အတင်းအဓမ္မရိုက်နှက် ဖိအားပေး စစ်ထဲဝင်ခိုင်း

နေ့သစ် မှ........

၂၀၀၇ ခုနှစ် သြဂုတ်လက ကျောင်းတက်ရာမှ ပျောက်ဆုံးသွားတဲ့ အသက် ၁၅ နှစ်အရွယ် မောင်အောင်ကိုခန့် ဟာ ယခုနှစ် ၅ လပိုင်း က ဦးလေးဖြစ်သူကို ဖုန်းနဲ့ဆက်သွယ်လာတဲ့အတွက် စစ်တပ်ထဲရောက်နေတယ်ဆိုတာ သိခဲ့ရပါတယ်။

အဖ ဦးဝင်းကို ရဲ့ သား မောင်အောင်ကိုခန့်ဟာ မြင်းခြံမြို့နယ် ထနှောင်းတိုင်ရွာ အထက (ခွဲ) ကျောင်း နဝမတန်းမှာ ပညာသင်ယူ နေတုန်း ၃ လအကြာမှာ ပျောက်ဆုံးသွားခဲ့ပါတယ်။ အိမ်ကိုပြန်ရောက်မလာတော့တဲ့အတွက် အုပ်ထိန်းသူများ နေရာအနှံ့စုံးစမ်းခဲ့ပေ မယ့် သတင်းအစအနလုံးဝမရတော့ပါ

မြင်းခြံခရိုင် တောင်သာမြို့နယ် အေးရွာမှာနေတဲ့ ဦးလေးဖြစ်သူ ဦးဝင်းမြင့်ဆီကို ၂၀၁၀ ခုနှစ် ၅ လပိုင်းက မောင်အောင်ကိုခန့် ကိုယ် တိုင် ဖုန်းနဲ့ဆက်သွယ်လာတော့မှ အမှတ် (၉၁၉) စစ်မြေပြင် အင်ဂျင်နီယာတပ်မှာ ရောက်နေတယ်ဆိုတာ သိခဲ့ရပါတယ်။

မောင်အောင်ကိုခန့် စစ်ထဲရောက်သွားပုံကို ခုလိုပြောပြထားပါတယ်… သူ မန္တလေးကို သွားတော့ မန္တလေးဘူတာမှာ စစ်သားတွေက ရိုက်နှက်ပြီး စစ်တပ်ထဲ အတင်းအဓမ္မဝင်ခိုင်းတဲ့အတွက် စစ်တပ်ထဲ ရောက်ခဲ့ရခြင်းဖြစ်ပါတယ်။ ခုဆိုရင် နေ့တိုင်း မိုင်းတွေခွဲခိုင်းတဲ့ အတွက် ပင်ပန်းမှုဒဏ်ကို မခံနိုင်တော့ဘူး အမြန်ဆုံး တပ်ထဲကပြန်ထုတ်ပေးဖို့ ဦးလေးဖြစ်သူကို ဖုန်းဆက် အကြောင်းကြားလာပါ တယ်။

မောင်အောင်ကိုခန့်ဟာ အသက် ၁၈ နှစ် မပြည့်သေးခင်ကတည်းက တပ်ထဲကို အတင်းအဓမ္မရိုက်နှက် ဆွဲသွင်းခံရပြီး၊ စိတ်ဆန္ဒမရှိဘဲ တပ်ထဲမှာ အရွယ်နဲ့မလိုက်တဲ့ အလုပ်ကြမ်းတွေ အဓမ္မစေခိုင်းတာ ခံနေရတဲ့အတွက် ဦးလေးဖြစ်သူဟာ လမ်းပြကြယ်အဖွဲ့ အကူအညီ နဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ကို တိုင်ကြားထားပါတယ်။

နအဖ စစ်အုပ်စုဟာ ၂၀၀၄ ခုနှစ်က ကလေးစစ်သားပပျောက်ရေး ကော်မတီကိုဖွဲ့ခဲ့ပေမယ့် ဒီနေ့အထိ စစ်တပ်ကိုယ်တိုင်က ကလေး တွေကို ပြန်ပေးဆွဲနည်း လူကုန်ကူးနည်း ရိုက်နှက်ခြိမ်းခြောက်နည်းတွေနဲ့ ဆက်လက်စုဆောင်းဆဲ ဖြစ်ပါတယ်။ ဒီနှစ် ၂၀၁၀ ဇွန်လ ပိုင်း အထိ လမ်းပြကြယ်အဖွဲ့ကို တိုင်းကြားထားတဲ့ ကလေးစစ်သားအမှု ၂၄ မှု ရှိနေတယ်လို့ သိရပါတယ်။

0 comments:

Post a Comment