တိုက်ပွဲသတင်းများ (၁၁ ရက်နိုဝင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ မှ.....

- နေပြည်တော်ကို ကယန်းပြည်သစ်မှ လူငယ်များ ဗုံးဖောက်မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတာကြောင့် နေပြည်တော်နဲ့ နယ်မြေချင်းနီးသည် ကယန်းပြည်သစ် နယ်မြေကို နအဖစစ်တပ်မှ စစ်ကြောင်းသုံးကြောင်းဖြင့် နယ်မြေရှင်းလင်းရေး ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ သိရှိရပါတယ်။

- လတ်တလော ရောက်ရှိလာတဲ့ သတင်းများအရ မဲသဝေါလမ်းတွင် နအဖ စစ်တပ်များနဲ့ ကေအန်ယူ စစ်တပ်များ တိုက်ပွဲများ ဖြစ်နေကြောင်း သိရှိရသည်။

- ယမန်နေ့က ဖာမွန်မြို့နယ် အနောက်မြောက်ဖက် မဲ့သရွတ်တွင် စခန်းထိုင်ထားသော နအဖ အခြေစိုက်စခန်းတခုဖြစ်တဲ့ ခမရ ၃၄၀ ကို ကေအန်ယူ (ကေအန်အယ်အေ) အထူးတပ်ရင်း ၁၀၂ မှ ၀င်ရောက်တိုက်ခိုက်ခဲ့တယ်။ ထို့အပြင် ဘီလင်းမြို့အတွင်းမှာရှိတဲ့ ကျွန်းပင်ဝင်း၊ ၀င်းမောင်း မှာရှိတဲ့ နအဖ စစ်တပ်နဲ့ (BDF) နယ်ခြားစောင့်တပ် စခန်းတွေကို ကေအန်ယူ (ကေအန်အယ်အေ) အထူးတပ်ရင်း ၁၀၂ မှ ၀င်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဒီကေဘီအေ ဗိုလ်မှူး စောလားဘွယ်မှ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနဲ့ မြန်မာ့တပ်မတော်သားများကို ယခုလို ပန်ကြားလိုက်ကြောင်း သိရှိရသည်။

မတရားမှုတွေကြောင့် တရားသောစစ်ကို ဆင်နွှဲရပြီဖြစ်တယ်။ ဗမာ လူမျိုးအများစုအပါအ၀င် ကျနော်တို့ တိုင်းရင်းသားအားလုံး ညီညီညွတ်ညွတ်နဲ့ တောင်တန်းပြည်မ မကျန် ပူးပေါင်းတော်လှန် ဆောင်ရွက်မှ ကျနော်တို့ လိုချင်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီကို ရမယ်။ ကျနော်တို နဲ့အတူတူ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ တပ်မတော်သားများလည်း အမိမြေရဲ့ နေရာအနှံ့က ပူးပေါင်းပါဝင်ကြပါလို့ ဖိတ်ခေါ်ပါတယ်။ ပြည်တွင်းက အနိုင်ကျင့်ခံ အညာခံရတဲ့ ဒီမိုကရေစီမြတ်နိုးသူ အင်အားစုအားလုံးလည်း လက်တွဲပါဝင် ပူးပေါင်းပြီး လက်တဆုတ်စာ နအဖ စစ်မိစ္ဆာ အာဏာရှင်တစုကို ပြည်ထောင်စုစိတ်အစစ်နဲ့ တော်လှန်ကြပါ။

0 comments:

Post a Comment