ကေအန်ယူနှင့် စစ်အစိုးရတပ် ထပ်မံ တိုက်ပွဲဖြစ်

လွတ်လပ်သော မွန်သတင်းအေဂျင်စီ မှ...

တလလဝီ- ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ် ကျောက်ကွဲကျေးရွာမှာ ယမန်နေ့ နံနက်ပိုင်းမှာ စစ်အစိုးရ တပ်နှင့် ကေအန်ယူတို့ တိုက်ပွဲ အချိန်တော်ကြာ ဖြစ်ပွားခဲ့သည်။

ကေအန်ယူ တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၁၆) မှ တပ်အင်အား ၄၅ လောက်နှင့် အရှေ့တောင်တိုင်းမှ (ခမရ) ၂၈၄ နှင့် ( ခမရ ) ၂၀၇ တပ်ရင်းတို့မှ အင်အား ၂၀၀ နီးပါးတို့က ဖြစ်ပွားသည်။

“စစ်အစိုးရ တပ်ဘက်က သေတာရော ဒဏ်ရာရတာရော အယောက် ၂၀ လောက်ရှိမယ်၊ ဒါပေမဲ့ ဘယ်နှယောက် သေတာလည်း ဆိုတာတော့ အတိအကျ မသိရသေးဘူး” ဟု ကေအန်ယူနှင့် နီစပ်သူတစ်ဦးက ပြောသည်။

စစ်အစိုးတပ်များ ဘုရားသုံးဆူသို့ တက်လာရာ လမ်းကြောင်းမှာ ယခုကဲ့သို့ တိုက်ခိုက်ခံရကြောင်း သိရသည်။

Read More...

ဗိုလ်ကြီးသက်နိုင်နှင့် ဒီကေဘီအေ တပ်မှူးတစ်ဦး ဆွေးနွေးပြောဆိုမှု

ကေအိုင်စီ မှ...

ဖမ်းထားသည့် နအဖ ဗိုလ်ကြီးကို DKBA ပြန်လွှတ်

ဂုဏ်ယူလေးစားပါတယ်...DKBA နှင့် ဗိုလ်မှူးစောလားပွယ်..!

ဧရာဝတီ သတင်းမှ...
ကရင်ပြည်နယ် မြ၀တီမြို့တွင် ရွေးကောက်ပွဲ ကျင်းပသည့် နိုဝင်ဘာ ၇ ရက်နေ့က စတင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ဖမ်းဆီးခဲ့သော နအဖဘက်မှ ဗိုလ်ကြီးသက်နိုင်ကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ဗိုလ်မှူးကြီး စောလားပွယ် တပ်ဖွဲ့မှ ယနေ့ မွန်းလွဲပိုင်းက ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

Read More...

တိုက်ပွဲသတင်းများ

ဆုံဆည်းရာ မှ....

နံနက်(၁၂ နာရီ ၂၈မိနစ်) ယနေ့နေ့လည်ပိုင်းက ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီဆိုတဲ့ သတင်း ထွက်ပေါ်လာပါတယ်။


နံနက်(၁၁ နာရီ ၂၅မိနစ်) ထိုင်းနိုင်ငံ ဖုတ်ဖရတ်မြို့နယ်တဖက်ခြမ်းတွင် တိုက်ပွဲများကြောင့် ထိခိုက်ဒါဏ်ရသော ရွာသူရွာသားများကို ဆေးရုံပို့ဆောင်ထားရကြောင်း ထိုင်းသတင်းဌာန ၉ လိုင်းမှ ထုတ်လွှင့်သွားခဲ့သည်။ လတ်တလော တိုက်ပွဲများလည်း ဆက်လက် ဖြစ်ပွားနေကြောင်းလည်း သိရှိရပါတယ်။ နအဖ စစ်တပ်မှ ဝေါလေဘက်ရှိ ထောင်ထားတဲ့ မိုင်းတွင်းကို ရှင်းပေးဖို့ ဒီကေဘီအေမှ ဗိုလ်စောလားဘွယ်ကို တောင်းဆိုထားကြောင်း သိရှိရသည်။

Read More...

နအဖတပ် ပစ်ခတ်မှုကြောင့် ၁၃နှစ်အရွယ် မိန်းကလေး တဦးသေဆုံး

KIC သတင်း မှ...............

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ရှိ နအဖ တပ်များသည် နိုဝင်ဘာလ ၈ရက်နေ့မှစ၍ မြို့အနီးတဝိုက်ရှိ ကျေးရွာများတွင် လက်နက်ကြီးများဖြင့် လှမ်း၍ ပစ်ခတ်ခဲ့ရာ ယမန်နေ့ညက ပစ်ခတ်မှုကြောင့် မိန်းကလေးတဦး သေဆုံးသွားခဲ့ပြီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

ကြာအင်းဆိပ်ကြီးမြို့ရှိ နအဖ ခလရ(၂၈၃)၊ (၂၈၄)၊ (၃၁)တပ်များက ၎င်းမြို့အနီးတဝိုက်ရှိ တခါ့ချောင်း၊ ခုတ်ကွား၊ မီးလောင် ချောင်း၊ ကြာအင်း၊ တကေးစသည့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ယမန်နေ့ည ၆နာရီမှ ယနေ့မနက် ၃နာရီအ ထိ ပစ်ခတ်ခဲ့သည့်အတွက် ကြာအင်းကျေးရွာမှ ၁၃နှစ်အရွယ် မိန်းကလေးတဦး သေဆုံးပြီး ယောက်ျားလေးတဦး ဒဏ်ရာရခဲ့ ကြောင်း ဒေသခံတဦးက ပြောသည်။

Read More...

တိုက်ပွဲသတင်းများ (၁၁ ရက်နိုဝင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ မှ.....

- နေပြည်တော်ကို ကယန်းပြည်သစ်မှ လူငယ်များ ဗုံးဖောက်မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတာကြောင့် နေပြည်တော်နဲ့ နယ်မြေချင်းနီးသည် ကယန်းပြည်သစ် နယ်မြေကို နအဖစစ်တပ်မှ စစ်ကြောင်းသုံးကြောင်းဖြင့် နယ်မြေရှင်းလင်းရေး ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ သိရှိရပါတယ်။

- လတ်တလော ရောက်ရှိလာတဲ့ သတင်းများအရ မဲသဝေါလမ်းတွင် နအဖ စစ်တပ်များနဲ့ ကေအန်ယူ စစ်တပ်များ တိုက်ပွဲများ ဖြစ်နေကြောင်း သိရှိရသည်။

- ယမန်နေ့က ဖာမွန်မြို့နယ် အနောက်မြောက်ဖက် မဲ့သရွတ်တွင် စခန်းထိုင်ထားသော နအဖ အခြေစိုက်စခန်းတခုဖြစ်တဲ့ ခမရ ၃၄၀ ကို ကေအန်ယူ (ကေအန်အယ်အေ) အထူးတပ်ရင်း ၁၀၂ မှ ၀င်ရောက်တိုက်ခိုက်ခဲ့တယ်။ ထို့အပြင် ဘီလင်းမြို့အတွင်းမှာရှိတဲ့ ကျွန်းပင်ဝင်း၊ ၀င်းမောင်း မှာရှိတဲ့ နအဖ စစ်တပ်နဲ့ (BDF) နယ်ခြားစောင့်တပ် စခန်းတွေကို ကေအန်ယူ (ကေအန်အယ်အေ) အထူးတပ်ရင်း ၁၀၂ မှ ၀င်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

Read More...

ဘုရားသုံးဆူဒေသ နိုဝင်ဘာလ ၁၁ရက်နေ့ မနက်တိုက်ပွဲ။

ကေအိုင်စီ သတင်းမှ.....

နိုဝင်ဘာလ ၁၁ရက်။ ကေအိုင်စီ

(နိုဝင်ဘာလ ၁၁ရက်၊ မနက် ၅နာရီစပြီး ဘုရားသုံးဆူမြို့နယ်၊ နယ်စပ် ရွာသစ်ဘက်မှာ နအဖ ခမရ(၄၀၅)နဲ့ ဒီကေဘီအေတပ်တွေ အပြန်အလှန် တိုက်ပွဲဖြစ်ကြတယ်လို့ ထိုင်းစစ်တပ်အသိုင်းအ၀ိုင်းက ပြောပါတယ်။
မနက် ၆နာရီကစပြီး နအဖဘက်က လက်နက်ကြီးနဲ့ပစ်တာ အခု ၇နာရီခွဲကျော်အထိ လက်နက်ကြီး အလုံး ၂၀နီးပါးလောက်ရှိပြီလို့လည်း သိရပါတယ်။

မနက် ၇နာရီကျော်အထိ ဘုရားသုံးဘက်က ဒုက္ခသည်လူထုဟာ ထိုင်းဘက်ခြမ်းကို ထွက်ပြေးလာတာ ခန့်မှန်းခြေ ၁သောင်းကျော်လောက် ရှိပြီလို့ သိရပါတယ်။
အဲဒီဒုက္ခသည်တွေဟာ ထိုင်းဘက်ခြမ်းက ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ အားကစားရုံတွေမှာ ရောက်ရှိနေကြတယ်။ သူတို့ကို ထိုင်းလူမှုကယ်ဆယ်ရေးတွေကလည်း ကူညီပေးနေတယ်။

Read More...

တိုက်ပွဲသတင်း

ဆုံဆည်းရာ မှ....
၁၁ ရက် နိုဝင်ဘာလ ၂၀၁၀
နံနက်(၈ နာရီ ၅၂ မိနစ်)

နံနက်(၈ နာရီ ၃၈မိနစ်)သျှမ်းပြည်တပ်မတော်မှဒီကေဘီအေအားဝိုင်းဝန်းကူညီပံ့ပိုးရန်အချိန်ကျ ရောက်ပြီဖြစ်ကြောင်း ကြေညာချက်တစောင်ယမန်နေ့ကထုတ်ပြန်လိုက်ပါတယ်။

နံနက်(၈ နာရီ ၆ မိနစ်) ဘုရားသုံးဆူဒေသတွင် ယနေ့မနက် ၄ နာရီကျော်က စပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပါတယ်။ ယခုအချိန်အထိ ပစ်ခတ်မှုများ ဖြစ်ပေါ်နေပြီး ဒီကေဘီအေ ဘက်မှ တပ်ရင်း ၉၀၆ နဲ့ ၉၀၇ တို့ဖြစ်ပြီး နအဖ စစ်တပ် ဘက်မှ တပ်မ ၄၄ လက်အောက်ခံ ခလရ ၂၈၃ နဲ့ ခမရ ၄၀၅ တို့ တဖက်နဲ့တဖက် အပြန်အလှန်ပစ်ခတ်နေတာပါ။ ဘုရားသုံးဆူဒေသဘက်ကို နအဖ ဘက်မှ တပ်မ ၂၂ ကို စစ်ကူလွှတ်ထားလို့လည်း နောက်ဆုံးရ သတင်းများအရ သိရှိရသည်။

Read More...

တိုက်ပွဲသတင်း

ဆုံဆည်းရာ မှ...
ဘားအံခရိုင် ဘားအံမြို့အနီး မြင်စိုင်းတောင်ကုန်းပေါ်ရှိ နအဖ စစ်တပ်နဲ့ ဒီကေဘီအေ လက်ကျန် အဖွဲ့များ စခန်းထိုင်ရာ ငကျိဘုရားကုန်းစခန်းကို ကေအန်ယူ တပ်မဟာ (၁) မှ ယမန်နေ့ ညက တက်ရောက် သိမ်းပိုက်လိုက်ကြောင်း သိရှိရသည်။

Read More...

စစ်ခွေးတွေရဲ့ လူမဆန်မှုသတင်း

9.11.2010 News

မြ၀တီ နောက်ဆုံးသတင်း

ဆုံဆည်းရာ မှ....

1း45 ဗိုလ်ချစ်သူနဲ့ နအဖ တပ်တွေက နယ်ခြားစောင့် လက်ခံထားသော DKBA တပ်ကို လက်နက်များပြန်လည် သိမ်းဆည်းပြီး အရပ်ဝတ်ဖြင့်နေရန် ပြုလုပ်နေ။
မြ၀တီ တံတားထိပ်တွင် နအဖမှ CCTV ကင်မရာများ လိုက်လံထပ်ဆင်နေ။
မြ၀တီမြို့အခြေအနေမှာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာဖွယ်ရှိသည့်အတွက် ပြည်သူများ ထိုင်းနိုင်ငံဘက်ကမ်း သို့ ပြန်လည်ဝင်ရောက်မှုရှိနေ။

စစ်ခွေးနအဖ၏ကုလားမနိုင်ရခိုင်မဲတဲ့ သောက်ကျင့်

Kwekalu's News

ယနေ့တိုက်ပွဲများ (၁၀ ရက်နိုဝင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ မှ....


မြန်မာစံတော်ချိန်..... ၁၀ နာရီ ၃၅ မိနစ်
ထိုင်းနိုင်ငံ ဖုတ်ဖရတ်မြို့နယ်တွင် မြန်မာပြည်ဘက်ခြမ်း ကျေးရွာတွေမှာ နေထိုင်တဲ့ ရွာသူရွာသား ၅၀၀ ကျော် စစ်ပြေးဒုက္ခသည် အဖြစ် ရောက်ရှိနေပါတယ်။ မနေ့က ဝေါလေ ဒေသကို ထိုးစစ်ဆင်ခဲ့တွေနဲ့ ယနေ့ ဒီကေဘီအေ အခြေစိုက်ရွာတွေ နအဖ စစ်တပ်က ၂၄ နာရီအတွင်း ထိုးစစ်ဆင်မယ်ဆိုတဲ့ သတင်းကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းကို စစ်ပြေးဒုက္ခသည်အဖြစ် ထွက်ပြေးလာခဲ့ရတာပါ။ ထို စစ်ပြေးဒုက္ခသည် ၅၀၀ ကျော်ကို လောလောဆယ် IRC နဲ့ အခြား လူမှုရေးအဖွဲ့တွေက သွားရောက်ကူညီနေတယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ အစားအသောက်နဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေပါသေးတယ်။ နောက်ထပ်ပြီးလည်း စစ်ပြေးဒုက္ခသည်တွေ ရောက်ရှိလာမယ်လို့ စစ်ပြေးဒုက္ခသည်အဖြစ် ရောက်ရှိလာတဲ့ ရွာသားတဦးကဆိုပါတယ်။


(၁၀ နာရီ ၅ မိနစ်) ဘုရားသုံးဆူဒေသမှာ ဒီကေဘီအေ အင်အား ၂၀၀ ခန့် နအဖ အခြေစိုက်စခန်း ခလရ ၂၈၃ ကို ၀ိုင်းထားကြောင်း သိရှိရသည်။ ဒီကေဘီအေနဲ့ နအဖ တပ်များ တဖက်နဲ့တဖက် ယခုအချိန်အထိ ကြို့ကြား ကြို့ကြား ပစ်ခတ်မှုများ ရှိနေပါတယ်။ ဘုရားသုံးဆူဒေသခံ ပြည်သူလူထုတွေကတော့ စစ်ပြေး ဒုက္ခသည် အဖြစ် ထိုင်းဘက်ကမ်းကိုနဲ့ ဂျပန်ရေတွင်း ဘက်ကို ၀င်ရောက်နေတယ်လို့ သိရှိရပါတယ်။ ဘုရားသုံးဆူဒေသ တဘက်ရှိ ထိုင်းဘက်ကမ်းမှာတော့ စစ်ပြေးဒုက္ခသည် ၁၀၀၀၀ (တစ်သောင်း) ကျော်သွားပြီလို့ ထိုင်း သတင်းဌာနတွေက ကြေညာထားတာတွေ့ရပါတယ်။

Read More...

ဗိုလ်ချစ်သူ ၏ သိန်းထောင်ကျော်တန် အိမ် ပြာပုံဖြစ်အောင် ဖျက်ဆီးခံရ နှင့် မြ၀တီ နှင့် ဘုရား သုံးဆူ တိုက်ပွဲ များ အတွင်း သေဆုံး၊ဒဏ်ရရသူ စာရင်း

freedom news group မှ.....

ထိုင်းအင်ဂျင်နီယာများကိုအသုံးပြုကာသိန်းထောင်ချီအကုန်အကျခံပြီးဆောက်လုပ်ထားသည့်တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသား တပ်မတော်(DKBA)၉၉၉မှ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးစောချစ်သူ၏ မြ၀တီရွှေကုက္ကုလ်မြိုင် ကျေးရွာမှချစ်သူမြိုင်စံအိမ်သည် ပြာပုံဖြစ်အောင် ဖျက်ဆီးခံလိုက်ရကြောင်း FNG မှ သတင်းရရှိသည်။

ထိုအိမ်ကိုနှစ်ရက်တာတိုက်ပွဲအတွင်းနအဖစစ်တပ်ကဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟုအမည်မဖော်လိုသည့်၉၉၉တပ်မှ အရာရှိတစ်ဦးကပြောသည်။

Read More...

တိုက်ပွဲသတင်း

ဆုံဆည်းရာ မှ...
ညနေ(၄ နာရီ ၅၅မိနစ်) ဒီကေဘီအေနဲ့ နအဖ တပ်များ ဝေါလေ ဒေသတွင် ဆက်လက် တိုက်ပွဲဖြစ်နေတယ်လို့ သိရှိသည်။ ယခု ဝေါလေမှာ ဖြစ်နေတဲ့ တိုက်ပွဲပြင်းထန်တာ ယခုတိုက်ပွဲကို ဦးဆောင်သူ ဗိုလ်မှူးစောလားဘွယ်နေတဲ့ဒေသဖြစ်လို့ တိုက်ပွဲပြင်းထန်တာလို့ ဆိုပါတယ်။ မဲဆောက်မှ မြ၀တီသို့ ပြန်နေကြသည့် မြန်မာပြည်သားများ.... အခုညနေ ၄ နာရီခွဲလောက်က ပုံပါ... (ဓါတ်ပုံ - REUTERS)

အောက်ကပုံကတော့ မဲဆောက်ဘက်နေ မြ၀တီကို လှေဖြင့် ပြန်ဖို့ စောင့်ဆိုင်းနေတဲ့ သူတွေပါ...

ဆုံဆည်းရာ မှ....
နေ့လည်(၃ နာရီ ၄၁ မိနစ်) ဘုရားသုံးဆူတွင် နအဖ စစ်တပ်နှင့် ဒီကေဘီအေ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပါတယ်။ နအဖ စစ်တပ်က ရွာသစ်ဘက်တွင်နေရာယူပြီး ဒီကေဘီကေ တောင်ဝိုင်းဘက်တွင်နေရာယူထားကြကာ တဖက်နှင့်တဖက် ပစ်ခတ်နေကြကြောင်း သိရှိရသည်။


နေ့လည်(၃ နာရီ ၃၆) ဘုရားသုံးဆူတွင် နေ့လည်ပိုင်းက စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီး ထိုင်းဘက်ကမ်းကို ကျပြီး အရပ်သား ၅ ယောက်နဲ့ ကရင်ဘုန်းကြီး ၂ ပါး ဒဏ်ရာရသွားတယ်သိရှိရသည်။

Read More...

ဘုရားသုံးဆူမှာ စစ်တပ်က လက်နက်ကြီးများသုံး

ဧရာဝတီ သတင်းမှ....

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ ရပ်ကွက် ၄ တွင်ရှိသော တိုင်တရာ ဘုန်းကြီးကျောင်းနှင့် တောင်ဝိုင်းဘုရား အကြားတွင် စစ်အစိုး ရနှင့် DKBA တပ်များ ယနေ့ နံနက် ၉နာရီကျော်က တိုက်ပွဲထပ်မံ ဖြစ်ပွားနေသည်ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၆ ဗိုလ်ကြီး စောထဲနေ က ဧရာဝတီသို့ ပြောသည်။ “တိုက်ပွဲကတော့ နည်းနည်းတော့ ကြီးကျယ်တယ်၊ ဘုရားသုံးဆူက လူထုတွေကတော့ မရှိသလောက်ဖြစ်နေတယ်။ အရင်က ဆက်နေကြဖုန်းတွေလည်း တလုံးမှ ဖွင့်မအားတော့ဘူး၊ ပြေးလွှားနေကြ ရတယ်”ဟု ၎င်းက ဆိုသည်။ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများလည်း ရှိကြောင်း သိရသည်။

တိုက်ပွဲအခြေအနေများ (Breaking News)

ဆုံဆည်းရာ မှ.......

နံနက်(၁၂ နာရီ ၄၆ မိနစ် ) နအဖနဲ့ ဒီကေဘီအေတပ်များ တဖက်နဲ့ တဖက် ပစ်ခတ်မှုတွေ ရပ်ထားတယ်လို့ သိရှိရပါတယ်။ ဒီကေဘီအေ တပ်တွေကတော့ မြ၀တီမြို့ မေတ္တာလင်းမြိုင်ဘက်မှာ စခန်းထိုင်ထားပြီး ပြန်လည်ထိုးစစ်ဆင်ဖို့ လူအင်အား၊ လက်နက်အင်အား ပြင်ဆင်နေတယ်လို့ နောက်သတင်းရရှိပါတယ်။

နံနက်(၁၁ နာရီ ၄၄ မိနစ် ) မြန်မာစံတော်ချိန် နေ့လည် ၁၂ နာရီတွင် မြ၀တီမြို့တွင် တိုက်ပွဲများ ပြင်းထန်နိုင်တယ်လို့ ဒီကေဘီအေနဲ့ နီးစပ်သူတဦးက ပြောဆိုသည်။ ဒီကေဘီအေဘက်မှာ ဦးဆောင်သူ ဗိုလ်မှူးစောလားဘွယ် ဆုတ်လို့မပြောမချင်း ဘယ်တော့မှ မြ၀တီမြို့မှ ဆုတ်ခွာမဟုတ်ဘူးလို့ ဒီကေဘီအေ ဘက်မှပြောသည်။

နံနက်(၁၁ နာရီ ၃၃ မိနစ် ) လတ်တလော အတည်မပြုနိုင်သေးသည့် သတင်းများအရ မြ၀တီမြို့နှင့်နီးသည့် ဝေါလေ ဘက်မှလည်း တိုက်ပွဲတွေဖြစ်ပေါ်နေကြောင်း သိရှိရသည်။ စစ်ရေးသုံးသပ်သူတဦး အပြောအရ တံတားတွေ ကျိုးသွားသည့်အတွက် လတ်တလော စစ်ကူလာလို့မရတဲ့အတွက် ရှေ့တန်းအထိုင်တပ်တွေကို မြ၀တီကို စစ်ကူသွားခိုင်းတော့ ရှေ့တန်းအထိုင်တပ်တွေမှာ စစ်အင်အားနည်းတဲ့ အချိန်မှာ ဒီကေဘီအေ ဘက်မှ နအဖ ရှေ့တန်းအခြေစိုက်စခန်းတွေ ၀င်တိုက်တာ ဖြစ်နိုင်တယ်လို့ပြောဆိုသည်။

နံနက်(၁၀ နာရီ ၅၀ မိနစ်) ABSDF (ကျောင်းသားတပ်မတော်)မှ နအဖ စစ်အုပ်စုအား ဒီကေဘီအေ အပါအ၀င် အခြား အဖွဲ့အစည်းများနဲ့ ပူးတွဲတိုက်ပွဲဝင်သွားရန် စုဖွဲ့မှုများ ပြုလုပ်ပြီးစီး၊ တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေကြောင်း ကြေညာချက် ထုတ်ပြန်လိုက်သည်။ ( ABSDF - ထုတ်ပြန်ကြေညာချက်) ကြည့်ရန် ယခု Link ကို နှိပ်ပါ။ တိုက်ရိုက်လင့် http://www.scribd.com/doc/41643779/Statement-on-Attack-Between-DKBA-and-SPDC

Read More...

ကေအန်ယူက အရှိန်မြှင့် ကူညီမည်ဟု ဆို

ချင်းမိုင် (မဇ္ဈိမ).....

မြန်မာနယ်စပ် မြို့နှစ်မြို့တွင် စစ်အစိုးရတပ်များနှင့် တိုက်ပွဲဖြစ်နေသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် ဒီကေဘီအေကို အရှိန်မြှင့်ကူညီမည်ဟု ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူက ပြောသည်။

ကရင်ပြည်နယ် မြဝတီမြို့တွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၁၉ လက်အောက်ခံတပ် အင်အား ၂၅ဝ ကျော်နှင့် ဒီကေဘီအေ တပ်မဟာ ၅ ဗိုလ်မှူးကြီး နှုတ်ခမ်းမွှေးတပ်များ ယနေ့နံနက် တိုက်ပွဲဖြစ်ခဲ့သလို၊ ဘုရားသုံးဆူတွင်လည်း ဒီကေဘီအေ တပ်ရင်း ၉ဝ၆နှင့် ၉ဝ၇ က မြို့အချက်အခြာ နေရာများ၌ ဝင်ရောက် တပ်စွဲထားသည့်အပေါ် ကေအန်ယူဘက်က သဘောထားပေးခြင်း ဖြစ်သည်။

“တိုက်ပွဲအရှိန် မြင့်လာတာနဲ့အမျှ ကျနော်တို့ဘက်က မြှင့်ပြီး ဒီကေဘီအေကို ဆက်ပြီး ကူညီပေးတာပေါ့လေ” ဟု ကေအန်ယူ ဘားအံခရိုင် ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေးက မဇ္ဈိမကို ပြောသည်။

Read More...

မြ၀တီမြို့ ဒီကေဘီအေ နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲနောက်ဆုံးအခြေအနေ

VOA သတင်းမှ....

မြ၀တီမြို့ရဲ့ နောက်ဆုံးအခြေအနေကတော့ လက်နက်ကြီးသံတွေ စဲသွားခဲ့ပေမဲ့ လက်နက်ငယ်တွေ ကတော့ ပစ်ခတ်နေဆဲပဲလို့ ဆိုပါတယ်။

တိုက်ပွဲသံ -

မီးလောင်တဲ့နေရာတွေ ရှိနေကြသလို လူတွေကလည်း ပုန်းအောင်နေဆဲပဲလို့ ပြောကြပါတယ်။ ဒီကေ ဘီအေ တပ်မှူးတဦး ပြောပြတာ ကတော့ - “အခုလေ ကျနော်တို့နေတဲ့ အနီးတ၀ိုက်မှာတော့ သူတို့ ထွက်ပြေးဖို့ မလွယ်တဲ့အတွက်ကြောင့် ကျနော်တို့နေတဲ့ အနီးတ၀ိုက်မှာ အကုန်လုံး ရှိတယ်နော်။ ကျနော်တို့နေတဲ့ အနီးတ၀ိုက်က ပစ်ကွင်းတွေဆိုတော့ အဲဒီအိမ်တွေမှာ ပြေးဖို့မလွယ်ဘူး။”

Read More...

တိုက်ပွဲအခြေအနေများ

ဆုံဆည်းရာ ၉ ရက် နိုဝင်ဘာလ ၂၀၁၀

မြန်မာစံတော်ချိန်.....ည ၈ နာရီ ၃၀ မိနစ်
-----------------------------------------------------------------------
နံနက်(၈ နာရီ ၃၀ မိနစ်) မနေ့ညက နအဖ တပ်မှ တိုက်ပွဲ အရှိန်အဟုန်မြင့်တင်ဖို့ ကော့ဂရိတ်နှင့် သင်္ကန်းညီနောင်တွေမှာ ပေါ်တာ လိုက်ဆွဲခဲ့တယ်လို့ သိရှိရသည်။

နံနက်(၈ နာရီ ၂၂ မိနစ်) ABSDF စစ်ကော်မရှင်အတွင်းရေးမှူး ကိုခင်ကျော်မှ မြ၀တီတွင်ဖြစ်ပေါ်နေသော တိုက်ပွဲ အခြေအနေကို ယခုလိုသုံးသပ်ထင်ပြလိုက်ပါတယ်။ (လက်ရှိအခြေအနေမှာ ဗိုလ်မှူးစောလားဘွယ် ဦးစီး DKBA အဖွဲ့က မြ၀တီစစ်ပွဲကိုရက်အတန်ကြာ ထိမ်းထားနိုင်မယ်လို့ သုံးသပ်ရပါတယ်၊ ကနေ့ ကာလ နအဖ က ရွေးကောက်ပွဲလုပ်ပြီး ကမ္ဘာကိုအလှပြနေချိန် မြ၀တီကိုသိမ်းပိုက်ခံလိုက်ရ တာဟာ အရှိုက်အထိုးခံလိုက်ရသလို ဖြစ်နေတယ် နအဖ ကတတန်ပြန်ထိုးစစ် ဆင်တဲ့ နည်းရော ညှိနိုင်းတဲ့နည်းပါ သုံးမှာပါ၊ ပထမနည်းဖြစ်တဲ့ တန်ပြန်ထိုးစစ်ဆင်တဲ့ နည်းသုံးရင်တော့ တိုက်ပွဲကပြီးသေိးမှာမဟုတ်ဘူး။ ယာယီရပ်ဆိုင်းသွားနိုင်ပေမဲ့ ရေရည်မှာ DKBA က တိုက်ပွဲပုံစံပြောင်း ပြီး တိုက်ပွဲဆက်ဝင်သွာယးမယ်ဆိုရင် ပိုပြီးတောင် အင်အားတောင့်တင်း လာနိုင်မယ်၊ ဘ၀တူတွေက လက်ပိုက်ကြည့်နေကြမှာ မဟုတ်ဘူး။ တွေ့ဆုံ ညှိနိုင်းတဲ့နည်းနဲ့ ရန်သူကသုံးရင်တော့ ဗိုလ်မှူးကြီးစောလားဘွယ်တို့က နိုင်ငံရေးအရပါ စကားပြောလိမ့်မယ်လို့ ယူဆရပါတယ်၊)

Read More...

ဘုရားသုံးဆူကို သိမ်းထားပြီဟု ဒီကေဘီအေ ပြော

ဘုရားသုံးဆူမြို့၏အချက်အချာကြသောနေရာများကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် - ဒီကေဘီအေ တပ်များက သိမ်းပိုက်ထားလိုက်ပြီဟု ၉ဝ၆ တပ်ရင်းမှူး ဗိုလ်စောအေဝမ်းက ပြောသည်။


ဗိုလ်စောနော်တယာ ဦးဆောင်သော တပ်ရင်း (၉ဝ၇) နှင့် ဗိုလ်စောအေဝမ်း၏ တပ်ရင်း (၉ဝ၆) တို့မှ အင်အား ၂ဝဝ ခန့်သည် ယနေ့ နံနက် ၁၁ နာရီမှစ၍ တိုက်ပွဲဖြစ်ပြီးနောက် မွန်းလွဲပိုင်းတွင် သိမ်းဆည်းရမိခြင်း ဖြစ်သည်ဟု ဆိုသည်။

မြ၀တီတွင် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွား (Breaking News)

ဆုံဆည်းရာ မှ...

မြန်မာစံတော်ချိန်..... ၁၀ နာရီ ၅ မိနစ်
-----------------------------------------------------------------------
(၁၀ နာရီ ၅ မိနစ်) မဲဆောက်မြို့တွင်ထားရှိသော ဒုက္ခသည်များ

(၁၀ နာရီ ၀၀ မိနစ်) ဘုရားသုံးဆူမြို့အတွင်း နေ့ခင်းဘက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ထိုင်းနယ်စပ်အတွင်းပိုင်းရှိ ဖလကျေတီ ကျေးရွာကို M 79 လေးလုံး ကျရောက် ပေါက်ကွဲမှုကြောင့် ထိုင်းဈေးသည် တဦး ဒဏ်ရာရှိပြီး စံခဆေးရုံကို တင်ထားရကြောင်သိရသည်။ ဘုရားသုံးဆူမြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ပြေးဒုက္ခသည်များနှင့် ဖလကျေတီ ကျေးရွာမှ နေထိုင်သူများကို ထိုင်း - မြန်မာနယ်စပ်မှ ၁ ကီလိုခန့် ကွာဝေးသည့် ထိုင်း စာသင်ကျောင်းအတွင်း စစ်ပြေးဒုက္ခသည် ၂၀၀၀ လောက်အား နေရာချထား သိရှိရသည်။

(၉ နာရီ ၄၀ မိနစ်) ဒီကေဘီအေမှ နယ်ခြားစောင့်တပ်အဖြစ် ကူးပြောင်းသွားခဲ့သည့် ဗိုလ်ချစ်သူအား နအဖက ဖမ်းဆီးထားကြောင်း သိရှိရသည်။ နယ်ခြားစောင့်တပ် အင်အား ၂၀၀ ကျော် ဒီကေဘီအေ ဗိုလ်နှုတ်ခမ်းမွှေးနှင့် ပူးပေါင်းသွားသောကြောင့်ဖြစ်သည်။

(၉ နာရီ ၂၀ မိနစ်) ဒီကေဘီအေ ဘက်မှ ဗိုလ်ချုပ်ထိန်မောင် ဦးဆောင်တဲ့ (ငြိမ်းချမ်းရေးကောင်စီ)မှ ကူညီထောက်ပံပေးနေတယ်လို့ သိရှိရသည်။

Read More...

လိုအပ်လျှင် DKBA ကိုကူမည်ဟု KNU ပြော

ဧရာဝတီ သတင်းမှ...

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် စစ်အစိုးရတပ်နှင့် DKBA တပ်ဖွဲ့ ၀င်များ ယနေ့ ဖြစ်ပွားခဲ့သော တိုက်ပွဲနှင့် ပတ်သက်၍ အကူ အညီ လိုပါက DKBA ဘက်မှ ကူ၍ တိုက်ရန် အသင့်ရှိကြောင်း ကရင် အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ ၆ ဗိုလ်ကြီး စောထဲနေ က ဧရာဝတီသို့ ပြောသည်။ “ကရင်အမျိုးသား အချင်းချင်းဖြစ်တော့ နအဖက ဒီလိုလုပ်လာလို့ရှိရင်တော့ လိုအပ်ရင် အကူ အညီပေးရမှာပဲ”ဟု ၎င်းက ဆိုသည်။

မြ၀တီမှစစ်ပြေး ဒုက္ခသည် သောင်းချီ၍ ထိုင်းဘက်ရောက်

ကရင်ပြည်နယ် မြ၀တီမြို့မှ စစ်အစိုးရနှင့် DKBA တိုက်ပွဲကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်သို့ တိမ်းရှောင်လာသူ ဒုက္ခသည် ၃၀၀၀၀ ခန့် ရှိကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ပြန်သည်ဟု သိရှိရသည်။

မြဝတီတွင် ပေါ်တာဆွဲနေ

ဧရာဝတီ သတင်းမှ.....

မြဝတီတွင် နအဖ အစိုးရ စစ်တပ်နှင့် ရဲများက ပေါ်တာလိုက်လံ ဆွဲနေသဖြင့် အလုပ်သမား အများစု ထိတ်လန့်ကာ ထိုင်းနိုင်ငံ ဘက်ခြမ်းသို့ ပြေးဝင် ခိုလှုံ နေကြောင်း မြဝတီ ဒေသခံတဦးက ဧရာဝတီသို့ သတင်းပေးပို့သည်။

ဘုရားသုံးဆူတွင်လည်း တိုက်ပွဲဖြစ်ပွား

ဧရာဝတီ သတင်းမှ.....

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ၉၀၇ တပ်ဖွဲ့ဝင်များ ယနေ့ နံနက် ၁၁ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ ဘက်မှ တပ်သားတဦး ကျသွားကြောင်း သိရ သည်။

အဆိုပါ တိုက်ပွဲသည် DKBAတပ်နှင့် စစ်အစိုးရ၏ ခြေလျင် တပ်ရင်း(ခလရ) ၂၈၃ မှ တပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့ပြီး ၎င်းမြို့နယ်ရှိ အစိုးရပိုင် ရုံးတချို့တို့ကို ထိန်းချုပ်ထားပြီး ဒဏ်ရာရရှိထားသော တပ်သား ၃ ဦးကိုလည်း ဖမ်းဆီးထားကြောင်း မြို့ခံများ က ပြောသည်။

“ကိုယ့်နေရာ သူ့နေရာ ယူထားတာပေါ့၊ အခု အသံတွေတိတ်နေတယ်၊ မြို့ထဲမှာ မီးလောင်နေတယ်၊ ဘာမီး လောင်တာလဲ တော့ မသိဘူး၊ မီးခိုးတွေ တလူလူပဲ မြင်နေရတယ်”ဟု ဘုရားသုံးဆူမြို့ ဒေသခံ တဦးက ဧရာဝတီသို့ ပြောသည်။

Read More...

ဒီကေဘီအေနှင့် ကေအဲန်ယူ ပူးပေါင်းတပ် ဘုရားသုံးဆူမြို့ကို စတင်သိမ်းပြီ

KIC သတင်းမှ..........

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ယနေ့မနက် ၁၁နာရီကျော်အချိန် နအဖနှင့် ဒီကေဘီ၊ ကေအဲန်ယူ ပူးပေါင်းတပ်ဖွဲ့တို့ ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မွန်းလွဲ ၂နာရီကျော်အချိန်တွင် အဆိုပါ ပူးပေါင်းတပ်တို့က ဘုရားသုံးဆူမြို့ကို စတင် ၀င်သိမ်း ပြီဟု သိရသည်။

ကေအဲန်ယူ တပ်မဟာ(၆)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီးစောထဲနေက “ဒီမနက် ၁၁း၁၅မိနစ်အချိန်မှာ ဗိုလ်နော်တယာ ဦးဆောင် တဲ့ ဒီကေဘီအေ တပ်ရင်း(၉၀၇)နဲ့ ကျနော်တို့လူတွေ ပူးပေါင်းပြီးတော့ နအဖ ခလရ(၂၈၃)နှင့် ခမရ(၄၀၅)တပ်ရင်းတို့ကြား ဘုရားသုံးဆူနှင့် မဲ့ကသာသွားရာလမ်း ရပ်ကွက်(၄) နအဖ တပ်စခန်းမှာ တိုက်ပွဲ စတင်ဖြစ်ပွားတယ်။ လောလောဆယ်တော့ နအဖတပ်တွေ တပ်ကုန်းကို အကုန်နေရာရွှေ့လိုက်ပြီ။”ဟု ပြောသည်။

Read More...

မြ၀တီမြို့အတွင်း ပစ်ခတ်မှုဆက်တိုက်ဖြစ်ပွားပြီ

KIC သတင်းမှ.......

ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့တွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)နှင့် နအဖ စစ်တပ်တို့ ကြား ယနေ့မနက် မြန်မာစံတော်ချိန် ၉နာရီမှစ၍ ယခုနေ့ခင်းပိုင်းအချိန်ထိ မြ၀တီမြို့တွင်း၌ ဒီကေဘီအေနှင့် နအဖ စစ်တပ်များ ပစ် ခတ်မှု သုံးနေရာ ဆက်တိုက် ဖြစ်ပွားခဲ့ရာ မြ၀တီမြို့တွင်းမှ လူထု ၃ဦး သေဆုံးပြီး ၂၀ဦး ဒဏ်ရာရရှိသည်ဟု သိရသည်။
နှစ်ဖက်တပ်များမှာ ယမန်နေ့ညကတည်းက အင်အားများ ထပ်မံ တိုးချထားပြီး ယခု ပစ်ခတ်မှုမှာ မြ၀တီတံတားအောက်၊ မြို့တွင်းရှိ နအဖ ရှေ့တန်းရုံးနှင့် နယ်ခြားစောင့်တပ်ဖွဲ့ နေရာယူထားသည့် ဓိဌာန်အောင်ကုန်းတွင်လည်း လက်နက်ကြီးများဖြင့် စတင် ပစ် ခတ်ခဲ့ပြီး လက်ရှိအချိန်တွင် အလုံးပေါင်း ၂၀ကျော်ရှိပြီဟု ဒီကေဘီအေနှင့် နီးစပ်သူ မြို့ခံတစ်ဦးက ပြောသည်။

Read More...

DKBA ဗိုလ်မှုးချုပ် စောလားပွယ် ၏ တပ်ဖွဲ့ ဝင်များ မြ၀တီ မြို့ သိမ်းတိုက်ပွဲစတင်

Freedom News Group မှ...
၁၁း၀၀ မြ၀တီ မြို့ တွင်း တိုက်ပွဲ များ ပိုမိုပြင်းထန် လာ နေပြည်တော် မှ ဓာတု လက်နက် တင်ဆောင် လာသည့်
ရဟတ် ယာဉ် မြ၀တီ မြို့ သို့ ရောက် ရှိ ဟု ထိုင်း ထောက်လှမ်းရေး အရာရှိ တစ်ဦးက FNG သို့ ပြော
၁၀း၄၅ မြ၀တီမှာ ယောက်ကျားတွေအားလုံးပြေးရပြီ စစ်တပ်က ပေါ်တာအတွက် လိုက်လံဖမ်းဆီးနေ

နံနက် ၁၀း၃၅ ဒီကေဘီအေ တပ်ဖွဲ့ ဝင်လေးဦး မဲဆောက်ဆေးရုံရောက်-မြ၀တီ ခယက ဥက္ကဌ အား DKBA အဖွဲ့ ဝင်များ
ဖမ်းဆီးထား (မြ၀တီ – ကော့ကရိတ် ကားလမ်း ရှိ တံတားများကို ချိုး ပြီး စစ်တပ် က ဆုတ်ခွာ)

Updated နံနက် ၁၀း၃၀ မြ၀တီ-မဲဆောက် နှစ်မြို့ လုံး မှ စာသင်ကျောင်းများ စီးပွားရေး လုပ်ငန်းများ ရပ်ဆိုင်း

ထိုင်-မြန်မာ နယ်စပ် ကရင် ပြည်နယ် မြ၀တီ မြို့ အား DKBA ဗိုလ်မှုး ချုပ် စောလားပွယ် (နှုတ်ခမ်းမွေး) ၏တပ်များ
က ၀င်ရောက်သိမ်းပိုက် မှု ကြောင်း ယနေ့ မနက် ၉း၃၀ အချိန် တွင် နှစ်ဖက် တပ်များ အပြန်အလှန် ပစ်ခတ်မှု
များ ဖြစ်ပွားရာ မြ၀တီ မြို့ မှာ လက်နက်ကြီး ကျဉ် ပေါက်ကွဲ သံများ ၊သေနတ် ပစ်ခတ် သံများ ဖြင့် ဆူညံနေပြီး
သင်္ကန်းညီနောင် တွင် မူ နအဖ စစ်တပ် က အပြစ်မဲ့ ပြည်သူများ ကို ဓားစားခံ လုပ်ထား သည် ဟု သိရှိရသည်။
ထိုင်း-မြန်မာ နယ်စပ် အတွင်း မြ၀တီ မြို့ တွင်း ရောက်ရှိနေသည့် နိုင်ငံခြား သတင်းထောက် တစ်ဦးနှင့်
FNG က တနင်္လာနေ့  နံနက် ၁၀း၃၀ မိနစ် တွင် ဆက်သွယ်ရာဉ် လက်နက်ကြီး အလုံး လေးဆယ် နှင့်
မနည်း ကျရောက် ပေါက်ကွဲ ခဲ့သည် ဟု သိရသည်။ မြ၀တီ မြို့ တွင်းအပြန် အလှန် ပစ်ခတ်သံများ ကို
ထိုင်း နိုင်ငံ မဲဆောက် မြို့ မှ ကြားနေရပြီး ထိုင်း စစ်တပ် ကလည်း နယ်စပ် တစ်လျှောက် လုံခြုံရေး တိုးမြင့်
ထားသည်။

မြ၀တီမြို့ကို ဒီကေဘီအေ ၀င်ရောက်စီးနင်းထား

KIC သတင်းမှ....

နယ်ခြားစောင့်တပ်ကို လက်မခံသည့် ဒီကေဘီအေ တပ်ဖွဲ့ဝင်များသည် ယနေ့ နေ့ခင်းပိုင်းတွင် မြ၀တီမြို့ကို ၀င်ရောက်စီးနင်း ကာ နအဖ စစ်တပ်နေရာများနှင့် အရေးပါသည့် နေရာများ၌ နေရာဝင်ယူထားလိုက်သည်ဟု သိရသည်။
အဆိုပါ စီးနင်းမှုအပေါ် ဒီကေဘီအေ တပ်မဟာ(၅)မှူး ဗိုလ်မှူးချုပ် စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွှေး)က ယခုလို ကေအိုင်စီကို အတည်ပြု ပြောဆိုသည်။
“နအဖရဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဘူး။

Read More...

ဖာပွန်ဘက်တွင် လုံခြုံရေးအတွက် တပ်လှန့်ပစ်ခတ်နေ

KIC သတင်းမှ.......

ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်မြို့နယ်တွင် ပြီးခဲ့သည့် လေးရက်ခန့်ကတည်းက လူသွားလမ်းများနှင့် ကား၊ ဆိုင်ကယ်သွား လမ်းများကို ပိတ်ပင်ထားသည့်အတွက် လူထုမှာ ဈေးသွားဈေးဝယ် သွားလာရန် ခက်ခဲလျှက်ရှိသည်။

ယင်းသို့လမ်းများ ပိတ်ထားခြင်း၊ သွားလာသူများကို စစ်တပ်မှ စစ်ဆေးခြင်းသည် ရွေးကောက်ပွဲ လုံခြုံရေးအတွက်ဖြစ်ပြီး ကေ အဲန်ယူအဖွဲ့ဝင်များက ၀င်ရောက်နှောက်ယှက်မည်ကို စိုးရိမ်သည့်အတွက်ဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလို ပြောသည်။

သူက “လမ်းတွေက ပိတ်ထားတာ လေးရက်လောက်ရှိပြီ။ နောက်ပြီး ကျနော်တို့ မဖြစ်မနေ သွားလာရင်လည်း ဘယ်သွားမယ်။ ဘာညာ မေးတယ်။ ပါလာတဲ့ ပစ္စည်းတွေကို မွေနှောက်တယ်။ နောက်ပြီး မေးသေးတယ်။ ကေအဲန်ယူတွေကို တွေ့လားတဲ့။” ဟု ဆိုသည်။

Read More...

ကြံ့ဖွံ့ပါတီကို မဲမပေးနိုင်၍ ရဲဘော်တဦး ကရင်နီတပ်မတော်ထံ လက်နက်ချ

ကန္တာရ၀တီတိုင်း(မ်) မှ.....

ကရင်နီပြည်အတွင်းတွင် လှုပ်ရှားနေသည့် စစ်ကွပ်ကဲရေးဌာနချုပ် (စကခ) ၂ လက်အောက်ခံ ခမရ ၅၁၇ မှ ရဲဘော် လှမျိုးသည် ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီကို မဲမထည့်နိုင်သောကြောင့် ရှေ့တန်းကရင်နီတပ်မတော်ထံ ယမန်နေ့ညက လာရောက်လက်နက်ချသည်ဟု ကရင်နီ ဗဟိုသတင်းနှင့် ပြန်ကြားရေး အဖွဲ့က ပြောပါသည်။

“ရဲဘော်တွေ အားလုံးက ကြံ့ဖွံ့ပါတီကို မဲထည့်ရမယ်လို့ အဲလိုမျိုး ညွန်ကြားထားတယ်တဲ့။ ရောက်တဲ့ နေရာမှာ စည်းရုံးရေး ဆင်းဖို့ ညွှန်ကြားထားတယ်။ နောက်ပြီးမှ အခု သူတို့ စစ်ကြောင်း ထွက်တာကလဲ လူထုကို လိုက်စည်းရုံးဖို့ ကြံ့ဖွံ့ပါတီအတွက် စည်းရုံးရေး ဆင်းတာ ဖြစ်တယ်လို့ ပြောတယ်” ဟု ကရင်နီ ဗဟိုသတင်းနှင့် ပြန်ကြားရေး အဖွဲ့မှ ခူဒယ်နီယာက ပြောပြပါသည်။

တပ်သား တဦးလျှင် အရပ်သား ၅ ဦးအထက် စည်းရုံးရမည်ဟုလည်း ညွန်ကြားထားကြောင်း ပြောပါသည်။

Read More...