နအဖ တပ်သားများ နှင့် အရာရှိများ နေ့စဉ်တပ်ပြေးနေ

သျှမ်းသံတော်ဆင့်သတင်း မှ......

နအဖ စစ်တပ်တွင် တပ်သားရဲဘော်များ အပါအဝင် အရာရှိများပါ နေ့စဉ်နေ့တိုင်းတပ်မှ ထွက်ပြေး နေကြောင်း တပ်မိသားစု အရာရှိအသိုင်းဝိုင်း နှင့် နီးစပ်သည့် ပုဂ္ဂိုလ်တဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။
“ဗမာ စစ်တပ်မှာ ကြီးနိုင် ငယ်ညှင်းအကျင့်။ နောက်တခု အထက်အရာရှိတွေက ဝါးကြောအရမ်း ကောင်းတယ်။ လက်အောက် ငယ်သားတွေက ဘာခံစားခွင့်မှ မရှိဘူး။ ဆင်းရဲငတ်ပြတ်ကြတယ်။ အဲဒီကြားထဲ လစာက ဟိုဖြတ် ဖြတ်ဒီ ဖြတ် ဆိုတော့ လကုန် ရင်ဘာမှ မကျန်ဘူး၊ ကိုယ့်လုပ်အားနဲ့ ရတဲ့လစာမိဘကိုကန်တော့ဖို့ စီစဉ်ထား တာလဲတခါမှမပို့ ဖြစ်ဘူး လို့ အရာရှိငယ်တဦး ပြောပြဖူးတယ်” - ဟု အဆိုပါပုဂ္ဂိုလ်က ပြောပြ ပါသည်။

Read More...

တိုက်ပွဲသတင်း

ဆုံဆည်းရာ မှ...

နအဖ စစ်တပ်တွေ ကရင်ပြည်နယ်အတွင် စစ်ရေးအင်အားဖြည့်တင်းမှုတွေ ပြုလုပ်နေဆဲပါ။ ရခိုင်ပြည်နယ်ရှိ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တပ်မ (၄၄) လက်အောက်ခံ တပ်ရင်းများ ကောကရိတ်ကို ပို့ဆောင်ပြီး အင်အားဖြည့်တင်း နေပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီ ပထမ ပတ်ကစတင်ပြီး ဒီကေဘီအေတပ်တွေကို ၄ ရက်အတွင်း အပြီးတိုက်မယ်ဆိုတဲ့ စကားတွေ ထွက်ပေါ်ခဲ့ပေမယ့် လက်တွေ့ စစ်ရေးအရမှာ နအဖ စစ်ဆင်ရေးတွေ သူတို့မျှော်မှန်းသလောက် အောင်မြင်မှုမရှိခဲ့ဘူးလို့ ပြောဆိုရမှာပါ။ ယခုတခါလည်း ဒီကေဘီအေ တပ်တွေကို ဇန်န၀ါရီလ ၃၁ ရက်နေ့ အပြီး တိုက်မယ်ဆိုပြီး စကားတွေ ထွက်ပေါ်လာပြန်ပါတယ်။ ထိုကဲ့သို့ ပြောဆိုနေပေမယ့် နအဖ စစ်တပ်တွေကတော့ ဒီကေဘီအေ တပ်တွေရဲ့ ရှေ့ထွက်မိုင်းနဲ့ ပျောက်ကြား တိုက်ခိုက်မှုဒဏ်တွေကို အလူးအလဲခံနေရပြီး ထိခိုက်ဒဏ်ရာရမှုတွေ၊ သေဆုံးမှုတွေသာ များပြားလာပြီး စစ်ပြေး၊ ပေါ်တာပြေးတွေလည်း တနေ့ထက်တနေ့ ပိုမို များပြားလာပါတယ်။

ကေအန်ယူ တပ်မဟာ (၂) တောင်ငူ ခရိုင်တွင်လည်း နအဖ စစ်တပ်မှ စစ်အင်အားတိုးချဲ့မှုတွေ ပြုလုပ်လာပါတယ်။ ယခင် စကခ(၇)မှ တပ်ရင်း ၇ ရင်းနှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်ရင်းများ၊ နအဖ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ (၉)လက်အောက်ခံ တပ်ရင်း ၇ရင်းနှင့် စကခ(၄) လက်အောက်ခံ တပ်ရင်း ၇ရင်း တပ်ရင်းပေါင်း ၃၀ ကျော်နဲ့ အကျဉ်းသားများ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေပြုလုပ်လာပါတယ်။

Read More...

စစ်အစိုးရကိုဒဏ်ခတ်မှု အမေရိကန်ရုပ်သိမ်းမှာမဟုတ်

VOA သတင်းမှ.............

မြန်မာနိုင်ငံအပေါ် တားဆီးပိတ်ဆို့မှုတွေ ဒဏ်ခတ်ထားတာကို လောလောဆယ် ရုပ်သိမ်းပေးဖို့ အစီအစဉ်မရှိဘူးလို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနက သောကြာနေ့ကပြောဆိုလိုက်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး အပြည့်စုံကို ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။
မြန်မာနိုင်ငံအပေါ်မှာ တားဆီးပိတ်ဆို့မှုတွေနဲ့ ဒဏ်ခတ်ထားတာကို ရုပ်သိမ်းပေးရေးအတွက် အာဆီယံနိုင်ငံတွေကရော၊ ပြည်တွင်းက နိုင်ငံရေးပါတီတွေကပါ တောင်းဆိုသံတွေ ဆူဆူညံညံ ထွက်ပေါ်လာတဲ့အချိန်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အခုလို ပြောဆိုလိုက်တာပါ။ အမေရိကန်ပြည်ထောင်စုက မြန်မာစစ်အစိုးရအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ပတ်သက်ပြီး သက်ဆိုင်သူတွေနဲ့ ပုံမှန်ဆွေးနွေးမှုတွေ ရှိနေပြီး ထိရောက်မှုနဲ့ အကျိုးသက်ရောက်မှု အတိုင်းအတာတွေကိုလည်း မျက်ခြေမပျက် အကဲခတ်သုံးသပ်နေတဲ့အကြောင်းကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီဂျေခရော်လီ (P.J Crowley) က သောကြာနေ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောဆိုလိုက်ပါတယ်။

Read More...

သနားစရာ စစ်ခွေးမသာ

ဇန်နဝါရီလ ၁၄နေ့ ကွယ်ကလူသတင်းမှ KNU/KNLAတပ်မဟာ၎ ကစစ်ခွေးတွေကိုဆုံးမလိုက်တဲ့
တင်းကို ဝမ်းသာအားရနဲ့ ဖတ်လိုက်ကြဗျာ.....................
Kwekalu's News

BGF ဒုတပ်ကြပ်တဦးနှင့် ရဲဘော်တဦး KNU ထံ လာရောက်ပူးပေါင်း

KIC သတင်းမှ..................
စောခါးစူးညား (ကေအိုင်စီ)

KNU တပ်မဟာ(၇)နယ်မြေအတွင်း လှုပ်ရှားနေသည့် နယ်ခြားစောင့်တပ်-BGF (၁၀၁၈)တပ်ရင်းမှ ဒုတပ်ကြပ်ဖြစ်သူ စောသောင်းထွန်းကျော်နှင့် တပ်သားဖြစ်သူ စောအောင်စိုးမင်းတို့သည် AR သေနတ် ၂လက်၊ မက္ကစင်း ၆ချပ်၊ ကျည် တောင့် ၂၀၀နှင့်အတူ ယမန်နေ့ညနေ ၃နာရီခန့်တွင် နယ်မြေခံ KNLA တပ်ဖွဲ့ဝင်ထံ လာရောက်ပူးပေါင်းခဲ့သည်။

“ကျနော်တို့ BGF လုပ်တာ နအဖ ကျွန်ခံတာပဲ။ DKBA ဆိုရင်တော့ တမျိုးပေါ့နော်။ BGF ကတော့ မလုပ်ချင်ဘူး။ ဒါ ကြောင့် ပြန်လာတာ။ ကျနော်တို့လို နောက်ပြန်လာမယ့်သူလည်း ရှိမှာပဲ။ အခု ကိုယ့်မိခင် အဖွဲ့အစည်းနဲ့ ပြန်တွေ့ခွင့် ရတာ ၀မ်းသာတယ်။ ရှေ့ဆက် KNU မှာပဲ အလုပ်ဆက်လုပ်ဖို့ ရှိတယ်။”ဟု ပြောသည်။

၎င်းတို့နှစ်ဦးအနက် စောအောင်စိုးမင်းမှာ အသက်မပြည့်သေးသည့် ကလေးစစ်သားဖြစ်ပြီး KNU အနေဖြင့် လက်ခံ၍ မရကြောင်း KNU တပ်မဟာ(၇) ဒုရုံးထိုင်မှူး ဗိုလ်ကြီးစောမျိုးမင်းသူက ကေအိုင်စီကို ပြောသည်။

Read More...

တောင်ငူမြို့တွင် လုံခြုံရေး ပိုတင်းကြပ်လာ

KIC သတင်းမှ.......

ကရင်ပြည်နယ်မြောက်ပိုင်း (ပဲခူးတိုင်းအရှေ့ခြမ်း)ရှိ တောင်ငူမြို့တွင် ယခုအချိန်တွင် သက်ဆိုင်ရာအာဏာပိုင်များက မြို့တွင်းမြို့ပြင် လုံခြုံရေး ပိုမိုချထားလာသည့်အပြင် တောင်ပေါ်ဒေသနှင့် ဆက်သွယ်သွားလာသော ကားလမ်းများကိုလည်း ပိတ်ဆို့ထားလိုက်သည့် အတွက်ကြောင့် ဒေသခံများ၏ မိသားစုစီးပွားရေးကို ထိခိုက်စေသည်ဟု ဒေသခံများက ပြောသည်။

တောင်ငူမြို့ခံတဦးက “အခုချိန်မှာ တောင်ငူမှာက စစ်တပ်တွေက သံလမ်း၊ ကားလမ်းတွေမှာ လုံခြုံရေးအပြည့် ယူထားတယ်။ မြို့ တွင်းလုံခြုံရေး အကုန်လုံးပေါ့နော်။ တောင်ငူ-ဇရပ်ကြီး၊ ကျောက်ကြီး အဲဒီဘက်ကိုသွားတဲ့ ကားလမ်း၊ တောင်ငူ-သံတောင်ကြီး၊ တောင်ငူ-ဘောဂလိသွားတဲ့ ကားလမ်းအကုန်လုံးကို တင်းတင်းကြပ်ကြပ်ပဲ။”ဟု ကေအိုင်စီကို ပြောသည်။

Read More...

ကေအဲန်ယူ ပစ်ခတ်မှုကြောင့် စက်လှေပါ နအဖစစ်သားများ သေကြေ ပျောက်ဆုံး

KIC သတင်းမှ.........

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ်တွင် သံလွင်မြစ်အတွင်း နအဖစစ်သား ၁၀ဦး ပါလာသည့် စက်လှေကို ပြီးခဲ့သည့် ရက်ပိုင်းက ကေအဲန်ယူ တပ်မဟာ(၅)တပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့သဖြင့် စက်လှေတိမ်းမှောက်ကာ နအဖတပ်သားအားလုံး သေကြေပျောက်ဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၆ရက်နေ့ညနေ ၄နာရီခန့်တွင် တခေါ်ထာ့ရှိ နအဖ ခမရ(၂၀)တပ်ရင်းမှ တပ်ဖွဲ့ ၁၀ဦးသည် သေမုထာ့ မှ တခေါ်ထာ့သို့ စက်လှေဖြင့် အပြန်လမ်းတွင် ကင်းလှည့်လည်နေသည့် ကေအဲန်ယူ တပ်မဟာ(၅)တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှု ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်ဟု ကေအဲန်ယူ တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူးစောကလယ်ဒို့က ယခုလို ပြောသည်။

Read More...

တောင်ငူဒေသတွင် နအဖ တပ်ရင်း (၁၄)ရင်း တိုးချဲ့လှုပ်ရှားလာ

KIC သတင်းမှ............

ပဲခူးတိုင်းအရှေ့ခြမ်းဖြစ်သည့် ကရင်ပြည်နယ်မြောက်ပိုင်း၊ တောင်ငူဒေသတွင် ယခုလဆန်းပိုင်းမှစ၍ အင်အား ၁,၀၀၀ကျော်ရှိသည့် နအဖ တပ်ရင်း ၁၄ရင်း တိုးချဲ့လှုပ်ရှားလာသည်ဟု ထိုဒေသမှ လာသည့်သတင်းအရ သိရသည်။

နအဖ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ (၉)လက်အောက်ခံ တပ်ရင်း ၇ရင်းနှင့် စကခ(၄) လက်အောက်ခံ တပ်ရင်း ၇ရင်းတို့သည် ရာနှင့် ချီသော အကျဉ်းသားများနှင့်အတူ ယခုဇန်န၀ါရီလ ၈ရက်နေ့ကပြီး ကရင်အမျိုးသားအစည်းအရုံး (KNU)ထိန်းချုပ်နယ်မြေ တောင်ငူ ခရိုင်အတွင်းသို့ ဝင်ရောက်လှုပ်ရှားလာသည်ဟု တောင်ငူနယ်ခံတဦးက ယခုလို ပြောသည်။

Read More...

ပဲခူးတွင် စစ်မှုမထမ်းမနေရ ဥပဒေ ကို ဆန့် ကျင်ကန့် ကွက် ရန် စတင်

FNG မှ...........

ပဲခူးမြို့မှ ကျား/မလူငယ်များကစစ်မှုမထမ်းမနေရဥပဒေကိုဆန့်ကျင်ရန်လူငယ်ထုအတွင်းစည်းရုံးပြောဆိုမှုများကိုယခုရက်ပိုင်းအတွင်းပြုလုပ်နေကြောင်း FREEDOM NEWS GROUP မှသိခဲ့ရသည်။

အသက်(၂၀)အရွယ် ပဲခူးလူငယ်တစ်ဦးက “စစ်မှုမထမ်းရင်ထောင်(၅)နှစ်မကလို့(၁၀)နှစ် ချလဲခံမယ်၊ စစ်သားတော့လုံးဝမလုပ်နိုင်ဘူး” ဟုပြောပါသည်။

Read More...

နေရွှေသွေးအောင် က ဒု ကာကွယ်ရေး ဦးစီးချုပ် နေရာ ကို ယူမည်

myanmarwikileaks မှ........

သောက်သုံးမကျတဲ့ ကောင်ကဘာရာထူးများထပ်ယူဦးမလဲ.....စောင့်ကြည့်ကြသေးတာပေါ့.....ရောင်ပြီးတော့ ကရင်ပြည်နယ်ဘက်ကို ရှေ့ တန်းထွက်ဖို့ စိတ်မကူးနဲ့ ......မင်းရဲ့ ခေါင်းအတွက် ဆုကြေးတွေက တန်းစီပြီးတော့ လာလိမ့်မယ်...မအေဘေးခွေးသူတောင်းစားရေ....

မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ မြေးဖြစ် သူ အသက် ၂၁ နှစ် အရွယ်ရှိ နေရွှေသွေးအောင် က ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေး ၏ ရာထူး ဖြစ်သည့် ဒုတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရာထူး ကိုရယူမည် ဟု နေပြည်တော် ရှိ စစ်ဗိုလ်ချုပ် များ အသိုင်းအ၀ိုင်း တွင် သတင်း ထွက်ပေါ်နေသည် ဟု ဗိုလ်ချုပ်ကြီး တစ်ဦး ၏ သားဖြစ်သူ က မြန်မာ ၀ီကီလိခ် သို့ ယမန်နေ့ က ပေးပို့ သည့် စာတွင် ပါရှိသည်။
အသက်အရွယ် အိုမင်းရင့်ရော်လှပြီ ဖြစ်သည့် ဒုဗိုလ်ချုပ်မှုးကြီး မောင်အေးသည် ၎င်း၏ ရာထူးတာဝန်များ ကို လများစွာ မကြာမြှင့်မှီမှာပင်စွန့့် လွတ် သည့်အခါ ထိုလစ်လပ် သည့် နေရာ အတွက် တရုတ် စစ်တက္ကသိုလ် တစ်ခု တွင် တက်ရောက် ပညာသင်ကြား ခွင့်ရထားသည့် နေရွှေသွေးအောင် က တာဝန်ထမ်းဆောင် မည် ဖြစ်သည်။

Read More...

ဒီကေဘီအေထံ ရောက်ရှိလာတဲ့ နအဖ ကလေးစစ်သား ၂ ဦးနဲ့ တွေ့ဆုံမေးမြန်း(ရုပ်သံ)







ငြိမ်းချမ်းရေးတွက် စစ်တိုက်ရတာ ဟု DKBA ပြော

FNG သတင်းမှ..........

DKBA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးဆန်းအောင်မှယနေ့တိုက်ပွဲဝင်နေရတာဟာငြိမ်းချမ်းရေကိုမြတ်နိုးလို့ တိုက်ပွဲဝင်နေရခြင်းဖြစ်ကြောင်း FNGသို့ ပြောသည်။ ငြိမ်းချမ်းရေး ကိုနအဖစစ်အစိုးရဆီကတောင်းဆိုလို့ မရနိုင်ကြောင်း၊ တောင်းဆိုခဲ့သည်မှာနှစ်ပေါင်း ၁၀စုနှစ်၃စုမကရှိပြီဖြစ်ကြောင်း တိုက်ပြီးမှ ငြိမ်းချမ်းရေးစကားပြောကျန်တိုင်းရင်သားလက်နက်ကိုင်များလည်း တိုက်ပွဲဝင်ရမည့်အချိန်ကြရောက်ပြီ ဖြစ်ကြောင်းပြောဆိုခဲ့သည်။

နအဖစစ်တပ်သည် ကရင်ပြည်နယ် DKBA ဝေါ်လေဒေသကိုအကြီးအကျယ်ထိုးစစ်ဆင်နေပြီးနေ့စဉ်လက်နက်ကြီးများရာနဲ့ချီ်ပြီး ပစ်ခတ်နေကြောင်း၊စစ်တပ်ရှေ့တွင်ထောင်ကျအကျဉ်းသားများကိုလူသားမိုင်းရှင်းကိရိယာအဖြစ်စစ်သားများ၏ရှေ့မှလူသားဒိုင်းသဖွယ်အသုံးပြုနေကြောင်းနှင့်လက်ရှိ အခြေအနေများကိုရှင်းပြခဲ့သည်။

Read More...

ကရင်ပြည်နယ် တိုက်ပွဲ နအဖ လက်နက်ကြီးများ ဆက်သုံး

ဧရာဝတီ သတင်းမှ...........

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် အတွင်း ပြင်းထန်စွာ ဖြစ်ပွားနေသော တပတ်ကျော်ရှိ တိုက်ပွဲများတွင် နအဖ တပ်များက လက်နက်ကြီးများကို အသုံးပြု၍ ဆက်လက် ပစ်ခတ်နေကြောင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) တပ်မဟာ ၅ နှင့် ကရင် အမျိုးသား အစည်းအရုံး(KNU) တပ်ဖွဲ့ဝင်များက ပြောသည်။
ပြီးခဲ့သည့် နှစ်ရက်အတွင်း KNU ဌာနချုပ် အဟောင်းဖြစ်သည့် ကရင်ပြည်နယ် မာနယ်ပလော ဒေသ အပါအ၀င် ကစောဝါးလေး၊ နုဒေး၊ ဝေါ်လေနှင့် ဖလူး ဒေသများ၌ နအဖ တပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု DKBA အရာရှိ တဦးက ပြောပြသည်။

ထိုင်း-မြန်မာ နယ်စပ်တွင် မကြာသေးခင်က ကျရောက်ပေါက်ကွဲခဲ့သည့် လက်နက်ကြီး အပိုင်းအစကို ကရင်ရွာသား တဦးက ပြသနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)

Read More...

ဒီကနေ့ နအဖ ၁၃ ယောက်ကျတဲ့ သရက်ပင် စခန်းတိုက်ပွဲ

နေ့ သစ်မှ.......

ဖလူးစစ်ဒေသမှာဖြစ်ပွားနေတဲ့ ဒီကေဘီကေအေ တပ်ဖွဲ့တွေနဲ့ နအဖ တပ်တွေဟာ နေ့စဉ်ဆိုသလို ဆက်တိုက်ဖြစ်ပွားနေတယ်ပါတယ်။ ဒီနေ့ နေ့လည် ၂ နာရီလောက်မှာ ကချောဝါးလေးကုန်းအနောက်တောင်ဘက်လောက်မှာရှိတဲ့ သရက်ပင်စခန်းမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
သရက်ပင်စခန်းတိုက်ပွဲမှာ နအဖ ခမရ ၃၅၇ မှ တပ်သား အလောင်းနှစ်လောင်းကို ဒီကေဘီကေဘက်က ရရှိခဲ့ပြီး ဒီနေ့တိုက်ပွဲတခုလုံမှာ နအဖ ဘက်က ၁၃ ယောက်သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒီကေဘီအေ တပ်ဖွဲ့မှ ဗိုလ်ဆန်းအောင်က ခုလိုပြောပြတယ်။

Read More...

DKBA ကို နအဖ က လက်နက်ကြီးများဖြင့် ဆက်ပစ်နေ

ဧရာဝတီ သတင်းမှ........

နအဖ တပ်များက DKBA တပ်များကို လက်နက်ကြီးများဖြင့် ယမန်နေ့အထိ ပစ်ခတ်နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။ ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်လာဥ ဒုက္ခသည်စခန်းအနီးတွင်လည်း ယမန်နေ့ညအထိ လက်နက်ကြီးများ ကျရောက် ပေါက် ကွဲသံကို ကြားနေရဆဲဖြစ်ပြီး စခန်းတွင်းနေထိုင်သည့် ဒုက္ခသည်များမှာ လက်နက်ကြီးများ ကျရောက်ပါက ရှောင်တိမ်း နိုင် ရန် ပြင်ဆင်ထားကြောင်းလည်း သိရှိရသည်။

ဖလူးစစ်ဒေသမှာ အကျဉ်းသားပေါ်တာတွေ ထိုင်းနိုင်ငံဘက် ထွက်ပြေး

နေ့ သစ်မှ............

မနေ့ည ၁၀ နာရီဝန်ကျင်လောက်မှာ ဖလူးစစ်ဒေသက နအဖ ဘက်က ခေါ်လာတဲ့ အကျဉ်းသားပေါ်တာ တွေ အစုလိုက်ထွက်ပြေးပြီး ထိုင်းနိုင်ငံဘက်ကို ဖြတ်ကူးလာတယ်လို့ သိရှိရပါတယ်။
ဒီကေဘီအေတပ်ဖွဲ့တွေကို ထိုးစစ်ဆင်ရာမှာ လူသားမိုင်းရှင်းကရိယာ၊ အထမ်းသမားအဖြစ်နဲ့သုံးဘို့ နအဖ စစ်တပ်တွေ မြန်မာပြည်အနယ်အနယ်အရပ်ရပ်မှာရှိတဲ့ အကျဉ်းထောင်တွေက အကျဉ်းသားတွေကို စစ်မြေပြင်မှာ အသုံးပြုဖို့ ခေါ်လာခဲ့ကြောင်း တွေမြင်ခဲ့ရတဲ့ ရွာသားတွေ ထွက်ပြေးလွတ်မြောက်လာတဲ့ အ ကျဉ်းသား အထမ်သမားတွေ ပြောပြချက်အရ သိရှိခဲ့ရပါတယ်။ မနေ့ကတော့ ဖလူးစစ်ဒေသ နအဖ စစ် ကြောင်းက အကျဉ်းသားအထမ်းသမားတစုဟာ ည ၁၀ နာရီလောက်မှာ သောင်ရင်းမြစ်ကိုဖြတ်ကူးပြီး ထိုင်းနိုင်ငံထဲကို ထွက်ပြေးရောက်ရှိခဲ့တယ်။
အကျဉ်းသားအထမ်းသမားတွေ သောင်ရင်းမြစ်ထဲ ခုန်ချ ထွက်ပြေးတာကို နအဖ တပ်တွေက နောက်ကနေ သေနတ်နဲ့ လိုက်လံပစ်ခတ်တဲ့အတွက် ထိုင်းနိုင်ငံဘက်ထွက်ပြေးလာသူထဲကတဦးရဲ့ လက်ကို ကျည်ဆံ ထိမှန်ခဲ့ပါတယ်။

Read More...

တိုက်ပွဲသတင်း

ဆုံဆည်းရာ မှ.......

ကော့ကရိတ်နှင့် သင်္ကန်းညီနောင်ကားလမ်းကြားရှိ ချောက်ကမ်းပါးနေရာတွင် နအဖ စစ်ကားအား ဒီကေဘီအေမှ ရှေ့ထွက်မိုင်းနှင့် ခြုံခိုတိုက်ခိုက်မှုတို့ကြောင့် နအဖ ဘက်မှ ထိခိုက်ဒဏ်ရာရမှုရှိကြောင်း သိရှိရသည်။

ယနေ့ ဒီကေဘီအေ တပ်မှ ဗိုလ်မှူးကျော်သက် ဦးဆောင်သည့် လေးဒေးနေရာတွင် နအဖ ဘက်မှ လက်နက်ကြီးများနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ညနေ ၆ နာရီခွဲခန့်တွင် ထီးဖိုးသံရွာတွင် အခြေစိုက်နေသည့် နအဖ စစ်တပ်မှ ခမရ (၅၈၈) စစ်ကြောင်း (၂) ဗိုလ်မှူး သန်းထိုက်ဦး ဦးဆောင်တဲ့ စစ်ကြောင်းကို ဒီကေဘီအေ (၉၀၁) တပ်ခွဲ (၂) ဆရာထူးဂေဦးဆောင်သည့် အဖွဲ့မှ ၀င်ရောက်တိုက်ခိုက်ခဲ့ရာ နအဖ စစ်တပ်မှ တပ်ကြပ်ကြီးတဦး သေဆုံးပြီး တပ်သား ၂ ဦး ဒဏ်ရာရှိကြောင်း သိရှိရသည်။