ကေအဲန်ယူ အခြေခံ စစ်သင်တန်း အောင်မြင်စွာ ပြီးဆုံး

ကေအိုင်စီ သတင်းမှ....

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအဲန်အယ်လ်အေ) တပ်ရင်း (၂၀၁)နှင့် (၁၀၁)တို့ ဦးစီးပြုလုပ်သည့် တလကျော်ကြာ အခြေခံ စစ်သင်တန်းကို ယနေ့ အောင်မြင်စွာ ပြီးဆုံးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲကို ကေအဲန်ယူ ထိန်းချုပ်နယ်မြေ တနေရာ၌ ယနေ့မနက်တွင် ကျင်းပ ပြုလုပ်ခဲ့ရာ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ သင်တန်းကျောင်းအုပ် စောပွေထောက ယခုလိုပြောသည်။

Read More...

အာဏာရှင်၏ ရုပ်ပုံလွှာ

VOA သတင်းမှ

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွေအကြောင်း ရေးသားထားတဲ့ “မြန်မာပြည်ရဲ့ အာဏာရှင်” ဆိုတဲ့စာအုပ် ထုတ်ဝေဖြန့်ချိတဲ့အထိမ်းအမှတ် သတင်းစာရှင်းလင်းပွဲကို ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များ အသင်း မှာ မနေ့ညပိုင်းက ကျင်းပခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးးကြီးသန်းရွှေရဲ့ အုပ်ချုပ်မှုအောက်မှာ မြန်မာပြည်ဟာ ချွတ်ခြုံကျခဲ့ရ တဲ့အကြောင်းနဲ့ သူ့ရဲ့ ထူးခြားတဲ့ စရိုက် သဘာဝတွေကို စာရေးသူ Benedict Rogers က ရေးသားဖော်ပြထားတာပါ။ ဒီသတင်းစာရှင်းလင်းပွဲကို တက်ရောက် ခဲ့တဲ့ ကိုကျော်အောင်လွင်က ဘန်ကောက်မြို့ ကနေ သတင်းပေးပို့ထားပါတယ်။

Read More...

နအဖအရာရှိများ ခြစားမှုကြောင့် နမ့်ခမ်းတွင် မူးယစ်ဆေးဝါးပေါများ

သျှမ်းသံတော်ဆင့်သတင်း မှ.........

သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် မူးယစ်ရဲအပါအ၀င် နအဖအရာရှိများလာဘ်စားမှုကြာင့် မူးယစ်ဆေးဝါးလက်လီ လက်ကားရောင်းဝယ်သူများအား အရေးယူခြင်း မရှိဘဲ မူးယစ်ဆေးဝါးများလှိုင်လှိုင်ဖြန့်ဖြူးလျက်ရှိကြောင်း နယ်စပ်သတင်းများအရ သိရှိရသည်။

“လာဘ်ထိုးနိုင်လို့ပေါ့။ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှန်းသိပေမဲ့ မူးယစ်ရဲအပါအ၀င် ဆိုင်ရာနအဖအာဏာပိုင်တွေ ကိုယ်တိုင်ပါဝင်ပတ်သက်နေလို့ အရေးမယူနိုင်တာ” ဟု နမ့်ခမ်းမြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောပါသည်။

Read More...

သိပ်ပြီးသဝန်မကြောင်နဲ့..........လက်သီးစာမိမယ်..............

ထောက်လှမ်းရေး အရာရှိ အဖြစ်တာဝန် ထမ်းဆောင် ခဲ့သည့် ဗိုလ်မှုးကြီး တစ်ဦး ကို စ၇ဖ က ဖမ်းဆီး

Freedom News Group မှ......

ယခင် ထောက်လှမ်းရေး အရာရှိ အဖြစ် စစ်ကြောရေး လုပ်ငန်းတွေ မှ ဦးစီး လုပ်ဆောင်ရတဲ့
ဗိုလ်မှုးကြီး ရန်နောင်စိုး ကို ပြီးခဲ့တဲ့ သီတင်း နှစ်ပတ်လောက်က စရဖ အဖွဲ့ ဝင် တွေ က စစ်မေး
စရာ ရှိ လို့ ဆိုပြီး ခေါ်ဆောင် သွား တာ အခုထိ ပြန်လည် မရောက်ရှိ သေးကြောင်း သူ့ ရဲ့ မိသား
အသိုင်း အ၀ိုင်း နဲ့  နီးစပ် သူ တစ်ဦး က Freedom News Group သို့ ပြောသည်။

သူ့ ရဲ့ မိသားစု ၀င်တွေ ကတော့ သူပြန်မလာတဲ့ အတွက် စိတ်ပူနေရကြောင်း နဲ့ ဘယ်ကိုမှ
ဆက်သွယ်စုံစမ်း လို့ မရ ပဲ ခုနှစ်မိုင် ခွဲ အိမ်နား မှာ လည်း အစောင့် တွေ ချထားတယ် လို့ 
သူ့ မိသား စု ၀င် တစ်ဦး နဲ့ နီးစပ် သူ တစ်ဦးက ပြောသည်။

Read More...

မြန်မာစစ်ဗိုလ်ချုပ်သမီး သြစတြေးလျ မောင်းထုတ်

VOA သတင်းမှ..............

မြန်မာစစ်တပ်က စစ်အရာရှိကြီးတဦးရဲ့ သမီးဖြစ်သူကို သြစတြေးလျ အစိုးရက မြန်မာနိုင်ငံ ပြန်ပို့ဖို့ တရားဥပဒေကြောင်းအရ စီစဉ်နေပါတယ်။ မြန်မာ့လေတပ်က ဗိုလ်မှူးချုပ်ဇင်ယော်ဟာ သြစတြေးလျ အစိုးရက ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားတဲ့ စာရင်းထဲမှာ ပါနေတာကြောင့် သြစတြေးလျနိုင်ငံမှာ ပညာသင်ကြားနေတဲ့ သူ့ရဲ့ သမီးဖြစ်သူကို နိုင်ငံရင်း ပြန်ပို့ဖို့ကိစ္စ ဖြစ်လာတာပါ။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဘန်ကောက်ကနေ စုံစမ်းမေးမြန်းထားတဲ့ ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

Read More...

နျူကလီးယား အစီရင်ခံစာဖတ်ပြီး ဗိုလ်ချုပ်မှူးကြီး ဒေါသထွက်

ဧရာဝတီ သတင်းမှ.....

နျူကလီးယား စစ်ဆေးရေးမှူးဟောင်း ရေးသား ပြုစုသည့် စစ်အစိုးရ၏ နျူကလီးယား ရည်မှန်းချက် ဆိုင်ရာ အစီရင်ခံစာကို ဖတ်ပြီး ဗိုလ်ချုပ်မှူးကြီး ဒေါသ ထွက်လျက် ရှိကြောင်း သိရသည်။

ပြည်ပသို့ တိမ်းရှောင်လာသော ဗိုလ်မှူး စိုင်းသိန်းဝင်း သယ်ဆောင်လာသည့် အထောက်အထားများအပေါ် မူတည်၍ နိုင်ငံ တကာ အဏုမြူ စွမ်းအင် အေဂျင်စီ (IAEA) ညွှန်ကြားရေးမှူးဟောင်း ရောဘတ် ကယ်လီ ဦးဆောင်ပြုစုပြီး ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) က ယခုလ အစောပိုင်းတွင် အစီရင်ခံစာတခု ထုတ်ပြန်ခဲ့သည်။

Read More...

မန္တလေး မြို့တော်ဝန် ပါးရိုက် အပြစ်ပေး

ဧရာဝတီ မှ.....

မန္တလေး မြို့တော်ဝန် ဦးဖုန်းဇော်ဟန်က စည်ပင် သာယာရေး ကော်မတီရုံးရှိ ၀န်ထမ်းတချို့ကို ပါးရိုက် အပြစ်ပေးသည့် အဖြစ် အပျက်တခု မကြာသေးမီ ရက်ပိုင်းက ဖြစ်ပွားခဲ့သည်။

ထိုသို့အပြစ် ပေးရခြင်းမှာ စွပ်ကျယ်အင်္ကျီ လက်ပြတ်နှင့် ဘောင်းဘီတို ၀တ်ဆင်ထားသည့် တရုတ်လူမျိုး လင်မယားနှစ်ဦးကို ရုံးအတွင်း ၀င်ခွင့်ပေးသောကြောင့် ဖြစ်ကြောင်း ၊ ထိုလင်မယားကိုလည်း သရုပ်ပျက်
ဝတ်စားဆင်ယင်သည်ဟု ဆိုကာ မြို့တော် ၀န်က ရုံးအတွင်းမှ နှင်ထုတ်ကြောင်း မန္တလေးမြို့စည်ပင်သာယာ
ဝန်ထမ်းတဦးက ဧရာဝတီသို့ ပြောသည်။

Read More...

မိုင်းလားတပ်ဖွဲ့နယ်မြေ၌ အမည်မသိလူတစု နအဖ ပြည်ထောင်စုအလံ ဖြုတ်ချဖျက်ဆီး

သျှမ်းသံတော်ဆင့်သတင်း မှ.........

ပြီးခဲ့သည့်အပတ်က မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်နယ်မြေအတွင်း အမည်မသိလူတစု နအဖ ပြည်ထောင်စုအလံကို ဖြုတ်ချပြီး အပိုင်းပိုင်းဖြတ်ကာ လူမြင်သာသည့် ကားလမ်းမ ဓါတ်တိုင်တွင် ချည်ထားကြောင်း စုံစမ်းသိရှိရပါသည်။

“ကျိုင်းတုံအခြေစိုက် တြိဂံစစ်တိုင်းရုံး ဂျီဝမ်းအသစ်နဲ့အဖွဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် မိုင်းဟိုင်းမြို့မှာ နှစ်နိုင်ငံမြို့နယ် အဆင့် နယ်စပ်ကိစ္စဆွေးနွေးပွဲ မသွားခင် မှာဘဲဖြစ်တာ၊ ဘယ်သူ့လက်ချက်မှန်းမသိဘူး၊ နအဖ ရဲ့ ဌာန ဆိုင်ရာရုံး ၄ ခုက အလံ ၄ ခုစလုံး ညအချိန်ဖြုတ်ချပြီး အပိုင်းပိုင်းဖြတ်တယ်၊ တချို့အစအနတွေ လမ်းပေါ်ကြဲပစ် ထားတယ်။ တချို့အပိုင်း ဟာကိုဓါးနဲ့ချိုဒ်ပြီးဓါတ်တိုင် မှာသွားချည်ထားတယ်” - ဟု ကျိုင်းတုံမြို့ခံတဦးက ပြောပြပါသည်။

Read More...

တရုတ်နယ်စပ် မြန်မာရဲကင်းကို ရွာသားများ တိုက်ခိုက်

သျှမ်းသံတော်ဆင့်သတင်း မှ.............

တရုတ် - မြန်မာ နှစ်နိုင်ငံနယ်စပ် ကချင်ပြည်နယ် မံစီမြို့နယ် မန်ဝိန်းကြီးရွာ အနီးရှိ မြန်မာရဲကင်းအား ယနေ့နံနက်ပိုင်းက တရုတ်ရွာသားများ တိုက်ခိုက်ခဲ့ရာ အဆိုပါ စခန်းမှ စစ်ဘက်ရေးရာလုံခြုံရေး အဖွဲ့ (စရဖ) ပိုင် ကားတစ်စီး ပျက်စီးသွားကြောင်း သိရသည်။

မြန်မာဘက်ခြမ်းမှ စပါးဝယ်ပြန်လာသည့် တရုတ်ရွာသားများပိုင် ထော်လာဂျီ ၁၆ စီး ယမန်နေ့ နံနက် ၈ နာရီခန့်က အဆိုပါ ရဲကင်းတွင် ဖမ်းဆီးထားရာ ပြန်လည် လွတ်ပေးခြင်း မရှိသည့်အတွက် ပြဿနာစတင်ခဲ့ခြင်း ဖြစ်သည်။

Read More...

ထောက်လှမ်းရေး အကြီးအကဲ ဟောင်း အပါအ၀င် ရာထူးမှ ဖယ်ရှား ခံရခြင်းခံခဲ့ရသည့်  စစ်ဗိုလ်ချုပ် ဟောင်းများ ကို နေပြည်တော် တွင် ခေါ်ယူ တွေ့ ဆုံ

Freedom News Group မှ..................

၁၉၉၇ ခုနှစ် မှ စ၍ ၂၀၀၅ ခုနှစ် အတွင်း ရာထူးမှ ဖယ် ရှားခံခဲ့ရသည့် ထိပ်တန်း စစ်ဗိုလ်ချုပ် အချို့ အား
ကာကွယ်ရေး ၀န်ကြီးဌာန ၏ အမိန့် ဖြင့် ဇွန်လ ၂၈ ရက်နေ့ က နေပြည်တော် သို့ ဆင့် ခေါ် ၍ မြန်မာ စစ်
ခေါင်းဆောင် နှစ်ဦး က တွေ့ ဆုံခဲ့ကြောင်း သတင်းရရှိသည်။
၂၀၀၄ ခုနှစ်က အမိန့် မနာခံမှု ၊ လာဘ်စားမှု ၊မရိုးမသား လုပ်မှု များ ဖြင့် ရာ ထူး မှ ဖယ်ရှာခြင်း ခံခဲ့ရသည့်
စစ်ထောက်လှမ်းရေး အကြီး အကဲ နှင့် ၀န်ကြီးချုပ် ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွှန့် လည်း ယခု တွေ့ ဆုံမှု တွင်
ပါဝင်သည် ဟု အမည်မဖော်လို သည့် နေပြည်တော်ရှိ အကြီးတန်း အရာရှိ တစ်ဦး က Freedom News Group
သို့ ပြောသည်။

Read More...

မြန်မာ ပြည်သားများ တင်လာသည့် ကား ပစ်ခတ်ခံရ

ဧရာဝတီ သတင်းမှ....................

ထိုင်းနိုင်ငံ အလယ်ပိုင်း၊ ပရာကျွပ် ခီရီခန် ခရိုင် အတွင်း တရားမ၀င် မြန်မာ ပြည်သားများ တင်ဆောင် လာသည့် ကားကို အမည် မသိ သေနတ် သမားများ ပစ်ခတ်မှုကြောင့် ကားမောင်းသမား တဦးနှင့် အလုပ်သမား တဦး ဒဏ်ရာရရှိ သွားကြောင်း ထိုင်းသတင်းများ အရ သိရသည်။

အဆိုပါ ကားပေါ်တွင် မြန်မာပြည်သား(၁၈)ဦးခန့် လိုက်ပါလာခဲ့ပြီး ဘုရားသုံးဆူမြို့မှ စူဋ္ဌဌာနီမြို့သို့ အသွား လမ်းခုလပ် တနေ ရာ တွင် ယခုကဲ့သို့ ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း MCOT.NET ၀က်ဘ်ဆိုက်တွင် ထိုင်း ဘာသာဖြင့် ယနေ့ ဖော်ပြထားသည်။

Read More...

တရုတ် ဖိအားကြောင့် ရခိုင် ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းများတွင် လုံခြုံရေး တိုးမြှင့်တော့မည်

နိရဉ္စရာ သတင်းမှ..................
ရေးသားသူ - တာကလူး

တရုတ် အစိုးရ၏ ဖိအားကြောင့် ရခိုင်ပြည်နယ်မှ ဂတ်စ်ပိုက်လိုင်း စီမံကိန်းများတွင် လုံခြုံရေးကို တိုးမြှင့်သွားတော့မည် ဖြစ်ကြောင်း အမည်မဖေါ်လိုသူ ရဲအရာရှိ တဦးက ပြောသည်။

သူက “ ကချင် မြစ်ဆုံမှာ ဗုံးတွေ ဆက်တိုက် ကွဲပြီးတဲ့ နောက်မှာ တရုတ် ကုမ္ပဏီတွေ ရှိတဲ့ နေရာတိုင်းမှာ လုံခြုံရေးကို တိုးမြှင့်ပေးဖို့ မြန်မာ စစ်အစိုးရကို တရုတ်က ဖိအားပေးလာတဲ့ အပေါ်မှာ ရခိုင်ပြည်နယ်ထဲမှာ ရှိတဲ့ ဂတ်စ်ပိုင်လိုင်း စီမံကိန်းတွေမှာလည်း အခုအခါ နိုင်ငံတော် အစိုးရက လုံခြုံရေးကို တိုးမြှင့်လုပ်ဆောင်ဖို့ စီစဉ် လာတာ ဖြစ်ပါတယ်” ဟု ပြောသည်။

Read More...

ဒုံးတပ်ရင်းအသစ်များ ဖွင့်လှစ်

ခေတ်ပြိုင် မှ.........

ပြီးခဲ့သည့်လအတွင်း၌ ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ကကဒုံးလက်အောက်ခံ ဒုံးတပ်ရင်း အသစ်များကို ဖွင့်လှစ်ခဲ့ပြီး ဒုံးလက်နက်နှင့် ဆက်စပ်ယာဉ်များအား ရန်ကုန်ရှိ အမှတ် (၁) ယမ်းသိုလှောင်ရေး တပ်ရင်းမှ သက်ဆိုင်ရာ ဒုံးတပ်ရင်း အသီးသီးသို့ ပို့ဆောင်ခဲ့သည်။

မန္တလေးတိုင်းရှိ ကျောက်ပန်းတောင်း၊ ရှမ်းပြည်မြောက်ပိုင်း နောင်ချို၊ ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံနှင့် ကချင်ပြည်နယ် မိုးညှင်းမြို့တို့တွင် ဒုံးတပ်ရင်းများဖွင့်လှစ်ခဲ့ပြီး မေလကုန်ပိုင်း၌ တပ်ရင်းတခုလျှင် အနည်းဆုံး ဒုံးပစ်ခတ်ယာဉ် (၅) စီးစီ ပို့ဆောင်ပြီးဖြစ်ကြောင်း၊ ပျဉ်းမနားနှင့် မန္တလေးအခြေစိုက် ပင်မယန္တရား တပ်ရင်းများတွင်လည်း အလားတူ ဒုံးယာဉ်နှင့် ဆက်စပ်ယာဉ်များ ရောက်ရှိထားပြီးဖြစ်ကြောင်း ကကကြည်း ရုံးချုပ်နှင့် နီးစပ်သူတဦးက ပြောသည်။

Read More...

ရေရှားသည့်ပြဿနာကြားက နောက်ထပ်ပြဿနာ ပေါ်ပေါက်နေ

ကန္တာရဝတီတိုင်း(မ်) သတင်းမှ........
ရေးသားသူ - ကူးရယ်

မိုးရာသီရောက်ရှိနေပြီဖြစ်သော်လည်း ကရင်နီပြည်တွင်းဒေသတွင် မိုးရွာသွင်းမှုနည်းပါးပြီး တောင်သူများအနေဖြင့် စိုက်ပျိုးထားသော ပျိုးပင်များကို ရေမပေးနိုင်သည့်အပြင် သောက်သုံးရန်အတွက်ပါ ရေလုံလောက်မှုမရှိသည့် အခက်အခဲများ ကြုံတွေ့နေရသည်။

ထိုကြားထဲက နောက်ထပ်ပြဿနာတခု ထပ်ပေါ်လာသည်မှာ ကျေးရွာအနီးအနားတွင် အခြေစိုက်နေသော မြန်မာစစ်တပ်များက စခန်းအတွက် ရေမပို့မနေရ အမိန့်ထုတ်ထားသည့် အတွက်ကြောင့် ရွာသားများအနေဖြင့် ပိုမိုခက်ခဲမှုများကို ရင်ဆိုင်ရပြန်ပါသည်။

Read More...

စစ်အစိုးရကို ICC တင်သင့်ဟု ပြည်သူ့ခုံရုံး ဆုံးဖြတ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာစစ်အစိုးရသည် အမျိုးသမီးများအပေါ် လူသားချင်းစာနာမှု ကင်းမဲ့စွာ ရာဇဝတ်မှု ကျူးလွန်နေသည်မှာ ထင်ရှားသဖြင့် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC သို့ တင်သင့်ကြောင်း ဂျပန်နိုင်ငံရှိ ပြည်သူ့ခုံရုံးက ယမန်နေ့တွင် ဆုံးဖြတ်ခဲ့သည်။

ဂျပန်နိုင်ငံ တိုကျိုမြို့ Aoyama တက္ကသိုလ်တွင် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးနှင့် သဏ္ဍာန်တူ ပြုလုပ်ထားသော ပြည်သူ့ခုံရုံးတွင် ကိုယ်တိုင်ကျူးလွန်ခြင်း ခံခဲ့ရသူ ကာယကံရှင် မြန်မာနိုင်ငံသူ ၄ ဦး၏ ထွက်ဆိုချက်များ၊ နှစ်ဘက်ရှေ့နေ လျှောက်လဲချက်များ ကြားနာပြီးနောက် အဖွဲ့ဝင် ၅ ဦးပါ တရားသူကြီးအဖွဲ့က ယခုလို ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

Read More...

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မူးကြီးသန်းရွှေအား ဂျပန်နိုင်ငံရှိ နိုင်ငံတကာပြည်သူ့ခုံရုံးတွင် တရားစီရင်

BCJP NEWS

နအဖ စစ်အုပ်စုမှ မြန်မာအမျိုးသမီးများအပေါ် မတရားညှင်းပန်း နှိပ်စက် အနိုင်ကျင့်ခံရမှုများ၊ အကြမ်းဖက်ကျူးလွန်မှုများအားအရေးယူ ဆောင်ရွက်သွာနိုင်ရန် ဂျပန်နိုင်ငံရှိ နိုင်ငံတကာ ပြည်သူ့ခုံရုံး (International Tribunal - Japan)တွင် အကြမ်းဖက်ခံရသူ မြန်မာအမျိုးသမီး ၃ ဦးမှ မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ်(WLB) နှင့် Human Rights Now (HRN)တို့၏ အကူအညီဖြင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွေအား တရားဆွဲဆို စီရင်မှု ကို ယနေ့ ဇွန်လ ၂၇ ရက် Building Shibuya Aoyama Gakuin University Building No. (6),တွင် နေ့လည် ၁း၀၀ နာရီမှ ညနေ ၅း၃၀ ထိပြုလုပ်ခဲ့ပြီး ၅း၃၀ မှ ၆း၃၀ ထိသတင်းစာရှင်းလင်းပွဲများကိုပြုလုပ်ခဲ့ပါသည်။

Read More...

အတင်းအဓမ္မရိုက်နှက် ဖိအားပေး စစ်ထဲဝင်ခိုင်း

နေ့သစ် မှ........

၂၀၀၇ ခုနှစ် သြဂုတ်လက ကျောင်းတက်ရာမှ ပျောက်ဆုံးသွားတဲ့ အသက် ၁၅ နှစ်အရွယ် မောင်အောင်ကိုခန့် ဟာ ယခုနှစ် ၅ လပိုင်း က ဦးလေးဖြစ်သူကို ဖုန်းနဲ့ဆက်သွယ်လာတဲ့အတွက် စစ်တပ်ထဲရောက်နေတယ်ဆိုတာ သိခဲ့ရပါတယ်။

အဖ ဦးဝင်းကို ရဲ့ သား မောင်အောင်ကိုခန့်ဟာ မြင်းခြံမြို့နယ် ထနှောင်းတိုင်ရွာ အထက (ခွဲ) ကျောင်း နဝမတန်းမှာ ပညာသင်ယူ နေတုန်း ၃ လအကြာမှာ ပျောက်ဆုံးသွားခဲ့ပါတယ်။ အိမ်ကိုပြန်ရောက်မလာတော့တဲ့အတွက် အုပ်ထိန်းသူများ နေရာအနှံ့စုံးစမ်းခဲ့ပေ မယ့် သတင်းအစအနလုံးဝမရတော့ပါ

Read More...

ယူအန် အေဂျင်စီမှ မြန်မာနိုင်ငံကို ဒုက္ခသည်ပင်မ နိုင်ငံတစ်ခု အဖြစ်သတ်မှတ်

နိရဉ္စရာ သတင်းမှ..........

UNHCR ခေါ် ကုလသမဂ္ဂ၏ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးအဖွဲ့မှ မြန်မာနိုင်ငံကို ကမ္ဘာပေါ်တွင် ဒုက္ခသည်အများဆုံး ထုတ်ပေးသည့် ပင်မနိုင်ငံ တစ်ခု အဖြစ် စာရင်းသွင်း သတ်မှတ်လိုက်သည်။

UHNCR က ၄င်း၏ နောက်ဆုံးထုတ် အစီရင်ခံစာ “2009 Global Trends” ၌ ဒုက္ခသည် အများဆုံးထုတ်ပေးသည့် ပင်မ (၁၀) နိုင်ငံစာရင်းထဲတွင် မြန်မာနိုင်ငံကို ဒုက္ခသည် အရေအတွက် (၄၀၆၇၀၀)နှင့်အတူ နံပါတ် (၅) နေရာ၌ ထည့်သွင်း ဖေါ်ပြထားသည်။

Read More...

ဖားအံမြို့မရဲစခန်းမှူး ဗိုလ်စိုးမင်း ရဲတပ်သားသစ် အဓမ္မစုဆောင်း

KIC သတင်းမှ.......

ရဲအုပ်ဗိုလ်စိုးမင်းဟာ ဖားအံမြို့မှာ အရက်သေစာ သောက်စားရမ်းကား ရန်ဖြစ်နေတဲ့ လူငယ်တွေကို ဖမ်းဆီးပြီး တော့ တရားမစွဲဘဲနဲ့ စည်းရုံးသိမ်းသွင်း၍သော်လည်းကောင်း၊ ခြိမ်းခြောက်၍သော်လည်းကောင်း ရဲတပ်သားသစ်တွေ အဓမ္မ စုဆောင်းနေပါတယ်။ အများအားဖြင့် အသက် ၁၇၊ ၁၈နှစ် လူငယ်တွေကို ဖမ်းဆီးထားပြီး ရဲစခန်းမှူးက မင်းတို့ တရားစွဲဆို မခံချင်ရင် ရဲဌာနထဲဝင်ပါ။ မင်းတို့ မ၀င်ရင်တော့ ထောင်ကျမယ်။ ဒဏ်ငွေဆောင်ရမယ်လို့ ပြောတယ်။ လူငယ်တွေက ဘာမှမသိဘူးလေ။ တချို့လူငယ်တွေက မိဘနဲ့ဝေးတော့ ငွေမပေးနိုင်၊ အမှုလည်း မရင်ဆိုင်ချင်တော့ ၀င်လိုက်တယ်။ အခုမြို့မရဲစခန်းမှာ အဲလိုမျိုး စုဆောင်းထားတဲ့ လူငယ်တွေ အယောက် ၂၀ကျော်လောက် ရှိပြီ။

Read More...