နေရွှေသွေးအောင် အာဏာဆက်ခံရေး သဘောမတူသည့် ဗိုလ်ချုပ်များ ထပ်မံဖယ်ရှားခံရ

FNG မှ..........

သြဂုတ် လ အတွင်းက ရာထူးမှ အနားယူခဲ့ရသည့် ယခင် မြောက်ပိုင်း တိုင်းမှုးဟောင်း နှင့်စစ်တက္က သိုလ် ကျောင်း အုပ်ကြီး ဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး အုန်းမြင့် နှင့်မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်း မှုး ဟောင်းတစ်ဦး ပင် ဖြစ်သည့် ဗိုလ်ချုပ် စိုးဝင်း တို့ နှစ် ဦး သည် ယခု နှစ် ဖေဖေါ်ဝါရီ လဆန်း ပိုင်းက နေပြည်တော်ပြုလုပ် ခဲ့သည့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ အာဏာဆက်ခံ ရေး အစီအစဉ် ကို ပြန်လည်ဝေဖန်မှု ပြုမိသောကြောင့်နေအိမ် အကျယ်ချုပ် ကျခံနေရသည် ဟု Freedom News Group မှ သတင်းရရှိသည်။

မြန်မာ စစ်ခါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ က ၎င်း ၏ အသက် ၂၀ ကျော်အရွယ် မြေး ဖြစ်သူနေရွှေသွေးအောင် ကို အာဏာလွှဲပြောင်းပေး အပ်ရန် စီစဉ်မှု အား ဒုဗိုလ်ချုပ်မှုးကြီး မောင်အေးအပါအ၀င် ဗိုလ်ချုပ်ကြီး ရဲမြင့် ၊ ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ၊ ဗိုလ်ချုပ် ကြီး ဟောင်း တင်အေး၊ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်၊ ဗိုလ်ချုပ် ဝေလွင်၊ ဗိုလ်ချုပ်ကြီး ကိုကို ၊ ဗိုလ်ချုပ် ကြီး သီဟသူရ တင်အောင်မြင့်ဦး စသူ တို့ ကို ခေါ်၍ သဘောထား မေးမြန်းကြရာ ဒု ဗိုလ်ချုပ်ကြီး သူရ မြင့်အောင် နှင့် ဗိုလ်ချုပ်ကြီး တင်အေး တို့ က အပြင်းအထန် ကန့် ကွက် ခဲ့ပြီး ၊ ဗိုလ်ချုပ်ကြီး ဟောင်းအုန်းမြင့် နှင့် ဗိုလ်ချုပ် စိုးဝင်း တို့ က သဘောမတူ ဟု သိရှိရသည်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ သည် ၎င်း ၏ မြေး ဖြစ် သူ အာဏာဆက်ခံ မှု ကို ကန့် ကွက် ခဲ့သည့်ဒု ဗိုလ်ချုပ်ကြီး သူရ မြင့် အောင် နှင့် ဗိုလ်ချုပ်ကြီး တင်အေး တို့  နှစ်ဦး အား အရေးမပါသောနေရာများ ပေးကာ ချောင်ထိုး ခဲ့ပြီး ပြန်လည် စောဒကတက်သည့် သူရ မြင့် အောင်ကိုမူရာထူးမှဖယ်ရှားကာအင်းစိန်ထောင် တွင် ဖမ်းဆီး ချုပ်နှောင် ထားခဲ့သည်။ ဒု ဗိုလ်ချုပ်ကြီးသူရ မြင့် အောင် အဖမ်းခံရပြီး နောက်ရက် အနည်းငယ် အကြာမှပင် ဗိုလ်ချုပ်ကြီး ဟောင်း
တင်အေးလည်း ရာထူးမှ နှုတ်ထွက် ခဲ့ရသည်။

ယနေ့ နေ ပြည်တော် ရှိ စစ်အရာ ရှိများ အသိုင်းအ၀ိုင်းမှ နောက်ဆုံးကြား သိရသည့် သတင်းများအရ ဒုတိယ ဗိုလ်ချုပ်ကြီး အုန်းမြင့် နှင့် ဗိုလ်ချုပ်စိုးဝင်းတို့ နှစ်ဦးသည်လည်း နေအိမ်အကျယ်ချုပ် ချမှတ် ခံနေရသည် ဟု သတင်းရရှိသည်။

အမှတ် (၁) စက်မှု ၀န်ကြီး ဦးအောင်သောင်း ၏ သားဖြစ်သူဗိုလ်မှုး ပြည်အောင် အားတပ်စည်းကမ်း ဖောက်ဖျက်မှု ဖြင့် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် လျှာထား ခံရသူ ဒုတိယ ဗိုလ်ချုပ်ကြီးမင်းအောင် လှိုင် က ရာထူးမှ ထုတ်ပယ်လိုက်သည်ဟု လည်း သတင်းများ ဖြစ်ပေါ်နေသည်။

ဗိုလ်မှုး ပြည်အောင် သည် ဒုတိယ ဗိုလ်ချုပ်မှုး ကြီး မောင် အေး ၏ သားမက် ဖြစ်ပြီး ဂေါက်ရိုက်ခြင်း နှင့်သူ၏ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်း များ ဖြင့်သာ အချိန် ကုန်နေတတ်သည်။ဗိုလ်မှုး ပြည်အောင် သည့် Air Innlay အမည် ရှိ လေကြောင်း လိုင်း တစ်ခု တည်ထောင်ရန်စီစဉ် နေသည် ဟု သတင်းထွက် ပေါ်နေသော်လည်း ဗိုလ်ချုပ်မှုး ကြီ သန်းရွှေ ၏ ခွင့်ပြုချက်မရ ရှိသေး ဟု သိရသည်။

0 comments:

Post a Comment