စစ် အာဏာပိုင် အသိုင်းအဝန်းတို့ ဂိုဏ်းဖွဲ့၍ လိုင်စင်မဲ့ကားများ တင်သွင်းနေ

အောင်သက်ဝိုင် (ဧရာဝတီ မှ.......)

စစ်အာဏာပိုင်များ၏ သားသမီး၊ ဆွေမျိုးသားများ၊ ၎င်းတို့နှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်များ ပူးပေါင်းကာ ပြည်တွင်းသို့ လိုင်စင်မဲ့ကားများ တရားမ၀င် တင်သွင်းသည့် လုပ်ငန်းကို ဂိုဏ်းပုံစံ အုပ်စုဖွဲ့ လုပ်ကိုင်လာကြကြောင်း သတင်းရရှိသည်။
အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံမှ လိုင်စင်မဲ့ကားများကို အုပ်စုဂိုဏ်းဖွဲ့ တင်သွင်းကြခြင်း ဖြစ်ပြီး အဆိုပါဂိုဏ်းများသည် နယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများကို ထိန်းချုပ်ထားသည့် စစ်ဘက်၊ အရပ်ဘက် အရာရှိများနှင့် ချိတ်ဆက် လုပ်ကိုင် ကြခြင်း ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

Read More...

လူထု မြေယာများကို သိမ်းဆည်း၍ အစိုးရအမှုထမ်းများထံ ပြန်လည်ရောင်းချ

ကန္တာရ၀တီတိုင်း(မ်)
ရေးသားသူ - နှောင်းလှိုင်

မတရားသိမ်းဆည်းခြင်း ခံထားရသည့် မြေယာများကို ကရင်နီပြည် လွိုင်ကော်မြို့တွင် တာဝန်ကျနေသော အစိုးရအမှုထမ်းများထံ ပြန်လည် ရောင်းချ နေကြောင်း သိရသည်။

“မြို့ထဲမှာ နေတဲ့လူနဲ့ ပြန်ရောင်းပေးတယ် သီးသန့် နေတဲ့လူတွေ၊ အဆင်မပြေတဲ့လူတွေလည်း သွားနေကြတယ်။ အစိုးရ၀န်ထမ်းတွေပဲ ရုံးမှာ အလုပ် လုပ်တဲ့ သူတွေပဲ” ဟု လွိုင်ကော်မြို့ခံတဦးက ပြောသည်။

Read More...

မြစ်ဆုံဒေသမှ ကျေးရွာအား အဓမ္မပြောင်းရွှေ့

ခိုင်လင်း (ခေတ်ပြိုင် မှ........)

ကချင်ပြည်နယ် မေခနှင့်မလိခ မြစ်နှစ်သွယ်ဆုံရာဒေသရှိ မဇွပ်ကျေးရွာအား မြစ်ကြီးနားမြို့နယ်အတွင်း ရပ်ကွက်များမှ ဆင့်ခေါ်ထားသည့် လုပ်အားပေးများဖြင့် ယနေ့ စတင်ပြောင်းရွှေ့ခဲ့သည်။

ယမန်နေ့ ညနေပိုင်းက မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မြတ်ကျော် အပါအဝင် မြို့နယ် မယက အာဏာပိုင်အဖွဲ့က ဦးဆောင်ပြီး လုပ်အားပေးအင်အား (၃ဝ) ဖြင့် မြစ်ဆုံအနီး တန်ဖရဲကျေးရွာတွင် ညအိပ်ခဲ့ကြောင်း၊ ယနေ့နံနက်ပိုင်းတွင် ထပ်မံရောက်ရှိလာသော လုပ်အားပေး အဖွဲ့များနှင့်အတူ တန်ဖရဲကျေးရွာ တဖက်ကမ်း မေခနှင့်မလိခ မြစ်နှစ်ခုဆုံရာ တောင်စွယ်ပေါ်ရှိ မဇွပ်ကျေးရွာသို့ သွားရောက်ကာ ပြောင်းရွှေ့ရေးလုပ်ခဲ့ကြောင်း တန်ဖရဲကျေးရွာသားက ပြောသည်။

Read More...

ရင်ဆိုင်တိုက်ပွဲသတင်း

တပ်မဟာ(၇) ဖားအံ့ခရိုင်။
- ၂၄.၅.၂၀၁၀နေ့ ၁၅း၀၀ DKBA 999 မောင်လာဝါးဦးဆောင်တဲ့အဖွဲ့နှင့် မိမိတို့KNU/KNLA အဖွဲ့နှင့် ၁၅မိနစ်ကြာတိုက်ပွဲ ထီးပယ်အရပ်မှာ ဖြစ်ပွားရာ DKBA မှ ၃ဦးသေ ၅ဦးဒဏ်ရာရ။
- ၂၅.၅.၂၀၁၀နေ့ DKBA 999 တပ်ရင်း(၇) မှ တပ်ကြပ်အဆင့်ရှိ ဒါးဘူး ၂၈နှစ်သည် မိခင် KNU/KNLAနှင့် ပြန်လည်ပေါင်းစည်းခဲ့။
- ထိုတရက်ထဲမှာဘဲ ၁၆း၀၀နာရီ အချိန်တွင် DKBA999 မှ ဖားတကီးဦးဆောင်ပြီး နအဖ တို့နှင့်အတူစုပေါင်းပြီး ထီးသဘလူထာနှင့် ဃောသူးခီးအရပ်မှာ လာရောက်တိုက်ခိုက်ခဲ့။ မိမိတို့ဘက်ထိခိုက်မှုမရှိခဲ့ပါ။

တပ်မဟာ(၃) နှင့် တပ်မဟာ(၅) တို့၏နအဖတပ်ကိုဆုံးမမှုသတင်းအကျဉ်း

နောင်တရိပ်သာ Blog မှပြန်လည်ကူးယူဖော်ပြထားသည်။

- တပ်မဟာ(၃) နှင့် နအဖတို့ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် နအဖဘက်မှ သေဆုံးသူနှင့်ဒဏ်ရာရ သူစုစုပေါင်း ၂၀ ယောက်နီးပါးရှိခဲ့သည်။
- မေလ၁ရက်နေ့မှစပြီး၂၀ရက်နေ့ထိ တပ်မဟာ၃၏တပ်ရင်း(၇)(၈)နှင့်(၉)တို့သည်ရန်သူနအဖနှင့်နေရာ (၅)နေရာတိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖဘက်မှ (၈)ယောက်သေ၊ (၈)ယောက်ဒဏ်ရာရခဲ့သည်။
- မေလ ၂၀ရက်နေ့တွင် တပ်ရင်း(၇)နှင့်နအဖတို့ထီးဘလားအရပ်မှာ ၁၅မိနစ်ကြာတိုက်ပွဲဖြစ်ပွားရာ နအဖ ဘက်မှ ဗိုလ်ကြီး၁ဦး တပ်ကြပ်ကြီး၂ဦး တပ်ကြပ်၁ဦး နှင့်တပ်သား ၄ဦးသေဆုံးခဲ့သည်။ တပ်ရင်း(၇)မှ MA11 ၂လက် ကျည်ကတ်၃ကတ် ကျည်၂၅တောင့်ရရှိခဲ့သည်။

Read More...

နအဖ လက်ချက်မှတပါး အခြားမရှိကြောင်း ထပ်လောင်းသက်သေထူ

ရွှေပြည်စိုး (မိုးမခ မှ.......)

၂၀၁၀၊ ၄ ၊ ၁၅ ရက် သင်္ကြန်အကြတ်နေ့က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီးပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်ရှေ့ ပေါက်ကွဲတဲ့ ဗုံးသုံးလုံးဟာ နအဖလက်ချက်မှတပါး အခြားမရှိကြောင်းကို မေလထုတ် ဒီစာစောင်မှာ သာဓကတွေနဲ့ ဖော်ပြပြီးပါပြီ။ အခုထပ်မံတွေ့ရှိချက် အချို့ဟာ အရင်ဖော်ပြချက်တွေကို ပိုမိုခိုင်လုံအောင် ထပ်လောင်း သက်သေထူပေးမှာ ဖြစ်ပါတယ်။ ထပ်မံတွေ့ရှိချက် အချို့မှာ-
၁။ သံသယရှိတဲ့ ကြိုတင်စီမံမှု
(က) သင်္ကြန်အကျနေ့ကတည်းက ကန်တော်ကြီးပန်းခြံထဲမှာ လုံခြုံရေးယာဉ်တွေ ဆေးရုံ အရေးပေါ်လူနာတင်ကားတွေ အသင့်ထားရှိတယ်။ (ဧရာဝတီ ၂၀၁၀၊ ၄၊ ၁၉)။ ဒါဟာ ဗုံးခွဲမှန်း ကြိုသိလို့ ကြိုတင် ထားရှိတာ ဖြစ်ရမယ်။ ဘာကြောင့်လဲဆိုတော့ အခြားနေ့နဲ့ အခြားမဏ္ဍပ်တွေမှာ ဒီလိုမထားဘဲ X2O မဏ္ဍပ်တစ်ခုတည်းမှာ လာထားတာကြောင့် ဖြစ်တယ်။

Read More...

မြန်မာစစ်အစိုးရ၏ နူကလီးယားစက်ရုံများအတွက် သီးခြားလျှပ်စစ်လိုင်း တည်ဆောက်

မိုးမခ မှ......

မြန်မာစစ်အစိုးရ၏ ယူရေနီယံနှင့် နူကလီးယား ဆက်စပ်စက်ရုံများ ဆောက်လုပ်နေသည်ဟု နိုင်ငံတကာသတင်းဌာနများက ထုတ်ဖော်ပြောဆိုနေသည့်ကြားမှပင် စစ်အစိုးရသည် ၎င်းစက်ရုံများအတွက် သုံးစွဲရန် သီးခြားလျှပ်စစ်ဓာတ်အားလိုင်းများ တည်ဆောက်နေသည့်သတင်းများ ထပ်မံထွက်ပေါ်လာသည်။
ယခင်မိုးမခသတင်းတွင် တင်ပြခဲ့သလို သာမန်မြို့ပြနှင့် စက်မှုဇုံ ဓာတ်အားလိုင်းများကို ၎င်းနူကလီးယားစက်ရုံများသို့ ပေးပို့သုံးစွဲခြင်းမလုပ်ဘဲနှင့် သီးခြား အင်အားတောင့်တင်းသော ဓာတ်အားလိုင်းစီမံကိန်း ပြုလုပ်နေခြင်း ဖြစ်သည်ဟု ရန်ကုန်ရှိ အမည်မဖော်လိုသော လျှပ်စစ်အင်ဂျင်နီယာအဖွဲ့တခုက ထုတ်ဖော်ပြောသည်။

Read More...

ကရင်နီပြည်တွင်းမှ IDP ၃၀ ကျော် ထိုင်းနိုင်ငံသို့ ထပ်မံရောက်ရှိ

သတင်း - ကန္တာရ၀တီတိုင်း(မ်)
ရေးသားသူ - ပါးရယ်

ကရင်နီပြည် ရှားတောမြို့နယ်အတွင်းမှ ရွာပုန်းရွာရှောင်IDP ၃၃ ဦးတို့သည် မြန်မာစစ်အစိုးရ တပ်များ၏ ဖိနှိပ်မှုများကြောင့်ဟုဆို၍ ယခုလ ပထမပတ်အတွင်းက ထိုင်း-မြန်မာနယ်စပ် ရှိ ကရင်နီဒုက္ခသည်စခန်းသို့ ထွက်ပြေး ရောက်ရှိလာခဲ့ကြသည်။

ရှားတောမြို့နယ် ဒေါတနောင်းနှင့် ဒေါမူးလဲကျေးရွာမှ ယင်းရွာသူရွာသားများသည် ၎င်းတို့ ကျေးရွာအနီးရှိ တပ်စွဲထားသော စစ်အစိုးရတပ်များ၏ တပ်စခန်းအတွက် လုပ်အားပေး စေခိုင်းမှု၊ စစ်ကြောင်း၌ လမ်းပြအဖြစ် အသုံးပြုမှုနှင့် မတရား ဖမ်းဆီးနှိပ်စက်မှုများကြောင့် ထွက်ပြေးလာရခြင်း ဖြစ်ကြောင်း ဆိုကြသည်။

Read More...

ရွှေတူးလုပ်ငန်းကြောင့် လယ်ကွင်း ၈၅ကွင်း ပျက်စီး

စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်နှင့် သထုံခရိုင်နယ်စပ်၌ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)တပ်ဖွဲ့ ၏ ရွှေတူးဖော်ခဲ့ခြင်းကြောင့် ထိုဒေသတ၀ိုက်မှ ဧက ၄၀၀ရှိ လယ်ကွင်း ၈၅ကွင်း ပျက်စီးသွားခဲ့သည်ဟု သိရသည်။
ကေအဲန်ယူ ဖာပွန်ခရိုင်၊ စည်းရုံးရေးဌာန အတွင်းရေးမှူး စောကလယ်စေးက “အဲဒီဂွင်က လယ်မြေ ၈၅ကွင်းဟာ ဧက ၄၀၀ ရှိ တယ်။ ပျမ်းမျှခြင်းနဲ့တွက်ရင် ဒီလယ်ကွင်းတွေဟာ တဧကကို စပါး ၉တင်းထွက်တော့ ဧက ၄၀၀ဆိုရင် စပါးတင်း ၃,၆၀၀၀ ထွက်တယ်။ အဲဒီက ထွက်ရှိတဲ့ စပါးတွေဟာ လူထောင်ဂဏန်းများစွာအတွက် ဖူလုံတယ်။ အခု ဒီလယ်တွေ ပျက်စီးကုန်တော့ ဒေသခံတွေ ဒီနှစ် ရိက္ခာအခက်အခဲနဲ့ ရင်ဆိုင်လာရမှာ သေချာတယ်”ဟု ကေအိုင်စီကို ပြောသည်။

Read More...

ရင်ဆိုင်တိုက်ပွဲနှင့်လူမဆန်မှုသတင်း

တပ်မဟာ(၂) တောင်ငူခရိုင်။
- ၂၃.၅.၂၀၁၀နေ့ ၁၁း၂၀နာရီ ထီးညာပယ်လိုအရပ်မှာ မိမိတို့လူ၏ပြောက်ကျားတိုက်ခိုက်မှုကြောင့် ရန်သူ၁ဦးဒဏ်ရာရ၊ ၂၄.၅.၂၀၁၀နေ့ ၁၆း၃၀နာရီ တွင် နောစိုးအရပ်ကူဂေါ်လူမှာ ပြောက်ကျားတိုက် ခိုက်မှု ကြောင့်ရန်သူ၁ဦးဒဏ်ရာရ။
- ထန်းတပင်မြို့နယ်၊ ဖြင်စလို ရှိ ရန်သူ စကခ(၇)တဖွဲ့သည် ၂၄.၅.၂၀၁၀နေ့တွင် ဖြင်စလိုရွာသားများ အား ဝါးအရှည်၁၀ပေရှိ အချောင်း၅၀ကို အတင်းအကြပ်ခုတ်ပြီးပို့ဆောင်ခိုင်းခဲ့။

တပ်မဟာ(၆) ဒူးပလာယာခရိုင်။
- အချိန် ၁၈း၃၀ တွင် မျိုးဝင်းစိုး ဦးစီးသော ခမရ(၅၄၅) စစ်ကြောင်းသည် သူတို့မှာယူသော ဝါးအင်ဖက် သစ် များကိုမပို့ဆောင်ပေးတဲ့အတွက် အောက်ပါရွာများမှ သူများကိုအတင်းအကြပ်ဖမ်းထားသည်။ တြောဒူး ရွာမှ ဒေါ်ကြည် အောင် ၄၆နှစ် နှင့် ဒေါ်ကြည်အေး ၄၈နှစ်၊ အောတြောရွာမှ မူနော ၃၈နှစ် နှင့် နော်ပယ် ၃၆နှစ်၊ ရွာသစ် ကုန်း မှ နော်ကြူးခို ၃၂နှစ်၊ ကောင့်နွယ်ရွာမှ မူကြည်ဖိုး ၃၅နှစ် နှင့် ထူးနူ၃၉ နှစ် တို့ဖြစ်သည်။

Read More...

ရင်ဆိုင်တိုက်ပွဲနှင့်လူမဆန်မှုသတင်း

တပ်မဟာ(၃) ညောင်လေးပင်ခရိုင်။
- တပ်ရင်း(၇) ဆောထိမြို့နယ်၊ ၂၀.၅.၂၀၁၀နေ့၊ ထီးဘလားအရပ်တွင် KNU ၏စောင့်ပစ်မှုကြောင့် ရန်သူ ၇ ဦးသေ။ တိုက်ပွဲ၂ကြိမ်ဖြစ်ပွား၊ ၁၅မိနစ်ကြာခဲ့။ သေဆုံးသူထဲတွင် ဗိုလ်ကြီး၁ဦး တပ်ကြပ်ကြီး၂ဦး တပ်ကြပ်၁ဦး တပ်သား၃ဦး တို့ဖြစ်သည်။ KNU မှ MA11၂လက် ကျည်ကပ်၂ခု ကျည်ဆံ၁၅တောင့် ရရှိခဲ့၊ KNU ဘက်မှထိခိုက်မှု မရှိ။
- တပ်ရင်း(၈) မုံးမြို့နယ်၊ ၁၁.၅.၂၀၁၀နေ့တွင် မောင်ရင်သာအရပ်မှာ ရင်ဆိုင်တိုက်ပွဲဖြစ်ရာ ရန်သူ ၁ဦး သေ ၁ဦးဒဏ်ရာရ၊ KNU ဘက်မှထိခိုက်မှု မရှိ။
- ၁၃.၅.၂၀၁၀နေ့တွင် ရန်သူသည် မိမိတို့ပြောက်ကျားအဖွဲ့၂နှင့် ၃ကြိမ်ရင်ဆိုင်တိုက်ပွဲ ပဟီပယ်ခိုအ ရပ်တွင်ဖြစ်ပွားရာ ရန်သူ၃ဦးဒဏ်ရာရ။ ၁၄.၅.၂၀၁၀နေ့ မှာထိုအရပ်မှာပဲထပ်ပြီး၁ကြိမ်တိုက်ပွဲဖြစ်ရာ ရန်သူ၁ဦးဒဏ်ရာရ။
- တပ်ရင်း(၉) မြို့နယ်၊ ၁.၅.၂၀၁၀နေ့ဃဲဒဲအရပ်မှာ ရင်ဆိုင်တိုက်ပွဲဖြစ်ရာ ရန်သူ၃ဦးဒဏ်ရာရ။

Read More...

နယ်ခြားစောင့်တပ်ကိစ္စ ဒီကေဘီအေအတွင်း သဘောထား မတိုက်ဆိုင်

စောသိန်းမြင့် (ကေအိုင်စီ)
နအဖ စစ်အစိုးရက ၂၀၁၀ရွေးကောက်ပွဲ မတိုင်ခင် အပစ်ရပ်တိုင်းရင်းသားအဖွဲ့များကို နယ်ခြားစောင့်တပ်အသွင်ပြောင်းမည့် ကိစ္စကြောင့် ဒီကေဘီအေတပ်ဖွဲ့အတွင်း သဘောထားချင်းတိုက်ဆိုင်မှုမရှိဘဲ မရှင်းမလင်း ဖြစ်နေသည်ဟု သိရသည်။ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မဲ့စရိနှင့် မဲ့သဝေါဂွင်တွင် တာဝန်ကျနေသော ဒီကေဘီအေ တပ်မဟာ(၅၅၅)၊ တပ်ရင်း (၃)မှ တပ်ဖွဲ့ဝင်များသည် ၎င်းနယ်ခြားစောင့်တပ်ကိစ္စကြောင့် အချို့သော အထက်ပိုင်းတပ်မှူးများနှင့် အောက်ခြေတပ်မှူးတပ်သား တို့အကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေကြောင်း နယ်ခြားစောင့်တပ်ကို လက်မခံသည့် ဒီကေဘီအေ တပ်မဟာ(၅၅၅) မှ တပ်ခွဲမှူးတဦးက ကေအိုင်စီကို ယနေ့ ပြောသည်။

Read More...

မြန်မာကလေးစစ်သား အသုံးပြုမှု ကုလ ၅ နှစ်ဆက်တိုက် စာရင်းတင်

VOA သတင်းမှ.......

                                 ကရင်ဒေသတွင်းက နအဖကလေးစစ်သား ၂ ဦး
လက်နက်ကိုင်ပဋိပက္ခတွေမှာ ကလေးတွေကို စစ်သားအဖြစ် စုဆောင်းပြီး ပြစ်မှုကျူးလွန်နေကြတဲ့ အစိုးရတွေနဲ့ လက်နက်ကိုင်သူပုန်အဖွဲ့တွေကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်တာတွေ လုပ်သွားဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက လုံခြုံရေးကောင်စီကို သောကြာနေ့က အစီရင်ခံစာတင်သွင်းပြီး တိုက်တွန်းလိုက်ပါတယ်။ အတွင်းအရေးမှုးချုပ်ရဲ့ အစီရင်ခံစာထဲအတွင်း ၅ နှစ်ဆက်တိုက် ထည့်သွင်းခံရသူတွေထဲမှာ မြန်မာစစ်တပ် အပါအ၀င် မြန်မာနိုင်ငံက တခြား လက်နက်ကိုင်အဖွဲ့တွေကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကိုရန်နိုင်က တင်ပြထားပါတယ်။

Read More...

အီတူးထာ ဒုက္ခသည်စခန်းအတွက် အကူအညီများ လိုအပ်

ရဲရင့် (ခေတ်ပြိုင်မှ.....)

ကရင်ပြည်နယ်ဖာပွန်မြို့နယ်ရှိ အီတူးထာ ပြည်တွင်းဒုက္ခသည်စခန်းတွင် ခိုလှုံနေသည့် ကရင်စစ်ပြေးဒုက္ခသည် (၄,၅၀၀) ခန့်မှာ ဆန်နှင့်ဆား နှစ်မျိုးသာရရှိသဖြင့် ပြည်ပအလှူရှင်များ၏ အကူအညီများ လိုအပ်နေသည်ဟု စခန်း၏လူမှုရေးတာဝန်ခံက ပြောသည်။

စခန်း၏လူမှုရေးတာဝန်ခံ စောအောင်မင်းက “ကျနော်တို့စခန်းမှာ ကလေးငယ်နဲ့ ကျောင်းနေလို့ရတဲ့အရွယ်တွေက (၂,၀၀၀) ကျော်ရှိတယ်၊ အများစု ကလေးတွေဖြစ်တယ်။ စခန်းမှာဝေတာက ဆန်နဲ့ဆားနှစ်မျိုးပဲရတော့ ကလေးတွေအတွက် အတော်အခက်အခဲတွေရှိတယ်။ ဒါကြောင့် အားလုံးအတွက် စားကုန်သောက်ကုန်တွေနဲ့ အခြားလိုအပ်တာတွေကို အကူအညီပေးစေချင်တယ်။ အထူးသဖြင့် ကလေးတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေးအတွက်ပါ” ဟု ပြောသည်။

ဖာပွန်ခရိုင် ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းနဖူးတွင် တည်ရှိသည့် အီတူးထာဒုက္ခသည်စခန်းတွင် ခိုလှုံနေသူများမှာ မြန်မာစစ်တပ်၏ နယ်မြေစိုးမိုးရေးထိုးစစ်များကြောင့် ၂၀၀၆ ခုနှစ် ညောင်လေးပင်၊ တောင်ငူနှင့် ဖာပွန်ခရိုင်တို့မှ ထွက်ပြေးလာသူများဖြစ်သည်။

အီတူးထာစခန်းမှာ မြန်မာစစ်တပ်စခန်းချရာနေရာနှင့် (၂) နာရီခရီးသာ ရှိသောကြောင့် စခန်းပြင်ထွက်၍ ရှာဖွေစားသောက်ရန်မှာလည်း ဖြစ်နိုင်ခြေမရှိဟု ဒုက္ခသည်တဦးက ပြောသည်။

လက်ရှိတွင် ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ဒုက္ခသည်များကို စားနပ်ရိက္ခာထောက်ပံ့ပေးနေသည့် (TBBC) အဖွဲ့က တလလျှင် လူကြီးတဦး ဆန် (၁၅) ကီလို၊ (၅) နှစ်အောက် ကလေးတဦးလျှင် ဆန်လူကြီးတ၀က်နှုန်းနှင့် ဆား စသည်တို့ကို ထောက်ပံ့ပေးလျက်ရှိသည်။

ကလေးငယ်များ ညဘက်စာကြည့်ရန် ရေနံဆီနှင့်ဖယောင်းတိုင်များ အလွန်ရှားပါးသည့်အတွက်လည်း အလှူရှင်များက ကူညီကြရန် စခန်းတွင်းမှ ကလေးမိခင်တဦးက ပြောသည်။

မြန်မာစစ်တပ်နှင့်နီးကပ်သည့် အီတူးထာစခန်းကို မြန်မာစစ်တပ်မှ ၀င်ရောက်တိုက်ခိုက်လာပါက ဒုက္ခသည်များ ဘေးကင်းစွာ ထွက်ပြေးနိုင်ရန်အတွက် သံလွင်မြစ်အတွင်း လူ (၃၀၀) ခန့်ဆန့်မည့် စက်လှေကြီး (၃) စီးကို တနှစ်ပတ်လုံး ကမ်းနဖူးတွင် အရန်သင့်ရပ်ထားရသည်။

အရေးပေါ်အခြေအနေများ ဖြစ်ပေါ်လာပါက အဆိုပါစက်လှေကြီးများဖြင့် ထိုင်းဘက်ဖြစ်စေ၊ မြန်မာဘက် အခြားတနေရာသို့ဖြစ်စေ ရှောင်တိမ်းနိုင်ရန် စခန်းတာဝန်ရှိသူများနှင့် အလှူရှင်အချို့က စီစဉ်ပေးထားခြင်းဖြစ်သည်။

ဒုက္ခသည်တဦးဖြစ်သူ ဖတကွီးက “ဒီမှာနေရတာ အန္တရာယ်များတယ်။ ထိုင်းဘက်သွားနေဖို့ကလည်း မရဘူး။ ထိုင်းမှာရှိတဲ့ ဒုက္ခသည်စခန်းကို ငါတို့မိသားစု သွားနေခွင့်မရှိဘူး၊ ငါတို့ကို ဖမ်းပြီး ဒီကိုပြန်ပို့လိုက်တယ်။ ဒီမှာကတော့ ကံတရားပဲ” ဟု ပြောသည်။

တောင်ငူ၊ ညောင်လေးပင်နှင့် ဖာပွန်ဒေသတို့မှ ဒုက္ခသည်များသည် မြန်မာစစ်တပ်၏ထိုးစစ်ကြောင့် ၂၀၀၆ ခုနှစ်မှစတင်ကာ သံလွင်မြစ်ကမ်းစပ်သို့ ထွက်ပြေးလာကြပြီး အီတူးထာတွင် စခန်းချနေထိုင်လာကြခြင်းဖြစ်သည်။

Read More...

ကရင်အမျိုးသားများ သွေးစည်းကြရန် ဗိုလ်မှူးကြီးနယ်ဒါးမြ ပြောကြား

ရဲရင့် (ခေတ်ပြိုင်မှ.....)

ကရင်အမျိုးသားထုအတွင်း အမျိုးသားသွေးစည်းညီညွတ်မှု တည်ဆောက်ရာတွင် ဒီကေဘီအေ အပါအ၀င် ကရင်ခွဲထွက် အဖွဲ့အစည်းများကို ဥပက္ခာပြု၍မရဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ဗိုလ်မှူးကြီးနယ်ဒါးမြက ပြောကြားသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် ကျင်းပခဲ့သည့် နိုင်ငံတကာရောက် ကရင်များ တက်ရောက်ကြသည့် ကရင်အမျိုးသားစည်းလုံးညီညွတ်ရေးနှီးနှောဖလှယ်ပွဲတွင် ယင်းသို့ပြောကြားခြင်းဖြစ်သည်။

Read More...

သစ်ထုတ်လုပ်ရောင်းချမှု ကေအဲန်ယူ တားမြစ်ပိတ်ပင်

စောသိန်းမြင့် (ကေအိုင်စီ)
ကရင်အမျိုးသား အစည်းအရုံး(ကေအဲန်ယူ)က ၎င်းထိန်းချုပ်ထားသည့် တပ်မဟာ(၇)ခုအတွင်း ဒေသခံ သစ်လုပ်ငန်းရှင်များအား သစ် ထုတ်လုပ်ရောင်းချမှုကို ယခုလ အစောပိုင်းမှစ၍ တရားဝင် တားမြစ်ပိတ်ပင်လိုက်သည်ဟု သိရသည်။
ကေအဲန်ယူ ဗဟို သစ်တောတာဝန်ခံ ပဒိုစောအားတိုးက “(၁၄)ကြိမ်မြောက် ကွန်ဂရက်ပြီးတဲ့နောက် ပထမအကြိမ် ဗဟိုကော်မတီ အ စည်းအဝေးမှာ ကျနော်တို့ ခရိုင်(၇)ခုအတွင်းမှာ သစ်ကို အဆမတန် ထုတ်လုပ်ရောင်းချတာနဲ့ ပတ်သက်ပြီးတော့ ဆုံးဖြတ်ချက် ချခဲ့ တယ်။ အကြောင်းက ကျနော်တို့နယ်မြေမှာ သစ်၊ ၀ါးတွေ အင်မတန်မှ နည်းလာတဲ့အခါကျတော့ ရေရှားပါးမှုတွေ လက်တွေ့ကြုံနေရ တယ်။ အဲဒါကြောင့် ဒါကို ကျနော်တို့ ကေအဲန်ယူအနေနဲ့ တားမြစ်ဖို့ လိုအပ်တယ်လို့ အစည်းအဝေးမှာ ဆုံးဖြတ်တာပါ”ဟု ပြောသည်။

တဆက်တည်းတွင် ယခုလ ၄ရက်နေ့မှ ၁၃ရက်နေ့အထိ ကေအဲန်ယူ ထိန်းချုပ်ရာနယ်မြေတနေရာ၌ ကျင်းပပြုလုပ်သည့် ခရိုင်(၇)ခုမှ သစ်တောဌာနဆိုင်ရာအစည်းအဝေးတွင် ကရင်ပြည်နယ်အတွင်း သစ်၊ ၀ါးများ ပြန်လည်စိုက်ပျိုးခြင်း၊ တောရိုင်းတိရစ္ဆာန်များ ကာကွယ် စောင့်ရှောက်ခြင်း စသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ပိုမို ကောင်းမွန်အောင် လုပ်ဆောင်သွားရန် ဆုံးဖြတ်ချက်ချခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် ယခုလ (၁၅)ရက်နေ့၌ ကေအဲန်ယူ တပ်မဟာ(၆)မှ သစ်ထုတ်လုပ်ရောင်းချမှုများ တားမြစ်ပိတ်ပင်သည့် အမိန့်ထုတ်ပြန်စာ ကို ဘုရားသုံးဆူမြို့အပြင် အခြားလက်နက်ကိုင်တပ်ဖွဲ့များ အခြေစိုက်ရာနေရာများနှင့် ကျေးလက်ဒေသများတွင် လိုက်လံဖြန့်ဝေခဲ့ သည်ဟု ဘုရားသုံးဆူဒေသခံများက ပြောသည်။

“သူတို့က စာရွက်စာတမ်းတွေနဲ့ ထုတ်ပြန်ပြီးတော့ ပိတ်ပင်တယ်ဆိုတော့ ကျနော်တို့လည်း ဘာမှပြောစရာ မရှိပါဘူး။ ဒါပေမယ့် လမ်း ကလည်း မပျက်စီးသေးဘူးလေ။ ဒီလိုစောစောစီးစီးပိတ်ပစ်တော့ တောထဲမှာ ကျနော်တို့သစ်တွေ နည်းနည်းပါးပါး ကျန်ရစ်သွားတာ ပေါ့။ ကြီးကြီးမားမား ထိခိုက်တာတော့ မရှိပါဘူး”ဟု ဘုရားသုံးဆူမှ သစ်လုပ်ငန်းရှင်ကြီးတဦးက ပြောသည်။
အလားတူ အခြားခရိုင်များတွင်လည်း သစ်ထုတ်လုပ်ရောင်းချမှုများ တားမြစ်ကြောင်းကို ဌာနဆိုင်ရာ အသီးသီးသို့ ယခုလ အစောပိုင်း မှစ၍ အသိပေးအကြောင်းကြားထားပြီး ချွင်းချက်အနေဖြင့် ဒေသခံလူထုများ လိုအပ်လာသည့်အပေါ် သစ်ခုတ်လိုပါက ဗဟိုသို့ အသိ ပေးအကြောင်းကြားရမည်ဟု သိရသည်။

ထိုကဲ့သို့ ကေအဲန်ယူက ဒေသခံရွာသားများနှင့် သစ်လုပ်ငန်းရှင်များ သစ်ထုတ်ရောင်းချမှုကို တားမြစ်ပိတ်ပင်လိုက်ခြင်းသည် ကောင်း သည့်လုပ်ရပ်ဖြစ်ကြောင်း ဒီကေဘီအေ တပ်မဟာ(၅)မှ တပ်မှူးတဦးက ထောက်ခံပြောဆိုသည်။

သူက “သစ်ကလည်း ဈေးမရှိတော့ပေမယ့် ဒေသခံတွေက ဈေးပေါပေါနဲ့ ထိုင်းသစ်ကုန်သည်တွေဆီကို ရောင်းချတယ်။ နောက်တခု က ရွာသားတွေဟာ တခြားအလုပ်တွေ မလုပ်ချင်ကြတော့ဘူး။ ဒီသစ်အလုပ်ကို သူတို့ အားစိုက်ပြီးတော့ လုပ်တယ်။ ကြာလာတော့ သစ်တွေ ကုန်ရောပေါ့။ ဒီလို ပိတ်လိုက်တာ အလွန်ကောင်းတဲ့ ဆုံးဖြတ်ချက်တခုဖြစ်တယ်”ဟု ပြောသည်။

သစ်လုပ်ငန်းကို အဓိက လုပ်ကိုင်သော ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ယခင်က သစ်မာ ၁တန်လျှင် ထိုင်းဘတ် ၁၂,၀၀၀မှ ၁၃,၀၀၀အထိ ဈေးရှိသော်လည်း ၂၀၁၀ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ သစ်မာ ၁တန်လျှင် ထိုင်းဘတ် ၇,၀၀၀မှ ၈,၀၀၀ ဈေးနှုန်း ဖြင့်သာ နယ်မြေခံ သစ်လုပ်ငန်းရှင်များက ထိုင်းကုန်သည်ကြီးများထံ ရောင်းချခဲ့ရသည်။

Read More...

လူမဆန်မှုနှင့်ရင်ဆိုင်တိုက်ပွဲသတင်း

တပ်မဟာ(၆) ဒူးပလာယာခရိုင်။
၁၅.၅.၂၀၁၀ နေ့၁၃း၂၀နာရီ တွင် KNU တပ်ရင်း(၁၈) တပ်ခွဲ(၄) သည် ရန်သူ ခလရ(၁၀၆) စစ်ကြောင်း (၁) ကို ယော်ဂူနီ၏လယ်ကွင်းပြင်တွင်စောင့်ပစ်ရာ တိုက်ပွဲ၃မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး ရန်သူ၏ထိခိုက်မှုကိုမသိရ။
၁၆.၅.၂၀၁၀ နေ့၁၇း၃၀ နာရီ တွင်အထက်ကKNUအဖွဲ့သည် ထီးပျက်ကလိုကားလမ်းတွင်ထပ်ပြီးစောင့်ပစ်ရာ ရန်သူ ၂ဦးသေ ၁ဦးဒဏ်ရာရ။ မိမိတို့ဘက်ထိခိုက်မှုမရှိ။

Read More...

7th Karen Unity Seminar Statement

7th Karen Unity Seminar Statement

ရေအားလျှပ်စစ် လျော့ကျ မှုကြောင့် ရန်ကုန်မြို့ ဓာတ်အား ပေးချိန် ထပ်လျှော့ဟု ဆို

နဂိုကတည်းကမှ ခရမ်းချဉ်သီးလောက်မလင်းတဲ့ မီး...လာချင်တဲ့အချိန်လာ.....နှုတ်မဆက်ပဲထွက်သွားတဲ့မြန်မာပြည် ကလျှပ်စစ်မီးကို ဒီလိုဓာတ်အားထပ်ပြီးလျှော့လိုက်ရင်တော့ ဖယောင်းတိုင်ဈေးမိုးပေါ်ခုန်တက်တော့မှာပေါ့ဗျာ.......

ဟံသာဝတီ သတင်းမှ....

မြန်မာ နိုင်ငံတွင် အပူချိန် စံချိန်တင် မြင့်မား မှုကြောင့် မြစ်၊ ချောင်းနှင့် ဆည်မြောင်း တာတမံများတွင် ရေခန်း ခြောက်မှုနှုန်း သိသိ သာသာ မြင့်တက်လာ သဖြင့် ရေအားလျှပ်စစ် ထုတ်လုပ်မှု လျော့ကျ လာပြီး ရန်ကုန်မြို့တော် တွင် ဓာတ်အား ပေးရေး လျော့ချ ထားကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေး အဖွဲ့ရုံးမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။ရန်ကုန်မြို့တော်ကို အုပ်စု သုံးစုခွဲပြီး ယခုမေ ၁၅ ရက်နေ့မှ စတင်ကာ တစ်နေ့လျှင် လျှပ်စစ်မီး ခြောက်နာရီ အလှည့်ကျ စနစ် ဖြင့် ပေးဝေ နေကြောင်း၊ မြစ်၊ ချောင်းများနှင့် ဆည်မြောင်း တာတမံများတွင် ရေအနည်းငယ်သာ ကျန်ရှိ တော့သည့် အတွက် ရေအား လျှပ်စစ် ရရှိမှု ယခင်ထက် လျော့ကျ သွားသဖြင့် ထိုသို့ ရန်ကုန်မြို့တွင် မီးပေးချိန် လျှော့ချလိုက် ခြင်းဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူ၏ အဆိုအရ သိရသည်။

Read More...

မြန်မာအပါအ၀င် ကလေးစစ်သားသုံးတဲ့ နိုင်ငံတွေကို အရေးယူဖို့ ကုလတောင်းဆို

VOA သတင်းမှ....
ကလေးသူငယ်တွေကို စစ်တိုက်တဲ့နေရာမှာ အသုံးပြုနေတဲ့ နိုင်ငံတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို အပြင်းအထန် အရေးယူဖို့ ကုလသမဂ္ဂက နှိုးဆော်လိုက်ပါတယ်။

မြန်မာနိုင်ငံအပါအ၀င် ဖိလစ်ပိုင်၊ ဆူဒန်နဲ့ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတို့က သူပုန်အဖွဲ့အစည်းတွေဟာ အဆိုးရွားဆုံး ချိုးဖောက်သူတွေ ထဲက တချို့ဖြစ်တယ်လို့ ကုလသမဂ္ဂက မေလ ၂၁ ရက်၊ သောကြာနေ့မှာ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာ တခုထဲမှာဖော်ပြထားပါတယ်။

Read More...