ရင်ဆိုင်တိုက်ပွဲနှင့်လူမဆန်မှုသတင်း

မေ လ ၁၃ရက် ၂၀၁၀ခုနှစ်
တပ်မဟာ(၁) သထုံခရိုင်။
- ၅.၅.၂၀၁၀ နေ့ ၁၄း၂၀အချိန် ဟတ်လေကျေးရွာအနီးတဝိုက်တွင် KNLA ပြောက်ကျားတပ်၏တိုက် ခိုက်မှုကြောင့် ရန်သူဘက်မှ ၁ဦးသေ ၁ဦးဒဏ်ရာရ။
- ၇.၅.၂၀၁၀နေ့ ၁၃း၀၀အချိန် DKBA တပ်ရင်း(၁) တပ်ခွဲ(၂)မှ တပ်ကြပ်စောဖားနီ ကိုယ်ပိုင်အမှတ် ၀၁၃၃၂၁ သည်အမြင်မှန်ရပြီး မိခင်KNUနှင့် ပြန်လည်ပူးပေါင်းတဲ့အပြင် AK ၁လက် ကျည်ကတ်တခု ကျည်ဆံ၈၉လုံးပါ ယူဆောင်ခဲ့သည်။

တပ်မဟာ(၆) ဒူပလာယာခရိုင်။
- ၁၀.၅.၂၀၁၀နေ့ တွင် စကခ(၁၂) ခလရ(၂၃၁)စစ်ကြောင်းမှူးမဲလုံးဦးစီးပြီးတော့ ကောက်နွယ်ကျေးရွာ သူ စိန်စိန်ဦး၏ဆန်များနှင့်ငွေကျပ်၂၀၀၀၀ကိုအတင်းအဓမ္မတောင်းယူပြီးတော့ တနီမူရွာသို့ပြန်လည် ထွက်ခွာသွား။
- ၁၁.၅.၂၀၁၀နေ့ ၁၆း၂၀အချိန် တနေမူး စကခ(၁၂)ခလရ(၂၃၁)မှမဲလုံးသည် DKBAများကိုခေါ်တွေ့ တာကို DKBA မှလာမတွေ့သဖြင့်၆၀မမ ဖြင့် ၂ချက် တတာကူးရွာသို့လှမ်းပစ်ခဲ့သည်။

သမ္မတအိုဘားမား စစ်အစိုးရအပေါ်ဒဏ်ခတ်မှု သက်တမ်းတိုး

VOA သတင်းမှ.....
မြန်မာစစ်အစိုးရအပေါ် စီးပွားရေးဒဏ်ခတ်ထားတာကို နောက်ထပ် တနှစ်သက်တမ်းတိုးဖို့ သမ္မတအိုဘားမား (Barack Obama) လက်မှတ် ရေးထိုးလိုက်တဲ့အကြောင်း မေလ ၁၄ရက်နေ့စွဲနဲ့ အိမ်ဖြူတော်က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

Read More...

ကေအင်န်ယူ ပိတ်ဆို့ပစ်ခတ်မှုကြောင့် နအဖစစ်ကြောင်း ထိခိုက်ကျဆုံးမှုရှိ

တပ်မဟာ(၆) လက်စွမ်းပြပြီးဟေ့.......

သတင်း - Kaowao News ................
ယမန်နေ့နံနက် စောစောပိုင်းတွင် ကေအင်န်ယူ ပြောက်ကျားပစ်ခတ်မှုကြောင့် နအဖစစ်ကြောင်း တစ်ကြောင်း အထိအခိုက်အကျအဆုံးများစွာ ဖြစ်ပေါ်ခဲ့ရကြောင်း ကေအင်န်ယူ တပ်မဟာ (၆) ပြောခွင့်ရပုဂ္ဂိုလ် ဗဒိုစောထဲနေ ကောင်းဝါသို့ ပြောကြားပါသည်။

အဆိုပါတိုက်ပွဲသည် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျုံခဝန်းရွာနှင့် တောင်ဒီရွာအကြား တိုက်ပွဲကြာချိန် ခြောက်နာရီထက်မနည်း ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

Read More...

၆နာရီကြာ တိုက်ပွဲတွင် ကေအဲန်အယ်လ်အေနှင့် နအဖ ထိခိုက်ကျဆုံးမှုရှိ

မေလ ၁၄ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဖါးပြဂွင်တွင် ယမန်နေ့မနက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေ အဲန်အယ်လ်အေ)နှင့် နအဖစစ်တပ်တို့အကြား (၆)နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိကြောင်း သိရှိ ရသည်။

ယမန်နေ့မနက်တွင် ကြာအင်းဆိပ်ကြီးမှ ခလယ်တံခွန်တိုင်ဘက်သို့ တက်လာသည့် အင်အား (၄၀)ကျော်ရှိ နအဖ စစ်ကွပ်ကဲ ရေးဌာနချုပ်-စကခ(၈) လက်အောက်ခံ ခမရ(၄၀၁)တပ်ရင်းမှ စစ်ကြောင်း(၂)ကို ကျုံခွန်နှင့် တောင်ဒီးကျေးရွာစပ်ကြားတွင် ကေအဲန်အယ်လ်အေ တပ်ရင်း(၁၆)က ယနေ့မနက် ၄နာရီခန့်မှ ၁၀နာရီခွဲအထိ ခြုံခိုတိုက်ခိုက်ခဲ့ရာ နအဖဘက်မှ ၁၀ဦး ထိခိုက် သေဆုံးပြီး ကေအဲန်အယ်လ်အေမှ ၁ဦး ကျဆုံးခဲ့သည်ဟု ကေအဲန်အယ်လ်အေ တပ်ရင်း(၁၆)က ပြောသည်။

Read More...

ရှမ်းမြောက်တပ်နှင့် စစ်အစိုးရအကြား တင်းမာမှုကြီးထွား

ဖနိဒါ။။ ချင်းမိုင် (မဇ္ဈိမ)........
ပြည်သူ့စစ် အသွင်ပြောင်းလဲရေး ငြင်းဆိုနေသည့် အပစ်ရပ် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSA-N တပ်မဟာ ၁ နှင့် စစ်အစိုးရ တပ်များအကြား စစ်ရေး တင်းမာမှုများ ရှိနေကြောင်း သိရသည်။

SSA-N ၌ တပ်မဟာ ၁၊ ၃၊ ၇ နှင့် ဗဟို လုံခြုံရေးတပ် ရှိသည့်အနက် ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် စိန်ကျော့ဒေသ ဌာနချုပ်မှ ဥက္ကဌ ဗိုလ်ချုပ်လွယ်မောဝ်း ဦးဆောင်သည့် တပ်မဟာ ၃၊ ၇ နှင့် ဗဟို လုံခြုံရေးတပ် စုစုပေါင်း အင်အား ၁၂၀၀ ကျော်သည် ပြည်သူ့စစ် အသွင်ပြောင်းရန် ယခင်လ က စာရင်းတင်ခဲ့သည်ဟု ဆိုသည်။

Read More...

စောင့်ကြည့်သူတွေ လက်မခံတဲ့ စစ်အစိုးရ ရွေးကောက်ပွဲ ဖိလစ်ပိုင် ဝေဖန်

VOA သတင်းမှ.......
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပမယ့် စစ်အစိုးရရဲ့ ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုလိုက်ပါတယ်။ ပြည်တွင်းရေး ၀င်ရောက် မစွက်ဖက်ရေးမူကို ဆုပ်ကိုင်ထားတဲ့ အာဆီယံအသင်းရဲ့ အစဉ်အလာကို ချိုးဖောက်ပြီး ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက မြန်မာစစ်အစိုးရကို အခုလို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တာပါ။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

Read More...

ကယားပြည်နယ်တွင် ကေပီပီ အရွေးခံရန် ကေအဲန်ပီပီ ကန့်ကွက်

သတင်း - ကေအိုင်စီ
ရေးသားသူ - စောခါးစူးညား
ကြာသပတေးနေ့၊ မေလ 13 ရက် 2010 ခုနှစ်

ကရင်ပြည်သူ့ပါတီ(ကေပီပီ)က ကယားပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်မြေ (၂)ခုတွင် ပါဝင်ယှဉ်ပြိုင် အရွေးခံသွားမည်ကို လက်ခံမည် မဟုတ်ဟု ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(ကေအဲန်ပီပီ)က မေလ ၁၁ရက်နေ့တွင် ကြေညာချက်အမှတ် ၀၁/၂၀၁၀ဖြင့် သဘောထား ထုတ်ပြန်ခဲ့သည်။
ကေပီပီသည် လူမျိုးရေးကို အခြေခံ၍ ဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီဖြစ်သောကြောင့် ကယားပြည်နယ်၊ မဲဆန္ဒနယ်မြေ တွင် ပါဝင်ယှဉ်ပြိုင်ပါက ပြည်သူလူထုအတွင်း အမြင်သဘောထား ကွဲလွဲမည်ကို စိုးရိမ်သည့်အတွက် ယခုလို ကြေညာချက် ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ကေအဲန်ပီပီ အတွင်းရေးမှူး(၁) ခူးဦးရယ်က ကေအိုင်စီကို ယနေ့ ပြောသည်။

Read More...

ကရင်ပါတီများကို စစ်အာဏာရှင်ဒေါက်တိုင်များဟု ကေအန်ယူ ပြောကြား

ရဲရင့် (ခေတ်ပြိုင်)
ကရင်ပြည်နယ်ကို ၎င်းတို့ပါတီ၏ ဦးစားပေးပြည်နယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည်မဟုတ်ဟု ကရင်ပြည်သူ့ပါတီ (ကေပီပီ) အထွေထွေအတွင်းရေးမှူး၏ ပြောဆိုချက်သည် စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက် အဆိပ်ပင်ရေလောင်းနေခြင်းသာ ဖြစ်သည်ဟု ကေအန်ယူက ပြောဆိုလိုက်သည်။

Read More...

ငြိမ်းအဖွဲ့များ၏ စစ်ရေးကိစ္စများ အပေါ် နအဖ ကန့်သတ် တော့မည်လော

သျှမ်းသံတော်ဆင့်မှ....
နအဖစစ်ရုံးချုပ်က နယ်ခြားစောင့်တပ် (သို့မဟုတ်) ပြည်သူ့စစ်ဖွဲ့စည်းရေး အာခံနေသည့် ငြိမ်းချမ်းရေးအဖွဲ့များ၏ စစ်ရေး ကိစ္စများနှင့် နယ်မြေအတွင်းသွားလာမှုများ အပေါ် ကန့်သတ်ရန်အတွက် လက်အောက်ခံ စစ်တိုင်းဋ္ဌာနချုပ်များသို့ ဧပြီလ ကုန်ပိုင်းက ညွန်ကြားချက် ထုတ်ပြန်ထားကြောင်း စစ်ဘက်သတင်းရပ်ကွက်များ အဆိုအရ သိရသည်။

ဥပဒေဘောင်အတွင်း ၀င်ရောက်လာသည်ဟု ဆိုသော ငြိမ်းအဖွဲ့များသည် ငြိမ်းချမ်းရေးမူများကို ချိုးဖေါက်နေသောကြောင့် ထိုသို့မဖြစ်စေရန် စစ်တိုင်းများက ကြပ်မတ်ရမည်ဟု ညွန်ကြားချက်က ဆိုသည်။

Read More...

ကေအဲန်အယ်လ်အေနှင့် ဒီကေဘီအေကြား ပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရခဲ့

စောသိန်းမြင့်(ကေအိုင်စီ)....
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဝေါ်လေဂွင်တွင် ယမန်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (ကေအဲန်အယ်လ်အေ)နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(ဒီကေဘီအေ) တပ်ဖွဲ့ဝင်တို့ ကြား ပစ်ခတ်မှုတခုဖြစ်ပွားမှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုရှိသည်ဟု သိရသည်။

Read More...

EU ကိုယ်စားလှယ် မြန်မာနိုင်ငံကို သွားဖို့ပြင်

VOA သတင်းမှ...
မြန်မာနိုင်ငံမှာ ဒီနှစ်အတွင်း ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲတွေကို စောင့်ကြည့် လေ့လာဖို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်နိုင်ရေးနဲ့ ပတ်သက်ပြီး ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ပီယာရို ဖက်ဆီနို (Pierro Fassino) နဲ့အဖွဲ့ မြန်မာနိုင်ငံကို သွားဖို့ ပြင်ဆင်နေတယ်လို့ မစ္စတာ ဖက်ဆီနိုရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

Read More...

I don't want to live under this government

freeburmarangers's Reports (20100509)

စစ်ရေးတင်းမာမှုကြောင့် အပစ်ရပ် SSA တပ်ဖွဲ့များ မိုင်းရှုးမှထွက်ခွာ

သျှမ်းသံတော်ဆင့် မှ...

မြန်မာစစ်တပ်နှင့် ပြည်သူ့စစ်အသွင်ပြောင်း ဖွဲ့စည်းရေး လက်မခံသေးသည့် အပစ်ရပ် သျှမ်းပြည်တပ်မတော်(SSA) လက် အောက်ခံ တပ်မဟာ ၁ တပ်ဖွဲ့ တို့ကြား လတ်တလော စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်နေသောကြောင့် မေလဆန်းပိုင်းမှစ၍ တပ်မဟာ ၁ တပ်ဖွဲ့များ မိုင်းရှုးမြို့နယ် ကျောက်တွင်းများမှ ထွက်ခွာနေသည်။

Read More...

ကရင်ပြည်သူ့ပါတီ (KAYIN PEOPLES PARTY) အထွေထွေ အတွင်းရေးမှူး စောစေးဝါးနှင့် တွေ့ဆုံခြင်း

ဖတ်ကြည့်ပြီးတော့ ဒီလိုလူတွေရဲ့ လူမျိုးအပေါ်ထားတဲ့စိတ်ဓာတ်..ခံယူချက်တွေကို ကိုယ့်ဟာကိုယ်စဉ်းစားဆုံးဖြတ်..ပြီးတော့ ဘယ်လိုမြင်လဲဆိုတာ အားရင် comment ထားခဲ့ပါ.........

မေး။ ။ ဆရာတို့ ပါတီရဲ့ အလံ အကြောင်းလေး ပြောပါဦး။
ဖြေ။ ။ ပါတီ အလံက အခုထက်ထိ တရားဝင် မတင်ရသေး ဘူးလေ။ စီအီးစီ အတွင်းမှာပဲ စိစစ်တဲ့ အဆင့်ပဲ ရှိသေးတယ်။ မကြာခင် တရားဝင် တင်တော့ မှာပါ။ ရွေးချယ် ထားတဲ့ အလံက ကရင် အမျိုးသား အလံနဲ့ ဘာမှ မဆိုင်ဘူး။ ဘာမှ မပတ်သက်ဘူး။ ဆင်တူ ရိုးမားလည်း မရှိဘူး။ တစ်ခု ရှိတာက ကရင် အမျိုးသားကို ကိုယ်စားပြုတဲ့ ဖားစည်ကို အလယ်မှာ ထားတယ်။ နောက်တစ်ခါ အရောင်ကျတော့ အဖြူရယ်၊ အနီရယ်၊ အပြာရယ်။ သုံးရောင်ခြယ် ပါတာပေါ့။ ဒါပဲရှိတယ်။ ကရင် အမျိုးသားအလံနဲ့ ဘာမှဆက်စပ်မှုမရှိဘူး။ ဆင်တူရိုးမားလည်းမဖြစ်ဘူး။ အဲဒါကြောင့် ပေါ်လာတဲ့သတင်းတွေက တို့နဲ့ ဘာမှ မပတ်သက်ဘူး။ အဲဒါပဲ ပြောလို့ ရမယ်။

Read More...

ဒီကေဘီအေ တပ်ဖွဲ့ဝင်အားလုံး နယ်ခြားစောင့်တပ် အသွင်ပြောင်း

ရဲရင့် (ခေတ်ပြိုင်မှ)
နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို ဒီကေဘီအေအဖွဲ့အတွင်းမှ လက်မခံဘဲ ငြင်းဆန်နေသည့် တပ်မဟာ (၅) သည် ယမန်နေ့က နယ်ခြားစောင့်တပ်အဖြစ် သဘောတူလက်ခံလိုက်ပြီဖြစ်သည်။

Read More...

ဝ နယ်ထဲတိုက်ပွဲဖြစ်လျှင် ယူနန်နယ်မှ စစ်သည် ၃ သိန်းကူညီမည်ဟုသတင်းပျံ့

သျှမ်းသံတော်ဆင့် သတင်းမှ
ကိုးကန့်အရေးအခင်းမှ ရသည့်သင်္ခဏ်းစာကြောင့် ၀ နယ်အတွင်းသို့ နအဖ ကျူးကျော်ရန်စလာပါက ယူနန်နယ် တရုတ်စစ်သည်များ ဘီကင်းအမိန့်မစောင့်ဆိုင်းဘဲ အင်အား ၃ သိန်း ချက်ချင်းပို့မည်ဆိုသည့်သတင်း ၀ လူထုကြား ပျံ့နှံ့လျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။
“နယ်စပ် တရုတ်အာဏာပိုင်တွေနဲ့ ၀င်ဆန့်တဲ့အသိုင်းအ၀ိုင်းကတဆင့် ၀ လူထုကြား သတင်းပျံ့နေတာကဗမာ တပ်တွေ ၀ နယ်ထဲ ကျူးကျော်တိုက်ခိုက်ခဲ့ရင် ကိုးကန့်လို အဖြစ်မခံတော့ဘဲ ချက်ခြင်းစစ်ကူပေးမယ်တဲ့” - ပန်ဆန်းမြီု့ခံတဦးက ပြောပါသည်။

Read More...

လက်တွဲညီတဲ့ သားအဖ......

နအဖ ဒက်လိုင်းသစ်ထပ်ပေးခြိမ်းခြောက် အပစ်ရပ် SSA တပ်မဟာ ၁ ငြင်းဆန်ပယ်ချ

သျှမ်းသံတော်ဆင့် မှ
ယခုလ ၁၂ ရက် နောက်ဆုံးထား၍ ဌာနေပြည်သူ့စစ်တပ်အသွင်ပြောင်းရန် ရပခ ဒုတိုင်းမှူး၏ အပစ်ရပ် SSA တပ်မဟာ ၁ အပေါ် ထပ်မံဖိ အားပေးခြိမ်းခြောက်မှုကို တပ်မဟာမှူးအပါအ၀င် တပ်မှူးများ လုံးဝလက်ခံမည်မဟုတ်ကြောင်း စုံစမ်းသိရှိရပါသည်။
“ဘယ်လိုအခြေအနေဘဲရောက်ရောက် ကျနော်တို့က နအဖစစ်တပ်လက်အောက်ခံပြည်သူ့စစ်ဘ၀တော့ အဖြစ်မခံနိုင် ဘူး၊ ၁၉၆၄ က စခဲ့တဲ့ သျှမ်းပြည်တပ်မတော်သမိုင်းကို ကျနော်တို့ တပ်မဟာ ၁ က ဆက်လက်ထိန်းသိမ်းသွားမယ်၊ လက်နက်သာမကဘဲ လူပါအညံ့ခံပါသွားရတဲ့အဖြစ်မျိုးလက်မခံနိုင်ဘူး၊ ဒါတပ်မဟာ ၁ ရဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်ဘဲ”- ဟု အပစ်ရပ် SSA တပ်မဟာ ၁ ခေါင်းဆောင် ဗိုလ်ချုပ်ပန်ဖှ က အတည်ပြုပြောဆိုပါသည်။

Read More...

စစ်အစိုးရနဲ့ ဆက်ဆံရေး အမေရိကန် စိတ်ပျက်

VOA မှ
၂ ရက်ကြာ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) ဟာ ဒီနှစ်အတွင်း မြန်မာစစ်အစိုးရက ကျင်းပပေးမယ်လို့ ပြောထားတဲ့ ရွေးကောက်ပွဲတွေက နိုင်ငံတကာ လက်ခံ ယုံကြည်နိုင်လောက်တဲ့ အနေအထား မရှိတဲ့အပြင် မြောက်ကိုရီးယားက လက်နယ်ဝယ်ယူတာကို ပိတ်ပင်ထားတဲ့ ကုလသမဂ္ဂရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကိုလည်း လိုက်နာဖို့ လိုတယ်လို့ စစ်အစိုးရကို သတိပေးခဲ့ပါတယ်။

Read More...

ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာကမ့်ပ်ဘဲလ်တို့ တွေ့ဆုံ

VOA မှ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် မြန်မာပြည်သူတွေကို ဆက်ပြီး ထောက်ခံသွားမယ်လို့ မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ် (Mr. Kurt Campbell) က သူ့ရဲ့ ခရီးစဉ် အဆုံးမသတ်ခင် ရန်ကုန်မှာ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံကို တရက်ကြာ သွားပြီး အစိုးရ တာဝန်ရှိသူတွေ၊ NLD ခေါင်းဆောင်တွေ အပြင် ရွေးကောက်ပွဲ ၀င်ကြဖို့ ပြင်ဆင်နေကြတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တဲ့ ခရီးစဉ် အကြောင်းနဲ့ ရန်ကုန်မှာ ထုတ်ပြန်ခဲ့တဲ့ ခရီးစဉ်ဆိုင်ရာ ကြေညာချက် အကြောင်းတွေကို ဦးရော်နီညိမ်းက စုစည်းတင်ပြပေးထားပါတယ်။

Read More...

ရင်ဆိုင်တိုက်ပွဲနှင့်လူမဆန်မှုသတင်း

တပ်မဟာ(၁) သထုံခရိုင်။
- ဘီးလင်းမြို့နယ်။ ၈.၅.၂၀၁၀နေ့ ခမရ(၂၀၅)မှကော်ညိုသည် ဝါမီပွာတွင် အစည်းအဝေးခေါ်ပြီး အီးဟဲမှစပြီးတောက်လျှောက်အနီးတ ဝိုက်မှ ရွာ များ အားသစ်များ ကိုအတင်းအကျပ်တောင်းခဲ့သည်။ စုစုပေါင်း ရွာ(၂၀)ပေးရမှာ ဖြစ်ပြီး သစ်၏အရွယ်အစားမှာ ၅x၂/၄x၂ ဖြစ်သည်။ထို့အ ပြင်တရွာလျှင်အ ရှည်၆တောင်ရှိသစ်၁၀ချောင်းစီပေးရမှာဖြစ်သည်။
- ဖားအံ့မြို့နယ်၊ ၈.၅.၂၀၁၀နေ့၊ ညနေ၅နာရီအချိန်ခန့်တွင် မယ်စီတောင်ကုန်း ရှိDKBAစခန်းရှိရဲဘော်အားလုံးထွက်ခွာသွား၊ နောက်ပိုင်းတွင်ပြန်လာမည်မ လာမည်ကိုအတိအကျမသိရသေးပါ။

Read More...

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် မြန်မာနိုင်ငံရောက်ရှိ

VOA မှ
အမေရိကန်နိုင်ငံခြားရေးဌာန၊ အရှေ့အာရှနဲ့ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) ဟာ မေလ ၉ ရက်၊ တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံ ရောက်သွားပါပြီ။ နှစ်ရက်ကြာ အခုခရီးစဉ်အတွင်း မြန်မာစစ်အစိုးရတာဝန်ရှိသူတွေနဲ့ရော နေအိမ်အကျယ်ချုပ်ကျနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံမှာဖြစ်ပါတယ်။

Read More...

Happy Mothers Day

အမေများနေ့မှာ ကျွန်တော်ကညောဖိုးမှ အမေများအားလုံးကို လေးစားစွာဖြင့်ဂုဏ်ပြုကြောင်း......
ချစ်တဲ့မိခင်အားလုံး ကျန်းမာပျော်ရွှင်ပါစေလို့ဆုတောင်းပါတယ်ဗျာ........

Read More...