သီချင်းချစ်တဲ့သူများအတွက်....

ဒီတစ်ပတ်ကိုတော့ Saw Marvellous ပြန်ဆိုထားတဲ့ ဃံလzဒိ၃်ယကညီမု၃် သီချင်းလေးနဲ့ အဆုံးသတ်သွားကြရအောင်ဗျာ...........

ရွေးကောက်ပွဲမကျင်းပရန် ကန့်သတ်နယ်မြေများတွင် ကရင်ပြည်နယ်အများဆုံး

KIC မှ.......

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ကရင်၊ ကချင်၊ ကယား၊ မွန်နှင့် ရှမ်းပြည်နယ်ရှိ နယ်မြေအချို့တွင် ရွေးကောက်ပွဲ ကျင်း ပခြင်းမပြုရန် ယမန်နေ့က တရားဝင် စာရင်းများ ထုတ်ပြန်လိုက်ရာ ကရင်ပြည်နယ်သည် ကျေးရွာအုပ်စုပေါင်း ၁၅၅ဖြင့် အများဆုံး ဖြစ်သည်ဟု သိရသည်။

နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်မှ စက်တင်ဘာလ ၁၆ရက်နေ့စွဲဖြင့် ကြေညာချက် အမှတ် ၉၉/၂၀၁၀ ကချင်ပြည်နယ်တွင် လည်းကောင်း၊ ကြေညာချက်အမှတ် ၁၀၀/၂၀၁၀ ကယားပြည်နယ်တွင်လည်းကောင်း၊ ကြေညာချက်အမှတ် ၁၀၁/၂၀၁၀ ကရင် ပြည်နယ်တွင်လည်းကောင်း၊ ကြေညာချက်အမှတ် ၁၀၂/၂၀၁၀ မွန်ပြည်နယ်တွင်လည်းကောင်း၊ ကြေညာချက်အမှတ် ၁၀၃/ ၂၀၁၀ ရှမ်းပြည်နယ်တွင်လည်းကောင်း စသည့် ပြည်နယ် ၅ခုမှ ကျေးရွာအချို့တွင် ရွေးကောက်ပွဲ ကျင်းပခြင်းမပြုရန် ယမန်နေ့ ညနေပိုင်းက မြန်မာ့အသံမှတဆင့် ထုတ်လွှင့်ကြေညာခဲ့သည်။

Read More...

ဖားအံမြို့တွင် လုံခြုံရေးအတွက် ပိုမိုစောင့်ကြပ်နေ

KIC မှ.......

ရွေးကောက်ပွဲရက်နီးလာသည့်အတွက် ကရင်ပြည်နယ်၏ မြို့တော် ဖားအံမြို့ရှိ စစ်တပ်ဂိတ်များနှင့် မြို့တွင်း၌ ယခုလဆန်းပိုင်း မှစ၍ လုံခြုံရေးအတွက် လှည့်လည်စောင့်ကြပ် သတိထားမှုများ ပိုမိုများပြားလာသည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။

ဖားအံမြို့တွင်းရှိ စစ်သားများက ၎င်းတို့၏ သက်ဆိုင်ရာ တပ်ဂိတ်ရှေ့တွင် ပုံမှန် စောင့်ကြပ်နေသည့်အပြင် ဂိတ်ပေါက်နှင့် မနီး မဝေးတွင် သွားလာသူများကို မှောင်ရိပ်ခိုကာ စောင့်ကြည့်နေသည့် စစ်သားအတော်များများရှိကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သူ ဖားအံမြို့ခံတစ်ဦးက ပြောသည်။

Read More...

ညာမို ရင်ဆိုင်တိုက်ပွဲ နအဖတပ်ကြပ်ကြီး ကျဆုံး

တို့ ညီအစ်ကိုများလည်း လက်သံပြောင်ပါ့......

ရေးသားသူ - ဒီမင်း (ကန္တာရ၀တီတိုင်း(မ်))

ကရင်နီအမာခံ ညာမူတပ်စခန်းနှင့် မျက်နှာချင်း ဆိုင်ရှိသော နအဖတပ်စခန်းများ တပ်စစ်ဆင်ရေး အလဲအလှယ် ပြုလုပ်နေချိန် ကရင်နီတပ်မတော်နှင့် ထိပ်တိုက်ရင်ဆိုင်ပွဲ ဖြစ်ခဲ့သောကြောင့် နအဖဘက်မှ တပ်သားတဦးနှင့်အတူ တပ်ကြပ်ကြီးတဦး ပါကျဆုံးသွားကြောင်း သိရသည်။

စက်တင်ဘာလ ၁၅ ရက်နေ့က ညာမိုတပ်စခန်း၏ အနောက်ဘက်မှ ၁၅ မိုင်အကွာတွင် ဒု-ဗိုလ်မှူးကြီး စိုးမင်းလတ် ဦးဆောင်လာသော ခမရ ၅၁၆ တပ်ရင်းနှင့် ကရင်နီတပ်ရင်း ၃ မှ ဒုရင်းမှူး ဗိုလ်မှုးဇော်နိုး ဦးဆောင်သော တပ်မှ ခြုံခိုတိုက်ခိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့ တိုက်ပွဲ ဖြစ်တာ အဲဒီမှာ လမ်းဖြတ်ပြီးတော့မှ သူတို့လည်း ရောက်လာ၊ အဲမှာ တိုးကြပြီးတော့မှ တိုက်ပွဲ ဖြစ်ပွားကြတယ်လေ” ဟု ဗိုလ်မှူးဇော်နိုးက ပြောပါသည်။

Read More...

တရက်တာ ငြိမ်းချမ်းရေး ပြုလုပ်မည်ဟု ကေအဲန်ယူ ထုတ်ပြန်

KIC သတင်းမှ.....

ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန်နှင့် ကုလသမဂ္ဂကို လေးစားလိုက်နာသောအားဖြင့် ယခုနှစ် ကျရောက်မည့် စက်တင်ဘာလ (၂၁) ရက်နေ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့တွင် နအဖ စစ်အစိုးရနှင့် တရက်တာ ယာယီအပစ်အခတ် ရပ်ဆိုင်းရေး လုပ်မည်ဟု ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)က ယမန်နေ့၌ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

နအဖအပေါ် တရက်တာ ယာယီအပစ်ရပ်ဆိုင်းရေး တောင်းဆိုလိုက်ခြင်းသည် ကေအဲန်ယူမှနိုင်ငံရေး ပြဿနာများကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းလိုသည့် ဆန္ဒကို ထုတ်ဖော်ပြလိုက်ခြင်း ဖြစ်သည်ဟု ကြေညာချက်တွင် ပါရှိသည်။

Read More...

တိုင်းရင်းသား ဒေသများတွင် ပဲခူးလူသတ်မှုကဲ့သို့ ဖြစ်ရပ်များ အမြဲလိုပင် ဖြစ်

ဧရာဝတီ မှ...

ပဲခူးမြို့တွင် စစ်တပ်က လူငယ် ၂ ဦးကို ပစ်သတ်လိုက်မှုကြောင့် ဝေဖန်မှု များစွာထွက်ပေါ်လာသော်လည်း ထိုကဲ့သို့ အနိုင် ကျင့် သတ်ဖြတ်မှုများသည် အစွန်အဖျား တိုင်းရင်းသား နယ်မြေများ၌ အမြဲလိုပင် ဖြစ်ပျက်နေသော ရာဇဝတ်မှုများဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများက ထောက်ပြသည်။

၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးအတွင်း ရန်ကုန်မြို့တွင် ဂျပန် ဓာတ်ပုံ သတင်းထောက် ကန်ဂျီး နာဂါအိ ပစ်သတ်ခံရစဉ်

Read More...

ပဲခူး လူသတ်မှု စစ်တပ်က အရေးမယူ ၊ရဲမွန် တပ်မှ တပ်ရင်းမှုး များ ကို အရေးယူ

Freedom News Group မှ..
ရဲမွန် တပ်မြို့  ရှိ တပ်ရင်းများ မှ ရှောင်တစ်ခင် အလစ်အငိုက် ဖမ်းဆီးထားသော တပ်ရင်းမှုးနှင့် ဗျူဟာမှုး ရှစ်ဦးအား နေပြည်တော် တွင် စစ်ခုံရုံး တင်ကာ စစ်ဆေးနေသည်။၎င်းတို့ အားမိသား စု နှင့် တွေ့ ခွင့် မပေးသည့် ပြင် အပြင်းအထန်နှိပ်စက် ထားသည် ဟု သံချပ်ကာ ယန္တယားတပ်မှ အရာရှိ တစ်ဦး က FNG
သို့ ပြောသည်။

စစ်သား စုဆောင်း လစာငွေ ထုတ်မပေးမှုကြောင့် အခြား အဆင့် တပ်သားများ ဆန္ဒ ထုတ်ဖော်မှုတွင် ဂရုဏာ သက်မိသည့် တပ်ရင်းမှုး များ အပြင် အရာရှိ များ ကို ပါဖမ်းဆီးထား သည် ဟု သိရသည်။ရဲမွန် တပ်မြို့  အား အခြား တပ်တစ်ခု က သိမ်းပိုက် ထားပြီး ဌာနေ တပ်သား များ ကို တပ်ပြင် ထွက်ခွာခွင့် ကန့် သတ်ထားသည်။
ရဲမွန် အခြေစိုက် တပ်ရင်းများ မှ တပ်သားနှင့် အရာရှိ များ အားအရေးယူသော် လည်း စက်တင်ဘာလ ၄ရက်နေ့ က ပဲခူးမြို့  ဇိုင်ဂနိုင်း ရပ်တွင် လူငယ်နှစ်ဦး အား ပစ်သတ် ခဲ့သည့် ခလ၇ (၅၉) မှ တာဝန်ရှိသူများ ကို အရေး ယူမှု မရှိသေး ဟု သိရသည်။

ကရင် အာဇာနည်ကြီး

Mg Gale

လူမဆန်မှုသတင်း

တပ်မဟာ(၂) တောင်ငူခရိုင်။

-ထန်းတပင်မြို့ နယ်၊ ၁၃.၉.၂၀၁၀နေ့ ဖြင်စလိုရှိ ခလရ(၁၀၂)အုပ်စုသည်ပြင်စလိုရွာသူရွာသား စုစုပေါင်း ၃၀ ယောက်အား သပြေညွှန့် မှပြင်စလို စခန်းသို့ သူတို့ ၏စစ်တပ်နှင့်ဆိုင်ရာ အသုံးအဆောင်များကို အတင်းအကြပ်သယ်ယူခိုင်းခဲ့ကြောင်းသတင်းရရှိသည်။
-၁၃.၉.၂၀၁၀နေ့ ကလော်မီးဒဲရှိ နအဖစစ်အုပ်စုသည် ထိုရွာသားများအား ဝါး(၃၀)ချောင်း ကိုသူတို့ ၏နေရာပြန်ပြင်ဖို့ အတွက်အတင်းအကြပ် တောင်းဆိုခဲ့သည်။

တပ်မဟာ(၇) ဖားအံ့ခရိုင်။

-၁၄.၉.၂၀၁၀နေ့ တွင် BGF(၁၀၁၇) မှ အစိန် ၄၂နှစ်သည် မိခင်KNUထံသို့ ပြန်လည်ခိုလှုံကြောင်းသတင်းရရှိသည်။

သုံးရက် တိုက်ပွဲကြောင့် နအဖ စစ်တပ် ထိခိုက်ကျဆုံးမှုများထဲတွင် ဗိုလ်မှူးတဦး ပါဝင်

ကေအိုင်စီ
မြ၀တီမြို့ တောင်ဘက်ခြမ်းရှိ ဝေါ်လေဒေသတွင် ကေအဲန်ယူနှင့် နအဖတပ်ဖွဲ့များ ယခုရက်ပိုင်းအတွင်း ရင်ဆိုင်တိုက်ပွဲ သုံး ရက် ဆက်တိုက် ဖြစ်ပွားမှုကြောင့် နအဖဘက်မှ ထိခိုက်ကျဆုံးမှုများလျှက်ရှိရာ ထိုအထဲတွင် ဗိုလ်မှူးတစ်ဦး ပါဝင်ကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။

ယနေ့မွန်းလွဲ ၂နာရီကျော်တွင် အဆိုပါဒေသတွင် လှုပ်ရှားနေသည့် ကေအဲန်ယူ တပ်ရင်း(၂၀၁)နှင့် နအဖ ခလရ(၉၇)တပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားရာ နအဖဘက်မှ ထိခိုက်ကျဆုံးမှုများရှိကြောင်း ကေအဲန်ယူနှင့် မြ၀တီဘက်မှ သတင်းအရင်းအမြစ်များအရ သိ ရသည်။

အဆိုပါနအဖတပ်နှင့် တိုက်ပွဲဖြစ်ခဲ့သည့် ကေအဲန်အယ်လ်အေ တပ်ရင်း(၂၀၁)မှ ဒုရင်းမှူး ဗိုလ်မှူးစောကြည်အောင်က “ဒီနေ့ ၂နာရီ မိနစ် ၂၀မှာ ကျနော်တို့တပ်ဖွဲ့ ခလရ(၉၇)နဲ့ ၁၀မိနစ်နီးပါးလောက် တိုက်ပွဲဖြစ်တယ်။ ဖြစ်တဲ့နေရာက မောခီးရွာနားမှာပဲ။ သူတို့တပ်က အဲဒီတ၀ိုက်မှာ တက်လိုက်ဆင်းလိုက်နဲ့ ထိတော့ထိတယ်။ အတိအကျတော့ ကျနော်တို့ မသိရသေးဘူး။”ဟု ဆို သည်။

Read More...

ငြိမ်းချမ်းရေးနေ့ KNU တဖက်သတ် အပစ်ရပ်မည်

မဇ္ဈိမ သတင်းမှ....

ယခုလ ၂၁ ရက် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့တွင် ခုခံစစ်အသင့်ဖြင့် တနေ့တာ အပစ်ရပ်စဲမည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU က ယနေ့ ကြေညာလိုက်သည်။

“ကျနော်တို့က ငြိမ်းချမ်းရေးလိုချင်တဲ့ အဖွဲ့အစည်းဆိုတာကို ပြချင်တယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ဥပဒေတွေကို လေးစားလိုက်နာတယ်ဆိုတာ လည်း တချိန်တည်းမှာ ပြချင်သလို နအဖကိုလည်း ငြိမ်းချမ်းရေးဆိုတာ လိုအပ်တယ်လို့ သတိပေးလိုတယ်” ဟု KNU ပြောခွင့်ရ စောဒေးဗစ် သကဘောက မဇ္ဈိမကို ပြောသည်။

KNU ထိန်းချုပ် နယ်မြေများရှိ တပ်ရင်းတပ်ဖွဲ့များသို့လည်း အပစ်ရပ်မည့်အကြောင်းကို လွန်ခဲ့သည့် ၃ ရက်ကတည်းက အကြောင်းကြားထားသော်လည်း စစ်အစိုးရကိုမူ တရားဝင် အကြောင်းကြားခြင်း မရှိဘဲ သိစေလို၍ သတင်းထုတ်ပြန်သည်ဟု ဆိုသည်။

Read More...

လူမဆန်မှုသတင်း

တပ်မဟာ(၃)ညောင်လေးပင် ခရိုင်

၅၊ ၉၊ ၂၀၁၀ ရက်နေ့ တွင် ဗမာ့တပ်မတော် စကခ ၁၆ လက်အောက်ခံ ခမရ ၂၄၆ စစ်ကြောင်းသည် ညောင်လေးပင် ခရိုင်ရှိ မတောကုန်းရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ပါသည်။ ၄င်းပစ်ခတ်မှုတွင် ရွာသူ မုဆိုးမ တစ်ဦးဖြစ်သူ နော်လေးမူး(၃၈နှစ်) သည် ပြင်းထန်စွာဒဏ်ရရှိကြောင်း သတင်းရရှိပါသည်။

၆၊ ၉၊ ၂၀၁၀ ရက်နေ့ တွင် နအဖ စစ်တပ်များသည် ရွာသားများအား တိုက်ပွဲဖြစ်ခဲ့သည့်နေရာအား ခုတ်ထွင်ရှင်းလင်းခိုင်းပါသည်။ အမျိုးသားများသည် အတွေ့ မခံရဲသဖြင့် နအဖ စစ်သားများက အမျိုးသမီးများကို တိုက်ပွဲဖြစ်ပွားသည့် နေရာများအား ခုတ်ထွင်ရှင်းခိုင်းပါသည်။ ယခုအချိန်သည် လမ်းမကြီးပေါ်တွင် တည်ရှိသော ရွာများ လယ်ကွင်းပိုင်ရှင်များအား ၆၊ ၉၊ ၂၀၁၀ ရက်နေ့ မှစ၍ နေ့ တိုင်း ခုတ်ထွင်ရှင်းလင်းခိုင်းကြောင်း သတင်းရရှိပါသည်။

သောသီခိုမှကူးယူဖော်ပြထားသည်။

Peace Day (Karen)

Statement of International Peace Day Karen Final

Peace Day (Burmese)

International Peace Day Burmese Final

Peace Day

PeaceDay, English Final

နအဖတပ်နှင့် ရှမ်းတပ်တို့အကြား တိုက်ပွဲဖြစ်

ခေတ်ပြိုင် မှ.......

ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်းအဖွဲ့နှင့် နအဖတပ်တို့သည် ယမန်နေ့၌ ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
ယမန်နေ့ ညနေ (၄) နာရီခန့်၌ သီပေါမြို့နယ်၊ တုန်လောကျန်းကျေးရွာအနီးတွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) လက်အောက်ခံ ခလရ (၁၄၇) စစ်ကြောင်းနှင့် ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်းအဖွဲ့၏ တပ်မဟာ (၁) လက်အောက်ခံ စစ်ကြောင်းတို့ ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ရှမ်းတပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ဖြစ်တာက သီပေါခွင်ထဲမှာ၊ တုန်လောကျန်း ရွာနားမှာ ရင်ဆိုင်တွေ့ပြီး ပစ်ခတ်ကြတာ။ အဲဒီမှာ ရှမ်းအဖွဲ့က (၁) ယောက် ဒဏ်ရာရသွားတယ်။ နအဖဘက် စစ်ကြောင်းကလည်း လူ (၃ဝ၊ ၄ဝ) လောက် ရှိတယ်လို့ ခန့်မှန်းရတယ်တဲ့။ နအဖဘက်ကတော့ ဘယ်လောက် ထိတယ်ဆိုတာ မသိရဘူး” ဟု ပြောသည်။

Read More...

ချုံခိုတိုက်ခိုက်ခံရ၍ နအဖစစ်တပ်မှ အရာရှိတဦးပါ ၇ဦးထိခိုက် ၃ဦးကျဆုံး

KIC မှ.......

ကရင်ပြည်နယ်၊ မြ၀တီခရိုင် ဝေါ်လေဒေသတွင် တပ်ပြောင်းလဲရန် ရောက်ရှိလာသော နအဖတပ်ဖွဲ့နှင့် လှုပ်ရှားနေ ဆဲတပ်ဖွဲ့တို့ကို ကေအဲန်ယူမှ ယမန်နေ့နှင့် ယနေ့မနက်တွင် နှစ်ကြိမ်ဆက်တိုက် ချုံခိုက်တိုက်ခိုက်ခဲ့ရာ နအဖတပ် ဘက်က ၃ဦးသေဆုံးပြီး ဗိုလ်ကြီးတစ်ဦး အပါအ၀င် ၇ဦး ဒဏ်ရရှိခဲ့သည်ဟု သိရသည်။

ဝေါ်လေဒေသ မော်ခီးအခြေစိုက် အရှေ့တောင်တိုင်းစစ်တပ်ဌာနချုပ် ရတခ လက်အောက်ခံတပ်ရင်း ခလရ(၂၇၅) နှင့် တပ်ပြောင်းလဲရန် ရောက်ရှိလာသော ခလရ(၉၇)အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန် အယ်လ်အေ) တပ်ရင်း(၂၀၁)က ယမန်နေ့ညနေ ၃နာရီခန့်တွင် တကြိမ်ချုံခိုတိုက်ခိုက်ခဲ့ရာ နအဖဘက်က ၃ဦး ကျဆုံးပြီး ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အလားတူ ယနေ့မနက် (၆)နာရီခန့်တွင် ကနဲလေးအခြေစိုက် နအဖ စကခ(၈) လက်အောက်ခံ ခမရ(၄၀၃) လှုပ် ရှားတပ်ရင်းအား ကေအဲန်အယ်လ်အေ (၂၀၁)တပ်ဖွဲ့က ထပ်မံ၍ ချုံခိုတိုက်ခိုက်ခဲ့ရာ နအဖဘက်က ၄ဦး ထိခိုက် ဒဏ်ရာရရှိသွားသည်ဟု ၎င်းတပ်ရင်း(၂၀၁)မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးစောကြည်အောင်က အတည်ပြု ပြောဆိုသည်။

Read More...

မောရဝတီ ရေတပ်စခန်းမှ လယ်မြေဧက (၁ဝဝ) ကို တပ်ပိုင်အဖြစ် သိမ်းဆည်း

လက်နက်အားကိုးပြီး လူထုတွေကို နည်းမျိုးစုံပြသနာရှာ အနိုင်ကျင့်နေတဲ့ သန်းရွှေ ရဲ့ ဒူးမနာသားတွေ မြန်မြန်ကောင်းရာသုဂတိလားပါစေ........

ကောင်းဝါသတင်း မှ..........
တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကျွဲသုံးညီမကျေးရွာ အခြေစိုက် မောရဝတီရေ တပ်စခန်းမှ ရွာသားများပိုင် လယ်မြေဧက (၁ဝဝ) ကျော်ကို တပ်စိုက်ပျိုးမြေအဖြစ် ယခုရက်ပိုင်းအတွင်း အတင်းအဓမ္မ သိမ်းဆည်းခဲ့သည်ဟု ဒေသခံများမှ ပြောပါသည်။

အဆိုပါ တပ်ပိုင်လယ်ယာမြေသိမ်းရာတွင် နေပြည်တော်မှ ညွှန်ကြားချက်အရ သိမ်းဆည်းခဲ့သည်ဟု ဆို၏။

ဤကဲ့သို့ လယ်ယာမြေများကို မတရား သိမ်းဆည်းခဲ့သော်လည်း လျော်ကြေး ပေးခြင်း မရှိဟု ဒေသခံ တစ်ဦးမှ ကောင်းဝါ သတင်းဌာနကို အောက်ပါအတိုင်း ပြောဆိုခဲ့ပါသည်။

Read More...

ပည်သူတို့ က ၎င်းတို့ ဘ၀ မလုံခြုံတော့ ဘူးဟု ခံစားနေရ၍ ပဲခူးမြို့ ပေါက်ကွဲလု နီးနီးဖြစ်နေ

Freedom News Group မှ........

စက်တင်ဘာလ ၄ ရက်နေ့ ညကစစ်တပ် အရာရှိ မှ အမိန့် ပေးသဖြင့်စစ်သား များ ကပစ်သတ်၍ သေဆုံးပြီးနောက် ပဲခူးမြို့ တွင် လုံခြုံရေး တင်းကျပ်ထားသော် လည်း နိုင်ငံရေး နှင့်လူထု အုံကြွမှု ဖြစ်ပေါ် ရေး အတွက်လှုံဆော်စာ များ နေ့ စဉ် ဝေငှမှု ရှိသည် ဟု သတင်းရရှိသည်။
ယနေ့ နေ့ လည် ၁၂ နာရီခန့် က ပဲခူးမြို့ နာရီ စင် အနီး တွင် ကပ်ထားသည့် လှုံဆော်စာများကို ပြည်သူ အများအပြား က လာရောက် ကြည့်ရှု ရာ မှ ရဲတပ်ဖွဲ့ က စစ်တပ် ကို အကြောင်းကြား၍ ခွာယူရသည်။

Read More...

တိုက်ပွဲဖြစ်ပွားမှုကြောင့် ရွာသားများ ညှင်းပန်းနှိပ်စက်ခံရ

KIC သတင်းမှ....

ကရင်ပြည်နယ် မြောက်ပိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် နအဖနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော် (ကေအဲန်အယ်လ်အေ) တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံရွာသား ၂၆ဦး ဖမ်းဆီးနှိပ်စက်ခံရသည်ဟု သိ ရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ(၅)ရက်နေ့က ကျောက်ကြီးမြို့နယ် မတောကုန်းကျေးရွာအနီးတွင် ကေအဲန်အယ်လ်အေ တပ်ရင်း (၉)နှင့် နအဖ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ (၁၆)မှ ခြေလျင်တပ်ရင်း-ခလရ (၂၄၂)တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖဘက်က ထိ ခိုက်သေဆုံးမှုရှိသောကြောင့် ယခုလို ရွာသားများ ဖမ်းဆီးနှိပ်စက်ခံရခြင်းဖြစ်သည်ဟု နယ်မြေခံတဦးက ပြောသည်။

ယင်းသို့ ဖမ်းဆီးနှိပ်စက်ခံရသည့် ရွာသားများမှာ မတောကုန်း၊ သင်္ဃန်းမြောင်၊ ပတ္တလား၊ အုန်းမြေဒူး(တောခို)၊ ပအောတော စသည့်ရွာများမှ ဖြစ်သည်။

Read More...

လူမဆန်မှုသတင်း

တပ်မဟာ(၃) ညောင်လေးပင်ခရိုင်။

- စကခ(၁၆)နှင့်ခမရ(၂၄၂)တို့ အုပ်စုသည် ၆.၉.၂၀၁၀နေ့ တွင်တရွာနှင့်တရွာသို့ ကူးသန်းသွားလာလျှင်၎င်း၊ ရွာသားများလယ်ထဲယာထဲဆင်း ပြီးအလုပ်လုပ်လျှင်၎င်း သူတို့ တွေ့ ရှိပါကပစ်သတ်မည်ဟုခြိမ်းခြောက်တားမြစ်ထားသည်။
- ၇.၉.၂၀၁၀နေ့ တွင် မတောကုန်း၊ ဟီဖိုးဒဲ၊ ပန်တလာ၊ တောခို၊ ပအောတော စသည့်ရွာများမှ ရွာသား၂၆ဦးတို့ ကိုဖမ်းဆီးထားပြီး ပြင်းပြင်းထန် ထန်နှိပ်စက်ညင်းပန်းပြီးတော့ ထဲ့ထူစစ်စခန်းသို့ ပို့ ဆောင်ကြောင်းသတင်းရရှိသည်။
- ဒါ့အပြင် နအဖစစ်အုပ်စုများသည် ရွာသူကြီးများအား မိမိအပိုင်ဂွင်ထဲတွင် ဘာပြသနာမှမတက်စေရ ဆိုပြီးလက်မှတ်ထိုးခိုင်းတဲ့အပြင် ပြသနာ တက်လာပါကအကုန်လုံးသတ်ပစ်မည်ဟုပြောဆိုခြိမ်းခြောက်ထားသည်။
- ဒီ၂၀၁၀နအဖရွေးကောက်ပွဲအတွက် မဲဆွယ်ရန်အတွက် နံ့ သာကွင်းတံတားကိုပြန်ပြင်ပြီးတော့ အခုလောလောဆယ်တွင်လယ်ကဝေါ်ဂွင်မှ ရွာသူရွာသားများကို နည်းလမ်းပေါင်းစုံမှဖမ်းဆီးချုပ်နှောင်ထားကြောင်းသတင်းရရှိသည်။

တပ်ရိက္ခာအတွက် ဆန်ကို ကျေးရွာများထံ တောင်းယူ

ကရင်နီပြည် ရှားတောမြို့နယ်၌ တပ်စွဲထားသော စစ်အစိုးရတပ်သည် ၎င်းတို့ တပ်စခန်း စားသုံးရေးအတွက် ဆန်များကို ယခုလ ၂၄ ရက်နေ့က ဒေသခံကျေးရွာများထံ အခမဲ့ တောင်းယူခဲ့ကြောင်း သိရသည်။

ဗိုလ်ကြီး ကျော်သူ ဦးဆောင်သော စစ်အစိုးရတပ်မှ ခမရ ၅၁၇ တပ်ရင်းသည် ၎င်းတို့ တပ်စခန်း အနီးရှိ ဒေါတနောကျေးရွာမှ ဆန် ၁၀ ပုံးနှင့် ဒေါမူးလဲကျေးရွာမှ ဆန် ၈ ပုံးတို့ကို တောင်းယူခဲ့ပြီး တပ်စခန်းသို့ အရောက်ပို့ပေးရန် အမိန့်ပေးခဲ့သည်။

“သူတို့ (နအဖ) တပ်က ကျနော်တို့ကို အခမဲ့ အတင်းတောင်းနေတယ်။ သူတို့ကို ဆန်ပေးဖို့ အမိန့်ပေးထားတယ်။ သူတို့ကျတော့ ကျနော်တို့ ရွာသားတွေအတွက် ဘာတခုမှ ကူညီပေးတာတွေ မရှိဘူး” ဟု ရှားတောမြို့နယ်မှ ဒေသခံတဦးက ပြောသည်။

Read More...

လူမဆန်မှုသတင်း

တပ်မဟာ(၂) တောင်ငူခရိုင်။

တောင်ငူခရိုင် ထန်းတပင် မြို့ နယ် တွင်လုပ်ရှားနေသော ခမရ(၃၃၆)တပ်ဖွဲ့ များသည် ၇၊ ၀၉၊ ၂၀၁၀ ရက်နေ့ တွင် ကော်သဲဒါး ရွာသို့ ရောက်ရှိလာပြီး ရွာသားများဖြစ်သော (၁) စောဆာကူးလူ - ၅၀နှစ် (၂) စောမူးတေ - ၄၀နှစ် (၃) စောကူးကူ - ၃၀နှစ် (၄) စောရေးဒို - ၂၀နှစ် (၅) စောထူးထူး - ၂၀နှစ် (၆) စောကလိုကလို - ၁၃နှစ် (၇) စောမာဂေထော် - ၂၃နှစ် (၈) စောကာမြ - ၅၀နှစ် (၉) အမည်မသိ ထိုဒေသတွင် အလုပ်လာရောက်လုပ်ကိုင်သော ပအိုဝ်းအမျိုးသားတစ်ဦး စသည်တို့ အား ဥယဉ်ခြံသို့ အသွားတွင် ဗမာ့စစ်တပ်မှ ဖမ်းဆီးပြီး ခေါ်ဆောင်သွားပါသည်။ လမ်းခုလပ်တွင် ဖမ်းဆီးခေါ်ဆောင်သောကြောင့် အဖမ်းခံရသော ရွာသားများတွင် အ၀တ်တစ်ထည်ကိုယ်တစ်ခု ပဲပါသွားပါသည်။ မိုးရာသီ ကာလ ဖြစ်သောကြောင့် အဖမ်းခံရသူများ အလွန်ဒုက္ခရောက်နေကြောင်း သတင်းရရှိပါသည်။

၉၊ ၀၉၊ ၂၀၁၀ ရက်နေ့ တွင်လည်း ဘောဂလိကြီး အခြေစိုက် နအဖ စစ်ဗျူဟာမှူးသည် ဒေသခံရွာများဖြစ်သော ကောစိုးခိုး၊ ၀ါသောခို၊ လိုကို၊ ရွာများအား တစ်အိမ်တောင်လျှင်တစ်ယောက် ဆင့်ခေါ်ပြီး ဗမာ့တပ်မတော် တပ်သားများ စားသုံးရာအတွက် ရိက္ခာများကို ကိုးဒေးမှ သအေးထ စခန်းသို့ အတင်းအကျပ်ပို့ ဆောင်ခိုင်းပါသည်။ ထိုနေ့ တွင်ပင် ဖလေးဆာလို အခြေစိုက် ခလရ (၁၀၂)မှ ဖလေးဆာလိုရွာသားများ ကျား - ၃ဦး၊ မ - ၃ ဦး ကို သပြေညွန့် စစ်စခန်းသို့  ရိက္ခာများကို သွားရောက်သယ် ခိုင်းပြီး ဖလေးဆာလိုစစ်စခန်းသို့ ပြန်လည်ပို့ ခိုင်းပါသည်။