သန်းရွှေ တရုတ်ပြည်ထွက်မယ်ဆိုတဲ့ သတင်းတွေ ရန်ကုန်မှာ ထွက်ပေါ်နေ

နေ့သစ်မှ.........

အနောက်တိုင်း သံတမန်သတင်းရပ်ကွက်က လာတဲ့သတင်းအရ ဗိုလ် ချုပ် သန်းရွှေဟာ ပြေးဖို့ ပြင်နေပြီလို့ သိရတယ်။ တရုပ်ပြည်မှာ ဒေါ်လာ တဘီလီယံကျော်တန်တဲ့အိမ်ကို ၀ယ်ထားပြီ ဖြစ်တယ်။ ဒီအိမ်မှာ သူမြေးက အခု ကြီးကြပ်နေတယ်လို့ သိရတယ်။
ဒေါ်လာသန်းပေါင်းများစွာကို တရုပ်ဘဏ်တွေကို ပြောင်းရွှေ့ပြီး ဖြစ်တယ်။ တရုပ် ပြည်ကအိမ်ကို ၀ယ်ယူတာတွေ ရွှေ့ပြောင်းတာတွေကို ဗခ-တင် အောင်မြင့်ဦး နဲ့ ခင်အောင်မြင့် တို့က ဆောင်ရွက်ပေးခဲ့တာလို့ သိရတယ်။ အခြေအနေမဟန်ပါက ပြေးနိုင်ဖို့ ဆောင်ရွက်နေတာလို့ သိရပါတယ်။

Read More...

ကော့ကရိတ်အနီး တရုတ်ဖြူတောင် ဝါးစခန်းအား ဒီကေဘီအေ ဝင်ရောက်တိုက်ခိုက်

နေ့သစ် မှ............

ဖေဖော်ဝါရီလ ၁၂ နေ့က စတင်ပြီး မြဝတီ ကော့ကရိတ်ကားလမ်းကို ဒီကေဘီအေဘက်က ပြည်သူလူထု ထိခိုက်ဒဏ်ရာ ရမှု မရှိရလေအောင် သွားလာခွင့်တွေ ပိတ်ပင်လိုက်ပြီးနောက် မြဝတီ ကော့ကရိတ်ကားလမ်းပေါ်မှာ နေ့စဉ်ရက်ဆက်လို လို တိုက်ပွဲထိတွေမှုတွေ ဆက်တိုက်ဖြစ်နေပါတယ်။
ဒီကနေ့ ကော့ကရိတ်မြို့အနီး မြဝတီ ကော့ကရိတ် ကားလမ်းပေါ်က ဝါးစခန်း တရုတ်ဖြူတောင်မှာရှိတဲ့ နအဖ လမ်း ကင်းတပ်တွေကို ဒီကေဘီအေ ဗိုလ်ဂျပန် ဦးစီးတဲ့ တပ်ဖွဲ့ဝင်တွေဟာ ဒီကနေ့ နေ့လည် ၁၂ ခန့်က ဝင်ရောက်တိုက်ခိုက် ခဲ့ပါတယ်။

Read More...

နအဖ တပ်ဖွဲ့ဝင် ၇ဦး DKBA ရှေ့ထွက်မိုင်းကြောင့် ထိခိုက်ကျဆုံး

စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ ကျောက်ခက်နှင့် ဘလယ့်ဒို့အကြားတွင် လှုပ်ရှားနေသော နအဖ စကခ(၁၂)လက်အောက်ခံ (၂၃၁) တပ်ရင်းကို DKBA က ယနေ့မနက် ၈နာရီအချိန်၌ ရှေ့ထွက်မိုင်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ နအဖဘက်က ၃ဦး သေဆုံးပြီး ၄ဦး ဒဏ်ရာရရှိခဲ့သည်ဟု စုံစမ်းသိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်မှူးချုပ်စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွှေး) ဦးဆောင်သည့် DKBA တပ်မဟာ(၅)၊ (၉၀၇) တပ်ရင်းက ပြုလုပ်ခဲ့ပြီး ယခုလို ရှေ့ထွက်မိုင်းတိုက်ခိုက်မှုအပေါ် နအဖဘက်က အထိနာစေသေည်ဟု DKBA တပ်မှူးတဦးက ကေအိုင်စီ ကို ပြောသည်။

Read More...

တိုင်းရင်းသား လက်နက်ကိုင် တပ်မတော် ၁၂ ခု စုပေါင်း၍ Union Army ဖွဲ့စည်း

သျှမ်းသံတော်ဆင့်သတင်း မှ.....

ယခုလ ၁၂ ရက်မှ ၁၆ ရက်အထိ ထိုင်းနယ်စပ် တနေရာ၌ ကျင်းပသော ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (United nationality Federal Council) UNFC ပထမညီလာခံမှ Union Army တပ်မတော် ဖွဲ့စည်းလိုက်ကြောင်း ညီလာခံ တက်ရောက်ခဲ့သူတဦးက ပြောပြသည်။
UNFC ညီလာခံအား Committee for Emergence of Federal Union (CEFU )၊ National Democratic Front (NDF) ၊ United nationality League for Democracy- Liberty Area (UNLD-LA ) တို့ ကမကထ ပြုကျင်းပ၍ ဖက်ဒရယ်ကောင်စီဆိုင်ရာ ဖွဲ့စည်းပုံကိုလည်း ချမှတ်နိုင်ခဲ့၏။

ညီလာခံမှ သဘောတူဖွဲ့စည်းလိုက်သည့် ဖက်ဒရယ်ကောင်စီ အောက်၌ (၁) နိုင်ငံရေးဦးဆောင်အဖွဲ့ Political Leading Bureau – (၂) ဗဟိုကော်မတီ Central Committee နှင့် (၃) ဗဟို အလုပ်အမှုဆောင် ကော်မတီ Central Executive Committee ဟူသောအဓိက ၃ ရပ် ထပ်မံဖွဲ့စည်းပြီး ဗဟိုအလုပ်အမှုဆောင် C E C အောက်တွင် နိုင်ငံရေးဌာန Political Department နှင့်ကာကွယ်ရေးဌာန Defense Department ထားရှိကြောင်း သိရသည်။

Read More...

ဆွဲမိုင်းကြောင့် နအဖ ၂၀ကျော် ထိခိုက်၊ သေဆုံး

စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်းရှိ ကျောက်ခက်နှင့် ဖလူးလေးအကြား ပဒူအုံ(ပလောတပ၀ို)တွင် ဖေဖော်ဝါရီလ ၁၅ရက် နေ့က DKBA တပ်မဟာ(၅)တပ်ဖွဲ့ဝင်တို့၏ ဆွဲမိုင်းကြောင့် နအဖ တပ်မ(၂၂)လက်အောက်ခံ ခမရ(၃၅၇) တပ်ရင်း ၂၀ကျော် ထိခိုက်သေဆုံးခဲ့သည်ဟု စုံစမ်းသိရှိရသည်။

ထိုနေ့ည ၈နာရီ ၁၅မိနစ်အချိန်၌ ဆွဲမိုင်းဖြင့် အဆွဲခံရသည့် အဆိုပါ နအဖတပ်ဖွဲ့ဝင်များထဲတွင် ဗိုလ်ကြီး ၁ဦး၊ အရာခံဗိုလ် ၁ဦး၊ တပ်ကြပ်ကြီး ၁ဦး၊ ဒုတပ်ကြပ် ၁ဦးနှင့် တပ်သား ၆ဦး အပါအ၀င် စုစုပေါင်း ၁၀ဦး သေဆုံးပြီး ၁၃ဦး ဒဏ်ရာရရှိခဲ့သည်ဟု DKBA တပ်မဟာ(၅)နှင့် ပြန်လာပူးပေါင်းသည့် DKBA တပ်မဟာ(၉၉၉)မှ တပ်ရင်း(၅)မှူးဖြစ်သူ ဒုဗိုလ်မှူးကြီးစောဖိုးခလိက ကေအိုင်စီကို ပြောသည်။

Read More...

နေရွှေသွေးအောင် အာဏာဆက်ခံရေး သဘောမတူသည့် ဗိုလ်ချုပ်များ ထပ်မံဖယ်ရှားခံရ

FNG မှ..........

သြဂုတ် လ အတွင်းက ရာထူးမှ အနားယူခဲ့ရသည့် ယခင် မြောက်ပိုင်း တိုင်းမှုးဟောင်း နှင့်စစ်တက္က သိုလ် ကျောင်း အုပ်ကြီး ဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး အုန်းမြင့် နှင့်မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်း မှုး ဟောင်းတစ်ဦး ပင် ဖြစ်သည့် ဗိုလ်ချုပ် စိုးဝင်း တို့ နှစ် ဦး သည် ယခု နှစ် ဖေဖေါ်ဝါရီ လဆန်း ပိုင်းက နေပြည်တော်ပြုလုပ် ခဲ့သည့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ အာဏာဆက်ခံ ရေး အစီအစဉ် ကို ပြန်လည်ဝေဖန်မှု ပြုမိသောကြောင့်နေအိမ် အကျယ်ချုပ် ကျခံနေရသည် ဟု Freedom News Group မှ သတင်းရရှိသည်။

မြန်မာ စစ်ခါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ က ၎င်း ၏ အသက် ၂၀ ကျော်အရွယ် မြေး ဖြစ်သူနေရွှေသွေးအောင် ကို အာဏာလွှဲပြောင်းပေး အပ်ရန် စီစဉ်မှု အား ဒုဗိုလ်ချုပ်မှုးကြီး မောင်အေးအပါအ၀င် ဗိုလ်ချုပ်ကြီး ရဲမြင့် ၊ ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ၊ ဗိုလ်ချုပ် ကြီး ဟောင်း တင်အေး၊ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်၊ ဗိုလ်ချုပ် ဝေလွင်၊ ဗိုလ်ချုပ်ကြီး ကိုကို ၊ ဗိုလ်ချုပ် ကြီး သီဟသူရ တင်အောင်မြင့်ဦး စသူ တို့ ကို ခေါ်၍ သဘောထား မေးမြန်းကြရာ ဒု ဗိုလ်ချုပ်ကြီး သူရ မြင့်အောင် နှင့် ဗိုလ်ချုပ်ကြီး တင်အေး တို့ က အပြင်းအထန် ကန့် ကွက် ခဲ့ပြီး ၊ ဗိုလ်ချုပ်ကြီး ဟောင်းအုန်းမြင့် နှင့် ဗိုလ်ချုပ် စိုးဝင်း တို့ က သဘောမတူ ဟု သိရှိရသည်။

Read More...

လူထု၏ စပါးနှင့် ဆန်တင်း ၃၀၀ကျော် နအဖနှင့် BGF ယူစား

စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ဘူးသိုမြို့နယ် ဘွားဒဲကျေးနယ်အတွင်းရှိ ထို့တလေးကိုးရွာ ဒေသခံလူထု၏ စပါးနှင့်ဆန် တင်း ၃၀၀ကျော်ကို နအဖ တပ်မ(၁၁)လက်အောက်ခံ တပ်ရင်းအချို့နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက ယခုလဆန်းပိုင်း၌ ယူ ဆောင်စားသုံးနေကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။

နအဖ တပ်မ(၁၁) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ(၂၁၂)၊ ခမရ(၂၂၀)တပ်များနှင့် နယ်ခြားစောင့်တပ်-BGF (၁၀၁၄) တပ်ဖွဲ့ဝင်များက ဘူးသိုမြို့နယ် မယ်ပ၊ မယ်လာ့ထာ့နှင့် ကျို့လို့ဂွင်အတွင်း လာရောက်လှုပ်ရှားမှုကို ရှောင်တိမ်းထွက်ပြေး နေသည့် ထို့တလေးကိုးရွာသားများ၏ ရွာတွင်းရှိ စပါးကျီများမှ စပါးနှင့် ဆန်များ ယခုလို ယူဆောင်ခံရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

စပါးနှင့် ဆန်ယူစားခံရသူများမှာ စောဖါးဘလဲ့၏ စပါးတင်း ၆၀၊ ဆန် ၃တင်း။ စောသုဘွဲ၏ စပါးတင်း ၅၀၊ နော်ဝီ၏ စပါး တင်း ၇၀၊ စောဝါး၏ စပါးတင်း ၆၀၊ စောတိုပင်း၏ စပါးတင်း ၇၀တို့ဖြစ်သည်ဟု သိရသည်။

Read More...

သူရမြင့်အောင် ကိစ္စ တပ်တွင်း၌ မကျေနပ်

ဧရာဝတီ သတင်းမှ..........

ကာကွယ်ရေး ဦးစီးချုပ်အဖြစ် လျာထားခဲ့ပြီးမှ ကာကွယ်ရေး ၀န်ကြီးအဖြစ် ခန့်အပ်ရန် စီစဉ်ခဲ့သောကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို စောဒကတက် ပြန်လည် ပြောဆိုခဲ့သော ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်အား ရာထူးမှ ဖယ်ရှားလိုက်ခြင်းအပေါ် စစ်တပ် အရာရှိအများစုက မကျေမနပ် ဖြစ်နေကြကြောင်း သတင်းရရှိသည်။
စစ်တပ်တွင် ရာထူးတက်ရန် လုပ်သက်နှင့် စီနီယာက အရေးမကြီးတော့ဘဲ အထက်လူကြီး သဘောကျ နေထိုင်ပြောဆိုရေး သည်သာ အဓိက ကျလာခြင်းသည် စစ်တပ်ပျက်စီးရေးကို ဦးတည်နေပြီး တပ်ပြိုကွဲရန် လမ်းစ ဖြစ်သည်ဟု စစ်တပ် အရာရှိ များက ပြောသည်။

ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ကာကွယ်ရေးဦးစီးချုပ်နေရာ ခန့်အပ်ရန် လျာထားခြင်းသည် လက်မခံနိုင်သော အပြုအမူဖြစ်သည်ဟု စစ်အရာရှိ အသိုင်းအ၀န်းတွင် ပြောဆိုနေသည်။

Read More...

KNU Statement on SPDC's Parliament and Government

KNU St SPDC Puppet Parlaiment Govt in Karen Language

KNU Statement on SPDC's Parliament and Government

KNU St on SP Parliament & Govt-Final

ဗိုလ်ချုပ်မှူးကြီး ရှောက်သီးဆေးပြားနှင့် အဖွဲ့ 

နေ့သစ်မှ.......

မြန်မာ စစ်တပ်က ဂေး တွေလို့ပြောတော့ မကြိုက်ပြန်ဘူး။ ဂေး တွေကို ကျနော် မစော်ကားပါဘူး။ ဂေးချင်ရင်လည်း ပြောင် ကြေညာလိုက်ကြပါ။ ကျနော်တို့  မရှုတ်ချပါဘူး။ ဒီမိုကရေစီမှာ ဂေးရိုက်လည်း ရှိပါတယ်။ နအဖ စစ်တပ်မှာ အ ခြောက်စိတ်ရှိနေကြောင်းကို ရမ်ဘိုရုပ်ရှင်မှာ သရုပ်ဖေါ်ထားတာ အကြောင်းရှိပါတယ်။


Read More...

ငသန်းရွှေ လျှာလုံး၍ စကားမပီ

သေနာကြီး မကြာခင်နောင်ဘဝပြောင်းဖို့ နီးလာပြီးဟေ့.....အားလုံးဝိုင်းပြီး ကောင်းကောင်းဆုတောင်းပေးကြပါဗျို့.......

ချင်းမိုင် (မဇ္ဈိမ) ။ ။ ပြည်ထောင်စုနေ့ ညစာစားပွဲ၌ အမတ်များကို တဦးချင်း လိုက်လံနှုတ်ဆက်စဉ် အသက် ၇၇ နှစ်အရွယ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လျှာလိပ်နေသည်ကို သတိထားမိကြောင်း အမတ်တဦးက ပြန်ပြောပြသည်။

“ကျနော့်ကို လာနှုတ်ဆက်တဲ့အချိန် စကားက ပြောလို့ မပီတော့ဘူး။ လျှာတွေက လုံးနေတယ်။ ဘယ်ကနေ လာလဲ ဆိုတဲ့ဟာလည်း မပီတော့ဘူး။ ဝမ်းသာပါတယ်ဆိုတာလည်း ပီပီသသကို မဟုတ်တော့ဘူးလေ။ အသက်ကြီးလာတော့လည်း လျှာကလိပ်လာပြီဆိုတော့ အခြေအနေ သိပ်မကောင်းသေးဘူးပေါ့။ နောက် နည်းနည်းတော့ ထော့နဲ့ ထော့နဲ့နဲ့ပေါ့” ဟု ဧည့်ခံပွဲတက်သည့် အမတ်တဦးက မဇ္ဈိမကို ပြောသည်။

Read More...

ဒီကေဘီအေ နှင့် စစ်အစိုးရတိုက်ပွဲတွင် နအဖဖက်က အိန္ဒိယ လူမျိုးစုလက်နက်ကိုင်များ ပါဝင်

ခိုနူမ်းထုန် သတင်းဌာန မှ..........

၂၀၁၀ ခုနှစ် နိုဝင်ဘာလကစပြီး စစ်အစိုးရတပ်နှင့် ဒီကေဘီအေ(တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုး သားတပ်မတော်) တပ်ဖွဲ့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် နအဖ စစ်တပ်ဖက်မှ အိန္ဒိယ လူမျိုးစု လက်နက်ကိုင်ဖြစ်ကြသည့် People’s Libration Army (PLA)နှင့် United National Libration Front (UNLF) လက်နက်ကိုင်များ ပါဝင်ခဲ့ ကြောင်း သိရသည်။

မဏိပူရီ သူပုန်များနဲ့ နီးစပ်သည့် ကလေးမြို့ဒေသခံ တဦးက ”သူတို့ ထဲက လက်နက်ကိုင် တဦးရဲ့ အမျိုးသမီး ညတိုင်းငိုနေလို့ အိမ်နီးနား ချင်းတွေက သွားစုံစမ်းကြည့်တော့ စစ်တပ်နှင့် ကရင်သူပုန်တွေ တိုက်ပွဲမှာ သူ့ယောင်္ကျား ဆုံးသွားတယ် ဆိုတာ သိရတယ်” ဟုသူက ပြောသည်။

Read More...