ဗိုလ်ချစ်သူ ၏ သိန်းထောင်ကျော်တန် အိမ် ပြာပုံဖြစ်အောင် ဖျက်ဆီးခံရ နှင့် မြ၀တီ နှင့် ဘုရား သုံးဆူ တိုက်ပွဲ များ အတွင်း သေဆုံး၊ဒဏ်ရရသူ စာရင်း

freedom news group မှ.....

ထိုင်းအင်ဂျင်နီယာများကိုအသုံးပြုကာသိန်းထောင်ချီအကုန်အကျခံပြီးဆောက်လုပ်ထားသည့်တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသား တပ်မတော်(DKBA)၉၉၉မှ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးစောချစ်သူ၏ မြ၀တီရွှေကုက္ကုလ်မြိုင် ကျေးရွာမှချစ်သူမြိုင်စံအိမ်သည် ပြာပုံဖြစ်အောင် ဖျက်ဆီးခံလိုက်ရကြောင်း FNG မှ သတင်းရရှိသည်။

ထိုအိမ်ကိုနှစ်ရက်တာတိုက်ပွဲအတွင်းနအဖစစ်တပ်ကဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟုအမည်မဖော်လိုသည့်၉၉၉တပ်မှ အရာရှိတစ်ဦးကပြောသည်။

ဗိုလ်ချစ်သူသည်သူ၏ သိန်းထောင်ချီတန်အိမ်ကိုယခုနှစ်မတ်လကရန်ကုန်နှင့်ထိုင်းမှအဆိုတော်များငှားရန်းကာနေ့စဉ်ကြည့်ချင်ပွဲများလုပ်ပြီးဖွင့်လှစ် ခဲ့ခြင်းဖြစ်သည်။
ဗိုလ်မှုးချုပ် စောလားဘွယ် ၏မြ၀တီမြို့ ရှိ ယခင်နေအိမ်မှာလည်းမီးရှို့ ဖျက်ဆီးခံလိုက်ရသည်ဟု သတင်းရရှိသည်။
နအဖ စစ်တပ်နှင့်ရဲတပ်များ - အရာရှိနှစ်ဦးသေ။ တပ်သားအဆင့် ရှစ်ဦးသေ။ လေးဆယ် ကျော်ဒဏ်ရာရ။ အရာရှိအဆင့် ၁ဦးနှင့်တပ်သား၃ဦး
(DKBA) မှ ဖမ်းဆီးခံထားရ။ လ၀က ၂ ဦးနှင့်ကြံ့ဖွံ လေးဦးသေ။ စစ်သား လေးဦး ဘက်ပြောင်းခိုလှုံ။ ဗိုလ်ချစ်သူ အဖွဲ့ မှနှစ်ဦးသေ။

DKBA နှင့် မဟာမိတ် တပ်များ - တပ်သားအဆင့် လေးဦးသေဆုံး။ ၁၄ဦးခန့် ဒဏ်ရာရ။ ဘုရားသုံးဆူတွင် DKBAအရာရှိတစ်ဦးဒဏ်ရာရ။
မွန်ပြည်သစ် ပါတီမှတစ်ဦး သေဆုံး။

ပျက်စီးမှုများ - ဘုရားသုံးဆူနှင့်မြ၀တီတွင် အစိုးရအဆောက်အဦး အားလုံးနီးပါးပျက်စီးဆုံးရှုံးခဲ့သည်။

1 comments:

Unknown said...

ဒီလိုမျိုးသီတင်းတွေတင်ပေးတာနိုင်ငံတော်အတွက်မကောင်းပေမဲ့ မျိုးချစ်ပုတ်ကိုယ်အနေနဲ့တော့ ကောင်းပါတယ်။
ဒီလိုမျိုးသီတင်းတွေရှိရင်လည်း ကျွန်တော့ကိုလည်းပြောပြပါဦးနော်
စောင်မျော်နေပါမယ် (မြ၀တီသားသား )

Post a Comment