ပစ်ခတ်မှုများကြောင့် စာသင်ကျောင်း ၁၀ကျော် ပိတ်ပစ်လိုက်ရ

စောသိန်းမြင့် (ကေအိုင်စီ)

ကရင်နယ်ခြားစောင့်တပ် ခွဲထွက်အဖွဲ့နှင့် လက်ကျန် နယ်ခြားစောင့်တပ်ဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ စာသင်ကျောင်း ၁၄လုံးကျော် ပိတ်ပစ်လိုက်ရသည်ဟု ကရင်ကျောင်းဆရာများသမဂ္ဂ(KTWG) ၀က်ဘ်ဆိုက် စာ မျက်နှာတွင် ယမန်နေ့က ဖော်ပြခဲ့သည်။

အဆိုပါ တပ်ဖွဲ့ဝင်များ နေ့စဉ်ရက်ဆက် ပစ်ခတ်မှုဖြစ်ပွားသဖြင့် လှိုင်းဘွဲမြို့နယ်ရှိ မယ့်ကွီးထာ၊ လော်ပူ၊ ၀ဲပျာ့၊ ၀ါ့တမူ့၊ မဲ့ဆေ၊ မဲ့ လော်ထာ၊ ထီးလာနဲ၊ ယော်ပို၊ တကြီကလား၊ သေရဖုိးကြီး၊ ကမားထာ၊ ကြီးေလး၊ ပနွယ့်သာကလား(ရွာသစ်)၊ ထီးပယ် စသည့်ကျေး ရွာများမှ စာသင်ကျောင်းအားလုံး ပိတ်ပစ်လိုက်ရသည်ဟု ဒီကေဘီအေအဖြစ် ပြန်လည်ရပ်တည်နေသည့် ခွဲထွက် နယ်ခြားစောင့် တပ်မှ ဆေးမှူးတဦးက KTWG ကို ပြောသည်။

Read More...

နယ်ခြားစောင့် ၁၀ဦး KNLA တပ်မဟာ(၇)ထံ လာရောက် ပူးပေါင်း

စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် နယ်စပ်တနေရာတွင် အခြေစိုက်သည့် နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင် ၁၀ဦးသည် ယမန်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၇)ထံသို့ လာရောက်ပူးပေါင်းခဲ့ကြသည်။

နယ်ခြားစောင့်(၁၀၁၂)တပ်ရင်း၊ တပ်ခွဲ(၁)မှ တပ်ကြပ်ကြီး စောဒီ့ကျူ ဦးစီးသည့် တပ်ဖွဲ့ဝင် ၁၀ဦးသည် နယ်ခြားစောင့်အနေ ဖြင့် ဆက်လက် တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့သောကြောင့် KNLA နှင့် ယခုလို လာရောက်ပူးပေါင်းခြင်းဖြစ်ကြောင်း စောဒီ့ကျူက ပြောသည်။

“ကျနော်တို့ လူမျိုးတွေကို အစိပ်စိပ်အမွှာမွှာဖြစ်အောင် ဖျက်ဆီးနေတဲ့ ဒီအစိုးရလက်အောက်မှာ မလုပ်ချင်တော့လို့ ကျနော်တို့ ညီအစ်ကိုတွေနဲ့ လာရောက်ပူးပေါင်းတာ ဖြစ်တယ်။ ကျနော်တို့တပ်ရင်းမှူး ဗိုလ်ဘိလည်း အစိုးရကို ပြန်တော်လှန်နေပြီလေ။ ဒါ ကြောင့် ကျနော်တို့လည်း တပ်ရင်းမှူးနဲ့အတူ အစိုးရကို ပြန်တော်လှန်ဖို့ ဒီလိုလုပ်တာပါ။”ဟု စောဒီ့ကျူက ပြောသည်။

Read More...

ဆက်ကြေးမပေးနိုင်၍ ဘုရား သုံးဆူ လူထုအချို့နေအိမ် များမှ ရှောင်တိမ်းနေကြ

နန်းသူးလေ (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပြီးခဲ့သည့် ရက်သတ္တပတ်မှစ၍ ရပ်ကွက်လူကြီးများမှတ ဆက်ကြေးများ တောင်းခံပြီး ဇူလိုင်လကုန် နောက်ဆုံးထားကာ ပေးခိုင်းသည့်အတွက် ယခုဆိုလျှင် မြို့ခံတချို့မှာ မိမိတို့၏ နေ အိမ်များမှ ရှောင်တိမ်းနေကြသည်ဟု သိရသည်။

ဘုရားသုံးဆူမြို့၊ ရပ်ကွက်(၃)နေ ပရိဘောဂလုပ်ငန်းရှင်တစ်ဦးက “ရပ်ကွက်တခုတည်းကို ဘတ် လေးသိန်းတောင်းတယ်။ ကျနော်တို့က ဘယ်လိုပေးနိုင်မလဲ။ အခုတလော လုပ်ငန်းကလည်း မကောင်းတော့ အဆင်မပြေဘူး။ ဒီ ၇လပိုင်းအကုန်မှာ ပေးခိုင်းတော့ အခုဆိုရင် ငွေကြေးအတန်အသင့် ရှိသူတွေတောင် ရှောင်ပြေးကုန်ကြပြီ။”ဟု ပြောသည်။

Read More...

ဗိုလ်မှူးစောဘိနှင့် ကေအိုင်စီ တွေ့ဆုံမေးမြန်းခန်း

KNU ကို ရှင်းရန် ထိုင်း ဖိအားပေးခံရ

ဧရာဝတီ သတင်းမှ..........

ကရင် အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင်များကို ထိုင်းနိုင်ငံတွင် နေထိုင်ခွင့်မပြုရန် မြန်မာ အစိုးရက ထပ်မံ ဖိအားပေးနေကြောင်း တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး စမတ်လွိုင်ဖာ့က ဧရာဝတီကို ယနေ့ ပြောသည်။

KNU ခေါင်းဆောင် အများအပြား မဲဆောက်မြို့နှင့် အနီးရှိ ဒုက္ခသည် စခန်းများတွင် နေထိုင်လျက်ရှိသည်ဟု သတင်းရထားကြောင်း၊ ထိုဒေသသို့ ထွက်ပြေး တိမ်းရှောင်နေသည်ဟူသော ဗုံးခွဲအကြမ်းဖက်သူများကိုလည်း ဖမ်းဆီးပေးစေလိုကြောင်း မြန်မာအစိုးရက တောင်းဆိုနေသည်ဟု ဆိုသည်။

Read More...

မြန်မာစစ်သည်တဦး ကေအဲန်ယူ တပ်မဟာ(၇)ထံ ထွက်ပြေးရာက်ရှိ

စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သင်္ကန်းညီနောင် အခြေစိုက် အစိုးရစစ်တပ် စကခ(၁၂) လက်အောက်ခံ ခမရ(၃၅၇)တပ်ရင်းမှ တပ်သား စိုင်းအိုက်စံသည် ယမန်နေ့က ကေအဲန်အယ်လ်အေ တပ်ရင်း(၁၀၁)ထံသို့ ထွက်ပြေးရောက်ရှိလာသည်။
ကိုယ်ပိုင်နံပါတ် တ/၄၄၃၂၃၃ဖြစ်သူ အသက် ၂၅နှစ်ရှိ တပ်သား စိုင်းအိုက်စံသည် အစိုးရစစ်တပ်တွင် တာဝန် ဆက်လက် မထမ်းဆောင်နိုင်တော့သည့်အတွက် ထွက်ပြေးရခြင်းဖြစ်သည်ဟု ကေအိုင်စီကို ပြောသည်။
“ကျနော်ရှေ့တန်းထွက်တာ ၅လကျော်ပဲ ရှိသေးတယ်။ ရောက်လာကတည်းက ထမင်းပဲချက်တယ်။ ကင်းစောင့်တော့လည်း သူများ သေနတ်ပေးမကိုင်ဘူး။ တပ်ထဲမှာ ဆက်မနေချင်တော့လို့ ထွက်ပြေးတာပါ။”ဟု တပ်သား စိုင်းအိုက်စံက ပြောသည်။

Read More...

ရေလွှမ်းမိုးမှုကြောင့် ဖားအံမြို့ ရေဘေးဒုက္ခသည်များ စာသင်ကျောင်းတွင် မှီခိုနေရ

နန်းဖော့ဂေ (ကေအိုင်စီ)

ကရင်ပြည်နယ်၏ မြို့တော် ဖားအံမြို့တွင် ဇူလိုင်လ တတိယပတ်အတွင် သံလွင်မြစ်ရေလျှံတက်လာမှုကြောင့် မြို့တွင်းရှိ ရပ် ကွက်အတော်များများရှိ မြေနိမ့်ပိုင်းများတွင် ရေလွှမ်းမိုးကာ ယမန်နေ့မှစ၍ အမှတ်(၁) အထက်တန်းကျောင်းတွင် ရေဘေးဒုက္ခ သည်များ ယာယီ ရွှေ့ပြောင်းနေထိုင်လျှက်ရှိသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“ကျောင်းက မနေ့က သောကြာနေ့မှာ လူတွေ လာနေကြတာပေါ့။ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းလှရင်မေကို ရပ်ကွက်ထဲ ကလူတွေက လာပြောတော့ ပိတ်လိုက်တာပေါ့။ ဒါပေမဲ့ နောက်နှစ်ရက်က စနေ၊ တနင်္ဂနွေခံတော့ ဆက်ပိတ်တာပေါ့။ ပေး တည်းတာကတော့ မူလတန်းအဆောင်တွေမှာပါ။”ဟု ဆိုသည်။

Read More...