လှုပ်ရှား စစ်တပ်က ရွာထဲတွင် မီးရှို့ပြီး မိုင်းဗုံးထောင်

နန်းထူးစံ (ကေအိုင်စီ) မှ...........

ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ သဒါးဒဲကျေးရွာကို ၀င်ရောက်မီးရှို့ဖျက်ဆီးခဲ့သည် နအဖတပ်များသည် ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါ ကျေးရွာမှ မထွက်ခွာခင် ရွာထဲတွင် မိုင်းဗုံးများ ထောင်ထားခဲ့သောကြောင့် ရွာသူရွာသားများ အိမ်ပြန်ရန် ထိတ်လန့်နေကြ သည်။
နအဖ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ (၁၀) ဗျူဟာ(၂)သည် လူသောမြို့နယ်ရှိ သဒါးဒဲကျေးရွာကို ယမန်နေ့က လက်နက်ကြီးများ ဖြင့် ပစ်ခတ်ခဲ့ကာ ရွာထဲကိုဝင်ပြီး နေအိမ်များ၊ စာသင်ကျောင်းနှင့် ဘုရားကျောင်းတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ယနေ့ ၎င်းတို့ ပြန်မထွက်သွားခင်အချိန်တွင် မိုင်းဗုံးများ ထောင်ထားခဲ့ကြောင်း ဒေသခံတဦး ပြောသည်။

သူက “ဒီနေ့ ညနေပိုင်းမှာ နအဖ တပ်တွေက ရွာထဲကနေ လယ့်ခလိကျိုးဘက်ကို ထွက်သွားပြီ။ မထွက်ခင် ရွာထဲမှာ မိုင်းတွေ ထောင်ထားခဲ့တယ်။ ဒီညနေအထိ မိုင်းက ၃လုံးပေါက်နေပြီ။ လူတွေကို မထိပေမဲ့ အိမ်မွေး ၀က်နှစ်ကောင်နှင့် ဆိတ်တကောင် ထိ သွားတယ်။ ရွာသားတွေကတော့ ကြောက်နေကြတယ်။ ဘယ်သူမှ မပြန်ရဲကြသေးဘူး”ဟု ပြောသည်။

Read More...

မော်လမြိုင်ခရိုင်အတွင်း စစ်တပ် စစ်ရေးလှုပ်ရှားပြီး ရွာသားများအား ပေါ်တာဆွဲ

သတင်း - IMNA မှ..........

ကရင်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားနေသော မြန်မာစစ်အစိုရးတပ်တို့သည် မွန်ပြည်သစ်ပါတီ လက်အောက်ရှိ မော်လမြိုင်ခရိုင်ဒေသတွင် ကရင်အမျိုးသားအစည်းအရုံးကို ထိုးစစ်ဆင်ရန်အတွက် ဒေသခံလယ်သမားနှင့် ရွာသားများကို ပေါ်တာဆွဲနေသည်။

ပဲခူးတိုင်း ပဲခူးမြို့ အခြေစိုက် အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ်နှင့် ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA) ဒီကေဘီအေ တပ်ရင်း ၉၀၆၊ ၉၀၇ တို့ ပူးပေါင်းပြီး ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ကို ထိုးစစ်ဆင်ရန်အတွက် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်ဒေသတွင် စစ်ရေးလှုပ်ရှားနေသည်။

Read More...

ဖာပွန်ခရိုင်မှ သဒါးဒဲကျေးရွာ ရွာလုံးကျွတ် မီးရှို့ခံရ

နန်းထူးစံ (ကေအိုင်စီ)

ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်ခရိုင်၊ လူသောမြို့နယ်အတွင်းရှိ သဒါးဒဲကျေးရွာတွင် ယနေ့မွန်းလွဲပိုင်း ၂း၃၀နာရီအချိန်၌ နအဖ စစ်ကြောင်းတကြောင်း ၀င်ရောက်လာပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးလိုက်သည်ဟု နယ်ခံတဦးက ပြောသည်။
သူက “ဒီနေ့ ညနေပိုင်း ၂နာရီခွဲလောက်မှာ နအဖတပ်တွေက သဒါးဒဲရွာထဲမှာ ရောက်လာပြီး ရွာလုံးကျွတ်ကို မီးရှို့ဖျက်ဆီးလိုက် တယ်။ သူတို့(နအဖ) ရွာထဲကို မလာခင်မှာ မနေ့က လက်နက်ကြီးတွေနဲ့ ရွာထဲမှာ လှမ်းပစ်တယ်။ ရွာသားတွေကတော့ ရွာထဲမှာ လက်နက်ကြီးတွေ ကျလာတော့ ကိုယ်လွတ်ရုန်း ထွက်ပြေးကြတာပေါ့၊”ဟု ပြောသည်။

Read More...

မြောက်ကိုရီးယား-မြန်မာ ဆက်သွယ်မှု အမေရိကန်သတိပေး

VOA သတင်းမှ...........

အာဆီယံနိုင်ငံ ဆယ်နိုင်ငံနဲ့ မဟာမိတ်နိုင်ငံတွေ တက်ရောက်ကြတဲ့ ဟနွိုင်းမြို့ တော်မှာ ဒီကနေ့စတင်မယ့် ၁၇ ကြိမ်မြောက် ARF ခေါ် အာဆီယံဒေသတွင်း လုံခြုံရေးဆိုင်ရာ ညီလာခံမှာ မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံကိစ္စတွေကို ဦးစားပေးဆွေးနွေးကြဖို့ရှိပါတယ်။ အထူးသဖြင့် မကြာသေးမီက မြောက်ကိုရီးယား သင်္ဘောတစီး မြန်မာနိုင်ငံဆီကို လက်နက်ပစ္စည်း ပို့ဆောင်ခဲ့ တယ်ဆိုတဲ့သတင်းနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း ဇူလိုင်လ ၂၂ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

Read More...

ကြားဖြတ်သတင်း

DKBAမှမိသားစုလက်နက်ခဲယမ်းများနဲ့အတူKNUနှင့်ပြန်လည်ပူးပေါင်းသတင်းရရှိပါသည်။ DKBA တပ်ရင်း၉၀၇ မှ တပ်ကြပ်ကြီး စောဒါးညိုနှင့် မိသားစုသည် ဇူလိုင်လ၁၈ရက်နေ့၂၀၁၀ခုနှစ်တွင်KNUတပ်ရင်း၂၀၁ဆီသို့လက်နက်များနှင့်အတူ ပြန်လည်ခိုလှုံကြောင်း KNU သတင်းရပ်ကွက်မှဖော် ပြထားသည်။ ထိုတပ်ကြပ်ကြီးမိသားစုနှင့်အတူပြန်ပါလာသောလက်နက်များမှာကာဘိုင်၃လက်AK ၂လက်၊ K3 မော်တာ ၁လက်နှင့် ကျည်ဆံခဲယမ်းမီး တောက်များအပြင် စကားပြောစက်အသေး၂လုံးနှင့်သံလိုက်အိမ်မြှောင်၁ခုလည်းပါရှိကြောင်းသိရ သည်။

ကွယ်ကလူသတင်းကိုဘာသာပြန်ဆိုထားသည်။

ဗိုလ်ချုပ်ရဲမြင့် ကမ်းလှမ်းချက် ဒီကေဘီအေ ဗိုလ်နှုတ်ခမ်းမွှေး ငြင်းဆန်

စောသိန်းမြင့်(ကေအိုင်စီ)
နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးရန် နအဖမှ စစ်ဖက်ရေးရာလုံခြုံရေး ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်ကြီးရဲမြင့်၏ ကမ်းလှမ်းချက်အား ဒီကေဘီအေ တပ်မဟာ(၅)မှ တပ်မဟာမှူး ဗိုလ်မှူးကြီးစောလားပွယ် (ဗိုလ်နှုတ်ခမ်း မွှေး)က ငြင်းဆန်လိုက်သည်ဟု ၎င်း၏ လက်အောက်ခံ တပ်မှူးများ၏ ပြောပြချက်အရ သိရသည်။
အမည်မဖော်လိုသူ တပ်မှူးတစ်ဦးက “မနေ့က ညနေ ၄နာရီကျော်ကျော်လောက်မှာ ဗိုလ်ချုပ်ရဲမြင့်ကိုယ်တိုင်က အဖိုး (စော လားပွယ်)ဆီကို တိုက်ရိုက်ဖုန်းဆက်လာတယ်။ အကြောင်းက နယ်ခြားစောင့်တပ်ကူးပြောင်းရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ မြိုင်ကြီးငူမှာ ဒီနေ့ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတာပါ။ ဒါပေမယ့် အဖိုးကြီးကတော့ လုံးဝ မသွားဘူး။ သွားဖို့လည်း အ ကြောင်းမရှိဘူးလို့ပဲ တုန့်ပြန်ဖြေကြားလိုက်တယ်”ဟု ကေအိုင်စီကို ပြောသည်။

Read More...

နအဖ တပ်မှ ကရင်လူထုများကိုအတင်းအဓမ္မဖမ်းဆီးပြီး ခိုင်းစေ

ဘိုညဏ်ဝင်း ဦးဆောင်တဲ့ နအဖ ခြေမြန်တပ်ရင်း၄၀၉ စစ်ကြောင်း၂ သည် ဒူးပလာယာခရိုင် ရေးမြို့နယ်မှ ခိုးခေါရွာသား ၁၆ဦးအားအတင်း အဓမ္မဖမ်းဆီးပြီး စစ်တပ်ပစ္စည်းများကို ခိုးခေါရွာမှ ပနောကလဲခီး အထိ သယ်ယူစေခဲ့သောအကြောင်းကို KNU တပ်မဟာ၆သတင်း ရပ်ကွက် မှဖော်ပြထားပါသည်။
ထိုရွာသား၁၆ ဦးအားစစ်တပ်မစ္စည်းများ သယ်ဆောင်မှုများလုပ်ခိုင်း တဲ့အပြင်ကို ရွာသား၃ဦးအားထိုးနှက်ကန်ကျောက်မှုများကိုလည်း ကျူး လွန်ခဲ့သေးသည်။ ရွာသားစောတာကဝယ် ကိုသေနတ်ဒင်ဖြင့် ၂ချက် ထုနှက်တဲ့အပြင်စောတဲလဲခီးနှင့်စောထွန်းဖေတို့၂ဦးကိုထိုးနှက်ခဲ့ သည်။
ခိုးခေါရွာနှင့်ပနောကလဲခီး တို့၏အကွာအဝေးမှ ၄မိုင်ခန့်သာဝေးပေမဲ့ လည်း နအဖတပ်သည် KNU၏တိုက်ခိုက်မှုကိုသေမတတ်အောင် ကြောက်သဖြင့်တခြားသောလမ်းကိုရွေးသွားခဲ့ကြောင်းသိရှိရသေး သည်။

ကွယ်ကလူသတင်းကိုအကျဉ်းချုပ်ဘာသာပြန်ထားသည်။

တပ်တွင်းလက်နက်တိုက် ပေါက်ကွဲမှု ဒေသခံများ ဖမ်းဆီးခံနေရ

ခေတ်ပြိုင် မှ.........

ကချင်ပြည်နယ် ဟိုပင်မြို့အနောက်ဘက် (၄) မိုင်အကွာတွင် တည်ရှိသည့် ခလရ (၃၈၉) ၏ လက်နက်တိုက် ပေါက်ကွဲမှုနှင့် ပတ်သက်၍ တပ်အနီးရှိ ဒေသခံများအား မသင်္ကာမှုဖြင့် စစ်တပ်က ဖမ်းဆီးထားသည်။

ပြီးခဲ့သည့် ဇွန် (၃၀) ရက်၊ ညနေ (၃) နာရီဝန်းကျင်တွင် ခလရ (၃၈၉) ဗဟိုကင်းစခန်း၏ အနောက်ဘက် လက်နက်တိုက်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုနှင့်ပတ်သက်၍ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အထူးစစ်ဆေးရေးအဖွဲ့များ လာရောက် စစ်ဆေးပြီးနောက်ပိုင်း တပ်အနီးရှိ နူံးချိုနှင့် ရွာသစ်ကြီးကျေးရွာရှိ ကျေးရွာသား (၁ဝ) ဦးကျော်ကို ဖမ်းဆီးထားကြောင်း ရွာသစ်ကြီးကျေးရွာသားတဦးက ပြောသည်။

Read More...

မဗေဒါ88(ဟစ်တိုင်) သို့အိတ်ဖွင့်ပေးစာ....

မှတ်ချက်။ ။ ။ ။
မိတ်ဆွေ တစ်ယောက်ဆီကရရှိလိုက်တဲ့ စာလေးကိုမျှဝေပေးလိုက်ပါတယ်...အဲ့ဒီ မိတ်ဆွေက ဟစ်တိုင်ကိုပေးပို့ပေမဲ့ လည်း ယခုထက်ထိဖော်ပြတင်ဆက်ပေးတာမတွေ့ရသေးလို့ ကျွန်တော် ကညောဖိုး မှတင်ဆက်ပေးလိုက်ပါတယ်။
To Mabaydar

မဲဆောက်-မြ၀တီ တံတားဖြတ်သန်းမှု ရပ်တန့်

ခေတ်ပြိုင် မှ.......

မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတားကို (နေပြည်တော်) မှ တိုက်ရိုက်ညွှန်ကြားချက်အရ အကန့်အသတ်မရှိ ပိတ်လိုက်ခြင်းဖြစ်သည်ဟု မြ၀တီခရိုင် အာဏာပိုင်များက ပြောကြားသည်။

ယခုလဆန်းမှစတင်ကာ မြ၀တီခရိုင်အာဏာပိုင်များက (၄) ကြိမ်ထက်မနည်း ဖွင့်ချီပိတ်ချီ ပြုလုပ်နေသည့် ချစ်ကြည်ရေးတံတားကို ပြီးခဲ့သည့်တနင်္ဂနွေနေ့ နံနက်မှစ၍ အကြမ်းဖက်မှုအန္တရာယ်ရှိသည်ဟု အကြောင်းပြကာ မြန်မာဘက်မှ တံတားကို ထပ်မံပိတ်လိုက်ခြင်းဖြစ်သည်။

Read More...

နိုင်ငံရေးစာအုပ် တွေ့ရှိမှုဖြင့် ကလေးငယ်တဦး အဖမ်းခံရ

ဧရာဝတီ မှ......

ဒေါ်အောင်ဆန်းစုကြည် ရေးသားခဲ့သော “Freedom From Fear” စာအုပ်နှင့် ဦးဝင်းတင်၏ “ဘာလဲဟဲ့ လူ့ငရဲ” စာအုပ်တို့ကို လက်ဝယ်တွေ့ရှိမှုဖြင့် အသက် ၁၄ နှစ်အရွယ်ရှိ ကလေး တဦးကို အာဏာပိုင်များက ယမန်နေ့တွင် ဖမ်းဆီးထားကြောင်း သိရသည်။

ရန်ကုန်မြို့ တာမွေမြို့နယ်မှ ဦးစံသိန်း၏သား မောင်နေလင်းသည် အဆိုပါ စာအုပ်များကို မန္တလေးတိုင်း ကျောက်ပန်းတောင်း မြို့သို့ ပါဆယ်ဖြင့် ပို့ရန် အသွားတွင် တောင်ဥက္ကလာပမြို့နယ်ရှိ ပါရမီ ရွှေမန်းသူကားဂိတ်၌ အဖမ်းခံရခြင်း ဖြစ်ကြောင်း အမည် မဖော်လိုသူ လူငယ်တဦးက ဧရာဝတီသို့ ပြောသည်။

Read More...

ဒီကေဘီအေ တပ်ကြပ်ကြီးတဦး လက်နက်ခဲယမ်းများနှင့်အတူ ကေအဲန်ယူထံ ပူးပေါင်း

ကေအိုင်စီ မှ........

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ကလိုထူးဘောဗျူဟာမှ တပ်ကြပ်ကြီးတစ်ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ကော့ကရိတ်မြို့နယ်၊ ဝေါ်လေဂွင်အခြေစိုက် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ) တပ်ရင်း (၂၀၁)ထံသို့ ယမန်နေ့က လာရောက်ပူးပေါင်းခဲ့ကြောင်း သိရသည်။
ဗိုလ်မှူးကြီး စောလားပွယ်ဦးစီးသော ဒီကေဘီအေ ကလိုထူးဘောဗျူဟာတွင် တပ်ကြပ်ကြီးအဆင့်ထိ တာဝန်ထမ်းဆောင် ခဲ့သူ အသက် (၁၉)နှစ်အရွယ်ရှိ စောဒါးညွန့်သည် နအဖစစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ် ကြောင့် ဒီကေဘီအေတပ်အတွင်း မနေလိုသဖြင့် ကေအဲန်အယ်လ်အေနှင့် လာရောက်ပူးပေါင်းခြင်းဖြစ်သည်ဟု ကေအဲန် အယ်လ်အေ (၂၀၁)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောဘူးဖောက ပြောသည်။

Read More...

နအဖစစ်တပ် ရွာသားများကို အကြောင်းမဲ့ဖမ်းဆီး

ကေအိုင်စီ မှ.............

ကရင်ပြည်နယ်မြောက်ပိုင်း တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် လှုပ်ရှားနေသော နအဖစစ်တပ်များသည် ဒေသခံရွာသား များကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်မှုများ ယခုရက်သတ္တပတ်အတွင်း ဆက်တိုက်လုပ်ဆောင်ခဲ့သည်ဟု သိရှိရသည်။
ယခုလ ဇူလိုင်လ ၁၅ရက်နေ့တွင် စကခ(၇) လက်အောက်ခံ ခလရ(၁၀၂) တပ်ရင်းက ထန်းတပင်မြို့နယ်ရှိ ဟူးမုဒဲရွာသား များဖြစ်သော စောဘေးဘေ့ထူနှင့် စောဟဲကရေ့တို့နှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး တရက်တည်းတွင် ခလရ(၇၃) တပ်ရင်းက ရှားဇီးဘိုရွာသား စောစေးထယ်ကို ရှားဇီးဘိုတပ်စခန်းသို့ ခေါ်ဆောင်သွားခဲ့ရာ ယနေ့အချိန်ထိ ပြန်လွှတ်ပေး ခြင်း မရှိသေးကြောင်း မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ (Free Burma Ranger-FBR)က ပြောသည်။

Read More...

၂၀၁၀ ရွေးကောက်ပွဲ မြန်မာ့လူထုဆန္ဒ မဖော်ပြနိုင်ဟု ဗြိတိန် ဝေဖန်

VOA သတင်းမှ........

မြန်မာနိုင်ငံမှာ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ထပ်ဟပ်မှု မရှိတာကြောင့် ဒီလို ရွေးကောက်ပွဲ အခြေအနေကို ဗြိတိသျှအစိုးရ အနေနဲ့ လက်ခံမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ထိုင်းနိုင်ငံကို ၂ ရက်ကြာ ရောက်ရှိနေတဲ့ ဗြိတိသျှ နိုင်ငံခြားရေး ၀န်ကြီးဌာန အငယ်တန်းဝန်ကြီး ဂျရယ်မီ ဘရောင်း (Jeremy Browne) က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန်း (Kasit Piromya) နဲ့ တွေ့ဆုံအပြီး ဘန်ကောက်မှာ သတင်းထောက်တွေကို မြန်မာနိုင်ငံအကြောင်း ပြောသွားခဲ့တာပါ။

Read More...

ငသန်းရွှေ Hip Hop