တိုက်ပွဲသတင်း

ဆုံဆည်းရာ မှ...
ညနေ(၄ နာရီ ၅၅မိနစ်) ဒီကေဘီအေနဲ့ နအဖ တပ်များ ဝေါလေ ဒေသတွင် ဆက်လက် တိုက်ပွဲဖြစ်နေတယ်လို့ သိရှိသည်။ ယခု ဝေါလေမှာ ဖြစ်နေတဲ့ တိုက်ပွဲပြင်းထန်တာ ယခုတိုက်ပွဲကို ဦးဆောင်သူ ဗိုလ်မှူးစောလားဘွယ်နေတဲ့ဒေသဖြစ်လို့ တိုက်ပွဲပြင်းထန်တာလို့ ဆိုပါတယ်။ မဲဆောက်မှ မြ၀တီသို့ ပြန်နေကြသည့် မြန်မာပြည်သားများ.... အခုညနေ ၄ နာရီခွဲလောက်က ပုံပါ... (ဓါတ်ပုံ - REUTERS)
အောက်ကပုံကတော့ မဲဆောက်ဘက်နေ မြ၀တီကို လှေဖြင့် ပြန်ဖို့ စောင့်ဆိုင်းနေတဲ့ သူတွေပါ...

ဆုံဆည်းရာ မှ....
နေ့လည်(၃ နာရီ ၄၁ မိနစ်) ဘုရားသုံးဆူတွင် နအဖ စစ်တပ်နှင့် ဒီကေဘီအေ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပါတယ်။ နအဖ စစ်တပ်က ရွာသစ်ဘက်တွင်နေရာယူပြီး ဒီကေဘီကေ တောင်ဝိုင်းဘက်တွင်နေရာယူထားကြကာ တဖက်နှင့်တဖက် ပစ်ခတ်နေကြကြောင်း သိရှိရသည်။


နေ့လည်(၃ နာရီ ၃၆) ဘုရားသုံးဆူတွင် နေ့လည်ပိုင်းက စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီး ထိုင်းဘက်ကမ်းကို ကျပြီး အရပ်သား ၅ ယောက်နဲ့ ကရင်ဘုန်းကြီး ၂ ပါး ဒဏ်ရာရသွားတယ်သိရှိရသည်။

KIC သတင်းမှ....
မွန်းလွဲပိုင်း ၃း၃၀နာရီလောက်မှာ နအဖ အမှတ်(၁၂) စစ်ကွပ်ကဲရေးဌာနချုပ် နည်းဗျူဟာ(၃)က တပ်ရင်းသုံးရင်းဟာ အခုဆိုရင် ဖားချောင်းနဲ့ မြ၀တီမြို့ကြားမှာ ရောက်ရှိနေပြီလို့ သိရတယ်။ အဲဒီတပ်ရင်းတွေက ခလရ(၂၃၀)၊ ခမရ(၃၅၅)နဲ့ ခမရ(၅၄၇)တို့ဖြစ်တယ်။



မြ၀တီအခြေအနေ
နအဖ တပ်သားတစ်ဦးကတော့ မနေ့ညနေက ဒီကေဘီအေတပ်သား ပစ်ခတ်မှုကြောင့် ပွဲချင်းပြီး ကျတယ်လို့ သိရပါတယ်။ ဒါပေမဲ့ နအဖက ဒါကို ထုတ်ဖော်မပြောသလို မြ၀တီဆေးရုံမှာလည်း နအဖ၊ ဒီကေဘီအေဘက်က ကျဆုံး၊ ဒဏ်ရာရသူတွေ တစ်ဦးမှ မလာကြောင်း အတည်ပြုပြောဆိုပါတယ်။ နောက်ဆုံးသိရသလောက်က ဒီကေဘီအေတွေ မြို့ထဲမှာ မရှိတော့ဘူးတဲ့။


မြ၀တီ သတင်း
မနေ့ညနေကလည်း မြို့ပြင်ကနေ မြို့ထဲပြန်လာတဲ့ ဆိုင်ကယ်နဲ့ မြို့ခံတယောက်ကို ဒီကေဘီအေက ဖမ်းတားပြီး ပစ္စည်းစစ်တယ်။ နောက်တော့ လက်ကိုင်ဖုန်းကိုတွေ့တော့ သူ့ကို ပေးသုံးပါလို့ ကောင်းကောင်းပဲ ပြောဆိုတယ်တဲ့။ အဲဒီလူကလည်း ပေးလိုက်တယ်။ ဒီကေဘီကေ ကျေးဇူးတင်စကားပြောပြီး သူ့နေရာကို ပြန်ထွက်ပြေးသွားတယ်။ လူထုတွေ အပြောအရတော့ နအဖကော ဒီကေဘီအေဘက်ကပါ လူထုကို ငဲ့ညှာနေတဲ့သဘောရှိတယ်။


နအဖရဲ့ မြို့တွင်းက လက်နက်အပိုင်းအစတွေ ရှင်းလင်းအပြီး သိရှိချက်အရ နေ့ခင်းအချိန်ထိ မြ၀တီဆေးရုံမှာ ပွဲချင်းပြီး သေဆုံးသူ ၅ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၂၅ဦးရှိတယ်လို့ သိရပါတယ်။


နောက်ဆုံးရ မြ၀တီသတင်း
ဒီမနက် ၈နာရီလောက်က နအဖတွေ မြ၀တီမြို့ထဲက ဗုံးစ၊ ကျည်ဆံခွံတွေ ရှင်းလင်းပြီး BGF တွေကလည်း တံတားအောက်မှာ မြို့ထဲမှာ အတူရှိနေပေးတယ်။ BGF က ဗိုလ်ကတုံးနဲ့ ဗိုလ်မှူးလိုက်သိန့်တို့အဖွဲ့တဲ့။ မနက်ကတည်းက မြ၀တီ၊ သံတံတားလမ်းမှာ ရှိနေတဲ့ ဘီဂျီအက်ဖ် အရာရှိတစ်ယောက်က မြို့ထဲကို ပြန်ဝင်မဲ့ မိသားတစုကို မြို့ထဲဝင်ခွင့်မပေးဘူး။
သူ ပြောတာက မြို့ထဲကို ၀င်လို့မရဘူး။
မြို့ပြင်ကိုပဲ ထွက်လို့ရမယ်ပေါ့။
အထဲ(မြို့ထဲ)မှာက ဘုန်းကြီးတွေ ရှိတယ်လို့ အဲဒီမြို့ခံမိသားစုကို ပြောတယ်။


မနက်စောစောပိုင်းမှာ မြ၀တီမြို့ခံတွေ ဈေးရောင်းဈေးဝယ် အပြင်နည်းနည်းထွက်ကြပေမဲ့ နအဖက မနက် ၉နာရီလောက်မှာ အလုပ်ပြန်စမယ်လို့ ပြောတော့ လူထုတွေလည်း ပြန်ထွက်မရဲတော့ဘဲ ပစ်မှတ်မကျတဲ့ ရပ်ကွက်တွေက လူတွေက ထိုင်းဘက်ခြမ်းကို ထပ်ပြီး ထွက်ပြေးသွားနေကြတယ်လို့ ပြောတယ်။
ဆုံဆည်းရာ မှ....


နေ့လည်(၂ နာရီ ) နအဖ စစ်တပ်များနဲ့ ဗိုလ်ချုစ်သူ ဦးဆောင်တဲ့ နယ်ခြားစောင့်တပ်များ မြ၀တီကို ပြန်သိမ်းမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။


နေ့လည်(၁ နာရီ ၅၀ မိနစ် ) မဲဆောက်မြို့ တပ်မဟာ ဘုန်းကြီးကျောင်းအတွင်းရှိ စစ်ပြေးဒုက္ခသည်များ ဘုန်းကြီး ပြန်လို့ရပြီဖြစ်ကြောင်း ကြေညာနေတယ်လို့ သိရပါတယ်။ သို့ပေမယ် မြ၀တီမြို့တွင်းက လူများမဟုတ်ပဲ မြ၀တီရွာနီးစပ်ချုပ်မှ နယ်ခြားစောင့်အုပ်ချုပ်ကျေးရွာတွေမှာ နေထိုင်သူတွေကိုပဲ ပြန်ခွင့်ပေးတာလို့ သိရှိပါတယ်။ မြ၀တီ မြို့တွင်းအခြေအနေ သေချာ မသိသေးလို့ မြို့တွင်းက လူတွေကို မပြန်ခိုင်းဘူးလို့လည်း သိရပါတယ်။
ကေအိုင်စီမှ....
မြဝတီမြို့နယ်သတင်း
နအဖက ဒီနေ့မွန်းလွဲပိုင်းမှာ မြ၀တီမြို့နယ် ဝေါ်လေကျေးရွာက ဗိုလ်မှူးချုပ်စောလားပွယ်နဲ့ ဗိုလ်ရွှေဝ တို့ရဲ့ နေအိမ်တွေကို နအဖက မီးရှို့လိုက်တယ်။
ဘုရားသုံးဆူသတင်း
နအဖ အမြှောက်ကြီးတပ်က ပစ်ထဲ့လိုက်တဲ့ ၁၂၀ စိန်ပြောင်းက ဘုရားသုံးဆူ ဆေးခန်းအနားမှာကျလို့ အရပ်သား ၅ဦး ထိတယ်။

ဆုံဆည်းရာ မှ....
နေ့လည်(၁ နာရီ ၄၅ မိနစ် ) ဘုရားသုံးဆူတွင် ဒီကေဘီအေနှင့် ကေအန်ယူပူးတွဲပြီး ယမန်နေ့ တိုက်ပွဲဖြစ်ရာမှာ ပြန့်ကျဲနေသော နအဖ စစ်သားများနှင့် ချောင်းဆုံနေရာတွင် စစ်ပွဲဖြစ်နေကြောင်း သိရှိရသည်။

0 comments:

Post a Comment