ကရင်စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်ပို့ရေးအစီအစဉ် ရပ်ဆိုင်း

ရဲရင့် / ၆ ဖေဖော်ဝါရီ ၂၀၁၀
ထိုင်းကာကွယ်ရေးဝန်ကြီးဌာန၏အမိန့်အရ ကရင်စစ်ပြေးဒုက္ခသည်များအား နေရပ်ပြန်ပို့်ရေးအစီအစဉ် ဆောင်ရွက်နေမှုများကို ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က ရပ်ဆိုင်းလိုက်သည်။
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ရန်းမြို့နယ်တွင် ခိုလှုံနေသည့် ကရင်စစ်ပြေး ဒုက္ခသည်များအား မြန်မာဘက်သို့ ပြန်ပို့မည့် အစီအစဉ်များကို ရပ်ဆိုင်းလိုက် ကြောင်း ယမန်နေ့ မွန်းလွဲပိုင်း၌ ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခြင်းဖြစ်သည်။

Read More...

Situation Update Regarding the Repatriation of Ler Ber Her Refugees

ဒုက္ခသည် မိသားစု (၃)စု နေရပ်ပြန်

ဖေဖော်ဝါရီလ ၅ရက်။ စောခါးစူးညား (ကေအိုင်စီ)

ထာ့ဆောင်ယန်းမြို့နယ်၊ နိုဘိုးကျေးရွာ ဒုက္ခသည်စခန်းရှိ ကရင်စစ်ပြေးဒုက္ခသည် မိသားစု ၃စုကို ယနေ့မနက် ၉နာရီခွဲတွင် ထိုင်းနယ်စပ်လုံခြုံရေး ထာ့ဟန်ဖန်းအဖွဲ့က မြန်မာဘက်ခြမ်းရှိ လယ့်ပေါ်ဟဲနေရာသို့ ပြန်ပို့လိုက်သည်ဟု ကေအိုင်စီက စုံစမ်း သိရှိရသည်။

Read More...

ကရင်စစ်ပြေး ဒုက္ခသည်များကို ထိုင်းက မြန်မာဘက် စတင်ပြန်ပို့

ထိုင်းအခြေစိုက် လူ့အခွင့်အရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် နိုင်ငံတကာမှ အစိုးရမဟုတ်သော အဖွဲ့ပေါင်း (၇၀) ကျော်က ထိုင်းအစိုးရကို မေတ္တာရပ်ခံနေသည့်ကြားမှ ကရင်စစ်ပြေးဒုက္ခသည် အိမ်ထောင်စု (၃) စုကို ထိုင်းအာဏာပိုင်များက ယနေ့နံနက်တွင် အတင်းအကျပ် နေရပ်ပြန်ပို့လိုက်သည်။

Read More...

ဒုက္ခသည် ပြန်ပို့မည့် အစီအစဉ် ရပ်ဆိုင်းရန် အမေရိကန် အမတ်များ တိုက်တွန်း

Friday, 05 February 2010 (လာလစ် ကေဂျာ)ဧရာဝတီ

ကရင်ဒုက္ခသည် ၃၀၀၀ ခန့်ကို ထိုင်း အာဏာပိုင်များက ယနေ့ နေရပ်ရင်းသို့ ပြန်ပို့မည့် အစီအစဉ်အား ရပ်ဆိုင်းပေးရန် အမေရိကန်နိုင်ငံ ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်တစ်ပါတီ လွှတ်တော် အမတ် ၂၉ ဦးက ထိုင်းနိုင်ငံ ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝအား တိုက်တွန်း လိုက်သည်။
ယင်းသို့ ရပ်ဆိုင်းပေးရန်ကို ဒုက္ခသည်များ ပြန်ပို့မည့်အစီအစဉ် မစတင်မီ နာရီပိုင်းအလိုတွင် ထိုင်းဝန်ကြီးချုပ်ထံသို့ အမေရိကန် လွှတ်တော် အမတ်များက စုပေါင်း လက်မှတ် ထိုးထားသည့် စာတစောင်ပေးပို့၍ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။့

Read More...

ကရင်ဒုက္ခသည်များပြန်ပို့ မည့်ကိစ္စ နောက်ဆုံးရရှိထားသောသတင်း

Lerpawhel_Feb 5, 2010

Letter to Prime Minister Abhisit

Letter to Prime Minister Abhisit 02-04-10

ဒုက္ခသည်များ ပြန်မပို့ရန် ထိုင်း - မြန်မာ မိတ်ဆွေများ တောင်းဆို

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထဆောင်ယန်း မြို့နယ်ရှိ ဒုက္ခသည် ၃၀၀၀ ခန့်ကို အန္တရာယ်ရှိသည့် မိုင်းကွင်းထဲသို့ ပြန်မပို့ရန် အတွက် Friends of Burma (ထိုင်း - မြန်မာ မိတ်ဆွေများ အဖွဲ့)က ယနေ့ တောင်းဆို လိုက်သည်။

“ဒုက္ခသည်များကို ပြန်ပို့မယ်ဆိုလို့ရှိရင် သေတွင်းကို ပို့တာနဲ့တူတယ်”ဟု ယနေ့ ဘန်ကောက်မြို့၌ကျင်းပသော Friends of Burma သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် ကရင် အမျိုးသမီး အစည်းအရုံး(KWO) ပြောရေးဆိုခွင့်ရှိသူ နော်ဘလူး မင်းနိုက်ဇန်က ဧရာဝတီသို့ ပြောသည်။

Read More...

ကရင်ဒုက္ခသည်များအား ဌာနေပြန်ပို့မှု ပို့သူတွင် တာဝန်ရှိဟု ကေအန်ယူ ပြောကြား

ရဲရင့် / ၄ ဖေဖော်ဝါရီ ၂ဝ၁ဝ
အဖွဲ့အစည်းတခုခုက ဒုက္ခသည်များကို အကျပ်ကိုင်ပြီး ပြန်ပို့သည့်အတွက် ဆိုးဝါးသောအကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာပါက အဓမ္မပြန်ပို့သည့် အဖွဲ့ကသာ လုံးဝတာဝန်ယူရမည်ဟု ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က ယနေ့ပြောကြားလိုက်သည်။
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ရမ်းမြို့နယ်တွင် ခိုလှုံနေသည့် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှ ကရင်စစ်ပြေးဒုက္ခသည် (၃) ထောင်ကျော်ကို ထိုင်းအာဏာပိုင်များက မနက်ဖြန်တွင်ပြန်ပို့မည့် ကိစ္စနှင့်ပတ်သက်၍ ကေအန်ယူက ဖေဖော်ဝါရီ (၄) ရက် နေ့စွဲဖြင့် သဘောထား ကြေညာချက် ထုတ်ပြန်ကာ ကန့်ကွက်လိုက်ခြင်းဖြစ်သည်။

Read More...

မဲဆောက်ရှိ ကရင်ခေါင်းဆောင်များနေအိမ် ထိုင်းရဲဝင်စီး

Thursday, 04 February 2010 (ဘစောတင်)

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ရှိသော ကရင်အမျိုးသား အစည်းအရုံး (KNU) ဒု ဥက္ကဌ ဖဒို ဒေးဗစ် သာကပေါ၏ နေအိမ်ဟောင်းနှင့် ကရင် သတင်းဌာန (KIC) ရုံးခန်းများကို ထိုင်းရဲများက ယနေ့နံနက် ၆ နာရီခန့်တွင် ၀င်ရောက် ရှာဖွေမှုများ ပြုလုပ် သွားကြောင်း သတင်းရရှိသည်၊

KIC တာဝန်ခံ ဒေါ်နန်းဖောဂေက “မနက်က ထိုင်းရဲ တွေနဲ့ ထိုင်းစစ်သားတွေ ၂၀ ၀န်းကျင်လောက် ကျမတို့ ကရင်သတင်း ဌာန ရုံးခန်းနဲ့ ဖဒို ဒေးဗစ် သာကပေါ နေသွားတဲ့ အခန်းဟောင်းကို ၀င်ရှာသွားတယ်၊ ၀င်ပြီးတော့ ပစ္စည်းတွေကို စစ်သွားတယ်၊ ဓာတ်ပုံတွေ ဘာတွေ ရိုက်သွားတယ်၊ ပစ္စည်းယူသွားတာ၊ ဖမ်းဆီး သွားတာမျိုးတော့ မရှိပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။

Read More...

မြန်မာ ၉ ဦးကို သတ်ဖြတ်သည်ဟု ယူဆရသူ ထိုင်းရဲအရာရှိ သေကြောင်းကြံ

Thursday, 04 February 2010 (သန်းထိုက်ဦး)
သေနတ် ဒဏ်ရာဖြင့် သေဆုံးခဲ့သော မြန်မာပြည်သား ၉ ဦး အမှုနှင့် ပတ်သက်ပြီး သံသယရှိသူ ထိုင်း ရဲအရာရှိတဦး ကိုယ့် ကိုယ်ကိုယ် သတ်သေ သွားကြောင်း ယမန်နေ့က မဲဆောက်မြို့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတခုတွင် ထိုင်းရဲတပ်ဖွဲ့ အမှတ် ၆ တိုင်းမှူး Surasi Sunthornsarathoon က ပြောသည်။
အမှုမှန် ပေါ်ပေါက်ခဲ့သည့် စနေနေ့က သေကြောင်း ကြံစည်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။

Read More...

KNU Position Re Clarification on Refugee Karen Language

KNU Position Re Clarification on Refugee Karen Language

KNU Position on Refugees Burmese Language

KNU Position on Refugees Burmese Language

KNU Position on Refugees

KNU Position on Refugees

မပြီးဆုံးသေးတဲ့ ကရင့် တော်လှန်ရေး

ဒီအပတ်မှာ ကျရောက်တဲ့ (၆၁) နှစ်မြောက် ကရင့် တော်လှန်ရေးနေ့ အခမ်းအနားကို ကရင်အမျိုးသား တပ်မတော် (KNLA) ရဲ့ တပ်မဟာ (၆) ဋ္ဌာနချုပ်မှာ ကျင်းပခဲ့တာ ဖြစ်ပြီး ကရင်လူမျိုး အရပ်သားနဲ့ ရဲဘော် (၂၀၀) ခန့် ပါဝင် ဆင်နွှဲခဲ့ကြပါတယ်။

ကရင်အမျိုးသား အလံတော်ကို အလေးပြုနေတဲ့ ဗိုလ်မှူးကြီး နယ်ဒါးမြ

Read More...

မြန်မာ(၉)ဦး သေဆုံးမှုတွင် ပါဝင်ပတ်သက်သူများအား ထိုင်းရဲက ဖမ်းဝရမ်းထုတ်လိုက်ပြီ

ဖေဖော်ဝါရီလ ၃ရက်။ စောခါးစူးညား (ကေအိုင်စီ)

ပြီးခဲ့သည့် ရက်သတ္တပတ်က မြန်မာ(၉)ဦး ပစ်သတ်ခံရသည့် အမှုတွင် ပါဝင်ပတ်သက်သူ ထိုင်းရဲအရာခံဗိုလ်တဦး၊ ထိုင်းနိုင် ငံသား(၄)ဦးနှင့် မြန်မာနိုင်ငံသား တရုတ်လူမျိုးတဦးတို့အား ဖမ်းဝရမ်းထုတ်လိုက်ပြီဟု ထိုင်းအမှတ်(၆) ရဲတိုင်းမှူး ဆူရစီ ဆွန်ထောင်းဆာရထွန်က ယနေ့ ပြောကြားလိုက်သည်။

Read More...

KNU Pres: Speech on 63rd KNU Day

Microsoft Word - KNU Day President Speech Karen

KNU Pres: Speech on 63rd KNU Day

Microsoft Word - 63 Th KNU Day President Speech Burmese

KNU Pres: Speech on 63rd KNU Day

KNU Pre Speech on 63rd KNU Day

"Condolence To NLBC Family"

Condolence ToNLBC Family

မြန်မာ ဒုက္ခသည် ၃၀ ခန့်ကို ဂျပန်က နေထိုင်ခွင့်ပေးရန် စီစဉ်

ထိုင်း - မြန်မာ နယ်စပ်တွင် လူဦးရေ ၄၀၀၀၀ ခန့် နေထိုင် လျက်ရှိသော မယ်လ ဒုက္ခသည် စခန်းမှ ဒုက္ခသည် ၃၀ ခန့်ကို ဂျပန်နိုင်ငံသို့ ပထမဆုံး အကြိမ် အခြေချ နေထိုင်ခွင့် ရရှိရန် စီစဉ်နေသည်။

“ဂျပန်အစိုးရက ခေါ်မှာက လူဦးရေ အယောက် ၃၀၊ မိသားစုတွေကတော့ ခန့်မှန်းခြေ ၇ အိမ်ထောင်စုလောက်တော့ ရှိတယ်”ဟု မယ်လဒုက္ခသည် စခန်းကော်မတီ ဒု ဥက္ကဌ ကိုထွန်းထွန်းက ဧရာဝတီသို့ ပြောသည်။

Read More...

စစ်တပ်အတွင်း ရွေးကောက်ပွဲကို စိတ်မဝင်စား

ရွေးကောက်ပွဲကျင်းပမည်ဟု နိုင်ငံတကာနှင့် တိုင်းပြည်အား ကြေညာထားသော်လည်း လက်တွေ့တွင် တပ်တွင်းက စိတ်မဝင်စားကြောင်းပြောသည်။

"စည်းကော်ဆွေးနွေးပွဲမှာတော့ ပြောတယ်၊ ဒါပေမဲ့ အလုပ်အရသာ တက်တာပါ စိတ်မဝင်စားဘူး၊ ကျနော်က အစပေါ့၊ ပုံမှန်လုပ်ရတဲ့သဘောပါပဲ၊ အဓိကဆွေးနွေးကျတာတော့ မိသားစုတွေ ကျပ်တည်းနေအကြောင်းကသာ များပါတယ်" ဟု တာဝန်ထမ်းဆောင်ဆဲ အရာခံဗိုလ်တဦးက ပြောသည်။

Read More...

61st Karen Revolution Day Part 1

61st Karen Revolution Day Part 2


Read More...

61st Karen Revolution Day Part 3


Read More...

61st Karen Revolution Day Part 4


Read More...

ဒုက္ခသည်များ ပြန်မပို့ရန် ထိုင်းကို ကရင်အမျိုးသမီးအဖွဲ့ တိုက်တွန်း

ဘန်ကောက် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံသို့ ယခုလဆန်းမှစတင်၍ ပြန်ပို့ခံရမည့် ထောင်ပေါင်းများစွာသော ဒုက္ခသည်များ၏ ဆင်းရဲဒုက္ခကို အရေးတယူ စဉ်းစားပေးရန် ကရင်အမျိုးသမီးအဖွဲ့က ထိုင်းအစိုးရထံ အရေးပေါ် ပန်ကြားလွှာတစောင် ပေးပို့လိုက်သည်။

Read More...

ကရင် ဒုက္ခသည် ၃၀၀၀ ခန့် ထိုင်းက နေရပ်ပြန်ခိုင်း

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထဆောင်ယန်း မြို့နယ်ရှိ ဒုက္ခသည် ၃၀၀၀ ခန့်ကို ယခုလ ၁၅ ရက်နေ့တွင် နောက်ဆုံး ထားပြီး မြန်မာပြည်သို့ ပြန်ရန် ထိုင်း အာဏာပိုင်များက အသိပေးထားသည်။

“ဒီ စခန်းထဲမှာ ၁၅ ရက်နေ့ နောက်ဆုံး ပေးမနေတော့ဘူး၊ ထိုင်းတွေက ဟိုဘက်ကမ်းမှာ အေးဆေး ပြန်နေလို့ ရတယ်ဆိုပြီး ပြန်နေ ခိုင်းထားတယ်၊ လက်ရှိ အခြေအနေမှာ ဒုက္ခသည်တွေ အားလုံး ပြန်ဖို့ စိတ်ကူးရှိကြတယ်”ဟု ဒုက္ခသည်အရေး ဆောင်ရွက်သူ တဦးက ဧရာဝတီသို့ ပြောသည်။

Read More...

ရင်ဆိုင်တိုက်ပွဲကြောင့် ဒီကေဘီအေ (၂)ဦး ပျောက်ဆုံးနေ

ဖေဖော်ဝါရီလ ၂ရက်။ စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ကနဲလေးရွာအနီးတ၀ိုက်၌ လှုပ်ရှားနေသော နအဖ၊ ဒီကေဘီအေပူးပေါင်းတပ် ဖွဲ့သည် ယမန်နေ့ည ၉နာရီခန့်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ကေအဲန်အယ်လ်အေ)နှင့် တိုက်ပွဲဖြစ်ပွားခဲ့ ရာ ဒီကေဘီအေဘက်မှ (၂)ဦးပျောက်ဆုံးနေသည်ဟု သိရသည်။

Read More...

ဦးသန့်၏ ခေါင်းဆောင်မှုကို ဘန်ကီမွန်း ချီးကျူး

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ကမ္ဘာ့အရေး အခင်းများကို နိုင်နင်းစွာ ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့သည့် အတွင်းရေးမှူး ချုပ်ဟောင်း ဦးသန့်ကို ယမန်နေ့က ချီးကျူး လိုက်သည်။
ဘန်ကီမွန်းက နယူးဒေလီ မြို့တွင် ပြုလုပ်သည့် ဦးသန့် နှစ် ၁၀၀ ပြည့် အခမ်းအနားသို့ ပေးပို့သော သ၀ဏ်လွှာတွင် “ဦးသန့်သည် သံတမန် တဦးအဖြစ် တာဝန် ထမ်းဆောင်စဉ် အရည်အချင်း ပြည့်ဝပြီး ဇွဲလုံ့လ ၀ီရိယ ကြီးမားသူ တဦး ဖြစ်သည်။ ကမ္ဘာ့ ကုလသမဂ္ဂကို ဆယ်စုနှစ် တခုကြာ တာဝန်ယူ ကိုင်တွယ်စဉ်က ကျူးဘားနိုင်ငံ ဒုံးလက်နက်များ ဖယ်ရှားရေး၊ ကွန်ဂိုနိုင်ငံ ပြည်တွင်းစစ် အဆုံး သတ်ရေး စသည့် အရေးအခင်း များတွင် အဓိက အခန်း ကဏ္ဍမှ ဖြေရှင်း ပေးခဲ့သူ ဖြစ်သည်” ဟု ရေးသား ထားသည်။

၁၉၇၁ ခုနှစ်က နယူးယောက်မြို့ ကမ္ဘာ့ကုလသမဂ္ဂ ဌာနချုပ်တွင် မိန့်ခွန်းပြောနေသော ဦးသန့် (ဓာတ်ပုံ - UN)

Read More...

လူမဆန်မှုနှင့်ရင်ဆိုင်တိုက်ပွဲသတင်း

ဖေဖော်ဝါရီလ ၁ရက်နေ့ ၂၀၁၀ခုနှစ်။

တပ်မဟာ(၁) သထုံခရိုင်
- ကျိုက်ထိုမြို့နယ် ၂.၁.၂၀၁၀နေ့ DKBA မှမောင်ချစ်သူအုပ်စု နှင့် ခမရ(၃)တို့ပေါင်းပြီး ခလော် ကျယ်မှဝါးသိုးကလားအထိ ကားလမ်းကို ပိတ်ရံထားပြီး ကားလမ်း၏အနောက်ဘက်ခြမ်းတွင် မြေမြုပ်မိုင်းထောင်ထား။
- ဘီးလင်းမြို့နယ် ၂၆.၁.၂၀၁၀နေ့ ခမရ(၇၀၃) စစ်ကြောင်း(၂)မှူး သိန်းထွန်းအောင်သည် လယ်ချော် ကျေးရွာသို့ဝင်ရောက်ပြီးရွာသားများ၏စားစရာများကိုအတင်းအဓမ္မလုယူတဲ့အပြင် ရွာသားမောင်ဝိန် အားKNUရှိရာသို့လမ်းပြပို့ဆောင်ခိုင်းရာ ထိုသူမှာလမ်းမသိသဖြင့် စစ်ကြောင်းမှူးသည်ထိုရွာသားအား ပါးရိုက်အနိုင်ကျင့်။ဒါ့အပြင် ငွေကျပ်၁၀၀၀၀၊ပုခက်တလုံး၊ဓားမတချောင်းနှင့်ပလိုင်းတလုံးတို့ကိုလည်း အတင်းယူဆောင်သွား။

Read More...

လူသားစိတ်မရှိသောစစ်ခွေးနအဖ၏လုပ်ရပ်အ ကြောင်း

အဓမ္မချောဆွဲမှုကြောင့် ရွာသားသုံးဦး ထိုင်းနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်။

ဖေဖော်ဝါရီလ ၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဝေါ်လေခီးဂွင်တွင် အခြေစိုက်လှုပ်ရှားနေသော နအဖ စစ်တပ်သည် ၎င်းတို့တပ်ရိက္ခာပို့ ဆောင်ရန်အတွက် ဒေသခံ ရွာသားများကို ရက်အတန်ကြာ ခေါ်ယူခိုင်းစေနေသည့်အတွက် ပြီးခဲ့သည့်ရက်အနည်းငယ်က ရွာ သားသုံးဦး ထိုင်းနယ်စပ်သို့ ထွက်ပြေးလာခဲ့သည်။

Read More...

၆၁ နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့ဓာတ်ပုံ

၃၁.၁.၂၀၁၀ ရက်နေ့တွင် ကျရောက်သည့် (၆၁)နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့ အား ကရင်ပြည် နယ်၊ ကော့ကရိတ်မြို့နယ် တနေရာတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (ကေအဲန်အယ်လ်အေ) (၂၀၁) တပ်ရင်းမှ ကျင်းပပြုလုပ်သည့် စစ်ရေးပြအခမ်းအနား မှတ်တမ်းဓါတ်ပုံများ။ (ဓါတ်ပုံ-ကေအိုင်စီ)

Read More...

ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆု ကရင်ကျန်းမာရေးလုပ်သား စောညွန့်ဝင်း ဆွတ်ခူးရရှိ

ဇန်န၀ါရီလ ၃၁ရက်။ ကေအိုင်စီ

(၆၁)နှစ်မြောက် ကရင့်အမျိုးသားတော်လှန်ရေးနေ့တွင် ပေးအပ်သည့် ၂၀၀၉ခုနှစ်အတွက် ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆု ကို ကရင်ပြည်နယ်၊ ဖာပွန်(မူတရော်)ခရိုင်မှ ကျန်းမာရေးဝန်ထမ်း စောညွန့်ဝင်းက ဆွတ်ခူးရရှိခဲ့သည်ဟု ဖန်းဖောင်ဒေးရှင်းမှ ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။

Read More...

ရက်စက်တဲ့နေရာမှာကမ်းကုန်တဲ့ မအေလိုး နအဖ တို့ရဲ့လုပ်ရပ်

ချစ်တဲ့ကရင်ညီကိုမောင်နှမများ သိစေချင်လွန်းလို့ရရှိလာတဲ့သတင်းလေးကိုတင်ပေးလိုက်ပါတယ်။ ဒီသတင်းကိုကြည့်မယ်ဆိုရင် မအေလိုးစစ်ခွေးနအဖ တို့ရဲ့ ရက်စက်ယုတ်မာမှုက ပေါ်လွင်နေတာကို အရှင်းသား တွေ့ရှိရလိမ့်မယ်။ ဒီစစ်ခွေးတွေရဲ့ ကျွန်တော်တို့ ကရင်လူမျိုးများကို မျိုးတုံးသတ်ဖြတ်တဲ့လုပ်ရပ် ရက်စက်ယုတ်မာတဲ့လုပ်ရပ် တွေကို ချစ်တဲ့ကရင်ညီကိုမောင်နှမများဒီလိုဘဲကြည့်နေကြတော့မှာလား။
Burmese Solider Kill Karen Villagers and Burn Down Villages-FBR

သတိတရနဲ့ဆက်လက်တိုက်ပွဲဝင်သွားကြပါစို့

၆၁နှစ်မြောက်ကရင်အမျိုးသားတော်လှန်ရေးနေ့ကိုလှိုက်လှိုက်လဲလဲဂုဏ်ပြု ကြောင်း ကညောဖိုး မှအရင်ဆုံးပြောချင်ပါတယ်။

- ချစ်သောကရင်အမျိုးသားပေါင်းတို့ ကျွန်တော်တို့ရဲ့ကရင်အမျိုးသားတော်လှန် ရေး ကြီးသည် နှစ်ပေါင်း ၆ဝ ကိုကျော်လွန်ခဲ့ပြီး ၆၁နှစ်တင်းတင်းကို ပြည့်သွားပါပြီး။
- ဒါတွေဟာ ကျွန်တော်တို့ရဲ့စည်းလုံးကြံ့ခံမှု ညီညီညွတ်ညွတ်နဲ့တိုက်ပွဲပေါင်းများစွာ ကိုတွန်းလှန်တိုက်ခိုက်တော်လှန်မှုကြောင့် ယနေ့ထက်တိုင်တော်လှန်ရေးကြီးသည် ရှင်သန်နေဆဲဖြစ်ကြောင်းပြောလျှင် မမှားပါဘူး။


Read More...