တိုက်ပွဲသတင်းများ

ဆုံဆည်းရာ မှ....

နံနက်(၁၂ နာရီ ၂၈မိနစ်) ယနေ့နေ့လည်ပိုင်းက ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီဆိုတဲ့ သတင်း ထွက်ပေါ်လာပါတယ်။


နံနက်(၁၁ နာရီ ၂၅မိနစ်) ထိုင်းနိုင်ငံ ဖုတ်ဖရတ်မြို့နယ်တဖက်ခြမ်းတွင် တိုက်ပွဲများကြောင့် ထိခိုက်ဒါဏ်ရသော ရွာသူရွာသားများကို ဆေးရုံပို့ဆောင်ထားရကြောင်း ထိုင်းသတင်းဌာန ၉ လိုင်းမှ ထုတ်လွှင့်သွားခဲ့သည်။ လတ်တလော တိုက်ပွဲများလည်း ဆက်လက် ဖြစ်ပွားနေကြောင်းလည်း သိရှိရပါတယ်။ နအဖ စစ်တပ်မှ ဝေါလေဘက်ရှိ ထောင်ထားတဲ့ မိုင်းတွင်းကို ရှင်းပေးဖို့ ဒီကေဘီအေမှ ဗိုလ်စောလားဘွယ်ကို တောင်းဆိုထားကြောင်း သိရှိရသည်။

နံနက်(၉ နာရီ ၄၅မိနစ်) ယခုအချိန်အထိ ဘုရားသုံးဆူဒေသတွင် နအဖ စစ်တပ် စကခ ၈ တပ်မက တပ်ရင်း ခမရ ၄၅၀ စစ်ကူနဲ့ ဒီကေဘီအေတို့ ရွာသစ်ပတ်ဝန်းကျင်တွင် တိုက်ပွဲများ ကြို့ကြို့ကြားကြား ဆက်လက် ဖြစ်ပွားနေတယ်လို့ သိရှိရသည်။ လောလောဆယ် ဒီကေဘီအေက မယ်ကစ ဘက်မှာ အခြေချထားကြောင်း သိရှိရသည်။
နံနက်(၈ နာရီ ၂၅ မိနစ်) နအဖ စစ်တပ်များကို တိုက်စစ်ဆင်ဖို့ အင်းအားကြီး လက်နက်ကိုင် ၆ ဖွဲ့မှ တပ်ပေါင်းစု ဖွဲ့စည်းလိုက်ကြောင်း သိရှိရသည်။ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ လွတ်လပ်တဲ့ ကချင်တပ်မတော်(KIA)၊ ကရင်နီတပ် (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းတပ်မတော်-မြောက်ပိုင်း (SSA-N) တို့မှ နအဖ စစ်အစိုးရအား တိုက်စစ်ဆင်ဖို့ အင်သား သုံးသောင်းကျော်ဖြင့် ထိုးစစ်ဆင်တိုက်ပွဲဝင်မည်။ (ကိုးကား - AFP)
နံနက်(၇ နာရီ ၅၀ မိနစ်) ယမန်နေ့ညနေ ၅ နာရီလောက်က ရှမ်းပြည်မြောက်ပိုင်းတပ်မတော် တပ်မဟာ၁ အဖွဲ့နဲ့ နအဖ တပ်မ ၃၃ လက်အောက်ခံ တပ်ရင်း ၂၄ တို့ တဖက်နဲ့ တိုက်ပွဲများပွားခဲ့ပါတယ်။ တိုက်ပွဲက ကြို့ကြားကြို့ကြား ဖြစ်တာမဟုတ်ပဲ တဖက်နဲ့တဖက် အင်အား ၇၀၊ ၈၀ လောက်နဲ့ အပြင်းအထန်နေတုန်းလို့ ဆိုပါတယ်။ SSA မြောက်ပိုင်း ရှမ်းပြည်တပ်မတော် အင်အား ၃၀၀၀ ကျော်ခန့်ရှိတယ်လို့ သိရှိရသည်။(ကိုးကား - ဗွီအိုအေ)
နံနက်(၇ နာရီ ၄၀ မိနစ်) ဘုရားသုံးဆူဒေသတွင် တိုက်ပွဲဖြစ် ကြို့ကြားကြို့ကြား ဆက်လက် ဖြစ်ပွားနေကြောင်း သိရှိရသည်။
နံနက်(၇ နာရီ ၃၅ မိနစ်) ဒီကေဘီအေမှ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းလဲခဲ့သည့် ဒီကေဘီအေ တပ်ဖွဲ့များ နယ်ခြားစောင့်တပ်ဖွဲ့တံဆိပ်များ ဖြုတ်ပြီး ဒီကေဘီအေ အသွင်ပြန်ပြောင်းလဲခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment