခံရိက္ခာပင် မလုံလောက်တော့ကြောင်း ပြောဆိုသွားခဲ့သည်။

သံဖြူဇရပ်မြို့နေကျောင်းသားတစ်ဦးကို DKBA ဂိတ်မှူးမှ ရိုက်နှိက်

နော်ဆာဖေါဂေ၊ ကော်ဝေး(ဖေဖေါ်ဝါရီ ၂၀၊၂၀၁၀)
ထိုင်းမြန်မာနယ်စပ်ရှိ ဘုရားသုံးဆူမြို့မှ ဆိုင်ကယ်လာဝယ်ပြီးပြန်လာသော မွန်ပြည်နယ် သံဖြူဇရပ်မြို့၊ အောင်မင်္ဂလာ(၂)လမ်းနေ အသက်(၁၅)နှစ်အရွယ်ကျောင်းသားတစ်ဦးကို ဖေဖေါ်ဝါရီ လ(၁၅)ရက်နေ့က ဘုရားသုံးဆူမြို့နှင့်(၁ဝ)မိုင်အကွာအဝေးသည့် သဘာဝကျေးရွာတွင် DKBA ဂိတ်မှူးမှ ရိုက်နှိက်ခဲ့သည့်အပြင် ဒဏ်ကြေးပါပေး ဆောင်ခဲ့ရကြောင်း ဒေသခံတစ်ဦးမှပြောပါသည်။

DKBA ကလိုထူးဘောဗျူဟာ လက်အောက်ခံအထူးတပ်ခွဲ ဗိုလ်ကြီးအေဝမ်းဦးစီးအဖွဲ့မှ ဂိတ်မှူးပေါ်ဆန်းမွှေးက အဆိုပါကျောင်းသားကိုရိုက်နှိက်ခဲ့ခြင်းဖြစ်ပြီး ၄င်းတို့ဂိတ်မှ ဆိုင်ကယ် တစ်စီးလျှင် ထိုင်းဘတ်(၃ဝဝ) ဖြင့်အခွန်ကောက်ယူသောကြောင့် အဆိုပါကျောင်းသားကို စည်းကမ်းမလိုက်နာဘူးဟု စွပ်စွဲပြောဆိုပြီး ထိုင်းဘတ် (၁၀ဝဝ) ဒဏ်ကြေးကောက်ခံကြောင်း အဆိုပါဒေသခံ မှပြောပါသည်။

Read More...

ပင်လုံဗုံးပေါက်ကွဲမှု နအဖ သတင်းမှန်ထိမ်ချန်

(သျှမ်းသံတော်ဆင့်)
ပင်လုံမြို့ လောင်းက၀ိုင်း လေးကောင်ဂျင်ခုံအနီး ဗုံးပေါက်သည်ကို နအဖ မီဒီယာက ပြည်ထောင်စုနေ့Fun Fair ဇာတ်ပွဲရုံ မီးစက်အနီး ပေါက်ကွဲသည်ဟု ၁၈ ရက်နေ့ထုတ်မြန်မာ့အလင်းသတင်းစာ၌ လိမ်လည်ဝါဒဖြန့်ကြောင်းပင်လုံသားတဦး ကပြောပါသည်။
“ပြည်ထောင်စုနေ့ပွဲ/အခမ်းအနားက ၁၂ ရက်မနက်ပိုင်းခဏလေး ဖြစ်သလိုဘဲလုပ်တာ။ လောင်းကစားဝိုင်း က အခုလ ၂ ရက်နေ့ ကစပြီး ၁၅ ရက်ခွင့်ပြုချက်ရထားတာ။ ပြည်ထောင်စုနေ့ဆိုင်တဲ့ ပျော်ပွဲရွှင်ပွဲ ဘာတခုမှ မရှိဘူး။ ဗုံးပေါက်တာကလဲ လေးကောင်ဂျင်ဝိုင်း အနောက်ခန်းက ကန်တော့ပွဲစင်မှာပေါက်တာ”- ဟု ပင်လုံမြို့ခံ တဦးက ပြောပါသည်။

Read More...

ကင်တားနား၏ အစီရင်ခံစာ ပြည့်စုံမည်မဟုတ်ဟု တိုင်းရင်းသားများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများ ဝေဖန်

ဝီရ (ခေတ်ပြိုင်)
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စာလှယ် မစ္စတာ ကင်တားနားသည် မြန်မာနိုင်ငံ (၅) ရက်ကြာခရီးစဉ်အတွင်း တိုင်းရင်းသားခေါင်းဆောင်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် တွေ့ဆုံခွင့် မရရှိခဲ့သည့်အတွက် ကုလသမဂ္ဂသို့ တင်ပြမည့်
၎င်း၏အစီရင်ခံစာသည် ပြည့်စုံမှုရှိမည်မဟုတ်ကြောင်း တိုင်းရင်းသားခေါင်းဆောင်များက ပြောကြားသည်။
စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲအပေါ် တိုင်းရင်းသားတို့၏ အမြင်သဘောထားများကို မစ္စတာ ကင်တားနား သိခွင့်မရလိုက်သည့်အတွက် ဝမ်းနည်းမိကြောင်း မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ နိုင်ငွေသိန်းက ပြောသည်။

Read More...