KPF မှပြန်လည်ပေါင်းစည်းမှု နှင့် နအဖတပ်၏လူမဆန်မှုသတင်း

တပ်မဟာ(၃) ညောင်လေးပင်ခရိုင်။
- မြောက်ဦးရှိနအဖတပ်နှင့်ပြည့်သူ့စစ်တို့ပူးပေါင်းပြီးပေါ်ပီဒဲ၊မြောက်ဦးဂွင်တွင်ဗိုလ်သန့်ဇင်ဦးဆောင်တဲ့ထိုအုပ်စုသည် ထိုအရပ်ဒေသရှိ ကရင်လူထုများ၏လုပ်ပိုင်ခွင့်တွေကိုအကြပ်ကိုင်ပိတ်ပင်တားဆီးရုံမကပဲ ဖမ်းဆီးချုပ် နှောင်တဲ့အထိလူမဆန်မှုတွေကိုကျူးလွန်နေကြောင်းသတင်းရရှိသည်။
- ၃၊ ၈၊ ၂၀၁၀ ရက်နေ့ တွင် နအဖ တပ်မှ ခမရ ၆၃၁ တပ်ဖွဲ ၀င်များသည် ညောင်လေးပင် ခရိုင်ရှိ မူသယ်ရွာသို့ဝင်ရောက်ပြီးတောင်ယာတဲတွင်နေထိုင်သောစောမော်သေ(၄၅နှစ်)၊နော်ဖေါမူဝါး(၄၃)နှစ် တို့ အားဖမ်းဆီးပြီး ပြင်းပြင်းထန်ထန် သေနတ်ဒင်ဖြင့် ထုထောင်းရိုက်နက်ပါသည်။ ဤကဲ့ သို့ထုထောင်းရိုက်နက်ပြီးအမျိုးသမီးအားရိုက်နက်သည့်နေရာမှထားခဲ့ကာအမျိုးသားအားခေါ် ဆောင်သွားပါသည်။ လမ်းခုလပ်တွင်စောမော်သေးအားပြန်လည်ပစ်ခဲ့သည်ဟုသတင်းရရှိပါသည်။

တပ်မဟာ(၆) ဒူးပလာယာခရိုင်။
- ၁၆.၀၈.၂၀၁၀နေ့တွင် KPF တပ်ရင်း၂ တပ်ခွဲ၎ မှလူများ မိမိတို့တပ်ရင်း၁၇နှင့်ပြန်လည်ပူးပေါင်းခဲ့ သည်။ ထိုပြန်လာသောသူများမှာ (၁) စောနီ အသက် ၂၃နှစ် ရာထူး-တပ်ကြပ်ကြီး (၂) စောဗီဒီယို အသက်၁၇နှစ် ရာထူး-တပ်သား (၄) စောတကယ် အသက်၁၈နှစ် ရာထူး-တပ်ကြပ်(၄)စောခူးနားတူအသက်၁၆နှစ် ရာထူး-တပ်သား စသည်တို့ဖြစ်သည်။ သူတို့နှင့်အတူ AK ၃လက် ကျည်ကပ်၃ကပ်နှင့် ကျည်ဆံ ၇ တောင့်တို့ပါရှိခဲ့သည်။

0 comments:

Post a Comment