ကရင်ပြည်နယ်အတွင်း မြို့တွင်းတိုက်ပွဲဖြစ်မည်ကို လူထုစိုးရိမ်

ကေအိုင်စီ မှ.................

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူဒေသတွင် ပြီးခဲ့သည့်ရက်သတ္တပတ်က ကရင်နယ်ခြားစောင့်တပ်နှင့် မြန်မာစစ်တပ် များ ပဋိပက္ခဖြစ်ပွားမှုကြောင့် ယခုအချိန်တွင် လှိုင်းဘွဲ၊ ဖားအံနှင့် ကော့ကရိတ်မြို့များ၌ လုံခြုံရေးများ ချထားလျှက်ရှိသဖြင့် မြို့တွင်းတိုက်ပွဲဖြစ်ပွားမည်ကို လူထုအနေဖြင့် အထူးစိုးရိမ်နေကြသည်ဟု သိရသည်။

ကရင်ပြည်နယ်၏ မြို့တော်ဖြစ်သည့် ဘားအံမြို့တွင် နေထိုင်သော အစိုးရ၀န်ထမ်းများသည် မြို့အတွင်း တိုက်ပွဲ ဖြစ်ပွားမည် ကို အလွန်စိုးရိမ်နေကြရကြောင်း အမည်မဖော်လိုသည့် အစိုးရ၀န်ထမ်းတစ်ဦးက ယခုလို ပြောသည်။

“အခုတလော ၀န်ကြီးချုပ်ဇော်မင်းက ခဏခဏ ၀န်ထမ်းတွေကို အစည်းအဝေးခေါ်တယ်။ အစည်းအဝေးတိုင်းလိုလို ၀န်ကြီး ချုပ်ပြောတာက သတိနဲ့နေကြ။ အခြေအနေ သိပ်မကောင်းဘူး။ နယ်စပ်စောင့်တပ်ကလူတွေ မယုံရဘူး။ အချိန်မရွေး မြို့ပေါ် မှာ တိုက်ပွဲဖြစ်လာနိုင်တယ်။ ဒီသတင်းကို အပြင်ပေးမပေါက်ကြားစေနဲ့။ လူထုတွေ လန့်သွားမယ်လို့ ပြောတယ်။ သူကိုယ်တိုင် အိမ်မှာကို မအိပ်ဘူးလည်း ပြောသေးတယ်။ ကျမတို့ဝန်ထမ်းတွေလည်း အမြဲပဲ သတိနဲ့ စိုးစိုးရိမ်ရိမ်နဲ့ပဲ နေရပါတယ်။”ဟု ဆို သည်။

Read More...

ခွဲထွက်ကရင်များကို စည်းရုံးရေး မအောင်မြင်

ဧရာဝတီ သတင်းမှ..............

မကြာသေးခင်က ပုန်ကန် ခွဲထွက်သွားသော ကရင်နယ်ခြားစောင့် တပ်ဖွဲ့ဝင်များကို ပြန်လည် စည်းရုံးရန် အစိုးရက DKBA ခေါင်းဆောင်ဟောင်း တဦးဖြစ်သည့် ဗိုလ်ချစ်သူကို တနင်္ဂနွေနေ့က စေလွှတ် ညှိနှိုင်းခဲ့သော်လည်း အောင်မြင်မှု မရှိသေးကြောင်း သိရသည်။
ဗိုလ်ချစ်သူသည် ခွဲထွက်သွားသည့် တပ်ရင်း ၄ ရင်းကို ဦးဆောင်နေသူ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စောဘိ (ဗိုလ်ဘိ) နှင့် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့၊ မြိုင်ကြီးငူ ဒေသတွင်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၇ မှ ဗိုလ်မှူးချူပ် ဂျော်နီက ဧရာဝတီသို့ ပြောသည်။

“မြန်မာ အစိုးရကတော့ ကရင် အချင်းချင်း ပြန်တိုက်စေချင်တယ်၊ ဒါကြောင့် ဗိုလ်ချစ်သူကို ညှိခိုင်းတာပါ၊ ဒါပေမယ့် ဗိုလ်ဘိက ဗိုလ်ချစ်သူကို မယုံတော့ ညှိနှိုင်းတာ အဆင်မပြေဘူး” ဟု ဗိုလ်မှူးချူပ် ဂျော်နီက ပြောသည်။

Read More...

မြ၀တီရှိ BGF တပ်ဖွဲ့အား KNLA ၀င်ရောက်ပစ်ခတ်၊ ၃ဦး ထိခိုက် ဒဏ်ရာရ

စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် မယ့်ပလယ်တိုဂွင်တွင် လှုပ်ရှားသည့် နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့အား ယမန်နေ့က ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၇) တပ်ဖွဲ့များက သွားရောက်ပစ်ခတ်ခဲ့ရာ BGF တပ်ဖွဲ့ဝင် ၃ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

မြ၀တီမြို့၏ မြောက်ဘက် ၇မိုင် အကွာအဝေးရှိ မယ်ပလယ့်တိုဂွင်တွင် လှုပ်ရှားသည့် BGF တပ်ရင်း(၁၀၁၈)တပ်ရင်းအား ယမန်နေ့ မနက် ၉နာရီကျော်တွင် KNLA တပ်မဟာ (၇)လက်အောက်ခံ တပ်ရင်း(၁၀၁)တပ်ဖွဲ့ဝင်များက ချိန်ကိုက်မိုင်းများနှင့် အတူ သွားရောက်ပစ်ခတ်ခဲ့မှုကြောင့် ယခုလို BGF တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု DKBA အရာရှိဟောင်း တစ်ဦးက ပြောသည်။

Read More...

မြန်မာသံမှူးကြီး နိုင်ငံရေး ခိုလှုံမှုအပေါ် သံတမန်ဟောင်းအချို့ အမြင်

VOA သတင်းမှ......

မြန်မာအစိုးရသစ်ရဲ့ သက်တမ်း ရက်ပေါင်း ၁၀၀ မပြည့်သေးခင်မှာပဲ မြန်မာအစိုးရရဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာန အကြီးတန်း အရာရှိကြီး တဦးဟာ မိသားစုနဲ့တကွ အမေရိကန် ပြည်ထောင်စုမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့ပါတယ်။ ၀ါရှင်တန်ဒီစီ မြန်မာသံရုံးက သံမှူးကြီး ဦးကျော်ဝင်းဟာ သူ ဘာကြောင့် အခုလို နိုင်ငံရေးခိုလှုံခွင့် တောင်းခံရတယ် ဆိုတာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ဆီကို ဇူလိုင်လ ၄ ရက် နေ့စွဲနဲ့ စာတစောင်ပေးပို့ ရှင်းပြထားပါတယ်။ ဒီအကြောင်း အပြည့်အစုံကို မြန်မာသံတမန်ဟောင်းတွေနဲ့ ဆက်သွယ် မေးမြန်းထားတဲ့ ဦးရော်နီညိမ်းက တင်ပြပေးထားပါတယ်။
ဝါရှင်တန်ဒီစီ မြန်မာသံရုံးက လက်ရှိမှာ ဒုတိယ ရာထူးအကြီးဆုံး တာဝန်ထမ်းဆောင်နေသူ Deputy Chief of Mission သံမှူးကြီး ဦးကျော်ဝင်းက သူ့ရဲ့ ကြိုးပမ်းမှု မှန်သမျှ ပယ်ချခံရပြီး အထက်ဌာနဖြစ်တဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ အပြစ်တင် ခံနေရတာချည်းပဲ ဖြစ်နေတာကြောင့် သူဟာ အခု ၀ါရှင်တန်မှာ တာဝန်ထမ်းဆောင်ချိန် ပြည့်လို့ မြန်မာနိုင်ငံကို ပြန်သွားရင် သူ့အပေါ်မှာ အရေးယူမယ့် အလားအလာတွေ ရှိနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဆီကို ရေးသားတဲ့ စာမှာ ဖော်ပြထားပါတယ်။

Read More...

မြန်မာသံရုံး အကြီးတန်း သံတမန် အမေရိကန်မှာ နိုင်ငံရေးခိုလှုံ

VOA သတင်းမှ........

ဝါရှင်တန်မြို့ မြန်မာသံရုံး ဒုတိယအကြီးအကဲ သံမှူးကြီး ဦးကျော်ဝင်းက မြန်မာအစိုးရခေါင်းဆောင်တွေ အနေနဲ့ မကြာမီကာလ အတော အတွင်း ဒီမိုကရေစီအပြောင်းအလဲ ဖေါ်ဆောင်နိုင်ဖို့ မျှော်လင့်ချက် ကင်းမဲ့နေတာကြောင့် ရာထူးကနှုတ်ထွက်ပြီး အမေရိကန်ပြည်ထောင်စုမှာ ခိုလှုံဖို့ဆုံးဖြတ်လိုက်ပါတယ်။
ဦးကျော်ဝင်းက အမေရိကန်နဲ့ မြန်မာအစိုးရ ဆက်ဆံရေးတိုးတက်အောင် ပြုပြင်ပြောင်းလဲရေး တွန်းအား ပေးဖို့ ကြိုးပမ်းခဲ့ပေမဲ့ လက်မခံတဲ့အတွက် နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ရတာလို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး Hillary Clinton ထံကို ဒီနေ့ ဇူလိုင်လ ၄ ရက်နေ့မှာ ပေးပို့လိုက်တဲ့ စာမှာ ဖေါ်ပြထားပါတယ်။

Read More...