သံတောင်ကြီးမြို့ရှိ ပြည်သူ ၅၀ဦးကို စစ်တပ်က ပြည်သူ့စစ်သင်တန်း တက်ခိုင်း

KIC သတင်းမှ....

ကရင်ပြည်နယ် တောင်ငူခရိုင်၊ သံတောင်ကြီးမြို့(ဘုရင့်နောင်တပ်မြို့) အခြေစိုက် နအဖ စစ်တပ်က အဆိုပါမြို့ရှိ ရပ်ကွက်(၅)ခု မှ ပြည်သူ ၅၀ဦးကို အောက်တိုဘာလ ၁၈ရက်နေ့က ပြည်သူ့စစ်သင်တန်းပေးနေသည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။

သံတောင်ကြီးမြို့တွင် နအဖ စစ်တပ် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်း ခလရ(၁၂၄)နှင့် ခလရ(၆၀၃)တို့က အခြေစိုက်လျှက်ရှိပြီး ပြည်သူ့စစ်သင်တန်းပေးခြင်းနှင့် ပတ်သက်၍ အမည်မဖော်လိုသူ သံတောင်မြို့နယ် ဒေသခံတစ်ဦးက ကေအိုင်စီကို ယခုလို ပြောသည်။

သူက “သူတို့ကတော့ မြို့ကို ကာကွယ်ဖို့အတွက်တော့ ပြောတာပဲ။ သံတောင်ကြီးမြို့က ရပ်ကွက် ၁ကနေ ၅အထိပေါ့နော်။ တရပ်ကွက်ကို လူ ၁၀ ယောက်စီ။ မတက်ချင်လည်း တက်ရတယ်။ ဒါပေမဲ့ ကြောက်တာကိုး။ အရင်ကလည်း ဒီလို ပြည်သူ့စစ် သင်တန်းတွေပေးတာ ရှိခဲ့ပါတယ်။ အခုသင်တန်းက ဘယ်နှစ်ပတ် တက်ရမလဲတော့ ကျနော်လည်း မသိသေးဘူး။ အရင်သင် တန်းဆိုရင် တပတ်၊ နှစ်ပတ်၊ တလအထိ ရှိခဲ့ဖူးတယ်။”ဟု ပြောသည်။

Read More...

လူမဆန်မှုသတင်း

21.10.2010 News

ရန်ကုန်တိုင်းတွင် လုံခြုံရေး ပိုချထား

ခေတ်ပြိုင်မှ.......

ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် လုံခြုံရေး အတွင်းစည်း အပြင်စည်းများ ချထားကြောင်း ပြည်ထဲရေး (ရန်ကုန်ရုံး) မှ ရဲအရာထမ်းတဦးက ပြောသည်။

“အပြင်စည်း အတွင်းစည်း ဆိုတာကတော့ စစ်တပ်သုံးစကားပဲ။ အခုချတဲ့လုံခြုံရေးက ရဲရော၊ စစ်သားရော ချတာ။ အရင်ကဆို နေ့ဘက်မှာ ရဲလုံခြုံရေးချတာ။ အခုက ရွေးကောက်ပွဲမတိုင်ခင် ပြဿနာတွေဖြစ်မှာစိုးလို့ ရဲရော၊ စစ်သားရော လုံခြုံရေးချတာ။ တပ်မ(၇၇) ကလည်းပါတယ်” ဟု ၎င်းက ပြောသည်။

ညဘက်ထွက်သူများအား ယခင်ထက်စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း၌ မြောက်ဥက္ကလာပမြို့နယ်တွင် ညမထွက်ရ အမိန့်များထုတ်ပြန်ထားပြီး ဧည့်စာရင်းကို တင်းကျပ်စွာစစ်ဆေးကြောင်း မြောက်ဥက္ကလာပမြို့နယ် ခေမာသီလမ်းနေ ပြည်သူတဦးက ပြောသည်။

Read More...

စစ်အစိုးရက နိုင်ငံတော်အလံအသစ် ပြောင်းလဲအသုံးပြု

ခေတ်ပြိုင်မှ............

နိုင်ငံတော်အလံသစ်ကို အစိုးရဌာနများနှင့် အခြားအဖွဲ့အစည်းများတွင် ယနေ့ ပြောင်းလဲတပ်ဆင်ကြပြီ ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ အတည်ပြုထားသော နိုင်ငံတော်အလံသစ် လွှင့်တင်ပွဲကို မြို့တော်ဝန် ဦးအောင်သိန်းလင်း ကိုယ်တိုင် တက်ရောက်၍ စစ်တီးဝိုင်း ဘင်ခရာအဖွဲ့များဖြင့် နိုင်ငံတော်သီချင်း တီးမှုတ်ကာ အခမ်းအနားဖြင့် ယနေ့ ညနေ (၃) နာရီကျော်တွင် ကျင်းပခဲ့ကြောင်း စည်ပင်သာယာ ဝန်ထမ်းတဦးက ပြောသည်။

Read More...

ရွေးကောက်ပွဲအပြီး တိုင်းပြည် အခြေအနေ ကောင်းလာဖွယ်မရှိ

VOA သတင်းမှ...........

မြန်မာစစ်အစိုးရက ရှေ့လထဲ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲက တိုင်းပြည်မှာ ကြုံနေရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ မြန်မာ့အရေး ကျွမ်းကျင်သူတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောဆိုလိုက်ကြပါတယ်။ ဒီမိုကရေစီရေး လိုလားတဲ့ နိုင်ငံရေး အင်အားစုတွေ ပါဝင်ခွင့် မရှိဘဲ ဖြစ်နေရသလို တိုင်းရင်းသား လူမျိုးစုတွေနဲ့ တင်းမာမှုတွေ ကြီးထွားလာနေတာ၊ လူ့အခွင့်အရေး ပြဿနာတွေ ရှိနေဆဲ အခြေအနေတွေဟာ ရွေးကောက်ပွဲ လုပ်ပြီးလို့ အစိုးရအသစ်တရပ် ပေါ်လာရင်တောင် တိုးတက်မယ့် အရိပ်အယောင် မမြင်ရဘူးလို့ အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်မြို့တော်က နှီးနှောဖလှယ်ပွဲအတွင်း ပြောဆိုခဲ့ကြတာပါ။ အကြောင်းစုံကိုတော့ ဂျွန် ဟော့ပ်ကင်းစ် (John Hopkins) တက္ကသိုလ် နိုင်ငံတကာ အဆင့်မြင့် လေ့လာရေးဌာနမှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲကို သွားရောက် သတင်းယူခဲ့တဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

Read More...

တိုင်းရင်းဒေသ လူထုကျန်းမာရေး အခြေအနေ ဆိုးရွား

VOA သတင်းမှ.........

မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း တိုင်းရင်းသား လူမျိုးစု ဒေသတွေမှာ ကျန်းမာရေး ပြဿနာ အဆိုးဝါးဆုံး ရင်ဆိုင်နေရပြီး အမျိုးသမီးနဲ့ ကလေးတွေအကြား ကူးစက်ရောဂါ ဖြစ်ပွားနှုန်း ကမ္ဘာမှာ အမြင့်မားဆုံး ရောက်နေတဲ့အကြောင်း နယ်စပ်အခြေပြု လူထုကျန်းမာရေး အဖွဲ့အစည်းတွေက အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ အမျိုးသမီးနဲ့ ကလေးငယ်တွေ အများအပြား ကာကွယ် ကုသနိုင်တဲ့ ရောဂါတွေနဲ့ သေဆုံးနေပြီး အဲဒီလို ကျန်းမာရေး စောင့်ရှောက်ဖို့ ပျက်ကွက်တာဟာ လူသားဆိုင်ရာ ရာဇ၀တ်မှု ကျူးလွန်တာလို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

Read More...

ကရင်နီနှင့် စစ်အစိုးရတပ် တိုက်ပွဲ စစ်တပ်မှ ၂ ဦး သေဆုံး

ကန္တာရ၀တီတိုင်း(မ်) မှ.....

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်တွင် အောတိုဘာလ ၁၆ ရက်နေ့က ကရင်နီတပ်မတော်နှင့် မြန်မာစစ်အစိုးရတပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့၍ စစ်အစိုးရတပ်ဘက်မှ တပ်ကြပ်ကြီး တဦးနှင့် တပ်သားတဦး ကျဆုံးခဲ့သည်။

ဗိုလ်ကြီး ဖဲဘူး ဦးဆောင်သော တပ်ရင်း ၂၊ တပ်ခွဲ ၂မှ ကရင်နီတပ်ဖွဲ့နှင့် ဗိုလ်ကြီး ဖြိုးမင်းဝင် ဦးဆောင်သော စစ်အစိုးရတပ် ခြေလျင် တပ်ရင်း (ခလရ) ၂၄၇ တို့သည် ဒီးမော့ဆိုမြို့နယ် ဒေါတမကျေးရွာအနီးတွင် နှစ်ဦးနှစ်ဘက် တွေ့ဆုံ၍ ပစ်ခတ်ခဲ့ကြခြင်း ဖြစ်သည်။

Read More...

နှစ်ရက်အတွင်း တိုက်ပွဲ နှစ်ကြိမ်ဖြစ် နအဖ စစ်အရာရှိ သေဆုံး

သျှမ်းသံတော်ဆင့်သတင်း မှ....

ယခုလလယ်ပိုင်းက ကျေးသီးမြို့နယ် မိုင်းနောင်မြို့နယ်ခွဲ၌ နအဖစစ်တပ်နှင့် သျှမ်းပြည်တပ်မတော်အကြား တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွား ခဲ့ရာ ဗမာစစ်တပ်နှင့် ရဲတပ်ဖွဲ့ အနည်းဆုံး သုံးယောက် သေဆုံးကြောင်း စုံစမ်းသိရှိရပါသည်။
၁၇ ရက်နေ့က သျှမ်းစစ်သားလို့ ယူဆရတဲ့ နွားကျောင်းသား ဟန်ဆောင် လူတစုက ဗမာပုလိပ်စောင့်တဲ့ လမ်းကင်းဂိတ် စခန်းကို ၀င်တိုက်တယ်။ အဲဒီမှာ ပုလိပ် တယောက် သေတယ်” ဟု ဒေသခံဝန်ထမ်း တဦးက ပြောပါသည်။
အဆိုပါ ဂိတ်စောင့် ပုလိပ်တို့သည် အ၀င်အထွက် ယာဉ်ကြီး ယာဉ်ငယ်၊ ဆိုင်ကယ်၊ စက်ဘီး ခြေကျင်လျှောက်သူများ ပါမကျန် ပိုက်ဆံ တောင်းယူသဖြင့် ထိုကဲ့သို့ ပစ်ခတ်ခြင်း ခံရသည်ဟုလည်း ရွာသာများ ပြောကြသည်။

Read More...

လူထုကို ကြံ့ခိုင်ရေးပါတီ မဲမပေးရေး စစ်သားတွေက တိတ်တဆိတ် တိုက်တွန်း

ခိုနူမ်းထုန် သတင်းဌာန

ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့၌ အခြေချတပ်စွဲသော ခလရ (၂၆၈) တပ်ရင်းရှိ စစ်သားတွေက ကြံ့ခိုင်ရေးပါတီကို မဲမပေးရန် ချင်းပြည်သူလူထုကို တိတ်တဆိတ် တိုက်တွန်းနေကြောင်း သိရသည်။

အခုလို စစ်သားများက ကြံ့ခိုင်ရေးပါတီကို မဲမပေးရန် တိုက်တွန်းရခြင်းမှာ စစ်အုပ်ချုပ်ရေးကို စစ်တပ် ကိုယ်တိုင် မလိုလား တော့ သောကြောင့် ဖြစ်ကြောင်း သိရသည်။

” ယခုလ ပထမပတ်က စစ်သားခုနှစ်ဦးနဲ့ ကျတော်တို့ ၅ ဦး လမ်းမှာဆုံတော့ ကျတော်တို့ကို ခဏထိုင်ခိုင်းတယ်၊ တပ်ကြပ်ကြီး က ကြံ့ဖွံ့ကို မဲပေးယင် စစ်တပ်ပဲ ပြန်အုပ်ချုပ်မှာ၊ လက်အောက်ငယ်သားစစ်သားတွေကလည်း ဒီကြံ့ဖွံ့ပါတီ ကို မဲမပေးဘို့ဆုံးဖြတ်ကြတယ်ကွ၊ ခင်ဗျားတို့ ချင်းပြည်သူတွေ လည်း အဲဒါသတိထားကြလို့ ပြောတယ်” ဟု ခရီးသွား ဧည့်သည်တဦးက ပြောသည်။

Read More...

ရွေးကောက်ပွဲ အကဲခတ်သူတွေ လာခွင့်မပြုတဲ့အပေါ် အမေရိကန်နဲ့ ကုလ ဝေဖန်

VOA သတင်းမှ...........

မြန်မာစစ်အစိုးရက ရှေ့လထဲ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို ပြည်ပက သတင်းမီဒီယာတွေ လာရောက် သတင်းယူ အကဲခတ်ခွင့် မပေးဖို့ ကြေညာလိုက်တဲ့အတွက် အများက လက်ခံနိုင်စရာတွေ ပိုလို့သာ ကင်းမဲ့စရာတွေ ဖြစ်ရကြောင်း အမေရိကန် ပြည်ထောင်စုနဲ့ ကုလသမဂ္ဂတို့က ပြောဆိုလိုက်ကြပါတယ်။ နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲတွေဟာ ပွင့်လင်း လွတ်လပ်မှု ရှိပါ့မလား စိုးရိမ်မကင်း ဖြစ်နေချိန်မှာ စစ်အစိုးရ အာဏာပိုင်တွေက အခုလို ကန့်သတ်မှုတွေ လုပ်ဖို့ ဆုံးဖြတ်လိုက်တာမို့ ပြစ်တင် ဝေဖန်သံတွေ နောက်ထပ် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

Read More...

ခရစ်ယာန်သာသနာပြုများကို အသုံးချ၍ ကြံ့ဖွံ့မဲဆွယ်

ဧရာဝတီ သတင်းမှ..............

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ မင်္ဂလာတောင်ညွန့် မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ရွေးကောက်ပွဲဝင်မည့် အလုပ်သမားဝန်ကြီး ဦးအောင်ကြည် သည် ခရစ်ယာန် သာသနာပြုများကို အသုံးချပြီး မဲဆွယ်နေသည်ဟု သိရှိရသည်။
ဦးအောင်ကြည်သည် ခရစ်ယာန်သာသနာပြု ဂေဟာတခုသို့ သွားရောက်လည်ပတ်စဉ် သာသနာပြု ပုဂ္ဂိုလ်များနှင့်အတူ ရိုက်ကူးထားသော ဓာတ်ပုံများကို ၎င်း၏ မဲဆွယ်လှုပ်ရှားမှု ကြော်ငြာဆိုင်းဘုတ်များတွင် ထည့်သွင်းထားခြင်းဖြင့် ဘာသာရေးကို အသုံးချကာ ခရစ်ယာန်ဘာသာဝင်များ စိတ်ဝင်စားလာစေရန် မဲဆွယ်နေသည်ကို တွေ့ရသည်။

“လမ်းဆုံလမ်းခွ၊ မီးပွိုင့်တွေမှာ ခရစ်ယာန်သာသနာပြု ပုဂ္ဂိုလ်တွေနဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ပုံကြီးချဲ့ပြီး ကြော်ငြာဆိုင်းဘုတ်ထဲမှာ ထည့်သုံးထားတယ်။ ဓာတ်ပုံအပေါ်မှာ လူမျိုးဘာသာခြား အားလုံးနဲ့ တစိတ် တ၀မ်းတည်းရှိနေပြီး အားလုံး စိတ်ချမ်းသာရအောင် ကူညီနေတာ ဘယ်သူလဲဆိုတဲ့ စာသားကို ထင်ထင်ရှားရှား ရေးထားတယ်” ဟု မင်္ဂလာ တောင်ညွန့် မြို့နယ်မှ သတင်းထောက် တဦးက ပြောသည်။

Read More...

နအဖတပ်နှင့် ဒီကေဘီအေအကြား တင်းမာမှု ဗိုလ်ချုပ်သက်နိုင်ဝင်း ဖြေရှင်းမည်

KIC သတင်းမှ............

ကရင်ပြည်နယ်စပ် မြ၀တီမြို့တွင် ဆက်လက်တင်းမာနေဆဲဖြစ်သည့် နအဖစစ်တပ်နှင့် ဒီကေဘီအေတို့ကြား ပြဿနာကို ကာ ကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ-၄) ဗိုလ်ချုပ်သက်နိုင်ဝင်းကိုယ်တိုင် လာရောက်ဖြေရှင်းမည်ဟု ဒီကေ ဘီအေဘက်က ပြောသည်။
နယ်ခြားစောင့်တပ် လက်မခံသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)တပ်မှူးတဦးက မြ၀တီမြို့အတွင်းရှိ ၎င်းတို့နှစ်ဖွဲ့၏ တင်းမာမှုကို ယခင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဖြစ်ခဲ့သူ ဗိုလ်ချုပ်သက်နိုင်ဝင်း လာရောက်ဖြေရှင်းမည်ဖြစ်ကြောင်း ယခုလို အတည်ပြုပြောဆိုသည်။

Read More...

လူမဆန်မှုသတင်း

17.10.2010

အဖွားအိုတစ်ဦးအား စစ်အစိုးရတပ် ဓားပြတိုက် သတ်ဖြတ်

လွတ်လပ်သော မွန်သတင်းအေဂျင်စီ မှ.........

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကလိန်အောင်မြို့နယ်ခွဲ ကျောက်ကဒင်ရွာမှ အဖွားအို တစ်ဦးအား စစ်အစိုးရ ခြေလျင်တပ်ရင်း (၁၀၃) မှ စစ်ဗိုလ်တစ်ဦးနှင့် တပ်သားများက ဓားပြတိုက် သတ်ဖြတ်ခဲ့သည်။

အသတ်ခံရသူမှာ အသက် (၆၈) နှစ် အရွယ်ရှိ မိကြည် ဖြစ်ပြီး ခလရ (၁၀၃) လှုပ်ရှားတပ်ရင်းမှ ဗိုလ်ကျော်ညွန့်နှင့် တပည့်တပ်သား သုံးဦးတို့က အောက်တိုဘာလ (၁) ရက်နေ့ ည (၁၁) နာရီအချိန်တွင် ဓားပြတိုက် သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း အသတ်ခံရသူနှင့် ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောသည်။

သူက “အဖွားဟာ မုဆိုးမ၊ သူ့အိမ်မှာဆို ၁၂ နှစ် အရွယ်လောက် ရှိတဲ့ မြေးမလေး တစ်ယောက်ပဲ ရှိတယ်၊ ကလေးက အဖွားနဲ့အတူ အိပ်တယ်။ ဓားပြတိုက်တဲ့ အချိန်မှာ မြေးမလေးက ကြောက်ပြီး ပုန်းနေတယ်၊ အော်လည်း မအော်ရဲဘူး” ဟု ပြောသည်။

Read More...