ပြောက်ကျားတိုက်ခိုက်ကြောင့် နအဖ နှင့် BGF ၉ဦး ထိခိုက်သေဆုံး

သေပြန်ပြီး....သန်းရွှေဒူးမနာသားတွေ........ကျွတ်ကျွတ်ကျွတ်.......

စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်း ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်နယ်မြေ တပ်မဟာ(၇) မော်ဖိုး ကလိုးရှိ KNLA လှုပ်ရှားတပ်ဖွဲ့သည် နအဖနှင့် နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ကို ယမန်နေ့က ပြောက်ကျားတိုက်စစ် ဖြင့် လျှပ်တပြက် ၀င်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ၉ဦး ထိခိုက်သေဆုံးခဲ့သည်ဟု စုံစမ်းသိရှိရသည်။
ကရင်အမျိုးသားလွတ်ရေးတပ်မတော်(KNLA)တပ်ဖွဲ့၏ တိုက်ခိုက်ခြင်းခံရသည့် တပ်ဖွဲ့မှာ နအဖ စစ်ကွပ်ကဲရေးဌာန ချုပ်-စကခ(၁၂) လက်အောက်ခံ ခမရ(၃၅၇)တပ်ရင်းနှင့် BGF (၁၀၁၆)တပ်ရင်းတို့ဖြစ်ပြီး အဆိုပါ တိုက်ပွဲတွင် နအဖ က တပ်ရင်းမှူး အပါအ၀င် ဒဏ်ရာရသူ ၅ဦး၊ သေဆုံးသူ ၁ဦးနှင့် BGF က ၃ဦး ဒဏ်ရာရရှိခဲ့သည်ဟု KNU တပ်မဟာ (၇)မှူး ဗိုလ်မှူးချုပ် စောဂျော်နီက ကေအိုင်စီကို အတည်ပြုပြောဆိုသည်။

Read More...

ဝေါ်လေဒေသမှ စစ်တပ်နှင့် ဒေသခံအာဏာပိုင်များ လူထုများကို ခေါ်တွေ့စည်းရုံးနေ

စောသိန်းမြင့်(ကေအိုင်စီ)
ကရင်ပြည်နယ် မြ၀တီခရိုင်၊ ဝေါ်လေဒေသတွင် လှုပ်ရှားနေသည့် နအဖစစ်တပ်များနှင့် ဒေသခံအာဏာပိုင်များသည် ထိုဒေသရှိ ပြည်သူများကို ခေါ်တွေ့စည်းရုံးမှုများ လုပ်ဆောင်လျှက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ဝေါ်လေကျေးရွာဥက္ကဌ ဦးထွန်းရီ၊ အတွင်းရေးမှူး မျိုးကြည်နှင့် စကခ (၅) ဗျူဟာ(၁)မှ အာဏာပိုင်တချို့သည် ဝေါ်လေဒေ သရှိ ဝေါ်လေ၊ ထီးသဲလယ်၊ အူကလေ့ထာ့၊ ကလော်ဝေါ်၊ ကော်ဆယ်စသည့် ကျေရွာများမှ ရွာသူကြီးများကို ပြီးခဲ့သည့် မတ်လ ၂၃ရက်နေ့က ဝေါ်လေကျေးရွာတွင် ခေါ်ယူတွေ့ဆုံခဲ့ကာ ရွာသူရွားသားများအနေဖြင့် ပြောင်းစိုက်လို သူများ၊ မှတ်ပုံတင် ရိုက်လိုသူများရှိပါက နာမည်တင်သွင်းရန်နှင့် ကျောင်းသူကျောင်းသားများစာရင်းများကို တင်ပြရန် ပြောဆိုသွား သည်ဟု အစည်းအဝေး တက်ရောက်သည့် ရွာသူကြီးများနှင့် နီးစပ်သူတဦးက ပြောသည်။

Read More...

အမှတ် (၁၉) နယ်ခြားစောင့်တပ်ရင်း သရက်ဖြူစခန်း တိုက်ခိုက်သိမ်းပိုက်ခံရ

နေ့သစ် မှ.................

ကရင်ပြည်နယ် မြဝတီအနီးက မယ်ပလဲ၊ ဝှေ့ရှမ်း၊ ထိပေါပလော ကြားမှာရှိတဲ့ သရက်ဖြူစခန်းမှာ အခြေပြုတဲ့ နယ်ခြား စောင့်တပ် တပ်ရင်း ၁၉ ကို ကေအန်ယူနဲ့ ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့တွေက မတ်လ ၂၂ ရက်နေ့က ဝင်ရောက်တိုက် ခိုက် သိမ်းပိုက်လိုက်ပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ဒီကေဘီအေ မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဆန်အောင် ပြောပြတာက ..

“ဒီ သရက်ဖြူစခန်းမှာ တာဝန်ယူတာက BGF တပ်ရင်း ၁၉ ပါ ဗိုလ်မှူး ဒီးဒီး က ဦးဆောင်တယ်။ ၂၂ ရက်နေ့ နေ့ခင်း ၁၁ လောက်မှာ ကျနော်တို့ဘက်က စခန်းကို သိမ်းပြီး မီးရှို့ပစ်ခဲ့တယ်။ စစ်အာဏာရှင်လက်အောက်မှာ နယ်ခြားစောင့် အဖြစ်နဲ့ ကျန်ခဲ့တဲ့ ညီအစ်ကိုတွေကို ကျနော်တခုပြောချင်တယ်၊ ကျနော်တို့ တော်လှန်းရေးညီအကိုတွေအချင်းချင်း အ မြန်ပူးပေါင်းဖို့လိုပြီ စစ်အာဏာရှင်က နယ်ခြားစောင့်တပ်တွေကို ရှေ့မှာထားပြီး ထိုးကျွေးထားတာဖြစ်တယ်။ ဒီအတိုင်း ဆက်သွားမယ်ဆိုရင်တော့ လုံးပါးပါးပြီး ပျောက်သွားလိမ့်မယ်။ ကျနော်တို့လည်း ညီအကိုအချင်းချင်းမတိုက်ချင်းပါဘူး၊ ခုလောလောဆယ် သူတို့တွေဟာ စစ်အာဏာရှင်ရဲ့ ဒေါက်တိုင်၊ စစ်အာဏာရှင်က အသုံးချခံဖြစ်နေတဲ့ အတွက် မဖြစ်မ နေတိုက်နေရတာဖြစ်တယ်” လို့ ပြောပြသွားပါတယ်။

Read More...

The Road ( ကြည့်ဖြစ်အောင်ကြည့်)

http://roadofresistance.com/the-road/ မှကူးယူတင်ဆက်ထားသည်။

THE ROAD from Road of Resistance on Vimeo.

လူမဆန်မှု နှင့် တိုက်ပွဲသတင်း

17.3.2011

အရပ်သားများကို နအဖက အဓမ္မရိက္ခာပို့ခိုင်းပြီး အကာအကွယ်ယူနေ

စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်း လှုပ်ရှားနေသည့် နအဖ တပ်များသည် ၎င်းတို့ စစ်တပ်စခန်းရှိရာ သံလွင်မြစ်နံဘေးတ လျှောက် ရိက္ခာပို့ရန် ဒေသခံအရပ်သားလူထုများကို အဓမ္မခိုင်းသည့်အပြင် အကာအကွယ်အဖြစ် အသုံးပြုနေသည်ဟု ဒေသခံ ရွာသားများ၏ ပြောပြချက်အရ သိရသည်။

ရှေ့တန်းတပ်စခန်းသို့ ရိက္ခာပို့နေသည့် အဆိုပါ နအဖ စစ်ဗျူဟာဌာနချုပ်-စဗခ(၁)လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ (၄၃၄)နှင့် ခြေလျင်တပ်ရင်း ခလရ(၁၉)သည် ၎င်းတို့ကို နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (KNLA)တပ်ဖွဲ့ဝင် များ မနှောက်ယှက်နိုင်ရန် ဖာပွန်မြို့နယ်ရှိ ထို့ဖိုးပါ့ဒဲ၊ ကျိုးခို့ဒဲ၊ ဟိဖိုးဒဲနှင့် ချောဘွဲဒဲရွာမှ အရပ်သားများအား မတ်လ ၁၄ရက်မှစ ၍ ယခုအချိန်ထိ အလှည့်ကျစနစ်ဖြင့် အဓမ္မခိုင်းနေသည်ဟု ဖာပွန်ခရိုင်မှ KNU တာဝန်ရှိတဦးဖြစ်သူ တီးဝေါ်က ယခုလို ပြော သည်။

Read More...

သွေး

ဒီသီချင်းနဲ့ ကိုယ့်ကိုယ်ကိုပြန်လည် သတိပေးကြရအောင်..........

ကနဲလေးစခန်းအနီးအနားတွင် နအဖ တပ်များ တိုက်ခိုက်ခံရ

(ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဝေါ်လေဒေသအတွင်းရှိ ကနဲလေးတပ်စခန်း အနီးအနားတွင် ၀င်ထွက်သွားလာနေသည့် နအဖ တပ်ဖွဲ့များကို ကရင်တပ်ဖွဲ့ဝင်များက ယနေ့မနက်ပိုင်း၌ နှစ်ကြိမ်တိုင် အလစ်ဝင်တိုက်ခိုက်ခဲ့ရာ နအဖ တပ်ဘက်မှ ၇ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့ကြောင်း ကရင်တပ်ဖွဲ့ဝင်ဘက်က ပြောသည်။

ကရင်အမျိုးသား လွှတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း (၂၀၁)မှ ဒုရင်းမှူး ဗိုလ်မှူး စောကြည်အောင်က “ဒီမနက် ၅နာရီ မိနစ် ၂၀လောက်မှာ တစ်ကြိမ်၊ ၇နာရီခွဲလောက်မှာ တစ်ကြိမ်၊ သူတို့စခန်း (ကနဲလေးစခန်း) အနီးအနားမှာပဲ ကျနော်တို့ လူတွေ ၀င်ပစ်တာ အဲဒီမှာ သူတို့လူတွေ ၇ဦးသေတယ်။ ၃ဦး ဒဏ်ရာရတယ်။ ကျနော်တို့ လူတွေ ထိခိုက်တာမရှိ။”ဟု ကေအိုင်စီကို ပြောသည်။

Read More...