လူမဆန်မှုနှင့်ရင်ဆိုင်တိုက်ပွဲသတင်း(နိဂုံး)

တပ်မဟာ(၂) တောင်ငူခရိုင်။
၆.၆.၂၀၁၀နေ့ကော်သေးဒဲအရပ်တွင်လှုပ်ရှားသောနအဖတပ်စကခ(၇)အောက်ခမရ(၄၂၇)တပ် သည်ကော်သေးဒဲရွာသားစောဟဲဘယ်(၇၀)နှစ်နှင့်စောထီးခူ(၂၇)နှစ်တို့၂ဦးကိုဖာလာခြံသို့အသွား ဖမ်းဆီးပြီး နောစိုးစခန်းသို့ပို့ဆောင်ခိုင်းခဲ့ပြီး အခုထက်ထိပြန်လွှတ်မပေးသေးပါ။

၉.၆.၂၀၁၀နေ့ ဘုရင့်နောင်တပ်မြို့မှ နအဖတပ်အုပ်စုတစုသည် သံတောင်မြို့အနီးသို့ဝင်ရောက် လှုပ်ရှားပြီး အရပ်သား/သူ နော်ရှန်ကယ်(၅၃)နှစ်ကိုသေနတ်ဖြင့်ပစ်ခဲ့ရာ ထိုအမျိုးသမီး၏ခြေဖဝါးဒဏ် ရာရခဲ့သည်။

Read More...

နအဖစစ်တပ်အတွင်း ပစ်ခတ်မှုဖြစ်ပွား

စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မောခီးဂွင်၊ ကလော်ဝေါ်ကျေးရွာအခြေစိုက် နအဖ စစ်ကြောင်းတစ်ခုတွင် ယမန်နေ့က အချင်းချင်း ပြဿနာဖြစ်ပွားပြီး ပစ်ခတ်မှုတစ်ရပ်ဖြစ်ပွားခဲ့သည်ဟု ထိုဒေသမှလာသည့် သတင်းအရ သိရသည်။
ထိုနေ့မနက် ၁၁း၃၀နာရီခန့်တွင် ကလော်ဝေါ်ရွာ ဘုန်းကြီးကျောင်း၌ စခန်းထိုင်သည့် စစ်ကွပ်ကဲရေးဌာချုပ်-စကခ(၈) လက် အောက်ခံ ခမရ(၄၀၇) စစ်ကြောင်း(၂)မှ ဒုရင်းမှူး ဒုဗိုလ်မှူးအောင်ဇော်မျိုးနှင့် စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးမှူး တာဝန် ယူထားသည့် ဒုခွဲမှူး ဗိုလ်ကြီးမိုးအောင်ကျော်တို့ အချင်းချင်း စကားများကြရာမှ ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်သည်ဟု ကလော်ဝေါ် ရွာသားတစ်ဦးက ပြောသည်။

Read More...

လူမဆန်မှုနှင့်ရင်ဆိုင်တိုက်ပွဲသတင်း(အပိုင်း ၁)

တပ်မဟာ(၂) တောင်ငူခရိုင်။
ထန်းတပင်မြို့နယ်၊ ပြင်စလို ရှိ နအဖတပ် စကခ(၇) သည်၂၉.၅.၂၀၁၀နေ့တွင် ပြင်စလိုရွာအား အရှည်၁၂ပေရှိ ဝါးအချောင်း၁၀၀ကို အတင်းအဓမ္မခုတ်ပြီးပို့ဆောင်ခိုင်း၊ ဒါ့အပြင် ထိုရွာမှ ရွာသား များကိုသူတို့၏စခန်းသို့ညတိုင်း တညလျှင်၂ဦးစီလာရောက်အိပ်ခိုင်း။ မအားမလပ်သဖြင့်လာ ရောက်မအိပ်နိုင်သော ရွာသား များဖြစ်တဲ့ စောကလဲ ကို၆ချက် စောမော်လယ်ထူးကို၎ချက် ရိုက် နှက်ရာ ၂ဦးစလုံးခေါင်းကွဲခဲ့။

တပ်မဟာ(၃) ညောင်လေးပင်ခရိုင်။
၂၉.၅.၂၀၁၀နေ့တွင်နအဖတပ်ခမရ(၃၅၀)၏အရပ်သားများကိုပစ်ခတ်မှုကြောင့် အရပ်သား၁ဦး ခြေထောက်ကျိုး။

Read More...

ဒေါ်စုကို ဖမ်းဆီးထား၍ စစ်အစိုးရကို ကုလလုပ်ငန်းအဖွဲ့ ရှုတ်ချ

မဇ္ဈိမသတင်းဌာန မှ................
ရေးသားသူ - ဖနိဒါ

မြန်မာစစ်အစိုးရက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားခြင်းသည် တရားမဝင်ကြောင်းနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာ စာတမ်းကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ကုလသမဂ္ဂ လုပ်ငန်းအဖွဲ့က ရှုတ်ချလိုက်သည်။

လာမည့် ၁၉ ရက်နေ့တွင်ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့မတိုင်မီတွင် ရုရှားအပါအဝင် ငါးနိုင်ငံပါဝင်သော ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ လက်အောက်ခံအဖွဲ့ဖြစ်သော ဆွစ်ဇာလန်အခြေစိုက် ကုလသမဂ္ဂ လုပ်ငန်းအဖွဲ့က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

Read More...

မိုးတွင်းပိုင်း ရောက်သော်လည်း ရွာသားများ သောက်သုံးရေ ပို့ပေးနေရဆဲ

စောသိန်းမြင့်(ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဝေါ်လေဂွင်ရှိ ကနဲလေးကျေးရွာအတွင်း အခြေချသည့် နအဖစစ်တပ်သည် မိုးတွင်းကာလ ရောက် နေပြီဖြစ်သော်လည်း ၎င်းတို့တပ်အတွက် လိုအပ်သည့် သောက်သုံးရေများကို ရွာသား များအား နေ့စဉ် ပို့ဆောင်ပေးနေရန် စေခိုင်းနေဆဲဖြစ်သည်ဟု ရွာသားများက ပြောသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့တောင်ဘက် ကီလိုမီတာ (၈၀)ကျော်အကွာအဝေးရှိ ဖုတ်ဖရမြို့နယ်၊ မော်လီချိုင်းကျေး ရွာတဘက်ကမ်း ကနဲလေးကျေးရွာ ဘုရားကုန်းစခန်းထိုင် ဒုဗိုလ်မှူးကြီး ဘိုးမြင့်နိုင်ဦးစီးသော နအဖစစ်တပ် ခလရ(၂၅၇)တပ်ဖွဲ့က ၎င်းတို့သုံးစွဲနေသည့် သောက်ရေ၊ သုံးရေ အစစအရာရာကို ပြီးခဲ့သည့် မေလဆန်း ပိုင်းမှစ၍ ထော်လဂျီကားဖြင့် နေ့စဉ် အလှည့်ကျ ပို့ဆောင်ပေးရန် ရွာသူရွာသားများအား ခိုင်းစေခဲ့ရာမှ ယခု ဇွန်လ ၁၆ရက်နေ့အထိ လုပ်ပေးနေရဆဲဖြစ်ကြောင်း ရွာသားများ၏ ပြောပြချက်အရ သိရသည်။

Read More...

ထိုးစစ်မလာစေရန် စစ်ဦးချိုးခြင်းဖြစ်ဟု KNLA ပြော

ကျော်ခ (မဇ္ဈိမ) သတင်းမှ...........

စစ်အစိုးရတပ်များက ထိုးစစ်ဆင်မည်ဟူသော သတင်းကြောင့် လက်ဦးမှုအရယူကာ စစ်ဦးကျိုးစေရန်အတွက် တိုက်ခိုက်မှု လုပ်ခဲ့သည်ဟု ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် အစည်းအရုံး KNLA က ပြောသည်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး၊ မြဝတီနှင့် ကော့ကရိတ်မြို့နယ် ဒေသတွင်း၌ လှုပ်ရှားနေသည့် စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ် - စကခ ၈ လက်အောက်ခံတပ်များက ကရင်အဖွဲ့အပေါ် တိုက်ခိုက်ရန် စီစဉ်နေခြင်းကြောင့် ရက်သတ္တပတ်တပတ်အတွင်း ခြုံခိုတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

Read More...

နအဖစစ်တပ်က ဒီကေဘီအေ တပ်ဖွဲ့ဝင်များအား အပျော့ဆွဲ စည်းရုံးနေ

စောသိန်းမြင့် (ကေအိုင်စီ).............

နယ်ခြားစောင့်တပ် ဂယက်ကြောင့် ဒီကေဘီအေ တပ်ဖွဲ့ဝင်များအတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာခဲ့သဖြင့် ယခုရက်ပိုင်းအ တွင်း နအဖ စစ်တပ်က ဒီကေဘီအေတပ်ဖွဲ့ကို မူလအတိုင်း ပြန်ထားမည်ဟု စည်းရုံးပြောဆိုနေကြောင်း ဒီကေဘီအေ အသိုင်းအ၀ိုင်း က ပြောသည်။
ဒီကေဘီအေ တပ်မဟာ(၅)မှ တပ်မှူးတစ်ဦးက “နအဖက နယ်ခြားစောင့်တပ်ကိစ္စကို ဆက်လက်လုပ်ဆောင်မယ်ဆိုရင် ဒီကေဘီအေ တပ်မဟာ(၅)တပ်ဖွဲ့က ကေအဲန်ယူနဲ့ သေချာပေါက်ပြန်ပေါင်းမယ်ဆိုတာ ကြိုတွက်ထားပြီးသားပါ။ ဒါကြောင့် အခု နအဖက ကျနော် တို့တပ်ဖွဲ့တွေကို အမျိုးမျိုး ပြန်စည်းရုံးနေတယ်။ နောက်ပြီးတော့ ဒီကေဘီအေတပ်ဖွဲ့တွေကို အရင်အတိုင်းပဲ ပြန်ထားမယ်လို့ ပြော တယ်။ ဒါတွေဟာ နိုင်ငံရေး လှည့်ကွက်တခုပဲဆိုတာ ကျနော်တို့လည်း သဘောပေါက်ပါတယ်”ဟု ပြောသည်။

Read More...

နအဖစစ်တပ် ချုံခိုတိုက်ခိုက်ခံရပြန်

စောသိန်းမြင့်(ကေအိုင်စီ) မှ............................

ထိုင်းနိုင်ငံ မဲဆောက်မြို့တောင်ပိုင်း ကီလိုမီတာ (၃၀)ကျော်အကွာအဝေးရှိ မော်လီချိုင်းကျေးရွာ တဘက်ကမ်း ဘလယ်ဒိုဂွင်၌ ယနေ့မနက်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ)က တပ်ပြောင်းပြီး ပြန်မည့် နအဖ တပ်ရင်းအား ချုံခိုတိုက်ခိုက်ခဲ့ ရာ ၁ဦး သေးဆုံးပြီး ၃ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ချုံခိုတိုက်ခိုက်ခံရသော ကနဲလေးကျေးရွာအခြေစိုက် တပ်အင်အား (၁၀၀) ကျော်ရှိ နအဖစစ်တပ် ခမရ (၄၀၅) တပ်ရင်းသည် ယခုလ ၉ရက်နေ့က ခမရ (၄၀၈)နှင့် တပ်အပြောင်းအလဲပြုလုပ်ခဲ့ပြီး သင်္ဃန်းညီနောင်သို့ အပြန် ယနေ့မနက်တွင် ဘလယ်ဒိုဂွင်အခြေစိုက် ကေအဲန်အယ်လ်အေ တပ်ရင်း (၁၀၃)က ချုံခိုတိုက်ခဲ့ခြင်း ဖြစ်သည်။

Read More...

နအဖ ပစ်ခတ်မှုကြောင့် အမျိုးသမီးတဦး ဒဏ်ရာ ပြင်းထန်စွာရရှိ

နန်းထူးစံ (ကေအိုင်စီ) မှ...............

ကရင်ပြည်နယ်၊ တောင်ငူခရိုင်ရှိ သံတောင်ကြီး (ဘုရင့်နောင်တပ်မြို့)တွင် လုံခြုံရေးယူနေသော နအဖ တပ်မှ ဒေသခံအမျိုးသမီးတဦးကို ပစ်ခတ်ခဲ့မှုကြောင့် အဆိုပါအမျိုးသမီးသည် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။
သံတောင်ကြီး ကျေးရွာတွင် နေထိုင်သူ နော်စီခဲ (၅၃)နှစ်သည် ယခုလ ၉ရက်နေ့က ရွာအပြင်ဘက်ရှိ သူမ၏ ဖာလာခြံသို့ အလုပ်လုပ်ရန် သွားစဉ် နအဖ တပ်မှ ပစ်ခတ်ခဲ့ခြင်းကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သဖြင့် ယခု ချိန်တွင် သံတောင်မြို့ ဆေးရုံသို့ ဆေးကုသမှု ခံယူနေရသည်ဟု တောင်ငူ ဒေသခံ စောအယ်ဝါးက ပြောသည်။

Read More...

ကရင်တပ်များ နအဖတပ်ကို ချုံခိုတိုက်ခိုက်

ခေတ်ပြိုင် မှ.....................

ယနေ့ နံနက် (၇) နာရီခွဲတွင် နအဖစစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တို့ မြ၀တီခရိုင်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး သေကျေဒဏ်ရာရမှုများ ရှိသည်။

ထိုင်း-မြန်မာနယ်စပ် ကနဲလေးစခန်းတွင် တပ်ထိုင်သည့် စကခ (၁၂) လက်အောက်ခံ ခမရ (၄၀၅) တပ်သည် တာဝန်ကုန်ဆုံး၍ တပ်ချိန်းပြီးအပြန် မြ၀တီခရိုင်အတွင်းရှိ ဘလယ်ဒို့ အရပ်သို့ရောက်ရှိလာစဉ် ကေအန်အယ်လ်အေ တပ်ရင်း (၁၀၃) လက်အောက်ခံတပ်ခွဲတခုက ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Read More...

တပ်ရင်းတစ်ရင်းလုံးနုတ်ထွက်ဖို့ကြိုးပမ်းမှု

BBC Burmese
BBC သတင်းမှ.........