သတိတရနဲ့ဆက်လက်တိုက်ပွဲဝင်သွားကြပါစို့

၆၁နှစ်မြောက်ကရင်အမျိုးသားတော်လှန်ရေးနေ့ကိုလှိုက်လှိုက်လဲလဲဂုဏ်ပြု ကြောင်း ကညောဖိုး မှအရင်ဆုံးပြောချင်ပါတယ်။

- ချစ်သောကရင်အမျိုးသားပေါင်းတို့ ကျွန်တော်တို့ရဲ့ကရင်အမျိုးသားတော်လှန် ရေး ကြီးသည် နှစ်ပေါင်း ၆ဝ ကိုကျော်လွန်ခဲ့ပြီး ၆၁နှစ်တင်းတင်းကို ပြည့်သွားပါပြီး။
- ဒါတွေဟာ ကျွန်တော်တို့ရဲ့စည်းလုံးကြံ့ခံမှု ညီညီညွတ်ညွတ်နဲ့တိုက်ပွဲပေါင်းများစွာ ကိုတွန်းလှန်တိုက်ခိုက်တော်လှန်မှုကြောင့် ယနေ့ထက်တိုင်တော်လှန်ရေးကြီးသည် ရှင်သန်နေဆဲဖြစ်ကြောင်းပြောလျှင် မမှားပါဘူး။



- ကော်ခို စောဘဦးကြီး၏ စကားများကို နှလုံးသွင်းပြီး အဆုံးတိုင်အောင်ဆက်လက် တိုက်ပွဲဝင်ပြီး လိုရာပန်းတိုင်ကိုအမြန်ဆုံးရောင်အောင်ကြိုးပမ်းကြပါစို့။
- စည်းလုံးညီညွတ်မှုရဲ့ရလဒ် နှင့် ကြိုးစားအားထုတ်မှု၏ အသီးအပွင့်ကို ကျွန်တော် တို့ကိုယ်တိုင် ယခုမျက်မှောက်ကာလမှာ မခံစားရသည့်တိုင်အောင် နောင်တချိန် မျိုးဆက်သစ်များခံစားရမှာ မလွဲပါဘူး။
- ဒါကြောင့် စိတ်ပျက်အားလျော့မှုတွေကိုဘေးဖယ်ထားပြီးတော့ဒီမိစ္ဆာကောင်တွေ ကို ရဲရဲဝံ့ဝံ့ဆက်လက်တွန်းလှန်ကြပါစို့။
- ကရင်အမျိုးသားတော်လှန်ရေးကြီးသည် ကရင်အမျိုးသားများအတွက်သာ မဟုတ် ဘဲ မြန်မာတနိုင်ငံလုံးတွင်းရှိပြည်သူများအတွက်ဆိုတာကိုလည်း မမေ့ဖို့ထပ်မံနိုး ဆော်ပါရစေ။
- ဒီတော်လှန်ရေးကြီးသည် ညီကိုများ၏ထောက်ခံမှု ပံ့ပိုးမှုမပါဘူးဆိုရင်ယခုထက်တိုင် ရှင်သန်နေမှာမဟုတ်ပါဘူး။
- နိဂုံးချုပ်ပြောရလျှင်ချစ်သောညီကိုမောင်နှမများအားကိုယ်တတ်နိုင်တဲ့ဘက်တ တောင့်တနေရာကနေပြီး ဒီတော်လှန်ရေးကြီးကို ဆက်လက်ထောက်ပံ့ပါဝင်ကြပါ လို့ မေတ္တာရပ်ခံပန်ကြားအပ်ပါတယ်။


0 comments:

Post a Comment