ကြံ့ဖွံ့အစိုးရ စစ်တပ်က ရွာကို လက်နက်ကြီးနဲ့ ထု

နေ့သစ်မှ.........

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အဇင်းနဲ့ ကျိုက်ဒုံ သွားတဲ့ လမ်းပေါ် မိနအပ်ရွာကို သြဂုတ်လ ၃၁ ရက်နေ့က လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် ရွာသားအိမ် သုံးလုံး လက်နက်ကြီးထိမှန် ပျက်စီးသွားခဲ့တယ်လို့ သိရှိ ရပါတယ်။
သြဂုတ်လ ၃၁ ရက်နေ့က အဇင်းနဲ့ ကျိုက်ဒုံလမ်းပေါ်ရှိ မိနအပ်ရွာအနီးမှာ ကြံ့ဖွံ့အစိုးရ စစ်တပ် တပ်မ ၂၂ လက် အောက်ခံ စစ်ကြောင်းကို ဒီကေဘီအေ ၉၀၂ တပ်ဖွဲ့ဝင်တွေက ပြောက်ကျားတိုက်ခိုက်မှုတခု ဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲ ဖြစ်ပွားပြီးနောက် ကြံ့ဖွံ့အစိုးရ စစ်တပ်က အနီးအနားရှိ မိနအပ်ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်သွားခဲ့ပါတယ်။

Read More...

KNU ခေါင်းဆောင်တဦး မြန်မာနိုင်ငံမှာ ဖမ်းဆီးခံရ

VOA သတင်းမှ.......

ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ မန်းငြိမ်းမောင်ဟာ မြန်မာအစိုးရရဲ့ ဖမ်းဆီးခြင်းကို ခံထားရတယ်လို့ ဗွီအိုအေက သတင်းရရှိပါတယ်။
တရုတ်နိုင်ငံထဲ တရားမ၀င် ၀င်ရောက်မှုနဲ့ ကနဦး ဖမ်းဆီးခံရတာဖြစ်ပြီး နောက်ပိုင်း မြန်မာအစိုးရ လက်ထဲကို တရုတ်အာဏာပိုင်က လွှဲပြောင်းပေးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ပြည်ပရောက် အတိုက်အခံ ခေါင်းဆောင်တချို့ရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ သီးခြား အတည်ပြု ပြောဆိုချက်တော့ မရသေးပါဘူး။
သူ့ရဲ့ အခြေအနေနဲ့ ပတ်သက်လို့တော့ အတိုက်အခံတွေကြား စိုးရိမ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပါတယ်။

Read More...

ပြည်နယ်၊ တိုင်းအလိုက် ငြိမ်းချမ်းရေး ကမ်းလှမ်းချက် UNFC ငြင်းဆိုပြန်ကြား

(ကေအိုင်စီ)

မြန်မာအစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းချက်သည် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအတွက် ရလဒ်ကောင်း မရရှိနိုင်သည့်အတွက် လက်မခံနိုင်ကြောင်း ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှ ယမန်နေ့က ထုတ်ပြန်လိုက်သည်။

UNFC အနေဖြင့် တဖွဲ့ချင်း သီးခြားဆိုင်ရာ ပြည်နယ် (သို့မဟုတ်) တိုင်းဒေသကြီးအစိုးရများနှင့် ပဏာမဆက်သွယ်ရန် ဆို သည့်အချက်အပေါ် လုံးဝ လက်မခံနိုင်ကြောင်းနှင့် ၎င်းမှာ ရလဒ်ကောင်းမရနိုင်ကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

Read More...

သံဖြူဇရပ် ရဲစခန်းကို အမည် မသိ သေနတ်သမား ၂ဦး ပစ်ခတ်

(ကေအိုင်စီ)

မွန်ပြည်နယ် သံဖြူဇရပ်မြို့၊ အောင်ဇေယျရပ်ကွက်ရှိ မြို့မရဲစခန်းကို အမည်မသိ သေနတ်သမားနှစ်ဦးက ယနေ့ နေ့လည် ၁၁နာရီ ဝန်းကျင်ခန့်က သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သည်။

ဆိုင်ကယ်စီးလာသည့် ထိုသေနတ်သမား ၂ဦးသည် မြို့လယ်ရှိ ရဲစခန်းကို ၄၀-မမဖြင့် ပစ်ခတ်သွားရာ စခန်းခြံစည်းရိုးထိကာ ပေါက်ကွဲမှုမရှိသည့်အတွက် တစုံတရာ ထိခိုက်မှုမရှိကြောင်း သိရသည်။

“အရပ်သားဝတ်စုံနဲ့ပဲ ၂ယောက် ဆိုင်ကယ်စီးရင်းနဲ့ ပစ်သွားတာ။ နောက်က စီးတဲ့လူက ပစ်တယ်။ စခန်းဝင်းကိုတော့ ထိသွား တယ်။ ဒါပေမယ့် ဘာထိခိုက်မှုမှ မရှိဘူး။”ဟု သံဖြူဇရပ်မှ ရဲအရာရှိတဦးက ပြောသည်။

Read More...