BGF လက်မခံပါက KPC ကို မတရားအသင်း ကြေညာမည်ဟု သတိပေးခံရ

စောသိန်းမြင့်(ကေအိုင်စီ)

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထို့ကော်ကိုးကျေးရွာ အခြေစိုက် ဗိုလ်ချုပ်ထင်မောင်ဦးစီးသည့် ကရင်ငြိမ်းချမ်းရေးကောင် စီ (KPC)အဖွဲ့သည် တပတ်အတွင်း နယ်ခြားစောင့်တပ်အဖြစ် လက်မခံပါက မတရားအသင်းအဖြစ် ကြေညာမည်ဟု နအဖက သတိပေးလိုက်ကြောင်း KPC က ပြောသည်။
နအဖ စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်(စရဖ) ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဗိုလ်မှူးချုပ်သက်နိုင် ၀င်းနှင့် ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ ကိုယ်စားလှယ်တချို့သည် သြဂုတ်လ ၂၄ရက်နေ့က မွန်ပြည်နယ်၊ မော်လမြိုင်မြို့ တိုင်းရုံးတွင် တွေ့ဆုံခဲ့ရာ၌ နအဖဘက်က ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း KPC မှ နိုင်ငံခြားရေးရာ တာဝန်ခံ ဗိုလ်မှူးချုပ်ဒေါက် တာစောတီမသေက ပြောသည်။

၎င်းက “ဒီလ ၂၄ရက်နေ့မှာ မော်လမြိုင်မှာတွေ့ဖို့ နအဖက အဖူး(ဗိုလ်ထင်မောင်)ကို ဆင့်ခေါ်တယ်။ ဒါပေမယ့် အဖူးမသွား ဘူး။ တပ်ရင်းမှူးတချို့ကိုပဲ လွှတ်လိုက်တယ်။ အဲဒီမှာ ရဲမြင့်နဲ့ သက်နိုင်ဝင်းက ပြောတယ်။ ခင်ဗျားတို့အဖြေပေးရမယ်။ ဒီအ တိုင်း ဆက်နေလို့မရတော့ဘူး။ တပတ် ဒါမှမဟုတ် (၁၀)ရက်အတွင်းမှာ လက်မခံလို့ရှိရင် ခင်ဗျားတို့အဖွဲ့ တရားမ၀င်တဲ့အဖွဲ့ ဖြစ်သွားပြီတဲ့။ နောက် ခင်ဗျားတို့နေရာကိုလည်း လာဝိုင်းမယ်လို့ ခြိမ်းခြောက်တယ်။”ဟု ပြောသည်။

Read More...

ရာဇ၀တ်ကောင် စစ်ခေါင်းဆောင်

အောင်ကျော်ခင်(ခေတ်ပြိုင်)

စစ်တပ်မှာ တာဝန်အရှိဆုံးဟာ စစ်ခေါင်းဆောင်ပိုင်းသာဖြစ်တယ်။ စစ်ခေါင်းဆောင်ပိုင်းက သူခိုးဓားပြဖြစ်နေရင် စစ်တပ် ပျက်စီးတာပဲ။ ဗမာစစ်တပ်ကို သူခိုးဓားပြဘ၀ရောက်အောင် ပို့ပေးရာမှာ တာဝန်အရှိဆုံးဟာ ဗိုလ်နေ၀င်းနဲ့ ဗိုလ်သန်းရွှေ ဖြစ်တယ်။ ဗိုလ်နေ၀င်းနဲ့ အပေါင်းအပါတွေကတော့ သေကုန်ပါပြီ။ ဗိုလ်သန်းရွှေနဲ့ အပေါင်းအသင်းကတော့ ရမ်းလို့ကြမ်းလို့ ကောင်းတုန်း။ သူတို့ကို အရေးယူမယ့်သူတွေ မရှိတဲ့အတွက် ရွေးကောက်ပွဲလုပ်ဖို့ ဇာတ်တိုက်နေပြန်ပြီ။ နောက်ဆုံးမှာ ဒီသူခိုးဓားပြအစိုးရကိုပဲ ကမ္ဘာက အသိအမှတ်ပြုရမလိုဖြစ်နေတယ်။ အာဏာရှိတုန်း အားရပါးရခိုးပြီး အနားယူတဲ့အခါမှာ တရားစွဲမခံရအောင် ၂၀၀၈ အခြေခံဥပဒေကို အတင်းအဓမ္မ ပြဋ္ဌာန်းလိုက်တယ်။ ၂၀၀၈ အခြေခံဥပဒေကို သူခိုးဓားပြ ကာကွယ်ရေးဥပဒေလို့ ခေါ်နိုင်တယ်။

Read More...

KPF မှပြန်လည်ပေါင်းစည်းမှု နှင့် နအဖတပ်၏လူမဆန်မှုသတင်း

တပ်မဟာ(၃) ညောင်လေးပင်ခရိုင်။
- မြောက်ဦးရှိနအဖတပ်နှင့်ပြည့်သူ့စစ်တို့ပူးပေါင်းပြီးပေါ်ပီဒဲ၊မြောက်ဦးဂွင်တွင်ဗိုလ်သန့်ဇင်ဦးဆောင်တဲ့ထိုအုပ်စုသည် ထိုအရပ်ဒေသရှိ ကရင်လူထုများ၏လုပ်ပိုင်ခွင့်တွေကိုအကြပ်ကိုင်ပိတ်ပင်တားဆီးရုံမကပဲ ဖမ်းဆီးချုပ် နှောင်တဲ့အထိလူမဆန်မှုတွေကိုကျူးလွန်နေကြောင်းသတင်းရရှိသည်။
- ၃၊ ၈၊ ၂၀၁၀ ရက်နေ့ တွင် နအဖ တပ်မှ ခမရ ၆၃၁ တပ်ဖွဲ ၀င်များသည် ညောင်လေးပင် ခရိုင်ရှိ မူသယ်ရွာသို့ဝင်ရောက်ပြီးတောင်ယာတဲတွင်နေထိုင်သောစောမော်သေ(၄၅နှစ်)၊နော်ဖေါမူဝါး(၄၃)နှစ် တို့ အားဖမ်းဆီးပြီး ပြင်းပြင်းထန်ထန် သေနတ်ဒင်ဖြင့် ထုထောင်းရိုက်နက်ပါသည်။ ဤကဲ့ သို့ထုထောင်းရိုက်နက်ပြီးအမျိုးသမီးအားရိုက်နက်သည့်နေရာမှထားခဲ့ကာအမျိုးသားအားခေါ် ဆောင်သွားပါသည်။ လမ်းခုလပ်တွင်စောမော်သေးအားပြန်လည်ပစ်ခဲ့သည်ဟုသတင်းရရှိပါသည်။

Read More...

စစ်ရေးအရ အရေးယူရင် ဗိုလ်ချုပ်ထိန်မောင်တို့ အလားတူ တုံ့ပြန်မည်

VOA သတင်းမှ....

ဒီရက်ပိုင်းအတွင်း မြန်မာစစ်အစိုးရ သတင်းစာ မျက်နှာဖုံးတွေမှာ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းတဲ့ သတင်းတွေ ဆက်တိုက် ဖော်ပြနေချိန်မှာ ဗိုလ်ချုပ်ထိန်မောင် ခေါင်းဆောင်တဲ့ ကရင်ငြိမ်းချမ်းရေး ကောင်စီကတော့ အသွင်ပြောင်း ဖွဲ့စည်းရေးကို ထပ်မံ ငြင်းဆိုလိုက်ပါတယ်။ မြန်မာစစ်အစိုးရက ကရင်ငြိမ်းချမ်းရေး ကောင်စီကို တပတ်အတွင်း နယ်ခြားစောင့်တပ် ဒါမှမဟုတ် ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းဖို့ တောင်းဆိုထားပြီး လက်မခံရင် စစ်ရေးအရ အရေးယူမယ်လို့ ဖိအားပေးတာတွေလည်း ရှိနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

စစ်ဘက်ရေးရာ လုံခြုံရေးဌာန အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်က ကရင်ငြိမ်းချမ်းရေး ကောင်စီက ကိုယ်စားလှယ်တွေကို မော်လမြိုင်မြို့က အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာ ခေါ်ယူပြီး တပတ်အတွင်း အသွင်ပြောင်းဖို့အတွက် ဖိအားပေး တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

Read More...

ဆွဲမိုင်းကြောင့် နအဖ ကင်းတပ်သားနှစ်ဦး ဒဏ်ရာရ

KIC သတင်းမှ.......

ကော့ကရိတ်-မြ၀တီကားလမ်းပေါ်ရှိ နအဖ တောင်ပြတ်စခန်းတွင် ကင်းစောင့်သည့် တပ်သားနှစ်ဦးသည် ယနေ့မနက်ပိုင်းတွင် ဆွဲမိုင်းထိကာ ဒဏ်ရာရရှိသွားခဲ့သည်ဟု သိရသည်။
အဆိုပါ တပ်စခန်းတွင် မနက် ၈နာရီဝန်းကျင်၌ စစ်သားများမှာ ကင်းစောင့်ရန် စခန်းမှ ဆင်းလာနေကျဖြစ်ပြီး ထိုအချိန်နှင့် ကိုက်ညီစွာ ဆွဲမိုင်းထောင်ထားခြင်းဖြစ်ကြောင်း ကော့ကရိတ်မှ ခရီးသည်တစ်ဦးက ယခုလို ပြောသည်။

၎င်းက “မနက်က ကြောင်လျှာကုန်းမရောက်ခင် ကားလမ်းညာဖက်က တောင်ပြတ်စခန်းမှာ ဆွဲမိုင်းထိတာလေ။ ရဲဘော်တွေက တော့ မနက် ၈နာရီလောက်ဆို ကင်းစောင့်ဖို့ ဆင်းလာနေကျလေ။ အဲဒါ ဒီမနက်ကျတော့ ဆွဲမိုင်းထိပြီး အခု ကော့ကရိတ် ဆေးရုံကို ပို့ထားရတယ်။”ဟု ဆိုသည်။

Read More...

ဗိုလ်နှုတ်ခမ်းမွှေးမှာ အင်အား တထောင်ရှိပါသည်

ချင်းမိုင် (မဇ္ဈိမ) မှ...

နယ်ခြားစောင့်တပ် မပြောင်းဘဲ တင်းခံနေသော ဗိုလ်နှုတ်ခမ်းမွှေး ဦးစီးသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်တွင် အင်အား တထောင်ခန့် ကျန်သေးကြောင်း ဒီကေဘီအေ အရာရှိများက ပြောသည်။

ဗိုလ်နှုတ်ခမ်းမွှေး လက်အောက်ရှိ ကော့ကရိတ် အခြေစိုက်တပ်များဖြစ်သော ဗိုလ်မှူးဉာဏ်မင်း ဦးစီးသော ၉ဝ၆ တပ်ရင်း၊ ဗိုလ်မှူးကျော်ကျော်၏ အမှတ် ၉ဝ၅ တပ်ရင်း၊ ဗိုလ်မှူးကျော်သက်၏ အမှတ် ၉ဝ၄ တပ်ရင်းနှင့် ဗိုလ်မှူးချင်းလုံ၏ ဗျူဟာတပ်ခွဲ ၁ နှင့် ၂ တို့က နေပြည်တော်၏ ဒီကေဘီအေတပ်များ နယ်ခြားစောင့် အသွင်ပြောင်းရေးကို လက်မခံသေးဘဲရှိနေသည်။

Read More...

မြန်မာနိုင်ငံတွင်း ခရီးသွားလာမှု သတိပေးချက် အမေရိကန် ထုတ်ပြန်

VOA သတင်းမှ....
မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ နိုင်ငံရေးအရ မတည်ငြိမ်မှုတွေ ရှိလာနိုင်တာကြောင့် မြန်မာနိုင်ငံအတွင်း ခရီးသွားလာရေးမှာ သတိထားကြဖို့အတွက် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက အမေရိကန် နိုင်ငံသားတွေကို သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

အထူးသဖြင့် အများပြည်သူနေရာတွေ သွားလာရာမှာ မသင်္ကာဖွယ် ပစ္စည်းတွေ၊ ပိုင်ရှင်မဲ့ အထုပ်ပစ္စည်းတွေ တွေ့ရင် သတိတကြီးနဲ့နေဖို့ သတိပေးလိုက်ပါတယ်။

Read More...

ဘုရားသုံးဆူမြို့တွင် ချိန်ကိုက်ဗုံးတစ်လုံးပေါက်ကွဲ ၅ဦးဒဏ်ရာရရှိ

KIC မှ......

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်စပ် ဘုရားသုံးဆူမြို့၌ ယနေ့ညနေ ၅နာရီခန့်တွင် ချိန်ကိုက်ဗုံး တစ်လုံး ပေါက်ကွဲခဲ့ရာ နအဖနှင့် ဒီကေဘီအေတပ်ဖွဲ့ဝင် ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကိုယ်တိုင်မြင်တွေ့ခဲ့သူတစ်ဦးက ကေအိုင်စီကို ပြောသည်။
၎င်းက “ဒီနေ့ ကရင်လက်ချည်ပွဲ အခမ်းအနားရှိတယ်လေ။ ဗုံးကိုထောင်ထားတာက နေ့လည်အချိန်လောက်က ဖြစ်မယ်။ အ ခမ်းအနားပြီးမှ ဗုံးကို ရပ်ကွက်(၂)က လမ်းဘေးမှာ တွေ့တာ။ ဗုံးကို ဖယ်ရှားဖို့ သက်ဆိုင်ရာအာဏာပိုင်တွေ သွားကြည့်တဲ့အ ချိန်မှာ ဗုံးက ပေါက်ကွဲသွားတယ်။ ငါးယောက် ဒဏ်ရာရတယ်။ အဲဒီအထဲမှာ နအဖ တပ်သား ၂ယောက်နဲ့ ဒီကေဘီအေ တပ် သား ၁ယောက် ဒဏ်ရာ အပြင်းအထန်ရတယ်။”ဟု ပြောသည်။

Read More...

လူမဆန်မှုသတင်း

တပ်မဟာ(၂) တောင်ငူခရိုင်။
- ထန်းတပင်မြို့၊ ၁၉.၀၈.၂၀၁၀နေ့တွင် ဇရပ်ကြီးတွင်ရှိသော နအဖတပ် ခလရ(၇၃) အုပ်စုသည် မာလာကုန်းရွာ သို့ဝင်ပြီး ထိုရွာမှ ရွာသား (၁) စောမူးသော အသက်(၂၂)နှစ် အဖေနာမည် စောမူးရာ (၂) စောခိုကလယ်ထူး အသက်(၁၉)နှစ် အဖေနာမည် စောမူးရာ…ထိုညီအစ်ကို၂ယောက်အား အပြစ်မရှိ အကြောင်းမဲ့ဖမ်းဆီးသွားခဲ့သည်။ထို့အပြင်ဘယ်ကိုခေါ်သွားချုပ်နှောင်ထားသည်ကိုလည်းယခုထက်ထိမသိရှိရသေးပါ။
- ၂၃.၀၈.၂၀၁၀နေ့တွင် ကလော်မီးဒဲရှိ စကခ(၇) ခမရ(၁၀၂)တပ်သည် ကလော်မီးဒဲရွာသူ(၁၄)ယောက် ရွာသား(၁၆)ယောက် စုစုပေါင်း (၃၀)ယောက်တို့ကို ကလော်မီးဒဲစစ်စခန်းမှ ပလဲဝထိ သူတို့၏ပစ္စည်း ရိက္ခာများကို ပေါ်တာအဖြစ်အတင်းအကြပ်သယ်ယူခိုင်းခဲ့ကြောင်းသတင်းရရှိသည်။

DKBA မှပြန်လည်ပေါင်းစည်းမှုနှင့် နအဖတပ်၏လူမဆန်မှု

တပ်မဟာ(၁) သထုံခရိုင်။
- ၂၂.၀၈.၂၀၁၀နေ့ တွင် DKBAတပ်ရင်း(၂)မှ မောင်လှဦး/စောအယ်ထူး တို့သည် တပ်မဟာ (၁)သို့ပြန်လည်ဝင်ရောက်ခဲ့သည်။ သူတို့နှင့်အတူ AR ၂လက် ကျည်ဆံ၁၄၈တောင့်၊ AK ၁လက် ကျည်ဆံ (၁၇)တောင့်တို့ပြန်ပါလာခဲ့သည်။

တပ်မဟာ(၂) တောင်ငူခရိုင်။
- ထန်းတပင်မြို့နယ်၊၁၀.၀၈.၂၀၁၀နေ့တွင်စကခ(၇)ခမရ(၄၂၆)ဒုရင်းမှူးဗိုလ်မှူးစိုးလှိုင်သည်ခလယ်လာရွာ ကောသေးဒဲရွာမှရွာသူရွာသားများအားဖမ်းဆီးအကြပ်ကိုင်ပြီးထိုရွာများအနီးတဝိုက်တွင်တိုက်ပွဲများဖြစ်ပွားမှာကိုကြောက်သဖြင့်သူပြောတဲ့အတိုင်းလုပ်ရမည်ဟုပြောဆို ခြိမ်းခြောက်ခဲ့သည်။ သူပြောတဲ့အတိုင်းမလုပ် ပဲတိုက်ပွဲများဖြစ်ပွားခဲ့လျှင် တောင်ယာတောထဲသွားရေးလာရေး၊လုပ်ကိုင်မှုများကိုပိတ်ပင်မည့်အပြင်ရွာထဲ မှရွာပြင်ထွက်ခွင့်ကိုပါပိတ်မည်ဟုခြိမ်းခြောက်သည်။

Read More...

သန်းရွှေ ကျူးလွန်တဲ့ လူမဆန်မှု

From_BurmaToday

ဒီကေဘီအေမှ ပြန်လည်ပေါင်းစည်းမှုသတင်း နှင့် လူမဆန်မှုသတင်း

သထုံခရိုင်၊ တပ်မဟာ(၁)။

- ဒီကေဘီအေ ၉၉၉ တပ်ရင်း(၂)မှ တပ်သား ရွှေထီး သည် ၆၀ မမ တစ်လက်၊ ဗုံးသီး လေးလုံးနှင့်အတူ KNLA တပ်မဟာ(၁) လက်အောက်ခံတပ်များသို့ ၁၉၊ ၀၈၊ ၂၀၁၀ ရက်နေ့ တွင်လည်းကောင်း၊ DKBA ၉၉၉ မှ တပ်စုမှူး စောသန်းစိုး၊ တပ်သား စောအောင်ကိုလတ်၊ စောကိုကို၊ စောဖြူကျော် တို့ သည် AK47 (၄ လက်)၊ ကျည်ကပ် ၆ ချပ်၊ ကျည်တောင့် ၅၄ တောင့်၊ ကာဘိုင်တစ်လက်၊ ကျည်ကပ်တချပ်၊ ကျည်တောင့် ၁၆ တောင့်၊ M 16 တစ်လက်၊ ကျည်ကပ် နှစ်ချပ်၊ ကျည်တောင့် ၅၀၊ စကားပြောစက် YAESU တစ်လုံး၊ ကျောပိုးအိတ် လေးလုံး၊ အီကွင့်မက် နှစ်စုံ နှင့်အတူ ၂၁၊ ၀၈၊ ၂၀၁၀ ရက်နေ့ တွင် လည်းကောင်း၊ အသီးသီး လက်နက်ချ ၀င်ရောက်လာကြောင်း သတင်းရရှိပါသည်။
- ဘီးလင်းမြို့နယ်၊ DKBA (333)မှ ဒါးဝင်းသည် ၁၅၀၈၂၀၁၀ နေ့တွင်မယ်ပရိခီး၊ကစယ်ဖိုး၊ညာဆူထာ၊ဇီးကုန်း၊ ပဒတ်ဒေါ၊ဘောဝေါထာ၊ဝေါလေ ရွာများကို အိမ်ထောင်စုစာရင်းတောင်းယူပြီး ထိုရွာများရှိတစ်အိမ်လျှင် ဝါးရိုင်း ၂၀ချောင်းစီ အတင်းအဓမ္မတောင်းယူခဲ့သည်။

Read More...

ရဲမွန်တပ်၏လက်ရှိ သတင်း

BBC Burmese - မြန်မာ့ရေးရာ ..

ကြားဖြတ်သတင်း

တပ်မဟာ(၇) ဖားအံ့ခရိုင်။


၁၉.၀၈.၂၀၁၀နေ့ ၂၃း၀၀အချိန်တွင် DKBA အထူးတပ်ရင်းမှ တပ်ကြပ်စိန်တင်ဝင်းသည် မိခင်KNU/KNLA သို့ပြန်လည်ခိုလှုံခဲ့သည်။ သူနှင့်အတူ RPG-7 တလက်၊ ဒုံးကျည်၎လုံးနှင့် စကားပြောစက်အသေး၁လုံးပါယူဆောင် ခဲ့သည်။