ကရင့်အာဇာနည်နေ့ ကေအဲန် အယ်လ်အေနဲ့ ဒီကေဘီအေ ပူးပေါင်းကျင်းပ

စောသိန်းမြင့် (ကေအိုင်စီ)

ယနေ့ကျရောက်သည့် ၆၁နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNL A)နှင့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA)တို့ပူးပေါင်း၍ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကေ အဲန်ယူ ထိန်းချုပ်ရာ နယ်မြေတနေရာတွင် စုပေါင်း ကျင်းပကြသည်။

ဒီကေဘီအေတပ်ဖွဲ့များသည် ၁၉၉၄ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)မှ ခွဲထွက်ပြီး စစ်အစိုးရနှင့် ပူးပေါင်းသွား ခဲ့သည့် ၁၅နှစ်တာကာလအတွင်း ကရင့်အမျိုးသားအာဇာနည်နေ့ကို ကျင်းပခွင့်မရှိဘဲ ယခုနှစ်မှသာ KNLA နှင့်အတူ ပထမဦးဆုံး ကျင်းပနိုင်ခြင်း ဖြစ်သည်။

Read More...

မေ့လို့ မရတဲ့ အာဇာနည်နေ့

နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၈၀ကျော် KNLA ထံ လာရောက် ပူးပေါင်းခဲ့

နန်းသူးလေ (ကေအိုင်စီ)

နယ်ခြားစောင့်တပ်ဖွဲ့ဝင် စုစုပေါင်း ၈၀ကျော်သည် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) တပ်မဟာ(၁)နှင့် တပ်မဟာ(၇)နှစ်ခုသို့ ပြီးခဲ့ သည့် ရက်သတ္တပတ်က လာရောက်ပူးပေါင်းခဲ့ကြောင်း ကေအဲန်ယူဖက်က သတင်းထုတ်ပြန်ခဲ့သည်။

ယင်းသို့ လာရောက်ပူးပေါင်းသည့် အဖွဲ့များအနက် သြဂုတ်လ ၃ရက်နေ့က တပ်မဟာ(၇)နယ်မြေတွင် ဗိုလ်အဆင့်ရှိသူ အပါအ၀င် နယ်ခြား စောင့်တပ်ဖွဲ့ဝင် ၁၀ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ရောက်ရှိလာခြင်းဖြစ်ကြောင်း တပ်မဟာ(၇) ရုံးထိုင်မှူး ဗိုလ်မှူးစောအယ်ဆဲဆဲက ယခုလို အတည်ပြုပြောဆိုခဲ့သည်။

Read More...

ပစ်ခတ်မှုကြောင့် ကလေးနှစ်ဦး ဒဏ်ရာရသည့် အစိုးရ၏ စွပ်စွဲချက်ကို KNU ငြင်းဆို

စောခါးစူး (ကေအိုင်စီ)

သြဂုတ်လ ၈ ရက်နေ့ထုတ် အစိုးရပိုင်သတင်းစာများတွင် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ကရင်ပြည်နယ်ရှိ ကျေးရွာတရွာမှ ကလေးငယ်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားခြင်းမှာ မဟုတ်မှန်ပဲ၊ ၎င်းတို့၏ လက်ချက်မ ဟုတ်ဟု KNU က ငြင်းဆိုလိုက်သည်။

သြဂုတ်လ ၅ရက်နေ့က ဖာပွန်မြို့နယ် ၀ါးသိုးခိုရွာအနီးရှိ မြန်မာအစိုးရ ခြေလျင်တပ်ရင်း (ခလရ-၂၁၄) အခြေစိုက်စခန်းကို ၎င်းတို့ က ၀င်ရောက်ပစ်ခတ်စဉ် အစိုးရတပ်ဘက်မှ လက်နက်ကြီးဖြင့် တုံ့ပြန်ပစ်ခတ်မှုကြောင့်သာ ၉နှစ်အရွယ် မိန်းကလေးတဦးနှင့် ၁၀ နှစ်အရွယ် ယောက်ျားလေးတဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်ဟု KNU ဖာပွန်ခရိုင်၊ တပ်မဟာ(၅)၏ ရုံးထိုင်မှူး ဗိုလ်မှူးစောကလယ် ဒို့က ပြောသည်။

Read More...

ချောင်းရေကျသွားသော်လည်း ဒုက္ခသည်စခန်းမှ ရေဘေးသင့် သူများ ယာယီနေရာတွင် ရှိနေဆဲ

စောသိန်းမြင့် (ကေအိုင်စီ)

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်၊ မဲ့စရင်းမြို့နယ်ရှိ မယ်ရာမိုနှင့် မယ်လအူး ဒုက္ခသည်စခန်းကို ယခုလဆန်းပိုင်းက နစ်မြုပ်ခဲ့ သည့် မှိုင်းလုံကြီး(မူယူ)ချောင်းရေသည် ယခုရက်ပိုင်းအတွင်း လျော့ကျသွားသော် လည်းရေဘေးဒုက္ခသည်များမှာ မိမိနေအိမ် သို့ ပြန်လည်နေထိုင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

“ရေတော့ ပြန်ကျသွားပါပြီ။ ဒါပေမယ့် လောလောဆယ် ဒုက္ခသည်တွေ သူတို့အိမ်ကို လုံးဝ ပြန်နေလို့မရသေးဘူး။ သူတို့အိမ် တွေ အကုန်လုံး ပျက်စီးသွားတယ်လေ။ အထူးသဖြင့် ရပ်ကွက် ၆နဲ့ ရပ်ကွက် ၇ပေါ့။ အခု ဆေးရုံ၊ ကျောင်း၊ ဘုရားကျောင်းတွေ မှာ ခိုလှုံနေရတုန်းပဲ။ ရေလျော့ကျသွားပေမယ့် မိုးဆက်တိုက် ထပ်ရွာလို့ရှိရင် စိုးရိမ်ရတဲ့ အခြေအနေမှာရှိတုန်းပဲ။”ဟု စခန်း တွင်းရှိ Karen Refugee Committee Education Entity (KRCEE) အတွင်းရေးမှူး စောကော်မူက ပြောသည်။

Read More...

61st Karen Martyrs' Day Speech-Eng

61st Karen Martyrs' Day-Eng

Martrys Day President Speech in Karen

Martrys Day President Speech in Karen

President Speech of 61 Martrys Day in Burmese

President Speech of 61 Martrys Day in Burmese

သွေး

ကရင်အချင်းချင်း မတိုက်ရန် DKBA သတိပေး

ဧရာဝတီ သတင်းမှ........

ယခုလအတွင်း အစိုးရတပ်က ပြုလုပ်မည့် ကရင်ပြည်နယ် ထိုးစစ်တွင် ကရင်နယ်ခြားစောင့် တပ်များကို အသုံးပြုမည် ဆိုပါက အိမ်ကြက်ချင်း အိုးမဲသုတ်ပြီး ခွပ်ခိုင်းခြင်းဖြစ် လိမ့်မည်ဟု တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) အရာရှိတဦးက ပြောလိုက်သည်။

မြ၀တီခရိုင်အတွင်း လှုပ်ရှားနေသည့် DKBA တပ်မဟာ ၅ မှ တပ်ဖွဲ့ဝင် တချို့

Read More...