သေ့ဘောပိုးရွာမှာ တိုက်ပွဲဖြစ်ပွား

နေ့သစ်မှ...........


ဒီအေဘီအေနဲ့ နအဖ တပ်ဖွဲ့ဝင်တွေဟာ ချောင့်ခက် ဘော်ဘောကျိုး၊ ဝေါ်လေ မော်သု နေရာနဲ့ သေ့ဘောပိုးနေရာတွေမှာ ပြောက်ကျားတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ နအဖ စစ်တပ်ကို ရင်ဆိုင်တိုက်ပွဲ၊ ပြောက်ကျားတိုက်ပွဲ၊ မိုင်း တိုက်ပွဲတွေနဲ့ ဒီကေဘီအေ က ပြန်လည်ခုခံတိုက်ခိုက်လာတဲ့အတွက် ထိခိုက်ဒဏ်ရာများစွာ ရရှိနေတယ်လို့လဲ သိရှိရ ပါတယ်။

Read More...

စစ်ခွေးနအဖတပ်၏ ကမ်းကုန်တဲ့ရက်စက်သတ်ဖြတ်မှုကြီး

မဟာဗမာနအဖစစ်ခွေးတွေသည် ကျွန်တော်တို့ကရင်လူမျိုးများအား ရက်ရက်စက် စက်သတ်ဖြတ်နေတဲ့သက်သေအထောက်အထားတွေကဘယ်အရာနဲ့ မှသင်ပုန်းကားချပြီး ဖျောက်ဖျက်လို့ရမှာမဟုတ်ပါဘူး.....
အခုလည်း ရက်ရက်စက်စက်သတ်ဖြတ်မှုထဲမှာ ဘာမှမသိနားမလည်တဲ့ လူမမယ်က လေးငယ်လေးဦးပါဝင်ပြီး စုစု ပေါင်း၃၂ဦး ကို ရက်စက်စွာသတ်သွားပြီး အခုချိန်မှာတော့ အသတ်ခံရတဲ့ရွာသူရွာသားများ၏ရုပ်အလောင်းကိုယောက်ျားမိန်းမခွဲခြားလို့မရအောင်ပုပ်ပွပျက်စီးသွားကြောင်းသိရှိရသည်။

ရက်စက်ယုတ်မာတဲ့နေရာမှာ ပြိုင်စံရှားစစ်ခွေးတွေရေ.........ထမင်းဝအောင်စားထား....တနေ့မင်းတို့အလှည့်ရောက် လာတဲ့နေ့ကျရင်....လာပြီးတော့တောင်းပန်ခယမနေနဲ့....အလှည့်ကျမနွဲ့စတမ်းပေါ့ကွာ......................
SPDF Burmese Army Kill Karen People

KNU/KNLA တပ်မဟာ(၇)၏တိုက်ပွဲရုပ်သံ

တိုက်ပွဲသတင်း

ဆုံဆည်းရာ မှ......

နေ့လည် (၁၂ နာရီ ၃၅ မိနစ်) ကရင်ပြည်နယ် ဝေါ်လေဒေသ မော်သုနေရာမှာ ဒီကေဘီအေဘက်မှ နအဖ တပ်မ ၂၂ လက်အောက်ခံ ခမရ (၅၈၆) တပ်ရင်းကို ယမန်နေ့ ညနေပိုင်းက ဆွဲမိုင်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ နအဖ ဘက်က ထိခိုက်သေဆုံး မသိရသေးပါ။ ၁ ရက်နေ့ညပိုင်းက သီပေါဘိုး နဲ့ ဘရက်တို့ ကြားမှာလည်း နအဖ ကို ဒီကေဘီအေမှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပါကြောင်း သိရှိရပါတယ်။

နေ့လည် (၁၂ နာရီ ၂၅ မိနစ်) ဒီကေဘီအေ တပ်ဖွဲ့မှ မြို့ပေါ်တိုက်ပွဲတွေ စတင်ဆင်နွှဲနေပါပြီ။ ယမန်နေ့ည ၁၂ နာရီဝန်းကျင်မှာ ကော့ကရိတ် အနီးမှာ မောထူးနေရာတွင် တိုက်ပွဲ ၁ နာရီနီးပါး နအဖ စစ်တပ်တွေဖြစ်ခဲ့ပါတယ်။

လေးဒေးတိုက်ပွဲရုပ်သံ

ဝေါ်လေ မော်သုနေရာမှာ ပြောက်ကျားတိုက်ပွဲတွေဆက်ဖြစ်

နေ့သစ်မှ...........

ဝေါ်လေဂွင် မော်သုနေရာမှာ ဒီကေဘီအေဘက်မှ နအဖ တပ်မ ၂၂ လက်အောက်ခံ ခမရ ၅၈၆ တပ်ရင်းကို ဒီကနေ့ ညနေ ၃ နာရီခွဲလောက် ဆွဲမိုင်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာ မသိရသေးပါ။ မနေ့ညကလည်း သေ့ပေါဘိုး နဲ့ ဘရက်တို့ ကြားမှာလည်း နအဖ ကို ဒီကေဘီအေမှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပါတယ်။

Read More...

နအဖ လက်နက်ကြီးကျရောက်၍ ယာယီစခန်းမှ ဒုက္ခသည်များ ကစဥ့်ကလျားထွက်ပြေး

နန်းထူးစံ (ကေအိုင်စီ)

မြ၀တီမြို့နယ်၊ ဝေါ်လေဒေသအတွင်းရှိ နအဖတပ်ဖွဲ့များက ယနေ့မနက်တွင် ပစ်ခတ်ခဲ့သည့် လက်နက်ကြီးများ ထိုင်းနိုင်ငံ ဘက်ခြမ်းရှိ စစ်ပြေးဒုက္ခသည်များ ရောက်ရှိခိုလှုံသည့်နေရာအနီး ကျရောက်ပေါက်ကွဲသဖြင့် စစ်ပြေးဒုက္ခသည်များ အပါအဝင် ထိုဒေသခံ ထိုင်းရွာသူရွာသားများပါ ထွက်ပြေးတိမ်းရှောင်ရကြောင်း သိရသည်။

ယနေ့မနက် ၈နာရီခွဲခန့်တွင် ထိုင်းနိုင်ငံ၊ ဖုတ်ဖရမြို့နယ်၊ မောကဲထိုင်းကျေးရွာတွင် လက်နက်ကြီး ၅လုံး ကျရောက်လာသည့် အတွက် ထိုကျေးရွာအတွင်း ရောက်ရှိခိုလှုံနေကြသည့် ဝါ့မီထာ့နှင့် ဆုံဆည်းမြိုင်ကျေးရွာမှ ရွာသူရွာသား ၁,၀၀၀ကျော်နှင့် ထိုင်းရွာသားများ ဘေးလွှတ်ရာနေရာများသို့ ထွက်ပြေးခဲ့ကြရကြောင်း ၀ါ့မီထာ့ရွာသားတစ်ဦးက ပြောသည်။

Read More...

နအဖ စစ်တပ် ဒီကေဘီအေ တပ်များ အနီး မြွေပွေးများ လွှတ်ပြီးနှောင့်ယှက်

FNG သတင်းမှ......

ဖေဖေါ်ဝါရီလ၁ရက်နေ့ညပိုင်းတွင်DKBAတပ်ဖွဲ့ဝင်များသည်နအဖစစ်တပ် တပ်စွဲထားသော ကော့ကရိတ်မြို့အနီးတောင်သုံးလုံး စခန်းကို ထိုးစစ်ဆင်တိုက်ခဲ့သည်။

တိုက်ပွဲများဖြစ်ပွားပြီး ယနေ့မနက်စောစောအချိန်ခန့်တွင် တောင်ကလေးစခန်းအနီးတ၀ိုက်တွင် နအဖစစ်သားများက မြွေပွေးများထည့် ထားသောသေတ္တာ ၅၀ခန့်ကို တီအီး ဟီနိုးဖြင့် သယ်ဆောင်လာပြီး လွှတ်ပစ်ခဲ့ကြောင်း ဒေသခံတဦးကပြောပြပါသည်။

နအဖတပ်စခန်းများကို အနီးကပ်ဝင်ရောက်စီးနှင်းတိုက်မှုကို ကာကွယ်ရန် ထိုအဆိပ်ပြင်းသော မြွေပွေးကောင်ရေများစွာ လွှတ်ခဲ့ကြောင်း သိရှိရသည့်အတွက် ဒီကေဘီအေ တပ်များမှ ဆက်လက်စုံစမ်းလျှက်ရှိသည်။

Read More...

ဆွဲမိုင်းကြောင့် နအဖတပ်များ အထိနာ

စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ် မြ၀တီမြို့နယ်၊ ကော့ကရိတ်-မြ၀တီကားလမ်းတနေရာတွင် ယမန်နေ့မနက် ၈နာရီကျော်အချိန်၌ DKBA တပ်ဖွဲ့၏ ဆွဲမိုင်းကြောင့် နအဖ တပ်ရင်း(၂၇၅)မှ တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုများရှိကာ အထိနာခဲ့သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။

DKBA (၉၀၈)တပ်ရင်းမှ ဗိုလ်မှူးစောကျော်တလို့ ဦးဆောင်သည့် တပ်ဖွဲ့သည် ၎င်းနအဖတပ်ဖွဲ့ စီးလာသည့် ကားတစ်စီး ကို ဆွဲမိုင်းဖြင့် စတင်တိုက်ခိုက်ရာ တိုက်ပွဲမှာ ၅မိနစ်ကျော် ဖြစ်ပွားခဲ့ပြီး နအဖဘက်မှ ၆ဦး ကျဆုံး၍ ၅ဦး ဒဏ်ရာရရှိသွားခဲ့ သည်။

Read More...

ကရင်ပြည်နယ်တိုက်ပွဲ စစ်အစိုးရတပ်များ အထိနာ

သတင်းနှင့်မီဒီယာကွန်ယက် မှ.............

ကရင်ပြည်နယ်အတွင်း စစ်အစိုးရနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့တို့ ယခုရက်ပိုင်းအတွင်း ဖြစ်ပွားသည့် တိုက်ပွဲများတွင် စစ်အစိုးရဖက်မှ ထိခိုက်ကျဆုံးမှု များသည်ဟု (DKBA) ကပြောသည်။

ဖလူးနှင့်ဝေါ်လေအကြားရှိ ကျောက်ခက်ဒေသအတွင်း ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် စစ်အစိုးရတပ်မှ ကျဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရသူများအား ရှင်းလင်းနေစဉ် (DKBA) တပ်ဖွဲ့၏နှောင့်ယှက်မှုမခံရစေရန် ယနေ့နံနက်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု (DKBA) တပ်ဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူ တပ်မှူးတစ်ဦးက ယခုလိုပြောသည်။

Read More...

DKBA နှင့် SSA တောင်ပိုင်း စစ်ရေး ပူးပေါင်းရန် ဆွေးနွေး

ဧရာဝတီ သတင်းမှ.......

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) တပ်မဟာ ၅ မှ ဗိုလ်မှူးကြီး စောကျော်သက်က စစ်ရေးအရ ပူးပေါင်း ကူညီရန် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S)ထံ ပြီးခဲ့သည့် တပတ်က သွားရောက် ဆွေးနွေးခဲ့သည်။

ဗိုလ်မှူးကြီး စောကျော်သက်သည် ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ် နေထိုင်သော SSA တောင်ပိုင်း ဌာနချုပ် တည်ရှိရာ လွယ်တိုင်းလျန်းသို့ သွားရောက် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ယင်း တွေ့ဆုံ ဆွေးနွေးပွဲကို DKBA မှ စောကျော်သက် အပါအ၀င် ကရင်အမျိုးသား အစည်းအရုံး(KNU) မှ ကိုယ်စားလှယ် တချို့ တို့ တက်ရောက်ခဲ့ပြီး စစ်ရေး ကိစ္စများနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း DKBA မှ ဗိုလ်မှူး စန်းအောင်က ဧရာဝတီ သို့ ပြောသည်။

Read More...

ဗိုလ်ချုပ်ကြီးစောတာမလာဘော၏မိန့်ခွန်း

64th KNU Day President Speech in Burmese

( ၆၂ )နှစ် မြောက်ကရင်တော်လှန်ရေးနေ့ ဂုဏ်ပြုသီချင်း

( ၆၂ )နှစ် မြောက်ကရင်တော်လှန်ရေးနေ့ နှင့် ကရင်သူရဲကောင်းများအားလုံး ကို ကညောဖိုး မှလှိုက်လှိုက်လှဲလှဲဂုဏ်ပြု ပြီး ကရင်အမျိုးသားများအားလုံး ၏တော်လှန်ရေးစိတ်ဓာတ်ကို ဒီသီချင်းလေးနှင့်ထပ်မံနိုးဆော်လိုက်ပါတယ် ခင်ဗျား........... "Long Live Kaw Thoo Lei"

ဝေါ်လေ၊ ချောင့်ခက် နဲ့ သင်္ဃန်းညီနောင် ဒီကနေ့ တိုက်ပွဲ အခြေအနေ

နေ့သစ်မှ........

နအဖ တပ်တွေဟာ ဝေါ်လေဘက်က အိုကရေ့ထ နဲ့ ကျောက်ခက်နေရာကတွေကို ဒီရက်ထဲမှာ အပြင်းအထန် ထိုးစစ် ဆင်တိုက်ခိုက်လာတာတွေရှိပြီး နအဖ စစ်တပ်ဘက်က အကျအဆုံးများစွာရှိနေပါတယ်။ ချောင့်ခက်နေရာကို ထိုးစစ် ဆင်လာတဲ့တပ်တွေကတော့ စကခ (၁၂) လက်အောက်က ခမရ (၅၄၆)၊ ခမရ (၅၄၈)၊ ခမရ (၅၄၉) နှင့် စကခ (၉) က ခမရ (၃၅၆)၊ ခမရ (၃၅၇) တပ်တွေဖြစ်ပြီး၊ ဝေါ်လေ အိုကရေ့ထ နေရာကို ထိုးစစ်ဆင် တိုက်ခိုက်လာတဲ့ နအဖ စစ်တပ် တပ်တွေကတော့ ခမရ (၄၀၁)၊ ခမရ (၄၀၃)၊ ခမရ (၅၈၆) နဲ့ ခမရ (၂၉၉) စတဲ့ တပ်တွေပဲ ဖြစ်ပါတယ်။

Read More...