စခန်းတွင်း နေထိုင်သူများက အမျိုးသားတဦး သေဆုံးရမှုအပေါ် မေးခွန်း ထုတ်နေကြ

ရေးသားသူ - မာမာကျော်ဇော(BNI)

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ အနီးရှိ အုန်းဖျံ ဒုက္ခသည်စခန်းတွင်း နေထိုင်သူများက အသက် ၆၃ နှစ်အရွယ်၊ အမျိုးသားတဦး စခန်းရှိလုံခြုံရေး တာဝန်ရှိသူများနှင့် စကားများပြီး တရက်အကြာ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ တွင် ရုတ်တရက် သေဆုံးသွားသည့်အပေါ် မေးခွန်း ထုတ်နေကြသည်။

ဦးထွန်းကြိုင်သည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည်အဖြစ် အသိမှတ်ပြုလက်မှတ် ကိုင်ဆောင်ထားသူ တဦးဖြစ်ပြီး၊ ဒုက္ခသည်စခန်းတွင် ၁၀ နှစ်ကျော်ကြာ နေထိုင်နေသူ လည်းဖြစ်သည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့က၊ လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ အိမ်တံစက်မြိတ်ကို မီးရှို့ရန်ကြိုးစားစဉ် စခန်းရှိ လုံခြုံရေးဝန်ထမ်း ဦးမျိုးလွင်နှင့် အခြားတာဝန်ရှိသူ သုံးဦးက သူ့ကို လက်ထိပ်ခတ်ကာ ဖမ်းဆီးသွားကြောင်း သေဆုံးသူ၏ ဇနီးဖြစ်သူ ဒေါ်ဝက်က နိုင်ငံတကာမြန်မာသတင်းဋ္ဌာန (BNI) ကို ယခုလိုပြောဆိုသည်။

Read More...

စစ်ရာဇဝတ်မှုများအတွက် ကော်မရှင်ဖွဲ့ရန် ကွင်တားနား အကြံပြု

စိုင်းဇွမ်ဆိုင်း (မဇ္ဈိမ)

ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရက ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများအတွက် ကော်မရှင်တခုဖွဲ့၍ စုံစမ်းစစ်ဆေးသွားရန် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးသံတမန် မစ္စတာကွင်တားနားက ကုလသမဂ္ဂကို အကြံပြုလိုက်သည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးသံတမန် သောမတ်စ် အိုဂျေ ကွင်တားနား Tomás Ojea Quintana က ကုလလူ့အခွင့်အရေးကောင်စီသို့ အစီရင်ခံ အကြံပြုခြင်း ဖြစ်သည်။

ချိုးဖောက်မှုဖြစ်စဉ်အချို့ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ “လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် စစ်ရာဇဝတ်မှုများ” အဖြစ် သတ်မှတ်နိုင်ကြောင်း အစီရင်ခံစာတွင် ဆိုထားသည်။

Read More...

စစ်အစိုးရ ရွေးကောက်ပွဲ ဥပဒေအပေါ် အမေရိကန် စိတ်ပျက်

(VOA သတင်းမှ)

မြန်မာစစ်အစိုးရ ဒီနှစ်အတွင်းကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ခွင့်မပြုတဲ့အတွက် စစ်အစိုးရအပေါ်ထားတဲ့ အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒဟာ အောင်မြင်မှု မရှိဘူးလို့ အမေရိကန် အဆင့်မြင့် အရာရှိတဦးက ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

အခုသီတင်းပတ်အတွင်း စစ်အစိုးရက ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ ထုတ်ပြန်ကြေညာ လိုက်တဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ၀င်ရောက် ယှဉ်ပြိုင်ခွင့်မပြုတဲ့အပြင် သူမရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုလည်း အားနည်းသွားစေတယ်လို့ ဝေဖန် ပြောဆိုနေကြတာပါ။
စစ်အစိုးရက အခုကျင်းပမယ့် ရွေးကောက်ပွဲအတွက် ကန့်သတ်ချုပ်ချယ်တဲ့ ဥပဒေတွေ ထုတ်ပြန်လိုက်တာဟာ ဒီမိုကရေစီအရေး ဖော်ဆောင်မှုအတွက် အထောက်အကူ မပြုဘူးလို့ အရှေ့အာရှရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့ ကမ်ဘဲလ် (Kurt Campbell) က ဘန်ကောက်မြို့မှာ သတင်းထောက်တွေကို ဒီကနေ့ ပြောကြားခဲ့ပါတယ်။

Read More...

နအဖ တပ်မများ ၀ နယ်အနီး ပိုမိုဖြည့်တင်း ချဉ်းကပ်

သတင်း - သျှမ်းသံတော်ဆင့်သတင်း

ယခုတပတ်အတွင်း နအဖ တပ်မများ ၀ ထိန်းချုပ်နယ်မြေအနီး ပိုမိုဖြည့်တင်းချဉ်းကပ်လာသည်ဟု စုံစမ်းသိရှိရပါသည်။ “မြောက်ပိုင်း ၀ နယ်မြေပတ်ပတ်လည်မှာ ဗမာတပ်မ ၄ ခုလောက်ရောက်နေတယ်။ ဒီလဆန်းပိုင်းကလဲ တပ်မ ၇၇ က အလုံးအရင်းနဲ့ တက်လာတယ်၊ ရိက္ခာတွေ၊ စစ်လက်နက်ပစ္စည်းတွေတင်ပို့တယ်။ မနေ့ကလဲ တပ်မ ၇၇ ဘဲ စစ်သားတွေ က ၅၀၀ ကျော်တယ်။ လားရှိုးကနေ သိန္နီကို ဖြတ်သွားပြီ၊ ကိုးကန့် နဲ့ ၀ နယ်ခြားဘက်ကိုဦး တည်တယ်ထင်တယ်” - ဟု အမည်မဖေါ်လို သည့် လားရှိုးသားတဦးက ပြောပါသည်။

မတ်ခ်ျ ၁၁ ရက် သျှမ်းပြည်အလယ်ပိုင်း မိုင်းနောင်ဘက်ရောက်နေသည့် တပ်မ ၅၅ ကလည်း အင်အား ၂၀၀ ခန့်ပါ စစ်ကား ၇-၈ စီးဖြင့် မိုင်းရှူးမြို့တဆင့် တာ့ဝန်းနောင်း ကူးတို့ဆိပ်သို့ဆင်းသွားကြောင်း၊ ထို့နည်းတူ သံလွင်အရှေ့ ခြမ်းမိုင်းပြင်းမြို့ နယ်အတွင်းရှိ နအဖတပ်များကလည်း မြောက်ဖက်ရှိ နမ့်ခါချောင်းကိုဖြတ်ကျော်၍ ၀ နယ်အနီး လွယ်ပန်လုံသို့အင်အား ထပ်ဖြည့်ထားသည်ဟု ဒေသခံများက ဆိုသည်။

Read More...

အမေရိကန်သံတမန် မြန်မာသို့ လည်ပတ်ရန် ဆွေးနွေး

အိုကလာဟိုးမား (မဇ္စျိမ) ။ ။ ဒေသအတွင်း ခရီးလှည့်လည်သွားရောက်နေသော အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကင်းဘဲလ်သည် မြန်မာနိုင်ငံကို လာရောက် လည်ပတ်နိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးက အတည်ပြု ပြောကြားသည်။

အရှေ့တောင်အာရှ နိုင်ငံများသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် အလည်အပတ်သွားနေသူ မစ္စတာကင်းဘဲလ်သည် သောကြာနေ့တွင် ဘရူနိုင်းမှ မလေးရှားသို့ သွားရောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ပါ သွားရောက်ရေးအတွက် စစ်အစိုးရနှင့် ဆွေးနွေးနေသည်ဟု ဆိုသည်။

”ခရီးစဉ်နဲ့ပတ်သက်လို့ မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးနေတုန်းပါ” ဟု သံရုံးအရာထမ်းတဦးက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ကင်းဘဲလ်သည် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ခြင်းသည် လွန်ခဲ့သည့် ၁၄ နှစ်အတွင်း ပထမဆုံး ရောက်ရှိလာသည့် အမေရိကန်၏ အဆင့်မြင့်ဆုံး အရာရှိဖြစ်သည်။ အမေရိကန်က ထိတွေ့ဆက်ဆံရေး မူဝါဒသစ် ပြောင်းလဲကျင့်သုံးပြီးနောက် ပထမဆုံး လည်ပတ်မှုလည်း ဖြစ်သည်။

Read More...

Democratic Group Representing Karen People Calls on UN to Help Stop Attacks against Karen Civilians that have been occurring for Six Decades

By Michael Ireland

KAWTHOOLEI, BURMA -- The Karen National Union (KNU), is welcoming UN Secretary General Ban Ki-moon's expression of concern regarding new attacks on the Karen people.
However, in a media release, the group says they do not believe that this alone is an adequate response to the current crisis.
The Karen National Union (KNU) is a democratic organization representing the Karen people of Burma whose goal is peace and prosperity in a democratic federal Burma.
The KNU Mission Statement is "to establish a genuine Federal Union in cooperation with all the Karen and all the ethnic peoples in the country for harmony, peace, stability and prosperity for all."

Read More...

ရန်ကုန်တိုင်း မြို့နယ်အချို့တွင် စစ်တပ်က ပေါ်တာဆွဲသလို ဖမ်းဆီးနေ

11 March 2010 19:20 ရိုးမ ၃

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ယခုရက်ပိုင်းအတွင်း စစ်တပ်က ကားများဖြင့် လှည့်လည်ပြီး လမ်းသွားလမ်းလာ သာမန်ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးနေသည်။

ဖမ်းဆီးမှုဖြစ်ပွားနေသည့် မြိုနယ်များမှာ ဒဂုံ၊ ဒလ၊ ဒေါပုံနှင့် သာကေတမြို့နယ်များဖြစ်ပြီ အဆိုပါမြို့နယ်များ၌ ည (၁၀) နာရီဝန်းကျင်တွင် လျှပ်စစ်မီး ဖြတ်တောက်ပြီး ခရီးသွားလာနေကြသည့် ပြည်သူများကို စစ်တပ်က ကားဖြင့် တင်ဆောင်ဖမ်းဆီးနေခြင်း ဖြစ်သည်။

ထိုကဲ့သို့ စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးနေခြင်းနှင့်ပတ်သက်၍ သာကေတမြို့ခံ မျက်မြင်သက်သေတဦးက “စစ်တပ်က ပေါ်တာဆွဲသလို ဖမ်းနေတာ လေးရက်ငါးရက်လောက် ရှိနေပြီ။ ကျနော်တို့ရပ်ကွက်ထဲက ဆရာဝန်တယောက်တောင် လူနာသွားကြည့်ရင်း ညပိုင်းမှာ အဖမ်းခံရလို့ တသိန်းနဲ့ လိုက်ရွေးရတယ်ဗျာ။ ဒေါပုံဘက်မှာလည်း ညဆို ဆွဲတယ်။ လက်ဘက်ရည်ဆိုင်တွေမှာပါ ထိုင်လို့ မရဲတော့ဘူး။ အဲဒီမှာလည်း ဝင်ဆွဲတယ်” ဟု ပြောသည်။

Read More...

နအဖထုတ်ပြန်သည့်ဥပဒေကို ဒေါ်အောင်ဆန်းစုကြည် ဝေဖန်

၁၁ မတ် ၂ဝ၁ဝ(ခေတ်ပြိုင်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီအထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ တွေ့ဆုံခွင့်ရရှိကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောကြားသည်။
ထိုသို့တွေ့ဆုံရာတွင် ယခုလက်ရှိပေါ်ပေါက်နေသည့် ရွေးကောက်ပွဲကိစ္စနှင့် ရွေးကောက်ပွဲဥပဒေကိစ္စတို့ကို ဒေါ်အောင်ဆန်းစုကြည်နှင့်ဆွေးနွေးခဲ့ကြောင်းဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “ဒေါ်အောင်ဆန်းစုကြည် ပြောတာက နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေမှာ ဖော်ပြတဲ့အချက်တွေက ဖတ်လိုက်တာနဲ့ ပုဂ္ဂိုလ်တဦးတယောက်အတွက်၊ ပုဂ္ဂိုလ်တဦးတယောက်အပေါ်မှာ ရေးဆွဲထားတဲ့ဥပဒေလို့ လူတွေ ဒီလိုပဲ နားလည်မယ်တဲ့။ ဒါတော်တော်မကောင်းတဲ့ အချက်ပဲတဲ့။ ဥပဒေဆိုတာ လူတိုင်းအတွက် ရေးဆွဲရမှာတဲ့။ ပုဂ္ဂိုလ်တဦးတယောက်ကို ရည်ညွှန်းရေးဆွဲတယ်ဆိုတာ အင်မတန်ရှက်စရာကောင်းတဲ့ လုပ်ရပ်ပဲတဲ့။ အဲဒီလိုပြောပါတယ်” ဟု ပြောသည်။

Read More...

ရွေးကောက်ပွဲ ဥပဒေ နိုင်ငံတကာ ဝေဖန်

11 March 2010(VOA မှ)

စစ်အစိုးရက ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရဆိုရင် လာမယ့် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်ကို ပိတ်ပင်ထားတာမို့ မြန်မာစစ်အစိုးရ အပေါ်မှာ နိုင်ငံတကာက ပြစ်တင် ဝေဖန်လာကြပါတယ်။

ဒီဥပဒေအရ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ကို ရွေးကောက်ပွဲမှာ ပါဝင်ခွင့် ပိတ်ပင်ထားတဲ့အတွက် ဒီဥပဒေကို အမေရိကန် ပြည်ထောင်စုက ပြစ်တင် ဝေဖန်ပါတယ်။ ဒီဥပဒေဟာ ဒီမိုကရေစီရေး လုပ်ငန်းစဉ်နဲ့ လွဲချော်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပီ.ဂျေ ခရော်လီ (P.J Crowley) က ပြောဆိုလိုက်ပြီး လာမယ့် ရွေးကောက်ပွဲ အပေါ်မှာ အများက လက်ခံယုံကြည်နိုင်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

Read More...

ပြည်ပရောက် ကရင်များ စစ်အစိုးရကို တပြိုင်နက်တည်း ကန့်ကွက်ဆန္ဒပြ

မတ်လ ၁၀ရက်။ ကေအိုင်စီ
ကရင်တိုင်းရင်းသားများအပေါ် နအဖ စစ်တပ်၏ မတရားဖိနှိပ်သတ်ဖြတ်နေမှုများ ရပ်တန့်ပေးရန် နိုင်ငံ (၁၀)နိုင်ငံသို့ရောက်ရှိနေ သည့် ကရင်လူမှုအသိုင်းအ၀ိုင်းများက မတ်လ (၉)ရက်နေ့တွင် သက်ဆိုင်ရာနိုင်ငံများဆီမှ နအဖ စစ်အစိုးရထံ ဆန္ဒပြ တောင်းဆို ခဲ့ကြသည်။

အမေရိကန်၊ ကနေဒါ၊ သြစတြေးလျား၊ အင်္ဂလန်၊ မလေးရှား၊ ကိုရီးယား၊ နော်ဝေ၊ ဆွီဒင်၊ ဂျာမဏီနှင့် ဂျပန်နိုင်ငံများသို့ ရောက်ရှိ နေကြသည့် ကရင်လူမျိုးများက မိမိတို့သက်ဆိုင်ရာ နိုင်ငံအသီးသီးမှ တပြိုင်နက် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ လွန်ခဲ့သည့် ဇွန်လ လယ်ခန့်က ရွာသူရွာသား ၂၀၀၀ကျော်မှာ နအဖ စစ်တပ်၏ တိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသဖြင့် ၎င်းထိုးစစ်အ သစ်ကို ရပ်တန့်ပေးရန်လည်း တောင်းဆိုထားသည်။

Read More...

ကရင်ရွာသားများ ဖမ်းဆီးပြီး ပေါ်တာထမ်းခိုင်း

သတင်း - သတင်းနှင့်မီဒီယာကွန်ယက်
ရေးသားသူ - ခွန်အောင်မြတ်

ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ်ရာ နယ်မြေအတွင်းရှိ ကျေးရွာသားများကို မြန်မာစစ်အစိုးရနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော်တို့က ပေါ်တာဆွဲသည့် အပြင် ညှင်းပမ်းနှိပ်စက်မှုများ ပြုလုပ်သည်။

ကရင်ပြည်နယ် ဖာပွန်မြို့နယ်ရှိ ဒီကေဘီအေ တပ်မဟာ (၃၃၃) တပ်ဖွဲ့သည် ယခုလဆန်းပိုင်းတွင် မောထ ကျေးရွာမှ အမျိုးသမီးနှစ်ဦးနှင့် ၀ါးဒို့ခို့ကျေးရွာက ရွာသား (၇)ဦးတို့အား စစ်ပေါ်တာ အဖြစ် ထမ်းပေးရသည်ဟု ကေအဲန်ယူ တပ်မဟာ(၆) မှ ဗိုလ်ကြီးက ပြောသည်။

ယခုမှတ်လ ၂ ရက်နေ့တွင် မြန်မာစစ်အစိုးရတပ် ဗိုလ်ကြီိးသောင်းရွှေ ဦးဆောင်သည့် ခမရ (၇၀၂) တပ်ဖွဲ့သည် မထော တပ်စခန်းမှ လက်နက်ကြီး ကျည်ခြောက်ကြိမ်ပစ်ခတ်ရာ ရွာသားဦးမျိုး၏ ကားတစီးပျက်သွားပြီး ထိ ခိုက်ဒဏ်ရာရရှိမှု မရှိဟု ဗိုလ်ကြီး ထွဲနေ က ပြောသည်။

Read More...

မြန်မာရွေးကောက်ပွဲဥပဒေ အမေရိကန် သံသယရှိ

10 March 2010 (VOA မှ)

မြန်မာစစ်အစိုးရ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲ ဥပဒေဟာ မြန်မာ့နိုင်ငံရေးမှာ အဓိကကျတဲ့ အင်အားစုတွေနဲ့ တိုင်ပင်ညှိနှိုင်းမှုမရှိဘဲ တဘက်သတ် ထုတ်ပြန်တာကြောင့် လာမယ့် ရွေးကောက်ပွဲအပေါ် ယုံကြည်လက်ခံနိုင်ဖို့ ခက်ခဲမယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောပါတယ်။ မြန်မာအစိုးရဟာ တဘက်မှာတော့ နိုင်ငံတကာက လိုလား တောင်းဆိုနေတဲ့ မြန်မာ့ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ဖို့ လျစ်လျူပြုနေဆဲ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ ပီ.ဂျေ ခရော်လီ (P.J Crowley) ကတော့ အခုလို နိုင်ငံရေး အင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေကို မဆွေးနွေးဘဲ ရွေးကောက်ပွဲ ဥပဒေ ပြဋ္ဌာန်းတဲ့အပေါ်မှာ စိုးရိမ်မိတယ်လို့ ပြောသွားပါတယ်။

Read More...

ရင်ဆိုင်တိုက်ပွဲသတင်း

၉.၃.၂၀၁၀

တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်။
- တပ်ရင်း(၈)၊ ၄.၃.၂၀၁၀နေ့ ရန်သူနှင့်မိမိ တို့ကွီးလားလိုအရပ်တွင်ရင်ဆိုင်တိုက်ပွဲဖြစ်ရာ ရန်သူဘက်မှ ၁ ဦးဒဏ်ရာရ။
- ၅.၃.၂၀၁၀ နေ့ ဝါဒိုခိုအရပ်တွင်မိမိတို့၏ဝင်ရောက်တိုက်ခိုက်မှုကြောင့် ရန်သူဘက်မှ ၁ဦးသေ ၁ဦးဒဏ် ရာရ။
- ၆.၃.၂၀၁၀ နေ့၊ မောကဲခိုအရပ်တွင် မိမိတို့တိုက်ခိုက်မှုကြောင့် ရန်သူ၁ဦးဒဏ်ရာရ။ အဲဒီတရက်ထဲမှာပဲ ရှဲဒေးအရပ်မှာတိုက်ခိုက်ခဲ့ရာ ရန်သူ၁ဦးထပ်ပြီးဒဏ်ရာရ။ ဆက်ပြီးအဲဒီရက်မှာပဲ တော်ကိုးလိုးအရပ်မှာ တိုက်ခိုက်ခဲ့တာရန်သူ၁ဦးဒဏ်ရာရ။
- ၉.၃.၂၀၁၀ နေ့၊ ပိုဖားလားတံတားအနီးမှာ ပြောက်ကျားအဖွဲ့တိုက်ခိုက်မှုကြောင့် ရန်သူ၁ဦးဒဏ်ရာရ။

Read More...

လူမဆန်မှုနှင့်ရင်ဆိုင်တိုက်ပွဲသတင်း

တပ်မဟာ (၁) - သထုံခရိုင်

၅/၃/၂ဝ၁ဝ နေ့ ၂၃ နာရီအချိန်တွင် ကြိုးခီး တံတားကို ဝင်ရောက်ပစ်ခတ် ရန်သူ (၃) ယောက် ကျဆုံး

တပ်မဟာ (၂) တောင်ငူခရိုင်

၎/၃/၂ဝ၁ဝ နေ့တွင် ဖဆာလိုကျေးရွာမှ အိမ်လေးအိမ်ကို မီးရှို့ခဲ့သည်။ အိမ်ပိုင်ရှင်များ အမည်မှာ - စောနားမူကာ၊ (၂) စောဝါး (၃) နော်မူပွဲ နှင့် (၂) ဦးစိုးခင် တို့ ဖြစ်ပါတယ်။

တပ်မဟာ (၃) ညောင်လေးပင်ခရိုင်

၂/၃/၂ဝ၁ဝ နေ့တွင် နအဖ စစ်တပ်နှင့် နေထာ တွင် တိုက်ပွဲဖြစ် ရန်သူ တစ်ယောက်ထိ၊ ထိုနေ့မှာတွင် ညာမူပါမှီးလော် တိုက်ပွဲထပ်ဖြစ် ရန်သူ နှစ်ယောက်ထိ ထို့နေ့ ၁၆း၄၅ တွင် ထီးဘာခို တွင် တိုက်ပွဲထပ်ဖြစ် ရန်သူတစ်ယောက်ထိ

၃/၃/၂ဝ၁ဝ နေ့တွင် ဂူခိုဒေး တွင် တိုက်ပွဲဖြစ် ရန်သူ တစ်ယောက်ထိ၊ ထိုနေ့ ၁၈း၎ဝ အချိန် ညာမူပါတွင် တိုက်ပွဲထပ်ဖြစ် ရန်သူ တစ်ယောက်ထိ
၃/၃/၂ဝ၁ဝ ဟိုပူ တွင် တိုက်ပြွဲ့ဖစ် ရန်သူနှစ်ယောက်ထိ မြင်းတစ်ကောင်သေ

KarenUnited မှပုံတူကူးထားသည်။

တောင်ငူခရိုင်၌ လူနေအိမ် (၄)လုံး မီးရှို့ဖျက်ဆီးခံရ

စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ် မြောက်ပိုင်း တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း လှုပ်ရှားနေသည့် နအဖစစ်တပ်ဖွဲ့ ၀င်များသည် တိပ်ပုကျေးရွာအုပ်စုမှ လူနေအိမ် (၄)လုံးနှင့် ဥယျာဉ်ခြံများကို ပြီးခဲ့သည့် မတ်လ ၄ရက်နေ့ က မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းရရှိသည်။

ထိုနေ့တွင် နအဖ စစ်ကွပ်ကဲရေး ဌာနချုပ် (စကခ)(၇)လက်အောက်ခံ ခလရ (၂၆၁) တပ်ရင်းသည် ထန်း တပင်မြို့နယ်၊ တိပ်ပုကျေးရွာအုပ်စုအတွင်း အိမ်ထောင်စု (၁၀)ကျော်ရှိသည့် ခလိုးဒေါခိုလူ ကျေးရွာသို့ ၀င်ရောက်ခဲ့ရာ လူနေအိမ် (၄)လုံးကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် မြင်တွေ့သမျှ ရွာသားများ၏ဥယျာဉ် ခြံများကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံတဦးဖြစ်သူ စောအယ်ဝါးက ယနေ့ ကေအိုင်စီ သို့ပြောသည်။

Read More...

မြန်မာ့အရေး စိုးရိမ်မှု ဘန်ကီမွန်း စာရေးပေးပို့

09 March 2010(VOA မှ)

မြန်မာနိုင်ငံ နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်လို့၊ အထူးသဖြင့် လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေကို မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က စာရေးသား ပေးပို့ခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လာမယ့် ရွေးကောက်ပွဲမှာ ပါဝင်ခွင့် မရသရွေ့တော့ ရွေးကောက်ပွဲအပေါ် ယုံကြည်မှု ထိခိုက်နေမှာပဲလို့ သူက အလေးပေး ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

Read More...

နိုင်ငံတကာ အမျိုးသမီးများနေ့ ဒဗလျူအယ်လ်ဘီ ကြေညာချက်ထုတ်ပြန်

စောခါးစူးညား (ကေအိုင်စီ)

ကမ္ဘာတ၀ှမ်းရှိ အမျိုးသမီးများ၏ဘ၀ ဘက်စုံတိုးတက်မြင့်မားရေးနှင့် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံ၊ ဖိနှိပ်မှု များအားလုံး အဆုံးသတ်နိုင်ရေးတို့အတွက် ၂၀၁၀ခုနှစ်၊ မတ်လ ၈ရက်နေ့၌ ကျရောက်သော နိုင်ငံတကာအမျိုးသမီးများနေ့တွင် အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ (ဒဗလျူအယ်လ်ဘီ)က ကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။

အဆိုပါထုတ်ပြန်ကြေညာချက်နှင့် ပတ်သက်၍ ဒဗလျူအယ်လ်ဘီ၏ သဘာပတိအဖွဲ့ဝင် နန်းဒါးအဲ့ကလယ်က “ဒီကနေ့ ကမ္ဘာမှာ ကြည့်လိုက်ရင် အမျိုးသမီးတွေဟာ ဖိနှိပ်ချုပ်ချယ်မှုတွေ နေရာအတော်များများမှာ ရှိနေတုန်းပဲ။ ဒါကြောင့် ဒီလိုနေ့ အခါသမယမှာ နိုင်ငံတကာမှာရှိတဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာကို ရပ်တန့်ကြဖို့ မီးမောင်းထိုးပြချင်လို့နဲ့ အမျိုးသမီးအားလုံးကို ဂုဏ်ပြု တဲ့အနေနဲ့ ဒီကြေညာချက်ကို ကျမတို့ ထုတ်ပြန်တာပါ”ဟု ကေအိုင်စီကို ပြောသည်။

Read More...

၂ဝ၁ဝ နှစ်ဆန်းအတွင်း စစ်အစိုးရမှ ကေအာန်ယူအပေါ် ထိုးစစ်ဆင်မှု ပိုမို လုပ်ဆောင်ခဲ့

သတင်း - Kaowao News
ရေးသားသူ - ဆူးပန်း

စစ်အစိုးရနှင့် အပစ်ခတ် ရပ်ဆဲခြင်း မပြုသေးသော ကရင်လက်နက်ကိုင် အဖွဲ့ဖြစ်သည့် ကေအာန်ယူခေါ် ကရင်အမျိုးသား အစည်းအရုံးမှ ဝင်ထွက် လှုပ်ရှားနေသည့် ကရင်ပြည်နယ် နယ်မြေဒေသများတွင် ယခုအခါ စစ်အစိုးရတပ်များမှ ထိုးစစ်ဆင်မှု ပိုမို များပြားလာသည်ဟု ကေအာန်ယူဘက်မှ ပြောပါသည်။ ဤကဲ့သို့ ထိုးစစ်ဆင် ခံခဲ့ရသည့်အအတွက် ဒေသခံကျေးရွာ သားများအနေနှင့် အစိုးရတပ်ဖွဲ့များ၏ ညှင်းပန်းနှိပ်စက်မှု၊ လူ့အခွင့် အရေးချိုးဖေါက်မှု ပို၍ခံနေရသည်ဟု ကေအာန်ယူ တပ်မဟာ(၆)မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီးစောထဲနေ က ကောင်းဝါသတင်းဌာနကို ယခုလို ပြောပါသည်။

Read More...

ကျွန်တော့်နော်လို ကလေးတွေအတွက် စိတ်မကောင်းဘူး

ကျော်ခ (မဇ္ဈိမ)

ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်တပ်ထဲတွင် ကျန်ရစ်ခဲ့သည့် သူ့လို သက်တူရွယ်တူ ကလေးများအတွက် စိတ်မကောင်းဖြစ်ရကြောင်း မကြာသေးခင်က စစ်တပ်ထဲမှ ပြန်လွတ်လာသည့် အသက် ၁၆ နှစ်အရွယ် မောင်အောင်မင်းသူက ပြောသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ဧရာဝတီတိုင်း ဖျာပုံမြို့နယ် အမာမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ၁ဝ တန်းပညာ သင်ကြားနေစဉ် နေပြည်တော် ဆိပ်ဖူးတောင်အခြေစိုက် အမှတ် (၆ဝ၅) ခြေမြန်တပ်ရင်းမှ တပ်ကြပ်တဦးနှင့် တပ်သားတဦးက တလလျှင် ကျပ်တသိန်းခွဲပေးမည်ဟူ၍ သူ့ကို ဖျားယောင်းသွေးဆောင်ကာ စစ်သားအဖြစ် စုဆောင်းခဲ့သည်။

မိဘများက သိရှိသဖြင့် ကျောင်း၊ ရဲစခန်း၊ ကျေးရွာဥက္ကဋ္ဌ ထောက်ခံချက်များနှင့်အတူ ထိုတပ်ရင်းသို့ သွားရောက်အသနားခံ တင်ပြခဲ့ရာမှ ပြန်လည်လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။
စည်းရုံးသိမ်းသွင်းခံရပုံ၊ စစ်တပ်ထဲသို့ လိုက်ပါသွားပုံများအပြင် တပ်တွင်း အတွေ့အကြုံများနှင့် ကလေးစစ်သားများ ဖိနှိပ်ခံနေရပုံများကို သိရှိနိုင်ရန် မဇ္ဈိမသတင်းထောက် ကျော်ခက မောင်အောင်မင်းသူကို ဆက်သွယ် မေးမြန်းထားပါသည်။

Read More...

နယ်ခြားစောင့်တပ် လက်မခံသည့် အပစ်ရပ်အဖွဲ့များ

ပေါက်ပေါက်/ ၈ မတ် ၂ဝ၁ဝ(ခေတ်ပြိုင်)

ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA-ESS) အဖွဲ့ခေါ် မိုင်းလားတပ်ဖွဲ့အား နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် ပျက်ကွက်လျှင် မတရားအသင်း ကြေညာသွားမည်ဟု နအဖဘက်က သတိပေးထားသည်။
ပြီးခဲ့သည့်လ (၂၅) ရက်က ကျိုင်းတုံမြို့တွင် နေပြည်တော်ရှိ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) ၏ စစ်ဦးစီး ပထမတန်း အရာရှိ ဒု-ဗိုလ်မှူးကြီး သန်းထွဋ်သိန်းက မိုင်းလားတပ်ဖွဲ့ ဒု-ဥက္ကဋ္ဌများဖြစ်သည့် ဦးစံပေ၊ ဦးဆန်လူတို့နှင့် တွေ့ဆုံစဉ်အတွင်း နယ်ခြားစောင့်တပ် လက်မခံပါက မတရားအသင်း ဖြစ်သွားမည်ဟု ပြောဆိုခဲ့ကြောင်း မိုင်းလားတပ်ဖွဲ့နှင့် နီးစပ်သူက ပြောသည်။

Read More...

လူမဆန်မှုနှင့်ရင်ဆိုင်တိုက်ပွဲသတင်း

March 7,2010

တပ်မဟာ(၁) ဒူးသထူခရိုင်။
- ဘီးလင်းမြို့နယ်၊ ၁.၃.၂၀၁၀ နေ့ DKBA စိန်အောင် သည် လေးကေရွာအား အင်ဖက် ၃၀၀၀ ခက် နှင့် လယ်ခလောရွာအား အင်ဖက် ၁၀၀၀ ခက်တို့ကိုအတင်းအဓမ္မတောင်းဆို။
- တပ်ရင်း(၁)၊ ၅.၃.၂၀၁၀ နေ့ ၀၄း၀၀ အချိန်၊ မယ်စီထာရွာထဲတွင် DKBA တပ်ရင်း(၁) တပ်ခွဲ(၂) နှင့် မိမိတို့ရင်ဆိုင်တိုက်ပွဲဖြစ်ရာ ရန်သူ(၁)ဦးသေ၊ အရှင်(၁)ဦးဖမ်းဆီးရမိ။
- ဘီးလင်းမြို့နယ်၊ ၃.၃.၂၀၁၀ နေ့၊ ခမရ(၇၀၅) စစ်ကြောင်း(၁)မှူးသည် လေးခေါ်ထိရွာအား အင်ဖက် (၇၀)ခက်နှင့် ထီးဖဒိုခီးရွာအား အင်ဖက်(၅၆)ခက်အတင်းအဓမ္မတောင်းဆို။
- ဘီးလင်းမြို့နယ်၊ ၅.၃.၂၀၁၀ နေ့၊ ခမရ(၇၀၅) စစ်ကြောင်း(၁)မှူးဝင်းကျော်အောင်သည် ပေါ်ခီးရွာမှ ဆန် များကိုတောင်းစား။

Read More...

စစ်တပ်ထိုးစစ်ကြောင့် ဒုက္ခရောက်နေသူတွေကို ကနေဒါ ဆက်ကူညီသွားမည်

07 March 2010 (VOA သတင်းမှ)

မြန်မာနိုင်ငံတွင်း လူနည်းစုလူမျိုးစုဒေသတွေမှာ မြန်မာစစ်တပ်ရဲ့ထိုးစစ်ကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးပြီး ထိုင်းနယ်စပ် တလျှောက် ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရသူတွေ၊ မြန်မာနိုင်ငံတွင်းမှာပဲ တောတောင်တွေထဲမှာ လှည့်လည် ပုန်းအောင်းနေကြရသူတွေအတွက် အကူအညီတွေ တိုးမြှင့်ပြီး ဆက်ပေးသွားမယ်လို့ ကနေဒါအစိုးရက ကြေညာ လိုက်ပါ တယ်။ ဒီလို အကူအညီတွေ တိုးပြီး ဆက်ပေးသွားမယ့်အကြောင်းကို ကနေဒါနိုင်ငံမှာ မတ်လ ၆ ရက်၊ စနေနေ့က စတင် ကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲ ဖွင့်ပွဲနေ့မှာ ကနေဒါလွှတ်တော် ကိုယ်စားလှယ်တယောက်က ကနေဒါအစိုးရ ကိုယ်စား လာရောက် ကြေညာသွားတာပါ။ ကိုကျော်ကျော်သိန်းက ဆက်သွယ် မေးမြန်းပြီး အပြည့်အစုံကို တင်ပြထားပါတယ်။

Read More...

မြန်မာစစ်တပ်ထိုးစစ် ကရင်လူထု အိုးအိမ်ပစ် ထွက်ပြေးရ

07 March 2010(VOA သတင်းမှ)

ကရင်ပြည်နယ်အတွင်းမှာ ၂၀၁၀ ပြည့်နှစ် နှစ်ဆန်းပိုင်းလောက်ကစပြီး စစ်အစိုးရတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ များလာတယ်လို့ မြန်မာနယ်စပ် စစ်ရေးအခြေအနေ လေ့လာသူတွေက ဆိုပါတယ်။ အဲဒီလို ထိုးစစ်တွေ ဆင်ရာမှာ ဒေသခံလူထုတွေ အသက်ဆုံးရှုံးမှုတွေ ရှိသလို လူနေအိမ်တွေ၊ စာသင်ကျောင်းနဲ့ ဆေးရုံတွေလည်း ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေကို အကူအညီပေးနေတဲ့အဖွဲ့တွေက ပြောပါတယ်။ ဒီအကြောင်းကို ထိုင်းအခြေစိုက် သတင်းထောက် ကိုနိုင်ကွန်းအိန် က သတင်းပေးပို့ထားပါတယ်။

Read More...

သူခိုး...သူခိုး...တပ်မတော်သာသူခိုး..တပ်မတော်သာသူဝှက်..

ဆင်ဖြူတော် ရှာဖွေသည့် စစ်တပ်က ဆင်စွယ်များဖြတ်ရောင်း

ဘစောတင်(ဧရာဝတီ)
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော မြို့နယ်များတွင် စစ်တပ်က ဆင်ဖြူတော် ရှာဖွေရေး စီမံကိန်း ဆောင်ရွက်နေရာ တခြားသော တောဆင် ရိုင်းများကိုပါ ဖမ်းဆီးပြီး ဆင်စွယ်များဖြတ်၍ ပြည်ပသို့ တရားမ၀င် ရောင်းချမှုပြုလုပ် နေကြောင်း ရခိုင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူ့ အခွင့်အရေးအဖွဲ့များက ပြောသည်။

ဆင်ဖြူတော်ရှာဖွေရေးကို ခမရ (၃၅၄)မှ ဗိုလ်ကြီး အောင်သူဟိန်းနှင့် ခလရ (၂၆၃)မှ ဗိုလ်ကြီး ဟိန်းခန့်နှင့် ဘူးသီးတောင် ၅ မိုင် ဆင်ထိန်းစခန်းမှ ဦးဖေသန်းတို့က ဦးဆောင်ကာ ယခုနှစ် ဇန်န၀ါရီလမှ စတင်ပြုလုပ် နေခြင်းဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံအခြေစိုက် ရခိုင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူ့အခွင့် အရေး စောင့်ကြည့်ရေးအဖွဲ့ မှ ကိုခိုင်ထွန်းလင်းက ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ လေ့လာတွေ့ ရှိသလောက် ဒီနှစ်ဆန်းကစတင်ဖမ်းဆီးရာမှာ တောဆင်ရိုင်းကောင်ရေ ၁၀ကောင် ကျော် လောက်ရှိပြီလို့သိရတယ်၊ ဒီဆယ်စုနှစ် တခုလုံး အနည်းဆုံး ဆင်အကောင် ၅၀၀ ၀န်းကျင်လောက် ရှိတယ်လို့ ခန့်မှန်းပြောဆိုနိုင်ပါတယ်၊ ဖမ်းမိတဲ့ ဆင်တွေထဲက အချို့ဆင်တွေကို အစွယ်ဖြတ်ပြီး စီးပွားရေး သမားတွေနဲ့ ပေါင်းပြီး တရုတ်ပြည်ကို ပို့နေကြတယ်”ဟု ကိုခိုင်ထွန်းလင်းက ပြောပြသည်။

Read More...

KNU Statement Requesting UN SG to Call on SPDC to Stop Attacks against Karen Civilians (ကရင်ဘာသာ)

KNU Statement About SPDC Stop Attacking

KNU Statement Requesting UN SG to Call on SPDC to Stop Attacks against Karen Civilians (မြန်မာဘာသာ)

KNU Call for SPDC