အစိုးရ၏ စွပ်စွဲမှုများ အခြေအမြစ်မရှိဟု KNU ပြောဆို

စောခါးစူးညား (ကေအိုင်စီ)

မွန်ပြည်နယ်၊ ဝေါလေမြို့နယ် ရွှေအေးမြိုင်ကျေးရွာမှ ဦးလှစိန်သည် ဇွန်လ ၂၃ရက်နေ့က တောင်ယာသွားရင်း နင်းမိ သည့်မိုင်းမှာ KNU မှ ထောင်ထားခြင်းဖြစ်ကြောင်း အစိုးရသတင်းစာ၏ စွပ်စွဲဖော်ပြမှုများမှာ အခြေအမြစ်မရှိဟု ကရင်အ မျိုးသားအစည်းအရုံး(KNU) က ပြောဆိုလိုက်သည်။

ကရင်လူမျိုးဖြစ်သူ အသက် ၇၅နှစ်အရွယ် ဦးလှစိန်သည် ထိုနေ့မနက်က တောင်ယာသို့သွားစဉ် ရွာ၏အရှေ့တောင် ဘက် တစ်မိုင်ခန့်အကွာရှိ လမ်းဆုံတစ်နေရာ၌ KNU ထောင်ထားသည့် မိုင်းနင်းမိ၍ ညာဖက်ခြေကျင်းဝတ် ပြတ်သွားခဲ့ သည်ဟု ယနေ့ထုတ် အစိုးရပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သည်။

Read More...

နေရောင်အောက်ကအသက်ရှူသံများ...........

မြို့ကြီးသုံးမြို့ ဗုံးလေးလုံး ဆက်တိုက်ကွဲ

ချင်းမိုင် (မဇ္ဈိမ)

ကားဗုံးတခုအပါအဝင် မြန်မာနိုင်ငံ မြို့ကြီးသုံးမြို့တွင် ဗုံးပေါက်ကွဲမှုများ သောကြာနေ့
နေ့လည်၌ ရှေ့ဆင့်နောက်ဆင့် ဖြစ်ပွားခဲ့ပြီး၊ နောက်ထပ် ၃ နာရီအကြာ မန္တလေးတွင် နောက်ထပ် ဗုံးတလုံးပေါက်ကွဲပြန်သည်။

စိန်စံပယ်ဖူး ရွှေဆိုင်နှင့် ပရိယတ္တိသာသနအသင်းအနီး အမှိုက်ပုံအနီး ပေါက်ကွဲခြင်း ဖြစ်ပြီး၊ မန္တလေးတွင် အစောပိုင်းက ပေါက်ကွဲသော နေရာနှင့် သိပ်အလှမ်းမဝေးသော နေရာဖြစ်သည်။

သံသယဖြစ်ဖွယ် ဗုံးတွေ့သည်ဆိုသော သတင်းအရ စစ်သားများက မွန်းလွဲ ၂ နာရီခန့်ကတည်းက အဆိုပါနေရာကို ပိတ်ဆို့ထားလိုက်နိုင်သော်လည်း ပေါက်ကွဲမှုက ဖြစ်ပွားခဲ့သည်။ မည်သူကမျှ သူတို့လက်ချက်ဖြစ်သည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

Read More...

အဇင်းရွာသား ၁၀၀ကျော်ကို ဓါးစာခံအဖြစ် အစိုးရစစ်တပ် ဖမ်း

စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အဇင်းကျေးရွာရှိ အစိုးရစစ်တပ်သည် ကရင်တပ်ဖွဲ့များ ဖမ်းဆီးထားသည့် စစ်ဗိုလ်တဦး အား ပြန်လွှတ်ပေးရန်အတွက် ဓါးစာခံအဖြစ် ယခုအချိန်တွင် အဇင်းရွာသား ၁၀၀ကျော်ကို ဖမ်းဆီးချုပ်နှောင်ထားကြောင်း ဒေသခံ များက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက အဇင်းကျေးရွာအခြေစိုက် အစိုးရစစ်တပ်စခန်းတခုအား ကရင်ပူးပေါင်းတပ်ဖွဲ့များက ၀င်ရောက်စီးနင်းခဲ့ရာ တွင် တပ်စခန်းထဲမှ စစ်ဗိုလ်တစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့သည့်အတွက် ၎င်းစစ်ဗိုလ်ကို ပြန်လွှတ်ပေးရန် ယခုကဲ့သို့ ရွာသားများအား ဓါးစာခံအဖြစ် ဖမ်းဆီးထားခြင်းဖြစ်သည်ဟု ဒေသခံတဦးက ပြောသည်။

Read More...

ကရင်ဘက်ကို ထိုးစစ်ဝင်နိုင်ဟုဆို

မဇ္ဈိမ သတင်းမှ

ကရင်အမျိုးသား အစည်းအရုံး KNU နှင့် တိုးတက်သော ဗုဒ္ဒဘာသာ ကရင်အမျိုးသား တပ်မတော် DKBA တို့ ပူးပေါင်း တပ်များ တည်ရှိရာသို့ အစိုးရတပ်မှ စစ်ကြောင်းများ ထိုးစစ်ဆင်နိုင်ဖွယ် ရှိသည်ဟု ကရင်ပူးပေါင်းတပ်များက ပြောသည်။

“ကျနော်တို့ သိထားရသလောက်တော့ သူတို့ဘက်က ထိုးစစ်လုပ်ဖို့ အဆင်သင့်ရှိနေပြီ။ ကျနော်တို့ဘက်ကလည်း အဆင်သင့် စောင့်နေတာပေါ့” ဟု DKBA ကလို့ထူးဘော ဗျူဟာမှူး ဗိုလ်မှူးကျော်သက်က မဇ္ဈိမကို ပြောသည်။

Read More...

ဖောက်ခွဲ၊ ပစ်ခတ်မှုများကြောင့် ဘုရားသုံးဆူတွင် စစ်ဆေးရေး ပိုမိုတင်းကြပ်ထား

ကေအိုင်စီ

ဘုရားသုံးဆူမြို့ပေါ်တွင် ဗုံးပေါက်ကွဲမှုနှင့် တိုက်ခိုက်မှု မကြာခဏ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်မှ လုံခြုံရေး တိုးချဲ့ထားရုံသာမက ယမန်နေ့ နံနက်မှစ၍ စစ်ဆေးမှုများပါ ပိုမို တင်းကြပ်ထားကြောင်း မြို့ခံများက ပြောသည်။

“မနေ့မနက်ကနေစပြီးတော့ စစ်ဆေးမှုတွေ တင်းကြပ်လာတယ်။ လမ်းသွယ်လမ်းကြားကအစ စစ်သားတွေကြီးပဲ။ ကားတွေ ဆိုင် ကယ်တွေ အကုန်စစ်တယ်။ လမ်းသွားလာနေတုန်း မသင်္ကာသူတွေကို တွေ့ရင် ခေါ်ယူစစ်ဆေးပြီး အချို့ကို ပြန်လွှတ်ပေးလိုက် တာရှိပေမဲ့ အချို့ကိုတော့ ခေတ္တခဏ ထိန်းသိမ်းထားတာလည်း ရှိတယ်။”ဟု မြို့ခံတစ်ဦးက ပြောသည်။

Read More...

အစိုးရတပ်၏ ထိုးစစ်ကို ရိုက်ချိုးနိုင်ရန် စုစည်းကြဖို့ SYCB ထုတ်ပြန်ပြောဆို

စောခါးစူးညား (ကေအိုင်စီ)

မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားဒေသများကို ထိုးစစ်ဆင်နေသည့် မြန်မာအစိုးရတပ်များကို ရိုက်ချိုးနိုင်ဖို့ တိုင်းရင်းသားများ အားလုံး စုစည်းညီညွှတ်မှု၊ အပြန်အလှန် ကူညီပံ့ပိုးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုရှိကြရန် မြန်မာနိုင်ငံ ကျောင်းသားလူငယ်များ ကွန်ဂရက်-SYCB က ယမန်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

လက်ရှိ ကချင်၊ ကရင်နှင့် ရှမ်းပြည်နယ်တို့တွင် ဖြစ်ပွားနေသော စစ်ပွဲများသည် တိုင်းရင်းသားများ၏ လွတ်လပ်ရေး၊ ဒီမိုကရေစီ ရေးနှင့် အမျိုးသားတန်းတူရေး စသည့် နိုင်ငံရေးပြဿနာများဖြစ်သော်လည်း မြန်မာအစိုးရသည် စစ်ရေးနည်းဖြင့် ဖြေရှင်းနေ သည့်အတွက် တိုင်းရင်းသားအားလုံးကလည်း ညီညီညွှတ်ညွှတ် ပြန်လည် ဆန့်ကျင်တော်လှန် တိုက်ပွဲဝင်ကြရမည်သာဖြစ် ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

Read More...

မြ၀တီ-ကော့ကရိတ် ကားလမ်း ပစ်ခတ်မှုတွင် အရပ်သား ၁ဦးသေဆုံး

ဇွန်လ ၂၀ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြ၀တီ-ကော့ကရိတ် တောင်ပေါ်ကားလမ်းတွင် အစိုးရတပ်ဖွဲ့နှင့် ကရင်တပ်ဖွဲ့များအကြား ပစ်ခတ်မှုတစ်ခု ယနေ့ ဖြစ်ပွားခဲ့ရာ အရပ်သား ၁ဦး သေဆုံးသွားခဲ့သည်ဟု မြ၀တီမြို့ခံများက ပြောသည်။

ယနေ့ မွန်းလွဲ ၁နာရီအချိန်တွင် ဗိုလ်မှူးကျော်သက် ဦးဆောင်သည့် ကရင်ပူးပေါင်းတပ်ဖွဲ့ဝင်များသည် မြ၀တီ-ကော့ကရိတ် တောင်ပေါ်ကားလမ်း ရေတံခွန်လေးအနီးရှိ အစိုးရစစ်တပ် စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၁၂) လက်အောက်ခံ ခလရ (၂၇၅)တပ် ရင်းအား ၁နာရီနီးပါးကြာ သွားရောက်ပစ်ခတ်ခဲ့သည်ဟု မြ၀တီမြို့ခံတစ်ဦးက ကေအိုင်စီကို ယခုလို ပြောဆိုသည်

Read More...

အာဏာရူးကြီး သန်းရွှေ ဆေးကုသမှု ခံယူရန် စင်္ကာပူ သို့ ထွက်ခွာမည်

စကာင်္ပူက ဒီမိုဂရေစီ လိုလားသူများတခုခုလုပ်ဖို့တော့သင့်ပါတယ်........ဒီစစ်ဘီလူးကြီး ရောက်တုန်းရောက်ခိုက်ပညာဝိုင်းပေးလိုက်ကြပါ...

FNG မှ........
ယခုနှစ် မတ်လ ၃၀ ရက်နေ့  က မြန်မာ နိုင်ငံ ၏စစ်ဘက်အုပ်ချုပ် ရေးအကြီးအကဲရာထူးနေရာမှတရားဝင်စွန့် ခွာလိုက်သည့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေသည် ၎င်း ၏ကျန်းမာရေး အတွက် စင်္ကာပူနိုင်ငံ တွင်သွားရောက် ဆေးကုသခံမည် ဟုFNGမှ သတင်းရရှိသည်။

၎င်း၏မိသားစုဝင်များ နှင့်ရင်း နှီးသူများထံမှကြားသိရသည့်သတင်းအရဗိုလ်ချုပ်မှုးကြီးသန်းရွှေသည်ကျန်းမာရေးပိုမိုချို့ ယွင်းလာပြီးလမ်းပင် ကောင်း စွာမလျှောက် နိုင် တော့ ဟု သိရသည်။ ရာထူးမှစွန့်လွှတ် ပြီး နောက်သမ္မတဦးသိန်းစိန်၊ဒုသမ္မတဦးသီဟသူရတင်အောင်မြင့်ဦး နှင့်
နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင် လွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် ကြီး မင်းအောင် လှိုင် တို့ ကို
သာလျှင်ပုံမှန်တွေ့ ဆုံမှု ပြုလုပ်တော့သည်ဟု သိရသည်။

Read More...

Father's Day Special.....

Fathers seldom say "I love you"
Though the feeling's always there,
But somehow those three little words
Are the hardest ones to share.
And fathers say "I love you"
In ways that words can't match -
With tender bedtime stories -
Or a friendly game of catch!
You can see the words "I love you"
In a father's boyish eyes
When he runs home, all excited,
With a poorly wrapped surprise.
A father says "I love you"
With his strong helping hands -
With a smile when you're in trouble
With the way he understands.
He says "I love you" haltingly,

Read More...