62 Karen Revolution Day

သံဃာများကို ပစ်ခတ်ရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့်ပေး

ဧရာဝတီ သတင်းမှ........

သံဃာများ ဦးဆောင် ဆန္ဒပြသည့် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကို ပစ်ခတ်နှိမ်နှင်းရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမိန့်ပေး ခဲ့ကြောင်းနှင့် ၂၀၀၈ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းအပြီးတွင် ပြည်သူလူထုကို အကူအညီ မပေးခဲ့ကြောင်း ဝီကီလိစ်ခ်တွင် ပေါက်ကြားလာသည့် အမေရိကန် သံတမန်ပေးစာများတွင် ဖော်ပြထားသည်။
နော်ဝေနိုင်ငံမှ ထိပ်တန်းသတင်းစာကြီး တစောင်ဖြစ်သော Aftenposten ၏ ဖေဖော်ဝါရီလ ၄ ရက်နေ့ထုတ် သတင်းစာတွင် ရန်ကုန် အမေရိကန်သံရုံးမှ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပေးပို့သော လျှို့ဝှက်ပေးစာကို ဖော်ပြထားရာ “ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး နှစ်ဦးစလုံးသည် သံဃာများကို နှိမ်နှင်းရန်နှင့် လိုအပ်ပါက ပစ်ခတ်ရန် အမိန့်ပေးခဲ့သည်” ဟု ရေးသားထားသည်။

Read More...

ဝေါ်လေနှင့် ဖလူးတိုက်ပွဲ နှစ်ဖက် ထိခိုက်သေဆုံးမှုစာရင်း DKBA ထုတ်ပြန်

KIC မှ............

၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်၍ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ကရင်ခွဲထွက် အဖွဲ့နှင့် နအဖ စစ်အစိုးရတို့အကြား ဖြစ်ပွားခဲ့သည့် ၂လကြာ ကရင်ပြည်နယ်အတွင်းရှိ ဝေါ်လေနှင့် ဖလူးဒေသ တိုက် ပွဲများ၌ နှစ်ဖက်ထိခိုက်သေဆုံးမှုစာရင်းကို DKBA က ယနေ့ ထုတ်ပြန်လိုက်သည်။
တိုက်ပွဲဖြစ်ပွားသည့် နေ့ရက်နှင့်တကွ ထုတ်ပြန်ထားသည့် ထိုစာရင်းအရ ၂၀၁၀ခုနှစ်၊ နိုဝင်ဘာလ ၃၀ရက်နေ့မှ ၂၀၁၁ခုနှစ်၊ ဇန်န၀ါရီလ ၃၁ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် တိုက်ပွမျာဲးတွင် နအဖ တပ်ဖွဲ့ဝင်ဘက်မှ သေဆုံးသူ ၂၅၁ဦး၊ ဒဏ်ရာရရှိသူ ၂၇၈ဦးနှင့် DKBA ဘက်မှ သေဆုံးသူ ၅ဦး၊ ဒဏ်ရာရသူ အရပ်သားတဦး အပါအ၀င် ၉ဦး ထိခိုက်မှုရှိ သည်ဟု ဖော်ပြထားသည်။

Read More...

နအဖ စစ်တပ်က လူနေအိမ် ၁၁လုံးကို မီးရှို့ဖျက်ဆီး

KIC မှ......

ကရင်ပြည်နယ် ဝေါ်လေဒေသတွင် ၀င်ရောက်လှုပ်ရှားနေသည့် နအဖစစ်တပ်များသည် ယမန်နေ့ညနှင့် ယနေ့မွန်လွဲပိုင်းတွင် လေးဝေါ်ကျေးရွာမှ လူနေအိမ်(၁၁)လုံးကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့သည်ဟု နယ်မြေခံများက ပြောသည်။

ယမန်နေ့ည (၈)နာရီတွင် နအဖ စကခ (၁၂)လက်အောက်ခံရင်းများသည်ဝေါ်လေဒေသသို့ ရိက္ခာပို့ရန် လေးဝေါ်ကျေးရွာမ၀င် ခင်တွင် ကေအဲန်ယူ တပ်ဖွဲ့ဝင်များ၏ ထောင်ထားခဲ့သော မြေမြှုပ်ပိုင်း တက်နင်းမိခဲ့ပြီးနောက် ကျေးရွာအတွင်းသို့ဝင်ရောက် ကာ လူနေအိမ် (၅)လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ယနေ့မွန်းလွဲ ၃နာရီကျော်တွင် နောက်ထပ် အိမ် ၄လုံးကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ သည်ဟု နယ်မြေခံတဦးက ပြောသည်။

Read More...

တပ်မဟာ(၄) တိုက်ပွဲသတင်း

စစ်ခွေးတွေ အတုံးအရုံးသေပြန်ပြီး..........ကျွတ်ကျွတ်ကျွတ်........
သေချင်ရင်စိန်မစားနဲ့ ..............ကရင်ပြည်ကိုသွားတဲ့.......နောက်ဆိုရင်ငသန်းရွှေမြေး စိန်မျောက်မျောက်မျိုးကန်းပြီးဆိုတဲ့သတင်းကြားရတော့မယ်...
Kwekalu's News

ဒုဗိုလ်ချုပ်ကြီး သူရ မြင့်အောင် အား အင်းစိန် ထောင်သို ပို့ ၊ ရာထူးခွဲ ဝေမှု မကျေနပ်မှု များပေါ်ပေါက်

Freedom News Group မှ.........

ယနေ့ မနက် နေ ပြည်တော် မှ ထပ်မံ ကြားသိရသည့် သတင်းများ အရ ဗိုလ်ချုပ်မှုးကြီး သန်းရွှေသည်သူစတင် အာဏာရယူ ချိန်မှ စ၍ ပထမဦး ဆုံး အကြိမ် လူရှေ့ သူရှေ့ ဉ် အတင့်ရဲလှစွာ ပြန်လည် ပြောဆို သည့် ဒုတိယ ဗိုလ်ချုပ်ကြီး သူရ မြင့်အောင် ရန်ကုန် မြို့ ရှိ ရေကြည်အိုင် စစ်ကြောရေး စခန်း (သို့ မဟုတ်) အင်းစိန်ထောင် သို့ ပို့ လိုက်ကြောင်း သတင်းရရှိသည်။

ထိုသို့ ပို့ ဆောင်ရာတွင် ဒုတိယ ဗိုလ်ချုပ်ကြီး သူရ မြင့်အောင် ၏ ကိုယ်ရေး အရာရှိများ ယခင် စစ်ရေး ချုပ် ရုံးမှ အရာရှိ အချို့ လည်း ပါဝင်သည် ဟု သတင်းရရှိသည်။ စက်မှု ၁ ၀န်ကြီး ဦးအောင်သောင်း နှင့် သူ ၏ ကိုယ်ရေး အရာရှိ အချို့ ကို လည်း ဖမ်းဆီးထားသည် ဟု သတင်းရရှိသည်။

နေရွှေသွေးအောင် က ဒု ကာကွယ်ရေး ဦးစီးချုပ် နေရာ ကို ယူမည်

မြန်မာ ၀ီကီလိခ် မှ......

မြန်မာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ မြေးဖြစ် သူ အသက် ၂၁ နှစ် အရွယ်ရှိ နေရွှေသွေးအောင် က ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေး ၏ ရာထူး ဖြစ်သည့် ဒုတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရာထူး ကိုရယူမည် ဟု နေပြည်တော် ရှိ စစ်ဗိုလ်ချုပ် များ အသိုင်းအ၀ိုင်း တွင် သတင်း ထွက်ပေါ်နေသည်ဟု ဗိုလ်ချုပ်ကြီးတစ်ဦး၏ သားဖြစ်သူက မြန်မာဝီကီလိခ်သို့ယမန်နေ့က ပေးပို့  သည့် စာ တွင် ပါရှိသည်။
အသက်အရွယ်အိုမင်းရင့်ရော်လှပြီ ဖြစ်သည့် ဒုဗိုလ်ချုပ်မှုးကြီး မောင်အေးသည် ၎င်း၏ ရာထူးတာဝန်များ ကို လများစွာ မကြာမြင်မီမှာပင် စွန့် လွှတ်သည့် အခါ ထိုလစ်လပ်သည့် နေရာအတွက် တရုတ် စစ်တက္ကသိုလ် တစ်ခု တွင် တက်ရောက် ပညာသင်ကြား ခွင့်ရထားသည့် နေရွှေသွေးအောင်က တာဝန်ထမ်းဆောင် မည် ဖြစ်သည်။

နေရွှေသွေးအောင်သည် စစ်မှုမထမ်းမနေရ ဥပဒေအရ လူငယ်များ အတွက် စံပြ အဖြစ် တာဝန်ထမ်းဆောင် နေရာ ဒုဗိုလ် ရာထူးကို ရရှိထားပြီး များ မကြာမီမှာပင် ဗိုလ်မှုးကြီးအဖြစ် ရာထူးတိုးပေးခံရတော့မည် ဟု စာပေးပို့သည့် ဗိုလ်ချုပ်ကြီး၏သားကို ဇန်န၀ါရီလ၁၄ ရက်နေ့က ၎င်းကိုယ်တိုင် ရန်ကုန်မြို့တွင် ပြောကြားခဲ့သည်။

ကြားဖြတ်သတင်း

ဆုံဆည်းရာ မှ.....

ညနေ (၃ နာရီ နာရီ ၄၇ မိနစ်) ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်အား နေအိမ်အကျယ်ချုပ်ချထားလိုက်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီးသာအေးနှင့် စက်မှု ၁ ၀န်ကြီး ဦးအောင်သောင်း တို့ကိုလည်း နေအိမ် အကျယ်ချုပ် ချထားလိုက်တယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။ ဒီကေဘီအေ ထိုးစစ် စစ်ဆင်ရေးတွေကို အဓိက ဦးဆောင်ကိုင်တွယ်တဲ့ ဒု - ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကို ဒီကေဘီအေနဲ့ တိုက်ပွဲတွေမှာ နအဖ ဘက်က စစ်သားတွေ အကျအဆုံးများတာကြောင့် ဒု - ဗိုလ်ချုပ်ကြီး သူရမြင့်အောင် ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကာကွယ်ရေးစီးချုပ်နေရာ မပေးတော့ပဲ ကာကွယ်ရေးဝန်ကြီး ပေးလိုက်တဲ့အပေါ် မကျေနပ်ပဲ ဗိုလ်ချုပ်မှူးကြီးထံ သွားရောက်ပြောဆိုခဲ့ရာမှ ၄င်းအား အကျယ်ချုပ် ဖမ်းဆီးထားလိုက်တာဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။ လတ်တလော အခြေအနေအရ နေပြည်တော်တွင် နအဖ တပ်တွင်း ရှုတ်ထွေးမှုများ ဖြစ်ပေါ်နေတယ်လို့ နေပြည်တော် နအဖ အသိုင်းအ၀ိုင်းက ပြောဆိုနေပါတယ်။

ကော့ကရိတ်တွင် တိုက်ပွဲဖြစ် BGF ထိခိုက်သေဆုံးမှုရှိ

ကေအိုင်စီ သတင်းမှ.............

ကရင်ပြည်နယ် ကော့ကရိတ်မြို့မှအထွက် နယ်ခြားစောင့်တပ် အပါအ၀င် စစ်တပ်၊ ရဲနေရာများတွင် ယနေ့နံနက်စောစော၌ အချိန်အတော်ကြာ တိုက်ပွဲဖြစ်ပွားရာ နယ်ခြားစောင့်ဘက်မှ ထိခိုက်ကျဆုံးမှုများရှိသည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
အဆိုပါတိုက်ပွဲမှာ မနက် ၄နာရီမှ ၉နာရီခန့်အထိ ကော့ကရိတ်မြို့ ချက်ပွိုင့်မှသွားလျှင် ကြောင်လျှာကုန်း၊ တောင်ပြတ်စခန်း စသည့်နေရာများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထိုလမ်းကြောင်းကို သွားလာနေသည့် ဆိုင်ကယ်သမားတစ်ဦးက ယခုလို ပြောသည်။

သူက “တိုက်ပွဲက မနက် ၄နာရီလောက်ကတည်းကဖြစ်တာ။ မနက် ၉နာရီနီးပါးအထိပဲလေ။ ဒီနေ့က ကားတန်းအတက်ဆို တော့ တိုက်ပွဲရပ်ပြီး ၁၀နာရီလောက်မှ ကားတန်းတွေကို လွှတ်ပေးလိုက်တာ။ ကားသမားတွေပြောတာက သူတို့ကားတန်း ထွက်လာပြီးနောက်မှာတောင်မှ လက်နက်ကြီးအသံတွေ ခပ်ဝေးဝေးမှာ လှမ်းကြားရသေးတယ်တဲ့။”ဟု ဆိုသည်။

Read More...

၁၃နှစ်အရွယ် ယောက်ျားလေးတဦး မိုင်းနင်းမိ၍ ခြေစုံပြတ်

စောခါစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ် ကတိုင်တိကျေးနယ် ဘိုမာဟဲနှင့် ဘောကျုလယ်ကျေးရွာအကြားရှိ လှည်း လမ်းတွင် ဖေဖော်ဝါရီလ ၈ရက်နေ့က အသက် ၁၃နှစ်အရွယ် ယောက်ျားလေးတဦး နယ်ခြားစောင့်တပ်-BGF ထောင်ထား သည့် မြေမြုပ်မိုင်းကို နင်းမိကာ ခြေစုံပြတ်သွားခဲ့သည်ဟု သိရှိရသည်။
ထိုနေ့မနက် ၁၀နာရီတွင် ကတိုင်တိကျေးနယ်အတွင်း လှုပ်ရှားနေသည့် BGF (၁၀၁၃)တပ်ရင်းမှ တပ်ခွဲမှူး ဗိုလ်ကြီးစော မောင်စိုးမြင့် ဦးဆောင်သည့်တပ်ဖွဲ့သည် ဖေဖော်ဝါရီလဆန်းမှစ၍ ဒေသခံပြည်သူများအား လှည်းလမ်းတွင် သွားသွားလာ လာ မပြုလုပ်ကြရန် အမိန့်ထုတ်ထားပြီးနောက်မှ အဆိုပါဘိုမာဟဲကျေးရွာသား စောဖားအောင်တော်မှာ မြေမြုပ်မိုင်းကို နင်း မိသွားခြင်း ဖြစ်သည်။

Read More...

မြဝတီ ဘားအံ ကားလမ်းပေါ်က နေရာ ၃ နေရာမှာ ဒီကေဘီအေ ဝင်တိုက်

နေ့သစ်မှ.............


ကော့ကရိတ်အနီး မြဝတီ ဘားအံကားလမ်းပေါ်က နေရာ ၃ နေရာမှာ ဒီကေဘီအေ ဘက်က ဒီကနေ့မနက် ၄ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေကတော့ တောင်သုံးလုံး၊ တောင်ပြတ်နဲ့ ကြောင်ရှာကုန်း စတဲ့ ကော့ကရိတ်အနီး မြဝတီ ဘားအံ ကားလမ်းပေါ်က နေရာတွေမှာ ဒီကေဘီအေ ဗိုလ်မှူးကျောင်သက် ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ နအဖ ဘက်က ၂ ယောက်သေပြီး ၁ ယောက်ဒဏ်ရာရတယ်လို့ သိရပါတယ်။ တိုက်ပွဲမှာ အရှင်ဖမ်းမိလာတဲ့ ရဲတွေကိုလည်း ပြန် လွှတ်ပေးလိုက်တယ်လို့လည်း သိရှိရပါတယ်။

Read More...

မြ၀တီတံတားအောက် ဗုံးပေါက်ကွဲ အရပ်သား ၂ဦးသေ

နန်းဖော့ဂေ (ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့ဘက်ခြမ်းရှိ ချစ်ကြည်ရေးတံတားအောက်နားတွင် ယနေ့ညနေ မြန်မာစံတော်ချိန် ၄နာရီခွဲခန့်၌ ချိန်ကိုက်ဗုံး ပေါက်ကွဲသဖြင့် အရပ်သား ၂ဦး သေဆုံးကာ ၅ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ပြော သည်။

သူက “ဗုံးပေါက်ကွဲတာ အတော်ကျယ်တယ်ဆိုတော့ အနီးအနားမှာ နေတဲ့သူတွေ၊ ရုံးတွေက ၀န်ထမ်းတွေတောင် အတော် ထိတ်လန့်သွားတယ်။ အဲဒီမှာ ၂ယောက် သေတယ်။ ၅ယောက် ဒဏ်ရာရတယ်တဲ့။ ပြောသံကြားတာကတော့ ပစ္စည်းထုပ်လို အထုပ်ထဲက ထပေါက်တာပဲတဲ့။”ဟု ကေအိုင်စီကို ပြောသည်။

Read More...

KNU-President Speech on 63rd Karen National Day

KNU-President Speech on 63rd Karen National Day Burmese

KNU-President Speech on 63rd Karen National Day

KNU-President Speech on 63rd Karen National Day-Eng

နအဖ စစ်သား သေဆုံး/ဒဏ်ရာနှင့် အခြားအချက်အလက်များ (၇၊ ၁၁၊ ၂၀၁၀ မှ ၃၁၊ ၁၊ ၂၀၁၁)

ဆုံဆည်းရာ မှ.....

၂၀၁၀ နိုဝင်ဘာ ၇ ရက်နေ့ (နအဖ ရွေးကောက်ပွဲလုပ်တဲ့နေ့) ကနေ ၂၀၁၁ ခုနှစ် ဇန်နဝါရီလကုန်အထိ နအဖ စစ်တပ်နဲ့ ဒီမိုကရေစီ အင်အားစုများရဲ့ တိုက်ပွဲစစ်တမ်းပါ။

နအဖ စစ်သား ထိခိုက် သေဆုံး၊ ဒဏ်ရာ၊ တိုက်ပွဲအရေအတွက်

- တိုက်ပွဲအကြိမ်ရေ ၈၅ ကြိမ်ကျော်
- နအဖ စစ်သား သေဆုံး ၂၄၄
- နအဖ စစ်သား ဒဏ်ရာရ ၃၈၉
- ဗိုလ်မှူးအဆင့်အရာရှိများ သေဆုံး/ဒဏ်ရာရထဲပါဝင်

ပါဝင်တိုက်ခိုက်နေသည့် နအဖ တပ်ရင်း၊ တပ်မများ

- တပ်မ ၂၂၊ စကခ (၈)၊ တပ်မ ၆၆၊ စကခ (၁၈)၊ စကခ (၅)၊ စကခ (၉)၊ စကခ (၁၂)၊ စကခ (၁၉)

Read More...

တိုက်ပွဲသတင်း

ဖေဖော်ဝါရီ (၄)ရက်နေ့  ညနေပိုင်းအချိန်က ၀ါးမီထနှင့် ဥကလိထကျေးရွာတ၀ိုက်တွင် လှုပ်ရှားလျှက်ရှိသည့် ရှေ့ တန်းခမရ (၂၀၄)၊ ဗိုလ်မှူးကြီး ရဲလင်းဦး ဦးစီးသည့် စစ်ကြောင်း(၂)သည် DKBA, KNU နှင့် ခုခံရေးစစ်ဆင်နွှဲနေကြသည့် ကျောင်းသားတပ်မတော်တို့ ၏ တိုက်မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့်(၆)ဦး ဒါဏ်ရာရ၍ (၃)ဦးထက်မနည်း သေဆုံးသွားကြောင်းနှင့် ဒါဏ်ရာရသူများအား တဖက်နိုင်ငံထိ လိုက်လံထမ်းပိုး ပို့ဆောင်ခဲ့သူ ရွာသားများ၏ ပြန်လည်ပြောဆိုချက်အရ သိရသည်။

ဖေဖော်ဝါရီ (၅)ရက်နေ့  မနက် (၆)နာရီ အချိန်ခန့် တွင်လည်း ဘလက်ဒို့ကျေးရွာ အနောက်ဘက် တောင်သူငို တောင်ခြေတွင် ရှေ့ တန်း ခမရ (၃၅၇)မှ နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲသဖြင့် တပ်သားတစ်ဦး ဒါဏ်ရာ ရရှိသွားကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၅)ရက်နေ့  မနက်(၆)နာရီ (၃၀) မိနစ်အချိန်တွင် ရွှေအေးမြိုင်ကျေးရွာ အနီးတစ်ဝိုက်တွင်လည်း ရှေ့တန်း ခမရ (၂၀၄)တပ်ရင်းမှ တိုက်မိုင်းတစ်လုံးထိမိ ပေါက်ကွဲမှုကြောင့် (၃)ဦး ဒါဏ်ရာရရှိသွားကြောင်း သိရသည်။

ဆုံဆည်းရာ မှ..........

အဆောက်အအုံ ၃၀ခန့်ကို နအဖ မီးရှို့ဖျက်ဆီး

စာခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ဘူးသိုမြို့နယ် ဘွားဒဲကျေးရွာအုပ်စု သူးမွဲထာ့ရှိ ကျို့လို့နေရာ၌ ဆေးခန်း အပါအ၀င် ဈေးဆိုင်၊ တဲ အိမ် စုစုပေါင်း ၃၀ခန့်ကို နအဖ တပ်မ(၁၁)လက်အောက်ခံ တပ်ရင်းနှစ်ရင်းက ဇန်န၀ါရီလ ၃ရက်နေ့၊ ညနေ ၃နာရီတွင် သွား ရောက်မီးရှို့ဖျက်ဆီးလိုက်သည်ဟု သိရသည်။

အဆိုပါ နအဖ လှုပ်ရှားတပ်ဖွဲ့များသည် ၂၀၁၁ ခုနှစ်အတွင်း နယ်စပ်တလျှောက်ရှိ နယ်ခြားစောင့်တပ်ထားရှိရန် နယ်မြေရှင်း လင်းသည့်အနေဖြင့် အဆိုပါ အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း KNU ဖာပွန်ခရိုင်၊ တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူးစောကလယ်ဒို့က ကေအိုင်စီကို ယခုလို ရှင်းပြသည်။

Read More...