ပါလီမန် အရေခြုံ စစ်အာဏာရှင် စနစ်ဟု ABSDF ဥက္ကဋ္ဌ ပြော

သျှမ်းသံတော်ဆင့် သတင်းမှ.....

မကြာမီ မြန်မာနိုင်ငံတွင် ပေါ်ထွန်းလာမည့် အစိုးရသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ “က” ကြိုးအတိုင်း “က” ရမည့် ပါလီ မန် အရေခြုံ စစ်အာဏာရှင်စနစ် ဖြစ်မည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက သျှမ်းသံတော်ဆင့်သို့ ယနေ့ ပြောကြားသည်။
“လာမဲ့ ၂၀၁၁ ခုနှစ်ထဲမှာ ပေါ်လာမဲ့ အစိုးရသစ်ဟာ ပါလီမန်မျက်နှာဖုံးစွပ်ရင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကကြိုးအတိုင်း ကရမဲ့ အစိုးရတစ်ခုဖြစ်တယ် ဗီဇစရိုက်ကတော့ စစ်အာဏာရှင်စနစ်ပဲ ” ဟု သူက ပြောသည်။

Read More...

တိုက်ပွဲသတင်း

ဆုံဆည်းရာ မှ....

နအဖစစ်တပ်မှ စကခ (၁၂)လက်အောက်ခံ ခလရ(၂၉၉)နှင့် စကခ(၈) လက်အောက်ခံ ခမရ(၄၀၉)၊ (၄၀၃)ပူးပေါင်းတပ်ရင်းတို့သည် အူးကလေ့ထာ့ရှိ ဒီကေဘီအေ တပ်ဖွဲ့ဝင်များ၏ ယာယီစခန်းအား ယမန် နေ့လည် ၁၂ နာရီကျော်မှစ၍ ညနေ ၆နာရီအထိ လက်နက်ကြီးများဖြင့် အချက်ပေါင်း ၂၀၀နီးပါးခန့် ပစ်ခတ်ခဲ့သည်။ ယခုလက်တလောတွင် စစ်ရေးအခြေအနေအရ ဒီကေဘီအေ ဘက်မှ အူးကလော့ထာ့ စခန်းမှ ဆုတ်ခွာပေးခဲ့ရတယ်လို့ သိရှိရသည်။

မြန်မာဘက်ခြမ်းတိုက်ပွဲဖြစ်ပွားနေသည့် ဒေသမှ မြန်မာစစ်ပြေးဒုက္ခသည် ၂၀၀ နီးပါး ထိုင်းဘက်ကမ်းရှိ ငေါင်ဖိုင်ရွာ၊ ကျောက်ခက်ရွာ၊ ဟွေးနန်းနပ်ရွာ တွေဆီကို ယမန်နေ့က ထပ်မံထွက်ပြေးလာတယ်လို့ သိရှိရပါတယ်။

နအဖစစ်တပ် ဘက်မှ ဖလူးကျေးနယ်ဘက်တွင်လည်း ဗိုလ်မှူးကြီးစောကျော်သက် ဦးဆောင်သည့် ဒီကေဘီအေ တပ်ဖွဲ့အား ယမန်နေ့ မွန်းလွဲ ၁နာရီကျော် အချိန်မှစ၍ ညနေ ၆နာရီအချိန် လက်နက်ကြီးများဖြင့် ပစ်လိုက်ရပ်လိုက် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

အကျဉ်းသားပေါ်တာ ၄ဦး ထပ်မံ လွတ်မြောက်လာ

KIC သတင်းမှ............

ကရင်ပြည်နယ် KNU တပ်မဟာ(၇)အတွင်း ၀င်ရောက်လှုပ်ရှားလာသည့် နအဖ တပ်မ(၂၂) တပ်ဖွဲ့စစ်ကြောင်းများ နှင့်အတူ လိုက်ပါရသည့် အကျဉ်းသားပေါ်တာ ၄ဦးသည် ယနေ့တွင် နယ်မြေခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့(KNLA)ထံသို့ ထပ်မံ ထွက်ပြေးရောက်ရှိလာသည်ဟု သိရှိရသည်။

ဇန်န၀ါရီလ ၄ရက်နေ့မှ ၁၁ရက်နေ့အတွင်း နအဖ တပ်မ(၂၂)မှ အကျဉ်းသား ပေါ်တာ ၅ဦး ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၇)လက်အောက်ခံ KNLA ထံတွင် ထွက်ပြေးရောက်ရှိလာခဲ့သလို ယနေ့တွင် အကျဉ်းသားပေါ်တာ ၄ဦး ထပ်မံ ရောက် ရှိလာခြင်း ဖြစ်သည်။

ယခု ထွက်ပြေးလွတ်မြောက်လာသည့် အကျဉ်းသား ၄ဦးမှာ ကရင်ပြည်နယ်၊ တောင်ကလေးထောင်မှ စောစိန်အေး ၃၉နှစ်၊ ဘိုဘို ဇော် ၂၃နှစ်၊ မင်းမင်းစိုး ၂၄နှစ်နှင့် ပဲခူးတိုင်း ယာသာဝတီထောင်မှ အသက် ၄၅နှစ်အရွယ် အေးလွင်တို့ ဖြစ်ပြီး ၎င်းတို့သည် နအဖ တပ်မ(၂၂)လက်အောက်ခံ ခလရ(၂၀၁)တပ်ရင်းနောက်ကို ၀န်ထမ်းအဖြစ် KNU တပ်မဟာ(၇)နယ်မြေတွင် ယခုလဆန်းပိုင်းက ရောက်ရှိလာခဲ့ရာမှ ယခုလို ထွက်ပြေးလွတ်မြောက်လာခြင်းဖြစ်ကြောင်း တောင်ကလေးထောင်မှ စောစိန်အေးက ပြောသည်။

Read More...

ဝေါ်လေဒေသ တိုက်ပွဲ ပြင်းထန်လာ

KIC သတင်းမှ........

ကရင်ပြည်နယ၊် မြ၀တီခရိုင် ဝေါ်လေဒေသ၌ နအဖနှင့် ကရင်ပူးပေါင်းတပ်ဖွဲ့ဝင်တို့အကြား ယနေ့တနေ့လုံးနီးပါး အ ပြန်အလှန်ပစ်ခတ်မှုအခြေအနေသည် ယခင်ရက်များထက် မိုပိုပြင်းထန်လျှက်ရှိသည်ဟု ကရင်တပ်ဖွဲ့များ ဘက်က ပြောသည်။

စစ်သည်အင်အား ၁၈၀ကျော်ရှိသည့် နအဖစစ်တပ်မှ စကခ (၁၂)လက်အောက်ခံ ခလရ (၂၉၉)နှင့် စကခ (၈)လက်အောက်ခံ ခမရ (၄၀၉)၊ (၄၀၃)ပူးပေါင်းတပ်ရင်းတို့သည် အူးကလေ့ထာ့ရှိ DKBA တပ်ဖွဲ့ဝင်များး၏ ယာယီစခန်းအား ယနေ့ နေ့လည် ၁၂ကျော်မှစ၍ ညနေ ၆နာရီအထိ လက်နက်ကြီးများဖြင့် အချက်ပေါင်း ၂၀၀နီး ပါးခန့် ပစ်ခတ်ခဲ့သည်ဟု DKBA ဘက်က ပြောသည်။

DKBA တပ်မဟာ(၅) လက်နက်ကြီးတပ်ဖွဲ့မှ ဗိုလ်ကြီး စောစမင်းက “ ဒီနေ့ ၁၂နာရီခွဲကနေ ညနေ ၆နာရီ ကျော်အထိ နအဖဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေ မရေတွက်နိုင်လောက်အောင် ကျနော်တို့စခန်းကို ပစ်ခတ်ကြတယ်။ ကျနော်ဘက်ကလည်း ပြန်ပစ်တယ်။ ကျနော်တို့ စခန်းကို တက်သိမ်းဖို့ သူတို့ (နအဖ) သုံးကြိမ်တိုင်တိုင် ကြိုးစားခဲ့ပေမယ့် သူ့လူတွေအထိနာလို့ ပြန်ဆုတ်လိုက်ရတယ်။”ဟု ပြောသည်။

Read More...

နအဖ စစ်ကားအစီး ၅၀ကျော် ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ် ဘက် ၀င်ရောက်လာ

KIC သတင်းမှ.................

နအဖ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၅)လက်အောက်ခံ တပ်ရင်းများသည် ယခုဇန်န၀ါရီလ ၁၂ရက်နေ့က စစ်ကားအစီး (၅၀) ကျော်ဖြင့် ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်မြို့နယ်အတွင်းသို့ ၀င်ရောက်လှုပ်ရှားလာကြောင်း ထိုဒေသမှလာသည့်သတင်းအရ သိရသည်။

နအဖ စကခ (၅)လက်အောက်ခံ တပ်ရင်းများသည် စစ်လက်နက်ပစ္စည်းများ၊ ရိက္ခာများနှင့်အတူ ဇန်န၀ါရီလ ၁၂ရက်နေ့က စစ် ကားအစီး(၄၄)စီးဖြင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့သို့ ရောက်ရှိလာခဲ့သလို ကော့ကရိတ်မြို့နယ်အတွင်းမှာလည်း စစ် ကား ၁၅စီးဖြင့် ၀င်ရောက်လှုပ်ရှားလာသည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတဦးက “ပြီးခဲ့တဲ့ ၁၂ရက်နေ့က စကခ (၅)လက်အောက်ခံ တပ်တွေပေါ့။ စစ်ကား (၄၄)စီးနဲ့ ချောင်းနှစ်ခွကနေ ကြာအင်း ဆိပ်ကြီးမြို့ကို တက်လာတယ်။ ဒီတပ်တွေက အသစ်ဝင်လာတာ ဖြစ်တယ်။”ဟု ကေအိုင်စီကို ပြောသည်။

Read More...

အဆိုးရွားဆုံး အာဏာရှင် အစိုးရတွေထဲမှာ မြန်မာနိုင်ငံ စာရင်းဝင်

VOA သတင်း မှ.......

အမေရိကန်နိုင်ငံက နိုင်ငံရေးနဲ့ နိုင်ငံသားဆိုင်ရာ လွတ်လပ်မှုတွေကို စောင့်ကြည့် အကဲခတ်နေတဲ့ အဖွဲ့က ကမ္ဘာတခုလုံးရဲ့ လွတ်လပ်မှုဟာ မနှစ်က ဆုတ်ယုတ်လာခဲ့တယ်လို့ ဆိုပါတယ်။ အခုလို ဆုတ်ယုတ်လာခဲ့ရတာဟာ ကမ္ဘာ့ ဒီမိုကရေစီ နိုင်ငံတွေရဲ့ ဝေဖန် ဆန့်ကျင်မှု အားနည်းလာတဲ့အတွက် အာဏာရှင် အစိုးရတွေက အာဏာပိုရှိလာတာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။
ဒီအစီရင်ခံစာထဲမှာ မြန်မာနိုင်ငံဟာလည်း ကမ္ဘာမှာ နိုင်ငံရေးနဲ့ နိုင်ငံသားဆိုင်ရာ အခွင့်အရေး လွတ်လပ်မှု အဆိုးတကာ့ အဆိုးဆုံးနိုင်ငံ ၄၇ နိုင်ငံထဲမှာ ပါဝင်တယ်လို့ ဆိုထားပါတယ်။

Read More...

ဖာပွန်ဒေသတွင် နအဖတပ်ရိက္ခာထမ်းရန် အရပ်သား ၄၀၀ ကို BGF အဓမ္မတောင်းခံပေးနေ

စောခါးစူးညား (ကေအိုင်စီ)

ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်အတွင်း ရွာပေါင်း ၃၀ကျော်ရှိသော ကျေးရွာအုပ်စု ၃ခုမှ ဒေသခံအရပ်သား ၄၀၀ဦးအား နအဖ စစ် တပ်ရိက္ခာကို ထမ်းပေးရန် နယ်ခြားစောင့်တပ်-BGF (၁၀၁၃)တပ်ရင်းက ရွာသူကြီးများထံမှ ဇန်န၀ါရီလ ၇ရက်နေ့ကတည်းက အဓမ္မတောင်းခံနေဆဲဖြစ်သည်ဟု သိရသည်။

အဆိုပါ BGF တပ်ရင်းသည် ကမမောင်းမြို့မှ လှိုင်းဘွဲမြို့နယ် မာနယ်ပလောဂွင် မယ်ပရွာ(ရွာပျက်)သို့သွားမည့် အင်အား ၇၀၀ခန့်ရှိ နအဖ ခြေမြန်တပ်ရင်း(၂၁၂)၊ (၂၁၄)၊ (၂၁၆)နှင့် (၂၂၀)တပ်ရင်းများ၏ ကျည်ဆံနှင့် စားနပ်ရိက္ခာများ ပို့ဆောင်ပေး ရန်အတွက် ကတိုင်တိ၊ လေးဖိုးထာ့နှင့် ထီးသဘလုထာ့ ကျေးရွာအုပ်စုမှ ရွာသားများကို ပေါ်တာအထမ်းသမားများအဖြစ် အသုံးပြုရန် ရွာသူကြီးများထံမှ ယခုလို တောင်းခံခဲ့ခြင်းဖြစ်သည်။

အင်အား ၂၀၀ ၀န်းကျင်ရှိ ဗိုလ်မှူးစောလှကြိုင် ဦးဆောင်သော BGF (၁၀၁၃) တပ်ရင်းသည် အရပ်သား ပေါ်တာထမ်းသမား များကို စုဆောင်းရာတွင် ရွာကြီးလျှင် ကြီးသလို လူဦးရေ သတ်မှတ်ထားပြီး လက်ရှိအခြေအနေတွင် ပေါ်တာအထမ်းသမား ၂၀၀ခန့်ကို စုဆောင်းရရှိခဲ့သည်ဟု ဖာပွန်ခရိုင်မှ ကေအဲန်ယူ တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူးစောကလယ်ဒို့က ယခုလို ပြော သည်။

Read More...

တိုက်ပွဲသတင်း

ဆုံဆည်းရာ မှ.........

နယ်ခြားစောင့်တပ် (၁၀၁၃) တပ်ရင်းမှ လှိုင်းဘွဲ့မြို့နယ်မာနယ်ပလောဂွင်ကို နယ်ခြားစောင့်တပ်နှင့် နအဖ စစ်တပ်တို့မှ ပူးတွဲ ထိုးစစ်ဆင်ရန်အတွင် ကတိုင်တိ၊ လေးဖိုးထာ့နှင့် ထီးသဘလုထာ့ ကျေးရွာအုပ်စုမှ ရွာသား ၄၀ ကျော်ကို စစ်လက်နက်ပစ္စည်းများနှင့် ရိက္ခာများ ထမ်းခိုင်းရန် အတင်းအဓမ္မ ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

နအဖ စစ်တပ်မှ လှိုင်းဘွဲ့ မြို့နယ် မာနယ်ပလောဂွင်သို့ ထိုးစစ်ဆင်ရန် နည်းဗျူဟာ (၂၂၃) လက်အောက်ခံ တပ်ရင်းများဖြစ်သည့် နအဖ စစ်တပ် ခမရ(၂၁၂)၊ ခမရ (၂၁၄)၊ ခမရ (၂၁၆)နှင့် ခမရ (၂၂၀)တပ်ရင်းများနှင့် နယ်ခြားစောင့်တပ် ပူးပေါင်း အင်အား ၅၀၀ ခန့်ဖြင့် ထွက်ခွာသွားကြောင်းသိရှိရသည်။

နအဖ၏ အကျဉ်းသားပေါ်တာ ၅ဦး ထွက်ပြေးလွတ်မြောက်လာ

KIC သတင်းမှ.........

ကရင်ပြည်နယ်ရှိ ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေအတွင်းသို့ နအဖ တပ်မ(၂၂) လက်အောက်ခံတပ်များနှင့် ပါလာသည့် ပေါ်တာများမှ အကျဉ်းသားပေါ်တာ ၅ဦး ယခုရက်ပိုင်းအတွင်း ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(KNLA)ထံ ထွက်ပြေး လွတ်မြောက်လာခဲ့သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။

မွန်ပြည်နယ်၊ တောင်စွန်းထောင်မှ ၀င်းအောင်ဇော်၊ ရန်ကုန်တိုင်း အင်းစိန်ထောင်မှ ငြိမ်းချမ်း၊ စံပေါ၊ ၀င်းကျော်နှင့် အေးမင်းတို့ သည် ဇန်န၀ါရီလ ၄ရက်နေ့မှ ၁၁ရက်နေ့အတွင်း တပ်မ(၂၂)လက်အောက်ခံ တပ်ရင်းများမှ ထွက်ပြေးကာ ထိုဒေသတွင် လှုပ် ရှားနေသည့် KNLA တပ်ရင်း(၂၀၂) ဒုရင်းမှူး ဗိုလ်မှူးစောတာမလာတပ်ဖွဲ့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း KNLA တပ်မဟာ (၇) ဒုရုံးထိုင်မှူး ဗိုလ်ကြီးစောမျိုးမင်းသူက ပြောသည်။

Read More...

တယောက်လက် တယောက်ကူး .. ကရင်နှစ်သစ်ကူး

http://www.blogger.com/post-create.g?blogID=4008378868610760579

နို့ဖိုးတောင်ထိပ်ဖျားမှာ ကရင်အမျိုးသားအလံကို လွှင့်ထူထားတယ်။ လေထဲမှာ တလွင့်လွင့် လှုပ်နေတဲ့ အလံက ကရင်လူမျိုးတွေရဲ့ ရင်ထဲကခံစားမှုနဲ့ ထပ်တူထပ်မျှ ဖြစ်ပါလိမ့်မယ်။ တောပန်းတောင်ပန်း ရနံ့တွေကြား သင်းပျံ့ပျံ့ မွှေးနေတဲ့ ကောက်သစ်စပါးကို မောင်းထောင်းရင်း ကရင်လုံမငယ်တွေ တေးသီချင်း သီဆိုနေကြတယ်။

သူတို့ကရင်ဘာသာကို ကျမနားမလည်ပေမယ့် သီချင်းသံကိုနားထောင်ပြီး ပျော်ရွှင်လိုက်၊ လွမ်းမောလိုက် ဖြစ်နေတဲ့ ကရင်မိန်းကလေးကိုကြည့်ပြီး ခံစားနိုင်ပါတယ်။ စကောကရင်လူမျိုးတွေက “ထာ” ဆိုတဲ့ သီချင်းဆိုပွဲ လုပ်သလို ပိုးကရင်တွေက ဒုံးယိမ်းကပြီး နှစ်သစ်ကူးပွဲ ကျင်းပကြတယ်။

ဒုံးယိမ်းကနေသူတွေကလဲ ကရင့်နှစ်သစ်ကူး ဒုံးပြိုင်ပွဲမှာ အနိုင်ရဖို့ ကြိုးစားနေကြတယ်။ အားမာန်ပါတဲ့ သီချင်းသံနဲ့ စုပေါင်း ကခုန်နေတဲ့ လှုပ်ရှားသံတွေက ဟိန်းထွက်နေတယ်။ ကောက်သစ်စပါးကို မောင်းနေတဲ့ အသံကလဲ ဒုံးယိမ်းသံကြားမှာ ပျောက်မသွားဘူး။ ဒီကောက်သစ်စပါးနဲ့ “ ဖိဖိနတ်” ကို တင်မြှောက်မယ်။ ဖိဖိနတ်က ဝမ်းစာဖူလုံဖို့ စောင့်ရှောက်ကူညီမယ်ဆိုတာ သူတို့ယုံကြည်ကြတယ်လေ။ နောက်ပြီးဒီနှစ်က ထူးခြားတယ်။

Read More...

လူမဆန်မှုသတင်း

13.01.2011 News

ထောင်သားများအားလူသားမိုင်းရှင်းသဖွယ် နအဖမှ အသုံးပြု

ဧရာဝတီ မှ..................

စစ်မှုမထမ်း မနေ ရ အမိန့် ကို ပြည်သူတို့ အံတုရန် ပြင်ဆင်

FNG သတင်းမှ.............

၂၀၀၈ ခုနှစ် အခြေခံ ဥပဒေ အရ စစ်အစိုးရက နေ အတည်ပြုလိုက်တဲ့ စစ်မှုမထမ်းမနေရအမိန့် ကို ပြည်သူတစ်ရပ်လုံးကအုံကြွှတွန်းလှန်သွား မည် ဟု Freedom News မှာမြန်မာ နိုင်ငံတစ်ဝှမ်းမှ ပြည်သူများ ၏သဘောထားများကို မေးမြန်းသွားရာယခုကဲ့သို့ မှတ်ချက်ပေးကြသည်။

ထင်ရှားသည့် ရန်ကုန် အခြေစိုက် ရက်(ပ) အဆိုတော် တစ်ဦးကလည်း ” ဒီကိစ္စကိုတော့ ပြတ်ပြတ်သားသားဆန့် ကျင်ရမယ် စစ်တပ်ထဲမှာ ဘာဥပဒေမှရှိတာမဟုတ်ဘူး ၊မိုင်းရှင်းဖို့ ပေါ်တာထမ်းဖို့ ခေါ်မှာ” ဟု ဆိုသည်။

မန္တလေး မြို့ လမ်း ၈၀ တရုတ်တန်းမှလက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးကမူ” ဒီပြဿနာ က ၂၀၀၇မှာစက်သုံးဆီ ဈေး တွေတက်လိုက်သလို ပြည်သူတွေ ရဲ့ ဒေါသတွေ ကို ဆွပေးတာ လူထုအုံကြွမှုဖြစ်ပြီး ပြဿနာ ဖြစ် နိုင်တယ်” သုံးသပ်ပြောကြားသည်။

Read More...

ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး အနားယူတော့မလား

ဧရာဝတီ မှ..........

ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး နေပြည်တော်ရှိ အစိုးရပိုင် နေအိမ်မှ ပြောင်းရွှေ့ရန် ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟူသော သတင်းများကြောင့် လာမည့် အစိုးရ အဖွဲ့အသစ်တွင် ပါဝင်တော့မည် မဟုတ်ဟု စစ်အစိုးရ အသိုင်းအ၀န်းက ထင်ကြေးပေး ပြောဆိုနေကြသည်။
ယခုကဲ့သို့ အိမ်ပြောင်းရွှေ့ရန် ပြင်ဆင်နေသည့် အချိန်သည် အစိုးရအဖွဲအသစ်၏ လွှတ်တော်သုံးရပ် ခေါ်ယူမည်ဟု ကြေညာချိန်နှင့် တိုက်ဆိုင်နေကြောင်း၊ ယမန်နှစ် ဇွန်လအတွင်းကလည်း ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် လက်ရှိ ရာထူးမှ အနားယူတော့မည်ဟူသော သတင်းများလည်း ထွက်ပေါ်ခဲ့သေးကြောင်း စစ်အစိုးရ အသိုင်းအ၀ိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။

“ဦးအေးက မနှစ်ကတည်းက နားဖို့ပြောနေတာ ဗိုလ်ချုပ်မှူးကြီးက တားလို့ မနားတာလို့ ပြောတယ်။ ဗိုလ်ချုပ်မှူးကြီး နားမယ်လို့တော့ အသံမထွက်သေးဘူး” ဟု ၎င်းက ဆိုသည်။

Read More...

အကျဉ်းသား ပေါ်တာများ လူသားမိုင်းရှင်း ကိရိယာအဖြစ် အသုံးခံနေရ

ဧရာဝတီ မှ...........

ကရင်ပြည်နယ်အတွင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖတပ်များ ဖြစ်ပွားနေသည့် တိုက်ပွဲများ၌ နအဖတပ်က အကျဉ်းသား ပေါ်တာများကို လူသား မိုင်းရှင်းကိရိယာအဖြစ် အသုံးပြုနေကြောင်း သိရ သည်။

ယမန်နေ့က ထိုင်းဘက် ထွက်ပြေးလာသည့် အကျဉ်းသားပေါ်တာ ၃ ဦး။ ကိုသောင်းဌေးဦး (၀ဲဘက်)၊ ကိုမိုးရာဇာ (အလယ်)၊ ကိုတင်ဇော်မင်း (ယာစွန်) (ဓာတ်ပုံ - ဧရာဝတီ)

Read More...

ထိုင်းက မြန်မာကို ကန့်ကွက်စာပို့

ဧရာဝတီ သတင်းမှ.........

ကရင်ပြည်နယ်အတွင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် ဖြစ်ပွားသော တိုက်ပွဲများတွင် နအဖတပ်က ပစ်ခတ်မှုကြောင့် ထိုင်းနယ်မြေပေါ်သို့ လက်နက်ကြီး ကျည်များ ကျရောက်မှုနှင့် ပတ်သက်ပြီး ထိုင်းအာဏာ ပိုင်များက ယနေ့ ကန့်ကွက်စာ ပေးပို့ကြောင်း သိရသည်။ယင်းစာကို ထိုင်း-မြန်မာ နယ်ခြား ကော်မတီမှ တဆင့် မြန်မာ စစ်အစိုးရထံသို့ ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းသတင်းဌာန တခုဖြစ်သည့် Manager သတင်းဌာန၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

Read More...

တိုက်ပွဲအတွင်း နအဖတပ်မှ ကလေးစစ်သား အများစု သေဆုံးခဲ့

မိုက်ရိုင်းတဲ့ မအေလိုး စိုးသန်းခေါင်းရရင် ဘယ်လောက်ပါဝင်ကြမလဲ........

BNI သတင်းမှ.......
(စောသိန်းမြင့်) ကေအိုင်စီ.....
ကရင်ပြည်နယ် ဝေါ်လေဒေသတွင် နအဖနှင့် ကရင်တပ်ဖွဲ့ဝင်များအကြား နေ့စဉ် ဖြစ်ပွားနေသည့် တိုက်ပွဲများ၌ နအဖဘက်က ထိခိုက်သေဆုံးသူများထဲတွင် အများစုမှာ ကလေးစစ်သားများ ဖြစ်ကြသည်ဟု ယမန်နေ့က KNU ထံသို့ ထွက်ပြေး ရောက်ရှိလာသည့် နအဖ ကလေးစစ်သား တဦးက ထုတ်ဖော်ပြောဆိုသည်။
အသက် ၁၇နှစ်အရွယ် တပ်သား အောင်ကိုလင်းသည် နအဖ စကခ(၈) လက်အောက်ခံ ခမရ(၄၀၉)တပ်ရင်းမှဖြစ်ပြီး ယခုလ ၇ရက်နေ့ မနက် ၄နာရီတွင် ၎င်း၏တပ်စခန်းမှ ထွက်ပြေးကာ KNU တပ်ရင်း(၁၀၁) ထံသို့ ယမန်နေ့က ရောက်ရှိလာခြင်းဖြစ်ပြီး ယခုလပိုင်းအတွင်း နအဖနှင့် ကရင်တပ်ဖွဲ့ဝင်များအကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲများ၌ ၎င်းကိုယ်တိုင်တွေ့ကြုံခဲ့ရမှုများကို ပြန် လည်ပြောပြခဲ့သည်။

Read More...

စစ်အစိုးရက DKBA စခန်းကို သိမ်းယူရန် ကြိုးစား

(ဇော်ကြီး) သတင်း - သတင်းနှင့်မီဒီယာကွန်ယက်

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBAတပ်ဖွဲ့ အခြေစိုက်သည့် တပ်စခန်း တစ်ခုအား စစ်အစိုးရ တပ်ဖွဲ့များက ယနေ့ နံနက်ပိုင်းက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဖက် ဖလူးဒေသရှိ တာ့ကိုကျိုးစခန်းအား ယမန်နေ့ နံနက်ပိုင်းမှစ၍ စစ်အစိုးရတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ယင်းစခန်းအား ယနေ့နံနက် ၃ နာရီ အချိန်ခန့်က အင်အားအလုံးအရင်းဖြင့် စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်ဟု DKBA ခွဲထွက် တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နုတ်ခမ်းမွေးခေါ် ဗိုလ်မှူးကြီး စောလားပွယ်၏ အနီးကပ် အရာရှိတစ်ဦးက ယခုလို ပြောသည်။

Read More...

စစ်မှုထမ်းဥပဒေကြောင့် တင်းမာမှု တိုးလာနိုင်

ချင်းမိုင်(မဇ္စိ္ဈမ) ။ ။ အရွယ်ရောက်ပြီးသူတိုင်းကို စစ်မှုထမ်းရန် ဆင့်ခေါ်ခွင့်ရှိသော ပြည်သူ့စစ်မှုထမ်း ဥပဒေကို စစ်အစိုးရက ပြဋ္ဌာန်းလိုက်ရာ စစ်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အကြား တင်းမာမှု ပိုတိုးလာစေနိုင်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များနှင့် နိုင်ငံရေးလေ့လာသူများက ပြောသည်။

မဇ္ဈိမက လက်ခံရရှိထားသော နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ မနှစ် နိုဝင်ဘာလ ၄ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေ အမှတ် ၂၇/၂၀၁၀ ပြန်တမ်းမိတ္တူအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား အမျိုးသမီးများကို ၂ နှစ်အထိ စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်ဟု ပါရှိသည်။

Read More...

တိုက်ပွဲသတင်း

ဆုံဆည်းရာ မှ.........

ဇန်န၀ါရီလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့များတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် အကျဉ်းအသား ၄ ဦးထက်မနည်းသေဆုံးပြီး ၆ ဦး ဒဏ်ရာရှိကြောင်းသိရှိသည်။ ကရင်ပြည်နယ် ဝေါလေဒေသ နအဖ ထိုးစစ်တွင် နအဖ ဘက်မှ စစ်အင်အား ၃၀၀ ကျော်အသုံးပြုပြီး အကျဉ်းသား အင်အား ၅၀၀ ကျော် အသုံးပြုကြောင်း သိရပါတယ်။ အကျဉ်းသားများကို ခြေထောက်တွင် သံခြေကျင်းခတ် ၅ ယောက်တတွဲကြိုးချည် ရင်ဘောင်တန်းခိုင်းပြီး မိုင်းတွင်းများကို ဖြတ်သန်းခိုင်းနေကြောင်း သိရှိရသည်။ အချို့အကျဉ်းသားများကို လက်နက်နှင့် ရိက္ခာသယ်ယူရာတွင် အသုံးပြုကြောင်း သိရသည်။

ဇန်န၀ါရီလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့များတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် နအဖ စစ်သားအယောက် ၂၀ ကျော်ဒဏ်ရာရှိပြီး ဒဏ်ရာရသူများကို ထိုင်းနိုင်ငံဘက်မှတဆင့် မြ၀တီမြို့သို့ ပို့ဆောင်နေကြောင်း သိရပါတယ်။

ကရင်ပြည်နယ် ဝေါလေဒေသတွင် ဒီကေဘီအေ စခန်းကို နအဖ ဘက်မှ တပ်ရင်း ၈ ရင်းနှင့် ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ မြ၀တီမြို့တွင် နအဖ တပ်မမှူး ကိုယ်တိုင် ဦးစီးအမိန့်ပေးမှုများ ပြုလုပ်နေပြီး စကခ (၁၂) ဗျူဟာ (၁)၊ (၂) လက်အောက်ခံတပ်ရင်းများဖြစ်သည့် တပ်ရင်း ခလရ (၂၃၁)၊ ခမရ(၅၄၆)၊ ခမရ (၅၄၈)၊ ခမရ(၅၄၉)၊ ခမရ(၃၅၆)၊ ခမရ(၃၅၇)၊ ခမရ (၃၅၉)နှင့် ခမရ(၅၄၅) တပ်တို့မှ အင်အား အင်းအား ၃၀၀ ကျော်နှင့် ထိုးစစ်ဆင်တိုက်နေတာပါ။

တပ်ကြပ်ကြီးအုန်းတောမှရသည့်သင်္ခန်းစာ

ရေးသားသူ - ဖူးဒို



ကရင်ပြည်နယ်၊ ဘားအံမြို့နယ် အုန်းတော ရွာမှလာသည့်အတွက် အများက သူ့ကို အုန်းတောသား သိုမဟုတ် အုန်းတောဟုခေါ်ပါသည်။ လက်ရှိတွင် KNU အောက် KNLA ၏ တပ်မဟာ ၄ တွင် တပ်ကြပ်ကြီး တစ်ဦးအဖြင့် တာဝန် ထမ်းဆောင်နေပါသည်။ တော်လှန်ရေးတွင်ပါဝင်ရန် ဖြစ်ပေါ်လာသော ကြောင်းအရင်း နှင့် သူ၏ တော်လှန်ရေးအတွေ့အကြုံသည် စိတ်ဝင်စားစရာပြင် သင်္ခန်းစာယူသင့်သည့် အချက်အလက်များ ပါဝင်နေပါ သဖြင့် သူ့အကြောင်းကိုရေး၇န်ဖြစ်လာပါသည်။

Read More...

နအဖနှင့် ကရင်တပ်ဖွဲ့ဝင်များ တိုက်ပွဲ နှစ်ဘက်ထိခိုက်မှုများရှိ

KIC သတင်းမှ.................

စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် ဝေါ်လေဒေသ၊ ဖလူးကျေးနယ်တွင် နအဖနှင့် ကရင်တပ်ဖွဲ့ဝင်များအကြား ယမန်နေ့နှင့် ယနေ့ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် ယခင်တိုက်ပွဲများထက် ပြင်းထန်သောကြောင့် နှစ်ဘက်ထိခိုက်မှုများရှိသည်ဟု သိရှိရသည်။

ယနေ့ နံနက် ၈နာရီခန့်မှ ညနေ ၄နာရီအကျော်အထိ ဖြစ်ပွားခဲ့သည့် KNLA၊ DKBA ပူးပေါင်းတပ်ဖွဲ့နှင့် နအဖ စကခ(၁၂) လက်အောက်ခံ တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲတွင် နအဖဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု အတိအကျ မသိရှိရသော်လည်း နအဖ ဘက်မှ လက်နက်ကြီးကျည်မြောက်များစွာ ပစ်ခတ်ခဲ့သောကြောင့် DKBA တပ်သား ၂ဦး ကျည်ဆံထိမှန်ခဲ့သည်ဟု ဒီကေဘီ အေ တပ်မဟာ ၅မှ စစ်ဆင်ရေးမှူး ဗိုလ်မှူးစောဆန်းအောင်က ပြောသည်။

Read More...

DKBA နှင့် နအဖ တိုက်ပွဲကြောင့် ထိုင်းစစ်တပ် နယ်စပ်လုံခြုံရေး တိုးမြှင့်

ဧရာဝတီ သတင်းမှ.............

ကရင်ပြည်နယ် မြ၀တီခရိုင် ဖလူးဒေသ၌ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖ တပ်ဖွဲ့များအကြား ယနေ့ဖြစ်ပွားသည့် တိုက်ပွဲတွင် ထိုင်းနိုင်ငံဘက်သို့ လက်နက်ကြီးကျည်များ ထပ်မံ ကျရောက် ပေါက်ကွဲသဖြင့် ထိုင်းစစ်တပ်က နယ်စပ်လုံခြုံရေး တိုးမြှင့်ထားလိုက်သည်။
ယနေ့နံနက် ၇ နာရီခန့်က စတင် ဖြစ်ပွားသည့် နှစ်ဘက် တိုက်ပွဲတွင် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၂ လက်အောက်ခံ နအဖ တပ်ဖွဲ့ဝင်များက DKBA တပ်ဖွဲ့များ ရှိသည့်ဟု ယူဆရသည့် ကဆောဝါးလေး တောင်တန်း တလျှောက် လက်နက်ကြီး ကျည် အလုံး ၁၀၀ ခန့် ကြိုကြား ပစ်ခတ်လျက်ရှိရာ ထိုင်းနိုင်ငံဘက်သို့ လက်နက်ကြီးကျည် ၆ လုံး ယနေ့ မွန်းလွဲပိုင်းတွင် ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းစစ်တပ်က ပြောသည်။

တိုက်ပွဲဝင် DKBA နှင့် KNUပူးပေါင်းအဖွဲ့၏ လက်ဖြောင့် တပ်သားများ (ဓာတ်ပုံ - ဧရာဝတီ)

Read More...

ဖလူးတိုက်ပွဲရုပ်သံ

နေ့သစ် မှ..........

စစ်မှု မထမ်းမနေရ အမိန့် ကြောင့် စစ်အစိုးရ ကို ဖြုတ်ချရန် စစ်လိုလားသည့် လူငယ်များ အခွင့်အလမ်းပေါ်

FNG မှ.................

မြန်မာ စစ်အစိုးရသည် မြန်မာ နိုင်ငံသား တိုင်း စစ်မှု မထမ်းမနေရ အမိန့် ကို ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေ အရ ထုတ်ပြန် လိုက်သည် ဟု သတင်းရရှိသည်။ စစ်မှုထမ်းသက်မှာ အမျိုးသမီးများ အဖို့ အသက် ၁၈ နှစ် မှ ၃၅ နှစ်ကြား ဖြစ်ပြီး ၊ အမျိုးသားများ အတွက် အသက် ၁၈ နှစ်မှ ၄၅နှစ်ကြား ဖြစ်သည်။
စစ်မှုထမ်း ဥပဒေ နဲ့ ပတ်သက်ပြီး ရန်ကုန် မြို့ က လူငယ် တစ်ဦးတော့ “စစ်တပ်ထဲ ဝင်သွားပြီးလက်နက်တွေထုတ်လာမယ်။ ဆန္ဒပြရင် လက်နက်တွေ ရှိပြီး ပြန်ပစ်တတ်တာပေါ့ ။ အရေးကြီး စစ်စခန်း
မြေပုံတွေ ကို အင်တာနက်မှာ တင်မယ် ၊ ပြည်သူတွေ ဆန္ဒပြရင် သူငယ်ချင်းတွေ နဲ့ တိုင်ပင်ပြီး စစ်စ
ခန်း တွေ ကို ဗုံးခွဲ ပစ်မယ် ၊ ရမ်ဘို ကား ထဲက လို” ဟု သူ၏ အမြင် ကို Freedom News Group သို့ 
ပြောသည်။

တိုက်ပွဲသတင်း

ဆုံဆည်းရာ မှ........

ယခုတိုက်ခိုက်နေသည့် ကရင်ပြည်နယ်အတွင်းရှိ နအဖ ရဲ့ စစ်ဆင်ရေးများတွင် လက်နက်ကြီးကျရောက်သည့် ကိုက်တရာအတွင်းရှိ လူများ နားစည်များမှ သွေးယိုသည့် ဓါတုလက်နက်ပစ္စည်းများ စမ်းသပ်အသုံးပြုမည်ဟု ကောလဟာလ သတင်းများထွက်ပေါ်နေကြောင်း သိရှိရသည်။

နအဖ ဘက်မှ ကရင်ပြည်နယ်အတွင်း ဖြစ်ပွားသော ယခု စစ်ဆင်ရေးများတွင် အင်းစိန်ထောင်၊ မော်လမြိုင်ထောင်၊ ဘားအံ(တောင်ကလေး)ထောင်တို့မှ အကျဉ်းသားများအပြင် လက်နက်ရိက္ခာသယ်ယူရန်နှင့် လူသားမိုင်းရှင်းကိရိယာအဖြစ် အသုံးပြုရန် အကျဉ်းသားများမလုံလောက်သဖြင့် တောင်ငူထောင်မှ အကျဉ်းသားများကိုလည်း ထပ်မံခေါ်ယူထားကြောင်းသိရှိရသည်။

Read More...

ဖလူးဒေသ ကို နအဖ စစ်တပ် က အပြင်းအထန် ထိုးစစ်ဆင်

FNG မှ.........

၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက် ပွဲ ကျင်းပသည့် နေ့ ကတည်းက မြ၀တီ မြို့ ကို ၀င်ရောက် သိမ်းပိုက်ပြီး စစ်အစိုးရ တပ်ဖွဲ့ များ ကို ယှဉ်ပြိုင် တိုက်ခိုက်နေသည့်ဗိုလ်မှုးချုပ် စောလားပွယ် ဦးစီးသည့် DKBA တပ်များ ကို ထိုးစစ် ဆင်ရန် စစ်သည် နှစ်ထောင်
ကျော် နှင့် လက်နက်ကြီးများ တင်ဆောင် ထားသည့် နအဖ တပ်ရင်း ၊ တပ် ဖွဲ့ များ သည် ဒီကေဘီအေအခြေစိုက်ရာ ဖလူး နှင့် ဝေါလေ ဒေသ ကို ဇန်န၀ါရီ လ ၉ ရက်နေ့ တွင် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေသည် ဟု သတင်းရရှိသည်။

ယနေ့ မနက် ၇ နာရီ အချိန်ခန့် ကတည်း က ဖလူးဒေသ နှင့် မြ၀တီ မြို့ တောင်ဘက်မိုင်၂၀ခန့် အကွာမှာတပ်စွဲထား ပြီး ကနဲ့ လေးဒေသ ကို လည်း လက်နက် ကြီး တွေ နဲ့ ဆက်တိုက်ပစ်ခတ်ခဲ့လို့ ဒေသ ခံတွေဟာ ဘေးလွတ်ရာကို ရှောင်တိမ်းနေတယ်ဟု သတင်းရရှိသည်။

Read More...