လူမဆန်မှုသတင်း

တပ်မဟာ ( ၆ ) တိုက်ပွဲသတင်း

တပ်မဟာ ( ၆ ) ဒုတပ်ခွဲမှုး သည် ၂၈-၂-၂၀၁၁ နံနက် ၀၉၄၀ အချိန်တွင် စစ်ကြောင်းမှုး ထွန်းထွန်းနိုင်ဦးဆောင်သော ခမရ ( ၄၀၇ )
ကို ဘုရားတောင်နှင့်ညောင်တုန်းကြားမရမ်းချောင်း တွင် တိုက်ခိုက်ရာ ရန်သူမှ ၃ ဦးသေ။ နိုလယ်ရွာတွင် တပ်မ ( ၂၂ ) လက်အောက်ခံ တပ်ရင်း ( ၈၁ ) ဗိုလ်မှုးပြည်သူဝင်း အင်အား ( ၃၆ ) ယောက်တို့ သည် နယ်စပ်စစ်စခန်း တည်ဆောက် ။ နိုလယ်နှင့် ဖာသီကြား လုံခြုံရေးကို မန်းဝင်းယုံ မှဦးဆောင် ။ တနေ့ တည်းတွင် ခမရ ( ၅၄၇ ) ဗိုလ်ရဲထွန်း ဦးဆောင်သော လက်နက်ကြီးတပ်သည်
ကော့ကရိတ် နေပူကုန်းတွင် တပ်စွဲပြီး ရွာသစ်ကုန်းရွာသို့  လက်နက်ကြီး ( ၇ ) ချက်ပစ်ချသည်။ အဆိုပါလက်နက်ကြီးပစ်ခတ်မှုကြောင့် နော်ဖေါဒေး ( ၂၆ ) မှာ သေဆုံးသွားပြီး ၄င်း၏ ခင်ပွန်းနှင့် ခလေး ( ၄ ) ဦး ကျန်ရစ်။

ဘာသာပြန်ကို Karen United မှကူးယူသည်။

4.3.2011

ကိုယ့်သေတွင်းကိုယ်တူးခိုင်းတဲ့ စစ်ခွေးနအဖရဲ့ ရက်စက်မှု

ထါးဝယ်ခရိုင် တပ်မဟာ(၄) ဒေသတွင်လှုပ်ရှားသော နအဖခြေမြန်တပ် ၂၈၂ မှ ဗိုလ်ဇော်ထက် ဦးဆောင်တဲ့ တပ်သည် ပစော်လော်ရွာသား စောဝါးထူး အသက်၂၁နှစ် ကို KNUအားကူညီတဲ့ အတွက် အပြစ်မရှိ အပြစ်ရှာပြီး ရိုက်နှက်နှိပ်စက်ခဲ့ကြောင်းသိရှိရသည်။ ထို့အပြင် ထိုတပ်မှ စစ်သားများသည် သူ့ ကိုသတ်ပစ်ဖို့တွင်းတူးခိုင်းတဲ့အထိစီစဉ်ခဲ့သည်။ ဒါပေမဲ့လည်း ထိုစစ်သားအုပ်စုမှ ပါလာသော စစ်ဗိုလ်တစ်ဦးသည် စောဝါးထူးအား သနား သဖြင့် ခိုးပြီးလွှတ်ပေးခဲ့ကြောင်းရွာသူကြီးထံမှ သိရှိရသည်။


ကွယ်ကလူသတင်းကို အကျဉ်းချုပ်ဘာသာပြန်ထားသည်။

Kwekalu's News

ရင်ဆိုင်တိုက်ပွဲနှင့်လူမဆန်မှုသတင်း

2.3.2011

မြန်မာစစ်တပ်မှ ရွာသားတစ်ယောက်ကို ရိုက်နှက်ပြီး ပစ်ထား

ကောင်းဝါ သတင်းဌာန မှ............

မြ၀တီခရိုင် မုလုချိုင်း (ထိုင်းဘက်ခြမ်း)တွင် လာရောက်နေထိုင်သော အသက်(၂၇)နှစ်အရွယ်ရှိ စစ်ပြေး ဒုက္ခသည် တောင်အုပ်ထရွာသားစောပိထူးကို ဖေဖော်ဝါရီလ (၂၂)ရက် ညနေပိုင်းတွင် ထို့ကွာကျိုးတောင် ခြေရင်း ကွီးယာပလာအင်းအနားတွင် တပ်မ(၂၂)လက်အောက်ခံစစ်တပ်မှ ပြင်းထန်စွာရိုက်နှက်ပြီး ခြုံတွင် ပစ်ထားခဲ့သည်။

အရိုက်နှက်ခံရသော စောပိထူးမှာ သူ၏အဖော်တစ်ယောက်နှင့်ဟင်းစားတို့စရာခူးရန် သူးမွဲချောင်းအနား အရောက်တွင် မြန်မာစစ်တပ်မှဖမ်းဆီးရိုက်နှက်ခဲ့သည်ဟု စောပိထူးမှပြောပါသည်။ “ညနေ လေးနာရီအချိန်လောက်မှာဘဲ ကျနော့်နောက်ဘက်ကနေ နအဖစစ်သားတစ်ယောက်လာပြီး ကျနော့်ကိုဖမ်းသွားတယ်။

Read More...

ရင်ဆိုင်တိုက်ပွဲနှင့်လူမဆန်မှုသတင်း

1.3.2011

တိုက်ပွဲကြောင့် နအဖတပ်ဖွဲ့ဝင်များ ဆက်တိုက် ထိခိုက်သေဆုံးမှုရှိနေ

စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် KNU ဒူးပလာယာခရိုင် တပ်မဟာ(၆)အတွင်း DKBA-KNLA ပူးပေါင်းတပ်ဖြစ်သည့် ကရင်တပ် ဖွဲ့နှင့် နအဖအကြား နေ့စဉ် ရက်ဆက်ဆိုသလို ဖြစ်ပွားလျှက်ရှိရာ ယနေ့တိုက်ပွဲတွင် နအဖဘက်မှ ၃ဦး သေဆုံးပြီး ၃ဦး ဒဏ် ရာရရှိခဲ့သည်။

ယနေ့ နေ့လည်အချိန်တွင် မြ၀တီမြို့နယ်၊ ကနဲလေးနှင့် ဘုရင့်နောင်ကုန်းအကြား၌ ကရင်တပ်ဖွဲ့နှင့် နအဖ စစ်ကွပ်ကဲရေးဌာန ချုပ်-စကခ(၅) လက်အောက်ခံ ခမရ(၅၆၃)တပ်ရင်းတို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ DKBA တပ် မှူးတဦးက ကေအိုင်စီကို ယခုလို ပြောသည်။

သူက “ဒီမနက် ၁၁နာရီအချိန် ကနဲလေးနဲ့ ဘုရင့်နောင်ကုန်းကြားမှာ ကျနော်တို့နဲ့ နအဖတပ် တိုက်ပွဲဖြစ်တော့ နအဖဘက်က ၃ယောက်သေတယ်။ ၁ယောက်ဒဏ်ရာရတယ်။ နောက် ညနေ ၂း၁၃မိနစ်မှာ ဖလူးနဲ့ ကျောက်ခက်ဒေသ ဘလယ့်ဒို့မှာ နအဖ တပ်မ(၂၂)လက်အောက်ခံ ခလရ(၂၁၀)တပ်ရင်းက ၂ယောက် မြေမြုပ်မိုင်းထိတယ်။ ခင်ဇော်ဦးဆိုတဲ့ တပ်ကြပ်ကြီး ၁ယောက် ပါတယ်။ ဒီနေ့တိုက်ပွဲမှာ ကျနော်တို့ဘက်ကတော့ ထိခိုက်မှု တစုံတရာဘာမှမရှိဘူး။ ဘာဖြစ်လဲဆိုတော့ ကျနော်တို့ သူတို့ရဲ့အ လစ်ကို ရုတ်တရက်တိုက်ပြီး ရှောင်ထွက်တာပဲ။” ဟု ပြောသည်။

Read More...

ပစ်ခတ်မှုကြောင့် လူထု ၁,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ရ

စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် လှုပ်ရှားနေသည့် အစိုးရစစ်တပ်များသည် ပြီးခဲ့သည့် ရက်ပိုင်းက ကျေးရွာအတွင်း လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် လှမ်းပစ်ခတ်မှုကြောင့် ဒေသခံ ရွာသူရွာသား ၁,၀၀၀ကျော် တောတောင်ထဲသို့ ထွက်ပြေးတိမ်း ရှောင်နေရသည်ဟု သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ရက်နေ့ညအချိန်တွင် အစိုးရစစ်တပ် စကခ (၁၀)လက်အောက်ခံ တပ်ရင်းများသည် ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ တယ်ဘိုးပလောဂွင်မှ ကျေးရွာ (၇)ရွာကို အကြောင်းမဲ့ လက်နက်ကြီး၊ လက်နက်ငယ်များ မြောက်များစွာဖြင့် လှမ်း၍ ပစ်ခတ်ခဲ့သည့်အတွက်ကြောင့် ဒေသခံရွာသူရွာသားများသည် နီးစပ်ရာ တောင်တောင်ကြားတွင် ယနေ့အချိန်ထိ ထွက်ပြေးပုန်းအောင်းနေရဆဲဖြစ်သည်ဟု ကေအဲန်ယူ တပ်မဟာ(၅) သစ်တောရေးရာ တာဝန်ခံတီးဝေါ်က ပြောသည်။

Read More...

လူ့အခွင့်အရေး ချိုးဖောက်မှု ကရင်တိုင်းရင်းသား ၈၄,၀၀၀ လက်မှတ်ထိုး တိုင်ကြား

VOA သတင်းမှ.......

မြန်မာနိုင်ငံတွင်းက လက်နက်ကိုင် ပြည်တွင်းစစ်တွေ ရပ်စဲဖို့အတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အနေနဲ့ အရေးယူ ဆောင်ရွက်ပေးဖို့ ကရင်အမျိုးသား ၈၀,၀၀၀ ကျော်က လက်မှတ်ရေးထိုးပြီး တောင်းဆိုလိုက်ပါတယ်။ ပြည်တွင်းစစ် ရပ်စဲရေးအတွက် ကရင်လူထု လှုပ်ရှားမှု အကြောင်းကို စုံစမ်းမေးမြန်းထားတဲ့ မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။
နိုင်ငံတ၀န်းမှာ နေထိုင်ကြတဲ့ ကရင်အမျိုးသားတွေဆီက စစ်အစိုးရ လက်နက်ကိုင် ထိုးစစ်တွေကို ရပ်စဲရေး လက်မှတ်ရေးထိုး လှုပ်ရှား တောင်းဆိုမှုကို ကရင်အမျိုးသား အစည်းအရုံး (KNU) က ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။

Read More...

84,000 Karen Civilians Call on Ban Ki-Moon to Help Stop Attacks (English Version)

84,000 Karen Civilians Call on Ban Ki-Moon to Help Stop Attacks in Burma

84,000 Karen Civilians Call on Ban Ki-Moon to Help Stop Attacks

84,000 Karen Civilians Call on Ban Ki-Moon to Help Stop Attacks in Burma in Burmese Launguage

လူမဆန်မှုနှင့်ရင်ဆိုင်တိုက်ပွဲသတင်း

27.2.2011

အင်းစိန် ဗုံးကွဲမှု ထိခိုက် ဒဏ်ရာရ

VOA သတင်းမှ...........

ရန်ကုန်မြို့ အင်းစိန် ကမ်းနားလမ်းမှာ ဒီကနေ့ ညနေပိုင်းက ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ မသိင်္ဂီထိုက်က စုံစမ်းမေးမြန်းပြီး တင်ပြပေးထားပါတယ်။

အင်းစိန်မြို့ ကမ်းနားလမ်းမှာရှိတဲ့ အောင်ဇေယျတံတား အနီးမှာ ဒီကနေ့ ည ၇ နာရီကျော်လောက်က ဗုံးပေါက်ကွဲမှုတခု ဖြစ်ခဲ့တာပါ။ ဒီဗုံးကွဲမှုနဲ့ ပတ်သက်ပြီး အနီးအနား ရပ်ကွက်မှာ နေထိုင်တဲ့ အခင်းဖြစ်ပွားရာကို သွားကြည့်သူ တဦးကို ဆက်သွယ်မေးမြန်းကြည့်ရာမှာ သူက အခုလိုပြောပါတယ်။

Read More...

မြဝတီ ကော့ကရိတ်ကားလမ်းဘေးက ရွာတရွာကို နအဖ က လက်နက်ကြီးတွေနဲ့ တိုက်ခိုက်

နေ့သစ် မှ...............

ဒီကေဘီအေတပ်ဖွဲ့တွေက မြဝတီမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်ကြားက ကားလမ်းတလျှောက်ရှိတဲ့ နအဖ တပ်စခန်း တွေကို မကြာခဏ စစ်ဆင်တိုက်ခိုက်ခဲ့ပြီး၊ ဒီကားလမ်းပေါ်မှာ အရပ်သားပြည်သူတွေ ထိခိုက်မှုမရှိစေဖို့အတွက် ပြည်သူလူထုအနေနဲ့ ကားလမ်းအသုံးပြုတာကိုလည်း ဒီကေဘီအေ ဘက်က ပိတ်ပင်တားမြစ်ခဲ့ထားပါတယ်။ နအဖတပ် ဖွဲ့တွေဘက်ကလည်း ဒီကားလမ်းပေါ်မှာ စစ်ဆင်တိုက်ခိုက်နေတဲ့ ဒီကေဘီအေ တပ်ဖွဲ့တွေကို ရှင်းလင်းမယ်ဆိုတဲ့ သ တင်းတွေ ထွက်ပေါ်ခဲ့ပြီး ဒီအေဘီအေ ခိုအောင်းနိုင်မယ့် တောတောင်တွေ ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ရှင်း လင်းလျက်ရှိပါတယ်။

မနေ့က ညနေ ၄ နာရီမှာ စကခ ၁၂ လက်အောက်ခံ ၅၄၅ တပ်ရင်းက ကော့ကရိတ်မြို့နယ်အနီး တောင်းသုံးလုံးနားက ကောင်းမှုရွာထဲကို လက်နက်ကြီး အလုံး ၄၀ ကျော် ပစ်ထဲ့ခဲ့တယ်လို့ ကြားသိရပါတယ်။

Read More...

ကြားဖြတ်သတင်း

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် ကမ်းနား အလယ်ရပ်ကွက် အောင်ဇေယျအိမ်ရာအနီးတွင် မြန်မာစံတော်ချိန် ညနေ ၇ နာရီခန့်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။