နအဖစစ်တပ် ကျေးရွာအနီးတ၀ိုက် နှစ်ညဆက်တိုက် လက်နက်ကြီးငယ် ဖြင့် လိုက်လံပစ်ခတ်

KIC သတင်းမှ.........

ဒီကေဘီအေ တပ်ဖွဲ့ဝင်များ လှုပ်ရှားလျှက်ရှိသော ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထီးတပလယ်ကျေးရွာ အနီးတ၀ိုက် တွင် နအဖစစ်တပ်က နိုဝင်ဘာလ ၁၈ရက်နေ့ညကတည်းက နှစ်ညဆက်တိုက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လိုက်လံ ပစ်ခတ်လျှက်ရှိသည်ဟု ဒီကေဘီအေတပ်ဖွဲ့က ပြောသည်။

ဒီကေဘီအေ တပ်မဟာ(၅)မှူး ဗိုလ်မှူးချုပ် စောလားပွယ်က “ဒီလိုလိုက်ပစ်တာ နှစ်ညရှိပြီ။ နအဖစစ်တပ်က အကြောက်လွန် အားကြီးလို့ ပစ်ခတ်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမှာရှိတဲ့ ကျနော့်လူတွေက ပြန်လည်ပစ်ခတ်တာတို့ ဘာတို့ တခုမှလုပ် တာ မရှိဘူး။”ဟု ပြောသည်။

ထီးတပလယ်ကျေးရွာ တောင်ကုန်းတွင် လှုပ်ရှားနေသော နအဖစစ်တပ် စကခ(၈)လက်အောက်ခံ ခလရ(၉၇)တပ်ရင်းသည် ပြီးခဲ့သည့် နိုဝင်ဘာလ (၁၈)ရက်နေ့ည ၉နာရီခန့်တွင် ဒီကေဘီအေ လှုပ်ရှားနိုင်သည့် နေရာများသို့ လက်နက်ကြီးငယ်များဖြင့် အချက်ပေါင်း ၄၀ခန့်ပစ်ခတ်ခဲ့သည့်အပြင် ယမန်နေ့ညနေ ၄နာရီခန့်ကလည်း လက်နက်ကြီးငယ်များဖြင့် အချက်ပေါင်း(၂၀)အ ထိ ပစ်ခတ်ခဲ့သည်ဟု သိရသည်။

Read More...

လူမဆန်မှုသတင်း

19.11.2010 News

ကေအဲန်အယ်လ်အေက နအဖ တပ်ရိက္ခာ ဆန်အိတ် (၅၀) သိမ်းဆည်းခဲ့

KIC သတင်းမှ....

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ကေအဲန်အယ်လ်အေ)သည် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်၊ အပလုံကျေး ရွာတွင် နအဖ စစ်တပ်၏ ရိက္ခာဆန်အိတ် ၅၀ကို ယမန်နေ့ညနေက ၀င်ရောက်သိမ်းဆည်းခဲ့သည်ဟု သိရသည်။

ကေအဲန်အယ်လ်အေ တပ်ရင်း(၁၆)မှ တပ်ခွဲ-၂ ဒု-ခွဲမှူး ဗိုလ်ကြီးဘူ့ဂေက “မနေ့က မနက် ညနေ ၅နာရီကျော်လောက်မှာ ကျနော်တို့တပ်ရင်း(၁၆) တပ်ခွဲ(၂)က ၀င်သိမ်းတာဖြစ်တယ်။ အပလုံကျေးရွာကနေ ဘုရားသုံးဆူကို စက်လှေနဲ့ တင်ပို့ဖို့်အ လုပ်မှာ ကျနော်တို့အဖွဲ့က ၀င်သိမ်းတာ။”ဟု အတည်ပြု ပြောဆိုသည်။

နအဖတပ်ဖွဲ့ဝင်များသည် ရှေ့မှ ကြိုသွားနှင့်ခဲ့သည့်အတွက် ကေအဲန်အယ်လ်အေနှင့် တိုက်ပွဲ တစုံတရာ ဖြစ်ပွားခြင်း မရှိ သော်လည်း ဘုရားသုံးဆူ အနောက်ဘက်ခြမ်းရှိ တမိချောင်းတွင် သွားလာနေသည့် စက်လှေများကို ၎င်းတို့၏ရိက္ခာများ သယ် ဆောင်ခိုင်းခဲ့ရာမှ ယင်းသို့ သိမ်းဆည်းခံရခြင်းဖြစ်သည်။

Read More...

အင်အား အလုံးအရင်း တိုးချဲ့လာ သည့် နအဖတပ်များကြောင့် ဒေသခံရွာသားများ စိုးရိမ်ထိတ်လန့်

KIC သတင်းမှ....

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်ခွဲတွင် ယခုရက်ပိုင်းအတွင်း နအဖ စစ်တပ်များ အင်အား အလုံးအရင်းဖြင့် တိုးချဲ့လာပြီး ကေအဲန်ယူနှင့် တိုက်ပွဲဖြစ်ပွားလာနိုင်သည့်အရေးကို ရွာသားများ အလွန်စိုးရိမ်ထိတ်လန့်ကြသည်ဟု သိရသည်။

နိုဝင်ဘာလ ၁၄ရက်နေ့နှင့် ၁၅ရက်နေ့တွင် မြိုင်ကလေး၊ သက်ကယ်၊ ကျောက်ခွဲ၊ ကျောက်ပူ၊ တာ့ဒေး၊ အပလုံ စသည့်ကျေးရွာ များမှ ရွာသားတချို့သည် ရွာထဲတွင် တိုက်ပွဲ တစုံတရာဖြစ်ပွားပါက နအဖစစ်တပ်၏ ပေါ်တာချောဆွဲခံရမည်ကို စိုးရိမ်ကြ သဖြင့် တမိချောင်းတဘက်ကမ်းသို့ ယနေ့အထိ ကူးလာနေကြောင်း နယ်မြေခံ ကရင်ရဟန်းပျိုသမဂ္ဂအဖွဲ့ဝင်တပါးက မိန့်ကြား သည်။

၎င်းက “အဲဒီရွာတွေဟာ ဗမာစစ်သားတွေ တက်လာတဲ့လမ်းအတိုင်း ဖြစ်နေတယ်လေ။ တိုက်ပွဲဖြစ်ရင် သူတို့တွေပဲ အထိနာမှာ ဆိုတော့ သူတို့အတွက် လုံခြုံတယ်လို့ ထင်တဲ့နေရာတွေမှာ တိမ်းရှောင်သွားတာ အယောက်(၂၀၀)လောက် ရှိတယ်လို့ ပြော ကြတယ်။”ဟု မိန့်ကြားသည်။

Read More...

DKBA တချို့ KNU နဲ့ပေါင်းဟုဆို

မဇ္ဈိမ သတင်းမှ.....

နယ်ခြားစောင့်တပ် မပြောင်းလိုသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် အင်အားအချို့ ကရင်အမျိုးသားအစည်းအရုံးနှင့် မနေ့ မနက်က ပူးပေါင်းလိုက်ကြောင်း နှစ်ဖက်ခေါင်းဆောင်များက ပြောသည်။

ဗိုလ်မှူးကြီးစောလားပွယ် (ခေါ်) ဗိုလ်နှုတ်ခမ်းမွှေး လက်အောက်ခံ ဝေါလေ အခြေစိုက် တပ်ရင်း ၉ဝ၉ တပ်ရင်းမှူး စောစတီးလ်၊ ဗဟိုလုံခြုံရေး တပ်ခွဲမှူး စောရွှေဝါးနှင့် တပ်သား ၃၈ ဦး ဗုဒ္ဓဟူးနေ့မနက် ၉ နာရီက သွားရောက် ပူးပေါင်းသည် ဆိုသည်။

၉ဝ၉ တပ်ရင်းမှူး စောစတီးလ်(ဘယ်)နှင့် ဗိုလ်မှူးကြီး နယ်ဒါးမြ (ညာ)တို့အား တွေ့ရစဉ်

Read More...

လူမဆန်မှုသတင်း

17.11.2010 News

KNU ၏ထုတ်ပြန်ချက်.....

KNU Statement

ဒီကေဘီအေနှင့် နအဖ နောက်ဆက်တွဲ တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည် ၄၀၀ကျော် ထပ်မံထွက်ပြေးလာ

KIC သတင်းမှ.....

ကရင်ပြည်နယ် နယ်စပ်တနေရာဖြစ်သည့် ဝေါ်လေဒေသတွင် နအဖ စစ်တပ်နှင့် ဒီကေဘီအေတပ်ဖွဲ့ဝင်များ ယမန်နေ့ညက တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ရာ ၎င်းဒေသရှိ ရွာသူရွာသား ၄၀၀နီးပါးမှာ ဒုက္ခသည်များအဖြစ် ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးရောက် ရှိလာခဲ့သည်ဟု သိရသည်။

ထိုင်းရွာသားတစ်ဦးက “မနေ့ညက ဟိုဘက်ကမ်းမှာ တိုက်ပွဲဖြစ်တော့ ရွာသားတွေ ထွက်ပြေးလာတာ မနေ့ကတင် ၄၀၀နီးပါး လောက် ရှိပြီ။”ဟု ဆိုသည်။

ယမန်နေ့ည ၆နာရီကျော်တွင် ဒီကေဘီအေ အခြေစိုက်ရာ ဝေါ်လေရှိ သံမဏိကုန်းတွင် လာရောက်နေရာယူတပ်စွဲထားသည့် နအဖ စကခ(၈) လက်အောက်ခံ နည်းဗျူဟာ(၃)စစ်ကြောင်းနှင့် ဒီကေဘီအေ(၉၀၇)တပ်ဖွဲ့တို့ ထိပ်တိုက်ရင်ဆိုင်မိကြပြီး တိုက် ပွဲ ၁၀မိနစ်နီးပါးခန့် ဖြစ်ပွားခဲ့သည်ဟု ထိုဒေသတွင် လှုပ်ရှားနေသည့် ကေအဲန်အယ်လ်အေ တပ်ရင်း(၂၀၁)မှ ဗိုလ်မှူးစော ကြည်အောင်က ယခုလို ပြောသည်။

Read More...

လူမဆန်မှုသတင်း

News 15112010

ဒေါ်အောင်ဆန်းစုကြည်ကို လေးစားယုံကြည်တယ်လို့ ဗိုလ်မှူးချုပ် စောလားဘွယ်ပြောဆို

ဆုံဆည်းရာ မှ...

ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ရင်ကြားစေ့ရေး ဆက်လုပ်မယ်ဟု ပြောဆိုလိုက်ချိန်မှာ ဒီကေဘီအေမှ ဗိုလ်မှူးချုပ်စောလားဘွယ်က ဒေါ်အောင်ဆန်းစုကြည်ကို လေးစား ယုံကြည် တယ်လို့ ပြောဆိုလိုက်ပါတယ်။

ယခုလတ်တတော့ တိုက်ပွဲအခြေအနေ၊ တိုင်းရင်းသားအရေး၊ နိုင်ငံရေးအခြေအနေကို တွေကို ဗိုလ်မှူးချုပ် စောလားဘွယ်က ယခုလို ပြောဆို လိုက်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော် ချစ်ခင်လေးစားတယ်။ ယုံကြည်တယ်။ ဒီမိုကရေစီကို ကျွန်တော် ကြိုက်တယ်။ ဒီမိုကရေစီကို အရင်ရအောင် မလုပ်ပဲနဲ့ တိုင်းရင်းသားတွေကို ကိုယ်ပိုင်ပြဒါန်းခွင့်တို့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့၊ တန်းတူ အခွင့်ရေးတို့ဆိုတာ မရနိုင်ဘူး။ အားလုံး ဒီမိုကရေစီ ခေါင်းစဉ်အောက်မှာ ညီညီညွတ်ညွတ်နဲ့လုပ်ရင် အောင်မြင်မူပန်းတိုင် ရကို ရရမယ်။ တိုင်းရင်းသားတွေ ညီညွတ်ပြီး တိုက်ရင် ကောင်းတယ် ။

Read More...

ဒေါ်အောင်ဆန်းစုကြည် သတင်းစာ ရှင်းလင်းပွဲ

VOA သတင်းမှ....

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရရှိရေးအတွက် သူတယောက်တည်း လုပ်လို့မရဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် ဒီမိုကရေစီ လိုလားတယ်ဆိုရင် အားလုံးနဲ့ လက်တွဲလုပ်သွားမယ်လို့ တနင်္ဂနွေနေ့က လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေအရေး၊ NLD ရဲ့ ရှေ့ရေး၊ ပိတ်ဆို့အရေးယူမှု ဖယ်ရှားရေး၊ တွေ့ဆုံဆွေးနွေးရေး စတဲ့ အကြောင်းအရာတွေ အပါအဝင် ရွေးကောက်ပွဲမှာ မဲပေးခဲ့သူတွေအပေါ် သူ့အမြင်တွေကို ဖြေကြားခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ အကြောင်းကို မစုမြတ်မွန်က စုစည်းတင်ပြပေးထားပါတယ်။

Read More...

မောင်ချစ်သူ ကိုဂုဏ်ပြုတေးလေးပါဗျာ.......