နအဖ စစ်တပ် ဒီကေဘီအေ တပ်များ အနီး မြွေပွေးများ လွှတ်ပြီးနှောင့်ယှက်

FNG သတင်းမှ......

ဖေဖေါ်ဝါရီလ၁ရက်နေ့ညပိုင်းတွင်DKBAတပ်ဖွဲ့ဝင်များသည်နအဖစစ်တပ် တပ်စွဲထားသော ကော့ကရိတ်မြို့အနီးတောင်သုံးလုံး စခန်းကို ထိုးစစ်ဆင်တိုက်ခဲ့သည်။

တိုက်ပွဲများဖြစ်ပွားပြီး ယနေ့မနက်စောစောအချိန်ခန့်တွင် တောင်ကလေးစခန်းအနီးတ၀ိုက်တွင် နအဖစစ်သားများက မြွေပွေးများထည့် ထားသောသေတ္တာ ၅၀ခန့်ကို တီအီး ဟီနိုးဖြင့် သယ်ဆောင်လာပြီး လွှတ်ပစ်ခဲ့ကြောင်း ဒေသခံတဦးကပြောပြပါသည်။

နအဖတပ်စခန်းများကို အနီးကပ်ဝင်ရောက်စီးနှင်းတိုက်မှုကို ကာကွယ်ရန် ထိုအဆိပ်ပြင်းသော မြွေပွေးကောင်ရေများစွာ လွှတ်ခဲ့ကြောင်း သိရှိရသည့်အတွက် ဒီကေဘီအေ တပ်များမှ ဆက်လက်စုံစမ်းလျှက်ရှိသည်။

နအဖစစ်တပ်ရင်များစွာသည်DKBAအခြေစိုက်ရာဝေါ်လေဒေသကိုအပြုတ်တိုက်ရေးစီမံချက်ဖြင့်အပြင်းအထန်ထိုးစစ်ဆင်နေချိန်တွင် DKBA တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးအင်အားစုများက နအဖရဲ့နောက်ကျောစခန်းများကို ၀င်ရောက်ထိုးစစ်ဆင်တိုက်ခိုက်ကြောင်းကို DKBA စစ်ရေး
တာဝန်ခံနှင့် နီးစပ်သူတဦးက FNG သို့ပြောသည်။

ည ၁၁နာရီခွဲအချိန်ခန့်တွင် တိုက်ပွဲစဖြစ်ပွားခဲ့ပြီး ယ္ခုအချိန်ထိ နှစ်ဖက်ထိခိုက်ဒါဏ်ရာရစာရင်းကို မသိရသေးကြောင်းပြောပြပါသည်။

ထိုည ၁၁နာရီခွဲအချိန့်ခန့်တွင် ကော့ကရိတ်မြို့ပြင် ခင်မင်းမူကုန်းပေါ်တွင်ရှိသော CDMAဆက်သွယ်ရေးစခန်းအားလက်နက်ကိုင်
အင်အား၃၀ခန့်လည်းတပြိုင်နက်ဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့ကြောင်း ကော့ကရိတ်မြို့ခံတဦးကပြောပြပါသည်။
ဆက်သွယ်ရေးစခန်းကို လှုံခြုံရေးယူထားသော ရဲအုပ်ဦးသောင်းငွေနှင့် ရဲသား၆ဦး လက်နက်ချထွက်ပြေးသွားကြောင်းသတင်းရရှိပါသည်။

ထိုတိုက်ခိုက်သောအဖွဲ့မှလက်နက်များသိမ်းယူပြီး ပြန်လည်ဆုတ်ခွာသွားကြကြောင်း ယနေ့နေ့လည်ပိုင်းထိ ကော့ကရိတ်ဝန်းကျင်တွင် သေနတ်သံများကြားနေရကြောင်း သိရှိရသည်။
ထိုသို့ နအဖရဲ့ စစ်ရေးဗျူဟာအသစ်ကို နားမလည်နိုင်ကြောင်းစစ်ရေးအတွေ့ကြုံရှိသူတဦးကပြောပြပြီး တကယ်လို့လွှတ်ခဲ့တယ်ဆိုရင်လည်း ကျွန်တော်တို့အတွက် ဟင်းစားရတာပေါ့ဗျာဟု ပြောသည်။

0 comments:

Post a Comment