လူမဆန်မှုသတင်း

တပ်မဟာ(၃) ညောင်လေးပင်ခရိုင်။

- စကခ(၁၆)နှင့်ခမရ(၂၄၂)တို့ အုပ်စုသည် ၆.၉.၂၀၁၀နေ့ တွင်တရွာနှင့်တရွာသို့ ကူးသန်းသွားလာလျှင်၎င်း၊ ရွာသားများလယ်ထဲယာထဲဆင်း ပြီးအလုပ်လုပ်လျှင်၎င်း သူတို့ တွေ့ ရှိပါကပစ်သတ်မည်ဟုခြိမ်းခြောက်တားမြစ်ထားသည်။
- ၇.၉.၂၀၁၀နေ့ တွင် မတောကုန်း၊ ဟီဖိုးဒဲ၊ ပန်တလာ၊ တောခို၊ ပအောတော စသည့်ရွာများမှ ရွာသား၂၆ဦးတို့ ကိုဖမ်းဆီးထားပြီး ပြင်းပြင်းထန် ထန်နှိပ်စက်ညင်းပန်းပြီးတော့ ထဲ့ထူစစ်စခန်းသို့ ပို့ ဆောင်ကြောင်းသတင်းရရှိသည်။
- ဒါ့အပြင် နအဖစစ်အုပ်စုများသည် ရွာသူကြီးများအား မိမိအပိုင်ဂွင်ထဲတွင် ဘာပြသနာမှမတက်စေရ ဆိုပြီးလက်မှတ်ထိုးခိုင်းတဲ့အပြင် ပြသနာ တက်လာပါကအကုန်လုံးသတ်ပစ်မည်ဟုပြောဆိုခြိမ်းခြောက်ထားသည်။
- ဒီ၂၀၁၀နအဖရွေးကောက်ပွဲအတွက် မဲဆွယ်ရန်အတွက် နံ့ သာကွင်းတံတားကိုပြန်ပြင်ပြီးတော့ အခုလောလောဆယ်တွင်လယ်ကဝေါ်ဂွင်မှ ရွာသူရွာသားများကို နည်းလမ်းပေါင်းစုံမှဖမ်းဆီးချုပ်နှောင်ထားကြောင်းသတင်းရရှိသည်။

0 comments:

Post a Comment