အပစ်အခတ်ရပ်စဲထားသော် လည်း တောင်ငူတွင် တိုက်ပွဲဖြစ်ပွား

စောခါးစူးညား (ကေအိုင်စီ) ကရင်ပြည်နယ်၊ သံတောင်မြို့နယ်ရှိ ၀ါးစိုးရွာအနီး ရှဲလိုဒေါခိုတွင် ကရင်အမျိုးသားအစည်းအရုံး-KNU လက်အောက်ခံတပ်နှင့် မြန်မာအစိုး ရတပ်တို့အကြား ပြီးခဲ့သည့် ဇွန်လ ၂၇ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။ အဆိုပါဒေသရှိ မြန်မာအစိုးရတပ် တပ်မ(၆၆)လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ(၁)သည် KNU ထိန်းချုပ်ထားသည့် သတ်မှတ်နယ် မြေအတွင်း ၀င်ရောက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု KNU တောင်ငူခရိုင်မှ ခရိုင်တာဝန်ခံ စောအယ်ဝါးက ကေအိုင်စီသို့ ယခု လို ပြောသည်။

Read More...

ကရင်နီအမျိုးသားတိုးတက်ရေးပါတီနှင့် အစိုးရတပ် တိုက်ပွဲဖြစ်ပွား

(ကေအိုင်စီ) ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် မြန်မာအစိုးရတပ်တို့ ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး ပဏာမ သဘောတူထားပြီးနောက် ယမန်နေ့က ၎င်းတို့နှစ်ဖွဲ့အကြား ပထမအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ကရင်နီပြည်နယ်၊ မော်ချီးဒေသအတွင်း လှုပ်ရှားနေသည့် ကရင်နီတပ်မတော်နှင့် အင်အား ၈၀ခန့်ရှိသည့် မြန်မာအစိုးရ တပ်ရင်း(၅၃၀)တို့ ဇွန်လ ၂၈ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ အတွင်းရေးမှူး(၁) ခူဦးရယ်က အတည်ပြု ပြောဆိုသည်။

Read More...

သံတောင်မြို့နယ်တွင် အစိုးရတပ်၏ ပစ်ခတ်ခံရသူများ ရှိနေဟုဒေသခံများပြော

ကေအိုင်စီ အပစ်အခတ်ရပ်စဲရေးကာလဖြစ်သော်လည်းကရင်ပြည်နယ် သံတောင်မြို့နယ်တွင် မြန်မာအစိုးရစစ်တပ်၏ ပစ်ခတ်ခံရသူများ ရှိနေသည်ဟုဒေသခံ လူထုများက ပြောသည်။ ထိုဒေသရှိမြန်မာအစိုးရတပ်မ(၆၆)လက်အောက်ခံခြေလျင်တပ်ရင်း(ခလရ-၁)သည် ဇွန်လ ၂၃ရက်နေ့က ဆန်သွားဝယ်၍ ပြန်လာသောဟီဒေါ်ခေါ် နှင့် သေခိုဒဲရွာသား၎ဦးကို ပစ်ခတ်သကဲ့သို့ တောင်ယာခင်းတွင် စုပေါင်းမြက်ခုတ်ထွင်ရှင်းလင်းနေသောဟီဒေါ်ခေါ်ရွာနှင့် ၀ါးစိုးရွာသား ၁၀ဦးကျော်အားပစ်ခတ်ခဲ့ကြောင်းဟီဒေါ်ခေါ်ရွာမှ စောထူးဝေါ်က ကေအိုင်စီသို့ ပြောသည်။

Read More...