ရုရှားနှင့် တရုတ်က မြန်မာကို လေယာဉ်များရောင်း

05 March 2010 ဧရာဝတီ

ရုရှားနှင့် တရုတ် နိုင်ငံတို့က ၂၀၁၀ ခုနှစ်အတွင်း အရပ်ဘက်သုံး ခရီးသည်တင် လေယာဉ်နှင့် ကုန်တင် လေယာဉ်များ မြန်မာ နိုင်ငံသို့ ရောင်းချမည် ဖြစ်ကြောင်း သတင်း ဌာနများက ဖော်ပြသည်။

ရုရှားလုပ် Antonov-148 ခရီးသည်တင် လေယာဉ်နှင့် တရုတ် ကော်ပိုရေးရှင်းက MA 60 ကုန်တင် လေယာဉ်

Read More...

စစ်အုပ်စုများရဲ့ ဥစ္စာဓနစုဆောင်းပွဲ

ရဲဘော်ဖိုးသံချောင်း (ခေတ်ပြိုင်မှ)

အခုတလော မြန်မာပြည်မှာ လူအများစိတ်ဝင်စားခြင်းခံနေရတဲ့ ကိစ္စတခုကတော့ နအဖဗိုလ်ချုပ်တွေဟာ
ပြည်တွင်း-ပြည်ပ ဘယ်သူ့ကိုမှ၊ ဘယ်ကိုမှ တရားဝင်ကြေညာအသိပေးခြင်းမရှိဘဲ နိုင်ငံပိုင်ဓနများကို ပုဂ္ဂလိကပိုင်အဖြစ်
ပြောင်းလဲပစ်နေတဲ့ ကိစ္စပဲဖြစ်ပါတယ်။ တနေ့ပြီးတနေ့ ဘယ်လုပ်ငန်းကိုဖြင့် ဘယ်သူဌေးလက်အပ်လိုက်ပြီ၊ အဲဒီ
သူဌေးက ဘယ်ဗိုလ်ချုပ်နဲ့နီးစပ်တယ်၊ ဘယ်ဗိုလ်ချုပ်ကိုယ်စားလုပ်နေတာ စတဲ့သတင်းမျိုးတွေကိုလည်း ဒင်းတို့ပါးစပ်က
ကြားရတာမဟုတ်ဘဲ ဟိုကတစ၊ ဒီကတစနဲ့ ဆက်တိုက်ကြားနေကြရပါတယ်။

ဘာဥပဒေနဲ့၊ ဘာကော်မရှင်ရဲ့ဦးစီးမှုနဲ့လုပ်တယ်ဆိုတာကိုလည်း ဘယ်သူကမှမပြောသလို၊ ဘယ်သူကမှလည်း
မသိရပါဘူး။ သူခိုးဓားပြတွေ တိုက်ရာပါပစ္စည်းခွဲယူကြသလို တကယ့်ကို လက်သိပ်ထိုးလုပ်နေကြတာဟာ ဗမာပြည်
သမိုင်းမှာ မဆလလက်ထက် ၁၉၆၄ ခုနှစ်တုန်းက ပြည်သူပိုင်သိမ်းတယ်ဆိုတာရဲ့နောက်မှာ အကြီးမားဆုံးပိုင်ဆိုင်မှု လက်ပြောင်းလက်လွှဲလုပ်မှုကြီးပဲ ဖြစ်ပါတယ်။

Read More...

စစ်တပ် အကြမ်းဖက်ခံ မြန်မာအမျိုးသမီးများအရေး ဘန်ကီမွန်းထံ တင်ပြ

စိုးမိုး/ ၅ မတ် ၂ဝ၁ဝ(ခေတ်ပြိုင်)

စစ်တပ်က မြန်မာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှတဆင့် နိုင်ငံတကာ ခုံရုံးတင် စစ်ဆေးနိုင်ရန် အမျိုးသမီးနိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်များနှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) တို့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံ ယမန်နေ့က တင်ပြလိုက်သည်။

မြန်မာစစ်အစိုးရတပ်များက မြန်မာအမျိုးသမီးများအပေါ် အကြမ်းဖက်ကျူးလွန်မှုများကို ကာယကံရှင် အမျိုးသမီး (၁၂) ဦးတို့က ယခုလ (၂) ရက်တွင် သက်သေထွက်ဆိုခဲ့ကြပြီး နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် အမျိုးသမီးများနှင့် အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB) တို့က စစ်ဆေးကြားနာခဲ့ကြပြီးနောက် ယင်းတွေ့ရှိမှုများကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံ တင်ပြခဲ့ကြခြင်းဖြစ်သည်။

“အကြမ်းဖက်မှုတွေကို သက်သေထွက်ဆိုတာ (၁၂) ယောက်ရှိတယ်။ သက်သေထွက်ဆိုတဲ့အထဲမှာ ကချင်၊ ကရင်၊ ရခိုင်၊ ကူကီး၊ ဗမာ၊ ချင်း လူမျိုးစုံပါပါတယ်။ WLB အဖွဲ့ဝင် အဖွဲ့အစည်း (၁၃) ဖွဲ့ရဲ့ ပံ့ပိုးမှုနဲ့ WLB က အကောင်အထည် ဖော်သွားတာပါ” ဟု WLB သဘာပတိအဖွဲ့ဝင် ဒေါ်တင်တင်ညိုက ပြောကြားသည်။

Read More...

ဘန်ကီမွန်းကို ကေအဲန်ယူ မေတ္တာရပ်ခံ

မတ်လ ၅ရက်။ စောခါးစူးညား။ (ကေအိုင်စီ)

ကရင်ပြည်သူများအား ရန်သူသဖွယ် တိုက်ခိုက်နေသည့် နအဖ စစ်အစိုးရကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းအနေဖြင့် ဟန့်တားပေးပါရန် မေတ္တာရပ်ခံသည့် ကြေညာချက်စာတစောင် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)က ယမန်နေ့၌ ထုတ်ပြန်လိုက်သည်။

စစ်အစိုးရ၏ တိုက်ခိုက်ခြင်းခံနေရသည့် ကရင်လူထုများကို နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် ဒေသတွင်းလူထုများအနေ ဖြင့် ကိုယ့်အရေးလို သဘောထားကာ စာနာထောက်ထား ဖြေရှင်းပေးရန် ရည်ရွယ်၍ ကြေညာချက်ကို ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူး စောလှငွေက ကေအိုင်စီကို ယခုလို ပြောသည်။

Read More...

ကရင်ဒုက္ခသည် ၁၀၀ ခန့် နေရပ်သို့ပြန်

သတင်း - သတင်းနှင့်မီဒီယာကွန်ယက်
မတ်လ 04 ရက် 2010 ခုနှစ်

ထိုင်းမြန်မာနယ်စပ် အူးသူးထာ့ ယာယီဒုက္ခသည်စခန်းမှ ကရင်စစ်ပြေး ဒုက္ခသည် (၁၀၀)ခန့် ယနေ့နံနက်က နေရပ်သို့ ပြန်သွားကြသည်။

ကရင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ယမန်နှစ်ဇွန်လက နယ်စပ်သို့ ထွက်ပြေးလာသော ထောင်နှင့်ချီသည့် ဒုက္ခသည်များအား ထိုင်းအာဏာပိုင်တို့က နေရပ်သို့ အတင်းအကျပ် ပြန်ခိုင်းနေသဖြင့် ပြန်သွားကြခြင်း ဖြစ်သည် ဟု ဒုက္ခသည်တစ်ဦးက ယခုလိုပြောသည်။

“အိမ်ထောင်စု (၁၀) စုလောက်ရှိတယ်။ အခုထွက်နေတုန်းပဲ။ မဆုံးသေးဘူးပေါ့။ ဒါပေမယ့် လူဦးရေ ကတော့ ခန့်မှန်းခြေ (၁၀၀) ကျော်ရှိမယ်။”

Read More...

မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေး အမေရိကန် စိုးရိမ်

04 March 2010 VOA သတင်းမှ

မြောက်ကိုရီးယားနဲ့ စစ်ဘက်ဆိုင်ရာ ဆက်နွယ်မှုတွေ ရှိနေတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်ရတဲ့အကြောင်း အမေရိကန် အစိုးရ တာဝန်ရှိသူတဦးက ပြောဆိုလိုက်ပါတယ်။

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အစိုးရက မြောက်ကိုရီးယားနဲ့ ဆက်ဆံမှုတွေ ရှိနေတဲ့ မြန်မာနိုင်ငံက စစ်ဘက်ဆိုင်ရာ နည်းပညာတွေ ၀ယ်ယူဖို့ လုပ်နေတာတွေကို ဟန့်တားဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့နောက် အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီဂျေ ခရော်လီ (P J Crowley) က မနေ့တုန်းက ပြုလုပ်တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

Read More...

(၁၀) တန်းစာမေးပွဲကာလ မန္တလေးမီးမလာ

စိုးမိုး/ ၄ မတ် ၂ဝ၁ဝ (ခေတ်ပြိုင် မှ)

ယခုလ (၁၀) ရက်မှ (၁၉) ရက်ထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲနီးကပ်လာသည့် ကာလတွင် မန္တလေးမြို့တော်၌ လျှပ်စစ်ရရှိမှု တိုးတက်မလာကြောင်း သိရသည်။
“မန္တလေးက မီးမလာလဲ နေလို့ရတဲ့မြို့လို့ အစိုးရက ထင်နေတာခင်ဗျ။ တိုးမရပါဘူးဗျာ။ တရုတ်တွေနေတဲ့ သူဌေးရပ်ကွက်တော့ မသိဘူး။ မြို့သစ်ကတော့ မရဘူးခင်ဗျ။ တခါတလေ ဘယ်အချိန် မီးလာသွားလဲ မသိဘူး” ဟု မန္တလေး မြို့သစ်နေသူတဦးက ပြောသည်။

ရာသီဥတု ပူပြင်းသည့် မန္တလေးမြို့တော်တွင် လျှပ်စစ်မရရှိသဖြင့် (၁၀) တန်း ဖြေဆိုရန် ပြင်ဆင်နေသည့် ကျောင်းသားများမှာ မီးစက်များ၊ ဖယောင်းတိုင်များ အသုံးပြုနေရပြီး နှစ်စဉ် ကြုံတွေ့နေကြ မီးဘေးအန္တရာယ်လည်း စိုးရိမ်နေရကြောင်း (၁၀) တန်း ကျောင်းသားများ နေထိုင်သည့် ဘော်ဒါဆောင် ပိုင်ရှင်က ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလလယ်ပိုင်းအတွင်း ရန်ကုန်မြို့တော် အချို့မြို့နယ်များကို တရက်လျှင် လျှပ်စစ် (၁၈) နာရီထိ တိုးပေးသော်လည်း မန္တလေးတွင် လျှပ်စစ် ထပ်တိုးမရခြင်းဖြစ်သည်။

Read More...

စစ်အစိုးရကို အရေးယူရန် နိုဗဲလ်ဆုရှင်နှင့် ဥပဒေပညာရှင်များ တောင်းဆို

Thursday, 04 March 2010 ကိုထွေး (ဧရာဝတီ သတင်းမှ)

မြန်မာ စစ်အစိုးရက ကျူးလွန်ခဲ့သော ရာဇ၀တ်မှုများ အတွက် နိုင်ငံတကာက စုံစမ်းစစ်ဆေး ပေးရန်နှင့် ဒဏ်ခတ် အရေးယူပေးရန် နိုဗဲလ် ဆုရှင်များနှင့် နိုင်ငံတကာ ဥပဒေ ပညာရှင်များက တောင်းဆို လိုက်သည်။

အမေရိကန်နိုင်ငံ နယူးရောက်မြို့၌ မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရသော အမျိုးသမီး ၁၂ ဦးတို့၏ ဖြစ်ရပ်များနှင့် အတွေ့အကြုံ ထွက်ဆိုချက်များကို အင်္ဂါနေ့က ကြားနာခဲ့ပြီးနောက် Nobel Women's Initiativeအဖွဲ့က ကြေညာချက် တစောင် ထုတ်ပြန်၍ ယင်းသို့ တောင်းဆို လိုက်ခြင်းဖြစ်သည်။
သက်သေထွက်ဆိုရာနေရာကို ခုံရုံးကဲ့သို့ ပြင်ဆင်၍ နိုဗဲလ်ဆုရှင်များ ဖြစ်သော ဂျိုဒီဝီလီယံ၊ Shirin Ebadi၊ ထိုင်းနိုင်ငံ ချူလာ လောင်ကွန်း တက္ကသိုလ် ဥပဒေပညာရှင် ပါမောက္ခ Vitit Muntarbhornနှင့် တောင်ကိုရီးယားနိုင်ငံမှ ဒေါက်တာ Heisoo Shin တို့က တရားသူကြီး ၄ ဦးအဖြစ်ဆောင်ရွက်၍ ကြားနာခဲ့ကြောင်းသိရသည်။

Read More...

ကမ္ဘာ့ လူငယ်ခေါင်းဆောင် တဦးအဖြစ် ဇိုယာဖန်း ရွေးချယ်ခံရ

မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားသူ လူငယ်တဦးဖြစ်တဲ့ မဇိုယာဖန်းကို ကမ္ဘာ့စီးပွားရေး ဖိုရမ်ကနေ Young Global Leaders လို့ခေါ်တဲ့ ကမ္ဘာ့ လူငယ်ခေါင်းဆောင် တဦးအဖြစ် အသိအမှတ်ပြုပြီး ရွေးချယ်လိုက်ပါတယ်။ ရွေးချယ်ရေး လုပ်ငန်းစဉ် အဆင့်ဆင့်ကို ဖြတ်သန်းပြီး လူငယ်အများအပြားထဲကမှ အခုလို ဂုဏ်ပြုရွေးချယ်ခံခဲ့ရတဲ့ မဇိုယာဖန်းကို ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ကမ္ဘာ့ လူငယ်ခေါင်းဆောင် တဦးအဖြစ် ဂုဏ်ပြုရွေးချယ်ခံရတဲ့ စာရင်းထဲမှာ ပါဖို့ ပဏာမအဆင့်မှာ အသက် ၄၀ ကနေ အောက် လူငယ်ပေါင်း ၅,၀၀၀ လောက် အမည်စာရင်း တင်သွင်းခံခဲ့ရပြီး နောက်ဆုံး ဆန်ခါတင်အဖြစ် နိုင်ငံပေါင်း ၇၂ နိုင်ငံက လူငယ်ခေါင်းဆောင် ၁၉၇ ယောက်ထဲမှာ မဇိုယာဖန်း ပါဝင်ခဲ့တာပါ။

Read More...

ဒုက္ခသည်တွေကိုEUမှကူညီမည်

EU Gives Myanmar 17 Million Euros in Humanitarian Aid

စစ်အစိုးရ၏ ရာဇဝတ်မှုများ အမျိုးသမီး ၁၂ ဦး ထုတ်ဖော်

စိုင်းဇွမ်ဆိုင်း | ဗုဒ္ဓဟူးနေ့၊ မတ်လ ၀၃ ရက် ၂၀၁၀ ခုနှစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရ၏ ရာဇဝတ်မှုများကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး အဆင့်မှ အရေးယူနိုင်ရေး အတွက် ရည်ရွယ်၍ မြန်မာအမျိုးသမီး ၁၂ ဦးက ကိုယ်တိုင်ကြုံတွေ့မှုများကို အမေရိကန်နိုင်ငံတွင် ပြောဆိုခဲ့ကြသည်။
နယူးယောက်မြို့တွင် အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (Women’s League of Burma) နှင့် နိုဘယ် အမျိုးသမီးများအဖွဲ့ (Nobel Women’s Initiative) တို့၏ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးနှင့် သဏ္ဍာန်တူ ပြုလုပ်ထားသော ခုံရုံး၌ ယမန်နေ့က ဖွင့်ချခဲ့ကြခြင်း ဖြစ်သည်။

နိုဘယ်ဆုရှင်များဖြစ်ကြသော အီရန်နိုင်ငံမှ Dr. Shirin Ebadi ၊ အမေရိကန်မှ Jody Williams တို့အပါ အဝင် တောင်ကိုးရီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ပါမောက္ခနှစ်ဦးက ခုံရုံး တရားသူကြီးများ အဖြစ်ဆောင်ရွက် ခဲ့ကြသည်။
၂ဝဝ၃ ခု ဒေါ်အောင်ဆန်းစုကြည်၏ ကားတန်းကို ဝိုင်းရိုက်ကြသည့် ဒီပဲယင်း အကြမ်းဖက်မှုသည် ကြိုတင်ကြံစည်မှု ဖြစ်ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူ မန္တလေးတိုင်း အန်အယ်ဒီမှ ဒေါ်ညွန့်ညွန့်က ထွက်ဆိုသွားသည်။

Read More...

ဝ နယ်ခြားတလျှောက်တရုတ်တပ် အင်အားထောင်ချီဖြည့်ထား

သျှမ်းသံတော်ဆင့် မှ

နအဖ နှင့် ၀ တပ်ဖွဲ့ တွေ့ဆုံဆွေးနွေးရေး မချေမတင်ဖြစ်ပြီးနောက်ပိုင်း ၀ နယ်ခြားတလျှောက် တရုတ်ပြည်လုံခြုံရေး တပ်များ အင်အားထောင်ချီ ဖြည့်တင်းထားသည်ဟု စုံစမ်းသိရှိရပါသည်။
“တရုတ်တပ်တွေ နယ်ခြားဘက် ရောက်နေတာ နအဖ တပ်မ ၂ ခု သျှမ်းပြည် အရှေ့မြောက်ဘက် တက်လာ တယ် ဆိုတဲ့အချိန်ကတည်းကဘဲ” - ဟု တရုတ်နယ်စပ်နေထိုင်သူ တဦးက ပြောပါသည်။


Read More...

စစ်အစိုးရတပ်များ လက်နက်ကြီးဖြင့် မွန်၊ ကရင်ဒေသအတွင်းသို့ ချီတက်လာ

သတင်း - IMNA

မြန်မာစစ်အစိုးရတပ်များ လက်နက်ကြီးနှင့်တကွ မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ နယ်မြေနှင့် ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ်ရာ နယ်မြေအတွင်းသို့ ချီတက် ဝင်ရောက်လာနေကြောင်း သိရသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ ညနေ ၅ နာရီခန့်တွင် စစ်အစိုးရတပ်သား ၂၀၀ ကျော်သည် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာမှ ကြာအင်းဆိပ်ကြီးမြို့သို့ ချီတက်လာနေကြောင်း ဘုရားသုံးဆူမြို့သို့ တက်လာသည့် မျက်မြင်ခရီးသည်တစ်ဦးက ပြောသည်။

“ဗမာစစ်သားတွေ ဇက်နဲ့ ချောင်းနှစ်ခွရွာဘက်ကမ်းကို ကူးနေကြတာ တွေ့တယ်၊ လက်နက်ကြီးတွေလည်း ပါတယ်” ဟု သူက ပြောသည်။

Read More...

ကျောက်နဂါး ရေကာတာကြောင့် ရွာ ၂၀ကျော်နှင့် ဥယျာဉ်ခြံ ရာနှင့်ချီ ရေလွှမ်းမိုးခံရ

စောသိန်းမြင့် (ကေအိုင်စီ)
ပဲခူးတိုင်းအရှေ့ဘက်ခြမ်း ညောင်လေးပိုင်ခရိုင် ရွှေကျင်မြို့နယ်တွင် စစ်အစိုးရပိုင်ကုမ္ပဏီများက ကျောက်နဂါး ရေကာတာ ဆောက်လုပ်မှုကြောင့် ရွှေကျင်ချောင်းအနီးတ၀ိုက်ရှိ ကျေးရွာပေါင်း ၂၀ကျော်နှင့် ဥယျာဉ်ခြံပေါင်း ၆၀၀ကျော် ရေလွှမ်းမိုးခံနေရ သည်ဟု သိရသည်။

အဆိုပါ ရေကာတာမှာ ရွှေကျင်ချောင်းကို အမှီပြုထားခြင်းဖြစ်ပြီး အဆိုပါ ချောင်းတ၀ိုက်ရှိ လယ့်ဝါး၊ ထီးဆဲထာ့၊ လယ့်ပေါ့်ချာ့၊ လယ့္ထာကြီး၊ ကေဆာ၀ါးကြီး၊ ဒူးသော၊ မယ့်လော်လာ၊ ညာ့လူ့ကွီး၊ ကဲဟဲခို့၊ တနေးထာ့၊ စူးမူ့ထာ့၊ ပိုလူး၊ ထီးကေးထာ့ စသည့် ရွာများမှ လူနေအိမ်များနှင့် ရှောက်ခြံပေါင်း ၆၀၀ကျော် ရေလွှမ်းမိုးခံရပြီး ရွာသားများမှာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ ရသည်ဟု ကိုယ်တိုင်မြင်တွေ့ခဲ့ရသူ ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့(ကေအာရ်ဒဗလျူ)မှ အဖွဲ့ဝင်တဦးက ပြော သည်။

Read More...

နယ်ခြားစောင့်တပ် ဖွဲ့ရေး “၀” အချိန် တိုးတောင်း

ရန်ပိုင်(ဧရာဝတီ)

ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) က နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးနှင့် ပတ်သက်၍ ယခု မတ်လ ကုန်အထိ အချိန်ထပ်မံ တိုးပေးရန် စစ်အစိုးရထံ တောင်းဆို ထားကြောင်း သိရသည်။
ပြီးခဲ့သည့် စနေနေ့က UWSA အဖွဲ့ဗဟို ကော်မတီဝင်များ အကြား ဆွေးနွေးပွဲ ပြုလုပ်ပြီးနောက် ထိုသို့ တောင်းဆိုခြင်း ဖြစ်သည်ဟု သျှမ်းသံတော်ဆင့် သတင်းစဉ် အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။

“၀ဘက် နယ်ခြားစောင့် တပ်ကိစ္စနဲ့ ပတ်သက်ပြီး မူလက တောင်းဆိုထားတဲ့ အချက် ၉ ချက်ကို စဉ်းစားပေးဖို့နဲ့ အချိန်ထပ်တိုးပေးဖို့ တောင်းထားတယ်”ဟု ၎င်းက ဆိုသည်။

UWSA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - အေအက်ဖ်ပီ)

Read More...

တပ်စခန်းမှ ရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်

မတ်လ ၂ရက်။ ကေအိုင်စီ
တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း၌ ဖေဖော်ဝါရီလ ၂၄ရက်နေ့ ညနေပိုင်းတွင် အိမ်ခြေ ၂၀၀နီးပါးရှိသော ရေသိုးကြီး ကျေးရွာထဲသို့ နအဖ ခမရ(၄၂၇)တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ လူနေအိမ်ခြေ အနည်းငယ် ထိခိုက်ပျက်စီး သွားခဲ့သည်ဟု ဒေသသတင်းများအရ သိရသည်။

ဗိုလ်မှူးချုပ်ကျော်အေး ဦးစီးသည့် စစ်ကွပ်ကဲရေးဌာနချုပ်(၇) လက်အောက်ခံတပ်ရင်းဖြစ်သည့် ခမရ(၄၂၇)တပ်ဖွဲ့သည် ၎င်းတို့ တပ်စွဲထားရာ ရေသိုးကြီးစခန်းမှ ရေသိုးကြီးရွာတွင်းသို့ လက်နက်ကြီးများဖြင့် လှမ်း၍ ပစ်ခတ်ခဲ့ပြီး နောက်တနေ့တွင် အဆိုပါ တပ်ဖွဲ့က ရွာထဲသို့ ၀င်ရောက်ကာ ဓာတ်ပုံမှတ်တမ်းများ ရိုက်ယူ၍ ရွာသူရွာသားများအား ကေအဲန်ယူက ပစ်ခတ်ခြင်းဖြစ် ကြောင်း အတင်းအကြပ် ထွက်ဆိုခိုင်းခဲ့သည်ဟု ဒေသခံတဦးက ယခုလို ပြောသည်။

Read More...

တိုက်ပွဲနှင့်လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

တပ်မဟာ (၅) ဖာပွန်ခရိုင်
၁၇/၁/၂၀၁၀- DKBA ၏နိပ်ဆက်မူ့ကို မခံနိုင်သော ကွီးနိုထာ ရွာသားများစုစုပေါင်း
၁၁၃ ယောက်၊ ကျား ၅၄ယောက်၊ မ ၅၉ ယောက်၊ အိမ်ထောင်စု ၁၈ စု တို့သည်
တပ်မဟာ (၃) နယ်မြေသို့ (၄) အုပ်စု၊ တပ်မဟာ (၁) နယ်မြေသို့ (၃) အုပ်စု၊
တပ်မဟာ (၅) နယ်မြေ တွင် (၁၁) အုပ်စု နေခဲ့၊ ၄င်း(၁၁) အုပ်စုသည် မလေး
လယ်ကျေးရွာအုပ်စု၊ သရိခို ရွာသစ်တွင် သွားနေ။

တပ်မဟာ (၁) ဒူးသထူ ခရိုင်
@ ဘားအံမြို့နယ်၊ ၇/၂/၂၀၁၀- DKBA မှ ဖားဒဲ နှင့် ခမရ (၂၀၆) ပူးပေါင်းပြီး
အီးဟဲ ရွာကြီး သို့ဝင်ပြီး ၀က်တစ်ကောင် တန်ဖိုး ၅၀၀၀၀ ကျပ်၊ ဆီ ၄ ပိသာ၊
တန်ဖိုး ၁၆၀၀၀ ကျပ်၊ ဆိတ်တစ်ကောင် ၂၀၀၀၀ ကျပ်၊ ဘီယာ ၄ ဖာ တန်ဖိုး
၈၀၀၀၀ ကျပ်၊ တို့ကို ငွေမပေးဘဲ တောင်းယူသွားပြီး ရွာသား များကို ကျသင့်
ငွေ ပေးစေပါသည်။

@ ဘီးလင်းမြို့နယ်၊ ၉/၂/၂၀၁၀- နအဖ စကခ (၄) ခမရ (၇၀၇) ဗျုဟာ (၁) မူး
စံဝင်း သည် တပ်ရိက္ခာ များကို ထမ်းပေးရန် အတင်းအဓမ္မ စေခိုင်းခဲ့ပါသည်။
စေခိုင်းခံရသော ရွာများမှာ ဝေါ အနောက်ဖက် မယ်ပရေးခီးဒဲ ကျေးရွာအုပ်စုမှ
(၁) ပဒါဒို (၄၀) အိတ်၊ (၂) စီကိုး (၁၂) အိတ်၊ (၃) ညာစူထာ (၁၀)အိတ်၊ (၄)
တောင်ကလေး (၈) အိတ် စုစုပေါင်း (၇၀) အိတ်။

Read More...

ထင်ရာစိုင်းနေတဲ့သန်းရွှေရဲ့မြေး နေရွှေသွေးအောင် နဲ့အပေါင်းအပါများ

နေရွှေသွေးအောင် (ခ) ဖိုးလပြည့်နဲ့  တွဲပြီး မည်သူ့ ကိုမျှ ဂရုမစိုက်ဘဲ နှစ်ယောက်ပေါင်းကာ ထင်ရာစိုင်းနေသောသူ တစ်ဦးမှာ ဆေးဝန်ထမ်း ညွှန်ချူပ် ဗိုလ်ချူပ် သန်းအောင်ရဲ့  သမက်ဖြစ်သူ ချိုလေးဆိုသူ ဖြစ်ပါတယ်၊၊နေရွှေသွေးအောင်နဲ့ ချိုလေးတို့ ဟာ သန်းရွှေရဲ့ အရှိန်အ၀ါ၊ မိဘဖြစ်သူတွေရဲ့  အရှိန်အ၀ါကို သုံးပြီး မြန်မာပြည်မှာ သောင်းကျန်းဆိုးရွားနေသူတွေ ဖြစ်ပါတယ်။ အထူးသဖြင့် ချိုလေးဟာ နေရွှေသွေးအောင်ကို အမှီပြုပြီး သူလုပ်ချင်တာတွေကို လုပ်ချင်သလို လုပ်ပါတယ်။ သူနဲ့ အတူ နေရွှေသွေးအောင်ကလည်း တွဲချက်ညီညီ ထင်ရာစိုင်းပါတယ်။ချိုလေးဟာ လိုင်စင်မဲ့ကားတွေကို လိုင်စင်ရအောင်လုပ်ဖို့ အတွက် နေရွှေသွေးအောင်ကို အသုံးချပါတယ်။ ဒီလိုလုပ်လို့ ရတဲ့အတွက် နေရွှေသွေးအောင်ကိုလည်း ကဲချင်တိုင်းကဲဖို့ အတွက် အတူတူ သွားလာကြပါတယ်။ သူတို့ နှစ်ယောက် အတူတူ တစ်တွဲတွဲ သွားလာတဲ့အခါမှာ မော်ဒယ်ဂဲလ် (Model Girls) တွေနဲ့  ချိန်းချက်ပြီး သွားလာကြတယ်။ သူတို့ သွားတဲ့ ကားတွေပေါါ်မှာလည်း အချက်ပြမီးလုံးကို ကားပေါ်တင်ပြီး အထူးကား (VIP car) အနေနဲ့ သိသာအောင် ပြပြီး ကြွားဝါ လုပ်ပြလေ့ ရှိကြောင်းကိုလည်း သိရှိရပါတယ်။ ဒီလို ချိုလေးရဲ့  ကပ်ဖားပြီး ပေါင်းသင်းမှုကို နေရွှေသွေားအောင်ကလည်း နဂိုကမှ သန်းရွှေရဲ့  မြေးဆိုပြီး ထင်ရာစိုင်းနေသူပီပီ အနှစ်ခြိုက်ကြီး ကြိုက်နှစ်သက်ကာ ကဲချင်တိုင်း ကဲနေပါတယ်။နေရွှေသွေးအောင်နဲ့  ချိုလေးတို့  ညတိုင်းနီးပါး သွားရောက်လေ့ရှိတာကတော့ မြရိပ်ညို ဖြစ်ပါတယ်။

သောက်ကျက်သရေမရှိသော စစ်ခွေးချုပ်ရဲ့မြေး

Read More...

အဓမ္မခိုင်းစေခံရသည့် ရွာသား (၄၀၀) ကျော်တို့က အိုင်အယ်လ်အိုသို့ တိုင်တန်း

ရဲရင့်/ ၁ မတ် ၂ဝ၁ဝ (ခေတ်ပြိုင်)
အဓမ္မလုပ်အား ခိုင်းစေခြင်းခံရသည့် တောင်ငူခရိုင်မှ ရွာသား (၄၇၀) တို့က ၎င်းတို့ အဓမ္မစေခိုင်းခံရမှုကို စုံစမ်း အရေးယူမှုပြုလုပ်ပေးရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (အိုင်အယ်လ်အို) သို့ ယနေ့တိုင်ကြားစာ ပေးပို့လိုက်သည်။

ထိုသို့ အစီရင်ခံစာ ပေးပို့မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (အက်ဖ်တီယူဘီ) နှင့် ကော်သူးလေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (အက်ဖ်တီယူကေ) တို့မှ တာဝန်ရှိသူများက ထိုင်း-မြန်မာနယ်စပ်တွင် သတင်းစာရှင်းလင်းပွဲတရပ် ယမန်နေ့ညနေက ကျင်းပခဲ့သည်။

Read More...

ကလေးငယ်များကို လိမ်လည်ဖြားယောင်းပြီး စစ်သားစုဆောင်း

စိုးမိုး/ ၁ မတ် ၂ဝ၁ဝ (ခေတ်ပြိုင်)
စစ်သားစုဆောင်းရေးတပ်မှ စစ်သားများအပါအ၀င် တပ်ကြပ်အဆင့်အထက်တို့က နယ်ဒေသသို့ဆင်းပြီး ကလေးများအား လိမ်လည်ကာ စစ်သားအဖြစ် စုဆောင်းနေကြောင်း ကလေးစစ်သားတဦးထံမှ သိရသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (အိုင်အယ်လ်အို) မှ ကလေးစစ်သားစုဆောင်းခံရမှု တိုင်ကြားချက်များကို လက်ခံဆောင်ရွက်ပေးနေသော်လည်း ဆင်းရဲချို့တဲ့သည့် ကလေးငယ်များကို စစ်တပ်က လစာဝင်ငွေ ကောင်းစွာရရှိပြီး မိသားစုကို ထောက်ပံ့နိုင်သည်ဟုဆိုကာ လိမ်လည်ဖြားယောင်းပြီး စစ်သားအဖြစ် စုဆောင်းနေကြောင်း သိရသည်။

“သားကျောင်းတက်နေတဲ့အချိန်မှာ မိဘတွေလည်း သိပ်အဆင်မပြေတာလည်း ပါတာပေါ့။ တပ်ထဲကို လိုက်သွားရင် အဆင်ပြေသွားမယ်ထင်လို့။ သူတို့ပြောတဲ့ပုံစံက အဆင်ပြေသွားမယ့် ပုံစံကြီးဗျ” ဟု စစ်သားစုဆောင်းရေးတပ်မှ အိုင်အယ်လ်အို အကူအညီဖြင့် လတ်တလော လွတ်မြောက်လာသည့် ကလေးစစ်သားက ပြောကြားသည်။

Read More...

နအဖ ငြင်းပယ်ထားသည့် တောင်းဆိုချက်များ ထပ်မံတင်ပြ၍ ဝတပ်ဖွဲ့ တုံ့ပြန်

ပေါက်ပေါက်/ ၁ မတ် ၂ဝ၁ဝ(ခေတ်ပြိုင်)
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့က ၎င်းတို့၏တောင်းဆိုချက် (၉) ချက်ကို နအဖက ပယ်ချနေသည့်ကြားကပင် လိုက်လျောပေးရန် ယမန်နေ့က ထပ်မံတောင်းဆိုလိုက်သည်။

နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးအတွက် အကြောင်းပြန်ရန် နောက်ဆုံးသတ်မှတ်ရက်ဖြစ်သည့် ယမန်နေ့၌ ဝတပ်ဖွဲ့က ယင်းသို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို မူအားဖြင့် လက်ခံကြောင်း၊ သို့သော် ဒေသငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားအတွက် ယမန်နှစ်၊ နိုဝင်ဘာ (၁၄) ရက်က တန့်ယန်းမြို့တွင် တင်ပြထားသည့် တောင်းဆိုချက် (၉) ချက်ကို လိုက်လျောပေးပါက နယ်ခြားစောင့်တပ်ကို လက်ခံသွားမည်ဖြစ်ကြောင်း ဝတပ်ဖွဲ့က အကြောင်းပြန်ခဲ့သည်ဟု ဝခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။



Read More...

ရန်ကုန် ဝဋ်လည်ခြင်း

မင်းအောင်နိုင်(မဇ္ဈိမ)

ဝဋ်ဆိုသည် လည်တတ်၏။ မကြုံဖူးတုန်းကတော့ မယုံ။ ခုတော့ဖြင့် ကိုယ်တွေ့ကြုံသောအခါ ယုံရလေပြီ။ ကိုယ်တိုင်ကြုံတွေ့ ဝဋ်လည်ခံနေရသည်က ရန်ကုန်လူထု ဖြစ်လေသည်။ ၂ဝဝ၅ ခုနှစ် မတိုင်ခင်က အထိ ရန်ကုန်သားတို့ အခြားမြို့သား နယ်ကလူများအပေါ် မော်ကြွားခဲ့လေသမျှ ခုတော့ ဝဋ်ပြန်ခံနေရလေပြီ။

ရွှေမြို့တော်ကြီးသားဟု သွေးနားထင် ရောက်ကာ နယ်က တောသားများအပေါ် အထင်အမြင်သေးခဲ့သမျှ ဗိုလ်ဂျုတ်ကြီးလုပ်လိုက်မှ ခံရချက်နာကြလေပြီ။ ဗိုလ်ဂျူတ်ကြီးဟူသည်ကား တိုင်းပြည်ဘဏ္ဍာတော်များကို ရိတ်ရာတွင် နာမည်ကျော်သူ သက်ကြားအိုပင် ဖြစ်တော့သည်။ သူ၏ အစွမ်းကား ရန်ကုန်သားတို့ ဝဋ်လည်အောင် လုပ်နိုင်စွမ်း ရှိ၏။ ယခုပင်ကြည့် နေပြည်တော်ဟု အမည်သညာတွင်လေသော မြို့တော်သစ်ကြီး ပေါ်ထွန်းလာသည်မှ စတင်ကာ မြို့ရန်ကုန်သည် ဇနပုဒ်လုံးလုံး ဖြစ်ချေပြီ။ မီးမလာ၊ ရေမရ နိမ့်ကျလာသည့် လူမှုဘဝများက နေပြည်တော် ပျဉ်းမနားသားတို့၏ ဘဝများထက် နောက်ဆုံးသို့ ရောက်သွားရသကဲ့သို့ ဖြစ်ပေသည်။

Read More...