လူမဆန်မှုနှင့်ရင်ဆိုင်တိုက်ပွဲသတင်း

11.3.2011

ရင်ဆိုင်တိုက်ပွဲနှင့်လူမဆန်မှုသတင်း

10.3.2011

ဝေါ်လေအနီးမှာ မိုးချုပ်တဲ့အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေ

နေ့သစ်မှ..........

ယနေ့ ညနေ ၅ နာရီခွဲလောက်မှာ ဝေါ်လေနဲ့ ကနဲလေးကြားနေရာမှာ နအဖ ခမရ ၂၄၆၊ ၄၀၄ ခလရ ၃၁၀၊ ၉၇၊ လေးဖွဲ့ပေါင်း ရိက္ခာပို့ ပြန်လာတဲ့ စစ်တကြောင်းကို ကေအန်ယူ တပ်ရင်း ၂၀၁ မှ တိုက်ခိုက်ခဲ့ရာ ဒုဗိုလ်တ ဦးအပါအဝင် ၅ ယောက်သေဆုံးကာ ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဆက်လက်ပြီ ၆ နာရီလောက်မှာလဲ ကနဲလေးနေရာ အနီးနားမှာပဲ ကေအန်ယူ ၂၀၁ တပ်ရင်းနဲ့ ရိက္ခာပို့လာ တဲ့ နအဖ တပ်ဖွဲ့တွေ တိုက်ပွဲတွေ ထပ်ဖြစ်နေတယ်လို့ ထပ်မံကြားသိရပါတယ်။ ဒီ ထိတွေ့မှုမှာတော့ ကေအန် ယူဘက် နအဖကို အနီးကပ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားတာ နာရီဝက်လောက်ကြာခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ နအဖ ဘက်က ၉ ယောက်သေ ပြီး ၁၁ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရရှိခဲ့ပါတယ်။

Read More...

ယနေ့တိုက်ပွဲ နအဖ ၁၀ဦးကျော်ထိခိုက်ကျဆုံး

ကေအိုင်စီ သတင်းမှ.............

ကရင်ပြည်နယ်ရှိ ဝေါ်လေဒေသ၌ ယနေ့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် နအဖ စစ်တပ်ဘက်မှ ၁၀ဦးကျော် ထိခိုက် သေဆုံးခဲ့သည်ဟု ကရင်တပ်ဖွဲ့ဝင်ဘက်က ပြောသည်။
ယနေ့ညနေ ၅နာရီခွဲခန့်တွင် ဝေါ်လေဒေသရှိ ကနဲလေးစခန်းအနီးတွင် နအဖ တပ်ဖွဲ့ဝင်များနှင့် ကရင်တပ်ဖွဲ့ဝင် များအကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ တပ်ဘက်မှ ဒုဗိုလ်တဦးအပါအဝင် ၅ဦးသေဆုံးခဲ့ပြီး ၃ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း(၂၀၁)မှ တပ်မှူးတဦးက ပြောသည်။

Read More...

ကေအန်ယူ တပ်ရင်း ၁၀၁ နဲ့ တပ်ရင်း ၂၀၁ တို့ ဝေါ်လေအနီး နအဖ စစ်တပ်ကို စစ်ဆင်တိုက်ခိုက်

နေ့သစ်မှ.......

မဝတီမြို့နယ် ဝေါ်လေရွာ ဝန်းကျင်တဝိုက်မှာ ကေအန်ယူ ဒီကေဘီအေ ပူးပေါင်းအင်အားတွေနဲ့ နအဖ တပ်တွေဟာ နေ့တိုင်လိုလိုပဲ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။ နအဖ တပ်စခန်းတွေအတွက် ရိက္ခာသယ်တဲ့အချိန်ဖြစ်နေ ပြီး၊ ချူကလိနေရာမှာ မြို့သစ်တည်ဘို့ လိုအပ်တဲ့ ပစ္စည်းတွေကို သယ်ယူပို့ဆောင်ရေးအတွက် လုံးခြုံရေးပေးနေရလို့ နအဖ လုံခြုံရေး စစ်ကြောင်းတွေ လှုပ်ရှားမှုများနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။

Read More...

လူမဆန်မှုနှင့်ရင်ဆိုင်တိုက်ပွဲသတင်း

9.3.2011

ခမရ ၃၄၆ တပ်ရင်း နေတိုင်းလိုလို တိုက်ခိုက်ခံနေရ

နေ့သစ်မှ............

ဒီကနေ့ နေ့လယ် ၁၂ နာရီလောက်မှာ နအဖ ခမရ ၃၄၆ တပ်ရင်း ရိက္ခာပို့စစ်ကြောင်းကို ဒီကေဘီအေ နဲ့ ကေအန်အယ် လ်အေ တပ်ရင်း ၂၀၁ မှ တပ်ဖွဲ့အင်အားတွေ ပူးပေါင်းကာ ဝေါ်လေ ကနဲလေးနေရာမှာ ပြောက်ကျားစစ်ဆင်တိုက်ခိုက်ခဲ့ ပါတယ်။ နအဖ ဘက်က အားလုံးပေါင်း ၆ ယောက် ထိခိုက်ခဲ့ပါတယ်။ ထိခိုက်တဲ့အထဲက ဒုဗိုလ်တယောက်နဲ့ တပ်ကြပ် တယောက် သေဆုံးခဲ့ပြီး တပ်သား ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကြားသိရပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး ကေအန်အယ်လ်အေ တပ်ရင်း ၂၀၁ မှ ဗိုလ်မှူး ကြည်အောင်က ခုလို ပြောပြပါတယ် ..
“သူတို့ ရိက္ခာသယ်တဲ့ စစ်ကြောင်းကို တိုက်လိုက်တာ၊ နအဖ တွေက ရိက္ခာကို အများကြီးမသယ်ဘဲ နဲနဲချင်း အခေါက် ခေါက်သယ်နေတယ်။ ကျနော်တို့ ဒီ ခမရ ၃၄၆ နဲ့ နေတိုင်းနီးပါးလောက်ကို တိုက်ပွဲဖြစ်တယ်။ တခါတလေ တရက် တည်း ၂ ပွဲလောက်ကို ဖြစ်တယ်” လို့ ရှင်းပြသွားပါတယ်။

ချူကလိ ကားလမ်းလုံးခြုံရေးတပ် တိုက်ခိုက်ခံရ

နေ့သစ် မှ..........

မြဝတီမြို့နယ် ဝေါ်လေရွာနားက ကနဲလေးအနီး နေရာ ၂ ခုမှာ မတ်လ ၇ နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ညနေ့ ၂ နာ ရီမှာ တကြိမ်၊ ၃ နာရီမှာ တကြိမ် ဖြစ်ခဲ့ပါတယ်။ ကားလမ်းလုံးခြုံရေးယူထားတဲ့ နအဖ ခမရ ၃၄၆ တပ်ရင်းကို ကေအန် ယူ နဲ့ ဒီကေဘီအေတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့တာ ဖြစ်တယ်။
မနေ့က ဒီကားလမ်းကနေ ချူကလိဒေသ မြို့သစ်တည်ဖို့အတွက် အစိုးရဝန်းထမ်းတွေကို ပို့ဆောင်နေတဲ့ လမ်းဖြစ်ပါ တယ်။
မြဝတီမြို့က ကျောင်းဆရာ၊ ဆေးဆရာ၊ ရဲ၊ လဝက၊ ရယက စတဲ့ ဝန်ထမ်းတွေကို ကံစမ်းမဲစနစ်နဲ့ လျှို့ဝှက်မဲနိုက်ပြီ တာ ဝန်ပေးပါတယ်။ မဲပေါက်တဲ့ ဝန်ထမ်းက ချူကလိမှာ တာဝန်သွားထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ ဒီဒေသက တိုက်ပွဲတွေ လဲ မပြတ် ဖြစ်နေတယ်။ အဲဒီကိုရောက်ဖို့ကလည်း တိုက်ပွဲတွေဖြစ်နေတဲ့ နေရာတွေကို ဖြတ်သွားရမှာ ဖြစ်တယ်၊ ငှက် ဖျား အလွန်ကြမ်းတဲ့ ဒေသဖြစ်တာကြောင့် မဲပေါက်တဲ့ ဝန်ထမ်းတွေအနေနဲ့ စိတ်ပျက်လက်ပျက် ဖြစ်နေကြတယ်လို့ က ရင်သတင်းစဉ် အင်တာနက်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

Read More...

အစိုးရစစ်တပ် ချုံခိုတိုက်ခိုက် ခံရပြန်

စောသိန်းမြင့်(ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ဝေါ်လေဒေသတွင် ယမန်နေ့က ရိက္ခာသယ်လာသည့် အစိုးရစစ်တပ်အား ထိုဒေသရှိ ကရင်တပ်ဖွဲ့ဝင်များက ၂ကြိမ် ချုံခိုတိုက်ခိုက်ခဲ့သည့်အတွက် အစိုးရ တပ်ဘက်မှ ၄ဦးသေဆုံးပြီး ၄ဦးဒဏ်ရာရရှိခဲ့သည့်အပြင် ၆ဘီးကားတစီးလည်း ပျက်ဆီးသွားသည်ဟု သိရသည်။

ဝေါ်လေစခန်းရှိ အစိုးရစစ်တပ် ခြေမြန်တပ်ရင်း -ခမရ (၃၄၆) ကနေပြီး ကနဲလေးစခန်းသို့ တပ်ရိက္ခာပို့ ဆောင်ရန် ၆ဘီးကားတစ်စီးနှင့်အတူ သွားခဲ့ရာ ယမန်နေ့ ညနေ ၄နာရီခွဲခန့်အချိန်၌ ဖောမုဘောထာနေရာ သို့ ရောက်ရှိစဉ် ကရင်အမျိုးသားလွှတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၂၀၁တို့မှ ချုံခိုတိုက် ခိုက် ခဲ့ခြင်းဖြစ်ကြောင်း KNLA တပ်ရင်း (၂၀၁)မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး စောကြည်အောင်က ပြောသည်။

Read More...

လူမဆန်မှုနှင့်ရင်ဆိုင်တိုက်ပွဲသတင်း

တပ်မဟာ(၂)။
၎.၂.၂၀၁၁ နေ့ရက်တွင် ရန်သူ(တပခ)အုပ်စုမှ ခလရ(၄၈)တပ်သည် ထီးသာစောအုပ်စု အတွင်းရှိ သဘားရာရွာရှိ ရွာသူရွာသားများ၏ ငွေသားများ အပြင် အခြားသောအသုံးအဆောင်များကို အတင်းအကြပ်လုယက်ယူဆောင်သွားကြောင်းသတင်းရရှိသည်။

တပ်မဟာ(၄)။
၅.၂.၂၀၁၁နေ့ ၁၄း၀၀နာရီ အချိန်တွင် ထောကပ်ဖျိုးအရပ်တွင် ရန်သူတပ်(၅၈၈) နှင့် ရင်ဆိုင်တိုက်ပွဲ မိနစ်(၄၀)ခန့်ဖြစ်ပွားခဲ့ရာ ရန်သူနအဖဘက်မှ ၂ ဦးသေ (၈)ဦးဒဏ်ရာရကြောင်းသိရှိရသည်။ မိမိတို့ဘက်ထိခိုက်မှုမရှိခဲ့ချေ။

7.3.2011

ဒီကနေ့ ဝေါလေ ကနဲလေးမှာ နအဖ ရိက္ခာပို့ကား အတိုက်ခိုက်ခံရ

နေ့သစ် မှ............

ခမရ ၃၄၆ တပ်ဖွဲ့ဝင်တွေ လိုက်ပါပို့ဆောင်တဲ့ ရိက္ခာပို့ ကားကို ဒီကနေ့ ညနေ ၄ နာရီခွဲလောက်မှာ ကေအန်ယူနဲ့ ဒီကေ ဘီအေ တပ်ဖွဲ့တွေက ဝေါ်လေဒေသ ကနဲလေးအနီးမှာ စောင့်ကြိုတိုက်ခိုက်ခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားပြီး နအဖ ရိက္ခာပို့ကားတစီး ကားလမ်းဘေးချောက်ထဲ ထိုးကျသွားပါတယ်။ နအဖ ဘက်က တပ်ကြပ်ကြီး တဦးအပါအဝင် လေးယောက် အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ သိရှိရပါတယ်။
ဒီကနေ့မနကပိုင်း ၇ နာရီးလောက်ကလည်း ကနဲ့လေးမှာပဲ တိုက်ပွဲတပွဲဖြစ်ခဲ့ပါသေးတယ်။ ဒီပွဲမှာတော့ နအဖ ဘက်က ၂ ယောက် သေဆုံးခဲ့ပါတယ်။
ဝေါ်လေ ၁၉၉ ကုန်းမှာတော့ ခမရ ၃၁၀ က ဆေးအရာခံဗိုလ်တယောက် မိုင်းနင်းပြီး သေဆုံးသွားတယ်လို့ သိရှိရပါ တယ်။

Read More...

အောင်သိန်းလင်း ကို ဖမ်းထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေ

နေ့သစ် မှ............

ရန်ကုန်မြို့တော်ဝန်ဟောင်း အောင်သိန်းလင်း ကို ဖမ်းဆီးထားတယ်လို့ နေပြည်တော်မှာ သတင်းတွေပြန့်နေပါတယ်။
နောက်ထက်ဆက်လက်ရရှိသောသတင်းအရ အောင်သိန်းလင်း ဟာ လွန်ခဲ့တဲ့တနှစ်က သူမြေးနဲ့ အတူကားတိုက်မှုဖြစ် တုန်းက သူသားနဲ့ချွေးမတို့ဟာ ဒဏ်ရာအပြင်းအထန် ရခဲ့ကြတယ်။ သူတို့ကို စင်္ကာပူမှာ သွားရောက်ဆေးကုသပေးခဲ့ရ စဉ် ရန်ကုန်မြို့မြူနီစပယ် ဖွံ့ဖြိုးမှုကော်မတီ (Yangoon City Development Committee) ပိုင်ငွေ ဒေါ်လာ ၇ သောင်း ကို ယူသုံခဲ့တယ်။ ဒီငွေကိစ္စနဲ့ သူ့ကိုဆွဲထားတာလို့ သိရှိရတယ်။
အောင်သိန်းလင်း ဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ သန်းရွှေ အာဏာတည်မြဲရေးအတွက် အစွမ်းကုန် ကြိုးပန်းပေးခဲ့ရပေ မယ့်လဲ ရွေးကောက်ပွဲပြီးလို့ အာဏာခွဲဝေချိန်မှာတော့ သန်းရွှေက နေရာကောင်းမပေးဘဲ ချောင်ထိုးထားတဲ့အတွက် သန်းရွှေ ကို စိတ်ကောက်ပြီး ကတုံးကတိုက် လုပ်မိခဲ့တာ ပြောမိခဲ့တာတွေ ရှိတယ်။ သန်းရွှေ အတွင်းစည်းကနေ ကန် ထုတ်ခံရတဲ့အတွက် သူက စိတ်နာနေသူ ဖြစ်ပါတယ်။ တင်အေး၊ မြင်အောင့် တို့နဲ့  ၀င်ရိုးတန်းဖွဲ့ မိတယ်လို့ သိရတယ်။ ဒီအတွက် သန်းရွှေ အဖွဲ့ရဲ့စောင့်ကြည့်ခြင်းကို ခံရသူ ဖြစ်လာပါတယ်။

Read More...

ရင်ဆိုင်တိုက်ပွဲနှင့်လူမဆန်မှုသတင်း

5.3.2011